အခန်း (၃၅)
Vol. 4 Ch. 35
နဉ်ကျင်းမှအကြံပြုလာ၏။
လုံထုန်တောင်ထိပ်တွင် အထွတ်အမြတ်သစ်ပင်တစ်ပင်ရှိပြီး ဆုတောင်းရန်အတွက် လူများသည် မကြာမကြာသွားလေ့ရှိကြသည်။
စူးယွင်သည် လက်ခံသည့်အနေဖြင့်ခေါင်းငြိမ့်ပြလိုက်၏။
"ပြောတာကောင်းတယ်"
ရှေ့ဘက်ခန်းဆောင်သည် ပြည့်လုနီးပါးဖြစ်နေပြီး ခပ်မြန်မြန်ရှာကြည့်ပြီးမှသာ သူတို့နှစ်ယောက်သည် အစွန်းဘက်ရှိ သုံးခုံလေးခုံလောက် ဆန့်သောစားပွဲလွတ်တစ်လုံးအားတွေ့လိုက်ရ၏။
နဉ်ကျင်းသည် စူးယွင်ထံတူများနှင့် ပန်းကန်လုံးများကမ်းမပေးခင် ရေနွေးဖြင့်ဆေးပေးလိုက်သည်။
စူးယွင်သည် ကမ်းပေးလာသည်တို့ကို ယူလိုက်ပြီးအသာခေါင်းငြိမ့်ပြလိုက်၏။
"ကျေးဇူးပါပဲ"
စူးယွင်သည် စားသောက်ရာတွင်သာ အာရုံစိုက်ထားလွန်း၍ သူမခေါင်းထက်ဝယ် အရိပ်တစ်ရိပ်အုပ်မိုးလာပြီး အသံတစ်သံဖြတ်ပြောလာသည်ထိ သတိမပြုမိခဲ့ပေ။
သူတို့ထိုင်နေသောခုံသည် အတန်ငယ်လူကြပ်၍ အခြားသူများအား ပိတ်ဆို့မနေစေရန် စူးယွင်သည် နဉ်ကျင်းနားကပ်ထိုင်လိုက်၏။
သူ့ဘေးရှိ ရုတ်ချည်းနူးညံ့မှုလေးမှာ သူ့ကိုယ်အားတောင့်တင်းစေခဲ့သည်။သူသည်ခေါင်းငုံ့ကာ သူနှင့်ထိလုထိခင်ဖြစ်ေနေသာ စူးယွင်ထံကြည့်လိုက်၏။သူသည်စကားပြောရန်ပြင်လိုက်ပေသိ သူမှမပြောနိုင်သေးခင် သူတို့ဘေးရှိတစ်စုံတစ်ယောက်မှ ပြောလာလေသည်။
"မိန်းကလေးစူး မင်းလည်းဒီကိုရောက်နေတာပဲ"
စူးယွင်သည် ခေါင်းမော့ကြည့်လိုက်ရာ ရင်းနှီးနေသောမျက်နှာများအားတွေ့လိုက်ရ၍ အပြုံးလေးနှင့် နှုတ်ဆက်လိုက်၏။
"ရှင်တို့နှစ်ယောက်ပဲ တိုက်ဆိုင်လိုက်တာ"
ကျန်းကျင်းယုသည် ပြန်ပြုံးပြကာ
"မိန်းကလေးစူး မင်းအားလားမသိဘူး။ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော်က ခဏနေရင် တောင်နောက်ဘက်က ရှုခင်းကိုသွားကြည့်ကြမလို့လေ အတူသွားကြရင်ဘယ်လိုလဲ"
စူးယွင်မှ ငြင်းပယ်ရန်ပြင်လိုက်စဉ် နဉ်ကျင်းသည် တူများအားချ၍ပြောလာ၏။
"ကျွန်တော်တို့က ရှုခင်းကို ကြည့်ခဲ့ပြီးပါပြီ အဲ့တော့ သခင်လေးကျန်းကို ဒုက္ခပေးစရာမလိုတော့ပါဘူး"
ကျန်းကျင်းယုသည် နောက်ပြန်ဆုတ်ကာ
"သခင်လေးနဉ်..."
သူသည်စူးယွင်အား စကားပြောရန်သာ အာရုံစိုက်လွန်းနေ၍ သူမဘေးတွင်ထိုင်နေသော နဉ်ကျင်းအားသတိမပြုမိခဲ့ပေ။
"အမ်း"
နဉ်ကျင်းသည် ဘာသိဘာသာဟန်ဖြင့် တူများအားပြန်ကိုင်ကာ စူးယွင်၏ပန်းကန်ထဲသို့ ဂေါ်ဖီအနည်းငယ်ထည့်ပေးလိုက်သည်။တည်ငြိမ်သောအမူအယာနှင့်ခပ်ဖွဖွပြုံးကာ ထပ်ပြောလိုက်၏။
"မိန်းကလေးစူးနဲ့ကျွန်တော်က အပြင်ထွက်လာတာ အတော်ကြာနေပြီလေ။ကျွန်တော်တို့လည်း ပင်ပန်းနေပြီဆိုတော့ ပြန်ပြီးအနားယူဖို့လုပ်နေကြတာ"
သူသည်စကားပြောရင်း တူများအားချကာ စူးယွင်၏လက်ကောက်ဝတ်အား တယုတယဟန်ဖြင့် ညှစ်လိုက်သည်။
"တောင်နောက်ဘက်က ငှက်တွန်သံတွေက ချိုမြိန်ပြီး ပတ်ဝန်းကျင်ကလည်း အေးချမ်းဆိတ်ငြိမ်နေတာလေ။သခင်လေးကျန်းနဲ့ အစ်ကိုဖြစ်သူတို့ နှစ်သက်စရာအတွေ့အကြုံကို ရှာတွေ့လိမ့်မယ်လို့ ကျွန်တော်ပြောရဲတယ်"
စူးယွင်သည် နဉ်ကျင်းနှင့် ကျန်းကျင်းယွင်ကြားရှိ မရေမရာတင်းအားကို သတိပြုမိပေသိ ဘာမှဝင်မပြောခဲ့ဘဲ အပြောင်းအလဲကိုသာ တိတ်တဆိတ်စူးစမ်းနေလိုက်သည်။
ကျန်းကျင်းယွင်သည် ဖုံးကွယ်ထားသောတင်းအားကို သတိမပြုမိဟန်ဖြင့် ပြုံးကာမေးလာ၏။
"ညီလေး မင်းကသခင်လေးနဉ်ကိုသိတယ်လား"
နဉ်ကျင်း၏အကြည့်မှာ အတန်ငယ်လက်သွားပေသိ သူ့အမူအယာမှာတော့ တည်ငြိမ်နေဆဲဖြစ်ကာ ချောချောမွေ့မွေ့ပင်ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့က အကြိမ်ရေအချို့တွေ့ခဲ့ဖူးတယ်လေ"
ကျန်းကျင်းယွင်သည် ရယ်မောပြီးဆက်ပြောလာ၏။
"အာ ငါသိပြီ။ဒီနေရာမှာ မိတ်ဆွေတွေကိုတွေ့ရတာ ကောင်းတာပေါ့"
ထို့နောက်သူသည် စူးယွင်ဘက်လှည့်ကာ ပြုံးပြရင်း
"မင်းနဲ့သခင်လေးနဉ်ကြားမှာ အတော်လေးစိတ်ဝင်စားစရာကောင်းတဲ့ ဆက်သွယ်မှုတစ်ခုရှိနေပုံပဲ"
စူးယွင်သည် အခြေအနေ၏ကသိကအောက်ဖြစ်မှုကို ခံစားမိလိုက်ရာ ယဉ်ကျေးသမှုဖြင့်ပြန်ပြုံး၍ ဖြေပေးလိုက်သည်။
"ကျွန်မတို့သိကြတာသိပ်မကြာသေးပေမယ့် ကျွန်မတို့ချင်းကြား အဆင်ပြေကြပါတယ်"
စကားဝိုင်းမှာပြောင်းသွားပေသိ တင်းအားမှာလေထုထဲရှိနေဆဲဖြစ်ကာ ပြောမထုတ်ပေမယ့်လည်း သိသာထင်ရှားနေလေ၏။
စကားဝိုင်းမှာ ကျန်းကျင်းယွင်မှ စူးယွင်အား ဟင်းပွဲအမျိုးမျိုးနှင့် ဆွဲဆောင်ရန်လုပ်နေသည့်ဆီဆက်သွားပေသိ သူမမှာအကြိမ်တိုင်း ယဉ်ယဉ်ကျေးကျေးပင် ငြင်းဆန်ခဲ့လေသည်။လေထုမှာ အတန်ငယ်ပြင်းထန်လာသလိုခံစားနေရပြီး လူတိုင်းမှာ စကားစမြည်ပြောရန်လုပ်လိုက်ပေသိ ဖုံးကွယ်နေသောအဆင်မပြေမှုမှာ ရှိနေဆဲပင်။
စားသောက်ေနစဥ်တွင် နဉ်ကျင်းသည် စူးယွင်ပေါ်နက်နက်ရှိုင်းရှိုင်းအာရုံစိုက်၍ ရံဖန်ရံခါ သူမစားရန်တစ်ခုခုထည့်ပေးလိုက် သူမနှင့်စကားစမြည်ပြောလိုက်လုပ်နေခဲ့၏။သူသည် သူမအားသက်တောင့်သက်သာဖြစ်စေရန် လုပ်ပေးနေဟန်ရပြီး စားပွဲဝိုင်းရှိအခြားလူများမှ သတိမပြုမိဘဲမနေစေခဲ့ပေ။
သူတို့နှစ်ဦးကြားရှိ လုပ်ဆောင်ချက်များကို သတိပြုမိသော ကျန်းကျင်းယွင်သည် မျက်ခုံးပင့်လိုက်ပေသိ ထပ်မံပြောမလာတော့ချေ။ထိုစဉ် ကျန်းကျင်းယုမှာတော့ စားသောက်နေရင်း ပြီးခဲ့သောပွဲတော်များမှ ဇာတ်လမ်းများကိုဝေမျှနေလေ၏။
စူးယွင်မှာ ပျော်ပျော်နေတတ်ကာ ခင်မင်တတ်ပေသိ စကားဝိုင်းမှနေ အတန်ငယ်ဝေးကွာနေသလို မခံစားမိဘဲမနေခဲ့ပေ။အုပ်စုမှာ လူမှုရေးအရှုပ်အထွေးများ အထူးသဖြင့် သူမနှင့်သူတို့ကြား မထင်မှတ်ထားသောဖြစ်တည်မှုဆီ ဦးတည်သွားနေဆဲဖြစ်သည်မှာ ထင်ရှားလေ၏။
"ရှင့်ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်မိပေမယ့် ကျွန်မအဆင်ပြေပါတယ်"
သူမသည် အငြင်းပွားစရာအကြောင်းအရာဆီ ထပ်ရောက်မသွားစေရန် ကြိုးစား၍ နောက်ဆုံးတွင် ပြောလိုက်သည်။
ကျန်းကျင်းယွင်သည် သူမစကားများအားမျက်နှာသာပေးသည့်ပုံေပါ်ကာ နူးညံ့သောအမူအယာဖြင့်ပြုံးပြလာ၏။
"ရပါတယ် ရပါတယ်။ကျွန်တော်တို့တွေ မင်းကိုဒုက္ခမပေးချင်ပါဘူး"
ထမင်းဝိုင်းမှာ သေးငယ်သောနှောင့်ယှက်မှုလေးဖြင့် ဆက်ရှိနေကာ အစားအသောက်မှာ ယခုတွင်တော့ အဓိကကဏ္ဍတစ်ခုဖြစ်လာပြီး လူတိုင်းသည်ကိုယ်စီတိတ်ဆိတ်မှုဖြင့် စားသောက်နေရင်း နဉ်ကျင်းနှင့်စူးယွင်ကြားရှိ ရံဖန်ရံခါအကြည့်တို့ သိမ်ေမွ့ေသာအပြုအမူတို့မှာ နှစ်ဦးကြားရှိ ပြောစရာမလိုသောနားလည်မှုကို အရိပ်အမြွက်ပြနေလေ၏။
သူမသည် ထပ်မစားနိုင်တော့၍ နဉ်ကျင်း၏အင်္ကျီလက်အားဆွဲကာ မေးလိုက်သည်။
"ရှင်စားလို့ပြီးပြီလား။ကျွန်မတို့အခုပြန်ကြမယ်လေ"
ဤသည်အားကြားသော် နဉ်ကျင်းသည် စိတ်သက်သာရာရသွားခဲ့၏။သူသည်လည်း ထွက်သွားချင်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။
"ကောင်းပြီလေ"
စူးယွင်သည် မတ်တပ်ရပ်ကာ ယဉ်ကျေးစွာပင်ပြောလိုက်၏။
"လူကြီးမင်းတို့ !ကျွန်မတို့အခုသွားတော့မယ်နော်"
ကျန်းကျင်းယုသည်ခေါင်းငြိမ့်၍
"ကောင်းပါပြီ။စူးယွင်နဲ့ သခင်လေးနဉ်တို့ တောင်ဆင်းလမ်းကမတ်တာမလို့ မင်းတို့ပြန်ဆင်းရင်သတိထားသွားကြပါနော်"
"ကျေးဇူးပါပဲ"
နဉ်ကျင်းသည် ပြန်ဖြေကာသူမလက်အား ဆွဲလိုက်၏။သူ့အကြည့်သည် ကျန်းကျင်ယွင်ထံ ခဏတာမျှရစ်ဝဲနေလေသည်။
"ကျွန်တော်တို့က ပြန်တော့မှာဆိုတော့ မင်းတို့အချိန်ကို ဆွဲမထားေတာ့ပါဘူး ဆက်သုံးဆောင်ကြပါ"
ကျန်းကျင်ယွင်သည် ပြန်ဖြေမလာပေသိ သူ၏မျက်ဝန်းတို့သည် ဆွဲကိုင်ထားကြသည့် သူတို့လက်များပေါ် ငြိတွယ်နေလေ၏။
နဉ်ကျင်းသည် အတန်ငယ်မေးပင့်ကာ သူ့မျက်ဝန်းများထဲရှိအပြုံးသည်လည်း ဖုံးကွယ်ထားနိုင်ရုံမျှသာပင်။
သူသည်ခေါင်းလှည့်၍ တိုးတိုးလေးပြောလိုက်၏။
"ကိုယ်တို့တွေ လုံထုန်တောင်ထိပ်ကိုသွားကြဦးမလား"
စူးယွင်သည်ကောင်းကင်ထံကြည့်ကာ
"နောက်တစ်ခေါက်မှပေါ့"
ကျန်းညီအစ်ကိုနှင့်တွေ့သွားသည်ကြောင့် မူလအချိန်ထက်ပိုယူမိသွားကာ ယခုအချိန်၌သာ သူမတို့တောင်ထိပ်ဆီသွားပါက အိမ်ပြန်လျှင်မိုးချုပ်ပေလိမ့်မည်။
"ကောင်းပြီလေ"
တောင်ဆင်းလမ်းမှာ အတက်လမ်းထက်ပိုလွယ်ကူလေသည်။
လှေကားထစ်များမှာ ကျဉ်းမြောင်း၍ တစ်ထစ်စီကြားရှိ အမြင့်မှာမကွာဟလှရာ လှေကားထစ်များသည် ထပ်နေသလိုဖြစ်နေပြီး သတိမထားမိပါက အလွယ်လေးချော်ကျသွားနိုင်၏။
နဉ်ကျင်းသည် စူးယွင်လက်အားကိုင်ကာ ဂရုတစိုက်သတိပေးနေလေသည်။
"ဖြည်းဖြည်းလျှောက်နော်"
စူးယွင်သည် သူမခြေလှမ်းများပေါ်တွင်သာ အာရုံစိုက်၍
"ကျွန်မသိပါတယ်"
တောင်အောက်ဆင်းရန် သူမတို့အဖို့အချိန်သိပ်မယူခဲ့ရပေ။ဝမ်ကောဆီသူတို့ပြန်ရောက်ချိန်တွင် နေမင်းကြီးသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းထက် မေးတင်နေဆဲရှိသေး၏။
စူးယွင်မှာ ဆိုင်ထဲရောက်သည်နှင့် လှုပ်ကုလားထိုင်ပေါ်လှဲချကာ ပျင်းရိဟန်ဖြင့်အကြောဆန့်လိုက်သည်။
"ကျွန်မတော့ဒီနေ့တော်တော်လှုပ်ရှားမိခဲ့တယ်ထင်တာပဲ။နည်းနည်းပင်ပန်းနေပြီ"
နဉ်ကျင်းသည် သူမဘေး၌ဝင်ထိုင်ကာ ရေနွေးအချို့ငှဲ့ပေးလိုက်၏။
"အိပ်ရာမဝင်ခင် ရှောင်ဟယ့်ကို မင်းခြေထောက်တွေ နှိပ်ခိုင်းလိုက်ဦး။နောက်နေ့မနက်ကျ မင်းပင်ပန်းတယ်လို့ မခံစားရတော့ဘူး"
သူ၏အသံအားကြားသော် ရှောင်ဟယ်သည် ဝင်လာ၍ပြောလိုက်သည်။
"သခင်မလေးစူး ကျွန်မမျက်နှာချင်းဆိုင်လမ်းက ဆေးဆိုင်ဆီသွားပြီး မင်းအတွက်ဆေးအချို့သွားဝယ်ပေးမယ်လေ။မင်းရေချိုးရင် ဆေးစိမ်ရင်းနဲ့ အကြောလျှော့ရတာပေါ့"
"ကောင်းပြီလေ"
စူးယွင်သည်ဘေးဘက်ရှိ စောင်လေးအားဆွဲကာခြုံလိုက်ရင်း
"ရှောင်ဟယ် နင်ကအတွေးတတ်ဆုံးလူဖြစ်နေတုန်းပဲ"
"ဒါပေါ့"
ရှောင်ဟယ်သည် အတည်ပေါက်ကြီးပြောလာကာ သူမအင်္ကျီများပေါ် လက်တင်ရင်း
"သခင်မလေးသာကျွန်မကိုမကယ်ခဲ့ရင် ကျွန်မဘာလုပ်ရမယ်ဆိုတာ သိခဲ့မှာမဟုတ်ဘူး"
စူးယွင်မှာ သူမခေါင်းအားအသာပုတ်ကာ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဆောင်လိုက်၏။
"နင်သာဒီစကားထပ်ပြောရင် ငါဒေါသထွက်တော့မယ်နော်"
ရှောင်ဟယ်သည် ရယ်မောလိုက်ကာ လျှာထုတ်ပြရင်း
"ကောင်းပါပြီ ကျွန်မအဲ့စကားကို ထပ်မပြောတော့ပါဘူး"
"လိမ္မာတဲ့ကလေးမ"
စကားအချို့ပြောပြီးနောက် ဝမ်ကောထဲလူတစ်ယောက်ဝင်လာရာ ရှောင်ဟယ်သည် ကြိုဆိုရန် တံခါးမကြီးဘက်ထွက်သွားလေ၏။
နဉ်ကျင်းသည် ခုံပေါ်မှမတ်တပ်ထရပ်ကာ စူးယွင်၏ခြေထောက်ဘေးဝင်ထိုင်လိုက်သည်။
"သူမကအတွေးတတ်ဆုံးပေါ့လေ။ဒါဆို ကိုယ်ကကျ မတွေးပေးတတ်ဘူးပေါ့"
သူသည် ကျီစားလိုဟန်ပြုံး၍ မေးလိုက်၏။
စူးယွင်သည် သူမမျက်လုံးများအားမှေးကျဉ်းကာ ခုံထက်မှီထိုင်နိုင်ရန် လက်ဖြင့်ထောက်၍ မတ်မတ်ထိုင်လိုက်သည်။
သူမသည် သူ့မျက်နှာထက် လက်တင်ကာ သူ့နှာတံလေးအား လက်ေချာင်းများဖြင့်အသာညှစ်ရင်း ပြုံးကာ
"ရှင်တို့နှစ်ယောက်ကမတူဘူးလေ"
"မတူဘူးလား"
နဉ်ကျင်းသည် သူမအားကြည့်ကာ သူ့မျက်ဝန်းများထဲ သိချင်စိတ်တို့ဖြင့် ပြည့်နေလေ၏။
"ဘာလို့လဲ"