← Chapters

နေခိုင်းခြင်း

Vol. 161 Ch. 2280

နေခိုင်းခြင်း

Vol. 161 Ch. 2280

ထိုမျက်လုံးများက ငရဲမှမျက်လုံးများကဲ့သို့ပင် ဖြစ်သည်။ ထိုငရဲသေမင်းတမန်က ထွက်ပေါ်လာသည်နှင့် အရာအားလုံးကို ဝါးမြိုလိုက်သည်။ အကန့်အသတ်မဲ့ သေဆုံးခြင်းစွမ်းအင်လှိုင်းများက ရေဘဝဲလက်များကဲ့သို့ ရီဖူရှင်း၏ ခန္ဓာကိုယ်ထံ စီးဆင်းလာသည်။

စွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်သို့ တိုးဝင်လာသောအခါ သူ၏ နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်သည်ပင် စတင်ယိုယွင်းလာပြီး နတ်အလင်းများက ဖိနှိပ်ခံရပေသည်။ သေဆုံးခြင်းစွမ်းအားများက သူ့ကို တိုက်စားလာသည်။

၎င်းသည် ရီဖူရှင်းက နတ်ဝင်ရိုးနယ်မြေတစ်ခုအတွင်း ကျရောက်သွားသလို ထင်မှတ်ရပေသည်။ မရေတွက်နိုင်သော တစ္ဆေများနှင့် နတ်ဘုရားတို့၏ ပုံရိပ်များက သူ ရှိနေသည့် နေရာ၌ ဝန်းရံနေခဲ့သည်။ ၎င်းသည် ငရဲကဲ့သို့ပင်ဖြစ်ကာ အဆုံးမရှိ မြင်ကွင်းကို ​ဖြစ်ပေါ်စေသည်။

ရှင်းလင်းစွာပင် ဤအနက်ရောင်ဝတ်စုံနှင့် အဆင့်ရှစ်ရန်ဟောင်က သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူသည် အလွန် အစွမ်းထက်လှပေသည်။

ဘုန်း…

ထိုအခိုက်အတန့်တွင် ကြီးမားသော ပုံရိပ်တစ်ခုက ရုတ်တရက် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ၎င်းသည် မဟာလမ်းစဥ်နတ်ဘုရားပန်းချီကားတစ်ချပ်နှင့် တူပေသည်။ နေတစ်စင်းနှင့် လတစ်စင်းက ၎င်းကို ဝန်းရံထားပုံရသည်။ ယင်ယန်စွမ်းအားများမှ ယင်ယန်နတ်ဘုရားဝင်္ကပါအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ထို့ပြင် ၎င်းသည် တဖြေးဖြေးနှင့် ကြီးမားသည်ထက် ကြီးမားလာသည်။ ကြောက်မက်ဖွယ် ယင်ယန်စွမ်းအားက အထဲမှ ပေါက်ကွဲထွက်လာကာ ရီဖူရှင်းကို သေခြင်းစွမ်းအင်လှိုင်းများနှင့် ရစ်ပတ်ထားလေသည်။ ၎င်းသည် အားလုံးသော နတ်ဆိုးစွမ်းအားများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။

"နယ်မြေတစ်ခုလား။" ရီဖူရှင်းက ကြီးမားလှသော မဟာလမ်းစဥ်နယ်မြေကို စစ်ဆေးကြည့်လိုက်သည်။ သူက ၎င်း၏ အထဲတွင် ပိတ်မိနေပုံရလေသည်။

ယင်ယန်ဝင်္ကပါက ရုတ်တရက် ကြီးမားလာပြီး သူ့နောက်သို့ မျောလွင့်လာသည်။ နေမင်းနတ်မီးလျှံနှင့် ယင်စွမ်းအားတို့က တစ်ချိန်တည်းတွင် ပတ်ချာလည်ကာ စီးဆင်းလာသည်။ ထို့ပြင် ယင်ယန်ဝင်္ကပါတွင် အစွမ်းထက် ဓားစွမ်းအားတို့ ပါဝင်နေပြီး နေမင်းနတ်ဓားနှင့် အရိပ်ဓားအဖြစ် ပြောင်းလဲသွားပေသည်။ ဓားစွမ်းအားနှစ်ခုလုံးက သူ့ကို ဝန်းရံထားကာ နတ်ဆိုးများအားလုံးကို ရှင်းလင်းပစ်နေသည်။

ထို့နောက် ကြောက်မက်ဖွယ် တုန်ခါသံက လေထဲတွင် ပြည့်နှက်လာသည်။ ယင်ယန်နတ်ဓားအောက်တွင် မဟာလမ်းစဥ် နတ်ဝင်ရိုးမှ ဖွဲ့စည်းထားသည့် နယ်မြေက တုန်ခါလာသည်။ ထိုအခိုက်အတန့်တွင် နယ်မြေအတွင်း၌ သေမင်းတမန်တစ်ပါး ပေါ်ပေါက်လာသည်။ ၎င်းက အလွန် ငယ်ရွယ်ပုံပေါ်ပေသည်။ ယင်ယန်ဝင်္ကပါအတွင်း ပုန်းကွယ်နေသည့် ဖျက်ဆီးခြင်းစွမ်းအားကို ခံစားမိသောအခါ သူ၏ နှလုံးသားက အနည်းငယ် ခုန်ပေါက်သွားခဲ့သည်။

၎င်းက အလွန် အစွမ်းထက်လှသည့် စွမ်းအင်နှစ်သွယ်ဖြစ်သည်။ နေမင်းနတ်စွမ်းအားနှင့် ယင်နတ်စွမ်းအား ဖြစ်လေသည်။ သို့သော် ၎င်းတို့နှစ်ခုလုံးက တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက် ရောက်နေခဲ့သည်။

လူငယ်သည် သေဆုံးခြင်းမဟာလမ်းစဥ်၏ အသန့်စင်ဆုံး သဏ္ဌာန်ကိုသာ ကျင့်ကြံခဲ့သည်။ ထို့ပြင် သူ၏ အဆင့်​က ရီဖူရှင်းထက် ပိုမြင့်ပေသည်။ သို့သော် သူ၏ မဟာလမ်းစဥ်ကိ ရီဖူရှင်းကြောင့် ဖိနှိပ်ခံထားရသည်။ သူ့ခန္ဓာကိုယ်တွင် ထူးခြားသည့် နတ်စွမ်းအားအချို့ ပါဝင်နေသည်။

ထို့နောက် ကြောက်မက်ဖွယ် သေမင်းတမန်က ၎င်း၏ လက်ဝါးကို ဆန့်ထုတ်ကာ ရီဖူရှင်းအား ဖမ်းဆွဲလိုက်သည်။ များပြားလှသည့် သေမင်းတမန်အမှတ်အသားများက ၎င်း၏ လက်ဝါးအတွင်းမှ ထွက်လာသည်။ အနက်ရောင်နတ်အလင်းတို့ကို ဖြတ်ကာ ကျယ်လောင်သည့် ဆူညံသံတို့က လေထဲ၌ ပျံ့နှံ့လာသည်။ ၎င်း၏ လက်က အထက်သို့ တက်သွားကာ လက်ဝါးကြီးက ချက်ချင်းပင် ထိုလေဟာနယ်တစ်ခွင်လုံးအား လွှမ်းခြုံသွားခဲ့သည်။ ထွက်ပြေးရန်မှာ မဖြစ်နိုင်သလိုပင်။

"အဆင့်ရှစ်ရန်ဟောင်တစ်ပါးရဲ့ စွမ်းအားအပြည့်နဲ့ တိုက်ခိုက်မှုက ဘယ်လောက်တောင် အားကောင်းလိုက်မလဲ။" ရီဖူရှင်းက သူ မည်မျှ အားကောင်းသည်ကို မြင်တွေ့ချင်နေသည်။

ဘုန်း...

နတ်အလင်းများ လင်းလက်သည်။ ရီဖူရှင်း၏ မဟာလမ်းစဥ် နတ်ခန္ဓာက အောက်သို့ ထိုးဆင်းလာ၏။ သူက ရှောင်တိမ်းရန် မကြိုးစားခဲ့ဘဲ သေမင်းတမန်အမှတ်အသားများ ပါဝင်နေသည့် ငရဲသေမင်းတမန် လက်ဝါးကြီးထံ ထိပ်တိုက် တိုးဝင်သွားပေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ယင်ယန်နတ်အလင်းများက မဟာလမ်းစဥ်၏ ဓားတစ်လက်အဖြစ်သို့ ​ပြောင်းလဲသွားပေသည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်က  မဟာလမ်းစဥ်အဖြစ် အသွင်ပြောင်းလဲနိုင်ပြီး ထိုမှသာ သူ သုံးစွဲနိုင်သည့် အားလုံးသော စွမ်းအားများက ပေါက်ကွဲထွက်လာနိုင်ပေသည်။

အောက်သို့ ထိုးဆင်းလာသည့် အခိုက်အတန့်၌ သူ့ပုံရိပ်က ပို၍ လှပကာ ကြယ်ပျံထက်ပိုပြီး ဆွဲဆောင်မှုရှိပေသည်။

သေမင်းတမန်၏ လက်ဝါးကြီးက တိုးထွက်သွားကာ ရီဖူရှင်း ခန္ဓာကိုယ်နှင့် တိုက်မိသွားသည်။ ၎င်း၏ လက်ဝါးအလယ်ရှိ သေမင်းအမှတ်အသားများမှ ထိတ်လန့်ကြောက်မက်ဖွယ် သေဆုံးခြင်းနတ်အလင်းများအဖြစ် ပေါက်ကွဲလာကာ တုန်လှုပ်ဖွယ်လှိုင်းများအဖြစ် ရီဖူရှင်း၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ သေမင်းတမန်အမှတ်အသားများ၏ တားဆီးခံထားရပေသည်။ ဖျက်ဆီးခြင်းအလင်းက သူ့အနီးဝန်းကျင်သို့ ဖြာထွက်လာသည်။

အက်ကွဲလာသလို အသံတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ မဟာလမ်းစဥ် ခန္ဓာကိုယ်က အနည်းငယ် မှောင်မိုက်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် သေမင်းတမန် အမှတ်အသားများပေါ်တွင် အက်ကြောင်းများ စတင် ပေါ်ပေါက်လာသည်။ အက်ကြောင်း အရေအတွက် လျင်မြန်စွာ တိုးလာပြီး တခဏအကြာတွင် ၎င်းတို့က ဖျက်ဆီးခံလိုက်ရပြီး ကြောက်မက်ဖွယ် သေဆုံးခြင်း စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ ရီဖူရှင်းသည် သေမင်းတမန်၏ လက်ကို တိုက်ရိုက်ထိုးဖောက်ပြီးနောက် သူ့ခန္ဓာကိုယ်က အောက်ဘက်သို့ ဆက်လက်ထိုးဆင်းလာသည်။ ရီဖူရှင်း ဖြတ်သန်းသွားသည် သေမင်းတမန်၏ လက်မောင်း တစ်လက်မချင်းစီတိုင်းက အက်ကွဲကာ ပျက်စီးလာသည်။ ချက်ချင်းပင် သူသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ဆီသို့ ရောက်ရှိလာပေသည်။

ဘုန်း...

မဟာလမ်းစဥ်နယ်မြေက ချက်ချင်းပင် အက်ကွဲလာသည်။ ပုံရိပ်တစ်ခုက အပြင်ဘက်သို့ ပျံသန်းလွင့်စင်သွားသည်။ ကြီးမားသည့် သေမင်းတမန်ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရသည်။

ကောင်းကင်နှင့် မြေကြီးက ပုံမှန်အတိုင်း ပြန်လည် ပြောင်းလဲသွားပေသည်။ ရီဖူရှင်းက ကောင်းကင်၌ မျောလွင့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းက တဖြေးဖြေး မှိန်ဖျော့လာသော်လည်း  သူ့ပုံရိပ်က ခြောက်ခြားဖွယ် ဖြစ်နေဆဲပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း သေခြင်းတရား၏ စွမ်းအင်လှိုင်းများကို ခံစားမိသည့်အခါ ရီဖူရှင်းက ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ အခြားတစ်စုံတစ်ယောက်ဖြစ်လျှင် သူတို့သည် သေမင်းတမန်၏ အမှတ်အသားများအောက်၌ သေချာပေါက် သေဆုံးရပေလိမ့်မည်။

အောက်ဘက်ရှိ အနက်ရောင်ဝတ်လူငယ်သည် သူ့ပါးစပ်မှ လတ်ဆတ်သော သွေးများ စီးကျလာသည်။ သူ့မျက်နှာက အလွန် ဖြူဖျော့နေပြီး သူ့ခေါင်းကို မော့ကာ ကောင်းကင်တွင် ရပ်နေခဲ့သည့် ရီဖူရှင်းအား ကြည့်လိုက်သည်။ မှော်နက်လောကအတွင်း သူသည် ထိုမျှ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုကို မည်သည့်အခါမှ မခံစားခဲ့ရဖူးပေ။ ထို့ပြင် ယနေ့ သူ့ပြိုင်ဘက်က သူ့ထက် ကျင့်ကြံဆင့်နိမ့်သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ထို့နောက် ထိုအခိုက်အတန့်တွင် ယင်ယန်ဝင်္ကပါတစ်ခုက ကောင်းကင်၌ မျောလွင့်လာသည်။ ယင်ယန်နတ်အလင်းတို့က အဆက်မပြတ် ကျဆင်းလာပြီး အနက်ရောင်ဝတ် လူငယ်အပါအဝင် အဆုံးမဲ့ လေဟာနယ်ကို ဝန်းရံထားခဲ့သည်။ ကြောက်မက်ဖွယ် အလင်းများ ဖြာထွက်နေသည့် နတ်ဓားတစ်လက်က အောက်သို့ ထိုးဆင်းလာကာ ရည်ရွယ်ထားသော ပစ်မှတ်ကို အမြစ်ဖြတ်သုတ်သင်ရန် ကြိုးစားလိုက်သည်။

နတ်ဓားက အနက်ရောင်ဝတ်လူငယ်ကို နေရာ၌ သတ်ဖြတ်ရန် နီးကပ်လာသည်နှင့် ကြောက်မက်ဖွယ် အနက်ရောင်တိမ်တိုက်တို့က လူငယ်၏ ခေါင်းထက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ တိမ်တိုက်များက တုန်ခါကာ အော်မြည်နေခဲ့သည်။ ထို့နောက် နတ်ဆိုးပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ အနက်ရောင်အလင်းဓားသွားများက ကြောက်မက်ဖွယ် အနက်ရောင် တိမ်တိုက်များ ပေါ်ပေါက်လာပုံရသည်။ နတ်ဓားရောက်ရှိလာသည့်အခါ ၎င်းသည် ဝါးမြိုခံရပြီး ပစ်မှတ်ကို တိုက်ခိုက်ရန် ကျဆုံးခဲ့သည်။

နတ်ဆိုးပုံရိပ်တစ်ခုကို သယ်ဆောင်ထားသည့် နတ်ဆိုးတိမ်တိုက်သည် ကောင်းကင်မှ ရီဖူရှင်းထံ ပျံသန်းသွားခဲ့သည်။ ချက်ချင်းပင် လေဟာနယ်တစ်ခွင်လုံးက ဖျက်ဆီးခံရတော့မလို ဖြစ်လာသည်။ အလွန် ကြောက်မက်ဖွယ် မြင်ကွင်းပင် ဖြစ်လေသည်။

သို့သော် တစ်ချိန်တည်း၌ လေဟာနယ်နတ်အလင်းတန်းတစ်ခုက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာသည်။ နတ်ဆိုးက သူ့ကို ဝါးမြိုရန်ကြိုးစားလာသည့်အခါ လေဟာနယ် နတ်အလင်းက ရီဖူရှင်းအား အဝေးသို့ ပို့ဆောင်လိုက်သည်။ ၎င်းက အဘိုးမာ ဖြစ်လေသည်။

တစ်ချိန်တည်းတွင် အစွမ်းထက်သော ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ယောက်က အနက်ရောင်လူငယ်၏ ဘေး၌ ပေါ်ပေါက်လာသည်။

ရီဖူရှင်း၏ အေးစက်သည့် အကြည့်တို့က သူ့ပြိုင်ဘက်ထံသို့ ပြောင်းရွှေ့သွားခဲ့သည်။ သူက သူ့ကို သတ်ဖြတ်ရန် ကျရှုံးခဲ့ပေသည်။

သူက အစောပိုင်းတိုက်ပွဲတလျှောက် ထိုသူ၏ တိုက်ပွဲစွမ်းရည်ကို ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ ထိုအချိန်၌ သူပိုင်ဆိုင်ထားသော စွမ်းရည်နှင့် ကျွမ်းကျင်မှုတို့ဖြင့်ဆိုလျှင် သူက အဆင့်ခုနစ်၌ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ သူက အဆင့်ရှစ်၌ရှိနေလျှင် ထူးခြား၍ ပါရမီရှင်အဆင့် တည်ရှိမှုဖြစ်နေလျှင်ပင် ကိစ္စမရှိပေ။

သူက အနက်ရောင်ဝတ်လူငယ်ကို ရှုံးနိမ့်စေနိုင်ခဲ့သည့်အတွက် နင်ဟွာက သူ့အတွက် ပြဿနာမရှိတော့ပါချေ။

ပုဂ္ဂိုလ်ကြီးများကြား၌ပင် သူက အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်နိုင်သည်။

သူ၏ အကြည့်များသည် အစောပိုင်းက လှုပ်ရှားလာသည့် အစွမ်းထက်ကျင့်ကြံသူထံ ပြောင်းလဲသွားသည်။ ရီဖူရှင်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ ရှိနေခဲ့ပြီး ကြိုးစားကြည့်ရန် စိတ်အားထက်သန်မှုတို့ ရှိနေခဲ့သည်။ သူသည် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများနှင့် ယှဥ်ပြိုင်ချင်နေခဲ့၏။

အနက်ရောင်ဝတ်လူငယ်က ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။ သူ အစောပိုင်းက ပြသခဲ့သော ဂုဏ်ယူမှုနှင့် မောက်မာမှုက သူ့မျက်လုံးများထဲ၌ မရှိတော့ပေ။ သူက ရီဖူရှင်းကို ရှုံးနိမ့်သွားခဲ့ပြီ ​ဖြစ်သည်။ တစ်စုံတစ်​ယောက်ထံမှ အကူအညီသာ မရှိခဲ့လျှင် သူက ရီဖူရှင်း၏ လက်ထဲ၌ သေသွားရပေလိမ့်မည်။

"ပြန်ဆုတ်ကြ။" အနက်ရောင်လူငယ်က ပြောလိုက်သည်။ သူက ပြန်ဆုတ်ခွာကာ ဤနေရာမှ ခေတ္တ ထွက်ခွာသွားချင်ခဲ့သည်။

မူလဘုံ၏ ကျင့်ကြံသူများက ရင်ဆိုင်ရန် ခက်ခဲပုံရသည်။

သူက စကားပြောပြီးသည်နှင့် မှော်နက်လောကမှ ပုဂ္ဂိုလ်များက တိုက်ပွဲမြေပြင်မှ ခေတ္တ ထွက်ခွာသွားရန် ပြင်ဆင်နေကြသည်။ သို့သော် သူတို့က ခေါင်းကို မော့လိုက်သောအခါ ရီဖူရှင်းက ကောင်းကင်အမြင့်၌ ရပ်နေသော ရန်ဟောင်ချန်းကို စကားပြောလိုက်သည်အား မြင်လိုက်ရသည်။ "ဒီဘုံကို စည်းချလိုက်ပါ။ တစ်ယောက်မှ လွတ်မသွားစေနဲ့။"

"သိပါပြီ။" ရန်ဟောင်ချန်းက ပြောလိုက်သည်။ ထို့နောက် ချက်ချင်းပင် လေဟာနယ်တစ်ခွင်လုံးကို ကြောက်မက်ဖွယ် အလင်းလွှာတစ်ခုက လွှမ်းခြုံသွားသည်။ အလင်းလွှာသည် ကြယ်များ၏ နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရပြီး ကြယ်ကမ္ဘာတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။ ထိုနေရာရှိ လေဟာနယ်တစ်ခုလုံးက ကြယ်နယ်မြေအဖြစ် ပြောင်းလဲသွားပေသည်။ ကြယ်နယ်မြေက ပျက်စီးသွားခြင်း မရှိလျှင် သူတို့၏ ရန်သူများ တစ်ယောက်မှ ထွက်သွားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သူ့ ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ လူငယ်၏ အကြည့်များက အေးစက်သွားခဲ့သည်။ မူလဘုံမှ လူများသည် သူတို့ကို အမှန်တကယ် ထိုနေရာ၌ ကျန်ရစ်နေစေချင်ကြသည်။

All Chapters