← Chapters

အခန်း (၉၉၄-၉၉၆)

Vol. 67 Ch. 994-996

အခန်း (၉၉၄-၉၉၆)

Vol. 67 Ch. 994-996

အခန်း ၉၉၄ - ဈေးအနိမ့်တွင် ဝယ်ယူခြင်း အစီအစဉ်

ဤတစ်ကြိမ်တွင် အရှေ့တောင်အာရှ၏ ဘဏ္ဍာရေးအကျပ်အတည်းသည် တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့သည်။ ရူဘယ်တန်ဖိုး ကျဆင်းမှု၏ သက်ရောက်မှုကြောင့် ဥရောပနှင့် အမေရိကန် စတော့ဈေးကွက်များပါ ဆက်လက်ကျဆင်းခဲ့ပြီး ကျဆင်းနှုန်းမှာလည်း မနည်းလှပေ။

ရင်းနှီးမြှုပ်နှံသူအချို့သည် အန္တရာယ်ကို ရှောင်ရှားရန် ငွေသားများကို စုဆောင်းထားကြသည်။ အချို့ ရင်းနှီးမြှုပ်နှံသူများမှာမူ ဒေဝါလီခံနေရပြီ ဖြစ်သည်။

ဆိုရော့စ်ကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ပညာရှင်ပင် အသည်းအသန် ရှုံးနိမ့်နေချိန်တွင် သာမန်လူများအကြောင်းကို ပြောစရာမလိုတော့ပေ။ သူတို့သည် ရုရှားတွင် အမြတ်ရှာရန် ကြိုးစားခဲ့ခြင်း မရှိသော်လည်း သူတို့နိုင်ငံ၏ စတော့ဈေးကွက် ကျဆင်းမှုကြောင့် များစွာ နစ်နာခဲ့ရသည်။ ယခင်က ထိုနိုင်ငံများ၏ စတော့ဈေးကွက်များသည် အလွန်ကောင်းမွန်နေခဲ့သည်။

ရင်းနှီးမြှုပ်နှံသူ အများစုသည် ပူပန်နေကြချိန်တွင် ဖုန်းယွီသည် ဖူရုန်ချီ၏ အိမ်တွင် ဧည့်သည်အဖြစ် ရောက်ရှိနေသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများ ပွင့်လန်းနေသည်။

ဤတစ်ကြိမ်တွင် သူတို့၏ အမြတ်သည် များပြားလိမ့်မည် မဟုတ်သော်လည်း အခြားသူများ အရှုံးပေါ်နေချိန်တွင် သူတို့က အမြတ်ရနေခြင်းသည် ပျော်ရွှင်မှု ခံစားရရန် လုံလောက်သည်။

“ဖုန်း၊ မင်း ဒီတစ်ခါလည်း ငါတို့ကို အမြတ်ရအောင် လုပ်ပေးနိုင်ခဲ့ပြန်ပြီ။ ဆိုရော့စ်လည်း အကြီးအကျယ် နစ်နာသွားမှာ သေချာတယ်ဆိုတော့ ဟောင်ကောင်လည်း စိတ်အေးရပြီ” ဖူရုန်းချသည် ရယ်မောရင်း ပြောလိုက်သည်။

“ဦးလေးဖူ၊ ဟောင်ကောင်လည်း စိတ်ချရပြီလို့ ပြောလို့မရသေးဘူး။ ဟောင်ကောင်ရဲ့ စီးပွားရေးလည်း ရိုက်ခတ်မှု ခံနေရတာပဲ၊ စတော့ဈေးကွက်လည်း ကျဆင်းနေတယ်။ ဆိုရော့စ် ဝင်ရောက် နှောင့်ယှက်တာ မရှိပေမဲ့ နိုင်ငံတကာ အခြေအနေကိုတော့ မခုခံနိုင်ဘူးလေ”

ဖူရုန်ချီက ဆုံးမလိုက်သည်။ “မင်းက ဘယ်အချိန်မဆို အကောင်းမြင်တတ်တာပဲ။ ပြီးတော့ ဆိုရော့စ် အကြီးအကျယ် နစ်နာသွားတယ်ဆိုတာ မင်း ဘယ်လို သိတာလဲ”

ဖူရုန်ချီသည် သိချင်စိတ်ဖြင့် ပြောလိုက်သည်။ “ဆိုရော့စ် ရုရှားဈေးကွက်ကို ဈေးအနိမ့်မှာ ဝယ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတာ မင်းတို့ ပြောခဲ့ကြတာ မဟုတ်လား။ အခု ရုရှားရဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေ အကြီးအကျယ် ကျဆင်းနေချိန်မှာ ဆိုရော့စ် နစ်နာမှာ သေချာတာပေါ့။ ငါ့အထင် ဆိုရော့စ် အားလုံး ရှုံးသွားလောက်ပြီ”

ဖူရုန်ပင်းကလည်း ထပ်ပြောသည်။ “ဆိုရော့စ် အကုန် မရှုံးရင်တောင် သူ့ရဲ့ ကွမ်တမ်ဖန်က ဖောက်သည်တွေကို ပိုက်ဆံ ပြန်ပေးရမယ်လေ။ သူ့ရဲ့ ရန်ပုံငွေက အခြေခံအမြတ်ကို အာမခံထားတာဆိုတော့ သူ့ပိုင်ဆိုင်မှုတွေ အကုန် ဖောက်သည်တွေကို ပြန်ပေးရမှာ မဟုတ်လား”

ဖူရုန်ချီသည် လူတိုင်းကို ကြည့်ပြီး ဖူကွမ်းကျန့်ဘက်သို့ လှည့်လိုက်သည်။ “ကွမ်းကျန့်၊ မင်း ဘယ်လိုထင်လဲ”

“ဦးလေး၊ ဆိုရော့စ်က နာမည်ကြီးတဲ့ ‘ဟက်ချ်ဖန်’ (hedge fund) မန်နေဂျာတစ်ဦး ဖြစ်နေတာပဲ။ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ‘ဟက်ချ်ဖန်’ မန်နေဂျာတစ်ဦးလည်း ဖြစ်ခဲ့တယ်။ သူ တန်ပြန်ကာကွယ်တဲ့ စာချုပ်တွေ (hedging contracts) မလုပ်ထားဘူးဆိုတာ မဖြစ်နိုင်ဘူး။ ရူဘယ်တန်ဖိုး ကျဆင်းပြီး ရုရှားစတော့အညွှန်းကိန်း အကြီးအကျယ် ကျဆင်းနေရင်တောင် ဆိုရော့စ် လုံးဝ ရှုံးမှာ မဟုတ်ဘူး။ ကျွန်တော်တို့က တခြားနိုင်ငံတွေရဲ့ စတော့ဈေးကွက်လည်း ရိုက်ခတ်မှုကြောင့် ကျဆင်းနိုင်တယ်ဆိုတာ ခန့်မှန်းနိုင်တယ်ဆိုရင် ဆိုရော့စ်က ခန့်မှန်းနိုင်မှာ မဟုတ်ဘူးလား”

ဖူရုန်ချီသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ပါမောက္ခလျန်၏ သင်ကြားပေးမှုကြောင့် ဖူကွမ်းကျန့်သည် သူ့ကို ပိုမိုကျေနပ်စေသည်။ ထို့အပြင် ဖူကွမ်းကျန့်သည်လည်း ပိုမိုတည်ငြိမ်ရင့်ကျက်လာပုံရပြီး အနာဂတ်တွင် ထိုက်တန်သော ဦးဆောင်သူ ဖြစ်လာနိုင်မည်ဖြစ်သည်။

ဖူရုန်ချီသည် သူ့ညီနှစ်ယောက်ကို ကြည့်လိုက်သည်။ “မင်းတို့ ကြားလား။ ငါတို့ တွေးနိုင်တာကို ဆိုရော့စ်က ဘာလို့ တွေးလို့ မရမှာလဲ။ ငါတို့ ရင်းနှီးမြှုပ်နှံတဲ့အခါ အခြေအနေ ပြန်လှန်နိုင်ဖို့ ငွေအချို့ကို ချန်ထားသေးတယ်။ ဆိုရော့စ်က မချန်ထားဘူးလား။ သူသာ တခြားနိုင်ငံတွေရဲ့ စတော့အညွှန်းကိန်းကို အချိန်မီ ဈေးနှုန်းနှိမ့် ရောင်းချနိုင်ခဲ့ရင် သူ မူလရင်းနှီးငွေကို ပြန်ရနိုင်ဖို့ အခွင့်အရေးများစွာ ရှိသေးတယ်။ ရဲရင့်ခဲ့ရင် အမြတ်တောင် ရနိုင်သေးတယ်”

အမှန်တော့ ဤအချိန်တွင် ဆိုရော့စ်သည် ရဲရင့်ရုံတင်မကတော့ဘဲ အတင်းအကျပ် ရဲရင့်ရတော့မည်ဖြစ်သည်။ မဟုတ်ပါက သူသည် မူလရင်းနှီးငွေပင် ပြန်ရနိုင်တော့မည်မဟုတ်ပေ။

ဤသည်မှာ လောင်းကစားသဘောမျိုး ဖြစ်နေသော်လည်း ဆိုရော့စ်သည် လောင်းကစားရတော့မည်ဖြစ်သည်။ အနိုင်ရရန် အခွင့်အရေးများစွာလည်း ရှိသည်။

ဖူရုန်ချီနှင့် ဖူရုန်ပင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးကာ ဘာမှ ထပ်မပြောတော့ပေ။ စကားမပြောခဲ့သော ဖူရုန်ကျင်းကတော့ ပြုံးပြုံးရွှင်ရွှင်ရှိနေသည်။ ဖူကွမ်းကျန့်သာ သူ့ကို ဤအကြောင်းများ မပြောပြခဲ့လျှင် သူလည်း သူ့အစ်ကိုနှစ်ယောက်လိုပင် တွေးမိနေလိမ့်မည်။

ငွေကြေးလုပ်ငန်းက တကယ်ပဲ ပိုက်ဆံ မြန်မြန်ရတာပဲ။ ဤအရာက ဖူကွမ်းကျန့်ကို လျန်ယင်နှင့် လက်ထပ်ပေးရန် သူ၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေသည်။ ပါမောက္ခလျန်၏ အကူအညီဖြင့် သူ ပိုမိုအမြတ်ရှာနိုင်မည်ဖြစ်သည်။ ဖူကွမ်းကျန့်ကိုတော့ သူ စိတ်ပူစရာမလိုတော့ပေ၊ သို့သော် ဖူကွမ်းရှန်၏ လုပ်ငန်း တိုးတက်မှုကတော့ အနည်းငယ် လိုအပ်နေသေးသည်။ သူသည် သားကြီးအတွက်လည်း ရန်ပုံငွေများ ပိုမိုစုဆောင်းပေးလိုသည်။

ယခင်က အကြီးအကဲ၏ သဘောထားကို ကြားလိုက်ရချိန်တွင် ဖူမိသားစု၏ နောက်မျိုးဆက် ဦးဆောင်သူသည် ဖူကွမ်းကျန့်ဖြစ်လာမည်ဟု သိလိုက်ရသဖြင့် သူသည် အံ့သြဝမ်းသာဖြစ်ခဲ့သည်။

ဤအချက်တွင် သူသည် အကြီးအကဲထက် နိမ့်ကျသည်ဟု သူ ညည်းတွားမိသည်။ သူသာ ဦးဆောင်သူဆိုရင် နောက်မျိုးဆက် ဦးဆောင်သူသည် သူ့သားသာ ဖြစ်မည်၊ သူ့ တူမဖြစ်နိုင်ပေ။

သို့သော် ဤသည်က ဖူမိသားစုအတွက် အနာဂတ်တွင် ၎င်းတို့၏ မိသားစုဆက်လက် ကြီးပွားတိုးတက်စေရန်အတွက် အကောင်းဆုံးသူကို ရွေးချယ်နိုင်မည့် အခြေခံကို ချမှတ်ပေးခဲ့သည်။

မိသားစု ပိုမိုအားကောင်းလေလေ၊ သူတို့ရရှိမည့် အကျိုးအမြတ်များ ပိုမိုများပြားလေလေဖြစ်ပြီး သူတို့၏ လူမှုအဆင့်အတန်းလည်း ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။

သူသည် ဘေးတွင် အသီးအနှံများ စားနေသော ဖုန်းယွီကို ကြည့်လိုက်သည်။ အစောပိုင်းကသာ အကြီးအကဲက မိသားစုကိုယ်စား အချိန်မီ သဘောထား မပြခဲ့လျှင် ဖူမိသားစုသည် အာရှ၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့လိမ့်မည်။ ဖူကွမ်းကျန့်လည်း မိသားစုခေါင်းဆောင်ဖြစ်လာမည့် အခွင့်အရေးကို ဆုံးရှုံးခဲ့လိမ့်မည်ဖြစ်ပြီး သူလည်း ယခုလို ဂုဏ်ယူနိုင်မည်မဟုတ်ပေ။

မီဒီယာများသည် ဖူကွမ်းကျန့်အကြောင်း ရေးသားသောအခါ သူ့သားဖြစ်ကြောင်း အမြဲ ထည့်သွင်းပြောဆိုလေ့ရှိပြီး ၎င်းသည် သူ့ကို အလွန်ဂုဏ်ယူစေသည်။

“ဖုန်း၊ နောက်ထပ် ရတဲ့ပိုက်ဆံတွေကို ဘယ်လို ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားလဲ။ Futuresတွေ ဆက်လုပ်မလား၊ ဒါမှမဟုတ် စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမလား” ဖူရုန်ချီသည် ရယ်မောရင်း မေးလိုက်သည်။

ဖုန်းယွီသည် သူ့ပါးစပ်ကို သုတ်လိုက်ပြီး ဖူရုန်ချီကို ပြုံးကာကြည့်လိုက်သည်။ “ဦးလေးဖူ၊ ဦးလေးမှာ အစီအစဉ် ရှိနေပြီးသားပဲ၊ ကျွန်တော့်ကို ဘာလို့ လာမေးနေရတာလဲ။ Futuresဈေးကွက်က ဒီရက်ပိုင်းမှာ အတက်အကျ အရမ်းများမှာ သေချာတယ်။ စိတ်ပင်ပန်းရုံသာမက ပိုက်ဆံလည်း ဘယ်လောက် အမြတ်ရမလဲ မသေချာဘူး”

“ဟား ဟား ဟား၊ ဒါဆို ငါတို့ အတွေးတူနေတာပေါ့။ ငါကတော့ တောင်ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်။ အဓိကကတော့ ရှယ်ယာတွေမှာပေါ့။ သေချာပေါက်၊ ကောင်းတဲ့ ကုမ္ပဏီအချို့ရှိရင် ဝယ်ယူဖို့လည်း စဉ်းစားမှာပါ။ နောက်ပြီး မလေးရှား၊ အရှေ့တောင်အာရှက တခြားနိုင်ငံတွေကိုလည်း လေ့လာနေတယ်၊ မင်းရော ပါဝင်မလား”

ဖူမိသားစုသည် အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ရှိပြီးသားဖြစ်သည်။ မလေးရှားနှင့် အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိပြီးသားဖြစ်သည်။ ဤတစ်ကြိမ်တွင် ရန်ပုံငွေ အလုံအလောက်ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော် ဖူမိသားစုသည် တောင်ကိုရီးယားသို့ ဝင်ရောက်ရန် စဉ်းစားနေခြင်းသည် ဖုန်းယွီကို အံ့သြစေသည်။

တောင်ကိုရီးယားသည် ဖုန်းယွီ ဝင်ရောက်ရန် စီစဉ်ထားသော ဈေးကွက်ဖြစ်သည်။

အခြားအရာများကို မပြောဘဲ အင်တာနက်နည်းပညာကိုပင် တောင်ကိုရီးယားသည် ကမ္ဘာ့ထိပ်တန်းဖြစ်သည်။ ယခင်ဘဝက တောင်ကိုရီးယားသည် ကမ္ဘာ့အင်တာနက်တည်ဆောက်မှုတွင် အကောင်းဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်နှင့် ဂျပန်တို့ထက်ပင် သာလွန်နေခဲ့သည်။ တောင်ကိုရီးယားသည် ဆော့ဖ်ဝဲလ်၊ အီလက်ထရောနစ် စသည့် နယ်ပယ်များတွင် အမြဲ ကမ္ဘာ့အားကောင်းသော နိုင်ငံဖြစ်ခဲ့သည်။ ဥပမာအားဖြင့် ဗီဒီယိုဂိမ်းများ၊ အီလက်ထရောနစ်ပစ္စည်းများမှာ ကမ္ဘာ့ထိပ်တန်းဖြစ်သည်။

ကွန်ပျူတာနှင့် အင်တာနက် တိုးတက်လာသည်နှင့်အမျှ အနာဂတ်တွင် ဗီဒီယိုဂိမ်းများမှာ အလွန်တိုးတက်လာမည်မှာ သေချာသည်။ ဖုန်းယွီသည် သူ့စိတ်ထဲတွင် အစီအစဉ်ရှိနေပြီးဖြစ်သည်။ ‘ချွမ်ချီ’ ဂိမ်းကို တီထွင်ခဲ့သော ACT နှင့် WMD ကုမ္ပဏီကို သူ သေချာပေါက် ဝယ်ယူမည်ဖြစ်သည်။

အနာဂတ်တွင် ဖုန်းယွီသည် သူ့ကိုယ်ပိုင် ဂိမ်းအင်ပါယာကို တည်ထောင်နိုင်မည်ဖြစ်သည်။ ယခင်ဘဝက နာမည်ကြီးခဲ့သော အွန်လိုင်းဂိမ်းများကို သူ ကိုယ်တိုင် တီထွင်နိုင်မည်။ ပြီးတော့ လူများကို ထိုနေရာသို့ သွားပြီး နည်းပညာများ လေ့လာစေကာ နည်းပညာများ ကျွမ်းကျင်လာသောအခါ တရုတ်လူမျိုးများက ကိုယ်တိုင် ကမ္ဘာကျော် အွန်လိုင်းဂိမ်းများကို တီထွင်နိုင်လိမ့်မည်။

“ကျွန်တော်လည်း တောင်ကိုရီးယားကုမ္ပဏီတွေကို စဉ်းစားထားတယ်။ ဥပမာ၊ ကျွန်တော် ဂိမ်းကစားရတာ ကြိုက်လို့ ဂိမ်းတီထွင်တဲ့ ကုမ္ပဏီတစ်ခုလောက် ဝယ်ယူပြီး ကျွန်တော် ကြိုက်တဲ့ ဂိမ်းအချို့ကို တီထွင်ဖို့ စီစဉ်ထားတယ်။ ပြီးတော့ အီလက်ထရောနစ်ကုမ္ပဏီအချို့မှာ ရှယ်ယာဝင်ပြီး နည်းပညာအချို့ကို ပြန်ဝယ်ယူကာ Wind and Rain အီလက်ထရောနစ်ကို အားဖြည့်ဖို့လည်း စီစဉ်ထားတယ်။ သေချာတာကတော့ အများစုက ဥရောပနဲ့ အမေရိကန်က ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံဖို့ပဲ”

ဂိမ်းကစားချင်လို့ ဂိမ်းတီထွင်တဲ့ ကုမ္ပဏီကို ဝယ်မယ် ဟုတ်လား။ ဖူရုန်ချီသည် ဖုန်းယွီ၏ အသက်ကို စဉ်းစားလိုက်သည်။ ဖုန်းယွီသည် တကယ်ပဲ ဂိမ်းကစားချင်လို့ ဖြစ်နိုင်သည်။ ဂိမ်းတီထွင်တဲ့ ကုမ္ပဏီက အမြတ်ရနိုင်ပေမဲ့ အမြတ်အများကြီး ရလိမ့်မယ်လို့တော့ သူ မယုံကြည်ပေ။ ယခုအချိန်တွင် ဂိမ်းရဲ့ အကောင်းဆုံးခေတ် ကုန်ဆုံးနေပြီဖြစ်သည်။

“ဟား ဟား၊ ကောင်းပြီ။ မင်းသာ ကုမ္ပဏီတစ်ခုခုကို စိတ်ဝင်စားရင် ငါတို့နဲ့ တူနေရင် အကြောင်းကြားလိုက်၊ ငါတို့ နောက်ဆုတ်ပေးမယ်” ဖူရုန်ချီက ကတိပေးလိုက်သည်။

“ဦးလေးဖူ ကျေးဇူးတင်ပါတယ်” ဖုန်းယွီသည် ပြုံးလျှက် ပြောလိုက်သည်။ ဂိမ်းက အမြတ်ဘယ်လောက်များနိုင်လဲဆိုတာ ဖူရုန်ချီ လုံးဝ တွေးမိလိမ့်မည်မဟုတ်ပေ။

...

******

အခန်း ၉၉၅ - ကွမ်တမ်ဖန်၏ အကျပ်အတည်း

ဖုန်းယွီတို့ ပျော်ရွှင်စွာ ရယ်မောနေချိန်တွင် အချို့သောသူများမှာ စိတ်ပျက်အားငယ်နေကြသည်။

ဆိုရော့စ်သည် အခြေအနေ ပြန်လှန်ရန် အခွင့်အရေးရှိသေးသည်ဟု ထင်မှတ်ထားသည်။ သူ့တွင် ရန်ပုံငွေအနည်းငယ် ကျန်ရှိနေသေးပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက မူလရင်းနှီးငွေကို ပြန်ရနိုင်မည်ဟု တွေးထားသည်။

သို့သော်လည်း အခက်တွေ့နေသော အိမ်တွင် မိုးထပ်ရွာသကဲ့သို့ ဤအချိန်တွင် ကွမ်တမ်ဖန် (Quantum Fund) ၏ အတွင်းပိုင်းတွင် ပြဿနာ ပေါ်ပေါက်လာခဲ့သည်။

ဘယ်အချိန်က စတင်သည် မသိသော်လည်း ကွမ်တမ်ဖန်၏ အတွင်းပိုင်းတွင် သဟဇာတမဖြစ်သော အသံများ ထွက်ပေါ်လာသည်။ ဆိုရော့စ်သည် ရင်းနှီးမြှုပ်နှံသူများ၏ ပိုက်ဆံများကို ရှုံးနိမ့်သွားပြီဖြစ်ပြီး မကြာမီ ဒေဝါလီခံရတော့မည်ဟု ကောလာဟလများ ပျံ့နှံ့လာသည်။

ဆိုရော့စ်သည် ငွေကြေးပွဲစားများအား ပေးမည်ဟု ကတိပေးထားသော ငွေများကိုလည်း မပေးနိုင်တော့ပေ။ ဤနှစ်တွင် သူတို့သည် လစာ တစ်ပြားတစ်ချပ်မှ မရသေးပေ။ သူတို့၏ လစာသည် နှစ်ချုပ်လစာဖြစ်ပြီး ယခုအချိန်တွင် ဆုကြေးငွေကိုပင် မျှော်လင့်ခြင်းမရှိတော့ပေ။ စာချုပ်အတိုင်း သူတို့၏ လစာနှင့် ကော်မရှင်များကို ပေးရုံသာ လိုအပ်သည်။

ထို့ကြောင့် ဤရက်ပိုင်းတွင် ကွမ်တမ်ဖန်၏ ပွဲစားအများအပြားသည် စာရင်းကိုင်ဌာနတွင် လစာ ကြိုထုတ်ရန် လာရောက်လျှောက်ထားကြသည်။ လူအများအပြားက တစ်နှစ်စာ လစာကိုပင် ကြိုတင်ထုတ်လိုကြသည်။

ယခင်က ဤသည်မှာ ပြဿနာမဟုတ်ပေ။ ပွဲစားများအားလုံး၏ လစာကို ကြိုပေးရလျှင်ပင် ကွမ်တမ်ဖန်တွင် ပိုက်ဆံရှိသဖြင့် အရေးမကြီးပေ။

သို့သော် အခုတော့ မတူတော့ပေ။ ကွမ်တမ်ဖန်၏ ပိုက်ဆံအားလုံးကို Futuresဈေးကွက်တွင် ရင်းနှီးမြှုပ်နှံထားပြီး အခြေအနေကို ပြန်လှန်ရန် ကြိုးစားနေသည်။ ပွဲစားများအတွက် တစ်နှစ်စာ လစာ ကြိုပေးရုံသာမက တစ်လစာပင် ကြိုပေးရန် မရှိတော့ပေ။

ဤလအတွက် ရုံးစရိတ်ပင် အကြီးအကျယ် လျှော့ချထားသည်။ ဆိုရော့စ်သည် သူ့ပိုင်ဆိုင်သော အိမ်ခြံမြေအချို့နှင့် ကားဇိမ်ခံကားအချို့ကိုပင် ပေါင်နှံပြီး ရရှိသောငွေကို ကွမ်တမ်ဖန်တွင် ထည့်ဝင်လိုက်သည်။

ကွမ်တမ်ဖန်တွင် ချန်ထားသော ရန်ပုံငွေများဖြင့်သာ အခြေအနေ ပြန်လှန်နိုင်ရင်တောင် အမြတ်အစွန်း ရနိုင်မည်မဟုတ်ပေ။ သူသည် ရင်းနှီးမြှုပ်နှံသူများအား အနည်းဆုံး ဆယ်ရာခိုင်နှုန်း အမြတ်ရမည်ဟု ကတိပေးထားခြင်း ဖြစ်သည်။

ထိုငွေကို မရှာနိုင်လျှင် သူသည် သူ့ကိုယ်ပိုင်ငွေကို သုံးပြီး ပြန်ဖြည့်ရမည်ဖြစ်သည်။ ထိုအခါ ကွမ်တမ်ဖန်၏ ပိုင်ဆိုင်မှုများ သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။ သူသည် ဖော်ဘီမဂ္ဂဇင်း၏ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှ ထွက်ရမည်သာမကဘဲ ကွမ်တမ်ဖန်သည်လည်း အကျပ်အတည်းထဲသို့ ထပ်မံကျရောက်လိမ့်မည်။

တစ်ချိန်က ကွမ်တမ်ဖန်သည် အကြီးအကျယ် အကျပ်အတည်းထဲသို့ ကျရောက်ခဲ့ဖူးသည်။ ထိုအချိန်က ရင်းနှီးမြှုပ်နှံသူအချို့သည် ရင်းနှီးမြှုပ်နှံမှုမှ ရုပ်သိမ်းသွားကြသည်။ ထိုအခါ ကွမ်တမ်ဖန်ကို ဆိုရော့စ်က ကိုယ်တိုင် ပြန်ဝယ်ယူခဲ့သည်။ သူသည် ထိုအချိန်က ဤရန်ပုံငွေကို သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ခဲ့သဖြင့် ကျေနပ်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် မတူတော့ပေ။ ဤတစ်ကြိမ် အကျပ်အတည်း ဖြစ်ပေါ်လာပါက သူ၏ ပိုင်ဆိုင်မှုများ သိသိသာသာ လျော့ကျသွားမည်ဖြစ်ပြီး ဒေဝါလီခံရနိုင်ခြေပင် ရှိသည်။ ထိုအခါ သူ ပြန်လည်ရပ်တည်ရန် အလွန်ခက်ခဲလိမ့်မည်။

ဤကဲ့သို့ ဘာကြောင့် ဖြစ်ရသည်ကို သူ မသိပေ။ ကုမ္ပဏီမှ ပွဲစားများသည် သူ့ကို အမြဲ ယုံကြည်လေးစားကြပြီး သူ့စကားကို နားထောင်ကြသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ အောက်ခြေပွဲစားများ အားလုံး ပုန်ကန်ကြတော့မည့်အလား ဖြစ်နေသည်။

“Boss၊ ဘယ်လိုလုပ်မလဲ။ အဲဒီလူတွေရဲ့ လစာ မပေးနိုင်ရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ အခက်တွေ့လာလိမ့်မယ်” ဒရပ်ကင် မီလာသည် အနည်းငယ် စိုးရိမ်နေသည်။ သူတို့ အနည်းငယ်သော လူအင်အားဖြင့် အလွန်များပြားသော စာချုပ်များကို ဘယ်လို ကိုင်တွယ်နိုင်မှာလဲ။ ထို့အပြင် ဤစာချုပ်များသည် အကောင့်များစွာဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။

Futuresဈေးကွက်သည် တစ်ခဏအတွင်း ပြောင်းလဲသွားနိုင်သည်။ သူတို့ အချိန်မီ လုပ်ဆောင်နိုင်ခြင်း မရှိပါက အမြတ်ဆုံးရှုံးမည်သာမက အရှုံးပင် ခံစားရနိုင်သည်။

ရူဘယ်တန်ဖိုး ရုတ်တရက် ကျဆင်းခြင်းသည် အကောင်းဆုံး ဥပမာတစ်ခုဖြစ်သည်။ သူတို့ လျင်မြန်စွာ တုံ့ပြန်ခဲ့သော်လည်း အကြီးအကျယ် နစ်နာခဲ့ရသည် မဟုတ်လား။

“တည်ငြိမ်အောင် ထိန်းထား။ သူတို့ကို အတတ်နိုင်ဆုံး ထိန်းထားပါ။ သူတို့ကို ပြောလိုက်၊ တစ်လခွဲလောက် ထပ်ပြီး သည်းခံပေးလိုက်ရင် ငွေကြေးအခက်အခဲ ပြေလည်သွားမှာ။ သူတို့ရဲ့ လစာကို အပြည့်အဝ ပေးနိုင်ရုံသာမက ဆုကြေးငွေလည်း ပေးနိုင်မယ်” ဆိုရော့စ်သည် ဒုတိယမြောက် ဆေးပြင်းလိပ်ကို ထွန်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းထားသည်။

“Boss၊ ဒီအချိန်မှာ အသင်းပိုင်ရှင် ကိုယ်တိုင် ထွက်ပြီး ဖြေရှင်းတာ အကောင်းဆုံးလို့ ထင်ပါတယ်။ Bossမှသာ အဲဒီ ပွဲစားတွေရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မယ်။ ကျွန်တော်နဲ့ မီလာတို့က ပြောတာ ဘာအကျိုးမှ မရှိဘူး”

“[kwfပါတယ် Boss။ ကျွန်တော်တို့က Bossကို ယုံကြည်ပေမဲ့ သူတို့က ကျွန်တော်တို့ကို ယုံကြည်တာ မဟုတ်ဘူး”

“Boss လူအချို့ကို ထုတ်ပယ်ပြီး တခြားသူတွေကို ခြိမ်းခြောက်ကြည့်သင့်လား”

အကြီးအကဲလေးဦးစလုံးသည် ဆိုရော့စ်ကို အကြံများ ပေးကြသည်။ သူတို့၏ အကျိုးစီးပွားသည် ဆိုရော့စ်နှင့် လုံးဝ ချိတ်ဆက်နေသည်။ သူတို့၏ ပိုက်ဆံများပင် ကွမ်တမ်ဖန်တွင် ရင်းနှီးမြှုပ်နှံထားသည်။

“ဟမ့်၊ ယမန်နှစ်က ငါတို့ အမြတ်တွေ အများကြီးရတုန်းက သူတို့ကို ပေးတဲ့ ဆုကြေးငွေနဲ့ ကော်မရှင်တွေ နည်းလို့လား။ သူတို့ရဲ့ လစာထက်တောင် အများကြီး ပိုများတာ မဟုတ်လား။ အခု သူတို့ ဒီလို လုပ်တာ တကယ်ပဲ သူတို့ကို သင်ခန်းစာ ပေးသင့်တယ်” ဒရပ်ကင် မီလာသည် နှာခေါင်းရှုံ့လိုက်သည်။

ဆိုရော့စ်လည်း အနည်းငယ် နောင်တရမိသည်။ ယမန်နှစ် ခရစ္စမတ်ပြီးနောက် ပွဲစားများကို အလွန်အမင်း အမြတ်ခွဲမပေးခဲ့သင့်ဟု တွေးမိသည်။ မဟုတ်ပါက ကုမ္ပဏီ၏ ဘဏ္ဍာတွင် ပိုက်ဆံ ပိုကျန်ခဲ့မည်။ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများ၏ အမြတ်ကို ယာယီ ထိန်းထားခဲ့သင့်သည်။ ထိုသို့ဆိုလျှင် သူတို့တွင် ပိုက်ဆံ ပိုရနိုင်မည်။

သို့သော် ထိုသို့ လုပ်ခဲ့ပါက ယခုတစ်ကြိမ်တွင် ပို၍ ရှုံးနိုင်ပြီး အခြေအနေ ပြန်လှန်ဖို့ အခွင့်အရေးပင် ရတော့မည်မဟုတ်ပေ။

ယခုအချိန်သည် နောင်တရနေချိန် မဟုတ်တော့ပေ။ မျက်မှောက် အကျပ်အတည်းကို ကျော်လွှားရန် နည်းလမ်းတစ်ခုခုကို စဉ်းစားရမည်။ ယခုအချိန်တွင် ရင်းနှီးမြှုပ်နှံမှု တစ်ခုခု ထပ်ရနိုင်ရင် ကောင်းပေလိမ့်မည်။ သူသည် မူလရင်းနှီးငွေကို ပြန်ရနိုင်ရုံသာမက အမြတ်အချို့ကိုလည်း ရှာဖွေနိုင်ပြီး ကွမ်တမ်ဖန်၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်နိုင်လိမ့်မည်။

“Boss မကောင်းတော့ဘူး။ Bossတို့ X ရုပ်သံလိုင်းကို မြန်မြန်ကြည့်လိုက်ပါ” ဆိုရော့စ်၏ အတွင်းရေးမှူးသည် ပြေးဝင်လာပြီး အော်လိုက်သည်။

ဆိုရော့စ်တို့သည် အလျင်စလို ရုပ်မြင်သံကြားကို ဖွင့်ကာ ထိုရုပ်သံလိုင်းကို ရှာကြည့်လိုက်သည်။ ၎င်းသည် ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်သည်။ ထိုအစီအစဉ်မှ ငွေကြေးပွဲစားကို မြင်လိုက်ရသောအခါ ဆိုရော့စ်၏ မျက်လုံးများ တဆတ်ဆတ်တုန်သွားသည်။

သူသည် မီလာကို လှမ်းကြည့်လိုက်သည်။ မီလာလည်း ထိတ်လန့်သွားသည်။ ဤသူသည် သူတို့ ဖုန်းယွီဘက်သို့ စေလွှတ်ခဲ့သောသူ မဟုတ်ဘူးလား။ ဤလူ ရုပ်သံအစီအစဉ်တွင် ပါဝင်နေသည်ကို သူတို့ မည်သို့မျှ မသိခဲ့ရသနည်း။

“ကျွန်တော် ကွမ်တမ်ဖန်ကို ခင်ဗျားတို့ထက် ပိုသိတယ်လို့ ပြောခဲ့ဖူးပါတယ်။ ကျွန်တော် ကွမ်တမ်ဖန် ထိန်းချုပ်ထားတဲ့ ရန်ပုံငွေကုမ္ပဏီငယ်တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတယ်။ ကျွန်တော် ကွမ်တမ်ဖန်ရဲ့ လုပ်ငန်းပုံစံကို ရင်းနှီးတယ်။ ဒီတစ်ခါတော့ ကွမ်တမ်ဖန်က ဖောက်သည်တွေရဲ့ ရန်ပုံငွေတွေကို လုံးဝ ရှုံးနိမ့်သွားပြီလို့ ကျွန်တော် အာမခံရဲပါတယ်”

“ဟုတ်ပါတယ်။ ကွမ်တမ်ဖန်မှာ ချန်ထားတဲ့ ရန်ပုံငွေအချို့ ရှိတာ အမှန်ပဲ။ ဒါပေမဲ့ ခင်ဗျားတို့ သွားကြည့်နိုင်ပါတယ်။ ချန်ထားတဲ့ ရန်ပုံငွေအကောင့်တွေက ကွမ်တမ်ဖန်ရဲ့ ကိုယ်ပိုင်အကောင့်တွေ ဖြစ်ပြီး ဖောက်သည်တွေရဲ့ အကောင့်တွေ မဟုတ်ဘူး။ ဆိုလိုတာက ဖောက်သည်တွေ ရှုံးနိမ့်သွားပေမဲ့ သူတို့ရဲ့ မူလရင်းနှီးငွေတွေ ကျန်နေသေးတယ်။ ဖောက်သည်တွေက ဥပဒေအရ တရားစွဲမယ်ဆိုရင်လည်း သူတို့ ရှေ့နေတွေ ငှားပြီး တရားစွဲဆိုနိုင်ပါတယ်။ တရားစီရင်မှု မပြီးမချင်း ကွမ်တမ်ဖန်ရဲ့ အသင်းပိုင်ရှင်ဟာ သက်တောင့်သက်သာ နေနိုင်နေတုန်းပဲ။ ရင်းနှီးမြှုပ်နှံသူတွေကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်။ အနာဂတ်မှာ သူ ပိုက်ဆံ ပြန်ပေးနိုင်ခဲ့ရင်တောင် (ဖြစ်နိုင်တယ်လို့ ကျွန်တော် ပြောနေတာပါ) ရင်းနှီးမြှုပ်နှံသူတွေ အရှုံးမပေါ်တော့ဘူးလား။ အတိုးတွေကော မတွက်ဘူးလား။ ဒီလောက်များပြားတဲ့ ပိုက်ဆံနဲ့ ဘာကို ရင်းနှီးမြှုပ်နှံ ရင်းနှီးမြှုပ်နှံ ကြီးမားတဲ့ အမြတ်တွေ မရနိုင်ဘူးလား”

“မီလာ၊ ဒါ ဘာဖြစ်တာလဲ” ဆိုရော့စ် ဒေါသတကြီး အော်လိုက်သည်။

“အသင်းပိုင်ရှင်၊ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ သူ ကျွန်တော်တို့ကို သစ္စာဖောက်လိုက်ပြီဆိုတာတော့ သေချာတယ်!”

မီလာလည်း အလွန်ဒေါသထွက်နေသည်။ သူသည် ထိုလူကို တိတ်တဆိတ် ပိုက်ဆံများစွာ ပေးခဲ့သော်လည်း သစ္စာဖောက်ခြင်းကိုသာ ပြန်ရခဲ့သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် တွေးမိသည်။ အပြင်ကို စေလွှတ်ခဲ့သောသူက သစ္စာဖောက်နိုင်ရင် ကုမ္ပဏီ အတွင်းပိုင်းကလူတွေက သစ္စာမဖောက်နိုင်ဘူးလား။

“Boss ကုမ္ပဏီ အတွင်းပိုင်းမှာ သစ္စာဖောက်တွေ ရှိနေတာ သေချာတယ်” မီလာ အသံကျယ်ကျယ် ပြောလိုက်သည်။ သူသည် သစ္စာဖောက်မှု ပြုလုပ်သူသည် ဖုန်းယွီပင် ဖြစ်နိုင်သည်ဟုပင် ပြောချင်နေခဲ့သည်။

အခြား အကြီးအကဲသုံးဦးစလုံး၏ မျက်နှာများသည်လည်း တင်းမာသွားကြသည်။ ဆိုရော့စ်သည် သူ့ဆေးပြင်းလိပ်ကို ဆေးလိပ်ပြာခွက်ထဲတွင် ကြိတ်ချေပစ်လိုက်သည်။

“စုံစမ်း၊ ချက်ချင်း စုံစမ်းလိုက်။ ငါ အဲဒီ ပွဲစားတွေကို သွားနှစ်သိမ့်မယ်။ မင်းတို့အားလုံးလည်း စဉ်းစားထားတဲ့ မဟာဗျူဟာအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ အခြေအနေ ပြန်လှန်နိုင်မလားဆိုတာ ဒီနှစ်ပတ်အတွင်းမှာပဲ ဆုံးဖြတ်ရတော့မယ်”

ဆိုရော့စ်သည် ရုံးခန်းထဲမှ အမြန်ထွက်သွားသည်။ မီလာနှင့် အကြီးအကဲသုံးဦးသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် အလျင်စလို ထွက်ခွာသွားကြသည်။

******

အခန်း ၉၉၆ - ပျော်ရွှင်နေသော ကီရီလန်ကို

ဆိုရော့စ်တို့ ကံမကောင်း အကြောင်းမလှ ဖြစ်နေချိန်တွင် ကီရီလန်ကိုသည် အလွန်ပျော်ရွှင်နေသည်။

ရုရှားသည် ပြည်ပကုမ္ပဏီများ၏ ပြည်တွင်းစီးပွားရေးတွင် ရှယ်ယာပိုင်ဆိုင်မှုအချိုးအစားကို ထိန်းချုပ်ရန် လုပ်ငန်းမူဝါဒအချို့ကို ပြောင်းလဲခဲ့သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဆက်လက် ရုပ်သိမ်းသွားခြင်းကြောင့် ရုရှားရှိ ကုမ္ပဏီများစွာ၏ ဈေးကွက်တန်ဖိုးများ ဆက်တိုက်ကျဆင်းခဲ့သည်။

ဤအချိန်တွင် ဖုန်းယွီသည်လည်း ကီရီလန်ကိုနှင့်အတူ ရုရှားသို့ ရောက်ရှိလာသည်။ သူနှင့် ကီရီလန်ကိုတို့သည် သတ္တုတွင်းလုပ်ငန်းများတွင် အတူတကွ ရင်းနှီးမြှုပ်နှံရန် ရောက်လာခြင်း ဖြစ်သည်။

“ဖုန်း၊ မင်း မြင်လား၊ ဒီတောင်တန်းတစ်ခုလုံးက နောင်ကျရင် ငါတို့ပိုင်ဆိုင်တော့မှာ။ ငါတို့ ပိုက်ဆံ ဘယ်လောက်ကုန်ခဲ့လဲဆိုတာ မင်း သိရဲ့လား” ကီရီလန်ကိုသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“ဒီတစ်တောင်လုံးက သတ္တုပါဝင်မှုနဲ့ နှစ်ရှည်လုပ်ကိုင်နိုင်မှုကို တွက်ချက်ကြည့်ရင် အနည်းဆုံး ဒေါ်လာ တစ်ဘီလီယံလောက်တော့ တန်ဖိုးရှိမှာပဲ”

“မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါတို့က ရူဘယ်နဲ့ တွက်တာ။ ငါ ဒေါ်လာ ၁.၁ ဘီလီယံ တန်ဖိုးရှိတဲ့ ရူဘယ်တွေ အကုန်သုံးလိုက်တာ။ အခုတော့ ဒေါ်လာ သန်း ၇၀၀ ကျော်ကျော်လေးပဲ တန်တော့တယ်”

ဖုန်းယွီသည် မျက်ခုံးပင့်သွားသည်။ ညီလေးကီက စီးပွားရေးမှာ အတော်လေး တော်တာပဲ။ ဒါဟာ တကယ်ကို အမြတ်များတဲ့ စီးပွားရေးပဲ။ ရူဘယ်နဲ့ ဘယ်လို ငွေချေခဲ့သလဲတော့ မသိပေမဲ့ တကယ် အမြတ်ရသွားတာတော့ အမှန်ပဲ။

ဤကဲ့သို့ အရောင်မပါသော သတ္တုတွင်းတစ်တွင်းသည် နောင်တွင် သူတို့၏ သတ္တုတွင်းကုမ္ပဏီ ပိုင်ဆိုင်လိမ့်မည်။ ကီရီလန်ကိုက ယနေ့ သူ့ကို ခေါ်လာခြင်းသည် သတ္တုတွင်းတစ်တွင်းကို ဝယ်ယူခဲ့ကြောင်း ပြောပြရန်သက်သက် မဟုတ်သေးပေ။

ကီရီလန်ကိုသည် စားပွဲပေါ်တွင် ဖြန့်ထားသော မြေပုံကို လက်ညှိုးထိုးလိုက်သည်။ “ငါတို့ရဲ့ တခြား သတ္တုတွင်းတွေက ဒီနေရာကနေ အရမ်းဝေးနေလို့ တစ်ခုချင်းစီတော့ ခေါ်မပြတော့ဘူး။ ဒီ ရေနံတွင်းကလည်း ငါတို့ပိုင်ပဲ။ ဒီနေရာက ကျောက်မီးသွေး၊ ဒါလည်း ငါတို့ပိုင်ပဲ။ ဒီနေရာက သဘာဝဓာတ်ငွေ့၊ ဒါလည်း ငါတို့ပိုင်ပဲ။ ဒီနေရာကလည်း အရောင်မပါတဲ့ သတ္တုပဲ။ နောက်ဆုံး ဒီနေရာကတော့ ရိုးရိုး သံသတ္တုတွင်းပဲ၊ ဒါပေမဲ့ သတ္တုပါဝင်မှုက အလွန်ကြွယ်ဝတယ်”

ပြောနေရင်း ကီရီလန်ကိုသည် မြေပုံပေါ်တွင် စက်ဝိုင်းများဖြင့် ပတ်ကာ လိုက်ဝိုင်းနေသည်။ ပုံတိုင်းသည် အလွန်ကြီးမားသည်။

“ဒီသတ္တုတွင်းတွေအတွက် ငါတို့ စုစုပေါင်း ပိုက်ဆံ ဘယ်လောက်ကုန်ခဲ့လဲ”

“ဒေါ်လာ ဘီလီယံ ၅၀ ကျော်လောက်ပေါ့။ စာချုပ်တွေ အားလုံး လက်မှတ်ထိုးပြီးပြီ၊ မင်းရဲ့ ရန်ပုံငွေ ရောက်လာဖို့ပဲ ကျန်တော့တာ” ကီရီလန်ကိုသည် ပျော်ရွှင်သော မျက်နှာဖြင့် ပြောလိုက်သည်။

“အင်း၊ ခဏနေ ရုံးခန်းပြန်ရောက်တာနဲ့ ဖုန်းဆက်လိုက်မယ်၊ မင်းကို ငွေလွှဲပေးဖို့ ပြောလိုက်မယ်” ဖုန်းယွီသည် ခေါင်းညိတ်လိုက်သည်။ သတ္တုဈေးနှုန်းများသည် တစ်နှစ်၊ နှစ်နှစ်အတွင်း အလုံးစုံ မြင့်တက်လာလိမ့်မည်။ ထိုအချိန်ကျရင် သူတို့၏ သတ္တုတွင်းများ၏ တန်ဖိုးသည် အနည်းဆုံး နှစ်ဆ ဖြစ်လာလိမ့်မည်။

ထို့အပြင် သူတို့သည် ထိုသတ္တုများကို ကိုယ်တိုင် အသုံးပြုနိုင်ပြီး ဓာတုဗေဒစက်ရုံ၊ သတ္တုပြောင်းလဲထုတ်လုပ်ရေးစက်ရုံများ တည်ထောင်ကာ ပိုမိုမြင့်မားသော အမြတ်များ ရရှိနိုင်သည်။

သို့သော် ဖုန်းယွီ စိတ်မကောင်းဖြစ်ရသည်မှာ ရုရှားသည် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းအချို့ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ မဟာဗျူဟာမြောက် လုပ်ငန်းများ၏ ရှယ်ယာပိုင်ဆိုင်မှုကို ရာခိုင်နှုန်းငါးဆယ်ထက် မကျော်စေရ။ အချို့ဆိုလျှင် ရာခိုင်နှုန်း နှစ်ဆယ့်ငါးထက်ပင် မကျော်စေရ။ ဤသတ္တုတွင်းကုမ္ပဏီတွင် အထူးသတ္တုများ ထုတ်လုပ်ခွင့်လိုင်စင်ရှိပြီး ၎င်းတို့ကို လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ ၎င်းသည် ကန့်သတ်ထားသော လုပ်ငန်းထဲတွင် ပါဝင်သောကြောင့် ဖုန်းယွီသည် သူ၏ ရှယ်ယာများထဲမှ နှစ်ရာခိုင်နှုန်းကို ထိုရုရှားမှ လုပ်ငန်းအကြီးအကဲများအား ပေးလိုက်သည်။

သေချာသည်မှာ ကီရီလန်ကိုသည် ဖုန်းယွီကို ငွေအချို့ လျော်ကြေးပေးခဲ့သည်။ ထိုနှစ်ရာခိုင်နှုန်းရှယ်ယာကို သူတို့နှစ်ဦး ပူးပေါင်းပြီး ထိုအကြီးအကဲများအား ဆုချခြင်းပင် ဖြစ်သည်။

ထိုအကြီးအကဲများသည် အလွန်ပျော်ရွှင်သွားကြသည်။ ဤသတ္တုတွင်းကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး ရှိသဖြင့် နှစ်ရာခိုင်နှုန်းသည် ဒေါ်လာ သန်း ၂၀၀ နီးပါး ဖြစ်သည်။

လူဒါဇင်ပေါင်းများစွာ ခွဲယူကြသော်လည်း အနည်းဆုံးရရှိသူပင် ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိသော ရှယ်ယာများ ရရှိခဲ့ပြီး အများဆုံးရရှိသူမှာမူ ဒေါ်လာ သန်း ၂၀ ကျော် တန်ဖိုးရှိသော ရှယ်ယာများ ရရှိခဲ့သည်။

သူတို့သည် မှန်ကန်သော အသင်းပိုင်ရှင်နောက်သို့ လိုက်ခြင်းကို တမ်းတကြပြီး သေသည်အထိ သစ္စာခံမည်ဟု ပြသခဲ့ကြသဖြင့် ကီရီလန်ကိုကို အလွန်ဂုဏ်ယူစေသည်။

“လက်ဗ် ဒီနှစ်တွေအတွင်းမှာ ငါတို့ရဲ့ သတ္တုတွင်းကုမ္ပဏီက အမြတ်တွေ အများကြီး မရခဲ့ဘူး။ မင်းတို့လည်း အခြေခံလစာလောက်ပဲ ရခဲ့တာ။ ဒါတွေက မင်းတို့ ရသင့်တဲ့ အရာတွေပဲ။ မင်းတို့က ကုမ္ပဏီအတွက် အများကြီး စွမ်းဆောင်ခဲ့ကြတာ။ သေချာပေါက် မင်းတို့ ဖုန်းကိုလည်း ကျေးဇူးတင်သင့်တယ်။ သူ့မရှိရင် ငါတို့ရဲ့ သတ္တုတွင်းကုမ္ပဏီက ဒီနေ့ ဒီလို အခြေအနေမျိုးကို ရောက်လာမှာ မဟုတ်ဘူး”

လက်ဗ်နှင့် သတ္တုတွင်းကုမ္ပဏီမှ အကြီးအကဲများသည် ဖုန်းယွီကို ကျေးဇူးတင်စကားများ ပြောကြသည်။ သို့သော် ဖုန်းယွီ၏ မျက်နှာသည် ပြောင်းလဲသွားသည်။

ခင်ဗျားတို့ ခွက်တွေ ဘာအတွက် မြှောက်နေကြတာလဲ။ အဲဒါ ဗော့ဒ်ကာပဲ။ ငါ အရက် သိပ်မကြိုက်ဘူး။

သို့သော် ပေးတာ မငြင်းနိုင်သဖြင့် ဖုန်းယွီသည် ထိုဗော့ဒ်ကာခွက်လေးကို ခေါင်းမာမာဖြင့် မော့လိုက်သည်။ ထို့နောက် သူသည် ဘီယာ ပိုကြိုက်ကြောင်းနှင့် ရုရှား၏ ဘီယာအရသာ ကောင်းကြောင်း ကြားဖူးကြောင်း ပြောလိုက်သည်။

ဤစကားကို ပြောလိုက်ပြီးနောက် ဖုန်းယွီ နောင်တရသွားသည်။ ဟာ၊ ဘီယာ သောက်ရင် သာမန် ခွက်အသေးနဲ့ မသောက်နိုင်ဘူးလား။ ဘာလို့ ဘီယာခွက်ကြီးတွေနဲ့ သောက်ကြတာလဲ။

ထို့အပြင် ဤသည်မှာ ပုံမှန် ဘီယာပုလင်းတစ်လုံးမှ ခွက်မဟုတ်ပေ၊ ဤသည်မှာ တစ်လီတာရှိသော ဘီယာခွက်ကြီးပင် ဖြစ်သည်။

ထိုဘီယာတစ်ခွက်ကို အားတင်းကာ သောက်ပြီးနောက် ဖုန်းယွီသည် အိမ်သာသို့ သွားရန် အကြောင်းပြကာ ရှောင်ထွက်သွားသည်။ ကီရီလန်ကို၏ ကုမ္ပဏီသည် ဤသို့ အရက်သောက်သည့် ယဉ်ကျေးမှုမျိုး ရှိတာလား၊ သို့မဟုတ် ရုရှားကုမ္ပဏီများ အားလုံးက ဒီလိုပဲလား။

ငါ လုပ်ငန်းခွင် လာရောက်စစ်ဆေးတာ၊ ဒါ ဘာဖြစ်လို့ အရက်ဝိုင်းဖြစ်သွားရတာလဲ။

ခဏအကြာတွင် ဖုန်းယွီသည် ကီရီလန်ကိုလည်း အိမ်သာသို့ လာနေသည်ကို တွေ့လိုက်သည်။ သူ့ပုံစံကိုကြည့်ရသည်မှာ ဘီယာ အများကြီး သောက်ထားကြောင်း သိသာသည်။

“ဖုန်း၊ မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ လူတွေ အများကြီး မင်းနဲ့ တစ်ခွက် သောက်ချင်နေကြတယ်”

ဖုန်းယွီသည် ထိတ်လန့်သွားသည်။ “အဲဒါက... ငါ ဗိုက်မကောင်းလို့ အရက်သောက်ဖို့ မသင့်တော်ဘူး”

“ဒါဆို စိတ်မကောင်းစရာပဲ။ ငါ ဘီယာ ဆယ်ပုံး ထပ်မှာလိုက်တာ။ မင်းအတွက်တော့ အခွင့်မသာတော့ဘူးထင်တယ်။ မင်း ဘာမှ မဖြစ်ဘူး မဟုတ်လား။ ငါတို့ ကုမ္ပဏီရဲ့ ဆေးရုံကို သွားကြည့်ရအောင်လေ” ကီရီလန်ကိုသည် နှမြောတသသော မျက်နှာဖြင့် ပြောလိုက်သည်။

“ရတယ် ရတယ်၊ ငါ ခဏနားလိုက်ရင် အဆင်ပြေသွားမှာပါ”

“ကောင်းပြီလေ၊ ခဏစောင့်နေ၊ ငါ သူတို့နဲ့ ထပ်သောက်ပြီး မင်းကို ပြန်လိုက်ပို့ပေးမယ်”

ဤစီစဉ်မှုသည် ဖုန်းယွီကို အလွန်ကျေနပ်စေသည်။ ဖုန်းယွီသည် အရက်ကို အသင့်အတင့်သာ သောက်သင့်သည်ဟု အမြဲ ယုံကြည်သည်။ အရက် အနည်းငယ် သောက်ခြင်းက လူကို စိတ်လှုပ်ရှားစေနိုင်သော်လည်း အမြဲတမ်း အမူးသောက်ရန် မလိုအပ်ပေ။ မမူးမချင်း ဘာလို့ အရက်သောက်ရမလဲဟူသော ညီလေးကီ၏ သဘောတရားကို ဖုန်းယွီသည် တစ်ခါမျှ မထောက်ခံခဲ့ပေ။

ခဏအကြာတွင် ကီရီလန်ကိုသည် အိမ်သာမှ ထွက်လာသည်။ သို့သော် သူ၏ နောက်တွင် လူအချို့လည်း ပါလာသည်။ ထိုသူတို့၏ လက်များတွင် အရက်အချို့လည်း ပါလာသည်။

“ဖုန်း၊ ကြည့်ပါဦး၊ လူတိုင်း ဘယ်လောက် ပျော်ရွှင်နေလဲဆိုတာ။ နောင်ကျရင် ငါတို့ ရုရှားရဲ့ အကြီးဆုံး ပုဂ္ဂလိက သတ္တုတွင်းကုမ္ပဏီ ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်တယ်”

“ညီလေးကီ၊ ငါ ပြောခဲ့တဲ့စကားကို မှတ်မိတယ် မဟုတ်လား။ အားလုံးအတွက် အာမခံထားပေးရမယ်။ ပြီးတော့ ဘေးကင်းလုံခြုံမှုကို အမြဲ ဂရုစိုက်ရမယ်၊ လူ့အသက်က တန်ဖိုးမဖြတ်နိုင်ဘူး” ဖုန်းယွီက သတိပေးလိုက်သည်။ ကီရီလန်ကို နားထောင်ခဲ့သလားတော့ မသိပေ။

“စိတ်ချပါ၊ ဒီအကြောင်းတွေ အကုန်လုံး လက်ဗ်တို့နဲ့ မှာထားပြီးပြီ။ ငါတို့ရဲ့ သတ္တုတွင်းကုမ္ပဏီက ရုရှားရဲ့ သတ္တုတွင်းလုပ်ငန်းမှာ ဘေးကင်းလုံခြုံရေး စံပြလုပ်ငန်းဖြစ်နေပြီ။ အာမခံတွေလည်း ငါ လုံးဝ မလျှော့ဘူး။ ဒီကုမ္ပဏီတွေက ငါတို့ ရုရှားလူမျိုးတွေပဲ၊ ငါ သူတို့ကို ဘယ်လိုလုပ် အန္တရာယ်ဖြစ်စေရမှာလဲ”

ဖုန်းယွီသည် ခေါင်းညိတ်လိုက်သည်။ ဤသို့ဆိုလျှင် ကောင်းသည်။ ပုံမှန် လုပ်ငန်းလုပ်ကိုင်ရုံဖြင့်ပင် အမြတ်များစွာ ရနိုင်ပြီး ဘေးကင်းရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချကာ လုပ်သားများကို အန္တရာယ်ထဲသို့ တွန်းပို့ရန် မလိုအပ်ပေ။

“ဒါနဲ့၊ မင်းကို ပြောစရာ သတင်းကောင်းတစ်ခု ရှိသေးတယ်။ ငါတို့ရဲ့ ကုန်တိုက်ကြီး ဖွင့်တော့မယ်”

“ဒီလောက် မြန်တာလား။ မင်း ပြီးခဲ့တဲ့လက နေရာရွေးချယ်မှု မပြီးသေးဘူးလို့ ပြောခဲ့တာ မဟုတ်လား” ဖုန်းယွီ အနည်းငယ် အံ့သြသွားသည်။ နေရာရွေးချယ်မှု မြန်လျှင်ပင် ပြင်ဆင်မှုတွေ၊ ကြော်ငြာတွေကော ဘယ်လိုလုပ်မလဲ။ တစ်လက လုံလောက်မှာ မဟုတ်ဘူးလေ။

“ဟားဟားဟား၊ ငါတို့ ရုရှားရဲ့ နံပါတ်နှစ် ကုန်တိုက်လုပ်ငန်းရဲ့ ပိုင်ရှင်နဲ့ ဆွေးနွေးပြီးသွားပြီ။ သူတို့ ကုန်တိုက်အုပ်စုမှာ ရှယ်ယာဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ သူက ရှယ်ယာ ရာခိုင်နှုန်း သုံးဆယ်၊ မင်းက ရာခိုင်နှုန်း သုံးဆယ်၊ ငါက ရာခိုင်နှုန်း လေးဆယ် ပိုင်ဆိုင်မယ်။ ဒီလိုဆိုရင် ပိုလွယ်သွားတာပေါ့”

ဤသည်မှာ ကီရီလန်ကို၏ လက်အောက်ခံများက စဉ်းစားပေးသော နည်းလမ်းဖြစ်သည်။ ပိုက်ဆံ အနည်းငယ် ပိုကုန်နိုင်သော်လည်း ရုရှား၏ စီးပွားရေးအခြေအနေ မကောင်းမွန်သဖြင့် ထိုလုပ်ငန်းပိုင်ရှင်သည် အနည်းငယ် ရှုံးနိမ့်နေပြီး ဘဏ်မှလည်း ချေးငွေ မရနိုင်တော့ပေ။ သူသည် ဘဏ်မှ ကြွေးမြီများစွာ ရှိနေနှင့်ပြီးသားဖြစ်သည်။ ယခု ရုရှားဘဏ်များက ချေးငွေများကို အပြင်းအထန် ကန့်သတ်ထားသည်။

ဤအခြေအနေက ကီရီလန်ကိုအတွက် အခွင့်အရေးကောင်း ပေးလိုက်ခြင်း ဖြစ်သည်။ ထိုကုန်တိုက်တွင် ရှယ်ယာဝင်ကာ ထိုကုန်တိုက်၏ မူလရွေးချယ်ထားသော နေရာများတွင် ကုန်တိုက်အသစ် အလုံး ၂၀ ချက်ချင်း ဖွင့်လှစ်ပြီး ရုရှား၏ နံပါတ်တစ် ကုန်တိုက်လုပ်ငန်းအုပ်စု ဖြစ်လာခဲ့သည်။

“ဖုန်း၊ ငါ အရမ်းပျော်နေတယ်၊ ဒီည ငါနဲ့ ဘီယာနှစ်ခွက်လောက် ထပ်သောက်ပါဦး”

ဖုန်းယွီ၏ မျက်လုံးများ ပြူးသွားသည်။ ဟာ၊ ငါ့ကို ထပ်ပြီး အရက်သောက်ခိုင်းပြန်ပြီလား။ ငါ လက်ဖက်ရည် သောက်လို့ မရဘူးလား။

All Chapters