← Chapters

ပက်ထရစ်စတား၏ မီးတောင်နက် အစီရင်ခံစာ

Vol. 28 Ch. 406

ပက်ထရစ်စတား၏ မီးတောင်နက် အစီရင်ခံစာ

Vol. 28 Ch. 406

"သူက ကြေးစားတပ်ဖွဲ့ ဗိုလ်ကြီး၊ အနက်ရောင် ကြောင်ဗိုလ်ကြီး ပိုလီယို၊ ငါ မင်းကို အရင်က ပြောခဲ့တဲ့ သူပဲ။"

ရှားလော့ခ်သည် စားပွဲပေါ်ရှိ ပိုလီယိုကို မိတ်ဆက် ပေးလိုက်သည်။ ရှားလော့ခ်၏ နောက်တွင် ဖိုးဉာဏ်ကျယ်နှင့် ကြက်ဥခေါင်းတို့ ရှိနေ ခဲ့ကြသည်။

"မင်္ဂလာပါ၊ ကျွန်တော်က "ဘယ်သူမှဒီနာမည် မရှိဘူး"တပ်ဖွဲ့ရဲ့ ဗိုလ်ကြီး၊ အနက်ရောင် ကြောင်ငယ်လေး ပိုလီယို ပါ မြောင်။"

အနက်ရောင် ကြောင်ငယ်လေးတွင် ဝတ်စကုတ် အသေးလေး တစ်ထည် ရှိနေခဲ့သည်။ သူ သူ၏ ဝတ်စကုတ်ကို မည်သည့် အချိန်တွင် ပြင်ဆင် ထားခဲ့သည်မှာ မသိရှိရချေ။

နီကိုလပ်စ်သည် ရှားလော့ခ်အား သူန ောက်ပြောင်ခြင်း မခံနေရကြောင်း သေချာစေရန် လှမ်းကြည့် လိုက်ပြီးနောက် ပိုလီယို၏ လက်ဖဝါးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "မင်္ဂလာပါ... "ဘယ်သူမှဒီနာမည် မရှိဘူး"ရဲ့ ဗိုလ်ကြီး..."

နီကိုလပ်စ်သည် အမည်ကို မသိယောင်ဆောင် လျစ်လျူရှု လိုက်ရန် ကြိုးစားခဲ့သည်။ သူသည် ပိုလီယို၏ ကြမ်းတမ်းသော စရိုက်ကို မြင်တွေ့နိုင်ခဲ့သော်လည်း ကြေးစားတပ်ဖွဲ့၏ အမည်မှာတော့ ထူးဆန်း နေခဲ့သည်။

"နာမည်က အရေးမကြီးပါဘူး။ အရေးကြီးတာက ကြေးစားတပ်ဖွဲ့က မင်းရဲ့ ပစ္စည်းကို ပြန်လည် ရယူပေးနိုင်ပြီး ဒန်ဂျင်အမြုတေ ဖျက်ဆီးခံရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေး ပေးနိုင်တာပဲ။"

နီကိုလပ်စ်က အလျင်အမြန် ရှင်းပြသည်၊ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အရှင်ရှားလော့ခ်၊ ဒန်ဂျင်အမြုတေ ဖျက်ဆီး ခံခဲ့ရတယ်ဆိုတာ အတည်မပြု ရသေးဘူးလေ။"

"အို၊ ဟုတ်ပါတယ်။ ဒါက ဖြစ်နိုင်ခြေ နည်းပါးတယ်။ အောင်မြင်နိုင်ခြေကို တိုးမြှင့်ဖို့ ငါ့ရဲ့ အကောင်းဆုံး လစ်ခ်ျ ဖိုးဉာဏ်ကျယ်ကို နည်းပညာဆိုင်ရာ အတိုင်ပင်ခံအဖြစ် စေလွှတ်ပေးမယ်။ ငါ့ရဲ့ စွမ်းဆောင်ရည် ရှိတဲ့ လက်ထောက်၊ အမှောင်မီးလျှံများ၏ သခင် ကြက်ဥခေါင်းက ပိုလီယိုရဲ့ ကုန်စည်ပို့ဆောင်ရေး အရာရှိ ဖြစ်ပေးလိမ့်မယ်။ စိတ်မပူပါနဲ့ နီကိုလပ်စ်၊ ငါတို့ဆီက သတင်းကောင်းကိုပဲ စောင့်နေလိုက်ပါ။"

နီကိုလပ်စ်သည် သူ၏ တံဆိပ်တုံးကို ထုတ်ယူလိုက်ပြီး "ဘယ်သူမှဒီနာမည် မရှိဘူး"ကို ငှားရမ်းရန် စာချုပ်ပေါ်တွင် တံဆိပ်နှိပ်လိုက်သည်။

"ငါ မင်း အပေါ် အားကိုးလိုက်မယ် အနက်ရောင် ကြောင်ဗိုလ်ကြီး။"

...

"ချော်ရည်တွေက စွန့်ပစ်ထားတဲ့ အနီရောင် ပန်းဂေါ်ဖီ တစ်ပွင့်လို အဝေးက မီးတောင်နက်ကနေ ပန်းထွက် နေခဲ့တယ်..."

ပက်ထရစ်စတားသည် မီးတောင်နက်၏ တောင်ခြေနှင့် မနီးမဝေးရှိ မြို့ငယ်လေး တစ်မြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ထိုင်နေပြီး သူ၏ သတင်းဆောင်းပါး၏ နောက်ဆုံး မူကြမ်းကို ရေးသား နေခဲ့သည်။

ထာဝရတိုင်းပြည်နှင့် မော်ဂန်တို့ကြား ဒန်ဂျင်စစ်ပွဲ အကြောင်း သတင်းပို့ ပြီးနောက် သူသည် ဆောင်းတောင်ကုန်းမြို့ သတင်းစာတိုက်၏ ထိပ်တန်း သတင်းထောက် ဖြစ်လာခဲ့သည်။

အရေးအကြီးဆုံး အရာမှာ ပက်ထရစ်စတား သူ၏ ဘဝအဓိပ္ပာယ်ကို နားလည် သွားခဲ့ခြင်းပင်၊ ထိုအရာမှာ အထူးခြားဆုံး သတင်းများကို ရယူရန် ဖြစ်သည်။

အဖွားအိုတစ်ဦးကို လမ်းဖြတ်ကူး ကူညီခြင်း၊ အိမ်သာ ပိတ်ဆို့မှုများကို ရှင်းလင်းခြင်း၊ မွေးမြူထားသော အဘိုးကြီးကြက် သေဆုံးခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများမှာ ပက်ထရစ်စတား၏ အဆိုအရ သတင်း မဟုတ်ခဲ့ချေ။

ဥပမာအားဖြင့် ပက်ထရစ်စတားသည် အဖွားအိုတစ်ဦးကို လမ်းဖြတ်ကူးရန် မကူညီသည့် သတင်းကို သတင်းရေးရန် စိတ်ဝင်စားခြင်း မရှိတော့ချေ။

သူသည် ဆောင်းတောင်ကုန်းမြို့၏ အကျပ်အတည်း — ဆောင်းတောင်ကုန်းမြို့ မြောက်ပိုင်းနယ်စား ပိုင်နက်နှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ခဲ့ပြီး ကုန်သည်အဖွဲ့ အထူးအကြောင်းပြချက် အချို့ကြောင့် မီးတောင်နက်တွင် အလုံးအရင်း သေဆုံးခဲ့သည့်— အကြောင်း လျှို့ဝှက် လမ်းကြောင်း တစ်ခုမှ သိရှိခဲ့ရသည့် အခါ သူ အလျင်အမြန် သွားရောက်ခဲ့သည်။ နေရာရွှေ့ပြောင်း ဝင်ပေါက်၏ အဆင့်မြင့် နည်းပညာကြောင့် သူသည် မြောက်ပိုင်း မြေအောက်လောက၏ အစွန်အဖျား ဆောင်းတောင်ကုန်းမြို့မှ မြောက်ပိုင်း မြေအောက်လောက၏ အလယ်ပိုင်း မီးတောင်နက်သို့ တစ်ရက်တည်း ဖြင့် ခရီးသွားရောက် နိုင်ခဲ့သည်။

ဤနေရာတွင် သူ သတင်းများစွာ ရရှိခဲ့သည်။

"မင်းတို့ ကြားပြီးပြီလား။ ဒီရက်ပိုင်းတွေမှာ မီးတောင်က ပေါက်ကွဲနေတယ်။ ကြောက်စရာကြီး။ ဘယ်သူက စားဖို့ ရွှံ့စေးတွေ တူးဖော်မှာလဲ။"

"ဘာလဲ။ ပေါက်ကွဲနေတုန်း ရွှံ့စေးတွေ တူးဖော်ဝံ့တဲ့ သူ ဘယ်သူ ရှိလို့လဲ။ ရွှံ့စေးတွေက မီးတောင်ကြောင့် ညစ်ညမ်းနေပြီလေ။ သူတို့ သေမှာ မကြောက်ဘူးလား။"

"သူက သူ့ အသက်ကို အဆုံးသတ်ဖို့ စဉ်းစားနေတာ။ ငါ နောက်ဆုံး ကြားတာက သူ့ မိန်းမက ဂိုဘလင် တစ်ယောက်နဲ့ ဖောက်ပြန် ခဲ့တယ်ဆို။"

"အိုက်၊ သူက သနားစရာပဲ။ သူ သူ့ မိန်းမနဲ့ ပေါင်းလာတာ ငါးနှစ်ပဲ ရှိသေးတယ်။ သူသာ သေရင် သူ့ရဲ့ ရှစ်နှစ်အရွယ် ကလေးက အဖမဲ့သား ဖြစ်တော့မှာပဲ။"

အလားတူ စကားစမြည်များကို လက်ဖက်ရည်ဆိုင်တွင် ကြားသိ ခဲ့ရသည်။

ပက်ထရစ်စတား သူ၏ အစီရင်ခံစာကို ရေးသားနေစဉ် လက်ဖက်ရည်ဆိုင်၏ ဆိုင်ရှင်ဖြစ်သော ဝံပုလွေလူသား တစ်ဦး ဘားကောင်တာကို သုတ်နေခဲ့သည်။ ထို့နောက် သူသည် မျက်နှာသုတ် ပုဝါကို သူ၏ ပခုံးပေါ်သို့ လွှဲတင်လိုက်ပြီး ပက်ထရစ်စတားအား "မင်း မီးတောင်နက်ကို လည်ပတ်ဖို့ ဒီကို ရောက်လာတာ မဟုတ်ဘူးလား။"ဟု မေးလိုက်သည်။

"အင်း၊ မင်း ဘယ်လို သိလဲ။"

ပက်ထရစ်စတား သတိထား မိသွားခဲ့သည်။ ဝံပုလွေလူသားက ပြုံးလိုက်ပြီး သူ၏ ချွန်ထက်သော အစွယ်များကို ပြသ လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။ "ဒါက မီးတောင်ပေါက်ကွဲမှု ကာလပဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့ သူတွေနဲ့ အခမဲ့ ခရီးစဉ် ရှာဖွေနေတဲ့ သူတွေက လွဲရင် ဘယ်သူမှ ဒီကို မလာဘူးလေ။ သူတို့ရဲ့ စိတ်အခြေအနေတွေက မင်းနဲ့ မတူဘူးကွ။ ငါ ဒီမှာ ဆယ်စုနှစ်ပေါင်း များစွာ အလုပ်,လုပ်ခဲ့တယ်၊ ဒါကြောင့် ဒီမှာ ငါ့ မျက်စိအောက်ကနေ လွတ်မြောက်သွားတဲ့ အရာ တစ်ခုမှ မရှိဘူး။"

"တကယ်လား။ ငါ မင်းကို အင်တာဗျူးလို့ ရမလား။ ငါက ဆောင်းတောင်ကုန်းမြို့ သတင်းထောက် တစ်ယောက်ပါ။ ဒါက ငါ့ သတင်းထောက် ဖြတ်သန်းခွင့် ကတ်ပဲ။"

ပက်ထရစ်စတား၏ မျက်လုံးများ အရောင်တောက် လာခဲ့သည်။ သူသည် သူ၏ အလုပ်ခန့်အပ်လွှာကို ဝံပုလွေလူသား ကြည့်ရှုနိုင်ရန် ထုတ်ယူပေးလိုက်သည်။

"အို၊ သတင်းထောက် တစ်ယောက်လား။ ငါတို့ သတင်းထောက်တွေကို ကြိုဆိုပါတယ်ကွာ။" ဝံပုလွေလူသားက ပျော်ရွှင်စွာ ပြောလိုက်သည်။ သူသည် စာသားများ ပါသော သစ်သားဆိုင်းဘုတ် တစ်ခုပါ ထုတ်ယူလိုက်သည်:

"လက်ဖက်ရည်ဆိုင် သတင်းအချက်အလက် ဌာန။ မေးခွန်း တစ်ခု လျှင် မှော်ကျောက်တုံး တစ်တုံးဖြင့် မေးခွန်းများ မေးမြန်း နိုင်ပါသည်။"

သေးငယ်သော စာလုံးတန်း တစ်ခုလည်း ရှိနေခဲ့သည်:

"ငါက လက်ဖက်ရည်ဆိုင် ဆိုင်ရှင် တစ်ယောက် အနေနဲ့ သတင်း အချက်အလက်တွေ ပေးအပ်နေတာ သက်သက်ပဲ။ ငါက အကြားအမြင်ဆရာ တစ်ယောက် မဟုတ်ဘူး။"

ပို၍ သေးငယ်သော စာလုံးတန်း တစ်ခု ရှိ နေခဲ့သည်:

"ငါ အရမ်း ခက်ခဲတဲ့ မေးခွန်းတွေကို ဖြေကြားနိုင်မှာ မဟုတ်ဘူး။"

နောက်ဆုံး သေးငယ်သော စာလုံးတန်းမှာ လုံးဝ နီးပါး ဖတ်၍ မရနိုင်တော့ချေ:

"နောက်ဆုံး ရှင်းလင်းချက် အခွင့်အရေး အားလုံး လက်ဖက်ရည်ဆိုင်ဘက်မှ ပိုင်ဆိုင်သည်။"

ပက်ထရစ်စတားသည် မှော်ကျောက်တုံး တစ်တုံး ပေးဆောင်လိုက်ပြီး မျှော်လင့်တကြီး မေးလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်လက မီးတောင်ရဲ့ ငြိမ်သက်နေတဲ့ ကာလအတွင်းမှာ ကုန်သည်အဖွဲ့ အကြီးကြီး တစ်ခု ဒီကနေ ဖြတ်သန်း သွားခဲ့လို့လား။ သူတို့ ဘာဖြစ်သွားခဲ့လဲ။"

"မင်း မေးခွန်းနှစ်ခု မေးခဲ့တယ်။"

ပက်ထရစ်စတားသည် နောက်ထပ် မှော်ကျောက်တုံး တစ်တုံး ပေးဆောင်လိုက်သည်။ ဆိုင်ရှင်သည် မှော်ကျောက်တုံးကို အလျင်အမြန် သိမ်းဆည်း ယူလိုက်ပြီး "ပထမမေးခွန်း အတွက်တော့ ငါ မသိဘူး။ ဒုတိယ မေးခွန်းကျတော့ ငါ မသိဘူး။"ဟု ပြောလိုက်သည်။

"မင်း မသိဘူးလား။" ပက်ထရစ်စတားက သူ၏ အသံကို မြှင့်လိုက်ပြီး "မင်း ငါ့ကို လာလှည့်စား နေတာလား။"ဟု ပြောလိုက်သည်။

ဆိုင်ရှင်က သစ်သားဆိုင်းဘုတ်ကို ထောက်ပြလိုက်သည်။

ပက်ထရစ်စတားသည် မှော်ကျောက်တုံး တစ်တုံး ထပ်ပေးဆောင်လိုက်ပြီး "မင်း သံသယ ဖြစ်စရာ သတ္တဝါ တစ်ယောက်ယောက်ကိုရော သတိပြုမိခဲ့လို့လား။"ဟု မေးလိုက်သည်။

ဆိုင်ရှင်သည် ပက်ထရစ်စတားကို လက်ညှိုးထိုး ပြလိုက်ရာ ပက်ထရစ်စတားက ဝံပုလွေလူသား၏ လက်ချောင်းကို ဒေါသတကြီး ရိုက်ထုတ်လိုက်သည်။ သူ နောက်ထပ် မှော်ကျောက်တုံး တစ်တုံး ပစ်ထုတ်လိုက်ပြီး "မင်း တခြား ဘာတွေ သိသေးလဲ။ ရထားတဲ့ သတင်းတွေ အားလုံး ငါ့ကို ပြောပြစမ်းပါ။"ဟု မေးလိုက်သည်။

"အဖွဲ့ဝင် ၅,၀၀၀ ပါ အဖွဲ့တစ်ဖွဲ့ အခမဲ့ ခရီးစဉ် အတွက် ငါတို့ မြို့ငယ်လေးဆီ လာနေတယ်။ သူတို့ မြို့ငယ်လေး အပြင်ဘက်က မြေနေရာငယ်လေး တစ်ခု ကြိုတင် မှာကြားထားကြတယ်။ သူတို့ ငါတို့ မြို့ထဲမှာ နေထိုင်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး။ အိမ်တွေထဲမှာ အိပ်စက်ရတာကို မကြိုက်တဲ့ သတ္တဝါတွေ အမြဲရှိနေမှာပဲ။ သူတို့ အိပ်စက်အိတ်တွေထဲမှာ အိပ်စက်ရတာကို ဘာလို့ ပိုကြိုက်လဲဆိုတာ ငါဖြင့် နားမလည်နိုင်ဘူး။ သူတို့ မီးတောင်နက်ကို တက်နေကြတယ်။ ငါ ထင်တာတော့ သူတို့ အားလုံး သေဆုံးသွားကြလိမ့်မယ်။"

ဝံပုလွေလူသားသည် ထွက်ခွာသွားရန် ရည်ရွယ် လိုက်သော်လည်း ပက်ထရစ်စတားက သူ့အား နောက်သို့ ဆွဲခေါ်လိုက်ပြီး "နေဦး၊ အဖွဲ့ဝင် ၅,၀၀၀ ပါ ခရီးသွားအဖွဲ့ ဟုတ်လား။ သူတို့ ဘယ်ကနေ လာခဲ့တာလဲ။"ဟု မေးလိုက်သည်။

"နာမည်ကြီး ထာဝရတိုင်းပြည်ကနေ။"

...

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့နှင့် ချန်အန်းမြို့ကြား ပဋိပက္ခမှာ ပိုမို ပြင်းထန် လာခဲ့သည်။ သူတို့သည် အခြား အစည်းအရုံးငယ်လေးများကို အကူအညီပေးသူများ အဖြစ် ဆွဲဆောင် ခဲ့ကြသည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာအားလုံး နီးပါး ဤပဋိပက္ခတွင် ပါဝင် ပတ်သက် နေခဲ့ကြသည်။

ဒရဂွန်ရာဂျာနှင့် အသား၊အရွက်နဲ့ ဆန်မဟာမိတ်အဖွဲ့များသည် သူတို့၏ ကိုယ်ပိုင် ပဋိပက္ခတွင် နစ်မြုပ် နေခဲ့ကြပြီး အခြား အစည်းအရုံး စစ်ပွဲများတွင် ပါဝင်ရန် အချိန်ပို မရှိခဲ့ကြချေ။ ဒရဂွန်ရာဂျာနှင့် အသား၊အရွက်နဲ့ ဆန်မဟာမိတ် အဖွဲ့များသည် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ ဘက်တွင် ရှိနေ ခဲ့ကြသည်။ သို့သော် ဒရဂွန်ရာဂျာနှင့် အသား၊အရွက်နဲ့ ဆန်မဟာမိတ်အဖွဲ့တို့ မဟာမိတ် ဖွဲ့စည်းပြီး ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို ဝင်ကူညီရန်မှာ မဖြစ်နိုင်ခဲ့သောကြောင့် သူတို့ ပါဝင် ပတ်သက်ခြင်း မပြုရန် ဆုံးဖြတ် ခဲ့ကြသည်။

ပဋိပက္ခမှာ ပေါက်ကွဲလုမတက် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ ဒန်ဂျင်ရှိ လုံခြုံရေးဇုန်မှ လွဲ၍ အစည်းအရုံးဝင်များသည် အခြားနေရာများတွင် အချင်းချင်း သတ်ဖြတ် နေခဲ့ကြသည်။ အပြင်းထန်ဆုံး တိုက်ပွဲမှာ ကန့်သတ်ဒန်ဂျင်နယ်မြေ၏ ဝင်ပေါက် အပြင်ဘက်တွင် ဖြစ်ပွားခဲ့သည်။

လမ်းဆုံလမ်းခွရှိ ကင်းစခန်းနှင့် ရေနေဖားမွန်းစတားမြို့တို့မှာ လုံခြုံရေး ဇုန်များ ဖြစ်ကြသည်။

ဝိညာဉ်ကောလိပ် ကန့်သတ်ဒန်ဂျင်နယ်မြေ၏ ဝင်ပေါက်တွင် အစည်းအရုံး နှစ်ခုလုံး ပြင်းထန်သော တိုက်ပွဲ တစ်ခုတွင် ပါဝင် ပတ်သက် နေခဲ့ကြသည်။

မိုးလက်ဖက်ရည်သည် အဖွဲ့ ပုံစံကွက်၏ နောက်တွင် ရှိနေခဲ့ပြီး သူမ၏ အဖွဲ့ဝင်များကို ပြန်လည် ကုသပေးရန် သူမ၏ အနာကျက် မာနာစွမ်းရည်များကို အဆက်မပြတ် အသုံးပြု နေခဲ့သည်။

"မိုးလက်ဖက်ရည်။ ပြန်ဆုတ်တော့။ ငါတို့ သူတို့ကို ဆက်ခုခံထားနိုင်တော့မှာ မဟုတ်ဘူး။"

ဂိမ်းမာ အုပ်စု တစ်စု မိုးလက်ဖက်ရည်ထံသို့ ပြေးဝင်ကာ အော်ဟစ်လိုက်ပြီး မိုးလက်ဖက်ရည်ကို ကန့်သတ်ဒန်ဂျင်နယ်မြေ၏ ဝင်ပေါက်သို့ ဆွဲခေါ် သွားခဲ့သည်။

ဂိမ်းမာ အနည်းငယ် မိုးလက်ဖက်ရည်ကို ကန့်သတ်ဒန်ဂျင်နယ်မြေထဲသို့ ဆွဲခေါ်သွားခဲ့ကြသည်။ အခြားဂိမ်းမာများ အတွက်မူ သူတို့ အပြင်ဘက်တွင် သေဆုံးသွားခဲ့ ရသောကြောင့် ကန့်သတ်ဒန်ဂျင် နယ်မြေ အထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့သည် တိုက်ပွဲတိုင်းကို အနိုင်ရနိုင်ခြင်းတော့ မရှိခဲ့ချေ။ တစ်ခါတစ်ရံ သူတို့၏ အုပ်စုငယ်လေးများက ရန်သူ အုပ်စုကြီးများနှင့် ကြုံတွေ့ခဲ့ကြရသည်။

သူတို့သည် အချိန်အတော်ကြာ တိုက်ခိုက်ရေး အတွေ့အကြုံများ ရရှိပြီးနောက် ကန့်သတ်ဒန်ဂျင် နယ်မြေ အထဲသို့ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြသည်။

သေဆုံးသွားသော ဂိမ်းမာများ၏ လုယူ ပစ္စည်းများကို ရန်သူဘက် ဂိမ်းမာများက ဆုလာဘ်များ အတွက် လဲလှယ် နိုင်ခဲ့ကြသည်။ သူတို့သည် ပစ္စည်းကိရိယာများထဲမှ တစ်ခုကိုပင် မိမိတို့ အတွက် ယူဆောင်ထား နိုင်ခဲ့ကြသည်။ တစ်ခုတည်းသော ခြွင်းချက်များမှာ ခရမ်းရောင်နှင့် လိမ္မော်ရောင် ဒဏ္ဍာရီပစ္စည်းများ ဖြစ်ကြသည်။

ဂိမ်းမာများ ကန့်သတ်ဒန်ဂျင်နယ်မြေထဲတွင် သေဆုံးသွားခဲ့လျှင်မူ သူတို့၏ ပစ္စည်း ကိရိယာများသည် နောက်တစ်နေ့တွင် ထာဝရတိုင်းပြည်၌ ပေါ်လာလိမ့်မည်။ ဂိမ်းမာများသည် ပစ္စည်းကိရိယာများကို ပြန်ရွေးယူရန် ဈေးနှုန်း အနည်းငယ်သာ ပေးဆောင် ရမည် ဖြစ်သည်။

ထို့ကြောင့် ကန့်သတ်ဒန်ဂျင်နယ်မြေထဲတွင် သေဆုံးခြင်းက ပိုကောင်းခဲ့သည်။

မိုးလက်ဖက်ရည်နှင့် အခြား ဂိမ်းမာများသည် သူတို့၏ ပစ္စည်းကိရိယာများကို ကန့်သတ်ဒန်ဂျင်နယ်မြေ ဝင်ပေါက်တွင် သပ်ရပ်စွာ ချထား လိုက်ကြသည်။ ပြီးနောက် သူတို့သည် မွန်းစတားများ၏ သတ်ဖြတ်ခြင်းကို ခံရရန် ကန့်သတ်ဒန်ဂျင်နယ်မြေ၏ အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက် သွားခဲ့ကြသည်။

ဤဖြစ်စဉ်များသည် မကြာခဏ ပိုပို ဖြစ်ပွားလာခဲ့ပြီး ဝိညာဉ်ကောလိပ် အတွက်မူ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ ဘွဲ့ကြို ကျောင်းသားများသည် ဤကိုယ့်ကိုယ်ကိုယ် သတ်သေသော ဂိမ်းမာများကို အနိုင်ယူခြင်းဖြင့် ဘွဲ့မရ နိုင်ခဲ့ကြချေ၊ အကြောင်းမှာ စာစစ်သည် ထိုစာမေးပွဲကို ပယ်ဖျက်မည် ဖြစ်သောကြောင့်ပင်။ အဆုံးတွင် စာမေးပွဲ လျှောက်ထားသူများ စာမေးပွဲကို ပြန်လည် ဖြေဆိုခဲ့ရသည်။

မိုးလက်ဖက်ရည် သေဆုံးခဲ့သည်မှာ ဤက ပထမဆုံး အကြိမ် မဟုတ်သော်လည်း သူမသည် သေဆုံးရခြင်းကို စိုးရိမ် မိနေဆဲပင်။ ဂိမ်းသည် အလွန် လက်တွေ့ကျသော ကြောင့် သတ္တိနည်းသော မိုးလက်ဖက်ရည်အဖို့ ကြောက်ရွံ့မှုကို ခံစားရခြင်းမှာ ပုံမှန်ပင်။

အခြားဂိမ်းမာများသည် သေဆုံးနေစဉ်မှာပင် ပျော်ရွှင်စွာ ပြုံးနေခဲ့ကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် မိုးလက်ဖက်ရည်သည် ထာဝရတိုင်းပြည်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။

သူတို့၏ အစည်းအရုံးဝင်များသည် သူတို့ကို ပြန်လည် ရှင်သန်ရေး နေရာတွင် ပေါ်ပေါက် လာသည်ကို မြင်တွေ့ လိုက်ရပြီး အခြေအနေ အကြောင်း မေးမြန်း ခဲ့ကြသည်။ သူတို့၏ စိုးရိမ်မှုကို မြင်တွေ့ရ၍ မိုးလက်ဖက်ရည်သည် ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူတို့သည် ရန်သူ၏ ဝိုင်းရံခြင်းကို ခံခဲ့ရပြီးနောက် အတူတကွ သေဆုံးသွားခဲ့ကြသည်။ ဤသည်တို့မှာ မိုးလက်ဖက်ရည် အရင်က မကြုံတွေ့ဖူးခဲ့သော အတွေ့အကြုံများပင် ဖြစ်ကြသည်။

All Chapters