ကူညီထောက်ပံ့ခြင်း
Vol. 161 Ch. 2281
"တက်ခဲ့ကြ။" ရန်ဟောင်ချန်းက ပြောလိုက်ပြီး လေထဲသို့ တက်သွားခဲ့သည်။ ရုတ်တရက် အစွမ်းထက်ပုဂ္ဂိုလ်များစွာက ကောင်းကင်ရှိ တိမ်တိုက်များဆီ ပျံသန်းသွားသည်။ ထို့နောက် သူတို့က ရန်ဟောင်ချန်းဘေး၌ ရပ်တန့်လိုက်ကြသည်။
သူတို့က ရန်ဟောင်ချန်း မည်သည်ကို လုပ်ချင်နေသည်အား သိရှိကြသည်။
တစ်ချိန်တည်းတွင် ဆန့်ကျင်ဘက်မှ ကျင့်ကြံသူများသည် သူတို့အောက်ညက်မှ နေရာအတွင်း အတူတူ စုဝေးနေကြပေသည်။ အနက်ရောင်ဝတ်ထားသည့် အကြီးအကဲတစ်ယောက်က ခေါင်းကို မော့ကာ ရန်ဟောင်ချန်းအား ကြည့်လိုက်သည်။ အစောပိုင်းတိုက်ပွဲတွင် သူသည် ပြိုင်ဘက်၏ တိုက်ပွဲခွန်အားက သူ့အထက်၌ ရှိနေသည်ကို ခံစားမိပြီးဖြစ်ကာ သူ့ပြိုင်ဘက် လက်ထဲမှ တောင်ဝှေးကလည်း ထူးခြားလှသည်။ ထိုပုဂ္ဂိုလ်က အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထို့နောက် ကြယ်အလင်းလွှာက စတင် လှည့်ပတ်လာသည်။ မရေတွက်နိုင်သော ကြယ်အလင်းတန်းများက ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ပြင်းထန်သည့် အော်မြည်သံတို့က လေထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။ ထို့နောက် ကြယ်နတ်ဓားများ၏ ဓားသွားများက ကောင်းကင်အမြင့်၌ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းတွင် ရန်ဟောင်ချန်းက သူ့လက်ထဲမှ တောင်ဝှေးကို ကိုင်မြှောက်လိုက်သည်နှင့် တောင်ဝှေးက ချက်ချင်းပင် ကြယ်အလင်းလွှာနှင့် ဆက်စပ်ကာ အကန့်အသတ်မဲ့ ကြယ်အလင်းတို့ကို ဝါးမြိုလာခဲ့သည်။ ထို့နောက် အရာအားလုံးကိုစုစည်းကာ ကောင်းကင်ခွင်းဓားတစ်လက်အဖြစ် အသွင်ပြောင်းကာ နတ်ဓားက အောက်သို့ ညွှန်ပြလာသည်။
ကြယ်အလင်းလွှာတစ်ခုက ကောင်းကင်သို့ ဖြာထွက်လာသည်။ ၎င်းက ဘုံကိုးဘုံအတွင်းမှ ကြယ်အလင်းရောင်များ အားလုံးကို ကြယ်အလင်းလွှာပေါ်သို့ ဆင်းသက်လာစေပြီး ကြယ်ရောင်နတ်ဓားအဖြစ် စုဝေးလာစေကာ ပိုပြီး အစွမ်းထက်လာစေရန် ပြုလုပ်ပေးခဲ့သည်။
တစ်ခုပြီးတစ်ခုသော အလွန် ကြီးမားသည့် ကြယ်နတ်ဓားများက လောကတစ်ခွင်လုံးကို မြှုပ်နှံချင်နေပုံရသည်။ မှော်နက်လောကမှ ထိပ်သီးပုဂ္ဂိုလ်များက ခက်ခဲလှသည့် ခံစားမှုကို ခံစားမိကြပေသည်။ တစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မဟာလမ်းစဥ်စွမ်းအားများ ထုတ်လွှတ်ပေးနေသည်။
နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်တွေ့ကြုံဖူးသည့် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များသည် သူတို့အားလုံးကို နေရာ၌ပငအ သတ်ပစ်ချင်နေခဲ့ကြသည်။
အနက်ရောင်လူငယ်၏ အကြည့်များက အေးစက်နေသည်။ သူ့မျက်လုံးများထဲမှ သေမင်းတမန်၏ အရှိန်အဝါက ထိုးထွက်လာခဲ့သည်။ မှော်နက်လောကတွင် သူက အကောင်းဆုံးထဲမှ တစ်ခုဖြစ်သည့် အင်အားစုကို ပိုင်ဆိုင်ထားပေသည်။ မှော်နက်စစ်တပ်နှင့် အလွန် နည်းပါးသော အခြားအင်အားစုအနည်းငယ်မှအပ သူတို့အား သတ်ရန်မဆိုထားနှင့် သူတို့ရှေ့တွင် မည်သူကမှ အလျင်စလို လှုပ်ရှားရဲလိမ့်မည် မဟုတ်ပေ။
ယခု လေဟာနယ်ဘုံအတွင်း ဤနယ်မြေက ကန့်သတ်တားမြစ်ခံလိုက်ရကာ သူတို့က ဤနေရာကို အမှန်တကယ် ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်။
အနက်ရောင်ဝတ် အကြီးအကဲ၏ မျက်နှာထက်တွင် တည်ငြိမ်သော အမူအရာတို့ ရှိနေခဲ့သည်။ သူက လူငယ်လေး၏ အရှေ့တွင် ရပ်နေခဲ့သည်။ မှော်နက်လောကမှ ကျင့်ကြံသူများက သူ့နောက်တွင် စုစည်းနေကြသည်။ သူ၏ အနက်ရောင်ဝတ်ရုံက တဖျတ်ဖျတ် လွင့်နေပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။ ကြည့်ရသည်မှာ အနက်ရောင်တိမ်တိုက်များက ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံကာ ကြယ်အလင်းရောင်တို့အား တားဆီးထားပုံရသည်။ ငရဲကဲ့သို့ လောကတစ်ခုက ဤလေဟာနယ်အတွင်း ထွက်ပေါ်လာကာ အဆုံးမဲ့နယ်မြေနှင့် ကျယ်ပြောသော လောကကို လွှမ်းမိုးသွားသည်။ ၎င်းသည် ကောင်းကင်မှ ရန်ဟောင်ချန်းနှင့် အခြားလူများကို ဝါးမြိုချင်နေပုံရသည်။ ဤလေဟာနယ်အတွင်း မရေတွက်နိုင်သော နတ်ဆိုးနှင့် တစ္ဆေအရိပ်တို့ ပေါ်ပေါက်လာသည်။ သူတို့က အနက်ရောင်လှံများ၊ သွေးနီရောင်နတ်ဆိုးတူနှင့် သေမင်းတမန်၏ တံစဥ် စသော လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။ ကြည့်ရသည်မှာ အစစ်အမှန် ငရဲကဲသို့ ခံစားမိစေသည်။
ကြောက်မက်ဖွယ် နတ်ဘုရားကပ်ဘေးအလင်းက လင်းလက်လာသည်။ ၎င်းသည် လမ်းကြောင်းတလျှောက် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် သေမင်းတမန် ကပ်ဘေးအလင်း ဖြစ်လေသည်။
ကြောက်မက်ဖွယ် ရတနာတစ်ခုကလည်း အနက်ရောင်ဝတ်အကြီးအကဲ၏ အရှေ့တွင် ပေါ်ပေါက်လာသည်။ ၎င်းသည် မဟာလမ်းစဥ်နတ်ဝင်ရိုးမှ ဖန်တီးထားပုံရပြီး အစွမ်းထက်သည့် ကြောက်မက်ဖွယ် စွမ်းအားတို့က ၎င်းအထဲမှ မွေးဖွားလာပုံရသည်။ ကပ်ဘေးအလင်းက အဆက်မပြတ် တိုးပွားလာသည်။ ၎င်းသည် အစွမ်းထက် မှော်နက်ရတနာတစ်ခု ဖြစ်ပြီး သူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးအဖြစ် ပြောင်းလဲပျော်ဝင်နေခဲ့ပုံရသည်။ သူတို့က တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားပြီး အလွန် အစွမ်းထက်လှသည်။
"သတ်..." ရန်ဟောင်ချန်းက ကောင်းကင်မှ အော်ဟစ်လိုက်သည်။ ရုတ်တရက် အဆုံးမဲ့ ကြယ်ရောင်နတ်အလင်းက အမှောင်ထုကို ဖြတ်ကျော်လင်းလက်လာသည်။ ကြီးမားပြီး လောကကို ဖျက်ဆီးနိုင်သည့် အင်အားနှင့် ၎င်းက အောက်သို့ ဆင်းသက်လာပေသည်။
ကြောက်မက်ဖွယ် တုန်ခါသံတို့က ကောင်းကင်၌ ပြည့်နှက်လာသည်။
ကြယ်ရောင်နတ်ဓားများက ကောင်းကင်နှင့် မြေကြီးအား ဖြတ်သန်းထိုးဖောက်လာ၏။ မျက်စိကျိန်းလောက်ဖွယ် နတ်အလင်းက ဆင်းသက်လာသည်နှင့် မှော်နက်လောကမှ ကျင့်ကြံသူများဆီသို့ ဓားများ ထိုးဆင်းလာပေသည်။ မှော်နက်လောကမှ ကျင့်ကြံသူများအားလုံးသည် တားဆီးရန် ပြင်ဆင်ထားသကဲ့သို့ ခြိမ်းခြောက်နိုင်သည့် မဟာလမ်းစဥ် စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူတို့ ရှေ့မှ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားခဲ့သည့် သူများထဲတွင် အနက်ရောင်ဝတ် အကြီးအကဲက အားအကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။
ကြယ်နတ်အလင်းဓားများက ငရဲကဲ့သို့ လေဟာနယ်အတွင်းသို့ ထိုးဖောက်လာကာ နတ်ဆိုးနှင့် တစ္ဆေများထံ တိုက်ရိုက်တိုးဝင်လာခဲ့သည်။ ကပ်ဘေးဓားအလင်းတို့ကလည်း သူတို့ထံသို့ ပြေးဝင်လာပေသည်။ ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးသည် ငရဲကဲ့သို့ လေဟာနယ်အတွင်း ပေါ်ပေါက်လာသည့် ဖျက်ဆီးခြင်းမုန်တိုင်းကြောင့် ဖွတ်ဖွတ်ညက်ညက်ကျေအောင် ဖျက်ဆီးခံလိုက်ရသလို ခံစားမိပေသည်။
ဘုန်း.. ဘုန်း.... ဘုန်း.....
ကြယ်အလင်းနတ်ဓား၏ အလယ်တွင် ကြီးမားသည့် စွမ်းအားတို့ ပါဝင်နေသည်။ ၎င်းက အောက်သို့ ထိုးဆင်းလာသည်။ နတ်ဆိုးနှင့် တစ္ဆေများက တိုက်ရိုက်ထိုးဖောက်ကာ ဖျက်ဆီးခံလိုက်ရသည်။ သူတို့က ၎င်းကို တားဆီးနိုင်စွမ်း မရှိခဲ့ကြပေ။
ဤဓားသည် ယခင်က နေမင်းနတ်ဘုရားတောင်တန်းမှ နတ်ဘုရားကပ်ဘေးအား ဖြတ်ကျော်နိုင်ခဲ့သည့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်ခဲ့သည့် ဓားပင် ဖြစ်သည်။ ၎င်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို လူတိုင်း သိရှိနိုင်သည်။
ဘုန်း...
ဓားက ၎င်း၏ ရန်သူများကို ဖျက်ဆီးပစ်ရန် တိုးဝင်သွားသည်။ နတ်ဘုရားသတ်ဖြတ်သူအား ရပ်တန့်စေခဲ့သော နတ်ဘုရားတစ်ပါးကဲ့သို့ ဓားက အောက်ဘက်ရှိ ကျင့်ကြံသူများထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။ အနက်ရောင်ဝတ် အကြီးအကဲက တည်ငြိမ်သော အမူအရာနှင့် ရှိနေခဲ့သည်။ သူသည် လက်ထဲမှ အနက်ရောင်ပန်းကန်လုံးကို ကောင်းကင်သို့ ပစ်လွှတ်လိုက်၏။ ရုတ်တရက် အနက်ရောင်ပန်းကန်လုံးက လေဟာနယ်ကို ပိုင်းခြားကာ အရာအားလုံးကို ဝါးမြိုပစ်ချင်နေပုံရသည်။ ကြီးမားလှသည့် ကြယ်နတ်ဓားက ထိုအနက်ရောင်ပန်းကန်လုံး၏ ဝါးမြိုခြင်းကို အမှန်တကယ် ခံလိုက်ရပေသည်။
ထို့နောက် ပန်းကန်လုံးအတွင်းမှ ကြယ်အလင်းရောင်များနှင့် ဖျက်ဆီးခြင်း အနက်ရောင်နတ်အလင်းတို့ တစ်ချိန်တည်း ထိခတ်မိကာ ပေါက်ကွဲထွက်လာသည်။ ကျယ်လောင်သည့် အဆက်မပြတ် ပေါက်ကွဲသံများက အထဲမှ ထွက်ပေါ်လာသည်။ အနက်ရောင်ပန်းကန်လုံးက ပြင်းထန်စွာ တုန်ခါနေခဲ့၏။ အနက်ရောင်ဝတ်အကြီးအကဲက လက်ကို မြှောက်ကာ အနက်ရောင်ပန်းကန်လုံးကို ဆုပ်ကိုင်လိုက်သည်။ မဟာလမ်းစဥ်စွမ်းအားက ပြင်းထန်စွာ လှုပ်ရှားနေပြီး ပန်းကန်လုံးအတွင်း၌ စီးဆင်းနေခဲ့သည်။ အနီးဝန်းကျင်မှ အနက်ရောင်စွမ်းအင်များကပန်းကန်လုံးအတွင်းသို့ အတင်းအကျပ် တိုးဝင်နေပြီး ထိုနေရာရှိ မဟာလမ်းစဥ် စွမ်းအားများ အားလုံးကို ဝါးမြိရန် ကြိုးစားနေပုံရသည်။
တုန်ခါမှုက ပို၍ ပြင်းထန်လာသည်။ နတ်အလင်းတန်းနှစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ကြယ်နတ်အလင်းတန်း... ၎င်းက ဖျက်ဆီးခြင်း ကပ်ဘေး၏ အလင်းတန်း ဖြစ်သည်။ ၎င်းအလင်းတန်းတို့က အတူတကွ လိမ်ယှက်နေခဲ့၏။
ကောင်းကင်ထက်တွင် ရန်ဟောင်ချန်း၏ ခရမ်းရောင်ဝတ်စုံက စတင်၍ တဖျတ်ဖျတ်လွင့်လာသည်။ သူက ခြေထောက်ကို ရှေ့သို့ လှမ်းလိုက်၏။ နတ်စွမ်းအားများက သူ့လက်ထဲမှ လှံထဲသို့ တိုးဝင်လာနေသည်။ ထို့နောက် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ ကျယ်လောင်ကာ ပြင်းထန်သည့် အသံတစ်ခုက အနက်ရောင်ပန်းကန်လုံးအတွင်းမှ ထွက်လာသည်။
အနက်ရောင်အကြီးအကဲက အနည်းငယ် နာကျင်စွာ ညည်းညူသံကို ထုတ်လွှတ်လိုက်၏။ ထို့နောက် တစ်စုံတစ်ခု အက်ကွဲကာ ကျိုးပျက်သွားသည့် အသံများကို ကြားလိုက်ရသည်။ ထို့နောက် လူအများသည် အနက်ရောင်ပန်းကန်လုံးကြီး၏ အောက်ခြေ၌ အက်ကြောင်းများ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားကြပေသည်။ ကြောက်မက်ဖွယ် ကြယ်နတ်အလင်းဓားများက အထဲမှ ထိုးထွက်လာခဲ့သည်။ ၎င်းတို့က အချိန်မရွေး ပေါက်ကွဲသွားနိုင်သလို ထင်မှတ်ရပေသည်။
အနက်ရောင်ဝတ်အကြီးအကဲ၏ အနက်ရောင်ဝတ်စုံက ကြီးမားကျယ်ပြန့်သွားခဲ့သည်။ သူက လက်ကို မြှောက်ကာ အနက်ရောင်ပန်းကန်လုံးကို ညွှန်ပြလိုက်သည်။ ထို့နောက် အစွမ်းထက်သည့် မဟာလမ်းစဥ်နတ်စွမ်းအားများက ၎င်း၏ အတွင်းသို့ တိုးဝင်လာပုံရသည်။ အရှိန်အဝါနှစ်ခုက အထဲ၌ အချင်းချင်း တိုက်ခိုက်နေကြပေသည်။
ဘုန်း...
အစွမ်းထက် ပေါက်ကွဲမှုက လေထဲတွင် ဖြစ်ပေါ်လာသည်။ အနက်ရောင်ပန်းကန်လုံးက နောက်ဆုံး၌ ပေါက်ကွဲပွင့်ဟလာသည်။ အနက်ရောင်ဝတ် အကြီးအကဲ၏ ပါးစပ်မှ လတ်ဆတ်သော သွေးတို့ကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။ သူ၏ အရှိန်အဝါကလည်း တဖြေးဖြေး အားနည်းလာသည်။ သို့သော် အနက်ရောင်ပန်းကန်လုံးက ကျိုးပျက်သွားလျှင်ပင် ကြယ်ရောင်နတ်ဓားကလည်း ဖျက်ဆီးခံလိုက်ရပေသည်။ ၎င်းက ပစ်မှတ်ကို သတ်ဖြတ်ရန် ဆက်လက်လုပ်ဆောင်နိုင်ခြင်း.မရှိတော့ပေ။
"သူရဲ့ မဟာလမ်းစဥ်နတ်ဝင်ရိုးကို ဖျက်ဆီးခံလိုက်ရပြီ။" မှော်နက်လောကမှ ကျင့်ကြံသူများ၏ နှလုံးသားတို့က ပြင်းထန်စွာ ခုန်လှုပ်နေခဲ့သည်။ ထိုသည်မှာ ကပ်ဘေးအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ သူက အမှန်တကယ် ဤအခြေအနေသို့ တွန်းပို့ခံခဲ့ရသည်လား။ သူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးက ဖျက်ဆီးခံလိုက်ပြီး သူသည်လည်း ဒဏ်ရာများစွာ ခံစားခဲ့ရသည်။ သူက ပြန်သက်သာရန် မဖြစ်နိုင်လုနီးနီးပင် ဖြစ်လေသည်။
ဤတိုက်ခိုက်မှုက အနက်ရောင်ဝတ်အကြီးအကဲ၏ မျှော်လင့်ချက်များကို လျော့နည်းသွားစေရန် လုံလောက်သည်။ ကြည့်ရသည်မှာ ခြေတစ်လှမ်းပင် မတိုးတက်နိုင်တော့ပုံရလေသည်။ သူ၏ ကျင့်ကြံရေးသည်ပင် ဖျက်ဆီးခံလိုက်ရသည်။
သို့သော် ထိုအခိုက်အတန့်တွင် ထိုကဲ့သို့သော ကိစ္စများကို တွေးရန် အချိန်မရှိပေ။ ထို့ပြင် သူတို့သည် ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလားပင် မသိလေရာ အနာဂတ်နှင့်ပတ်သတ်၍ တစ်ခုခုကို တွေးတောနေခြင်းက မဖြစ်နိုင်သေးပေ။
ဘုန်း... ဘုန်း... ဘုန်း...
ကြယ်နတ်အလင်းတို့က တစ်ဖန်စတင်၍ စုစည်းလာသည်။ ကောင်းကင်တွင် ကြယ်အလင်းလွှာက ဖျက်ဆီးခြင်းစွမ်းအားတို့ကို အဆက်မပြတ် စုပ်ယူနေသည်။ ကြည့်ရသည်မှာ ၎င်းတို့က သတ်ဖြတ်ပြီးသည့်တိုင်အောင် ရပ်တန့်၍ မရနိုင်အောင် ဖြစ်လေသည်။
မှော်နက်လောကမှ ကျင့်ကြံသူများသည် သူတို့ ဤတစ်ကြိမ်၌ အလွန် ခက်ခဲသော တစ်စုံတစ်ယောက်နှင့် တွေ့ဆုံနေရကြောင်း သိရှိပေသည်။ သူတို့သည် အချို့သော ဘုံများမှ သာမန်လူတချို့အတွက် အမှန်တကယ် သူတို့ကို သတ်ဖြတ်ချင်နေသည်။
ဘန်း...
သို့သော် ထိုအခိုက်အတန့်တွင် ကြယ်အလင်းလွှာက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ သူတို့ရှိနေသည့် လေဟာနယ်က ချိပ်ပိတ်ခံထားခဲ့ရသည်။ သို့သော် ထိုမျှ ပြင်းထန်သည့် လှုပ်ခါမှုကို ကြည့်လျှင် အလင်းလွှာကို တစ်စုံတစ်ယောက်မှ တိုက်ခိုက်နေသည်မှာ ထင်ရှားပေသည်။
ရန်ဟောင်ချန်းက သူ၏ နတ်အာရုံကို အပြင်သို့ ဖြန့်ကျက်လိုက်ပြီး ချိပ်စည်းနယ်မြေအပြင်ဘက်သို့ ကြည့်လိုက်သည့်အခါ ကျင့်ကြံသူများစွာ ပေါ်ပေါက်လာသည့် ကျင့်ကြံသူများစွာကို မြင်လိုက်ရသည်။ ထို့နောက် နောက်ထပ် ကျယ်လောင်လှသော တိုက်ခိုက်သံကို ကြားလိုက်ရသည်။ အက်ကြောင်းများစွာက ကြယ်အလင်းလွှာပေါ်တွင် ပေါ်ပေါက်လာသည်။ ထို့နောက် ၎င်းက ကျိုးပျက်သွားခဲ့၏။ ကောင်းကင်အမြင့်တွင် မတူညီသော နေရာမျိုးစုံ၌ ကျင့်ကြံသူများစွာက မားမားမတ်မတ်နှင့် ဝင့်ကြွားစွာ ရပ်နေကြပေသည်။ သူတို့၏ ခန္ဓာကိုယ်များမှ ထုတ်လွှတ်နေသော အရှိန်အဝါတို့က ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ သူတို့အားလုံးက ထိပ်သီးအဆင့် ကျင့်ကြံသူများ ဖြစ်သည်။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည့် မှော်နက်လောကမှ ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် အလင်းတို့ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က သူတို့ကို ကူညီထောက်ပံ့ပေးရန် ရောက်လာခဲ့ပြီ ဖြစ်သည်။