အရှိန်နှင့် ရွေ့လျားမှုကြောင့် မူးဝေခြင်း
Vol. 27 Ch. 394
လူသူကင်းမဲ့သော ဂြိုဟ်တစ်ခုပေါ်တွင် မီးခိုးရောင် လွင်ပြင်များပေါ်၌ လိုက်လံဖမ်းဆီးမှုတစ်ခု ဖြစ်ပေါ်နေသည်။
အာကာသယာဉ် တစ်ရာခန့်သည် ကောင်းကင်ကြိုးဝိုင်း အာကာသယာဉ်ကို လိုက်လံနေကြသည်။ ကောင်းကင်ကြိုးဝိုင်း အာကာသယာဉ်၏ အိတ်ဇောမှ မီးတောက်များသည် ချက်ချင်းပင် ပြင်းထန်စွာ ပျံ့နှံ့သွားသည်။ ရုတ်တရက် အရှိန်မြင့်တက်လာမှုသည် မြေပြင်မှ ဖုန်မှုန့်များစွာကို မွှေနှောက်လိုက်သည့် လေဆင်နှာမောင်းတစ်ခုနှင့်တူသည်။
ဟွန်း!
အနိမ့်ပိုင်းတွင် ပျံသန်းနေသော အာကာသယာဉ်၏ ဦးခေါင်းသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး ပင်လယ်ပြင်ကို ဖြတ်ကျော်နေသော ရေစပိဘုတ်တစ်ခုနှင့်တူသည်။
ဘုန်း!
ရှပ်ပြေးလေယာဉ်များသည်လည်း သူတို့၏အရှိန်ကို အလျင်အမြန် မြှင့်တင်လိုက်ကြသော်လည်း ကောင်းကင်ကြိုးဝိုင်း အာကာသယာဉ်နှင့် မီရန် ခက်ခဲနေသည်။ ရှပ်ပြေးလေယာဉ်များစွာ၏ တိကျမှုသည် ထောင့်များကြောင့် သိသာစွာ လျော့ကျသွားပြီး သူတို့၏တိုက်ခိုက်မှုများသည် ပို၍ပို၍ လွဲချော်နေသည်။
အာကာသယာဉ်သည် အချိန်မရွေး ပျက်ကျလိမ့်မည်ကဲ့သို့ တုန်ခါနေသော်လည်း လူတိုင်းသည် သိသာထင်ရှားသော အပြောင်းအလဲကို ခံစားခဲ့ကြရသည်။ ပိုမိုအန္တရာယ်များသည်ဟု ခံစားရသော်လည်း အာကာသယာဉ် ထိမှန်သည့် အကြိမ်အရေအတွက်သည် သိသိသာသာ လျော့ကျသွား၏။ မြင့်မားသော ရွေ့လျားနိုင်စွမ်းသည် သင်္ဘော၏ ရှောင်တိမ်းနိုင်စွမ်းကို များစွာ တိုးမြှင့်ပေးသည်။ အားနည်းနေသော အကာအကွယ်အလွှာသည် ဤတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရန် လုံလောက်ရုံသာ ရှိသည်။ ဟန်ရှောင်း၏ လေယာဉ်မောင်းနှင်မှုစွမ်းရည်သည် ထိတ်လန့်ဖွယ်ကောင်းလှ၏။
အင်ဂျင်၏စွမ်းအားကို တိုးမြှင့်ခြင်းဖြင့် လေယာဉ်မောင်းနှင်ခြင်း၏ အခက်အခဲသည်လည်း တိုးလာလိမ့်မည်။ သို့တိုင် ယခင်လေယာဉ်မှူးနှင့် နှိုင်းယှဉ်ပါက ဟန်ရှောင်း တာဝန်ယူလိုက်သောအခါတွင် လူတိုင်းသည် ကွာခြားမှုကို တိုက်ရိုက် ခံစားနိုင်ခဲ့သည်။ ၎င်းသည် အာကာသယာဉ်သည် ‘အသက်ဝင်လာ’ သကဲ့သို့ပင်။ အာကာသယာဉ်သည် ဟန်ရှောင်း၏ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ ခံစားရသည်။
အာကာသယာဉ်အတွင်းရှိ ဆွဲငင်အားသည် နောက်ဆုံးတွင် ချိန်ညှိသွားခဲ့သည်။ လူများသည် တစ်ဦးပြီးတစ်ဦး ထရပ်ခဲ့ကြပြီး သူတို့၏သံသယများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
လက်ရှိ ဆိုးရွားသောအခြေအနေတွင် ထိုသို့သော အရေးကြီးသော တာဝန်ကို ယူခဲ့သည့် ဘလက်စတားကြောင့် သူတို့သည် ဝမ်းသာနေကြသည်။ အခြေအနေကို ပိုမိုကောင်းမွန်စေနိုင်သည့် မည်သည့်အရာမဆို ပျော်ရွှင်စရာ အံ့ဩမှုတစ်ခုဖြစ်သည်။ ဘလက်စတားတွင် ဤစွမ်းရည်ရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
“အံ့မခန်းပဲ!” ဂိုအာ၏လေသံသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူမ၏ အမူအရာမဲ့သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “ဒီနှုန်းနဲ့ဆိုရင် ရှပ်ပြေးလေယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေက အနည်းဆုံးပဲ ဖြစ်လိမ့်မယ်။ မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”
“ဘာလဲ” ဟန်ရှောင်းသည် ရှုပ်ထွေးနေသည်။ “ဒါက အခြေခံ ထိန်းချုပ်မှုပဲရှိသေးတယ်။ ငါ ဘာမှ မလုပ်ရသေးဘူး”
အရှိန်ပိုမိုမြင့်လေလေ သူ၏ထိန်းချုပ်မှုများ ပိုမိုကောင်းမွန်လေလေ ဖြစ်သည်။ လက်ရှိအရှိန်တွင် သူ၏ကန့်သတ်ချက်နှင့် အလှမ်းဝေးနေသေးသည်။
ဝမ်းနည်းစရာမှာ သူ အရှိန်ကို ထပ်တိုးလိုက်ပါက အကာအကွယ်အလွှာသည် အလွန်ပါးလွှာသွားလိမ့်မည်။ သူသည် အချိန်အတော်ကြာ စစ်သင်္ဘောကို မမောင်းနှင်ရသေး၍စကေးကသံချေးတက်နေမည်ကို စိုးရိမ်ခဲ့သည်။ လက်ရှိအကာအကွယ်အလွှာကို ထိန်းသိမ်းထားခြင်းက သူ့အတွက် ပိုမိုလုံခြုံသော ရွေးချယ်မှုဖြစ်သည်။
သို့သော်လည်း ကြေးစားစစ်သားအဖွဲ့များ၏ မျက်လုံးများတွင် အကာအကွယ်အလွှာ၏ အထူသည် ထိတ်လန့်ဖွယ်ကောင်းအောင် ပါးလွှာနေပြီး ဘလက်စတားက ၎င်းသည် သူ၏အခြေခံ ထိန်းချုပ်မှုများသာ ဖြစ်သည်ဟု ပြောနေသလား။
ဒါဆို သူ ဘာလုပ်တော့မှာလဲ။
မကောင်းသောခံစားချက်တစ်ခုသည် လူတိုင်း၏နှလုံးသားတွင် ပေါ်လာသည်။
ဟန်ရှောင်းသည် သူ၏လက်ကောက်ဝတ်ကို ဆန့်လိုက်ပြီး ပြောလိုက်သည်။ “မြဲမြဲ ကိုင်ထားကြ”
အစောပိုင်းက မြေပြင်ပေါ်သို့ လဲကျခဲ့သည့် သင်ခန်းစာကြောင့် ဤတစ်ကြိမ်တွင် မည်သူမျှ သူ၏သတိပေးချက်ကို လျစ်လျူမရှုခဲ့ကြပေ။ သူတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံး မည်သည့်အရာကိုမဆို ကိုင်ထားခဲ့ကြသည်။ သူတို့၏မျက်နှာများသည် စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
ဟွန်း!
ချက်ချင်းပင် ကောင်းကင်ကြိုးဝိုင်း အာကာသယာဉ်သည် ၎င်း၏နောက်ကျောပေါ်ရှိ စီးနင်းသူကို ဖယ်ရှားရန် ကြိုးစားနေသည့် ဒေါသထွက်နေသော မြင်းတစ်ကောင်ကဲ့သို့ ဝဲပျံစပြုလာခဲ့သည်။
ဘေးတိုက်လှိမ့်ချမှု၊ ရိုလာကိုစတာ၊ Z ပုံစံရွေ့လျားခြင်းနှင့် အခြားလှည့်ကွက်မျိုးစုံတို့သည် ချောမွေ့စွာ ပေါင်းစပ်သွားခဲ့သည်။ အာကာသယာဉ်သည် လွန်ခဲ့သည့်တစ်စက္ကန့်က ဖြောင့်တန်းစွာ ပျံသန်းနေခဲ့ပြီး ယခုတွင် လုံးဝကို ကျပန်းပုံစံ ရွေ့လျားနေသည်။
ရှပ်ပြေးလေယာဉ်တပ်သည် အစောကတည်းက လိုက်ဖမ်းရန် ခက်ခဲနေပြီး ဟန်ရှောင်းသည် ဤသို့ ရွေ့လျားနေသောကြောင့် သူတို့၏ဖွဲ့စည်းမှုသည် ချက်ချင်းပင် ပျက်စီးသွား၏။ ရှပ်ပြေးလေယာဉ်များစွာသည် သူတို့နောက်က တပ်၏ ပစ်ခတ်မှုဧရိယာကို ပိတ်ဆို့ထားသည်။ သူတို့၏ လေဆာတန်းများသည် ပါးသွားပြီး တိုက်ခိုက်မှု၏ အန္တရာယ်အဆင့်သည် များစွာ ထပ်မံ လျော့ကျသွားခဲ့သည်။
လူတိုင်းသည် ပြင်းထန်စွာ လှုပ်ယမ်းနေသော သံဘူးတစ်ခုထဲတွင် ရှိနေသကဲ့သို့ ခံစားနေကြရသည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့သည် နေရာတိုင်းသို့ ဆွဲနေသည့် ရွေ့လျားမှုစွမ်းအင်ကို ခံစားခဲ့ကြရသည်။ သူတို့၏ အစာအိမ်အက်ဆစ်သည် အပေါ်သို့ တက်လာပြီး သူတို့၏ဦးနှောက်ရည်သည် တုန်ခါနေကာ သူတို့၏မျက်နှာများသည် ဖြူဖျော့နေသည်။ သူတို့၏မျက်စိသည် မှုန်ဝါးစပြုလာပြီး ပတ်ဝန်းကျင်နှင့် လူများသည် နှစ်ထပ်ဖြစ်လာသည်။
အာကာသယာဉ်များကို ဤမျှ နှစ်ပေါင်းများစွာ မောင်းနှင်ပြီးနောက် လေယာဉ်မှူးသည် သူ စတင်လေ့လာခဲ့သည့်အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ မူးဝေခြင်းသည် သူ အချိန်အကြာကြီး မတွေ့ဆုံရသေးသည့် သူငယ်ချင်းဟောင်းတစ်ဦးနှင့်တူသည်။ သူသည် သူ၏လေယာဉ်မှူးဆရာက သူ့ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဝှေ့ယမ်းနေသည်ကို မြင်ရသကဲ့သို့ပင်။
ဟန်ရှောင်းသည် သူ၏အာရုံကို လွှဲပြောင်းနိုင်သေးပြီး ပြောလိုက်သည်။ “ဟိုလေယာဉ်မှူး၊ လာပြီး လက်နက်ကို ထိန်းချုပ်ပေး။ ငါတို့ ဆက်ပြေးနေပြီး ပြန်မပစ်ဘူးဆိုရင် အချိန်မရွေး ငါတို့ အဆုံးသတ်သွားလိမ့်မယ်။ အခွင့်အရေးမြင်တာနဲ့ ပစ်”
လေယာဉ်မှူးသည် အမိန့်ကို အလျင်အမြန် လိုက်နာပြီး လက်နက်ထိန်းချုပ်ရေးထိုင်ခုံတွင် ထိုင်လိုက်သည်။ ဘလက်စတားနှင့် နှိုင်းယှဉ်ပါက သူ၏လေယာဉ်မောင်းနှင်မှုစွမ်းရည်သည် လုံးဝသာမန် ဖြစ်သွားခဲ့သည်။ အရင်က နာကြည်းမှုသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည် - သူသည် ယခုတွင် ဟန်ရှောင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ကိုသာ ကြောက်နေသည်။
“ငါပြောရင်ပစ် - ငါး၊ လေး၊ သုံး…”
ဟန်ရှောင်းသည် မျက်နှာပြင်ကို စိုက်ကြည့်လိုက်ပြီး ရှပ်ပြေးလေယာဉ်များ၏ ဖွဲ့စည်းမှုကို ဖျက်ဆီးမည့် နောက်ထပ် ဝဲပျံမှုတစ်ခုကို ပြုလုပ်လိုက်ပြီး ဖြောင့်တန်းစွာ ပျံတက်ရန် တစ်စက္ကန့်မျှ အခွင့်အရေးကို ဖန်တီးလိုက်သည်။
ဟူး!
တုန်ခါမှုသည် တစ်ဖန်ပြန်၍ ရောက်ရှိလာခဲ့သည်!
လူများသည် မျှော်လင့်ထားကြသော်လည်း သူတို့၏ခြေထောက်များသည် ပျော့သွားပြီး သူတို့သည် လဲကျလုနီးပါး ဖြစ်ခဲ့ကြသည်။
အာကာသယာဉ်သည် ‘U’ ပုံသဏ္ဍာန်ဖြင့် ပျံသန်းခဲ့သည်၊ မြေပြင်နှင့် နီးကပ်စွာမှ ရှပ်ပြေးလေယာဉ်တပ်၏ အပေါ်သို့ ပျံသန်းခဲ့ပြီး ဆန့်ကျင်ဘက်ဦးတည်ရာသို့ လျှောက်လှမ်းခဲ့သည်။
“ပစ်”
လေယာဉ်မှူးသည် ချက်ချင်း ပစ်ခတ်လိုက်သည်။ အမြောက်သည် ကောင်းကင်ကြိုးဝိုင်း အာကာသယာဉ်မှ ထွက်လာသည်။ ချိန်ရွယ်ရန် မလိုအပ်ပေ - ၎င်းသည် ဖွဲ့စည်းမှု၏ ထူထပ်သောအပိုင်းသို့ ပစ်ခတ်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း!
ရှေ့ဆုံးမှ ရှပ်ပြေးလေယာဉ်အနည်းငယ်ပေါ်တွင် အကာအကွယ်အလွှာများသည် လင်းလာပြီး သူတို့သည် ခဏတာ ရပ်တန့်ရန် အတင်းအကျပ် တွန်းအားပေးခံလိုက်ရသည်။ နောက်ကလိုက်လာသည့် တပ်သည် သူတို့ကို တန်းတန်းမတ်မတ် ဝင်တိုက်ခဲ့ပြီး ဒိုမီနီကဲ့သို့ ကွင်းဆက်တုံ့ပြန်မှုများကို ဖြစ်ပေါ်လာတော့သည်။ ရှေ့မှ တပ်တစ်ခုလုံးသည် ပရမ်းပတာ ဖြစ်သွားပြီး ကောင်းကင်ပေါ်တွင်ရှုပ်ထွေးကုန်၏။
ရှပ်ပြေးလေယာဉ်များသည် လွယ်လင့်တကူ မပျက်စီးနိုင်သောကြောင့် ပျက်တော့မကျခဲ့ပေ။
ဟန်ရှောင်းသည် ဤအနေအထားတွင် သုံးစက္ကန့်အောက်သာ နေခဲ့သည်။ တပ်သည် မချိန်ညှိနိုင်မီတွင် သူသည်ရုတ်တရတ် တစ်ဆစ်ချိုးကွေ့လိုက်ပြီး ဘေးဘက်သို့ ထွက်ပြေးသွားသည်။ ယာဥ်၏ရွေ့လျားမှုသည် ပိုးသားကဲ့သို့ ချောမွေ့နေသည်။
အခြားတစ်ဖက်တွင် လိုက်ဖမ်းနေသောတပ်သည် ပြန်လည်ချိန်ညှိရန် စက္ကန့်အနည်းငယ်ကြာသွား၏။ မည်သည့်ယာဉ်မျှ မပျက်ကျခဲ့သော်လည်း ဟန်ရှောင်းသည် သူတို့ကြားက အကွာအဝေးကို များစွာ ကွာခြားသွားစေသည်။
“တော်တော်ကောင်းတယ်” ဟန်ရှောင်းသည် ပြုံးလိုက်ပြီး လေယာဉ်မှူးကို လက်မထောင်ပြလိုက်သည်။
လေယာဉ်မှူးသည် သူ့ကို ပြုံးပြလိုက်သည်။ သူ၏သွားများကြားမှ အန်ဖတ်များ ထွက်ကျလာသည်။
ဤလှုပ်ရှားမှုအနည်းငယ်၏ အခက်အခဲသည် အလွန်မြင့်မားသည်။ သို့သော်လည်း သင်္ဘောပေါ်ရှိ မည်သူမျှ ထိတ်လန့်သွားသည့် လက္ခဏာကို မပြခဲ့ကြပေ။ သူတို့သည် အံ့အားသင့်ရန်ပင် အားအင်မရှိကြတော့ပေ - သူတို့၏ခြေထောက်များသည် တုန်ယင်နေပြီး သူတို့၏ခေါင်းများသည် ချာချာလည်နေ၏။
ဤလှုပ်ရှားမှုများသည် သူ၏အသင်းဖော်အားလုံး၏ ခံနိုင်ရည်လျော့ကျမှုကို အောင်အောင်မြင်မြင် ပေးစွမ်းသွားနိုင်သည်။
ဂိုအာသည် သူမ၏ပါးစပ်ကို ဖွင့်လိုက်ပြီး ချီးကျူးစကား အနည်းငယ်ပြောရန် အတင်းအကျပ် ကြိုးစားခဲ့သော်လည်း ချက်ချင်းပင် သူမ၏ပါးစပ်ကို ကာလိုက်သည်။ သူမ၏လည်ပင်းရှိ ကြွက်သားများသည် အပေါ်အောက် ရွေ့လျားသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထို့နောက်မှသာ သူမသည် လက်ကို ချရဲတော့သည်။
အေရိုရှီးယားသည် ဘယ်ညာယိမ်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ သူမသည် ထရပ်နိုင်ခြင်းမရှိပေ။ သူမသည် ဇဝေဇဝါဖြင့် မေးလိုက်သည် “ကျွန်မ ဘာဖြစ်နေတာလဲ”
ဟားလပ်စ်သည် ပြင်းထန်စွာ အသက်ရှူနေပြီး ရေမရှိသည့် ငါးတစ်ကောင်ကဲ့သို့ အသက်ရှူရပ်လုနီးပါး ဖြစ်နေသည်။ ပတ်ဝန်းကျင်ရှိ ကြေးစားစစ်သားအဖွဲ့များသည် တုန်ယင်နေကြသည်။ ကံကောင်းစွာဖြင့် ဟားလပ်စ်၏ခန္ဓာကိုယ်သည် လုံလောက်စွာ ခိုင်မာသောကြောင့် သူသည် ဆက်လက် ရပ်တည်နိုင်သေးသည်။ သူသည် လှည့်လိုက်ပြီး ကစားသမားများသည် အလွန်တည်ငြိမ်နေသည်ကို မြင်သောအခါ ထိတ်လန့်သွားခဲ့သည်။ “မင်းတို့ အဆင်ပြေရဲ့လား”
ကစားသမားများသည် ကောက်ကျစ်စွာ ပြုံးလိုက်ကြသည်။ ဟန်ရှောင်း အာကာသယာဉ်ကို တာဝန်ယူပြီး သုံးစက္ကန့်အကြာတွင် သူတို့သည် အန္တရာယ်ကို သဘောပေါက်လိုက်ပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများကို ၅ရာခိုင်နှုန်းသို့ ချက်ချင်း လျှော့ချခဲ့သည်။ ထို့ကြောင့် သူတို့၏ ဇာတ်ကောင်တွင် [ပြင်းထန်စွာ မူးဝေခြင်း] အခြေအနေ ရှိနေသော်လည်း သူတို့သည် အလွန်လန်းဆန်းနေဆဲပင်။
“ငါတို့ အချိန်နဲ့နေရာလှိုဏ်ခေါင်းထဲ ဝင်သွားတာလို့ ငါ ထင်ခဲ့တာ”
“ဒီလို လေယာဉ်မောင်းနှင်မှုစွမ်းရည်က လုံးဝ ထိတ်လန့်စရာပဲ”
“ငါ Fast and Furious ကို မြင်ဖူးတယ်၊ ဒါကတော့ fast and dizzy ပဲ”
[Fast and Furious - လျှင်မြန်မှုနှင့် ကြမ်းတမ်းမှု l fast and dizzy - လျှင်မြန်မှုနှင့်မူးဝေမှု]
ကစားသမားများသည် ဘာဖြစ်နေလဲဆိုတာကို ဆွေးနွေးရန် အားအင်ရှိနေသေးသည်။
လူတိုင်း၏ တုံ့ပြန်မှုများကို စဉ်းစားရန် အချိန်မရှိဘဲ ဟန်ရှောင်းသည် အစီအစဉ်ကို စတင်စဉ်းစားနေသည်။
“အာကာသယာဉ်ကို မောင်းနှင်နေရုံနဲ့ ငါတို့ နှစ်ရက် မခံနိုင်ဘူး။ အမှောင်ကြယ်တပ်က ဘာမှ မပြောင်းလဲဘဲ မနေဘူး။ သူတို့က ရှပ်ပ်ပြေးလေယာဉ်တပ်က ငါတို့ကို မလိုက်နိုင်ဘူးဆိုတာ သဘောပေါက်သွားရင် ပိုပြီး ကြမ်းတမ်းတဲ့နည်းလမ်းတွေ သေချာပေါက် သုံးလာလိမ့်မယ်။ ငါရှပ်ပ်ပြေးလေယာဉ်တပ်နဲ့ နှစ်နာရီလောက်ပဲ ကစားနိုင်မှာ။ အဲဒီနောက်ပိုင်းမှာ အန္တရာယ်အဆင့်က တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာလိမ့်မယ်”
သူသည် ရှေ့အတွက် ကြိုတင်စီစဉ်နေသည်။ မည်သို့ပင်ဆိုစေ နှစ်ရက်ကြာ အချိန်ဆွဲခြင်းသည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
အခြားသူများသည် အမှောင်ကြယ်၏ရည်ရွယ်ချက်ကို မသိကြပေ။ ဟန်ရှောင်းသာ သိရှိသည်။ အမှောင်ကြယ်သည် လျှို့ဝှက်ပုတီးစေ့အတွက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အမှောင်ကြယ်သည် လူတစ်ဦးကိုပင် လျစ်လျူရှုလိုစိတ်မရှိပေ။
အစီအစဉ်အချို့သည် သူ၏ခေါင်းထဲတွင် လင်းလက်သွားပြီးနောက် ဟန်ရှောင်းသည် “ဒီလိုမျိုကး အလုပ်မဖြစ်ဘူး။ ငါတို့ မြေပြင်ပေါ်မှာ ဆက်မနေနိုင်ဘူး။ ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်…”
သူ ဤသို့ပြောလိုက်သည်နှင့် လူတိုင်း၏မျက်နှာပေါ်ရှိ အမူအရာသည် သေဒဏ်ပေးခံရမည့် အကျဉ်းသားတစ်ဦးကဲ့သို့ လန့်ဖျပ်သွားကြသည်။
“မင်း… မင်းပြောတဲ့အတိုင်းပဲ။ ငါတို့ မင်းကို ယုံတယ်” ဂိုအာက ပြောလိုက်သည်။
၎င်းသည် အားပေးစကားဖြစ်နေသော်လည်း ၎င်းတွင် ပျော်ရွှင်မှု၏အသံ လုံးဝမရှိပေ။ ယင်းအစား သူမ၏အသံသည် အနည်းငယ် တုန်ယင်နေသည်။
…
အမှောင်ကြယ်မိခင်သင်္ဘော၏ ကွပ်ကဲမှုခန်းမတွင် ရှပ်ပြေးလေယာဉ်များမှ ရုပ်ပုံများ ပေါ်လာသည်။ ကပ္ပတိန် ဆာရိုတာသည် သူ၏လက်များကို နောက်ကျောတွင် ထားလျက် ကြည့်နေသည်။
တိုက်ပွဲစတင်ပြီး ဆယ်မိနစ်ကြာသွားခဲ့ပြီ။ ဓါးသွားများနှင့် ခရမ်းရောင်ရွှေတို့၏ အာကာသယာဉ်များသည် ရှင်းရှင်းလင်းလင်း ရုန်းကန်နေကြသည် - ဟန်ရှောင်းတစ်ဦးသာ အနည်းငယ် ပိုကောင်းစွာ လုပ်ဆောင်နေသည်။ ၎င်းသည် ဆာရိုတာ၏အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။ သူသည် မျက်နှာပြင်ကို လက်ညှိုးထိုးပြပြီး “ဒီအာကာသယာဉ်က ဘယ်ကြေးစားစစ်သားအဖွဲ့ကလဲ” ဟု မေးလိုက်သည်။
“ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့ပါ”
ဆာရိုတာသည် ခေါင်းငြိမ့်လိုက်ပြီး “သူတို့မှာ တော်တော်ကောင်းတဲ့ လေယာဉ်မှူးတစ်ယောက် ရှိပါလား။ ငါတို့ အချိန်ပိုယူဖို့ လိုပုံရတယ်။ ဒါနဲ့ ဘလက်စတားက ကောင်းကင်ကြိုးဝိုင်း သင်္ဘောပေါ်မှာ ရှိနေတယ်မဟုတ်လား”
နောက်ဆုံးမေးခွန်းသည် ခန်းမ၏ထောင့်သို့ ဦးတည်သည်။
ထောင့်တွင် အမ်ဘာသည် အေးစက်ပြီး လျစ်လျူရှုသော မျက်နှာဖြင့် နံရံကို မှီနေသည်။ သူသည် ဟန်ရှောင်း၏နာမည်ကို ကြားသောအခါ သူ၏မျက်လုံးများသည် အနည်းငယ် လှုပ်ခတ်သွား၏။ သူသည် သူ၏နောက်ဆုံးရှုံးနိမ့်မှုကြောင့် ဟန်ရှောင်းကို အလွန်အမင်း အထင်ကြီးထားသည်။
အွန်း!
ဤအချိန်တွင် အသိပေးစက်မှ ရုတ်တရက် အသံထွက်လာသည်။
“ကပ္ပတိန်၊ အာကာသလှိုင်းကို ထောက်လှမ်းမိတယ်။ ဒီဘက်ကို တပ်တွေ ခုန်ကူးလာနေတယ်”
ဆာရိုတာသည် လုံးဝ မအံ့ဩခဲ့ပေ။ သူသည် ထောက်လှမ်းရေးပုံရိပ်ကို ဆွဲတင်လိုက်သည်။ ကြီးမားသော စစ်သင်္ဘောတပ်နှစ်ခုသည် မိခင်သင်္ဘော၏ ဘေးနှစ်ဖက်မှ ဝေးကွာသောနေရာမှ ဤဘက်ဆီသို့ ခုန်ကူးနေသည်ကို ပြသနေသည်။ တပ်နှစ်ခုစလုံးသည် အစောင့်အရှောက်အဖွဲ့စည်းပုံတွင် ရှိနေသည်။ အမှောင်ကြယ်သည် အလယ်တွင် ရှိနေ၏။
တပ်နှစ်ခုသည် မြင့်မြတ်ကျောက်တုံး လူမှုအဖွဲ့အစည်းနှင့် မဟူရာကျီးနက် လူမှုအဖွဲ့အစည်းတို့၏ နယ်ခြားစောင့်တပ်ဖြစ်သည်။ သူတို့၏ စစ်သင်္ဘောများ၏ပုံစံသည် အလွန်ကွဲပြားသည် - တစ်ဖက်သည် စက်ဝိုင်းခြမ်းပုံစံနှင့် ထူထဲပြီး အခြားတစ်ဖက်သည် လျှောစီးပုံစံနှင့် ပါးလွှာသည်။ သတ္တုခံတပ်များသည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်။
အမှောင်ကြယ်မိခင်သင်္ဘော ပေါ်လာသည်နှင့် ၎င်းကို နယ်ခြားစောင့်တပ်မှ သတိပြုမိခဲ့သည်။ မြင့်မြတ်ကျောက်တုံးနှင့် မဟူရာကျီးနက်တို့သည် ကွင်းဆင်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် တပ်စုတစ်စုကို ချက်ချင်းစေလွှတ်လိုက်သည်။ သူတို့သည် အမှောင်ကြယ်ကို မြင်သောအခါ ချက်ချင်း မလှုပ်ရှားပေ။ ယင်းအစား သူတို့သည် တည်ငြိမ်စွာ နေခဲ့ပြီး ဝေးကွာသောနေရာမှ ကြည့်ရှုနေ၏။
“ဘာလုပ်ဖို့ လိုအပ်လဲ” လက်ထောက်တစ်ဦးက မေးလိုက်သည်။
“စာပို့လိုက်။ ငါတို့က ငါတို့ရဲ့အလုပ်ကို ဖြေရှင်းဖို့ ဒီကို ဖြတ်သွားတာဖြစ်ပြီး မကြာခင် ထွက်သွားတော့မယ်လို့ သူတို့ကို ပြောလိုက်။ သူတို့ ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး” ဆာရိုတာသည် အရာရာသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ လုံးဝ မစိုးရိမ်ဘဲ ပြောလိုက်သည်။
စာစဉ် (၂၇)၊ အခန်း (၃၉၄) ပြီး၏။
လင်းဆက်
+++++