← Chapters

ငရဲဘုရင်  

Vol. 161 Ch. 2282

ငရဲဘုရင်  

Vol. 161 Ch. 2282

ရန်ဟောင်ချန်းက ထွက်ပေါ်လာသည့် ကျင့်ကြံသူများကို အာရုံစိုက်နေကာ ထိုအချိန်၌ သူတို့ထဲမှ တစ်ယောက်က ရှေ့သို့ ခြေလှမ်းလာသည်။ ထိုလူထံမှ ထွက်ပေါ်လာသော အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှပြီး သူသည်လည်း နတ်ဘုရားကပ်ဘေးအဆင့်မှ တည်ရှိမှုတစ်ခု ဖြစ်သည်။ သူနှင့်အတူ ပါလာသော အခြားကျင့်ကြံသူများသည်လည်း တူညီစွာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ထိုလူများက မှော်နက်လောကမှ လူများ ဖြစ်ကြသည်။

သူတို့သည် ရီဖူရှင်းနှင့် သူ့အဖွဲ့ကို သတိထားမိကြသည်။ သူတို့အားလုံးသည် မူလဘုံမှ ထိပ်သီးအဆင့်ကျင့်ကြံသူများဖြစ်ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်အား တိုက်ခိုက်သည့် တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ မူလဘုံမှ နောက်ပိုင်း မျိုးဆက်များသည် တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးခြင်း မရှိကြသော်လည်း သူတို့သည် ရီဖူရှင်းနှင့် ကြယ်ကမ္ဘာအကြောင်း ကြားဖူးကြသည်။

"မှော်နက်စစ်တပ်က ကျင့်ကြံသူတွေ။" ရီဖူရှင်းက ရေရွတ်လိုက်သည်။ ယခု ရောက်လာသည့် ထိုအစွမ်းထက်ကျင့်ကြံသူများက မှော်နက်စစ်တပ်မှ ဖြစ်လေသည်။

ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်ကဲ့သို့ပင် မှော်နက်စစ်တပ်သည် မှော်နက်လောကကို အုပ်စိုးသည်။ ၎င်းတွင် မှန်းဆ၍မရနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး အစွမ်းထက်ကျင့်ကြံသူ မရေတွက်နိုင်အောင် ရှိပေသည်။

ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ကိုက်ချုံသည် ကောင်းကင်ဒေသ၏ နတ်စစ်သူကြီးများထဲမှ တစ်ယောက် ဖြစ်သည်။ ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်တွင် ထိုအဆင့်ရှိ  အစွမ်းထက်ပုဂ္ဂိုလ်များက လစ်လပ်ခြင်းမရှိဘဲ မှော်နက်စစ်တပ်သည်လည်း ခြွင်းချက် မဟုတ်ပေ။ ယခု ရောက်ရှိလာခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်သည် မှော်နက်စစ်တပ်၏ ပလ္လင်ရှစ်ခုမှ တစ်ခုကို ပိုင်စိုးသော အဆင့်မြင့်တည်ရှိမှု အဆင့်ထိ နီးကပ်သော ထိပ်သီးအဆင့်မှ ငရဲဘုရင် ကိုယ်တိုင်ပင် ​ဖြစ်သည်။

ယခုတစ်ကြိမ်၌ ငရဲဘုရင် ကိုယ်တိုင် လာရောက်ရသည့် အကြောင်းရင်းမှာ အနက်ရောင်ဝတ် ထိုလူငယ်နှင့် ထူးခြားသော ပတ်သတ်မှု ရှိနေသောကြောင့် ဖြစ်ပေသည်။ သူသည် ထိုလူငယ်နှင့် တူညီသော သွေးမျိုးဆက်မှ လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သူက မှော်နက်လောကသို့ ဝင်ရောက်ကျင့်ကြံပြီးနောက် ပလ္လင်ပေါ်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။

ကျင့်ကြံခြင်းလောကတွင် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်သည့် တစ်စုံတစ်ယောက်ကို အထွတ်အထိပ် ကျင်ကြံသူဟု သတ်မှတ်နိုင်သည်။ စီဝေ့ကြယ်ကမ္ဘာတွင် ယခင် နန်းတော်သခင်အပြင် ရန်ဟောင်ချန်းသာလျှင် နတ်ဘုရားကပ်ဘေးအဆင့်မှ ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။

ရီဖူရှင်း တုန်းဟွာနယ်မြေတွင် ကျင့်ကြံခဲ့စဥ်က အင်ပါယာရှီမတိုင်ခင် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ဖြတ်ကျော်နိုင်ခဲ့သူက တုန်းဟွာနယ်မြေသခင်တစ်ယောက်တည်းသာ ရှိသည်ဟု ဆိုပေသည်။ ထို့ပြင် နယ်မြေသခင်အိမ်တော်မှ နယ်မြေသခင်သည် လိုအပ်ပါက မဟာအင်ပါယာ၏ ကိုယ်စား အုပ်ချုပ်မှု ပြုနိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကပ်ဘေးအဆင့်မှ ကျင့်ကြံသူများက မြင့်မားသော လေးစားမှုကို ရရှိကြသည်။

နတ်ဘုရားကပ်ဘေးအဆင့်မှ အစွမ်းထက် တည်ရှိမှုက ထိုအနက်ရောင်ဝတ်လူငယ်လေးကို အကာအကွယ်ပေးရန် ဆန္ဒရှိနေခြင်းမှာ ထိုလူငယ်၏ နောက်ခံကို မေးခွန်းထုတ်စရာ ဖြစ်စေသည်။ သူက စွမ်းအားကြီးမားသည့် အင်အားစုတစ်ခု လာကြောင်း မှန်းဆရန် မခက်ခဲပေ။ ၎င်းသည် ရီဖူရှင်းနှင့် အခြားသူများကြား၌ တူညီသော အတွေး ဖြစ်လာစေသည်။

အမှန်တွင် အနက်ရောင်ဝတ်လူငယ်က မှော်နက်လောကအတွင်း ထိပ်သီးအင်အားစုများထဲမှ တစ်ခုဖြစ်ပြီး အဆုံးမဲ့နယ်​မြေကို အုပ်စိုးသည့် ငရဲကလန်မှ ဖြစ်ပေသည်။ ဒဏ္ဍာရီများအရ ရှေးခေတ်အခါမှ နတ်ဘုရားကဲ့သို့ ကျင့်ကြံသူများ ရှိသော ကလန်များမှ မျိုးဆက်များသည် ယနေ့ထိတိုင် သူတို့၏ အမွေအနှစ်များကို အမွေဆက်ခံလာခဲ့ကြသည်ဟု ဆိုပေသည်။ သို့သော် သူတို့၏ ခွန်အားနက်ရှိုင်းမှုအစစ်အမှန်က သိမ်မွေ့နက်နဲလှပေသည်။

ငရဲကလန်သည် မှော်နက်လောကအတွက် များပြားလှသည့် ထူးချွန်သော ပုဂ္ဂိုလ်များကို မွေးထုတ်ပေးခဲ့သည်။ သူတို့ကြားတွင် ငရဲဘုရင်က အားအကောင်းဆုံး ဖြစ်လေသည်။ သူက ငရဲပလ္လင်၏ အရှင်သခင် ငရဲဘုရင်ဟု အမည်တွင်သည်။

တိတိကျကျ ပြောရလျှင် ငရဲဘုရင်သည် လက်ရှိ ငရဲကလန်ခေါင်းဆောင်၏ ဂျူနီယာညီလေး ဖြစ်သည်။ ထို့ကြောင့် အနက်ရောင်ဝတ်လူငယ်လေးက သူ့ကို 'ဆရာဦးလေး' ဟု ခေါ်သင့်ပေသည်။

သို့ဆိုလျှင် မှော်နက်လောက၌ အနက်ရောင်ဝတ် လူငယ်လေး၏ အဆင့်အတန်းကို မှန်းဆရန် မခက်ခဲတော့ပေ။ ထို့ကြောင့်ပင် သူသည် မူလဘုံသို့ ရောက်လာသောအခါ သူ၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အခြားသူများကို ဂရုမစိုက်ဘဲ မဆင်မခြင် လှုပ်ရှားပြုမူခဲ့သည်။

ငရဲဘုရင်၏ မျက်လုံးများက အရေးမစိုက်ဟန်နှင့် အေးစက်သည့် စွမ်းအားများက ဤလေဟာနယ်အတွင်း လွှမ်းခြုံသွားသည်။ သူက မှော်နက်စစ်တပ်၏ ဘုရင်ရှစ်ပါးကြားတွင် ထိပ်သီးသုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ဘုရင်ရှစ်ပါးကြားတွင်  ထိပ်သီးကျင့်ကြံသူနှစ်ယောက်ကို ထပ်ပေါင်းပြီး ဘုရင်ရှစ်ပါးအထက်တွင် အစွမ်းထက်သည့် တည်ရှိမှုလည်း ရှိကာ ထိုမိစ္ဆာအိုကြီးက အမှောင်ထဲတွင် ပုန်းကွယ်နေ၏။ သူ၏ အဆင့်အတန်းသည် အစွမ်းထက်ကျင့်ကြံသူအားလုံး၏ အထွတ်အထိပ်တွင် တည်ရှိနေသည်ဟု သတ်မှတ်နိုင်သည်။

ဤတစ်ကြိမ်၌ သူတို့ မူလဘုံသို့ ဝင်ရောက်လာခြင်းမှာ ထိုသူ၏ ကြီးကြပ်ပေးမှုနှင့် ဖြစ်ပေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၌ နောက်ဆုံး တိုက်ပွဲကို မြင်တွေ့ခဲ့ကြပြီး မှော်နက်လောကမှ နတ်ဘုရားကပ်ဘေး ဒုတိယအဆင့် ကျော်ဖြတ်နိုင်ပြီးသော ကျင့်ကြံသူအား စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အပြင်ဘက်တွင် သူသည် မူလဘုံအတွင်းမှ မှော်နက်လောက၏ ကျင့်ကြံသူအားလုံးကို အမိန့်ပေးကာ ပြင်ဆင်ခဲ့ပုံပေါ်သည်။

"ဆရာဦးလေး။" အနက်ရောင်ဝတ် လူငယ်လေးက ငရဲဘုရင်အား ခေါ်လိုက်သည့် ခေါ်သံကို ကြားလိုက်သည့်အခါ ရီဖူရှင်း၏ မျက်လုံးများက ထက်ရှလာသည်။ သူ့မျက်လုံးများက ငရဲဘုရင်နှင့် အနက်ရောင်လူငယ်လေးထံ ကျရောက်သွားသည်။

ဤလူငယ်က မှော်နက်စစ်တပ်နှင့် တိုက်ရိုက်ပတ်သတ်မှု ရှိနေသည်လား။

သူက မည်သည့် အထိန်းအကွပ်မှ မရှိဘဲ သတ်ဖြတ်ချင်နေသည်မှာ အံ့သြစရာမရှိတော့ပေ။

ငရဲဘုရင်က ခေါင်းညိတ်လိုက်သော်လည်း သူ့မျက်နှာက မှောင်မည်းနေသည်။ သူ၏ မျက်လုံးများက ရီဖူရှင်းနှင့် အခြားလူများထံ အေးစက်စွာ ကျဆရာက့သွားပြီး သူ၏ နှလုံးသားထဲ၌ အားကောင်းသန်မာသော သတ်ဖြတ်လိုခြင်းများ ကြီးစိုးနေခဲ့သည်။ သို့သော် သူက အနည်းငယ် စိုးရိမ်နေသည့်အတွက် ရီဖူရှင်းကို ရဲတင်းစွာ မတိုက်ခိုက်ရဲသေးပေ။

အဆုံးမှာတော့ ထိုတိုက်ပွဲ၏ မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ ဤဘုံသို့ ရောက်လာခဲ့သော ဆရာသခင်သည် မဟာအင်ပါယာအဆင့်မှလူ ဖြစ်နိုင်ပြီး သူတို့သည် ထိုအဆင့်မှ တစ်စုံတစ်ယောက်ကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။ ထိုက်ချူတော်ဝင်မြေမှ သူတော်စင်အင်ပါယာကဲ့သို့ သူမျိုးက မည်သို့သော အဆင့်မျိုးဖြစ်ပါသနည်း။

မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည့် ထိပ်သီးပုဂ္ဂိုလ်များသည် မှော်နက်လောကမှ ငရဲကလန်၏ ကလန်ခေါင်းဆောင် ဖြစ်သည့် သူ့အစ်ကိုနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။ ကောင်းကင်ဒေသအပြင် လောကတစ်ခွင်လုံး၌ပင် ထိပ်သီးပုဂ္ဂိုလ်များအားလုံးတွင် ထိုသို့သော ပုဂ္ဂိုလ်မျိုးက အထွတ်အထိပ်တွင် ရပ်တည်နိုင်သည်။

ဤအဆင့်မှ ပုဂ္ဂိုလ်တစ်ယောက်သည် နေရာ၌ပင် အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ပြိုင်ဘက်က ထောက်ထားညှာတာမှုသာ မလုပ်ခဲ့လျှင် သူက အကြီးအကျယ် အရှက်ရစွာဖြင့် အသတ်ခံလိုက်ရပေလိမ့်မည်။

ယခု ရီဖူရှင်းသည် မူလဘုံ၏ နယ်မြေများအတွင်း ရန်စ၍ မဖြစ်နိုင်သော လူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် သူ့ကို မထိလျှင် အကောင်းဆုံး ဖြစ်သည်။ ရီဖူရှင်းထံ၌ တစ်ခုခု ဖြစ်ပွားခဲ့လျှင် ထိုအထွတ်အထိပ်အဆင့်မှ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးအား ဒေါသထွက်သွားစေလိမ့်မည် ဖြစ်ပြီး သူတို့က မူလဘုံ၌ ဆက်နေထိုင်နိုင်စွမ်း ရှိလိမ့်တော့မည် မဟုတ်ပေ။

"ဒီပြဿနာကို ဖြေရှင်းဖို့ ကျုပ် သူ့ကို ခေါ်သွားမယ်။ မင်း ဘာပြောမလဲ။" ငရဲဘုရင်က ရီဖူရှင်းကို ကြည့်ကာ အကြံပေးလိုက်သည်။ သူ၏ အဖွဲ့က အနည်းငယ် အင်အား ပိုကောင်းသော်လည်း ရီဖူရှင်းကို လက်လွတ်စပယ် မထိရဲကြပေ။

ထိုအချိန်တွင် အင်ပါယာဘုံမှ ကျင့်ကြံသူများက တည်ငြိမ်သည့် အခြေအနေကို ရရှိရန် အပြန်အလှန် နားလည်မှုနှင့် တစ်ယောက်ပြီး တစ်ယောက် သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်။ ဆရာသခင်က အမှန်တကယ်ပင် ပုန်းကွယ်နေခဲ့သော မဟာအင်ပါယာအဆင့်မှ လူဖြစ်ခဲ့ပါက မည်သည့် ရန်စမှုမျိုးမဆို မမြင်နိုင်သော အကျိုးဆက်ကို ရရှိလိမ့်မည် ဖြစ်ကာ သူသည်ပင် တာဝန်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ငရဲဘုရင်သည်ပင် စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

"ဆရာဦးလေး။" အနက်ရောင်ဝတ် လူငယ်လေးက ငရဲဘုရင်ကို မေးခွန်းထုတ်သလို ကြည့်လိုက်သည်။ သူတို့က သူ့ကို လွှတ်ပေးလိုက်ရမည်လား။

သူတို့ထဲမှ နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သော အစွမ်းထက် တည်ရှိမှုသည်ပင် မဟာလမ်းစဥ်နတ်ဝင်ရိုးကို ဆုံးရှုံးခဲ့ရသည်။ ငရဲဘုရင်နှင့် အခြားကျင့်ကြံသူများသာ အချိန်မီမရောက်လာခဲ့လျှင် ရီဖူရှင်းနှင့် အခြားလူများသည် သူတို့ကို နေရာ၌ပင့ သတ်ဖြတ် ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။ သို့သော် ယခု သူတို့က သက်ညှာပေးလိုက်ရမည်လား။

ဤပြဿနာတစ်ခုလုံးကို လက်လွှတ်ပေးလိုက်ရမည်လား။

သူက ထိုတိုက်ပွဲအကြောင်းကြားဖူးလျှင်ပင် မဟာအင်ပါယာအဆင့်မှ တစ်စုံတစ်ယောက်က အမှန်တကယ် ရှိနိုင်သည်လား။

မဟာအင်ပါယာအဆင့်မှ တစ်စုံတစ်ယောက်က အမှန်တကယ် ဝင်ရောက်စွက်ဖက်လျှင်ပင် မှော်နက်စစ်တပ်မှ အရှင်သခင်သည်လည်း လူကိုယ်တိုင်လာရောက်သည် မဟုတ်ပါလား။

သိသာစွာပင် ငရဲကလန်၌ ကျင့်ကြံရုံမျှ ကျင့်ကြံနေသည့် တစ်စုံတစ်ယောက် အနေနှင့် သူသည် ငရဲဘုရင်ကဲ့သို့ အာရုံစိုက်စရာများများစားစား မရှိပေ။ အဆုံးမှာတော့ သူတို့၏ တာဝန်ယူမှုများက မတူညီကြဘဲ ငရဲဘုရင်က အခြေအနေ အားလုံးအတွက် တာဝန်ရှိပေသည်။

သို့သော် ရီဖူရှင်းသည် ငရဲဘုရင်က ထိုလူငယ်လေးအား ခေါ်ဆောင်သွားရန် လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သူ၏ မျက်လုံးများထဲ၌ ဂရုမစိုက်ခြင်းတို့ ရှိနေခဲ့သည်။ ထိုလူက အန္တရာယ်များလှပြီး မူလဘုံ၌ စိတ်တိုင်းကျ သတ်ဖြတ်ကာ လူအများအပြားကို အသက်ဆုံးရှုံးစေ၍ လောကငရဲအဖြစ် ပြောင်းလဲခဲ့သည်။ သူက ထိုသူကို မည်ကဲ့သို့ အသာတကြည် လွှတ်ပေးနိုင်ပါမည်နည်း။

"ခင်ဗျား သူ့ကို ထားခဲ့နိုင်လား။" ရီဖူရှင်းက အနက်ရောင်ဝတ် လူငယ်ကို ညွှန်ပြကာ ပြန်ပြောလိုက်သည်။ သူသည် မှော်နက်လောကမှ ကျင့်ကြံသူများက သူ့ကို မဆန့်ကျင်ချင်ကြသည်ကို သတိပြုမိသည့်အတွက် သူက ထို​လူငယ်အား သူနှင့်အတူ ထားခဲ့ရန် ပြောလိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သွေးကြွေးက ပြန်ဆပ်ရပေလိမ့်မည်။

ငရဲဘုရင်၏ နက်မှောင်သော မျက်လုံးများက ရီဖူရှင်းကို ကြည့်လိုက်ပြီး အစွမ်းထက်ကာ ဖိနှိပ်ချုပ်ချယ်နိုင်သော စွမ်းအားက သူ့ကို ဖိနှိပ်လာသည်။ သူသည် ရီဖူရှင်းကို မျက်နှာသာ အများကြီး ပေးထားပြီးသားဟု တွေးထားခဲ့သည်။ ငရဲဘုရင်အနေနှင့် သူသည် ဤကိစ္စကို ဆက်မလိုက်တော့ဘဲ သူ့လူများကိုသာ ခေါ်ဆောင်သွားပြီး ထိုကိစ္စများအား အဆုံးသတ်ပေးရန် ဆန္ဒရှိခဲ့သည်။

သို့သော် ရီဖူရှင်းက သူ့ကို မျက်နှာသာပေးရန် ငြင်းဆန်ခဲ့ပြီး လူငယ်လေးကိုပင် လက်လွှဲပေးရန်ပင် ပြောခဲ့သည်။

ရန်ဟောင်ချန်း၏ ပုံရိပ်က ရီဖူရှင်း၏ ရှေ့တွင် ထွက်ပေါ်လာကာ သူ့လက်ထဲမှ တောင်ဝှေးက တောက်ပသည့် အလင်းတို့ ဖုံးလွှမ်းနေပြီး ကြယ်နတ်အလင်းတန်းများကို ထုတ့လွှတ်လိုက်သည်။ အစွမ်းထက် ဖိအားတစ်ခုက ငရဲဘုရင်ထံသို့ ရောက်ရှိလာပြီး သူသည် ငရဲဘုရင်၏ ခွန်အားက အနက်ရောင်ဝတ်လူ အထက်၌ ရှိသည်ကို ခပ်ရေးရေး ခံစားမိနိုင်ပေသည်။ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့လျှင်သူတို့အတွက် အကျိုးမရှိနိုင်ပေ။ သူတို့သည် ထိုလူများကို ထိန်းထားချင်သော်လည်း ၎င်းက ခက်ခဲပေလိမ့်မည်။

All Chapters