← Chapters

သခင်လေးသုံးအား အနိုင်ယူခြင်း

Vol. 138 Ch. 1778

သခင်လေးသုံးအား အနိုင်ယူခြင်း

Vol. 138 Ch. 1778

“အနန္တအဘိုးအို၊ ခင်ဗျား မေ့နေပြီလား… ကျုပ်တို့ ခြောက်လကြာအောင် တိုက်ခိုက်ခဲ့ကြတာတောင် ခင်ဗျား ကျုပ်ကို ဖရိုဖရဲမြစ်ထဲ မပို့နိုင်ခဲ့ဘူးလေ”

ချင်မူ ကြာပလ္လင်ပေါ်တွင် ရပ်လျက် ထိုက်ယီတာအိုကို အသက်သွင်းကာ ပုဆိန်အား ဆင့်ခေါ်လိုက်သည်။ သူက လောကသစ်ပင်အသေးစားအား ပုဆိန်တစ်ချက်ဖြင့် တွန်းထုတ်လိုက်သည်။ “ခင်ဗျား အစွမ်းကုန် ထုတ်သုံးတာတောင် ပို့နိုင်ခဲ့လို့လား … သစ်ကိုင်းတစ်ခက်လောက်နဲ့ ဘာလုပ်နိုင်မှာလဲ”

ဟွမ်ထန်းက အားကုန်ထုတ်၍ တိုက်ခိုက်လာရာ လောကသစ်ပင်အသေးစား၏ စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။ သစ်ရွက်များသည် အထပ်သုံးဆယ့်ခြောက်ထပ်ရှိ ကောင်းကင်ဘုံများအား ဖော်ဆောင်လိုက်ချေပြီ။ သစ်ပင်သည် မရေမတွက်နိုင်သော ကောင်းကင်ဘုံများဖြင့် ရစ်သိုင်းထားသကဲ့သို့ ဖြစ်လာ၏။ ၎င်းက ချင်မူ့အပေါ် ပိကျလာသည်။

ပုဆိန်အလင်းတန်းက လောကသစ်ပင်ကို ဝင်တိုက်၍ ကောင်းကင်ဘုံတစ်ထပ်ပြီးတစ်ထပ် ဖြတ်တောက်သွားကာ သစ်ပင်၏ ပင်မပင်စည်အပေါ်သို့ ပိုင်းချလိုက်သည်။

နှစ်ဖက်စလုံးမှ စွမ်းအားများ ဖြာဆင်းသွားသည်။ ချင်မူ၏ ခြေထောက်အောက်ရှိ အဆုံးသတ်မြို့ပျက်ကြာပလ္လင်လည်း လည်ထွက်သွားကာ မြစ်ပြင်တစ်လျှောက် ဘေးတိုက်လျှပ်ပြေးသွားသည်။ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ဖရိုဖရဲမြစ်တစ်စင်းမှ နောက်တစ်စင်းသို့ လျှပ်တိုက်လွင့်ထွက်သွားလေသည်။

ဟွမ်ထန်းက လေကဲ့သို့ လျင်မြန်စွာ ပြေးလွှားရင်း အဆက်မပြတ် လိုက်တိုက်ခိုက်နေသောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဦးစလုံး မြစ်များစွာ ဖြတ်ကျော်သွားကြသည်။

ရုတ်တရက် ဖြောင်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး လောကသစ်ပင်အသေးစား၏ သစ်ပင်ထိပ်ဖျားသည် အပြားလိုက် လွင့်ထွက်သွား၏။ ချင်မူ၏ ထိုက်ယီသစ်ပင်ခုတ်သိုင်းကွက်ဖြင့် ခုတ်ဖြတ်ခံလိုက်ရခြင်းပင်။

ဟွမ်ထန်းက လက်ကျန်ပင်စည်ကို ဝှေ့ယမ်းကာ ချင်မူ၏ ဦးခေါင်းအ‌ပေါ် ရိုက်ချသည်။ ဤအခိုက်အတန့်တွင် ချင်မူ၏ လက်ထဲရှိ ထိုက်ယီပုဆိန်က ပျောက်ကွယ်သွားပြီး ဓားအလင်းတန်းတစ်ခု အစားထိုးဝင်ရောက်လာသည်။ ဓားချက်သည် ဟွမ်ထန်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်သွား၏။

ကပ်ဘေးခွင်းဓားကွက်

ဘုန်း…

နှစ်ဖက်စလုံး၏ တိုက်ကွက်များ အောင်မြင်သွားကြသည်။ ချင်မူလည်း ရိုက်ခတ်ခံလိုက်ရသဖြင့် အဆုံးသတ်မြို့ပျက်ကြာပလ္လင်မှာ ဖရိုဖရဲမြစ်ထဲသို့ နစ်မြုပ်သွားသည်။ သူ့မှာ မြစ်ပြင်တစ်လျှောက် လွင့်ထွက်သွားချေပြီ။

ဟွမ်ထန်းမှာမူ မြစ်ပြင်အား လျှပ်တိုက်ထိ၍ လွင့်သွားသောကြောင့် ကျောရှိ အသွေးအသားများ မဟာပျက်စီးခြင်းကပ်ဘေး၏ တိုက်စားခြင်းကို ခံလိုက်ရသည်။ မကြာမီ သူ့တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်သွားတော့သည်။

ချင်မူမှာ ဆယ်စင်းမြောက် ဖရိုဖရဲမြစ်ဆီ ရောက်သည့်အခါ ဟန်ချက်ထိန်းနိုင်လိုက်သည်။ ထိုစဉ် မျက်စိရှေ့တွင် ဝေဝါးသွားပြီး ဟယ့်ဟွမ်ခန်းမသခင် ရောက်လာသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်သည် သူ လောကသစ်ပင်နှင့် အပြင်းအထန် ရင်ဆိုင်ခဲ့ရသဖြင့် အားအင်ကုန်ခမ်းနေသည့်အချိန်ပင်။

“သခင်လေးခုနစ်၊ ကိုယ့်လမ်းကိုယ် သွားတော့”

ဟယ့်ဟွမ်ခန်းမသခင်၏ မျက်ခုံးနှစ်ဖက်ကြားက ကွဲအက်သွားပြီး ခရမ်းရောင်အလင်းများ သိပ်သည်းစုဝေးလာသည်။ ခရမ်းရောင်အလင်းထဲတွင် ခမ်းနားထည်ဝါသော ရတနာခန်းမတစ်ခုကို ခပ်ရေးရေး မြင်နိုင်သည်။

ထိုရတနာခန်းမသည် သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ရှိနေသည်နှင့် မတူဘဲ ၁၆ စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်ထဲတွင် ရှိနေသယောင်ပင်။

ဘုန်း…

ခန်းမတံခါးက ကျယ်လောင်စွာ ပွင့်ထွက်သွားပြီး ဧရာမလူရိပ်တစ်ခု ထိုခန်းမထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ကိုယ်ခန္ဓာသည် မလှုပ်ရှားသော်လည်း လက်ဝါးတစ်ချက်ဖြင့် တွန်းထုတ်လိုက်ချေပြီ။

ဟယ့်ဟွမ်ခန်းမသခင်မ ဖမ်းဆုပ်လိုက်သည့် အခွင့်အရေးကား အတိအကျ အမိအရပင်။ ချင်မူ ဖုန့်ဟွမ်ခန်းမသခင်၊ ဟွမ်ထန်းနှင့် လောကသစ်ပင်အသေးစားတို့ကို ဆက်တိုက်ဖြိုခွင်းပြီးနောက် အားနည်းနေသည့်အချိန်ကို အခွင့်ကောင်းယူကာ သခင်လေးသုံး၏ ကောင်းကင်နတ်သိုင်းအား ထုတ်သုံးပေတော့မည်။

သို့သော် ဤကောင်းကင်နတ်သိုင်းသည် အစစ်အမှန်ကောင်းကင်နတ်သိုင်း မဟုတ်။ ၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးနှင့် ချိတ်ဆက်ထားသော တံတားတစ်စင်းဟုသာ ဆိုရမည်။ သခင်လေးသုံးလင်းရှောင်က သူ၏ နတ်ကောင်းကင်ခန်းမခန်းမထဲတွင် ထိုင်နေပြီး ဤတံတားမှတစ်ဆင့် ကောင်းကင်နတ်သိုင်းကို ထုတ်သုံးလိုက်ခြင်းပင်။

ဟယ့်ဟွမ်ခန်းမသခင်မ၏ မျက်ခုံးနှစ်ဖက်ကြား ပွင့်ထွက်သွားသည့်အခါတွင် နတ်ကောင်းကင်ခန်းမထဲရှိ သခင်လေးသုံးက လက်ဝါးတစ်ချက်ဖြင့် တွန်းထုတ်လိုက်သည်။ ချက်ချင်းပင် ခရမ်းရောင်အလင်းများ တောက်ပလာပြီး လက်ကြီးတစ်ဖက်ကား ချင်မူ၏ နဖူးအပေါ် တံဆိပ်ခတ်နှိပ်လိုက်၏။

ချင်မူက ခေါင်းမော့၍ မထီမဲ့မြင့် ပြုံးလိုက်သည်။ သူ့နဖူးအပေါ် တံဆိပ် ကျရောက်လာတော့မည့်အချိန် သူ့အရှေ့တွင် တာအိုအသုဘခေါင်းတလားတစ်ခု ထောင်မတ်လျက် ပေါ်ထွက်လာသည်။ သခင်လေးသုံး၏ ဤလက်ဝါးသည် တာအိုအသုဘခေါင်းတလားထဲသို့ ဝင်ရောက်သွား၏။

“အစ်ကိုသုံး၊ ညီလေး အစ်ကိုသုံးကို စောင့်နေတာကြာပြီ”

ခေါင်းတလား၏ အနောက်တွင် ချင်မူသည် လက်ချောင်းများအကြား၌ တာအိုအစီအရင် သံချောင်းငါးချောင်း ညှပ်ကိုင်ထား၏။ သူက ထိုသံငါးချောင်းအား ခေါင်းတလားအနောက်မှ ထိုးစိုက်လိုက်ရာ သံငါးချောင်းစလုံး သခင်လေးသုံး၏ လက်ချောင်းငါးချောင်းထဲသို့ ထိုးစိုက်ဝင်ရောက်သွားလေသည်။

ဤခေါင်းတလားထဲ၌ ထိုက်ယီ၏ အရိပ်အယောင် မရှိပေ။ ချင်မူ ခေါ်ထုတ်သွားခဲ့ခြင်း ဖြစ်မည်။

သခင်လေးသုံး၏ ဤတိုက်ကွက်က အမှန်ပင် အားကောင်းပြင်းထန်လှသော်လည်း ဤတာအိုအသုဘခေါင်းတလားမှာလည်း သာမန်မဟုတ်ပေ။ အကြီးဆုံးသခင်လေး မဟာဥသျှောင်ကိုယ်တိုင် ထိုက်ယီကို ချုပ်နှောင်ထားနိုင်ရန် သွန်းလုပ်ထားခြင်း မဟုတ်လော။

ထိုက်ယီသည် အလွန်သန်မာသည့်အတွက် မဟာဥသျှောင်အနေဖြင့် လွန်စွာအားစိုက်ထုတ်ခဲ့ရသည်။ ထိုက်ယီပင်လျှင် မလွတ်မြောက်နိုင်အောင် စီမံထားခခဲ့ရာ လောကတွင် ပထမဆုံးသော အစီအရင်နတ်ခေါင်းတလားဟု ဆိုနိုင်ပေသည်။

သံချောင်းငါးချောင်းက သခင်လေးသုံး၏ လက်ဖဝါးထဲသို့ ထိုးစိုက်ဝင်ရောက်သွားပြီး လက်ချောင်းငါးချောင်းကို ချုပ်နှောင်လိုက်ရာ လက်ဝါးအတွင်းရှိ သိုင်းကွက်စွမ်းအားမှာ ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရသည်။ သို့သော် ဤတိုက်ကွက်၏ စွမ်းအားကား အလွန်ကြီးမားလှသဖြင့် စွမ်းအားတစ်စိတ်တစ်ပိုင်းသည် ခေါင်းတလားကို ဖြတ်ကျော်၍ ချင်မူ၏ ကိုယ်ပေါ်သို့ ရိုက်ခတ်သွားသေး၏။

ချင်မူမှာ သွေးအန်လိုက်ရသော်လည်း ကျန်လက်တစ်ဖက်ဖြင့် သံချောင်း တစ်ချောင်းပြီးတစ်ချောင်း ညှပ်ယူကာ ခေါင်းတလားထဲသို့ ဆက်တိုက် ထိုးစိုက်လိုက်သည်။ သံချောင်းတို့က သခင်လေးသုံး၏ လက်ကောက်ဝတ်နှင့် လက်မောင်းထဲသို့ ထိုးစိုက်ဝင်ရောက်သွားသည်။

“ခင်ဗျားက ကျုပ်ကို ခေါင်းတလားထဲ ထည့်ချင်ခဲ့တယ်… အခုတော့ ကျုပ် ခင်ဗျားကို အရင်ထည့်ထားပေးမယ်”

တစ်ဖက်တွင် ဟွမ်ထန်းမှာ ချင်မူ၏တိုက်ကွက်ကြောင့် မြစ်ထဲမှ လွင့်ထွက်ကာ ဖရိုဖရဲပင်လယ်ထက်သို့ ရောက်သွားသည်။ သူက သစ်ပင်ပင်စည်ကို ဖရိုဖရဲပင်လယ်ထဲသို့ ပြင်းထန်စွာ ထိုးစိုက်ရင်း ဟန်ချက်ထိန်းနေသောကြောင့် ဖရိုဖရဲလှိုင်းလုံးကြီးနှစ်လုံးက ဘေးနှစ်ဖက်သို့ ကွဲထွက်မြင့်တက်သွားလေသည်။

လောကသစ်ပင်အသေးစားက ကြာရွက်တစ်ရွက်နှင့် တိုက်မိ၍ ကြာရွက်ကို လွင့်စင်သွားစေသည့်အချိန်မှ ဟွမ်ထန်းလည်း လှိုင်းဂယက်တို့အား ချေဖျက်နိုင်သွားသည်။ ဟွမ်ထန်းက ကြာရွက်တစ်ရွက်ပေါ်သို့ ဆင်းသက်လိုက်သည်။

သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ရုတ်တရက် သွေးကြောင်းတစ်ကြောင်း ထင်းလာသည်။ သူ့မှာ အင့်ခန် ညည်းလိုက်ရသည်။ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ခါနေပြီး လောကသစ်ပင်၏ ပင်စည်ကို အားပြု၍သာ ရပ်နေနိုင်သည်။

သူ မှော်စွမ်းအင်ကို လှုံ့ဆော်လျက် ချင်မူ၏ ဓားချက်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာကို ဖိနှိပ်ကြည့်သည်။ သို့သော် နဂိုအတိုင်းထားသည်ကမှ တော်သေးမည်။ စွမ်းအင် စီးဆင်းသွားသည်နှင့် သူ၏ မျက်ခုံးနှစ်ဖက်ကြားကို ထိုးဖောက်သွားခဲ့သော ထိုဓားချက်မှာ အာဟာရဓာတ် ရသွားဟန်တူပြီး ဓားတာအိုစွမ်းအားက အကြီးအကျယ် တိုးတက်လာတော့သည်။

ဟွမ်ထန်းမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏အနောက်တွင် တာအိုသစ်ပင် ဖွဲ့တည်လာပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံ ထွက်ပေါ်လာသည်။ တာအိုသစ်သီးသည် သစ်ပင်ထက်၌ တောက်ပနေရင်း တစ်ချက်လည်လိုက်ရာ ကောင်းကင်ဘုံတစ်ထပ် ပေါ်လွင်လာ၏။

ထို့နောက် တာအိုသစ်သီး သုံးဆယ့်ခြောက်ကြိမ် ဆက်တိုက်လည်ပတ်သွားရင်း ကောင်းကင်ဘုံသုံးဆယ့်ခြောက်ထပ်အထိ ဖော်ထုတ်ကာ သူ၏စွမ်းအားကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်သည်။

ရုတ်တရက် သူ၏ မျက်နှာမှာ ပို၍ပို၍နီရဲလာချေပြီ။ ချင်မူ၏ ကပ်ဘေးခွင်းဓားကားက သူ၏ မှော်စွမ်းအင်ဖြင့် အာဟာရရရှိသွားကာ အားကောင်းပြင်းထန်လာသည်။ ဓားချီများက ထိုကောင်းကင်ဘုံများထဲတွင် ဖြတ်သန်းသွားရင်း ကောင်းကင်ဘုံသုံးဆယ့်ခြောက်ထပ်ကို ဆက်တိုက်ဖျက်ဆီးသွားသည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံအပေါ်တွင်လည်း ဓားအလင်းတန်းများက မြွေနဂါးများပမာ လွန့်လူးသွားလာနေသည်။ မကြာမီ သူ၏မဟာခြုံလွှမ်းကောင်းကင်ဘုံကား အဆက်မပြတ် ပြိုကွဲသွားချေပြီ။

ရွှပ်…

သူ၏တာအိုသစ်သီးထဲမှ ဓားအလင်းတန်းတစ်တန်း ထိုးထွက်လာသည်။ ထိုအရာမှာ ကပ်ဘေးခွင်းဓား၏ ဓားတာအိုဖြစ်ပြီး သူ၏ မဟာတာအိုထဲသို့ ကျူးကျော်ဝင်ရောက်သွားကာ ကျင့်ကြံခြင်းအခြေခံကိုလည်း မရပ်တန့်နိုင်အောင် ပြိုကျသွားစေသည်။

ဓားအလင်းတန်းများ ပို၍ပို၍ တိုးပွားလာကာ အသက်ရှူနေချိန်အတွင်းမှာပင် နေရာအနှံ့သို့ ပျံ့နှံ့သွားချေပြီ။ ရုတ်တရက် ဓားအလင်းတန်းတစ်တန်းက သူ၏တာအိုသစ်ပင်ပေါ်သို့ ကျရောက်သွားသည်။

“ဒုက္ခပဲ”

သူ့မှာ ရင်ထဲတွင် လေးလံလာတော့သည်။ ချင်မူ၏ ကပ်ဘေးခွင်းဓားထဲတွင် ကိန်းဝပ်နေသော ဓားတာအိုမှာ အခြားသူများ၏ ဓားတာအိုနှင့် မတူပေ။ သူသာ အတင်းအကြပ် စွမ်းအင်ထုတ်သုံး၍ မဖိနှိပ်ခဲ့ပါက ဤဓားချက်ကို ချေဖျက်နိုင်မည့် အခွင့်အရေး ရှိသေးသည်။

သို့သော် အတင်းအကြပ် စွမ်းအင်ထုတ်သုံးလိုက်ခြင်းက ဤဓားချက်၏ စွမ်းအားကို သူ၏ခံနိုင်ရည်ထက် ကျော်လွန်သွားသည်အထိ မြှင့်တင်ပေးလိုက်ချေပြီ။

“အနန္တအဘိုးအို၊ ကျုပ်ရဲ့ ညီငယ်ညီမငယ်တွေကို ကောင်းကောင်းစောင့်ရှောက်ပေးပါ”

ဟွမ်ထန်းမှာ လွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် ဝမ်းနည်းဒေါသထွက်သွားသည်။ သူက အော်ဟစ်ညည်းညူရင်း လောကသစ်ပင်၏ ပင်စည်ကို ခပ်ပြင်းပြင်း ဆောင့်ကန်လိုက်သည်။ ထို့နောက် ညာလက်ဖြင့် တွန်းကာ ဖရိုဖရဲပင်လယ်တွင် သွေးရူးသွေးတန်း ပြေးထွက်သွားသည်။

ဘုန်း… ဘုန်း… ဘုန်း…

သူ၏ခြေလှမ်းများ ကျရောက်သွားလျှင်ချင်း ပင်လယ်ရေပြင်သည် ပေါက်ကွဲထွက်သွားပြီး ဖရိုဖရဲစွမ်းအားများ နောက်ကျိသွားသည်။

ဟွမ်ထန်းမှာ အရူးသဖွယ် ပြေးနေပြီး ချင်မူ၏ဓားချက်အား မဖိနှိပ်တော့ပေ။ သူက လောကသစ်ပင်ကို တွန်းလျက် ဖရိုဖရဲမြစ်ထဲရှိ ချင်မူဆီသို့ ပြေးဝင်သွားသည်။

သူ၏နောက်တွင် မဟာခြုံလွှမ်းကောင်းကင်ဘုံ ပြိုကွဲသွားချေပြီ။ တာအိုသစ်ပင်ထဲမှလည်း ဓားအလင်းတန်းများ ဖြာထွက်လာသည်။ သူ စကြဝဠာခေတ် တစ်ခေတ်ပြီးတစ်ခေတ် ပင်ပန်းကြီးစွာ ကျင့်ကြံခဲ့သော မဟာတာအိုမှာ ဓားအလင်းတန်းများထဲတွင် တရစပ် ပျက်စီးသွားသည်။

မကြာမီတွင် အရေပြားအောက်မှ ဓားရောင်များ ထိုးထွက်လာပြီး ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ဖျက်ဆီးသွားသည်။

“အား…”

ဟွမ်ထန်းမှာ ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်သော်လည်း မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သွေးစက်တို့က ဖရိုဖရဲမြစ်ထဲသို့ တပေါက်ပေါက် ကျဆင်းသွားသည်။

ထိုအချိန်တွင်

တာအိုအစီအရင်သံချောင်းများသည် သခင်လေးသုံး၏ ညာဘက် လက်မောင်းအပေါ်ပိုင်းအထိ ထိုးစိုက်ဝင်ရောက်နေချေပြီ။ သခင်လေးသုံးလင်းရှောင်မှာ ညာလက်တစ်ဖက်လုံးအား မလှုပ်နိုင်တော့သဖြင့် ဒေါသအမျက်တချောင်းချောင်း ထွက်လာသည်။

ညာလက်မောင်းကို ဖြတ်၍ အချုပ်အနှောင်မှ ရုန်းထွက်ရန် ပြင်လိုက်စဉ် ရုတ်တရက် လောသစ်ပင်ပင်စည်က ဟယ့်ဟွမ်ခန်းမသခင်၏ ခန္ဓာကိုယ်ကို ဒုန်းခနဲ ဝင်တိုက်၍ တာအိုအသုဘခေါင်းတလားအပေါ် လဲကျသွားသည်။ ဟယ့်ဟွမ်ခန်းမသခင်မှာလည်း တာအိုအသုဘခေါင်းတလားထဲသို့ ဆောင့်တွန်းခံလိုက်ရသည်။

တွန်းအားကြောင့် တာအိုအသုဘခေါင်းတလားက ချင်မူ၏ ကိုယ်ပေါ်သို့ လဲကျသွားသဖြင့် ချင်မူ့ခြေထောက်အောက်မှ အဆုံးသတ်မြို့ပျက်ကြာပလ္လင်မှာ ချက်ချင်းပင် ကွဲအက်သွားသည်။ ကြာပလ္လင်ဒုတိယအထပ် ပေါ်လာပြီး ဖရိုဖရဲချီများမှာ ကြာပလ္လင်ထဲမှ ပန်းထွက်လာသည်။

ဟွမ်ထန်းသည် စိတ်ရူးဖောက်သွားသကဲ့သို့ အော်ဟစ်နေ၏။ သူ၏ ဆံပင်ဖြူများမှာ တာအိုသွေးများဖြင့် နီရဲနေချေပြီ။ သူက ပင်စည်ကို အားကုန်းတွန်းလျက် ပြေးဝင်သွားသည်။

သစ်ပင် ပင်စည်အတွင်းရှိ စွမ်းအားတို့ အကုန်အစင် ပေါ်ထွက်လာချေပြီ။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများက တာအိုအသုဘခေါင်းတလားထဲသို့ ဆက်တိုက် ဝင်ရောက်သွားသည်။

ခေါင်းတလား၏ အနောက်တွင် ချင်မူမှာ သွေးအန်နေရသည်။ ထိုစဉ် ကြာပလ္လင်ပတ်ပတ်လည်ရှိ ပွင့်ချပ်များက ကျွတ်ထွက်ပျံတက်သွားရင်း စကြာကဲ့သို့ လည်ကာ ခေါင်းတလားတစ်ဖက်ရှိ ဟွမ်ထန်းအား ဖြတ်တောက်ပစ်လိုက်သည်။

ကြာပွင့်ချပ်တစ်ချပ်က ဟွမ်ထန်း၏ ဦးခေါင်း၏ ပိုင်းဖြတ်သွား၏။ မူလဝိညာဉ်များလည်း တခြားပွင့်ချပ်တစ်ချပ်ဖြင့် သတ်ဖြတ်ခံလိုက်ရချေပြီ။ ခန္ဓာနှင့် ဝိညာဉ်သည် တခဏအတွင်း ကြေမွသွားတော့၏။

သူ၏ဦးခေါင်းကမူ မြစ်ပေါ်တွင် ပျံဝဲနေသည်။ ချင်မူမှာ တွန်းအားကြောင့် ၁၅ စင်းမြောက်မြစ်အထိ လျှပ်တိုက်လွင့်ထွက်သွားပြီး ၁၆ စင်းမြောက်မြစ်ထဲ ရောက်တော့မည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

လောကသစ်ပင်၏ စွမ်းအားကား အဆက်မပြတ် ပေါက်ကွဲထွက်နေဆဲဖြစ်ပြီး တာအိုအသုဘခေါင်းတလားထဲသို့ အရူးအမူး တိုးဝင်နေသည်။ ထိုစွမ်းအားမှာ သူ အသက်သွင်းနေခြင်း မဟုတ်ပေ။ သူသည် အနန္တအဘိုးအို၏ ရုပ်သေးရုပ်သာ ဖြစ်ခဲ့၏။ ဤလောကသစ်ပင် ပင်စည်ကို ချင်မူ၏ ရှေ့သို့ ယူဆောင်သွားရန်သာ လိုအပ်ခဲ့သည်။

ယခု လောကသစ်ပင်၏ စွမ်းအားကို လှုံ့ဆော်နေသူမှာ အနန္တအဘိုးအိုပင်။

ခေါင်းတလားထဲတွင်မူ ဟယ့်ဟွမ်ခန်းမသခင်မှာ စိစိညက်ညက် ကြေနေချေပြီ။ တာအိုသွေးများက ခေါင်းတလားထဲမှ တဖွဲဖွဲ စီးကျလာနေရင်း မြစ်ပြင်အား နီစွေးသွားစေသည်။ သွေးတို့သည် ဖရိုဖရဲချီစွမ်းအင်အဖြစ် ပြောင်းလဲကုန်ကြ၏။

မီလော့နန်းတော်မှ ဟယ့်ဟွမ်ခန်းမသခင်မှာ သခင်လေးသုံး၏ ကောင်းကင်နတ်သိုင်းကို ထုတ်သုံးရန်အတွက် သူမကိုယ်သူမ ကာကွယ်ရန် အလျင်မမှီခဲ့ပေ။ မမျှော်လင့်ထားသော ပြောင်းလဲမှုများစွာကြောင့် တာအိုအသုဘခေါင်းတလားထဲတွင် ပွဲချင်းပြီး သေဆုံးသွားချေပြီ။ င် တိုက်ရိုက်သေဆုံးသွားခဲ့ရသည်

“သခင်လေးခုနစ်၊ မင်း ပြန်လိုက်တော့”

ဟွမ်ထန်း၏ ဦးခေါင်းမှာ ဖရိုဖရဲမြစ်ထဲသို့ ပြုတ်ကျသွားသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်နေသည်။ “ငါ အကျိုး ဒီလောက် သယ်ပိုးပေးခဲ့ပြီးပြီ … လီရှုနဲ့ ညီမလေးယန်ကို အနန္တအဘိုးအိုက ကောင်းကောင်းစောင့်ရှောက်ပေးမှာ သေချာတယ်”

သူ ပြုတ်ကျသွားသည့်အခါတွင် ချင်မူကား ၁၆ စင်းမြောက်မြစ်ထဲသို့ ခြေချလိုက်ချေပြီ။ တစ်ချိန်တည်းမှာပင် ချင်မူ၏ ခြေထောက်အောက်မှ ကြာပလ္လင်မှာ လုံးဝ ကြေမွသွားသဖြင့် သူ၏ခြေထောက်မှာ မြစ်ပြင်နှင့် ထိပေတော့မည်။

ဤအခိုက်အတန့်တွင် လောကပေါင်းကူးရွှေသင်္ဘောက ချင်မူ၏ ခြေထောက်အောက်သို့ ကျရောက်လာသည်။

ဟွမ်ထန်း မျက်လုံးများပြူးကျယ်သွားပြီး မျက်နှာပေါ်မှ အပြုံးမှာ တောင့်တင်းသွာ၏။ ခေါင်းပြတ်သည် မကျေနပ်သော အော်ဟစ်သံနှင့်အတူ ဖရိုဖရဲမြစ်ထဲ ပြုတ်ကျသွားသည်။

ချင်မူက ခြေတစ်ဖက်ဖြင့် လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ နင်းလိုက်ရင်း လက်ကျန်စွမ်းအင်ကို အသက်သွင်းလိုက်ရာ ဖရိုဖရဲမြစ်တစ်ဆယ့်ခြောက်စင်းမှာ ဖရိုဖရဲခန်းမထဲ ပြန်ထည့်ခံလိုက်ရသည်။

ဂျိန်း

ခန်းမတံခါး ပိတ်သွားသည်။ ခန်းမတံခါး လုံးဝပိတ်သွားသည့် အခိုက်အတန့်တွင် သခင်လေးသုံး လင်းရှောင်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ သူ၏ညာဘက်လက်မောင်းကို ဖြတ်တောက်လိုက်သည်။

လောကသစ်ပင်အသေးစားလည်း ချက်ချင်းပင် ဦးတည်ရာပြောင်းကာ ခန်းမအပြင်ဘက်သို့ ပျံသန်းထွက်သွားသည်။ သို့သော် ခန်းမတံခါးအရှေ့သို့ မရောက်မီတွင် ခန်းမတံခါးက ပိတ်သွား၏။

ဘုန်း

လောကသစ်ပင်မှာ ခန်းမတံခါးနှင့် ပြင်းထန်စွာ တိုက်မိသွားပြီး ချက်ချင်းပင် ဖရိုဖရဲခန်းမထဲ၌ ခပ်လေးလေး အရာတစ်ခု ပြုတ်ကျသွားသံ ထွက်ပေါ်လာသည်။

ဤဖရိုဖရဲခန်းမသည် ဤလောကသစ်ပင်နှင့် အနန္တအဘိုးအိုအကြား ဆက်သွယ်နေမှုကို လုံးဝဖြတ်တောက်လိုက်သဖြင့် အနန္တအဘိုးအိုမှာ ဤသစ်ပင်အပေါ် ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။

ချင်မူမှာ ယိမ်းယိုင်သွားပြီး သင်္ဘောပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ရုတ်တရက် ပိုးချည်မျှင်တစ်မျှင် လွင့်မျောလာကာ သူ၏ခါးကို ရစ်ပတ်လိုက်သည်။ လန်ဝူ လှုပ်ရှားလိုက်ခြင်းပင်။

လင်ယွိရှို့က အပြေးသွား၍ ချင်မူကို တွဲထူလိုက်သည်။

လန်ဝူက ပိုးချည်မျှင်ကို ပြန်သိမ်းလိုက်ရင်း ဘာမှမဖြစ်သကဲ့သို့ နေလိုက်သည်။ ထိုစဉ် ကောင်းကင်နတ်အရှင်ယွဲ့၏ အကြည့်များ သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်ကို သတိပြုမိလိုက်သဖြင့် ပြုံးပြလိုက်လေသည်။

ကောင်းကင်နတ်အရှင်ယွဲ့လည်း အကြည့်လွှဲ၍ လက်ထဲမှ မက်မွန်ပန်းကို ဝှက်ထားလိုက်သည်။ ချင်မူကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း လန်ဝူက လက်ဦးသွားခဲ့သည်။

“ငါ တွက်လို့ရပြီ”

ရှုရှန်းဟွာက ကျန်းချန်ခန်းမသခင်၏ နတ်ဘုရားမြို့တော်ထဲသို့ ရုတ်တရက် ပြေးဝင်သွားသည်။ ကျန်းချန်ဝင်္ကပါ ပြောင်းလဲသွားစဉ် ရှုရှန်းဟွာသည် ရွေ့လျားနေသော နံရံတစ်ခုကို ဆွဲယူလိုက်ပြီး နတ်ဘုရားအုတ်တစ်ချပ်ကို ထုတ်ယူလိုက်သည်။

ကျန်းချန်ခန်းမ၏ အပြောင်းအလဲမျမား ချက်ချင်းပင် ရပ်တန့်သွားသည်။

ကျန်းချန်ခန်းမသခင်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး မော့ကြည့်လိုက်သည့်အခိုက်၌ ခိုင်ဧကရာဇ်၏ ဓားက တိုက်ခိုက်လာချေပြီ။

All Chapters