← Chapters

အတွေးများ

Vol. 161 Ch. 2283

အတွေးများ

Vol. 161 Ch. 2283

"မရဘူး။" ငရဲဘုရင်က ရီဖူရှင်းကို စိုက်ကြည့်ကာ ငြင်းဆန်လိုက်သည်။ အစွမ်းထက်သော ဖိအားတို့ ထုတ်လွှတ်လာပြီး ရန်ဟောင်ချန်း၏ အရှိန်အဝါနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ရန်ဟောင်ချန်းက အားကောင်းသော်လည်း မှော်နက်လောက၏ ထိပ်သီးပုဂ္ဂိုလ်ရှစ်ယောက်ထဲမှ ထိပ်ဆုံးသုံးယောက်အနေနှင့် သူက ရန်ဟောင်ချန်းကို မကြောက်ရွံ့ပေ။

သူ ရီဖူရှင်းကို မတိုက်ခိုက်ရခြင်းမှာ ရီဖူရှင်း ကိုယ်တိုင်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများကြောင့် မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာသခင်ကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူသည် သူတို့နှင့် တိုက်ပွဲ ဖြစ်သွားခဲ့လိမ့်မည် ဖြစ်သည်။

မှော်နက်စစ်တပ်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ငရဲပလ္လင်၏ အရှင်သခင်တစ်ယောက်အနေဖြင့် အမြင့်ဆုံး မဟာအင်ပါယာနှင့် ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူများမှလွဲ၍ အခြားကျင့်ကြံသူများက သူ့ကို ထိတ်လန့်စေနိုင်မည် မဟုတ်ပေ။

သူ၏ တူဖြစ်သူကို သူက မည်သို့ လက်လွှဲပေးနိုင်ပါမည်နည်း။ မှော်နက်စစ်တပ်၏ ရပ်တည်ချက်မှ ဖြစ်စေ ကလန်၏ ရှုထောင့်မှဖြစ်စေ ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။

သူက ယနေ့ သူ့တူဖြစ်သူသာ လက်လွှဲပေးလိုက်လျှင် မှော်နက်စစ်တပ်က ဂျူနီယာတစ်ယောက်ကို ကြောက်နေသည်ဟု အဓိပ္ပါယ်ရသွားလိမ့်မည် မဟုတ်ပါလား။ ထို့ပြင် သူက ထိုအဖြစ်ကို သူ့စီနီယာအစ်ကိုအား မည်သို့ ရှင်းပြရမည်နည်း။

မှော်နက်လောကတွင် သူ၏ စီနီယာအစ်ကိုက ငရဲကလန်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး သာလွန်သည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။

ရှင်းလင်းစွာပင် ရီဖူရှင်းသည် ငရဲဘုရင်ထံမှ အရှိန်အဝါကို ခံစားမိ၏။ သူသည် မှော်နက်စစ်တပ်မှ ပလ္လင်တစ်ခုကို ပိုင်စိုးသော အရှင်သခင်တစ်ပါးအနေနှင့် ထိုအပြစ်သားကို ထားရစ်ခဲ့ပေးရန်မှာ မဖြစ်နိုင်ကြောင်း သူ သိပေသည်။

အခြေအနေကို စစ်ဆေးကြည့်ပြီး လက်ရှိတွင် ရှိနေသည့် ကျင့်ကြံသူများကို အကဲဖြတ်လိုက်သည့်အခါ မှော်နက်စစ်တပ်က သူတို့ထက် အနည်းငယ် အားကောင်းပေသည်။ သူတို့က စစ်ပွဲကို စတင်ခဲ့လျှင် သူတို့သည် ရှုံးနိမ့်နိုင်သည့် အခွင့်အရေး မြင့်မားပေလိမ့်မည်။

သူသည် ကောင်းကင်အောက်မှ လူငယ်လေးကို ကြည့်လိုက်ပြီး သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများက ပို၍ အားကောင်းလာသည်။

"ဒါက မပြီးသေးဘူး။" ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူက ငရဲဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ အားလုံး ကျေးဇူးပြုပြီး ထွက်သွားကြပါ။"

ငရဲဘုရင်က ရီဖူရှင်း ဆိုလိုသည့် အဓိပ္ပါယ်ကို သိရှိပေသည်။ သိသာစွာပင် ပြဿနာက ထိုနေရာ၌ မပြီးဆုံးသေးဘဲ လက်လွှတ်ပေးရန် ဆန္ဒမရှိသော်လည်း သူက လက်ရှိ အခြေအနေ၌သာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ အနာဂတ်၌ ရီဖူရှင်းက သူ၏ တူဖြစ်သူကို သတ်ဖြတ်ရန် နည်းလမ်း ရှာဖွေပေလိမ့်မည်။

"မင်းမှာ အစွမ်းထက် နောက်ခံရှိနေရင်တောင် ဆရာသခင်က လောကမှာ ဘယ်သူလဲဆိုတာ သိထားဖို့ လိုတယ်။" ငရဲဘုရင်က ပြောလိုက့သည်။ ထို့နောက် သူက လက်ကို ယမ်းလိုက်ပြီး ဝှေ့ယမ်းကာ သူ့လူများကို သွားရန် ပြောလိုက်သည်။

ကောင်းကင်ဒေသ၏ ဆရာသခင်သည် အရှင်ဒွန်ဟောင်၊ မှော်နက်စစ်တပ်၏ ဆရာသခင်၊ နတ္ထိဘုံ၏ နတ်ဆိုးအင်ပါယာနှင့် အခြားအဆင့်မြင့် ကျင့်ကြံသူတို့ထက် ဆရာသခင်ကို ဤလောက၏ စစ်မှန်သော အရှင်သခင်ဟု သတ်မှတ်နိုင်ပေသည်။

ရီဖူရှင်း၏ နောက်၌ မဟာအင်ပါယာအဆင့် တစ်စုံတစ်ယောက် ရှိနေပါသော်လည်း ရီဖူရှင်းက မှော်နက်လောကကို စစ်ကြေညာသည်အထိ လုံလောက်အောင် ရူးသွပ်ခဲ့ပါလျှင် မှော်နက်စစ်တပ်၏ အရှင်သခင်ကိုယ်တိုင် ပါဝင်ပတ်သတ်ပေလိမ့်မည်။

ထွက်မသွားခင် အနက်ရောင်ဝတ်လူငယ်က ရီဖူရှင်းကို အေးစက်စွာ ကြည့်လိုက်ပြီး မဟာလမ်းစဥ်နတ်ဝင်ရိုး ဖျက်ဆီးခံလိုက်ရသည့် ထိုအားကောင်းသော ကျင့်ကြံသူကလည်း အေးစက်စွာ ကြည့်လိုက်သည်။ နှစ်ယောက်လုံးက တွန့်ဆုတ်မှုနှင့် ထွက်ခွာသွားပေသည်။ သူတို့သည် ငရဲကလန်မှ လာခြင်းဖြစ်ပြီး မူလဘုံမှ နယ်မြေတွင် အစော်ကားခံခဲ့ရသည်။ ငရဲဘုရင်သာ ဝင်ရောက်မစွက်ဖက်လျှင် သူတို့က ဤနေရာ၌ သေဆုံးသွားရပေလိမ့်မည်။ ဤသည်မှာ သည်းမခံနိုင်လောက်သော စော်ကားခံရမှုပင် ဖြစ်ပေသည်။

အဝေးတွင် အနက်ရောင်လှိုင်းများရ တုန်ခါကာ အော်မြည်နေသည်။ မကြာခင်၌ ထိုလူများက ပျောက်ကွယ်သွားကြသည်။

သူတို့ ထွက်သွားသည်ကို ကြည့်ရင်း သူ၏ နတ်အာရုံကို ပြန်ဆုတ်ခွာလိုက်သည်။ သူက ယခု အဆင့်မြင့်ရန်ဟောင်ဖြစ်လာပြီး သူ၏ တိုက်ပွဲစွမ်းရည်က ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသော်လည်း အဓိကပုဂ္ဂိုလ်များ၏ အောက် ဆံချည်တစ်မျှင်စာခန့် နိမ့်ကျနေလေရာ သူက ဤလောက၏ ထိပ်သီးအင်အားစုများနှင့် ရင်ဆိုင်ရန် အနည်းငယ် နောက်ကျ ကျန်ရစ်နေဆဲ ဖြစ်လေသည်။

"ဒီဘုံရဲ့ ကျင့်ကြံသူတွေကို အရင် ရှင်းလင်းပေးပြီး တခြားနယ်မြေတွေဆီ ခေါ်သွားတော့။" ရီဖူရှင်းက ပြောလိုက်သည်။ ဤနယ်မြေသည် ကြီးမားသည့် တိုက်ပွဲကြောင့် ဖျက်ဆီးခံခဲ့ရပြီး ပြော၍ပင်မရနိုင်သော သွေးလွှမ်းမှုကို တွေ့ကြုံစေခဲ့သည်။ ထို့ကြောင့် ဤနေရာက မည်သည့် ကျင့်ကြံသူအတွက်မှ မသင့်တော်တော့ပေ။

"ကောင်းပြီ။" သူ့ဘေးမှ တစ်စုံတစ်ယောက်က ခေါင်းညိတ်လိုက်သည်။ သူ့ဘေးတွင် ရပ်နေသည့် သွေးနီရောင်နဂါးအင်ပါယာက အတွေးနက်နေခဲ့သည်။ ရီဖူရှင်းက အများကြီးလုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ အောက်ဘုံမှ လူများအတွက် သူက မှော်နက်လောကမှ ကျင့်ကြံသူများကို ရှင်းလင်းသုတ်သင်လုနီးပါးပင် ဖြစ်သည်။ နောက်ဆုံးမိနစ်၌ ငရဲဘုရင် ရောက်မလာပါက ထိုကျူးကျော်သူများ အားလုံး ဤနေရာ၌ သေဆုံးသွားရခြင်း ဖြစ်နိုင်ပေသည်။

သို့သော် ဤတစ်ကြိမ်၌ သူတို့၏ ပြိုင်ဘက်က မှော်နက်လောကမှဖြစ်ပြီး မူလဘုံ၏ ခွန်အားက လျော့နည်းနေဆဲ ဖြစ်သည်။ သူတို့၏ ပြိုင်ဘက်များကို မှော်နက်လောက၏ အင်အားစုများအားလုံးကို အပြည့်အဝ စုဝေးနိုင်ခဲ့လျှင် ၎င်းသည် မူလဘုံဖြစ်စေ သူတို့၏ မဟာမိတ်များဖြစ်စေ ရင်ဆိုင်ရန် မျှော်လင့်နိုင်သည့် အရာမျိုး ဖြစ်လိမ့်မည် မဟုတ်ပေ။

"ကောင်းကင်အာဏာစက်ကျောင်းတော်က  အားမကောင်းသေးဘူး။" ရီဖူရှင်းက နောက်တွင် ကျန်ရစ်ခဲ့သော လူသေအလောင်းများကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ သူသည် အပြစ်သားများကို အောင်မြင်စွာ မဖမ်းဆီးနိုင်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိသည်။

လက်ရှိတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ခွန်အားက မဟာလမ်းစဥ်ဘုံသုံးထောင်ကို ကပ်ဘေးများမှ ကာကွယ်ပေးရန် မလုံလောက်သေးဘဲ ရှိနေသည်။

"ဒါက တစ်ညတည်းနဲ့ ပြောင်းလဲနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ အဆုံးမှာတော့ မှော်နက်စစ်တပ်က ပါဝင်ပတ်သတ်လာတာလေ။" သူ့ဘေးမှ ထျန်းဟယ်မဟာအကြီးအကဲက ပြောလိုက်သည်။ "ပြီးတော့ အဲဒီလူငယ်က ငရဲဘုရင်ကို ဆရာဦးလေးလို့ ခေါ်ခဲ့တာကြောင့် သူတို့မှာ ထူးခြားတဲ့ ပတ်သတ်မှု ရှိရမယ်။ မင်း တိုက်ပွဲဖြစ်ချင်ခဲ့ရင် ကောင်းကင်အာဏာစက်ကျောင်းတော်က မှော်နက်လောကနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ကျောင်းတော်က ဒီနေ့ ပိုပြီး အားကောင်းလာပေမယ့် မှော်နက်လောကနဲ့ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ အင်အားစုတွေကို ယှဥ်နိုင်မယ့် နည်းလမ်းမရှိဘူး။"

ရီဖူရှင်းသည် မှော်နက်လောကက ကောင်းကင်ဒေသမှ အင်အားစုနှင့် နှိုင်းယှဥ်နိုင်သည်ကို နားလည်သည်။ ကောင်းကင်ဒေသက မည်မျှ အားကောင်းပါသနည်း။

နယ်မြေဆယ့်ရှစ်ခု၏ နယ်မြေများအတွင်း မည်သည့်နယ်​မြေမှ အင်အားစုမဆို လုံလောက်အောင် အားကောင်းကြသည်။ နယ်မြေဆယ့်ရှစ်ခုလုံး ပေါင်းခြင်းက အမြင့်ဆုံး မှန်းဆနိုင်သည်ထက်ပင် ကျော်လွန်ပေလိမ့်မည်။ အင်ပါယာနန်းတော်၏ အင်အားစုများနှင့် တိုက်ခိုက်ရန်မှာ ကြောက်မက်ဖွယ် ကောင်းလှသည့် တစ်စုံတစ်ရာပင် ဖြစ်လေသည်။

လက်ရှိအခြေအနေတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အုတ်မြစ်က စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများအပေါ် မူတည်နေပေသည်။ မဟုတ်လျှင် မူလဘုံရှိ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူအားလုံးကို စုစည်း၍ပင်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်အား မည်သူတစ်ဦးတစ်ယောက်မှ အလေးအနက် ထားလိမ့်မည် မဟုတ်ပေ။

"ကျုပ်တို့ မှော်နက်လောကနဲ့ ရင်ဆိုင်ချင်ရင် ကောင်းကင်ဒေသက အင်အားစုတွေနဲ့ ပူးပေါင်းရလိမ့်မယ်။" အင်ပါယာနန်က ပြောလိုက်သည်။ "ကောင်းကင်ဒေသရဲ့ အင်အားစုတစ်ခုချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ ရှိကြပြီး အတွင်းရေးအငြင်းပွားစရာတွေနဲ့ အချင်းချင်း စိတ်ဝမ်းကွဲနေကြတယ်။ အင်အားစုများစွာက မင်းကို ဆန့်ကျင်ဖို့အတွက် ကောင်းကင်ဒေသကို စုစည်းဖို့ ကြိုးစားလာရင် ဘယ်လောက် ခက်ခဲလိုက်မလဲ သိနိုင်တယ်။ အခုချိန်မှာတော့ ကျုပ်တို့ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ မဟာမိတ်အင်အားစုတွေကို တိုးတက်အောင်လုပ်ပြီး သူတို့ကို သိမ်းသွင်းဖို့ အင်အားစုအချို့နဲ့ စတင်ကြည့်ရင်ရော ဘယ်လိုလဲ။"

"ကျွန်တော် နားလည်ပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက အင်ပါယာနန်၏ ဆိုလိုရင်းအား နားလည်ပေသည်။ ဤတစ်ကြိမ် တိုက်ပွဲ၌ ပြင်ပခရမ်းရင့်ကောင်းကင်မှ အရှက်လော့နှင့် တုန်းဟွာနယ်မြေ မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်ကဲ့သို့သော အဓိကအင်အားစုများက သူ့ဘက်တွင် ရပ်တည်ခဲ့ကြသည်။ တိုက်ပွဲပြီးနောက် သူနှင့် ထိုအင်အားစုများက မိတ်ဆွေများအဖြစ် ကျန်ရစ်နေခဲ့ကြပြီး စီဝေ့ကြယ်ကမ္ဘာမှ ကြယ်ကောင်းကင်ကျင့်ကြံရေးနန်းတော်သို့ ဝင်ရောက်ရန် ကောင်းကင်အာဏာစက်ကျောင်းတော်မှ အာကာသခရီးသွားဝင်္ကပါကို အချိန်မရွေး အသုံးပြုနိုင်ပေသည်။

"မင်းသမီးဒွန်ဟောင်က အောက်ဘုံကို ရောက်နေခဲ့ပြီ။ သူမက ကောင်းကင်ဒေသရဲ့ အင်အားစုတွေကို ရှင်းလင်းပြီး ပေါင်းစည်းဖို့ စွမ်းရည်ရှိသင့်တယ်။" ရီဖူရှင်းက ပြောလိုက်သည်။

"ကောင်းကင်ဒေသက နည်းနည်း ကွဲပြားတယ်။ နယ်မြေဆယ့်ရှစ်ခုရဲ့  နယ်​မြေသခင်အိမ်တော်ကလွဲပြီး အင်ပါယာနန်းတော်ကနေ ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုတွေကို တိုက်ရိုက်ထိန်းချုပ်မထားဘူး။ စစ်ပွဲသာ တကယ် ဖြစ်လာတာ မဟုတ်ရင် အင်ပါယာနန်းတော်က သူတို့ကို တစ်ခုခု လုပ်ဖို့ အမိန့်ပေးလိမ့်မှာ မဟုတ်ဘူး။" အင်ပါယာနန်က တုန့်ပြန်လိုက်သည်။

"အဲဒါ အမှန်ပဲ။" ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ သူက လေးနက်စွာ စဥ်းစားဆင်ခြင်နေခဲ့သည်။ နယ်မြေဆယ့်ရှစ်ခုတွင် နယ်မြေသခင်အိမ်တော်တစ်ခုချင်းစီက ကြီးစွာသော လွှမ်းမိုးမှုတို့ ရှိပေသည်။ သို့သော် တုန်းဟွာနယ်မြေ၊ ရှန်ချင်းနယ်မြေတို့နှင့် ဆက်ဆံရေးတည်ဆောက်ခဲ့စဥ် နယ်မြေနှစ်ခုတွင် သူ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအရ သူ၏ နယ်မြေအိမ်တော်နှစ်ခုနှင့် ဆက်ဆံရေးက မကောင်းမွန်လှပေ။

တုန်းဟွာနယ်မြေအတွင်းမှ နယ်မြေသခင်အိမ်တော်သည် သူ့ကို စုတ်ဖြဲဖျက်ဆီးပစ်ချင်နေသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်ကာ ရှန်းချင်နယ်​မြေသခင်အိမ်တော်မှ လူများကလည်း သူ့ကို ထိန်းချုပ်ချင်နေသည်။

"အရင်ပြန်ကြရအောင်။" ရီဖူရှင်းက ပြောလိုက်ပြီး လူတိုင်းက ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။ ဤဘုံမှ ကျင့်ကြံသူများ ထွက်သွားပြီးနောက် သူတို့က ဤနေရာ၌ ဆက်နေရန် အကြောင်း မရှိတော့ပေ။

ထို့နောက် သူတို့အဖွဲ့က လေထဲသို့ တက်ကာ ထွက်ခွာသွားကြ၏။ လေထဲတွင် ရီဖူရှင်းက ပျက်စီးနေသည့် နယ်မြေကို ငုံ့ကြည့်လိုက်ကာ သူ၏ နှလုံးသားထဲ၌ သတ်ဖြတ်ချင်စိတ်များ တောက်လောင်လာသဖြင့် သူက အကြည့်များကို အဝေးသို့ ရွှေ့လိုက်သည်။

အင်ပါယာနန်၏ စကားလုံးများက မူလဘုံ အင်အားကို အမှန်တကယ် ခိုင်မာလာအောင် လုပ်ဆောင်ရန်လိုကြောင်း သတိပေးနေခဲ့သည်။

All Chapters