← Chapters

ကျွန်မမှာ ရှင့်အတွက် ဘာခံစားချက်မှ မရှိဘူးလို့များ ထင်နေတာလား

Vol. 21 Ch. 301

ကျွန်မမှာ ရှင့်အတွက် ဘာခံစားချက်မှ မရှိဘူးလို့များ ထင်နေတာလား

Vol. 21 Ch. 301

အခန်း (၃၀၁) : ကျွန်မမှာ ရှင့်အတွက် ဘာခံစားချက်မှ မရှိဘူးလို့များ ထင်နေတာလား

ရှန်ထျန်းက ယုဖန်ရှန်း၏ ဖိတ်ခေါ်မှုကို မျှော်လင့်နေမိပြီးသား ဖြစ်၏။  ဤမြင်ကွင်းကို ချီရှောက်ရွှမ်၏ ရောင်ဝါစက်ဝန်းထဲတွင် မြင်ပြီးခဲ့လေပြီ။

အစောလေးက တိုက်ပွဲကို သူသာ ဝင်ပြီး မစွက်ဖက်ပါက ချီရှောက်ရွှမ်က ပိရွှမ်ချင်းနှင့် အာ့ထုံထျန်းတို့ကို သေသည်အထိ တိုက်ခိုက်လိမ့်မည်။ အဆုံးသတ်တွင် နှစ်ဖက်လုံးက အကြီးအကျယ် နာကျင်ခံစားရပြီး ချီရှောက်ရွှမ်လည်း ဆိုးရွားစွာ ဒဏ်ရာရသွားလိမ့်မည်။

ထို့နောက် ရေသူမျိုးနွယ် မင်းသမီးလေးဖြစ်သော ယုဖန်ရှန်းက ချီရှောက်ရွှမ်ကို အရမ်း အရမ်းစွမ်းအားကြီးသည်ဟု ယူဆသောကြောင့် သူမ နေထိုင်ရာနေရာသို့ ဖိတ်ကြားလိမ့်မည်။

သို့သော် ရေသူမျိုးနွယ် မင်းသမီးလေးနှင့် တွေ့ဆုံရုံအတွက် သူ့အနေဖြင့် ဆိုးရွားစွာဒဏ်ရာရဖို့ ထိုက်တန်သည်ဟု ရှန်ထျန်း မထင်ပေ။ ထို့ကြောင့် သူက ချီရှောက်ရွှမ်၏ နေရာကို အစားဝင်ကာ အာ့ထုံထျန်းနှင့်တိုက်ခိုက်ပြီး ချီရှောက်ရွှမ်ကို ထိခိုက်ခြင်းမှ ကာကွယ်ပေးခဲ့သည်။

ဒါတွေ အားလုံးက ငါ့ရဲ့ ကြင်နာမှုကြောင့်ပဲ။ ဒါကို အားလုံးကို လိုက်ပြောပြဖို့တော့ မလိုပါဘူး

ငါက သူ့ကို အကူအညီတစ်ခု ပေးလိုက်တာပဲ

ယခုဖြစ်ပျက်သွားသည့် ကိစ္စများတွင် အနည်းနှင့်အများ ရှန်ထျန်း စီစဉ်ထားခြင်း ဖြစ်သည်။

ချီရှောက်ရွှမ်က သူ ဖြစ်စေချင်သလိုမျိုး ဒဏ်ရာ အပြင်းအထန် မရရှိခဲ့ပေ။ အပြည့်အဝ ပြန်လည် ကုစားနိုင်ဖို့အတွက် တစ်ရက်သာ အနားယူဖို့ လိုအပ်သည်။ အခြေအနေသာ ပြောင်းပြန်ဖြစ်သွားပါက ပြန်လည်ကုစားဖို့ လဝက်လောက် အချိန်ကြာသွားနိုင်သည်။

အကျိုးဆက်အနေဖြင့် ရေသူမျိုးနွယ် မင်းသမီးလေး၏ ဖိတ်ကြားချက်က ရှန်ထျန်း၏ လက်ထဲသို့ ရောက်ရှိသွားသည်။

ညီအစ်ကိုချီ…ကျွန်တော်က ညီအစ်ကိုရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို မျှဝေယူလိုက်ရုံလေးတင်ပါ။ အဲဒါကို ကျွန်တော်ရဲ့ အပိုင်အဖြစ် မသတ်မှတ်ပါဘူး။

ညီအစ်ကို ပိုင်တာက ညီအစ်ကို ပိုင်တာ ဖြစ်နေဆဲပါပဲ

“ ညီအစ်ကိုချီ … ကောင်းကင်တေးသံ စံအိမ်မှာရှိတဲ့ အခန်းထဲမှာ အနားယူနေလို့ ရပါတယ်။ မင်းသမီး ဘာလိုချင်လဲဆိုတာကို သွားကြည့်လိုက်မယ်”

ရှန်ထျန်းက ချီရှောက်ရွှမ်၏ ရောင်ဝါစက်ဝန်းကို ဂရုတစိုက်ကြည့်ကာ ဖိတ်ကြားမှုကို လက်မခံခင် ဖြစ်ပျက်လာမည်များကို ရင်းနှီးကျွမ်းဝင်လာအောင် အရင် လုပ်ထားလိုက်သည်။

ရှန်ထျန်းက အားလုံး၏ အကြည့်အောက်တွင် ရေသူမ တစ်ယောက်နောက်သို့ လိုက်သွားကာ ကောင်းကင်တေးသံ စံအိမ်ထဲသို့ ဝင်သွားပြီး ယုဖန်ရှန်း ရှိသော အခန်းဆီ လျှောက်သွားလိုက်သည်။

လိပ်မင်းသားလေး ဝူဝုတိက လိပ်ခွံတစ်ဝက်ကို ရှန်ထျန်းဆီ ကမ်းပေးရင်း ပြောလိုက်သည်

“ သူတော်စင်… ညီအစ်ကိုရှန်…ကျွန်တော်ကို မိန်းကလေး ဖန်ရှန်းရဲ့ လက်မှတ်လေးရအောင် ကူညီပေးပါလားဟင်။ အဲဒါကို ကျွန်တော်တို့မျိုးနွယ်ရဲ့ ထူးခြားအံ့ဖွယ် ပညာရပ်ဖြစ်တဲ့ လိပ်လက်သီး တိုက်ကွက်နဲ့ လဲလှယ်ပါ့မယ်”

လိပ်လက်သီးက လိပ်မျိုးနွယ်၏ ပင်မ အမွေအနှစ် ပညာရပ် ဖြစ်သည်။ ထိုအရာက တားမြစ်အခန်းများလောက် လျှို့ဝှက်ခြင်း မရှိသော်လည်း မျိုးနွယ်အတွင်းမှာသာ ရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။

ပုံမှန်အားဖြင့် လိပ်မျိုးနွယ်မှ ရွေးချယ်လိုက်သော လူသားတွဲဖက်များမှ လွဲ၍ ထိုပညာရပ်ကို ဘယ်သူမှ ခံစားခွင့် မရှိပေ။

သို့သော် ဝူဝုတိက သူ့မျိုးနွယ်ထဲအတွင် အတော်လေး မြင့်သော ရာထူးအဆင့်ကို ပိုင်ဆိုင်ထားသည့်အတွက် လုံးဝ စိုးရိမ်မှု မရှိပေ။ ဝူဝုတိက အသန့်စင်ဆုံး လိပ်မျိုးရိုးကို ပိုင်ဆိုင်ထားသည်။ သူက မြောက်ပင်လယ်၏ မင်းသားလေးပါးထဲတွင် အရမ်းငယ်သော်လည်း စွမ်းအားကြီးလှသည်။

အဆင့်အတန်း မြင့်သော နဂါးမင်းသား အောင်းဝူမှ လွဲ၍ သူနှင့် အဆင့်တူထဲက ဘယ်သူမှ သူ့အရည်အချင်းကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

သူ လုပ်ခဲ့တာသာ ပေါ်သွားပါက အများဆုံး အချိန်အနည်းငယ်သာ အခန်းပိတ်ခံထားရမည်သာ ဖြစ်သည်။ သို့သော် ပစ်မှတ်က ရှန်ထျန်း ဖြစ်သည့်အတွက် သူ အပြစ်ပေးခံရမည့်အစား ဆုချခံရမည့် ပိုမိုကောင်းမွန်သော အလားအလာပင် ရှိနေသည်။

အဓိကခြားနားချက်က ရှန်ထျန်းကဲ့သို့ အရည်အချင်းရှိသူများကို ပစ္စည်းများပေးခြင်းက ဉာဏ်ကြီးသည်ဟု မှတ်ယူနိုင်သည်။

ထိုအရာက နဂါးနက်မျိုးနွယ်၏ အကူအညီဖြင့် လိပ်မျိုးနွယ်က ဘယ်လိုလုပ်ပြီးတော့ အကြာကြီး ရပ်တည်နေနိုင်လဲဆိုသော အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။

“လိပ်လက်သီးတဲ့လား”

ရှန်ထျန်းက သူ့ဆရာ ပေးထားသော ချပ်ဝတ်တန်ဆာကို ပြန်လည်စဉ်းစားကာ အေးစက်စွာ ပြုံးလိုက်သည်။

သူက လိပ်ခွံကို ယူကာ ပြုံးရင်း ပြောလိုက်သည်

“ မင်းသားလေး အဲလိုလုပ်ဖို့ မလိုအပ်ပါဘူး။ ဒါက လုပ်ဖို့ လွယ်ပါတယ်”

ထို့နောက် ရှန်ထျန်းက ယုဖန်ရှန်းရှိသော ဒုတိယအထပ်သို့ တက်သွားလိုက်သည်။

ဒုတိယအထပ်တွင်ရှိသော မြင်ကွင်းက ပထမ အထပ်ထက် ပိုပြီး ကောင်းမွန်လှသည်။ ထိုနေရာတွင် အရောင်အသွေး စုံလင်လှသော ရေမှော်များနှင့် လှပသော ရေခူများရှိပြီး သူတို့က ရှန်ထျန်းကို ရှက်သွေးဖြာသော မျက်နှာများဖြင့် ကြည့်နေကြသည်။ သူတို့ ရှည်လျားပြီး ကျဉ်းမြောင်းသော စင်္ကြန်တစ်လျှောက် လမ်းလျှောက်လာပြီးနောက် မှန်တံခါးရှေ့တွင် ရပ်တန့်လိုက်ကြသည်။

ရှန်ထျန်းက တံခါးကို ဖြတ်ပြီး ကြည့်လိုက်သည့်အခါ ပြတင်းပေါက်ဘေးတွင် ရေသူမနှင့် တူသောသူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူက ထိုသူဆီမှ ထူးခြားသော အရှိန်အဝါကို ခံစားမိပြီးပြီ ဖြစ်သည်။

သူမ၏ အလှက ညှို့ယူဖမ်းစားထားသည့်အတွက် ဘယ်သူမှ သူမ၏ တောင်းဆိုမှုကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။

“ မင်းသမီးက အထဲမှာပါ။ ကိုယ့်အိမ်လို သဘောထားပြီး သက်တောင့်သက်သာနေပါနော်”

အစေခံက ရေသူမင်းသမီးလေးကို ကြည့်ကာ နောက်ဆုတ်သွားသည်။

ထိုအစေခံက ကောင်းကင်တေးသံ စံအိမ်ထဲရှိ အစောင့်များအားလုံးကိုလည်း ရှင်းထုတ်လိုက်သည်။ ဒုတိယထပ် တစ်ထပ်လုံး လူရှင်းသွားသည်။

မှန်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။

ယုဖန်ရှန်းက အဖြူရောင် မျက်နှာကာဖြင့် သူမ၏ မျက်နှာကို ဖုံးကွယ်ထားသည်။

သူမကို ကြည့်ရတာ အရမ်းဆန်းကြယ်လွန်းလှသည်။

ယုဖန်ရှန်းက ရှန်ထျန်းကို တစ်ချက်ကြည့်ပြီးနောက် အကြည့်တို့ အနည်းငယ် တောက်ပသွားရသည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သန်မာပြီး ချောမောတဲ့သူလို့ ကြားထားတယ်။ ကြည့်ရတာ ကောလဟာလတွေ အကုန်လုံးက အမှန်တွေ ဖြစ်မယ် ထင်တယ်”

ယုဖန်ရှန်း၏ အသံကလည်း အရမ်းသာယာသည့်အတွက် သူမကို မကြွေဘဲ မနေနိုင်ကြပေ။

ရှန်ထျန်းက ဖြစ်ပျက်လာမည့် အရာများကို ကြိုသိထားပြီးသား ဖြစ်သော်လည်း ရေသူမျိုးနွယ် မင်းသမီးလေးက အရမ်းဆွဲဆောင်မှု ရှိတာကို မြင်လိုက်ရသည့်အခါ အံ့ဩမှင်သက်နေဆဲ ဖြစ်သည်။

သူမက ပြဿနာ ရှာတဲ့သူပဲ…

ငါတော့ ဖြစ်လာမယ့်အရာအတိုင်းပဲ ဆက်လုပ်တော့မယ်

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ကျေးဇူးတင်ပါတယ် မင်းသမီးလေး။ မြောက်ပင်လယ်မှာ မင်းသမီးလေးရဲ့ အလှကသာ ဖော်ပြဖို့ ထိုက်တန်ပါတယ်”

သူက လိပ်မင်းသား၏ လိပ်ခွံကို ထုတ်ကာ ပြောလိုက်သည်

“ အရိုးသားဆုံးပြောရရင် လိပ်မင်းသားက မင်းသမီးလေးဆီကနေ လက်မှတ်လိုချင်လို့တဲ့… အဲဒါ ကျွန်တော်…”

ယုဖန်ရှန်းက ပါးစပ်ကို အုပ်ရင်း ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်

“ လက်မှတ်လေးပဲမလား။ လာပါ… အဲဒါ ကျွန်မကို ပေး”

သူမက ကျောက်စိမ်း မင်တံကို ထုတ်ကာ လိပ်ခွံပေါ်တွင် သူမ၏ နာမည်ကို ရေးထိုးပြီးနောက် ရှန်ထျန်းဆီ ပြန်ပေးလိုက်သည်။

ထို့နောက် သူမက ကျောက်စိမ်းဦးချိုတစ်ခုကို ထုတ်ကာ ဦးချိုအပေါ် အနမ်းတစ်ပွင့် ခြွေလိုက်သည်။ ယုဖန်ရှန်းက ထိုဦးချိုကို အရှက်သည်းနေသော မျက်နှာထားဖြင့် ရှန်ထျန်းဆီ ကမ်းပေးကာ ပြောလိုက်သည်

“ ရှေ့လျှောက် ကျွန်မတို့ မိတ်ဆွေကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီဦးချိုလေးကို သိမ်းထားပါနော်။

ရှင် ရှေ့လျှောက် ဖန်ရှန်းကို တွေ့ချင်ရင် ဒီဦးချိုကို မှုတ်လိုက်ရုံပါပဲ။ ရှင်နဲ့ ဘယ်လောက်ပဲ ဝေးတဲ့နေရာမှာ ရောက်နေပါစေ ကျွန်မ ရောက်လာလိမ့်မယ်”

သူမ စကားပြောပြီးသွားသည့်အခါ သူမ၏ မျက်နှာက ပိုမိုနီရဲလာသည်။

သူမက မျက်နှာကာကို ဖြည်းဖြည်းချင်း ဖယ်ကာ သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးကို ပြသလိုက်သည်။

ဟမ်…

မင်းရဲ့ မျက်နှာကာကို ဘာလို့ ဖယ်လိုက်ရတာလဲ

ရှန်ထျန်းက မျက်မှောင်ကြုတ်ကာ ဦးချိုကို ကြည့်လိုက်သည်။

ဘာတွေဖြစ်ကုန်တာလဲ။ ငါ မြင်ခဲ့တာနဲ့ ဘာတွေကွာခြားနေတာလဲ။ ငါ ဒီဦးချိုကို ချီရှောက်ရွှမ်ရဲ့ ရောင်ဝါစက်ဝန်းထဲမှာ မမြင်ခဲ့ပါဘူး

ငါ့ရဲ့ ကံကြမ္မာက ချီရှောက်ရွှမ်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ပံ့ပိုးနိုင်လောက်အောင် အားမကောင်းလို့များလား

ဒါ အဓိပ္ပာယ်မရှိဘူး။ ငါက ချီရှောက်ရွှမ် လုပ်ရမဲ့အရာတွေ အကုန်လုံးကို လုပ်ပေးထားတာလေ

ရှန်ထျန်းက သူ ခံရမည့်ဘက်မှာ မရှိသင့်ဘူးဟု ယုံကြည်သည်။

သူက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ ကျွန်တော်တို့ မိတ်ဆွေကောင်းတွေ ဖြစ်လာမယ်လို့ ကျွန်တော်လည်း ထင်ပါတယ်။ စောနက မင်းသမီးလေး ဖျော်ဖြေသွားတဲ့ သီချင်းထဲမှာ ဝမ်းနည်းမှုတွေကို ခံစားမိတယ်။

ကျွန်တော်ကို အများကြီး မျက်နှာသာပေးပေမဲ့ မင်းသမီးလေးမှာ ကျွန်တော်အပေါ် ဘာခံစားချက်မှ မရှိဘူးဆိုတာကို သိပါတယ်။

ကျွန်တော် ထင်တာသာ မမှားဘူးဆိုရင် အားလုံးရှေ့မှာ ကျွန်တော်ကို ဖိတ်ကြားလိုက်ရတဲ့ အကြောင်းအရင်းက ကျွန်တော်ရဲ့ အကူအညီ လိုအပ်နေလို့ မဟုတ်လား”

ရှန်ထျန်းက ယုဖန်ရှန်းကို ဂုဏ်မောက်စွာ စိုက်ကြည့်လိုက်သည်။

ဟား…ဟား…ဟား…တွေ့တယ် မဟုတ်လား။ မင်း တော်ပေမဲ့လည်း ငါက ဖြစ်လာမှာတွေကို သိပြီးသား ဖြစ်နေပြီ ...

ငါ့ အကူအညီလိုချင်လား။ လိုချင်ရင် ငါနဲ့ ထိုက်တန်တာတွေ ပေးဖို့ပြင်ထား ... မင်းရဲ့ ရုပ်ရည်ကြောင့် ငါ့ရဲ့ အကူအညီကို အလကားလိုချင်နေတာလား

မရဘူးနော်

တစ်ဖက်တွင် ရှန်ထျန်း၏ တုံ့ပြန်မှုက ယုဖန်ရှန်းကို ဆွံ့အသွားစေသည်။

ဒီလူက ဘာတွေလုပ်နေတာလဲ။ သူက ငါ့သီချင်းထဲက ဝမ်းနည်းမှုကို သတိထားမိရဲ့သားနဲ့ ငါ ပြောလိုက်တာကိုကျ နားမလည်ဘူးတဲ့လား

All Chapters