မင်းကို အများကြီး ကုန်ကျအောင် မလုပ်ပါဘူး
Vol. 21 Ch. 302
အခန်း (၃၀၂) : မင်းကို အများကြီး ကုန်ကျအောင် မလုပ်ပါဘူး
ယုဖန်ရှန်းက ရှန်ထျန်းကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအချိန်မှ စတင်ပြီး စိတ်အခြေအနေ ဆိုးရွားလာတော့သည်။
သူမရှေ့မှာ ရှိနေတဲ့ ဒီလူက ဂီတကို သိတယ်ဆိုတော့ သူမရဲ့ လက်တွဲဖော် ဖြစ်လာနိုင်တယ်လေ။ ဒီထက်ပိုပြီးအရေးကြီးတာက သူက အတော်လေး ချောတယ်လေ
ရှန်ထျန်းက ယုဖန်ရှန်း ရှာနေသော လက်တွဲဖော်ပုံစံ ဖြစ်ပြီး တခြားသူများ လေးစားပြီး အတုယူဖို့ ကြိုးစားကြသည့် ပုံစံမျိုး ဖြစ်နေသည်။
ဒါပေမဲ့ ဒီလူက တွေ့တွေ့ချင်းမှာပဲ “ မင်းသမီးလေးမှာ ကျွန်တော်အပေါ် ဘာခံစားချက်မှ မရှိမှန်း သိပါတယ်” ဆိုပြီးတော့ ပြောလိုက်တယ်
ဒါက စကားစဖြတ်လိုက်တဲ့သူ မဟုတ်လား
ကျွန်မက ဘာပြောရတော့မှာလဲ။ မဟုတ်ဘူး ရှင် မှားနေတယ်လို့ ပြောရမှာလား
ကျွန်မက ရှင့်အပေါ် ခံစားချက်တွေ ရှိရုံတင်မကဘူး ရှင်နဲ့အခု အိပ်ပါ အိပ်ချင်နေတာလို့ ပြောရမှာလား
သူမက ရေသူမျိုးနွယ်ရဲ့ မင်းသမီးလေးလေ။ မြောက်ပင်လယ်မှာ နေထိုင်တဲ့ ထောင်ပေါင်းများစွာသောသူတွေက သူမကို အကဲဖြတ်နေကြတာ။ သူမရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်
စိတ်အေးအေးထား… စိတ်အေးအေးထားဖို့ လိုအပ်တယ်…
ယုဖန်ရှန်းက အားတင်းပြုံးကာ ပြတင်းဘောင်ပေါ်မှ ဆင်းလာသည်။
သူမ၏ တောက်ပနေသော အမြီးက သွယ်လျပြီး အပြစ်ကင်းသော ခြေထောက်တစ်စုံအဖြစ် ပြောင်းလဲသွားသည်။
သူမက ရှန်ထျန်းဆီသို့ ဦးတည်သွားသည့်အခါ သူမကို ဝန်းရံနေသော ရေစီးကြောင်းက ပိုမိုတုန်ခါပြီး ချစ်စရာကောင်းလှသည်။ သူမကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်း အမြော်အမြင်ရှိတဲ့သူပဲ။ အမှန်အတိုင်း ပြောရရင် သူတော်စင်ထျန်းကို ဒီနေရာဆီ အထူးတလည် ဖိတ်ကြားလိုက်ရတာက သူတော်စင်နဲ့ မိတ်ဆွေ ဖြစ်ချင်လို့ပါ”
ထို့နောက် ထူးခြားသည့် ငွေရောင်သေရည် ပုလင်းပြားတစ်ခုကို ထုတ်ကာ ပြောလိုက်သည်
“ ဒါက ကျွန်မတို့ ရေသူမျိုးနွယ်ရဲ့ ထူးခြားတဲ့ သေရည်ပါ။ အရသာခံကြည့်ပါဦး”
သေရည်က ကလီစာပျက်စီးစေနိုင်တဲ့ အဆိပ်ဆိုရင် တဏှာရာဂက အရိုးကို ဖောက်ထွင်းနိုင်တဲ့ ဓားချွန်တစ်ခုပဲ …
ရှန်ထျန်းက ပြုံးကာ သေရည်ကို သောက်သုံးလိုက်သည်။ သူ့ နှုတ်ခမ်းများကိုပါ သပ်လိုက်သည်။
ဒီသေရည်က တကယ်ကို အရသာရှိတာပဲ
ယုဖန်ရှန်းက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်ကာ ပြောလိုက်သည်
“ သူတော်စင်ထျန်းက ကျွန်မရဲ့သေရည်တွေကို ဒီအတိုင်း သောက်ရဲတယ်ပေါ့။ ကျွန်မ ဆေးခတ်ထားမှာကို မစိုးရိမ်ဘူးလား”
ရှန်ထျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ မြောက်ပင်လယ် ပါရမီရှင်အများကြီးက ကျွန်တော် ကောင်းကင်တေးသံ စံအိမ်ရဲ့ အမြင့်ဆုံးအထပ်ကို တက်သွားကြတာ အားလုံးက မြင်နေတာပဲလေ။ မင်းသမီးလေးလိုမျိုး ထက်မြက်တဲ့ မိန်းကလေးက ကျွန်တော်ရဲ့ သေရည်ကို ဆေးခတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။”
ဟာသပဲ။ ငါက ဒီနေရာကို သေချာမြင်ထားပြီးပြီလေ
လွဲချော်သွားတဲ့အရာလေးတွေ ရှိခဲ့ပေမဲ့လည်း အနည်းနဲ့အများတော့ အတူတူဖြစ်နေတုန်းပါပဲ
ချီရှောက်ရွှမ်ရဲ့ သေရည်ကို ဆေးမခတ်ပေမဲ့ ငါ့ရဲ့ သေရည်ကို ဆေးခတ်လိုက်တယ်လို့ ပြောမှာတော့ မဟုတ်ဘူးမလား
ရှန်ထျန်း လုံးဝ ဂရုမစိုက်ပေ။
ယုဖန်ရှန်းက ဆွဲဆောင်မှု ရှိစွာ ပြုံးကာ ပြောလိုက်သည်
“ ကျွန်မ ထင်တာသာ မမှားဘူးဆိုရင် ရှင် မြောက်ပင်လယ်အထိ လာခဲ့တာက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုမှာ ပါဝင်ဖို့ပဲ ဖြစ်ရမယ်”
ဤအချိန်အတွင်း လူသားသူတော်စင် မြောက်ပင်လယ်သို့ ရောက်ရှိလာကတည်းက သူ့ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ မခက်ခဲပေ။
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဟုတ်ပါတယ်”
ယုဖန်ရှန်းက သူမ၏ ကြီးမားကြည်လင်သော မျက်လုံးများဖြင့် ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ ကျွန်မ ရှင့်ကို ခရီးမှာ အဖော်လုပ်ပေးလို့ရမလား သိချင်မိပါတယ်”
သူမ၏ “အဖော်”ဆိုသော စကားလုံးက သာမန်စကားလုံးမျိုး မဟုတ်ဘဲ ပိုပြီးနက်နဲသော ပေါင်းစည်းမှုမျိုးကို ဆိုလိုခြင်း ဖြစ်၏။ အကြောင်းအရင်းက ရှင်းလှသည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုက အရမ်းအန္တရာယ်များသောကြောင့် ဖြစ်သည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုတိုင်းတွင် ပါဝင်ယှဉ်ပြိုင်သော ပင်လယ်ပါရမီရှင်များ၏ အနည်းဆုံး ၃၀ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းက သေဆုံးသွားကြသည်။ ပျင်းရိသူပါသော မည်သည့်အဖွဲ့မဆို အသက်အန္တရာယ် ကျရောက်နိုင်သည်။
အပြန်အလှန်အနေဖြင့် ထူးခြားသော ပါရမီရှင်များပါသော အဖွဲ့က အန္တရာယ်ရှိသော အခြေအနေများကို အောင်မြင်စွာ ကိုင်တွယ်နိုင်ချေ များပြီး သူတို့၏ လုံခြုံရေးကို မူလအတိုင်း ထိန်းထားနိုင်မည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို ရှုပ်ထွေးပွေလီအရှိန်အဝါ အလွှာဖြင့် ဖုံးအုပ်ထားပြီး အပြင်ဘက်ကမ္ဘာနှင့် ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ထားသည်။ များပြားသော ကံအပြောင်းအလဲ အခွင့်အရေးများ၏ သွေးဆောင်ဖြားယောင်းမှုကြောင့် ဘာမဆို ဖြစ်သွားနိုင်သည်။
အဖွဲ့ဝင်တစ်ယောက်က နောက်ကျောဓားဖြင့်ထိုးခြင်းက ကျန်သော ပြင်ပ အန္တရာယ်များထက် ပိုပြီး ကြောက်ဖို့ကောင်းလှသည်။
ထို့ကြောင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှု မစတင်ခင်တွင် မျိုးနွယ်အသီးသီးမှ ပါရမီရှင်များက သူတို့၏ ကိုယ်ပိုင်အဖွဲ့များကို ဖွဲ့စည်းကြပြီး သူတို့၏ စစ်ဆေးမှု တွဲဖက်များကို ကြိုတင်အတည်ပြုထားကြသည်။
စွမ်းအားကြီးပြီး မြင့်မြတ်ဖြောင့်မှန်သောစရိုက်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်များက သူတို့၏ အရည်အချင်းများကို မကျော်နိုင်သည့် ငယ်ရွယ်သော သမုဒ္ဒရာမျိုးနွယ်နတ်ဆိုးများ၏ ထိပ်တန်းရွေးချယ်မှုများ ဖြစ်လာသည်။
ရလဒ်အနေဖြင့် ထူးခြားသည့်ပါရမီရှင်များကို ဆက်ကြေးအဖြစ် ဈေးကြီးသော လက်ဆောင်များ၊ အဖိုးတန်ရတနာများနှင့် လျှို့ဝှက်ပညာရပ်ကို စုပြုံပေးခြင်း ဖြစ်သည်။
တချို့ ပွင့်လင်းသော သမုဒ္ဒရာမျိုးနွယ် နတ်ဆိုးမများက ထူးခြားသော ပါရမီရှင်များ ပါဝင်ယှဉ်ပြိုင်လာအောင် သူတို့၏ ခန္ဓာကိုယ်များကို လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သကြသည်။
ယုဖန်ရှန်းက သိက္ခာရှိသော အပျိုစင်တစ်ယောက် ဖြစ်သည့်အတွက် တခြားတစ်ယောက်ကို သူမ၏ အဖွဲ့ဝင်ဖြစ်လာစေရန် ဆွဲဆောင်ရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို အသုံးချမည့်သူ မဟုတ်ပေ။
သူမ ပိုင်ဆိုင်ထားသော အလှ၊ ဆွဲဆောင်မှုနှင့် စွမ်းအားဖြင့် မြောက်ပင်လယ်ရှိ အမျိုးသား ပါရမီရှင်တိုင်း သူမကို ငြင်းဆိုခွင့် မရှိဘူးဟု တစ်ခွန်းသာ ပြောလိုက်လျှင် ရသည်။
ဤသို့သာဖြစ်လာပါက များပြားသော သမုဒ္ဒရာမျိုးနွယ် ပါရမီရှင်များ သေသွားမည် ဖြစ်သည်။
မမျှော်လင့်စွာဖြင့် သူမက သူမ၏ တွဲဖက်အဖြစ် လူသားဖြစ်သော ရှန်ထျန်းကို ရွေးချယ်ခဲ့သည်။ ပင်လယ်မျိုးနွယ် ပါရမီရှင်များသာ သိသွားပါက မနာလိုသော ခံစားချက်များ ပြင်းထန်လာလိမ့်မည်။
ထင်ထားတဲ့အတိုင်း သူမက ငါ့ကို အခွင့်ကောင်းယူချင်နေတာပဲ
ဒါပေမဲ့ ရုပ်ရည်ကြည့်ကောင်းရုံနဲ့တင် ဘာမှ လုပ်လို့မရဘူး။ မင်းမှာ ပစ္စည်းကောင်းတွေရှိတယ်ဆိုတာကို သက်သေပြဖို့ လိုအပ်တယ်
ရှန်ထျန်းက ပြုံးရင်း ပြောလိုက်သည်
“ ကျွန်တော် မှတ်ထားတာသာ မှန်တယ်ဆိုရင် မင်းသမီးလေး ဖန်ရှန်းက ကိုယ်ထည်မာကိုရော ချီကိုရော နှစ်ခုလုံးကို ကျင့်ကြံတယ်တဲ့။
မင်းသမီးလေးဖန်ရှန်းက ကနဦးဝိညာဉ်အဆင့်ကို ရောက်သွားပြီလို့လည်း ကြားထားတယ်။ ကျွန်တော်က ရွှေအမြုတေအဆင့်ပဲ ရှိသေးတော့ မင်းသမီးလေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာ စိုးရိမ်မိပါတယ်”
ယုဖန်ရှန်းက လှောင်ပြောင်စိတ်တိုသောမျက်နှာထားဖြင့် ပြောလိုက်သည်
“ ရှင်က ကျွန်မကို လှောင်ပြောင်ဖို့ ကြိုးစားနေတာလား။
မိချောင်းမျိုးနွယ်ရဲ့ အာ့ထုံထျန်းက မြောက်ပင်လယ်ရဲ့ ထိပ်သီးပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ ရှင်က ရွှေအမြုတေအဆင့် ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ သူ့ကို အလွယ်လေး အနိုင်ယူလိုက်နိုင်တယ်လေ။ ရှင့်ရဲ့ ပင်ကိုယ်အရည်အချင်းကိုက အံ့ဩစရာပဲ။
ရှင်သာ ရှင့်ရဲ့ အမြုတေကို ခွဲပြီး နောက်လအတွင်း ကနဦးဝိညာဉ်အဆင့်ကို ရောက်အောင် လုပ်နိုင်မယ်ဆိုရင် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုမှာ ရှင့်ကို ဘယ်သူမှ ယှဉ်နိုင်တော့မှာ မဟုတ်တော့ဘူး”
အစပျိုးတာ ပြီးသွားပြီ။ သူမ အခု အဓိကပြောရမဲ့နေရာကို ရောက်လာတော့မှာမလား
ရှန်ထျန်းက အံ့ဩစွာဖြင့် ပြောလိုက်သည်
“ မင်းသမီးလေး ဖန်ရှန်းက နောက်နေတာပဲ။ ကနဦးဝိညာဉ်အဆင့်ကို ရောက်ဖို့က ဒီလောက်ထိ ရိုးရှင်းတာလား။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူတို့ရဲ့ ကနဦးဝိညာဉ်ကို အချိန်အကြာကြီး ကျင့်ကြံဖို့ လိုအပ်တယ်လေ”
ကနဦးဝိညာဉ်အဆင့် အောက်မှာရှိတဲ့ အဆင့်တွေမှာ မင်း ကိုယ်ထည်ကို ကျင့်ကြံလားဆိုတာနဲ့ ချီကို ကျင့်ကြံတာလားဆိုတာကို အားလုံးက သိပြီးတော့ အလျင်အမြန် အနိုင်ယူနိုင်မှာပဲ
သို့သော် ထိပ်သီးပါရမီရှင်တစ်ယောက်အတွက်ပင် ကနဦးဝိညာဉ်အဆင့်ထက် ကျော်လွန်သွားပါက ကျင့်ကြံရေး လမ်းစဉ်က ဖြည်းဖြည်းချင်း နှေးသွားသည်။
နတ်ဘုရား ကိုယ်ထည်မာ ကျင့်ကြံသူများအတွက် သူတို့အရည်အချင်းများ များစွာ တိုးတက်လာရန် များပြားသော ဝိညာဉ်ချီများ၊ အရင်းအမြစ်များနှင့် အချိန်များကို အသုံးချရမည် ဖြစ်၏။
ချီသန့်စင်ခြင်း ကျင့်ကြံသူများအတွက် ကနဦးဝိညာဉ်အဆင့်သို့ စတင်ရောက်ရှိသွားသူများက အမြုတေ ကွဲအက်ပြီးနောက် အင်မတန် အားနည်းလာသည်။ အမှားလေးတစ်ခုကပင် သူတို့၏ ကနဦးဝိညာဉ်များကို ထိခိုက်ပြီး စိတ်နတ်ဆိုးများ ထွက်ပေါ်လာနိုင်သည်။
ခုနစ်စင်ကြယ်သူတော်စင် ချန်ကျုံးထျန်းလိုမျိုးပေါ့။ သူ ရက်ရက်စက်စက် အရိုက်ခံရတုန်းက အမြုတေကွဲအက်သွားပြီး ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားခါစပဲ ရှိသေးတာ။
သူ့ရဲ့ ကနဦးဝိညာဉ် ပျက်စီးသွားပြီ…
ကျင့်ကြံသူတစ်ယောက်အနေဖြင့် လုံခြုံဘေးကင်းရန်အတွက် ကနဦးဝိညာဉ်အဆင့်သို့ ရောက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူတို့၏ ကိုယ်ပိုင် ကနဦးဝိညာဉ်ကို တည်ငြိမ်အောင် လုပ်ဖို့အတွက် အချိန်တစ်ခုလောက်ပေးပြီး ကျင့်ကြံရမည် ဖြစ်သည်။
ကျင့်ကြံသူ၏ ကနဦးဝိညာဉ်က ပိုမိုသန်မာလာကာ တည်ငြိမ်လာပြီးနောက် နယ်မြေများသို့ ခရီးထွက်ကာ သူတို့၏ ကနဦးဝိညာဉ်ကို အားအင်ဖြည့် မြှင့်တင်ရန်အတွက် ဘာမဆိုလုပ်နိုင်သည်။
ကျင့်ကြံသူက လောကအကြောင်းကို ပိုမိုနားလည်လာလျှင် သူတို့၏ ကနဦးဝိညာဉ်ကြီးထွားမှုက ပိုမိုသိသာလာကာ သူတို့၏ ကျင့်ကြံရေးလမ်းစဉ်ကလည်း ပိုမိုမြန်ဆန်လာလိမ့်မည်။
ထိုအရာက တချို့ကျင့်ကြံသူများအတွက် နှစ်ပေါင်းရာချီပြီး အချိန်ယူရမည်ဖြစ်သည့်အတွက် ရှည်လျားနှေးကွေးပြီး ငြီးငွေ့ဖွယ်ကောင်းသော လမ်းစဉ်တစ်ခု ဖြစ်သည်။
တစ်ခါတစ်ရံ ထိုလုပ်ဆောင်ချက်လေးအတွက် နှစ် ၁၀၀ လောက် ဖြည်းဖြည်းချင်း လုပ်ဆောင်တတ်ရသလို၊ တစ်ခါတစ်ရံ၌လည်း ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားနိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာက အလောတကြီး လုပ်လို့ရသည့်အရာ မဟုတ်ပေ။ ဘဝ၏ အဓိပ္ပာယ်ကို နားလည်ဖို့ရန် ဖြည်းဖြည်းချင်း အချိန်ယူရမည် ဖြစ်သည်။
ကျင့်ကြံသူ၏ ဝိညာဉ်ကို သန်မာစေသော ဆေးလုံးများလည်း နယ်မြေငါးခုမှာ ရှိသည်။
သို့သော် အထွတ်အမြတ်မြေများမှ ကျင့်ကြံသူများပင် ထိုနည်းလမ်းကို မရွေးချယ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဆေးလုံးများက အရမ်းဈေးကြီးသောကြောင့် ဖြစ်သည်။
ထိုဆေးလုံးများက များသောအားဖြင့် ဂိုဏ်းများက သိမ်းဆည်းစုဆောင်းထားသော အဖိုးတန် ရတနာများဖြစ်ပြီး မဖြစ်မနေ အခြေအနေဖြစ်သော အမွေဆက်ဆံသူ ပြုစုမွေးထုတ်ပေးသည့်အခါမျိုးတွင်သာ အသုံးပြုလေ့ ရှိသည်။
သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် ထိုကဲ့သို့သော ဆေးလုံးမျိုးကို အသုံးပြုခြင်းက အရမ်းဖြုန်းတီးရာကျသည်။ ထိုဆေးလုံးများ၏ တန်ဖိုးက သူတို့၏ ကိုယ်ပိုင်အသက်တန်ကြေးထက်ပင် မြင့်နေသေးသည်။
ကနဦးဝိညာဉ်ကျင့်ကြံသူများ၏ သက်တမ်းက တစ်ထောင်ကျော် ရှိသည်။ နှစ်ပေါင်းရာချီပြီး ကျင့်ကြံဖို့အတွက် သူတို့မှာ ဘာပြဿနာမှ မရှိပေ။
ရှန်ထျန်းက မထုံတက်သေးပုံစံဖြင့် ပြုံးလိုက်သည်။
ယုဖန်ရှန်းက ရှန်ထျန်းကို ဆက်လက် စိုက်ကြည့်နေသည်။ သူ့ကို စကားပြောရခြင်းက မချင့်မရဲဖြစ်ရသည်ဟု သူမ ခံစားလာရသည်။ သူ့ကို ကြည့်ရတာ သူမ ဘာစဉ်းစားနေလဲဆိုတာကို လုံးဝ လျစ်လျူရှုထားပုံ ပေါ်သည်။ သူက သူမ၏ ရင်းနှီးကျွမ်းဝင်မှုကို လုံးဝ စိတ်မဝင်စားပုံလည်း ပေါ်သည်။
သူ တုံ့ပြန်နေသော ပုံစံကြောင့် စကားပြောရသည့် အကြောင်းအရာကို သူမ ထိန်းချုပ်လို့မရ ဖြစ်နေသည်။
ဒီလူက ကိုင်တွယ်ရ အရမ်းခက်ခဲတာပဲ
ယုဖန်ရှန်းက ကျောက်စိမ်းသေတ္တာကို ထုတ်ယူကာ ရှန်ထျန်းဆီပေးရင်း တွေဝေစွာပြောလိုက်သည်
“ ဒီသေတ္တာထဲက ပစ္စည်းကို ရှင်မှတ်မိလား”
ရှန်ထျန်းက သေတ္တာကို လက်ခံကာ ဖွင့်လိုက်သည်။
အထဲတွင် မျက်ရည်စက်ပုံစံ စိမ်းပြာရောင် သလင်းကျောက်ရှိပြီး ကြယ်တစ်စင်းကဲ့သို့ တောက်ပနေသည်။
ပိုပြီးဆန်းကြယ်သည်က သူ သေတ္တာကို ဖွင့်ပြီးပြီးချင်းတွင် သူ၏ စိတ်စွမ်းအား ပိုမိုတုန်ခါလာပြီး သူ့ဝိညာဉ်ကလည်း ပြင်းထန်သော လိုချင်တောင့်တမှုတို့ ဖြစ်ပေါ်သွားသည်။ ထိုသလင်းကျောက်က အင်မတန်ရှားပါးသော ရတနာဆိုတာ သေချာပြီး ကျင့်ကြံသူ၏ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။
ချီရှောက်ရွှမ်၏ ကံအပြောင်းအလဲ အခွင့်အရေးထဲမှ ပုံရိပ်များကို ပြန်လည်စဉ်းစားပြီးနောက် ရှန်ထျန်းက ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။
သူက သေတ္တာကို ပြန်ပိတ်ကာ ပြောလိုက်သည်
“ မင်းသမီးလေး ဖန်ရှန်းမှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်လိုမျိုး ထူးခြားတဲ့ ရတနာရှိနေမယ်လို့ ထင်မထားဘူး။ ကျွန်တော်အတွက် ဒါကို မြင်ရတာ စိတ်ကျေနပ်စရာပဲ”
ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှ ဖြစ်ပြီး မြောက်ပင်လယ်တစ်ခုလုံး၏ အဖိုးတန်ဆုံးသော ရတနာများထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။
ထိုရတနာ၏ အကြီးမားဆုံးသော အကျိုးအမြတ်က ကျင့်ကြံသူ၏ ဝိညာဉ်ကို အားအင်ဖြည့်တင်းပေးနိုင်သည်။
ဥပမာအားဖြင့် ယုဖန်ရှန်းက သူမ၏ အမြုတေ အောင်မြင်စွာ ကွဲအက်ပြီး ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူမက ကနဦးဝိညာဉ် အစောပိုင်းအဆင့်များမှာသာ ရှိသေးသည့်အတွက် သူမ၏ ဝိညာဉ်ကို တည်ငြိမ်အောင် လုပ်ဖို့အတွက် သီးသန့်နေပြီး ကျင့်ကြံသင့်သည်။ သူမအတွက် စစ်ဆေးမှု ခံယူဖို့အတွက် သင့်တော်မည် မဟုတ်ပေ။
သို့သော် ယုဖန်ရှန်း၏ ဝိညာဉ်က သန်မာပြီး စွမ်းအားကြီးသည်ဟု ခံစားရသည့်အတွက် ကွဲအက်သွားမည်ဟု လုံးဝ မထင်ရပေ။
ထိုအရာက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်၏ အကြီးမားဆုံး အကျိုးအမြတ်ဖြစ်ပြီး ကျင့်ကြံသူများက ဝိညာဉ်ကို သန်မာစေရန် ထိုအရာ၏ စွမ်းအားကို စုပ်ယူလို့ ရနိုင်သည်။
ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က အရမ်းရှားပါးသော ပစ္စည်းတစ်ခု ဖြစ်သည်။ မြောက်ပင်လယ် သမုဒ္ဒရာမျိုးနွယ်အနည်းစုသာ တစ်ခုလောက် သိမ်းဆည်းထားနိုင်သည်။
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်သော်လည်း လွန်ခဲ့သော လအနည်းငယ်မှစ၍ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ဤရတနာကို မသိပေ။
ချီရှောက်ရွှမ်လည်း ပထမအကြိမ် မြင်လိုက်တုန်းက မမှတ်မိခဲ့ပေ။
သို့သော် ထိုအရာက ရှန်ထျန်းအပေါ် အကျိုးသက်ရောက်မှု မရှိပေ။ သူက ဤအကြောင်းအရာကို ကံအပြောင်းအလဲ အခွင့်အရေးထဲတွင် မြင်တွေ့ပြီးပြီ ဖြစ်သည်။
ရှန်ထျန်းက ယုဖန်ရှန်းကို စိုက်ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်က ကျင့်ကြံသူရဲ့ ဝိညာဉ်ကို သန်မာစေဖို့ အသုံးပြုလို့ရတယ်လို့ ကျွန်တော် ကြားဖူးတယ်။ ကြယ်မျက်ရည်တစ်ခုက နှစ်ပေါင်းတစ်ရာစာ ကျင့်ကြံရေးကို အစားထိုးလို့ ရတယ်တဲ့။
မင်းသမီးဖန်ရှန်းက အခုမှ ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိထားတာဆိုတော့ ဒီရတနာက မင်းသမီးလေးအတွက် အရမ်းတန်ဖိုးရှိမှာပဲ။
ကျွန်တော်ကို ပြလိုက်တော့ ကျွန်တော် လိုချင်သွားမှာကို မစိုးရိမ်ဘူးလား”
ယုဖန်ရှန်းက အနည်းငယ် အံ့ဩသွားသည်။ အရိုးသားဆုံးပြောရလျှင် ရှန်ထျန်း ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို မှတ်မိနေလိမ့်မည်ဟု မထင်ထားပေ။
သူမက အသုံးအဆောင် ပစ္စည်းကို ရှန်ထျန်း မမှတ်မိဖို့ မျှော်လင့်နေခဲ့သည်။ ထို့နောက် သူမက ရတနာအကြောင်း သူ့ကို ရှင်းပြကာ သူ ထိတ်လန့်သွားသော မျက်နှာထားကို ရှုစားဖို့ ဆုံးဖြတ်ထားသည်။
မမျှော်လင့်ထားစွာဖြင့် သူက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို သိနေခဲ့သည်။ ထိုအရာက သူမကို ပျင်းစရာကောင်းစေပြီး စိတ်ဝင်စားမှု ကုန်ဆုံးစေသည်။
ယုဖန်ရှန်း၏ ရှန်ထျန်းအပေါ် မြင်သောအမြင်က သူက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို မှတ်မိသည်ဆိုသော အချက်ကြောင့် ပိုမို မြင့်သွားသည်။ ထိုအရာက သူ့ကို သူမရဲ့ လက်တွဲဖော် ဖြစ်စေရန် ပိုမို လိုချင်တပ်မက်လာစေသည်။
ယုဖန်ရှန်းက ပြုံးကာ ပြောလိုက်သည်
“ကြယ်မျက်ရည်စက်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကနေ ရလာတာလေ။ အဲဒါကြောင့် ကျွန်မရဲ့ မျိုးနွယ်က ဝိညာဉ်ကို ကျင့်ကြံတဲ့နေရာမှာ အတော်ဆုံးပဲ။ ကျွန်မတို့ဆီမှာ ကျွန်းပေါ်မှာရှိတဲ့ ကြယ်မျက်ရည်စက်တွေကို ရှာဖို့အတွက် လျှို့ဝှက်နည်းလမ်း ရှိတယ်။
ဒါပေမဲ့ ကျွန်မက တိုက်ခိုက်သတ်ဖြတ်တာ မတော်ဘူး။ ကျွန်းပေါ်မှာ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင် ကျွန်မကိုယ်တိုင် မကိုင်တွယ်နိုင်မှာ စိုးရိမ်တယ်။
ရှင်က ကျွန်မရဲ့ တွဲဖက်ဖြစ်လာပြီးတော့ ကျွန်မကို ကာကွယ်ပေးမယ်ဆိုရင် ဒီပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို ရှင့်ကို ပေးဖို့ ဆန္ဒရှိပါတယ်။ ဒါက ရှင့်ရဲ့ အမြုတေကို အမြန် ကွဲအက်စေပြီးတော့ ကနဦးဝိညာဉ်အဆင့်ကို အမြန်ရောက်သွားဖို့ ကူညီပေးလိမ့်မယ်။ အဲလိုဆိုရင်ရော ဘယ်လိုလဲ”
ယုဖန်ရှန်း၏ အမြင်တွင် ထိုအရာက ရှန်ထျန်း မငြင်းဆိုနိုင်သောအရာ ဖြစ်သည်။ ရှန်ထျန်းကို စံနမူနာယူထိုင်သော ပါရမီရှင်အဖြစ် သတ်မှတ်ထားသော်လည်း သူက အရမ်းငယ်နေသေးသည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို ဝင်ရောက်မည့် ပါရမီရှင်များက အနည်းဆုံး နှစ် ၅၀၀ နှင့်အထက် ရှိရမည်ဖြစ်ပြီး အများစုက အသက် နှစ် ၄၀၀ ကျော်နေပြီဖြစ်သည်။
သူတို့ထဲမှ တချို့က လွန်ခဲ့သော နှစ်၃၀၀က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုတွင် ကိုယ့်အတွက်ကို နာမည်ရအောင် လုပ်ထားပြီးကြလေပြီ။
နှစ် ၃၀၀ ကြာပြီးနောက် ထိုသမုဒ္ဒရာမျိုးနွယ် ပါရမီရှင်များက သူတို့ ယခင်စစ်ဆေးမှုမှ ရရှိခဲ့သော ကံအပြောင်းအလဲ အခွင့်အရေးများအားလုံးကို သန့်စင်စုပ်ယူပြီးနေပြီ ဖြစ်သည်။ သူတို့၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်စွမ်းရည်များကလည်း စိတ်ကူးယဉ်ကြည့်၍ မရနိုင်လောက်အောင် စွမ်းအားကြီးလာကြလေပြီ။
ပိရွှမ်ချင်းနှင့် အာ့ထုံထျန်းကို ထိပ်သီးပါရမီရှင်များထဲမှ နှစ်ယောက်အဖြစ် သတ်မှတ်ထားပြီးပြီ ဖြစ်သည်။ သို့သော် သူတို့က ထိုအတွေ့အကြုံရှိသူများနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။
ရှန်ထျန်းသာ ဤစစ်ဆေးမှုမှာ ပါဝင်ချင်ပါက အကောင်းဆုံးနည်းလမ်းက ကနဦးဝိညာဉ်အဆင့်သို့ တက်ရောက်ခြင်း ဖြစ်၏။
သူ၏ ယခုလက်ရှိ ရွှေအမြုတေနှင့် ရွှေရောင်ကိုယ်ထည်အဆင့်တွင် သူက အာ့ထုံထျန်းကို အလွယ်တကူ အနိုင်ယူလိုက်နိုင်သည်။ သူသာ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို အသုံးပြုပြီး ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပါက သူ့စွမ်းအားများကို သေချာပေါက် မြှင့်တင်ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
ထို့နောက် သူက စွမ်းအားအကြီးဆုံး ပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင်ပင် သူ့နည်းလမ်းနှင့်သူ အားလုံးကို ဖိနှိပ်နိုင်မည် ဖြစ်သည်။
ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ထိုအရာကို လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်နိုင်မည့် သော့ချက်တစ်ခုလည်း ဖြစ်သည်။
ရှန်ထျန်းက သူမ ပေးသော ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ကြည့်ပြီး ပြုံးရုံသာ ပြုံးလိုက်သည်ကို ယုဖန်ရှန်း အံ့ဩသွားရသည်။ သူက သေတ္တာကို သူမဆီ ပြန်ပေးကာ အေးချမ်းသာယာစွာ ပြောလိုက်သည်
“ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က အရမ်းရှားပါးတဲ့ပစ္စည်းပဲ။ ဒါပေမဲ့ ဒါက လာဘ်ထိုးတဲ့ ပစ္စည်းအဖြစ်ဆိုရင် မလောက်ငှသေးဘူး။
မင်းသမီးလေး ဖန်ရှန်းက ချီရှောက်ရွှမ်ကို တွဲဖက်အဖြစ် ရွေးချယ်ခဲ့ချင်တယ်ဆိုရင်တော့ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် တစ်ခုဆိုရင် လုံလောက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကို တွဲဖက်အဖြစ် ရွေးချယ်ချင်တယ်ဆိုရင်တော့ ဈေးနှုန်းလေးတော့ ကွဲပြားလိမ့်မယ်”
ယုဖန်ရှန်းက ဘာပြောရမည်ဆိုတာကိုပင် မသိတော့ပေ။
ငြင်းလိုက်တာလား။ ဒီလူက ငါ့ကို ငြင်းတယ်ရဲတယ်ပေါ့လေ
သူမက ရေသူမင်းသမီးလေး ယုဖန်ရှန်းလေ။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက မြောက်ပင်လယ်ရဲ့ လေးစားပြီး အားကျခံရဆုံး မိန်းကလေးလေ
ဒီလူက ငါ့ကို အရမ်းလျစ်လျူရှုတာပဲ။ သူက ငါ့ကိုတောင် ဈေးဆစ်ရဲတယ်
အရှင်းဆုံးပြောရလျှင် ယုဖန်ရှန်းက လွန်ခဲ့သော နှစ်ပေါင်းများစွာကို ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုအတွက် ပြင်ဆင်နေခဲ့သည်။ သူမက ချီရှောက်ရွှမ်ကို ရွေးချယ်ဖို့အတွက် တကယ် စီစဉ်ထားခဲ့သည်။
အကြောင်းအရင်းတစ်ခုက နဂါးမျိုးနွယ်နှင့် ရေသူမျိုးနွယ်တို့က ဆက်ဆံရေး ကောင်းမွန်သောကြောင့် ဖြစ်၏။ ယုဖန်ရှန်းနှင့် အောင်းဝူတို့ကလည်း မောင်နှမများကဲ့သို့ ရင်းနှီးကြသည်။ နဂါးမျိုးနွယ်၏ လူသားတွဲဖက်က သူမ ယုံကြည်လို့ရသောသူ ဖြစ်သည်။
နောက်ထပ် အကြောင်းအရင်းတစ်ခုက ချီရှောက်ရွှမ်က အရမ်းစွမ်းအားကြီးသည်။ သူသာ နောက်ထပ်တစ်ဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပါက စစ်ဆေးမှုအတွင်း ယုဖန်ရှန်းကို လုံခြုံအောင် လုပ်ပေးနိုင်မည် ဖြစ်သည်။
သို့သော် သူမက ရှန်ထျန်းကို မြင်သည်နှင့်တစ်ပြိုင်နက် ယုဖန်ရှန်းက သူမ၏ အစီအစဉ်ကို ချက်ချင်း ပြောင်းလိုက်ပြီး သူနှင့် ပူးပေါင်းဖို့အတွက် ရွေးချယ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရှန်ထျန်းကလည်း နဂါးမျိုးနွယ်၏ တွဲဖက်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူ၏ တိုက်ခိုက်စွမ်းရည်ကလည်း ချီရှောက်ရွှမ်ထက် ပိုပြီး မြင့်မားသည်။
ပိုပြီးအရေးကြီးသည်က ရှန်ထျန်းက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ချောမောနေသည်။
သူမသာ ဤရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုတွင် ရှန်ထျန်းနှင့် အတူပါဝင်ပြီး သေရေးရှင်ရေးအခြေအနေကို အတူရင်ဆိုင်ပါက ထိုအရာမှ ရလာမည့် ကြည်နူးစရာ ခံစားချက်ကို သူမ ကြိုတင် စိတ်ကူးယဉ်မိနေလေပြီ။
သို့သော် ရှန်ထျန်းက ကြယ်မျက်ရည်စက် တစ်ခုကို မလုံလောက်ဘူးဟု သတ်မှတ်လိမ့်မည်ဟု ယုဖန်ရှန်း လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူက ပိုပြီးတော့ လိုချင်နေတာပဲ
ဘာလဲ။ ရှင့်ကို ကျွန်မနဲ့ တစ်သင်းထဲ ဖြစ်အောင်လုပ်ဖို့က အဲလောက်ထိ ခက်ခဲနေတာလား
ရေသူမင်းသမီးလေးက ရှန်ထျန်းကို စိုက်ကြည့်ကာ ဒေါသကြောင့် ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။
သူမက သူ့ကို ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်
“ ကျေးဇူးပြုပြီးတော့ ပြန်စဉ်းစားပါဦး။ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်က စစ်ဆေးမှုမှာ မင်းရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို ကောင်းမွန်တဲ့ အကူအညီ ဖြစ်စေလိမ့်မယ်”
ရှန်ထျန်းက ယုဖန်ရှန်း၏ ခေါင်းအထက်သို့ ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ ကျွန်တော်က ဒီရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုမှာ ညီအစ်ကိုချီနဲ့အတူတူ ဖြစ်လိမ့်မယ်။ ကျန်တဲ့သူတွေကိုလည်း စည်းရုံးဖို့ လိုအပ်သေးတယ်။
သုံးခု… ကျွန်တော်ကို ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် သုံးခုပေးပါ။ ဒါဆိုရင် မင်းသမီးလေးရဲ့ လုံခြုံမှုကို ကျွန်တော်ကို အာမခံပေးပါ့မယ်။ အဲဒါအပြင် ကျွန်တော်တို့ ကျွန်းပေါ်မှာတွေ့ကြုံရမဲ့ ကံအပြောင်းအလဲ အခွင့်အရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း မင်းသမီးလေးကို ပေးပါ့မယ်။
မင်းသမီးလေးရမဲ့ ကံအပြောင်းအလဲ အခွင့်အရေးကိုလည်း ကျွန်တော်တို့ ခွဲဝေယူမယ်။ ကျွန်တော်တို့ ဘယ်လောက်ရရှိလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို ခွဲယူမယ်။
မင်းသမီးလေးက ကျွန်တော်တို့နဲ့ အလုပ်လုပ်ဖို့ ရွေးချယ်လိုက်မှတော့ ညီအစ်ကိုချီက အရှေ့ပိုင်းလွင်ပြင်ရဲ့ ကံကြမ္မာသားတော်ဆိုတာကို သိသင့်တယ်။
ကျွန်တော်တို့အဖွဲ့ထဲကို ဝင်လိုက်ပါ။ ဒီစစ်ဆေးမှုကနေ ရလာမဲ့ အရာတွေကြောင့် မင်းသမီးလေး စိတ်မပျက်စေရပါဘူး”
ယုဖန်ရှန်းက ရှန်ထျန်း သတ်မှတ်လိုက်သော ဈေးနှုန်းတွင် ငြိမ်ကျသွားသည်။
ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် သုံးခုတဲ့လား။ ဒါက သူမ ပေးနိုင်တာထက် ကျော်လွန်နေပြီ
ထိုအရာက ကျင့်ကြံသူ၏ ဝိညာဉ်နှင့် ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်သော ရတနာတစ်ပါး ဖြစ်ပြီး လိုချင်သူများသော အရာလည်း ဖြစ်သည်။
ရေသူမျိုးနွယ်၏ မင်းသမီးတစ်ပါးအနေဖြင့် ယုဖန်ရှန်းတွင် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် တစ်ခုသာ ရှိသည်။
သို့သော် သူမက ရှန်ထျန်း၏ စကားများဖြင့် ဆွဲဆောင်ခံလိုက်ရသည်။ သူ ပြောသည့်အတိုင်း ချီရှောက်ရွှမ်က အရမ်းကံကောင်းသည်ဟု နာမည်ကြီးသည်။
ထို့အပြင် ယုဖန်ရှန်းက ရှန်ထျန်းနှင့် ပတ်သက်သော သတင်းများကိုလည်း ကြားထားသည်။
ဒီလူက ချီရှောက်ရွှမ်ထက်တောင် ကံကောင်းသေးတယ်
သူမက ငွေဖြူရောင်မင်းသားဆီမှ ရှန်ထျန်းအကြောင်းများကို ကြားထားသည်။
ရှန်ထျန်းက မီးတိုင်းပြည်မှာ မွေးဖွားခဲ့ပြီး အထွတ်အမြတ်မြေ ပါရမီရှင်များနှင့် ဆက်ဆံမှု လုံးဝ မရှိခဲ့ဘူး။
ပြီးတော့ ဒီလူက ဝိညာဉ်သတ္တုရိုင်းတုံးဥယျာဉ်ကနေ လာပြီးတော့ ဝိညာဉ်သတ္တုရိုင်းတုံးအနည်းငယ်ကို ကျပန်းရွေးချယ်လိုက်တယ်တဲ့
အဆုံးမှာတော့ အဲဒီသတ္တုရိုင်းတုံးတစ်ခုစီမှာ အဖိုးတန်ရတနာတွေဖြစ်တဲ့ ဝိညာဉ်အသုံးအဆောင်ပစ္စည်း၊ ဆန်းကြယ်ရတနာတွေ၊ ထာဝရသစ်သီး၊ အံ့ဖွယ်သွေးနဲ့ တခြားပစ္စည်းတွေ ပါနေခဲ့တယ်
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပျောက်ဆုံးနေတာ ကြာရှည်ပြီဖြစ်သော တားမြစ်အခန်းကိုပင် ရှာတွေ့ခဲ့ပြီး သူတို့၏ သူတော်စင် ဖြစ်လာခဲ့သည်။ သူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ရောက်ပြီးပြီးချင်း မိုးကြိုးဖောက်ခွဲရေးအဆောင်ကို တီထွင်ခဲ့သည်။
ထို့နောက် ကမ္ဘာဦးတိုက်ပွဲနယ်မြေသို့ သွားကာ အံ့ဖွယ်အသုံးအဆောင် ပစ္စည်းများစွာကို ရရှိခဲ့သည်။ သူက မြင့်မားစွာ အသိအမှတ်ပြုခံသော စစ်နတ်ဘုရား မျှော်နန်းဆောင်ကိုပင် ရှာတွေ့ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီသို့ ယူလာခဲ့သည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဆန်းကြယ်နယ်ပယ်သခင်ဖြစ်သည်ဟု ငွေဖြူရောင် မင်းသားက ပြောခဲ့သည်။
သူ့နောက်လိုက်လုပ်ပါက အကျိုးအမြတ် မရသည့်သူဟု မရှိပေ။
ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် သုံးခုတဲ့လား။ အဲဒါက နှစ်ပေါင်း ၃၀၀ ကျင့်ကြံခြင်းနဲ့ ညီမျှတယ်
ထိုအရာက ကျင့်ကြံဆင့်ကို ချက်ချင်း မြှင့်တင်ပေးနိုင်သည့် ရတနာတစ်ပါး ဖြစ်သော်လည်း ပထမဆုံး အသုံးပြုမှု၏ အကျိုးသက်ရောက်မှုက အကောင်းဆုံး ဖြစ်သည်။
ဒုတိယမြောက် အသုံးပြုပါက အကျိုးသက်ရောက်မှု ထက်ဝက် ဖြစ်သွားမည်ဖြစ်ပြီး တတိယအကြိမ် အသုံးပြုသည့်အခါ အကျိုးသက်ရောက်မှုက ထပ်ပြီး တစ်ဝက် လျော့သွားမည် ဖြစ်သည်။ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ဆက်တိုက် အသုံးပြုခြင်းက အကျိုးသက်ရောက်မှု လျော့နည်းလာလိမ့်မည်။
ဒါပေမဲ့ ရှန်ထျန်းရဲ့ အဖွဲ့ထဲဝင်ဖို့ အခွင့်အရေးကို အဖိုးဖြတ်မရတဲ့ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် သုံးခုနဲ့ လဲလှယ်မယ်ဆိုရင် ထိုက်တန်ပါ့မလား
ယုဖန်ရှန်းက ခဏတာ ငြိမ်သက်သွားပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်
“ ကောင်းပြီလေ။ မောင်လေးရှန်က ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် သုံးခုကို တောင်းဆိုတယ်ဆိုတော့ ကျွန်မ လိုက်လျောပေးပါ့မယ်”
ရှန်ထျန်းက ယုဖန်ရှန်း၏ ခေါင်းပေါ်ကို တစ်ချက်စိုက်ကြည့်ကာ ပျော်ရွှင်စွာ ပြုံးရင်း ပြောလိုက်သည်
“ မင်းသမီးလေး ရွေးချယ်မှု မှန်ကန်ပါတယ်။ ကျွန်တော်ကို ယုံလိုက်ပါ မင်းသမီးလေး နောင်တမရစေရပါဘူး”
ယုဖန်ရှန်းက သူမ၏ ချစ်စရာကောင်းမှုနှင့် လှပမှုကို လျစ်လျူရှုထားသည့် ထိုလူကို ဝမ်းနည်းစွာစိုက်ကြည့်ကာ သူမက သေတ္တာကို သူ့ဆီ တစ်ခေါက် ထပ်ပြလိုက်သည်။
“ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်က အရမ်းတန်ဖိုးရှိတယ်။ ပြီးတော့ ကျွန်မဆီမှာ လောလောဆယ် တစ်ခုပဲ ရှိတယ်။
ဒီပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို စရံလို့ သဘောထားလိုက်ရအောင်။ စစ်ဆေးမှု ပြီးသွားတဲ့အခါ မောင်လေးရှန်ကို ကျန်တဲ့နှစ်ခု ထပ်ပေးမယ်ဆိုရင် အဆင်ပြေလား”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ ရတာပေါ့။ ဒါပေမဲ့ စစ်ဆေးမှုမှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တွေ ထပ်ပြီးတော့ ရှာတွေ့ခဲ့မယ်ဆိုရင် အကြွေးကို အရင်ပေးရမယ်နော်”
ယုဖန်ရှန်းက ရှန်ထျန်း၏ စီးပွားရေးအရ ဆက်ဆံမှုမျိုးကြောင့် စိတ်တိုနေပြီ ဖြစ်သည်။
ငါက အကြွေးမပေးဘဲ ထွက်ပြေးမဲ့သူနဲ့ တူနေလို့လား
သူမက ရှန်ထျန်း၏ လက်ထဲသို့ ထည့်ပေးကာ ဒေါသထွက်သွားသည်။
“ကောင်းပြီလေ”
ရှန်ထျန်းက ဒေါသထွက်နေသော ယုဖန်ရှန်းကို ကြည့်ကာ အံ့ဩမှင်သက်သွားသည်။
ဈေးဆစ်နေတုန်းက ဒီရေသူမင်းသမီးလေးက အတော်ချစ်ဖို့ ကောင်းတာပဲ။ သူမက အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေပေမဲ့ ဈေးမဆစ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့
“ ဈေးရောင်းသူက သူတို့လိုချင်သလောက် ဈေးနှုန်းကို မြှင့်လို့ရပေမဲ့ ဝယ်သူက သူတို့လိုသလောက် နိမ့်ပြီး ပေးလို့ရသလိုပေါ့”
ချီရှောက်ရွှမ်၏ ကံအပြောင်းအလဲ အခွင့်အရေး ပုံရိပ်ထဲတွင် သူက ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် တစ်ခုကိုသာ ရရှိခဲ့သည့်အတွက် ရှန်ထျန်းက နှစ်ခုတောင်းဖို့အတွက် စီစဉ်ခဲ့သည်။
ယုဖန်ရှန်းက ထပ်ပြီး ညှိနှိုင်းဖို့ ကြိုးစားပါက ရှန်ထျန်း သဘောတူဖို့ လုပ်ထားခဲ့သည်။ သူက ကံအပြောင်းအလဲ အခွင့်အရေးကို အလကား မျှယူနေခြင်းဖြစ်ပြီး သူ့ကံကောင်းမှုကို စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။
ယုဖန်ရှန်းက သူ့ကို သုံးခုပေးဖို့အတွက် ချက်ချင်း သဘောတူမည်ဟု ထင်မထားခဲ့ပေ။
ဟား…ဟား…ဟား…တကယ်ကို အကျိုးအမြတ်ကြီးကြီး ရလိုက်တာပဲ
ဒါပေမဲ့ ဘာလို့ အရေးကြီးတာတစ်ခုခုကို မေ့နေသလို ခံစားနေရတာပါလိမ့်
အဲဒါ ဘာပါလိမ့်
သေစမ်း… ငါ ပေါ့ဆလိုက်တာ
ရှန်ထျန်းက သူ့လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို စိုက်ကြည့်ကာ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အလျင်အမြန် မတ်တပ်ထရပ်ကာ အပြင်ဘက်သို့ ပြေးထွက်သွားပြီး ပြောလိုက်သည်
“ ကျွန်တော်တို့ သဘောတူညီမှု ရပြီးပြီဆိုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်။ စစ်ဆေးမှု စတာနဲ့ ရှုပ်ပွေးထွေလီ ကြယ်တာရာကျွန်းမှာ တွေ့မယ်နော်”
ထို့နောက် ရှန်ထျန်းက ဝရံတာတစ်လျှောက်မှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ရေသူမင်းသမီးလေးက ဒေါသထွက်ကာ ခြေဆောင့်ပြီး ကျန်နေခဲ့သည်။
ဒီလူယုတ်မာကတော့…
ရှင် လိုချင်တာရပြီးတော့ ဒီလိုထွက်ပြေးသွားတယ်ပေါ့လေ။ တစ်မိနစ်လောက် ထပ်နေရင် သေသွားမှာမလို့လား။ ရှင့်ကို စားပစ်တော့မယ်
ရေသူမင်းသမီးလေး ယုဖန်ရှန်းက ခံစားချက်ပေါင်းစုံဖြင့် ကျန်နေခဲ့သည်။
ကောင်းကင်တေးသံ စံအိမ်၏ နောက်ထပ် သီးသန့်ခန်းတစ်ခုထဲတွင် စွမ်းအင်များ ထိုးဖောက်ထွက်နေသည်။
ခရမ်းစံအိမ်သူတော်စင် ချီရှောက်ရွှမ်လည်း ခံစားချက်ပေါင်းစုံ ဖြစ်နေလေသည်။