ရေသူမင်းသမီးက ဥ ဥတာလား
Vol. 21 Ch. 306
အခန်း (၃၀၆) : ရေသူမင်းသမီးက ဥ ဥတာလား
“ ရယ်စရာပဲ။ ခွန်မင်က လွန်ခဲ့တဲ့ နှစ် ၃၀၀ ကတည်းက နိဗာနအဆင့်ကို ရောက်နေပြီးပြီလေ။ နှစ်သုံးရာကြာပြီးတော့ သူ့ ကျင့်ကြံဆင့်က ဧရာမစွမ်းပကားရှင်အဆင့်ကို နီးကပ်နေပြီလေ။ အဲဒါကို ရွှေရောင်ကိုယ်ထည်အဆင့်ပဲ ရှိတဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်တယ်တဲ့လား”
“ ဟုတ်တယ်။ ငါတို့ မြောက်ပင်လယ်ရဲ့ နတ်ဆိုးမျိုးနွယ်က လူသားတွေနဲ့ ဆက်ဆံရေး မကောင်းပေမဲ့လည်း သူကတော့ အရမ်းအရှက်မဲ့လွန်းတယ်။ သူ့ထက် အဆင့်တစ်ဆင့်လုံး နိမ့်နေတဲ့ ပါရမီရှင်ကို စိန်ခေါ်တယ်တဲ့။ ဒါက လုံးဝ ကျက်သရေ မရှိတာပဲ”
“ မင်းသားခွန်မင်က ဘာလို့ ရုတ်တရက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်တာလဲ။ နိုင်ရင်လည်း မကောင်းသတင်း ကျော်ကြားသွားပြီးတော့ ရှုံးသွားမယ်ဆိုရင် လှောင်စရာကြီး ဖြစ်နေမှာ”
“ သူ ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်းသားခွန်မင်အတွက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို နိုင်ဖို့ဆိုတာ အသေးအဖွဲလေးပါပဲ”
“ အဲလို စိန်ခေါ်ရတဲ့ အကြောင်းအရင်းက ရေသူမင်းသမီးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို သူမရဲ့ အခန်းဆီ ဖိတ်ခေါ်ခဲ့လို့တဲ့”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို သူမရဲ့ အခန်းဆီ ဖိတ်ခေါ်ခဲ့ရုံတင် မကသေးဘူး။ မင်းသားခွန်မင် ဘာလို့ စိတ်တိုနေလဲဆိုတာကို သိရဲ့လား။ ဘာလို့လဲဆိုတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရေသူမင်းသမီးလေးရဲ့ အခန်းထဲမှာ တစ်ည ကုန်ဆုံးခဲ့လို့တဲ့လေ”
“ အမှန်အတိုင်းပြောရမယ်ဆိုရင် ငါလည်းရှိနေခဲ့တော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရေသူမင်းသမီးလေးရဲ့ အခန်းထဲမှာ အရမ်းပျော်ရွှင်စရာကောင်းတဲ့အချိန်ကို ကုန်ဆုံးခဲ့တယ်ဆိုတာကို သက်သေပြနိုင်တယ်။ နောက်နေ့ သူထွက်လာတော့ ခြေထောက်တွေတောင် ယိုင်နေတယ်လေ”
“ မင်းရဲ့ အချက်အလက်က အရမ်းနောက်ကျနေပြီ။ ငါ့ရဲ့ တတိယမြောက် ဦးလေးရဲ့ ခုနစ်ယောက်မြောက်ဦးလေးရဲ့ မြေးချွေးမလေးကလည်း ရေသူမျိုးနွယ်ကပဲလေ။ အဲဒါကြောင့် ငါ့မှာ သူလျှို ရှိတယ်။ မင်းသမီးဖန်ရှန်းက ဥဥပြီး မွေးဖွားဖို့ ပြင်ဆင်ဖို့အတွက် သီးသန့်ကျင့်ကြံနေတာလို့ ပြောတယ်”
“ အမလေး…အဲလိုမျိုး ထိတ်လန့်စရာကောင်းတဲ့ သတင်းလည်း ရှိသေးတာလား။ ဒါဆိုရင်လည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ မင်းသားခွန်မင်က ရေသူမင်းသမီးလေးကို သူ့အပိုင်ဆိုပြီးတော့ အမြဲတမ်း တွေးနေခဲ့ပြီးတော့ သူမကို အညှာအတာမရှိ ဒုက္ခပေးနေခဲ့တာလေ။ ရေသူမင်းသမီးလေးအတွက်နဲ့ ဘယ်သူက မင်းသားခွန်မင်နဲ့ပြိုင်ပြီးတော့ တိုက်ခိုက်ရဲမှာလဲ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို သတ္တိရှိတာပဲ။ ရေသူမင်းသမီးလေးနဲ့တောင် ပတ်သက်ရဲတယ်”
“ ကျွန်မ အရမ်းအားကျတာပဲ။ ကျွန်မလည်း အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အတွက် ကလေးမွေးပေးချင်တယ်”
ခွန်မင်က ရှန်ထျန်းကို စိန်ခေါ်သည်ဆိုသော သတင်းပျံ့သွားသည့်အတွက် မြောက်ပင်လယ်တစ်ခုလုံး စိတ်လှုပ်ရှားလာကြသည်။
အတိသုခမြို့တော်၏ လမ်းမများပေါ်သို့ လမ်းလျှောက်သွားပါက ခွန်မင်နှင့် ရှန်ထျန်းကြားက တိုက်ပွဲအကြောင်း ပြောဆိုနေသည်များကို ကြားနိုင်သည်။
သို့သော် နဂါးနက်ကျွန်းက ဆူပူမှုတစ်ခုဟုသာ သတ်မှတ်ပြီး ဖိနှိပ်လိုက်ဖို့ တိုက်ရိုက်ဆုံးဖြတ်လိုက်သည့်အတွက် စိန်ခေါ်ခံရသည့် ရှန်ထျန်းက ထို “တိုက်ပွဲ”အကြောင်းကို မသိခဲ့ပေ။
လာနောက်နေတာလား … ငါတို့ မြောက်ပင်လယ်ရဲ့ နဂါးနက်ကျွန်းက အခုမှ ငါတို့ရဲ့ဘိုးဘေးဖြစ်တဲ့ အောင်းပင်းကို ပြန်ရထားတာ။ နဂါးနက်ကျွန်းက ရှေ့လျှောက် တိုးတက်လာမလားဆိုတာက သူမအပေါ် မူတည်တယ်
ငါတို့က သူမအတွက် ဘာမဆို လုပ်ဖို့ဆန္ဒရှိတယ်
ဒါပေမဲ့ အခု ဒီမဟာလေဟာနယ် ခွန်ကောင်လေးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်ချင်တယ်လို့ ပြောနေတယ်ပေါ့လေ။ ဟား…ဟား…ဟား…စီနီယာကျမှုက လုံလောက်ရဲ့လားဆိုတာကို ဘာလို့ မမြင်ရတာလဲ
ခွန်မင်ကိုသာ ရှန်ထျန်းကို ရိုက်နှက်ခွင့်ပေးလိုက်မယ်ဆိုရင် အောင်းပင်းနဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မျက်နှာချင်းဆိုင်နိုင်မှာ မဟုတ်တော့ဘူး
ထို့ကြောင့် ထိုနေ့မှာပဲ နဂါးနက်ဘုရင်အောင်းယဲ့က မဟာလေဟာနယ် ခွန်မျိုးနွယ်၏ ဂိုဏ်းချုပ်ဆီကို သွားရောက်ကာ သူတို့ကို တိုက်ရိုက် ဖိအားပေးခဲ့သည်။
သူတို့ကိုဖိအားပေးခြင်းက အသုံးမဝင်တာကို သိသွားပြီးနောက် အောင်းယဲ့က သူတို့ကို အကြောင်းပြချက်ပေးပြီး စည်းရုံးဖို့ ဆုံးဖြတ်လိုက်သည်။ အဆုံးသတ်တွင် အောင်းယဲ့က ယခုလက်ရှိ မဟာလေဟာနယ် ခွန်ဘုရင်နှင့် တိုက်ခိုက်ခဲ့ပြီး ပြီးပြည့်စုံသော သဘောတူညီမှုကို ရရှိသွားသည်။
စိန်ခေါ်မှု ဖျက်သိမ်းခံလိုက်ရသည်။
ခွန်မင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်သည်ကို ပြန်လည်ရုတ်သိမ်းလိုက်ရသည့်အတွက် မကျေမနပ် ဖြစ်နေမိသည်။ သို့သော် သူ့၏ မရောင့်ရဲမှုက အမြင့်အသစ်သို့ တက်လှမ်းသွားသည်။
ဟား…ဟား…ဟား…လူသား သူတော်စင်က ဘာမှအရေးမပါပါဘူး။ သူ သေရမှာကို ကြောက်ပြီးတော့ ငါ စိန်ခေါ်တာကိုတောင် လက်မခံရဲဘူး။ ငကြောက်ကောင်ပဲ
ဖန်ရှန်းက ဘာလို့ ဒီလိုကောင်မျိုးကို သဘောကျရတာလဲ။ သူက စကားပြော ကောင်းလို့များလား
စက်ဆုပ်စရာကောင်းတဲ့ လူသား နဂါးနက်ကျွန်းက မင်းကို ကာကွယ်ပေးနေတာနဲ့တင် ပြီးသွားပြီလို့ ထင်နေတာလား
ငါတို့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို ဝင်သွားရင် ငါတို့ မတွေ့တာ အကောင်းဆုံးပဲ မဟုတ်ရင် မင်းကို ကောင်းကောင်းအပြစ်ပေးမယ်
ဟက်ချိုး…
ချောချောမောမော လူငယ်တစ်ယောက်က အထူးပြုလုပ်ထားသော “ ရေအောက် ရွံ့ရေချိုးကန်”တွင် ရေချိုးကာ မျက်နှာပေါင်းတင်နေရင်း နှာချေလိုက်မိသည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုက မကြာခင် စတင်တော့မှာ ဖြစ်သည့်အတွက် အတိသုခမြို့တော်၏ လေထုက ပိုမိုသိပ်သည်းလာသည်။ ရေအောက်ရွံ့အနားယူနေရာတွင် ကြိုတင် ဘိုကင်ယူထားရသည်။
ထိုအရာက အတိသုခမြို့တော်တစ်ခွင်မှာ အထူးအသင်းဝင်အဖြစ် အမည်စာရင်းသွင်းထားသော ဂဏန်းမင်းသား၏ ကျေးဇူးများကြောင့် ဖြစ်၏။ ထိုသို့သာ မဟုတ်ပါက ရှန်ထျန်းအနေနှင့် အခုလိုမျိုး ဝန်ဆောင်မှုကို ခံစားခွင့်ရမည် မဟုတ်ပေ။
သက်တောင့်သက်သာဖြစ်လိုက်တာ …
ရှန်ထျန်းကို နူးညံ့ပြီး နွေးထွေးသော အရည်တစ်ခုက ဖုံးလွှမ်းသွားသည်ကို ခံစားမိပြီး အံ့အားသင့်သွားရသည်။ မင်းသားလေးယောက်နှင့် အောင်းဝူတို့ကလည်း ရှန်ထျန်းဘေးရှိ ရေအောက်ရွံ့ထဲတွင် နစ်မြုပ်နေကြသည်။
ချီရှောက်ရွှမ်က အခုထိ သီးသန်းကျင့်ကြံခြင်းမှ ထွက်မလာသေးပေ။
“ မနက်ဖြန်ဆိုရင် ကျွန်တော်တို့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို ဝင်လို့ရပြီ။ ဒါနဲ့ အစ်ကိုရှန်က ဘာတွေပြင်ဆင်ထားလဲ”
ငွေဖြူရောင်မင်းသားလေးက ရှန်ထျန်းကို စိုက်ကြည့်ကာ သိချင်စိတ်ဖြင့် ပြောလိုက်သည်
“ ကျွန်တော် ကြားထားတာတော့ အစ်ကိုရှန်က အရှေ့ပိုင်းလွင်ပြင်ရဲ့ မြင်ဖူးသမျှထဲမှာ စွမ်းအားအကြီးဆုံး ကံကြမ္မာသားတော်လို့ ကြားထားတယ်။ အစ်ကိုဆီမှာ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ လုပ်ထားမယ်လို့ ကျွန်တော် ယုံကြည်တယ်”
ရှန်ထျန်းက မျက်လုံးဖွင့်ကာ အကုန်လုံးကို ကြည့်ပြီးနောက် သက်တောင့်သက်သာဖြင့် မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။
သူ ပြုံးကာ ပြောလိုက်သည်
“ ဘာပြဿနာမှတော့ မရှိလောက်ပါဘူး။ ငါတို့ အဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးမှုထဲ အတူဝင်သွားလို့ ရတာပဲ။ ငါတို့အချင်းချင်း ပြန်ပြီးတော့ ဂရုစိုက်ရင် ရပါတယ်”
ထိုစကားများကို ရှန်ထျန်းပြောပြီးနောက် မင်းသားလေးယောက်က သိသာစွာ စိတ်အားတက်ကြွသွားကြသည်။
ရှန်ထျန်းက တစ်ယောက်တည်း သွားမည်ဟု ထင်ထားသည့်အတွက် သူ့ဖိတ်ခေါ်မှုက သူတို့အတွက် အံ့အားသင့်သွားစေသည်။ ယခင်က ပြသခဲ့သည့် အာ့ထုံထျန်းကို တစ်ခါထဲ သတ်နိုင်သည့် ခွန်အားက မြောက်ပင်လယ်တစ်ခုလုံးရှိ သက်တမ်းနှစ်ငါးရာအောက်ရှိ ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် သူက အကောင်းဆုံးထဲက တစ်ယောက် ဖြစ်သည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းသို့ အတူသွားဖို့အတွက် ထိုကဲ့သို့သော စွမ်းအားကြီးပါရမီရှင် တစ်ယောက်ရှိတာ အရမ်းကို ရှားပါးသည်။ ပုံမှန်အားဖြင့် သူတို့က ကနဦးဝိညာဉ်အဆင့်အထက်ရှိ ကျင့်ကြံသူများကိုသာ တွဲဖက်အဖြစ် ရွေးချယ်လေ့ရှိကြသည်။
မင်းသားလေးယောက်က ကြီးမြတ်သော မျိုးနွယ်လေးခု၏ ပင်မပါရမီရှင်များ ဖြစ်သော်လည်း သူတို့ကအရမ်းငယ်ပြီး နိဗာနအဆင့်သို့ မရောက်ကြသေးပေ။
ရှန်ထျန်းအတွက်တော့ မင်းသားလေးယောက်ကို အတူခေါ်သွားခြင်းက ခက်ခဲကြမ်းတမ်းပြီး အကျိုးမဲ့သော အလုပ် ဖြစ်လိမ့်မည်။ သူတို့သာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ပါက မင်းသားလေးယောက်က ရှန်ထျန်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရှန်ထျန်းက မိတ်ဆွေနှင့် သစ္စာရှိမှုကို အရမ်းတန်ဖိုးထားသည်က သူတို့ကို စိတ်လှုပ်ရှားသွားစေသည်။
ဂဏန်းမင်းသားက ဂဏန်းလက်မများကို ဝှေ့ယမ်းရင်း မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။
“ သူဌေး အချိန်ထပ်တိုးလိုက်။ ကျွန်တော်တို့ ဈေးအကြီးဆုံး အလှလေးတွေကို လိုချင်တယ်”
ထိုနေ့ညတွင် အရမ်းပျော်ရွှင်နေသည့်အတွက် အချိန်က နဂိုထက် အကုန်မြန်သည်ဟု ရှန်ထျန်း ခံစားခဲ့ရသည်။
နောက်တစ်နေ့တွင်…
ပင်လယ်တစ်ခွင်၌ မြေကြီးတုန်ခါသံများကို ကြားလာရသည်။
မြို့တော်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါနေသည့်အတွက် အတိသုခမြို့တော်က ထိုဒဏ်ကို ပိုမိုခံစားနေရသည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပေါ်ထွက်လာမှုကြောင့် အက်ကြောင်းများ ပေါ်ထွက်ခြင်းကြောင့် တုန်ခါသွားခြင်း ဖြစ်သည်။ ပင်လယ်မျိုးနွယ် နတ်ဆိုးအများစုက ထိုအရာက အသားကျနေကြလေပြီ။
တုန်ခါမှုက တစ်နာရီလောက် ဆက်တိုက်ဖြစ်ပေါ်ပြီးမှ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
တစ်စုံတစ်ယောက်သာ အတိသုခမြို့တော်၏ မြင့်မားသောနေရာတွင် မတ်တပ်ရပ်ပြီး ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ရှိရာဘက်သို့ကြည့်ပါက မူလက ပိတ်ဆို့ထားသော ရှုပ်ထွေးပွေလီ အစီအရင်လည်း ယခု အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်ကို မြင်ရလိမ့်မည်။
ထိုအက်ကြောင်းများမှတစ်ဆင့် ကျွန်းများက လေထဲတွင် မြောနေသည်ကို အားလုံး ထင်ရှားစွာ မြင်နိုင်သည်။
အက်ကြောင်းများကြားမှ ဝိညာဉ်ချီကလည်း ဒီရေကဲ့သို့ အဘက်ဘက်သို့ ပျံ့နှံ့နေသည်။ ထိုအရာက အံ့အားသင့်ဖွယ်ကောင်းသော များပြားသည့် ဝိညာဉ်ချီများ ဖြစ်သည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းသို့ ဝင်ခွင့်မရသော ပင်လယ်မျိုးနွယ် နတ်ဆိုးအများစုအတွက် ရှုပ်ထွေးပွေလီ အစီအရင်ဖွင့်လှစ်ခြင်းမှ ထုတ်လွှတ်သော ဝိညာဉ်ချီကပင် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုက တစ်နှစ် ကြာမြင့်မည်ဖြစ်သည်။ ကျင့်ကြံသူသာ ရှုပ်ထွေးပွေလီ အစီအရင်အပြင်ဘက်ရှိ ဝိညာဉ်ချီ အများကြီးကို စုပ်ယူနိုင်ပါက တစ်နှစ်တာ ကျင့်ကြံခြင်းက ဝိညာဉ်ချီ ချို့တဲ့သော နေရာများမှာ နှစ်ပေါင်းတစ်ရာကျင့်ကြံခြင်းနှင့် အစားထိုးနိုင်သည်။
ဒါက ကြီးကျယ်တဲ့ ကျွေးမွေးပွဲပဲ
မရေတွက်နိုင်သော နတ်ဆိုးများက သူတို့၏ ပုံစံအမှန်ကို ဖော်ထုတ်ကာ ဝိညာဉ်ချီကို လောဘကြီးစွာ ဝါးမျိုနေကြသည်။
စစ်ဆေးမှုကို ပါဝင်ခွင့်ရသော ပါရမီရှင်များက သူတို့အကြီးအကဲများ၏ ကာကွယ်မှုအောက်တွင် အထဲသို့ ဦးတည်ဝင်သွားကြသည်။
နဂါးနက်မျိုးနွယ်၏ လူသားမျိုးနွယ်ဖြစ်သော ရှန်ထျန်းက အောင်းဝူ၊ ချီရှောက်ရွှမ်တို့နှင့်အတူ ဝင်သွားသည်။ ရှန်ထျန်းကို ခေါင်းဆောင်ဟုပင် ထင်မြင်နေကြသည်။
နဂါးမျိုးနွယ်စုအကြီးအကဲများက ရှန်ထျန်းတို့ကို အစီအရင်ထဲ ပို့မည့်အချိန် ခွန်မင်က သူတို့ဆီ ဦးတည်လာနေသည်။