← Chapters

တည်ရှိမှုအဓိပ္ပာယ်

Vol. 75 Ch. 1171

တည်ရှိမှုအဓိပ္ပာယ်

Vol. 75 Ch. 1171

ခဏအကြာ အဓိက ဒြပ်စင် သံတမန် ၆ပါး၏ ခန္ဓာကိုယ်များ မူလပုံသဏ္ဌာန်သို့ ပြန်ရောက်ရှိသွားပြီး အားနည်းသွားသော အငွေ့အသက်ကလည်း ဒြပ်စင်လောက တစ်ခုလုံးက အဆုံးမဲ့ စွမ်းအင်ကန်တစ်ခု ဖြစ်ေနသည့်အလား လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့ရာ ထိုအရာက အဓိက ဒြပ်စင် သံတမန် ၆ပါး၏ စွမ်းအားကို အဆက်မပြတ် ပြန်ဖြည့်ဆည်းပေးနိုင်၏။

သူတို့က အတိုင်းအတာ တစ်ခုအထိ ဖျက်ဆီးခြင်း တိုက်ကွက်ကို မခံစား ရသရွေ့ အဆုံးမဲ့ တိုက်ခိုက်နိုင်သည်။

သူတို့ လုံးဝ ဖျက်ဆီးခြင်း ခံရလျှင်ပင် အမှန်တကယ် သေဆုံးမည် မဟုတ်ပေ။ ၎င်းမှာ အဓိက ရေဒြပ်စင် သံတမန်ကဲ့သို့ ပြန်မွေးဖွားရန် အချိန်သာ လိုအပ်သည်။

ချန်လွေ့က သူ အဓိက ရေဒြပ်စင် သံတမန်ကို အနိုင်ယူခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ တစ်ဖက်က အလွန် ပေါ့ဆနေ၍ ဖြစ်ကြောင်းကို ယခုမှသာ သိရှိသွားသည်။ ခုနက [ကြယ်စုံနတ်ဘုရားမြင်ကွင်း]နှင့် [စကြဝဠာပျက်သုဉ်း] တို့က အပေါ်ယံ၌ နှစ်ဦးနှစ်ဖက် ရှုံးနိမ့်သည့် တိုက်ပွဲတစ်ခုနှင့် တူသော်လည်း တိတိကျကျ ပြောရလျှင် ပျံ့နှံ့နေသော အခြေအနေမျိုး ရှိနေသည့် [ကြယ်စုံနတ်ဘုရားမြင်ကွင်း]က စုစည်းနေသော အခြေအနေ ရှိနေသည့် [စကြဝဠာပျက်သုဉ်း]ထက်ပင် ကြီးမားသည်။ အမှန်တကယ်၌ ၎င်းမှာ ဒြပ်စင်လောက ဖြစ်နေရာ အဓိက ဒြပ်စင်သံတမန်များ ထိုမျှအထိ တည်ငြိမ် နေခြင်း ဖြစ်ပေသည်။

ဒဏ်ရာများ လျစ်လျူရှုကာ ချန်လွေ့က ခန္ဓာကိုယ်ထဲမှ စွမ်းအားကို အစွမ်းကုန် ချိန်ညှိလိုက်သည်။ တစ်ဖက်က ပြောသည့် အတိုင်း အသက်စွမ်းအား လောင်ကျွမ်း၍ [ကြယ်စုံနတ်ဘုရားမြင်ကွင်း]ကို အသုံးပြု ပြီးနောက် သူ၏စွမ်းအား သိသိသာသာ ကျဆင်းသွားပြီ ဖြစ်သည်။ ဒဏ်ရာကို ထည့်မတွက်လျှင်ပင် သူ၏ စွမ်းအား တစ်ခုတည်းက တူညီသော စွမ်းအား ရှိသည့် နောက်ထပ် တိုက်ကွက်ကြီး တစ်ခု အသက်သွင်းနိုင်ရန် မလုံလောက်ပေ။ ခန္ဓာကိုယ်နှင့် စွမ်းအားက လျင်မြန်စွာနှင့် အဆုံးမဲ့ ပြန်လည်၍ ရှင်သန်နိုင်သော အဓိက ဒြပ်စင် သံတမန်များ အတွက်မူ တိုက်ပွဲက အမှန်တကယ်ပင် ယခုမှသာ စတင်လေသည်။

သူက ၎င်းကို နောက်တစ်ကြိမ် အသက် သွင်းနိုင်လျှင်ပင် ရလဒ်မှာ ပိုမိုပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်ပြီး အဓိက ဒြပ်စင် သံတမန်များ ဆက်လက်၍ ပြန်လည် ရှင်သန်နေမည် ဖြစ်သည်။ ထိုသို့သုံးစွဲမှု ဆက်လက် ရှိနေပါက သေဆုံးမည့်သူမှာ သေချာပေါက် သူသာ ဖြစ်ပေလိမ့်မည်။

သို့သော် ယခုတွင် စဉ်းစားရန် များများ စားစား မရှိတော့ပေ။ အကြောင်းမှာ အဓိက ဒြပ်စင် သံတမန် ၆ပါးသည် အံ့ဩဖွယ်ရာ စွမ်းအား အငွေ့အသက်ကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်၍ပင်။ ယခုအချိန်တွင် မည်သည့် အဓိကဒြပ်စင် သံတမန်မျှ ချန်လွေ့ကို လျှော့တွက်ရဲခြင်း မရှိတော့ပေ။ သူတို့က ၆ယောက်လုံးနှင့် တစ်ယောက်တည်း တိုက်ခိုက်နိုင်သော ကြောက်မက်ဖွယ် ပြိုင်ဘက်အပေါ်တွင် အနည်းငယ်မျှပင် အလျှော့ပေးလိမ့်မည် မဟုတ်ပေ။

[စကြဝဠာပျက်သုဉ်း] မထုတ်လွှတ် ရသေးသော်လည်း ပေါက်ကွဲထွက်သွား သည်နှင့် စွမ်းအားမှာ ယခင်တစ်ခုထက် သေချာပေါက် သာလွန်ပေလိမ့်မည်။

ချန်လွေ့တွင် ရွေးချယ်စရာ မရှိတော့။ ကြယ်များက သူ၏ ပတ်ပတ်လည်တွင် နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။ ယခု တစ်ကြိမ် ခွန်အားနှင့် အရှိန်အဟုန်ကြောင့် ၎င်းမှာ ယခင်အကြိမ်များနှင့် အသေအချာ မနှိုင်းယှဉ်နိုင်ပေ။

အကယ်၍ ခုနက တိုက်မိခြင်းကို တန်းတူညီမျှဟု သတ်မှတ်ခဲ့လျှင် အတက် အကျ ပြီးနောက်တွင် နှစ်ဖက်၏ အားသာချက်များနှင့် အားနည်းချက်များ ပိုမို၍ ရှင်းလင်းလာခဲ့သည်။ ထိုအရာမှာ ချန်လွေ့ ကိုယ်တိုင်သာမက အဓိကဒြပ်စင် သံတမန် ၆ပါးအတွက်ပါ ရှင်းလင်းလှ၏။

ထိုအခိုက်တွင် [စကြဝဠာပျက်သုဉ်း]ကို စုစည်းနေသော အဓိကဒြပ်စင်သံတမန် ၆ပါးက တစ်ချိန်တည်း ရပ်တန့်သွားသည်။ သူတို့က အတူတူ ခေါင်းများ မော့လိုက်ရာ ကောင်းကင်မှ အရောင်စုံ အလင်းများ၏ အရှိန် ရုတ်တရက် တိုးမြှင့်သွားခဲ့သည်။

အရှိန်မြင့် ပျံသန်းနေသော အရောင်စုံ အလင်းများက အရောင်စုံ တိမ်တိုက် အစုအဝေးများ အဖြစ်သို့ စုစည်းသွားပြီး လျင်မြန်စွာ ပျံ့နှံ့သွားကာ ခဏအကြာ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွား၏။ ယခင်က ရှေးကျပြီး မသေနိုင်သော အငွေ့အသက် ပို၍ ထင်ရှားလာခဲ့သည်။ လောက တစ်ခုလုံး အနည်းငယ် စတင်၍ တုန်ခါလာ၏။

ထိုတုန်ခါမှုအတွင်းတွင် အရောင်စုံ တိမ်များ၏ ပုံသဏ္ဌာန်က လျင်မြန်စွာ ပြောင်းသွားပြီး ဖောက်ထွင်းမြင်နိုင်သော ဧရာမ အလင်းလုံးတစ်ခု အဖြစ်သို့ စုစည်းသွားလေသည်။ ပို၍ တိတိကျကျ ဆိုရလျှင် အလင်းပိုးအိမ် တစ်ခုပင်။

အလင်း ပိုးအိမ်ထဲတွင် ပုံရိပ်တစ်ခု ရှိနေသည်။ ၎င်းမှာ အလွန် ထင်ရှားသည် မဟုတ်သော်လည်း ချန်လွေ့ အတွက်မူ အလွန် ရင်းနှီးနေသည်။ သူက လွှတ်ခနဲ ပြောလိုက်၏။ “ဇိုလာ!”

ဇိုလာ မျက်လုံးများကို မှိတ်ထားလျက် အလင်းပိုးအိမ် အလယ်တွင် ဆိုင်းငံ့နေ၏။ အသိစိတ် ပျောက်ဆုံးနေပုံ ရသည်။

“ဒြပ်စင် နတ်ဘုရားမ စစ်လက်နက် သုံးခုက ပေါင်းစပ်တော့မယ့်ပုံပဲ။”

“ကျိုးပဲ့နေတဲ့ နတ်ဘုရားဘဝလည်း ပေါင်းစပ်ပြီး ပြန်ပုံဖော်ခံရလိမ့်မယ်။”

“မဒမ်-ရာဖာတီရဲ့ စိတ်ဆန္ဒ ပြန်လည် မွေးဖွားတော့မယ်။”

“...”

အဓိက ဒြပ်စင် သံတမန်များအားလုံးက ဝမ်းမြောက်ဟန် ပြသခဲ့ကြသော်လည်း ချန်လွေ့၏ နှလုံးသား ထပ်ခါတလဲလဲ နစ်မွန်းသွားခဲ့သည်။ သူက လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ အကြောင်းမှာ ခုနက အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြည့်သော်လည်း ဇိုလာကို ကြယ်အပ်နှင်း စင်မြင့်ထဲသို့ မသိမ်းဆည်း နိုင်ခဲ့သောကြောင့်ပင်။

ပုံမှန်အားဖြင့် ကြယ်အပ်နှင်းစင်မြင့်က ကြယ်အပ်နှင်းခံရသူများကို အမြင်အာရုံ အတွင်း ထားပြီး သာမန်ချုပ်နှောင်ခြင်း နှင့် နေရာလွတ် အကွာအဝေးကိုပင် လျစ်လျူရှုနိုင်သော်လည်း ယခုအခါ သူ မအောင်မြင်နိုင်ခဲ့ပေ။ အလင်းပိုးအိမ်၏ အတားအဆီး အတိုင်းအတာက သာမန် နေရာလွတ်ကို ကျော်လွန်သွားသည်မှာ အသေအချာပင်။ တစ်နည်းအားဖြင့် ဆိုရလျှင် လက်တစ်ကမ်း အကွာဟူ၍ ထင်ရသည့် တကယ့် အကွာအဝေးမှာ အလှမ်းဝေးနိုင်ရာ ကြယ်အပ်နှင်းစင်မြင့်၏ ပေါင်းစပ်ခြင်း စွမ်းအားကို အသက် မသွင်းနိုင်ခဲ့ခြင်းပေ။

ထိုအလင်းပိုးအိမ်ထဲ ဖောက်ဝင်မှသာ အောင်မြင်နိုင်ပေလိမ့်မည်။

သို့သော် ၎င်းက အဓိကဒြပ်စင်သံတမန် ၆ပါးကို အနိုင်ယူခြင်းထက်ပင် ပိုမို၍ ခက်ခဲနိုင်ပေသည်။ အရာအားလုံးကို လွှမ်းမိုးသည့် ရှေးဟောင်း အရှိန်အဟုန် တစ်ခုတည်းကပင် ချန်လွေ့ ယှဉ်နိုင်သည့် အရာ မဟုတ်ပေ။

သို့သော် ချန်လွေ့ အတွက်မူ လုပ်နိုင်သည်က တစ်ကြောင်း၊ လုပ်ချင်သည်က တစ်ကြောင်း ဖြစ်၏။

ဒါ ဒီလိုမျိုး လုပ်ရင် အောင်မြင်ချင်မှ အောင်မြင်မယ်။ မလုပ်ရင်တော့ ငါ သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး။

[ကြယ်စုံနတ်ဘုရားမြင်ကွင်း] အငွေ့အသက် ရုတ်တရက် အားကောင်း လာသည်ကို ခံစားမိရာ အဓိကဒြပ်စင် သံတမန်များ အာရုံစိုက်ရင်း အလျင်အမြန် စောင့်ဆိုင်းနေကြသော်လည်း ကြယ်စင်စု ပေါက်ကွဲသွားသည်က ခြောက်ထောင့်ကြယ် အခင်းအကျင်းဆီသို့ မဟုတ်ဘဲ ကောင်းကင်မှ အရောင်စုံ တိမ်များထံသို့ ဖြစ်နေ၏။

ချန်လွေ့က [ကြယ်စုံနတ်ဘုရားမြင်ကွင်း] အရှိန်အဟုန်ကို အမှတ်တစ်ခုတည်းပေါ် စုစည်းလိုက်ပြီး [စကြဝဠာပျက်သုဉ်း]၏ ချိပ်ပိတ်ခြင်းကို နောက်ဆုံး ဖောက်ထွက် နိုင်ခဲ့ပြီးနောက် အလင်းပိုးအိမ်၏ နေရာသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့သည်။ “ဇိုလာ!”

အရှိန်အဝါ ပြည့်နေသော ထိုခေါ်သံက ပါးစပ်မှ အသံတစ်ခုသာ မဟုတ်ဘဲ နှလုံးသားမှ ခေါ်ဆိုမှု တစ်ခုလည်း ဖြစ်နေသည်။

ထိုကြယ်စင်စု ရောင်ခြည်က အလင်း ပိုးအိမ်ထံသို့ တန်းတန်းမတ်မတ် ပြေးဝင် သွားသော်လည်း အနီးအနားမှ အရောင်စုံ တိမ်များကို မထိတွေ့မီမှာပင် ၎င်းက မယှဉ်နိုင်သော ဧရာမစွမ်းအားတစ်ခုခုနှင့် တွေ့လိုက်ရပြီး ရုတ်တရက် ပြိုလဲသွား၏။ ချန်လွေ့၏ ပုံရိပ်က ကြယ်တံခွန်ကဲ့သို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ ကိုယ်ပေါ်မှ ကြယ်ချပ်ကာ လုံးဝကို ကြေမွသွားပြီ ဖြစ်သည်။ ဒဏ်ရာများ ပွင့်ထွက်ကုန်၏။ သူ၏ အသိစိတ်ကလည်း ဖျော့တော့တော့ ဝေဝါးသွားခဲ့သည်။

မဟုတ်ဘူး။ ငါ ဒီမှာ လဲကျလို့ မဖြစ်ဘူး!

ပြိုကွဲတော့မည့် ကြယ်အလင်းများကို နောက်တစ်ခါ အားတင်း စုစည်းလိုက်ပြီး ချန်လွေ့က ပုံရိပ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားခဲ့သည်။ ရုတ်တရက် သူက အဓိက ဒြပ်စင် သံတမန်များ၏ အငွေ့အသက်များ သူ့ကို အဘက်ဘက်မှ လုံးဝ အသေမှတ်ထားသည်ကို တွေ့ရှိ လိုက်ရလေသည်။

“မိုက်မဲတဲ့ကောင်။ သူက တကယ်ပဲ ကောင်းကင်ကို သွားတိုက်ခဲ့တာ... အဲဒါက တကယ့် နတ်ဘုရားရဲ့ နယ်မြေ ဖြစ်နေပြီ။ နတ်ဘုရားကို လက်သီးနဲ့ ထိုးရင်တော့ အကျိုးဆက်တွေ ခံရလိမ့်မယ်။”

“နတ်ဘုရားဘဝ ပြန်လည်ပုံဖော်ခြင်း ပြီးဆုံးတာနဲ့ မဒမ်-ရာဖာတီရဲ့ စိတ်ဆန္ဒက ပြန်ရောက်လာပြီး ‘ဇိုလာ’ တည်ရှိတော့မှာ မဟုတ်ဘူး။”

“ဒါက သူ့ရဲ့ တည်ရှိမှု အဓိပ္ပာယ်ပဲ။ ပြီးတော့ ဒါက နတ်မိမယ်နဂါးတွေရဲ့ တည်ရှိမှုအဓိပ္ပာယ်လည်း ဟုတ်တယ်။”

နတ်မိမယ် နဂါးတွေရဲ့ တည်ရှိမှု အဓိပ္ပာယ် ဟုတ်လား။ ချန်လွေ့ ထိတ်လန့် သွားခဲ့သည်။ အဓိက အလင်းဒြပ်စင် သံတမန်က စကားစ၍ ပြောလိုက်သည်။ “ဒီတစ်ခါတော့ မင်း မဒမ်-နတ်ဘုရားမရဲ့ ပြန်လည်မွေးဖွားခြင်းကို နောက်တစ်ကြိမ် နှောင့်ယှက်ဖို့ မင်းကို ဘာအခွင့်အရေးမှ ပေးတော့မှာ မဟုတ်ဘူး။”

[စကြဝဠာပျက်သုဉ်း]၏ အလင်းက စတင်၍ လင်းလာခဲ့သည်။ ချန်လွေ့က စွမ်းအား ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ [ကြယ်စုံနတ်ဘုရားမြင်ကွင်း] က အထူးသဖြင့် မှိန်ဖျော့နေလေသည်။ တကယ်ပင် အခွင့်အရေး မရှိလောက်ပေ။

တစ်ချိန်တည်းမှာပင် အခြားသော နေရာတစ်ခုတွင် ‘တည်ရှိမှုအဓိပ္ပာယ်’ ဟူသော စကားလုံးက လူတစ်ယောက်၏ စိတ်ထဲတွင်လည်း ပဲ့တင်ထပ်နေသည်။

ဇိုလာ...

အသံက နေရာလွတ်၏ အန္တိမ အသံမှ လာသကဲ့သို့ အိပ်မက်ဆန်နေသည်။

“မင်းရဲ့ တည်ရှိမှု အဓိပ္ပာယ်၊ နတ်မိမယ် နဂါးတွေရဲ့ တည်ရှိမှု အဓိပ္ပာယ်က ဒီအခိုက်အတန့်အတွက်ပဲ။”

“ဒြပ်စင် နတ်ဘုရားမ ပြန်လည် ရောက်ရှိလာဖို့။” ဇိုလာ၏ ခရမ်းရောင် မျက်လုံးများ အာရုံစူးစိုက်မှု ပျောက်ဆုံး သွားပုံရပြီး ထုံထိုင်းစွာ ပြန်ဖြေလိုက်၏။

“မင်းရဲ့ အသိစိတ်နဲ့ ခန္ဓာကိုယ်က ပြန်လည်ပုံဖော်ထားတဲ့ နတ်ဘုရားဘဝရဲ့ အခြေခံအုတ်မြစ် ဖြစ်လာမယ်...”

“ထိမ်ချန်ခြင်းမရှိဘဲ မင်းရဲ့ ဝိညာဉ်ကို အပ်နှင်း...”

“ငါ့ရဲ့ဝိညာဉ်ကို အပ်နှင်း...” ဇိုလာ၏ အကြည့်က ပို၍ပို၍ ဝေဝါးလာစဉ်မှာပင် စက်ယန္တရားကဲ့သို့ပင် လိုက်ပြောနေ၏။

“မင်းက အကြီးမားဆုံး စွမ်းအားကို ပိုင်ဆိုင်လိမ့်မယ်...”

“အကြီးမားဆုံးစွမ်းအား...”

“စစ်မှန်တဲ့ထာဝရနဲ့ မသေနိုင်ခြင်းကို ပိုင်ဆိုင်လိမ့်မယ်...”

“ထာဝရနဲ့ မသေနိုင်ခြင်း...” ဇိုလာက ရင်းနှီးသော အသံတစ်ခု နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော စကားကို မသိစိတ်ဖြင့် ရွတ်ဆိုနေမိသည်။

“ဇိုလာ!”

နတ်မိမယ်နဂါး တုန်လှုပ်သွား၏။ နေရာလွတ်ထဲမှ အသံက တစ်ချိန်တည်း ထွက်ပေါ်လာသည်၊ “မင်း တည်ရှိမှု အဓိပ္ပာယ်ကို နားလည်ပြီလား။ ဒါဆိုရင် မင်းရဲ့ ဝိညာဉ်ကို လွှတ်ချပြီးတော့ မသေနိုင်ခြင်း စိတ်ဆန္ဒကို လက်ခံတော့!”

“ဇိုလာ!”

အသံ နှစ်ခုလုံးက နတ်မိမယ်နဂါး၏ ဝိညာဉ်ထဲတွင် တစ်ချိန်တည်း ပဲ့တင်ထပ် နေသည်။

(တည်ရှိမှုအဓိပ္ပာယ်……)

(ဇိုလာ…)

“ငါ...” အတွင်းစိတ် ရုန်းကန်နေသော ဇိုလာက အနည်းငယ် မောဟိုက်လာ၏။

(ငါ့ဝိညာဉ်ကို အပ်နှင်း…)

(ဇိုလာ!)

(မသေနိုင်ခြင်းကို ရရှိအောင်…)

(ဇိုလာ!)

(ဒါက မင်းရဲ့တည်ရှိမှုအဓိပ္ပာယ်ပဲ!)

“ငါ့ရဲ့တည်ရှိမှုရဲ့ အဓိပ္ပာယ်...” ဇိုလာ၏ ခန္ဓာကိုယ် တုန်ခါသွားလေသည်။

(သမီးလေး၊ မေမေ့ကို နောက်တစ်ခါ ဘယ်တော့မှ မထားခဲ့နဲ့နော်!)

(သမီးကို အနိုင်ကျင့်ရဲရင် ဖေဖေက သူ့ကို ရိုက်နှက်ပေးမယ်!)

(ဇိုလာ၊ ‘အခါးရည်’ အသင့်ဖြစ်ပြီ။ လာသောက်လှည့်။ ငါ နင့်ကို သင်ပေးခဲ့တဲ့ အဆင့်တွေကို တစ်ဆင့်ချင်းစီ လိုက်နာဖို့ မမေ့နဲ့။ ဒီလိုသောက်တာ မှားတယ်။)

(တစ်နေ့နေ့ အသက် ကုန်ဆုံးသွားရင် ကျေးဇူးပြုပြီး ချန်လွေ့ကို ကျွန်မအတွက် ကောင်းကောင်း စောင့်ရှောက်ပေးပါ။ ဟုတ်ပြီလား။)

(ဒေါ်လေး ဇိုလာ။ သော်သော်ကို ဖက်ပေး!)

(ဇိုလာ။ ဒီဝတ်စုံက မင်းအတွက်။ ကြိုက်လား။)

(...)

မရေမတွက်နိုင်သော အသံများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး ထိုမမြင်နိုင်သော အသံက ယခင်ကဲ့သို့ အသိစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

အသံ အားလုံးက နောက်ဆုံးတွင် ထိုစကားလုံးအဖြစ်သို့ စုစည်းသွားခဲ့သည်။ ဇိုလာ!

ဒါက သူ့အသံပဲ!

သူနဲ့ သူတို့...

“ဒါက... ငါ့ရဲ့ တည်ရှိမှုအဓိပ္ပာယ်ပဲ။” မျက်ရည်များ ဇိုလာ၏ ခရမ်းရောင် မျက်လုံးများတွင် ဝဲလာခဲ့သည်။

ကောင်းကင်မှ အလင်းပိုးအိမ်မှာ ရုတ်တရက် တုန်ခါသွားခဲ့သည်။ အလယ်မှ ဇိုလာသည် ရုန်းကန်နေပုံ ရလေသည်။ ဖျော့တော့သော အက်ကွဲကြောင်းများ အလင်းပိုးအိမ်ပေါ်တွင် ပေါ်လာ၏။ အနီးအနားမှ ဒြပ်စင်စွမ်းအား ရုတ်တရက် အလွန်ပင် ဖရိုဖရဲ ဖြစ်လာသည်။

ထိုမြင်ကွင်းက အကြီးမားဆုံးသော တိုက်ကွက်ကို သုံးတော့မည် ဖြစ်သော အဓိက ဒြပ်စင် သံတမန်များကို တုန်လှုပ် သွားစေသည်။ နတ်ဘုရားဘဝ ပြန်လည် ပုံဖော်ခြင်း နောက်ဆုံး အခိုက်အတန့်မှာ ဇိုလာက ဒြပ်စင်နတ်ဘုရားမ စိတ်ဆန္ဒကို တကယ်ပဲ ခုခံတွန်းလှန်ခဲ့တယ်။

ချန်လွေ့ အလွန်ပင် ဝမ်းမြောက်သွား သော်လည်း ထိုအခိုက်တွင် အလင်းတန်း တစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ အလင်းတန်းတွင် အရောင် အမျိုးမျိုးရှိ အလင်းအစုအဝေး ၆ခု ပါဝင်နေခဲ့ပြီး တစ်ချိန်တည်းတွင် တောက်ပနေကော အရောင် ၆ရောင် ရောင်လျှံအဖြစ်သို့ ရောယှက်သွားတော့သည်။

အလင်းပိုးအိမ် တုန်ခါမှု တဖြည်းဖြည်း ရပ်တန့်သွားပြီး အက်ကွဲကြောင်းများက အလျင်အမြန် ပြန်ကောင်းမွန်လာခဲ့သည်။

ထိုအရာက ဒြပ်စင်၆ခု၏ ဇာစ်မြစ် အပိုင်းအစ ဖြစ်ပြီး ၎င်းမှာ နတ်ဘုရား ဘဝ အပိုင်းအစများ၏ စိတ်ပုံရိပ်ပင်။

အလယ်မှ ဇိုလာက တုန်လှုပ်သွားပြီး နက်ရှိုင်းသော သက်ပြင်းချသံတစ်ခု သူ၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။ “မင်းရဲ့ တည်ရှိမှု အဓိပ္ပာယ်က မလွန်ဆန်နိုင်တဲ့ ကံကြမ္မာ တစ်ခုပဲ...”

“မလွန်ဆန်နိုင်တဲ့...”

“ကံကြမ္မာ...”

ဇိုလာ၏ အသိစိတ်က လုံးဝမှုန်ဝါး သွားခဲ့သည်။ သူ၏ မျက်လုံးများကလည်း တဖြည်းဖြည်း အရောင်၆ရောင် ရောင်လျှံ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက ရုန်းကန် လှုပ်ရှားမှု အားလုံး ရပ်တန့်ပြီး ရောင်စုံ အလင်းအတောင်ပံ တစ်ခုက သူ၏ နောက်တွင် ပေါ်ပေါက်လာကာ ၎င်း၏ ပုံစံမှာ လိပ်ပြာတောင်ပံများနှင့် ဆင်တူနေသည်။

[ကြယ်စုံနတ်ဘုရားမြင်ကွင်း]ထဲတွင် ‘သက်တန့် နက္ခတ်တာရာ’ အလင်းက အလျင်အမြန်ပင် မှေးမှိန်သွားသည်ကို တွေ့လိုက်ရာ ချန်လွေ့ မှင်တက်သွား၏။ ဒီအဓိပ္ပာယ်က...

‘လိပ်ပြာတောင်ပံများ’ ပိုမို၍ ထင်ရှား လာသည်နှင့် ‘သက်တန့်နက္ခတ်တာရာ’ ၏ အလင်း လုံးဝ မှေးမှိန်လာခဲ့သည်။ ၎င်းမှာ အချိန်မရွေး ငြိမ်းသွားနိုင်သော လေထဲမှ ဖယောင်းတိုင် တစ်တိုင်လိုပင်။

ငါ ဒီလိုပဲ ကြည့်နေနိုင်တယ်။

ဘာမှလုပ်လို့မရဘူး။

ပြင်းထန်သော ဒေါသက ချန်လွေ့၏ နှလုံးသားထဲတွင် တိုးဝင်လာခဲ့လေသည်။ သူ့ကိုယ်သူ ပို၍ ဒေါသထွက်လာ၏။

အဓိက ဒြပ်စင် သံတမန်များအားလုံး သက်ပြင်းချ လိုက်ကြလေသည်။ တစ်ခုခု မှားယွင်း သွားခဲ့သော်လည်း ဒြပ်စင် နတ်ဘုရားမ၏ စိတ်ဆန္ဒကို ရှင်းလင်းစွာ မလွန်ဆန်နိုင်ပေ။ အခုတော့ ဒြပ်စင် နတ်ဘုရားမ စစ်လက်နက် ပေါင်းစပ်မှုက ပြီးစီးတော့မယ်။ ဒြပ်စင်နတ်ဘုရားမကို ကိုယ်စားပြုတဲ့ နတ်ဘုရားဘဝကလည်း ပြန်ပြီး ပုံပေါ်လာတော့မယ်။ နတ်ဘုရားမ ရာဖာတီ၏ ပြန်ပြီးတော့မွေးဖွားခြင်းကို ပြန်ပြောင်း၍ မရတော့ဘူး။

ဒီရန်သူကို အဆုံးသတ်လိုက်မယ်ဆိုရင် ငါတို့ စိုးရိမ်မှုတွေ လုံးဝ ပြေလျော့နိုင်ပြီ။

ထိုအခိုက် အဓိကဒြပ်စင်သံတမန်များ အားလုံးက အာရုံကို ခြောက်ထောင့်ကြယ် အခင်းအကျင်း၏ အလယ်ဗဟိုဆီသို့ စူးစိုက်လိုက်ကြပြီး ချန်လွေ့၏ ဘေးနားမှ ကြယ်စင်စု အတိုင်းအတာ စတင်၍ စုစည်းလာကာ ပို၍သေးငယ်လာသလို မြင်လိုက်ရသည်။ ထိုအရာမှာ စွမ်းအား ကျဆင်းခြင်းသွားသော လက္ခဏာ တစ်ရပ် ဖြစ်နိုင်လောက်သော်လည်း အဓိကဒြပ်စင် သံတမန်များ၏ စိတ်ထဲမှ သတိပေး လက္ခဏာများ ပို၍ ပြင်းထန်လာခဲ့သည်။

သေသေချာချာ ကြည့်လိုက်သည့်အခါ ထိုနက္ခတ်တာရာများ အမှန်တကယ်၌ တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွား တော့မည့်အလား ထပ်နေခြင်း ဖြစ်သည်။ သူတို့ အားလုံးက ချန်လွေ့ အပေါ်တွင် စုစည်းနေကြလေသည်။

နောက်ခဏ လက်တစ်ဖက်တည်းသာ ရှိနေသော ကျိုးပဲ့နေသည့် ခန္ဓာကိုယ်က အလွန် ပြင်းထန်သော အလင်းတစ်ခု အဖြစ်သို့ ပေါက်ကွဲထွက်သွားတော့သည်။

All Chapters