← Chapters

အံ့သြစရာ

Vol. 75 Ch. 1173

အံ့သြစရာ

Vol. 75 Ch. 1173

အဓိက ဒြပ်စင်သံတမန် ၆ပါးသာမက ချန်လွေ့လည်း မှင်တက်သွား၏။

အကယ်၍ သူက ၎င်းကို မျက်စိဖြင့် မမြင်ခဲ့ရပါက ထိုသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ ယုံကြည်မည် မဟုတ်ပေ။

‘ထိုယောက်ျား’၏ လွှမ်းမိုးမှုကြောင့် မူလနတ်ဘုရားအဖြစ် ပြန်ပုံဖော်ခြင်းက နတ်ဘုရားဘဝ စိတ်ပုံရိပ် ပြန်လည် ပုံဖော်ခြင်း ဖြစ်လာသည်ကို ချန်လွေ့ မသိခဲ့ပေ။ စိတ်ပုံရိပ်က ဒြပ်စင် နတ်ဘုရားမ၏ ပြန်လည်မွေးဖွားလာသော စိတ်ဆန္ဒကို အကြာကြီး မထိန်းသိမ်း နိုင်သည်မှာ သေချာပေသည်။ ထို့ကြောင့် ထိုယောက်ျားက ဒြပ်စင်နတ်ဘုရားမ၏ စိတ်ဆန္ဒကို မဖျက်ဆီးခဲ့လျှင်ပင် သူက ကန့်သတ်ထားသော အချိန်ကာလအတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။

ချန်လွေ့ ခံစားနိုင်သည်မှာ အသစ် ပြန်လည်၍ ပုံဖော်ထားသော ဒြပ်စင် နတ်ဘုရားမ နတ်ဘုရားဘဝ (စိတ်ပုံရိပ်) နှင့် စိတ်ဆန္ဒပင်လျှင် နှိုင်းယှဉ်မရသော စွမ်းအား ရှိနေခြင်းပင်။ [သရုပ်ခွဲမျက်လုံး] ကို အကွာအဝေး၊ နေရာလွတ်ကြောင့် အသက် မသွင်းနိုင်လျှင်ပင် သူသည် ထိုစွမ်းအားမျိုးက SSSS+ နှင့် SSSS++ အဆင့်များအပါအဝင် နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်ကို များစွာ ကျော်လွန်ကြောင်း အတည်ပြုနိုင်၏။

အမှန်ဆိုရလျှင် ထိုယောက်ျားသည် ရာဖာတီ အပေါ်တွင် ဖိနှိပ်မှုရှိသော အရှိန်အဝါ နှင့် စွမ်းအားကို မပြသခဲ့ပေ။ သို့သော် ရာဖာတီ ဆင်းသက်လာခဲ့သော ပုံရိပ်ကို အမှန်တကယ် အလွယ်တကူပင် ဖျက်ဆီးပစ်ခဲ့လေသည်။

ထိုယောက်ျားတွင် ချန်လွေ့ နားမလည် နိုင်သော အထူးစွမ်းအား တစ်ခု ရှိနိုင်၏။ သို့သော် တကယ့် အကြောင်းရင်းမှာ ဒြပ်စင်နတ်ဘုရားမ ရာဖာတီက မခုခံ ခဲ့သောကြောင့် ဖြစ်နိုင်သည်။ ထိုအရာမှာ လုံးဝ ပုံမှန်မဟုတ်ပေ။ ထူးထူးခြားခြား အကြောင်းရင်းတစ်ခု ရှိရပေမည်။

နှစ်ယောက် အချင်းချင်း ကြည့်နေစဉ် အပြင်လူများ မသိနိုင်သော အရာများကို ဖလှယ်ခဲ့ခြင်း ဖြစ်နိုင်၏။ ရှုထောင့်ကြောင့် ချန်လွေ့က ခေါင်းပေါ်မှ ထိုယောက်ျား၏ အခြေအနေကို ရှင်းလင်းစွာ အာရုံမခံ နိုင်ခဲ့သော်လည်း မျက်နှာချင်းဆိုင်မှ နတ်ဘုရားမ ရာဖာတီ၏ အကြည့်ကို သူ ထင်ထင်ရှားရှား မြင်နိုင်ခဲ့သည်။

တည်ငြိမ်နေ၏။

ထိုသို့သော ဆက်သွယ်မှုကို နားမလည် နိုင်လျှင်ပင် ချန်လွေ့က ထိုသို့သော တည်ငြိမ်မှုကို ပျက်စီးခြင်း ရင်ဆိုင်စဉ် တလျှောက်လုံး မြင်တွေ့ခဲ့ရသည်။

ချန်လွေ့က လောကကူးပြောင်းသည်မှ ယခု အချိန်အထိ အတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ရပြီး စိတ်ခံစားချက်များကို မသိနားမလည်သော အိုတာကု တစ်ဦး မဟုတ်တော့။ ထိုတည်ငြိမ်မှု ကိုယ်တိုင်က စိတ်သက်သာရာ ရသွားသော အခြေအနေ တစ်မျိုးကို ကိုယ်စားပြုပေသည်။

ထိုစဉ်က ဗာရိုနီကာ၏ မျက်လုံးထဲတွင် ထိုသို့သော ငြိမ်းချမ်းမှုကို ခပ်ရေးရေးလေး မြင်တွေ့ခဲ့ရဖူးသည်။

နတ်ဘုရားမ ရာဖာတီ၏ ပုံရိပ် ပျောက်သွားပြီးနောက် ထိုယောက်ျားက ကောင်းကင်မှ ဇိုလာကို တစ်စုံတစ်ခု စဉ်းစားနေသည့်အလား ကြည့်လိုက်၏။ ချန်လွေ့တွင် ထူးဆန်းသော ခံစားချက် တစ်ခု ခံစားလိုက်ရပြီး ထိုယောက်ျား၏ မျက်လုံးများက အမှန်တကယ် ဇိုလာမှ တစ်ဆင့် အလှမ်းဝေး ကောင်းကင်ကို ကြည့်နေကြောင်း ခံစားလိုက်ရ၏။

ချန်လွေ့ အံ့ဩနေစဉ်မှာပင် နောက်မှ အရိပ်နက် ဝတ်ရုံသည် ရုတ်တရက် ပျောက်သွားကြောင်း တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ခေါင်းအပေါ်မှ သစ်ပင်ကြီး၊ အလင်းတန်းနှင့် ထိုသူ၏ အရိပ်တို့ ပျောက်ကွယ်သွားခဲ့၏။

အဓိက ဒြပ်စင် သံတမန် ၆ပါး၏ ချုပ်နှောင်ခြင်း အလင်းသည်လည်း ပျောက်ကွယ်သွားခဲ့ပြီး အဓိက ဒြပ်စင် သံတမန် ၆ပါးက ချက်ချင်းပင် သူတို့၏ လွတ်လပ်ခွင့် ပြန်ရသွားခဲ့သည်။ သူတို့၏ အကြည့်အားလုံးက ချန်လွေ့အပေါ်တွင် စူးစိုက်နေ၏။ အကြည့်များက ယခင် ရန်လိုမှုနှင့် မတူပုံရသော်လည်း ချန်လွေ့ အလွန် သတိထားနေဆဲ ဖြစ်သည်။

စွန့်စား၍ သုံးခဲ့သည့် မပြည့်စုံသော [ကြယ်စုံနတ်ဘုရားမြင်ကွင်း]၏ ပေါင်းစပ် စွမ်းအားသည် [စကြဝဠာပျက်သုဉ်း] ကို လုံးဝ လွှမ်းမိုးသွားခဲ့ပြီး အဖိုးတန်သော ဉာဏ်အလင်းပွင့်မှု အသစ် တစ်ခုပင် ရရှိခဲ့သော်လည်း ခုနက နိမိတ်ပုံရိပ်၏ ပေါ်ပေါက်လာခြင်းက သူ၏ စွမ်းအားကို ကုန်ဆုံးသွားစေခဲ့သည်။ ထို့ကြောင့် သူ၏ လက်ရှိ တိုက်ခိုက်ရေး စွမ်းအားက ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။ သူက [ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအားကို နောက်တစ်ကြိမ် မထုတ်နိုင်တော့ပေ။ ထိုစဉ် အဓိက ဒြပ်စင် သံတမန်များက ဒြပ်စင်လောကတွင် မသေဆုံးနိုင်သော တည်ရှိမှုများ ဖြစ်သည်။ သူတို့၏ စွမ်းအားများက အဆုံးမဲ့ ဖြစ်သည်။ တစ်နည်းအားဖြင့် ချန်လွေ့၏ လက်ရှိ ခွန်အားမှာ မည်သည့် အဓိက ဒြပ်စင် သံတမန်ကိုမဆို ရင်ဆိုင်ရန် လုံးဝကို မလုံလောက်ပေ။ ၆ယောက်ကို မဆိုနှင့်။ ထို့ကြောင့် တစ်ခုတည်းသော လမ်းက ထွက်ပြေးရန်ပင်။

ချန်လွေ့က ကောင်းကင်မှ ဇိုလာကို ကြည့်လိုက်သည်။ ဇိုလာ၏ ဘေးနားမှ အလင်းပိုးအိမ်က ယခု ပျောက်သွားပြီ ဖြစ်သော်လည်း လိပ်ပြာအတောင်ပံတစ်စုံ လုံးဝ မပျောက်ကွယ်သေးရာ သူသည် ဇိုလာကို ကြယ်အပ်နှင်း စင်မြင့်ထဲသို့ အမှန်တကယ် မသိမ်းဆည်းနိုင်သေးပေ။ အခြားတစ်ဖက်တွင်မူ အဓိက ဒြပ်စင် သံတမန် ၆ပါးက ချဉ်းကပ်လာနေပြီ ဖြစ်သည်။

အရောင်စုံ လိပ်ပြာ အတောင်ပံများ ပျောက်သွားသည့် အရှိန်ကို ကြည့်လျှင် ၎င်းမှာ အနည်းဆုံး ၃မိနစ်ခန့် အချိန် ယူရပေလိမ့်မည်။ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် အတွက် ထိုကဲ့သို့ ၃မိနစ်သည် ရေတွက်၍ မရနိုင်သော ရန်သူများကို သတ်ရန် လုံလောက်၏။

ချန်လွေ့ အပြည့်အဝ သတိထားနေစဉ် အဓိက ဒြပ်စင် သံတမန်များအပေါ်မှ အန္တရာယ်ရှိသော အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရလေသည်။ သူတို့က ခြောက်ထောင့်ကြယ် အခင်းအကျင်းကို မဖွဲ့စည်းခဲ့ပေ။ ထိုအစား သူတို့က ဖြည်းဖြည်းချင်း လွင့်မျောလာပြီး သူနှင့် မနီးမဝေးတွင် ရပ်တန့်လိုက်ကြ၏။

“စိတ်မပူပါနဲ့။ တိုက်ပွဲက ပြီးသွားပြီ။” အဓိက ရေဒြပ်စင် သံတမန်က သက်ပြင်း ချလိုက်သည်။

ကျန်အဓိကဒြပ်စင်သံတမန်များက စကားမပြောခဲ့ကြသော်လည်း သူတို့သည် ကောင်းကင်တွင် ရှိနေဆဲ ဖြစ်သော ဇိုလာကို မော့ကြည့်နေကြဆဲပင်။

ယခုတွင် အဓိက ဒြပ်စင် သံတမန်များ အသာစီး ရသွားပြီ ဖြစ်ရာ မည်သည့် လှည့်ကွက်ကိုမျှ ကစားရန် မလိုတော့ပေ။ ချန်လွေ့က တစ်ဖက်တွင် အမှန်တကယ် ရန်လိုမှုမရှိတော့ကြောင်း ခံစားမိလိုက်ရာ တင်းမာနေသော အာရုံကြောများကို တဖြည်းဖြည်း ဖြေလျှော့လိုက်သော်လည်း စိတ်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခု ရှိနေခဲ့၏။ ခုနက အသည်းအသန် တိုက်ခိုက်ခဲ့ရသော ရန်သူများက ရှင်းပြ၍ မရနိုင်ဘဲ အတူတကွ ကြည့်ရှုသူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဂရုတစိုက် လေ့လာပြီး နောက်တွင် ချန်လွေ့က ဇိုလာ၏ နောက်ကျောမှ အရောင်စုံ လိပ်ပြာ အတောင်ပံများသည် ‘ပျောက်ကွယ်’သွားရုံသာမက ခန္ဓာကိုယ် ထဲသို့ တစ်စစီ စုစည်းဝင်သွားသည်ကို တွေ့ရှိလိုက်ရလေသည်။ နောက်ဆုံးတွင် စုစည်းဝင်ခြင်းဖြစ်စဉ် ပြီးဆုံးသွားခဲ့သည်။ ချန်လွေ့က ဇိုလာ၏ ကိုယ်မှ ထုတ်လွှတ် နေသည့် ပြင်းထန်သော အင်အားတစ်ခုကို အသေအချာပင် အာရုံခံလိုက်မိလေသည်။ တစ်ချိန်တည်းပင် စူပါစနစ်၌ ယခင်က မှိန်ဖျော့နေပြီ ဖြစ်သော သက်တန့် နက္ခတ်တာရာသည် ထူးထူးခြားခြား တောက်ပလာကြောင်း မြင်လိုက်ရသည်။ ကြယ်စင်စုတွင် ‘အသိပညာနတ်ဘုရားမ’ အံ့သြဖွယ်ရာများက နေရာအမျိုးမျိုးတွင် မကြာခဏ ပေါ်ပေါက် လာခဲ့လေသည်။ ယုံကြည်သူအားလုံး စိတ်အားထက်သန် လာခဲ့ကြသည်။

ဇိုလာ၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာခဲ့၏။ အလင်းပိုးအိမ် ဖုံးအုပ်ခြင်း မရှိတော့ရာ သူ၏ အမြင်အာရုံက ပိုမို၍ ရှင်းလင်းလာခဲ့လေသည်။ သူ မျက်လုံး ဖွင့်လိုက်သည့် အခိုက်တွင် ချန်လွေ့က တိမ်များတွင် ပေါ်လာခဲ့ရသော သာမန် လူများကို အထင်သေးစွာ ကြည့်ရှုနေသည့် ထိုမျက်လုံးတစ်စုံကို မြင်လိုက်ရသကဲ့သို့ စိတ်ထင်မှားမှုတစ်ခု ခံစားလိုက်ရသည်။ ထိုခံစားချက်က တစ်ခဏသာ ဖြစ်သည်။ မကြာမီတွင် သူ၏ အကြည့်က ချန်လွေ့ ရင်းနှီးသောပုံစံသို့ ပြန်ရောက်သွားခဲ့သည်။

နိုးထလာသော နတ်မိမယ် နဂါး၏ ပထမဆုံး တုံ့ပြန်မှုမှာ ချန်လွေ့၏ ဘေးသို့ ချက်ချင်း ရွှေ့ပြောင်းသွားရန် ဖြစ်သည်။ သူက ချန်လွေ့၏ ပြတ်သွားသောလက်ကို ကြည့်ပြီး သူတို့ဘေးမှ အဓိက ဒြပ်စင် သံတမန်များကို လျစ်လျူရှုကာ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ မျက်ရည်များ မျက်လုံးမှ စီးကျလာခဲ့၏။

ချန်လွေ့၏အသံ သူကို နိုးထစေသည့် အခိုက်အတန့်တွင် သူ၏ အသိစိတ်က အမှန်ပင် နိုးထလာခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က နောက်ပိုင်းတွင် ထိန်းချုပ်မှု အောက်မှ လွတ်သွားခဲ့သည်။ ဇိုလာက ချန်လွေ့၏ လက်ကို ပြတ်စေခဲ့သော တိုက်ပွဲကို ကိုယ်တွေ့ မကြုံခဲ့သော်လည်း ၎င်းမှာ သူ့ကို ကယ်တင်ရန် တိုက်ပွဲ အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းကို ခန့်မှန်းမိနိုင်သည်။

ချန်လွေ့သည် နတ်မိမယ် နဂါး၏ ခရမ်းရောင်ဆံပင်ကို ထိလိုက်သည်။ “ကိုယ် ဘာမှမဖြစ်ပါဘူး။ ဇိုလာ။ ဒါက မကြာခင် အသစ်ပြန်ဖြစ်လာမှာပါ။”

ထိုသို့ ပိုပြောလေလေ ဇိုလာက ပို၍ ငိုလေလေဖြစ်ပြီး သူ၏ ပုံမှန် ဟန်ဆောင် ငေးငိုင်သည့် ပုံစံမျိုးမရှိဘဲ စစ်မှန်သော ခံစားချက်များကို လုံးဝ ပြသနေခဲ့သည်။

“အာ... မင်းတို့ နှစ်ယောက်ကို ခဏလောက် အနှောင့်အယှက် ပေးမိတာ ခွင့်လွှတ်ပါ။”

အဓိက ရေဒြပ်စင် သံတမန်၏ အသံ ထွက်ပေါ်လာချိန်မှသာ ဇိုလာ၏ အငို ရပ်တန့်သွားလေသည်။ အဓိက ဒြပ်စင် သံတမန် ၆ပါးကို ကြည့်နေသော သူ၏ အကြည့်က ဒေါသနှင့် သတ်ဖြတ်လိုသော အကြည့်များဖြင့် ပြည့်နှက်နေလေသည်။ သူ၏လက်ထဲတွင် ချန်လွေ့ သူ့အတွက် ပြုလုပ်ပေးခဲ့သော မှော်တုတ်တစ်ချောင်း ရှိနေပြီဖြစ်သည်။ ‘လျှို့ဝှက်အရိပ်...’

ချန်လွေ့က ဇိုလာ၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်သို့ အမှန်တကယ် ရောက်ရှိနေသည်ကို အံ့အားသင့်စွာဖြင့် တွေ့လိုက်ရသည်။

“တိုက်ပွဲပြီးသွားပြီလို့ ပြောခဲ့ပါတယ်။ မင်းတို့နှစ်ယောက် နောက်ပိုင်း ဘာကိုပဲ ရွေးချယ် ရွေးချယ်၊ ငါတို့ ခုနက ဘာဖြစ်ခဲ့လဲဆိုတာ ဆုံးဖြတ်ချင်တယ်။” အဓိက ရေဒြပ်စင် သံတမန်၏ အသံနေ အသံထားက လေးနက်မှုများ ပြည့်နေပြီး ကျန်သော အဓိက ဒြပ်စင် သံတမန်များက အချင်းချင်း ခေါင်းညိတ် လိုက်ကြသည်။ သူတို့က အဓိက ရေဒြပ်စင် သံတမန်အား သူတို့ကိုယ်စား ပြောခွင့်ပြုရန် သဘော တူညီခဲ့ကြပုံရသည်။

ချန်လွေ့ ခဏ စဉ်းစားလိုက်သည်။ သူက ဇိုလာကို ချက်ချင်း ခေါ်ဆောင်၍ ထွက်ပြေးမသွားဘဲ ဇိုလာကို ခေါင်းညိတ် ပြရုံသာ ခေါင်းညိတ်ပြခဲ့သည်။

နတ်မိမယ်နဂါးက နှာခေါင်းရှုံ့လိုက်ပြီး ရန်လိုသော အသံဖြင့် ပြောလိုက်သည်။ “ရှင်တို့အားလုံး ခုနက ဘာဖြစ်ခဲ့လဲ ဆိုတာကို မြင်ခဲ့ကြပါတယ်။ ရှင်တို့ရဲ့ နတ်ဘုရားမက နိုးထဖို့ ရှုံးနိမ့်ခဲ့ပြီးတော့ လုံးဝ ပျက်စီးသွားပြီ။”

အဓိက ရေဒြပ်စင် သံတမန်က စိတ်မဆိုးပေ။ “ဒါဆိုရင် မေးပါရစေ။ မင်း စွမ်းအားတစ်မျိုးမျိုး ရခဲ့လား။”

“ရခဲ့လား...” ဇိုလာက အေးစက်စွာ ပြောလိုက်သည်။ “အစကနေ အဆုံးအထိ ကျွန်မက နစ်နာသူ တစ်ယောက်ပဲ။ ရှင်တို့အားလုံး လှည့်စားတာ ခံရပြီးတော့ ကျွန်မ ဒြပ်စင်လောကထဲ လာခဲ့ရတယ်။ ပြီးတော့ ဒြပ်စင် နတ်ဘုရားမရဲ့ စစ်လက်နက်လို့ အရာတွေကို အမွေ ဆက်ခံခဲ့ရတယ်။ နောက်တော့ ကျွန်မရဲ့ ဝိညာဉ်က ဝါးမျိုခံရလုနီးပါး ဖြစ်ခဲ့တယ်။”

“ဒြပ်စင်နတ်ဘုရားမ စစ်လက်နက်တွေက အခု...”

“ဒြပ်စင်လောကရဲ့ အရေးအကြီးဆုံး အဆောင်ပစ္စည်းက အခုတော့ လုံးဝကို ကြေမွသွားပြီ။” ဇိုလာ လှောင်လိုက်သည်။ “ရှင်တို့ ဒါကို ဆင်ခြေ တစ်ခုလိုမျိုး အသုံးချပြီးတော့ ကျွန်မကို ဒီမှာနေခိုင်းပြီး ဒြပ်စင် နတ်ဘုရားမကို ပြန်ရှင်သန်စေဖို့ ကြိုးစားချင်နေတာလား။”

“မဟုတ်ဘူး။” အဓိက ရေဒြပ်စင် သံတမန်က ခေါင်းခါလိုက်လေသည်။ “သေခြင်းတရားမရှိရင် ဘယ်လိုလုပ်ပြီး ‘ပြန်လည်ရှင်သန်ခြင်း’ ရှိနိုင်မှာလဲ။”

“သေခြင်းတရား မရှိဘူး ဟုတ်လား။” ချန်လွေ့ ထိတ်လန့်သွား၏။ “ခုနက ပျက်စီးသွားခဲ့တဲ့ တည်ရှိမှုက...”

“ပျက်စီးသွားခဲ့တာက မဒမ်-ရာဖာတီပဲ။ ဒါပေမဲ့ ဒြပ်စင်နတ်ဘုရားမက... တကယ် ပျက်စီးသွားတာ မဟုတ်နိုင်လောက်ဘူး။”

ချန်လွေ့က ပို၍ပင် အံ့ဩသွားသည်။ “ခင်ဗျား ဆိုလိုတာက...”

အဓိကရေဒြပ်စင်သံတမန် ဆက်လက် မရှင်းပြဘဲ ဇိုလာကို ကြည့်လိုက်သည်။ “တကယ်တော့ ဒြပ်စင် နတ်ဘုရားမ စစ်လက်နက်တွေက အတူတူပဲ...”

“ဘာပြောတာလဲ။” ဇိုလာက ယခုတွင် အမှန်တကယ် နားမလည်တော့ပေ။

“‘ဒြပ်စင်နတ်ဘုရားမစစ်လက်နက်’လို့ ခေါ်တာက ဒြပ်စင် နတ်ဘုရားမရဲ့ စိတ်ဆန္ဒနဲ့ ပေါင်းစပ်ထားတဲ့ အဆောင် ပစ္စည်းကို ရည်ညွှန်းတာ။ တစ်နေ့နေ့မှာ မင်းရဲ့ ကိုယ်ပေါ်က ဝတ်ရုံက ဒြပ်စင် နတ်ဘုရားမ ဝတ်ရုံအသစ် ဖြစ်နိုင်တယ်။ ပြီးတော့ မင်းရဲ့လက်ထဲက တုတ်တံက ဒြပ်စင် နတ်ဘုရားမ တောင်ဝှေးအသစ် ဖြစ်လာနိုင်တယ်။”

ဇိုလာ ထိတ်လန့်သွား၏။ ချန်လွေ့က သူ၏ ခန့်မှန်းချက်ကို နောက်ဆုံးတွင် အတည်ပြုလိုက်နိုင်သည်။ “ခင်ဗျား ဆိုလိုတာ ဇိုလာက ဒြပ်စင်နတ်ဘုရားမ အသစ် ဖြစ်လာပြီပေါ့။”

အဓိက ရေဒြပ်စင် သံတမန် ဒီလိုမျိုး ပြောခဲ့တာ ဒါကြောင့်ကိုး။ ခုနက ပျက်စီးသွားခဲ့တာ ‘အရင်’ နတ်ဘုရားမ ရာဖာတီ ဖြစ်နေတယ်။ ဒြပ်စင်နတ် ဘုရားမက တကယ် ပျက်စီးသွားတာ မဟုတ်ဘူး။

“‘ဖြစ်နိုင်တယ်’လို့ပဲ ပြောတာပါ။ သူက ဒြပ်စင် နတ်ဘုရားမ မဖြစ်သေးဘူး။ သူ့ရဲ့ အနာဂတ် လမ်းကြောင်းထဲက တစ်ခုက အဲဒီလားရာဆီကို ဦးတည်သွားလိမ့်မယ်။ တခြား လမ်းကြောင်း တစ်ခုခုကို ရွေးချယ်တာလည်း ဖြစ်လာနိုင်တယ်။ ဘယ်တော့မှ မအောင်မြင်မှာလည်း ဖြစ်နိုင်တယ်။ အတိုချုပ် ပြောရရင် သူ့ရဲ့ လက်ရှိ တည်ရှိမှုကို အတိုင်းအတာ တစ်ခုအထိ ‘မျှော်လင့်ချက်’လို့ ပြောလို့ ရနိုင်တယ်။”

ချန်လွေ့က [သရုပ်ခွဲမျက်လုံး]ကို လျင်မြန်စွာ အသက် သွင်းလိုက်သည်။ [သရုပ်ခွဲမျက်လုံး]တွင် ဇိုလာ၏ စွမ်းအား အကဲဖြတ်မှုက SSSS+ ဖြစ်လာသည်မှာ အသေအချာပင် ဖြစ်နေ၏။ သူ၏ စိစစ်ချက်တွင် အပိုတစ်ခု ရှိနေလေသည်။ ‘နတ်ဘုရားကောင်းချီးနှလုံးသား!’

ချန်လွေ့ ရုတ်တရက် သတိဝင်လာ၏။ နတ်ဘုရားမ ရာဖာတီ၏ စိတ်ဆန္ဒက ပျောက်ကွယ်သွားသော်လည်း ခုနက အမွေဆက်ခံခြင်း အခမ်းအနား တစ်စိတ် တစ်ပိုင်းက အသုံးဝင်ခဲ့သည်။ ဇိုလာက နတ်ဘုရားဘဝ အပိုင်းအစမှ တစ်စိတ် တစ်ပိုင်း၏ စွမ်းအားကို ရရှိခဲ့လောက်၏။

တစ်နည်းအားဖြင့် ယခုတွင် ဇိုလာက နတ်ဘုရားမျိုးဆက်သစ် ဖြစ်လေသည်။

အဓိက ရေဒြပ်စင် သံတမန်၏ စကားအရ ရာဖာတီ၏ စိတ်ဆန္ဒ ပြိုလဲသွားခြင်းကြောင့် နတ်ဘုရားဘဝ၏ ထိုအစိတ်အပိုင်းက စွမ်းအားသက်သက် ဖြစ်ကြောင်း ကောက်ချက်ချ၍ ရနိုင်သည်။ ၎င်းတွင် ဇိုလာ၏ ဝိညာဉ်ကို ဝါးမျိုမည့် အန္တရာယ် မရှိနိုင်သည်ဖြစ်ရာ အနာဂတ် ရွေးချယ်မှုက ဇိုလာ ကိုယ်တိုင်အပေါ်တွင် လုံးဝ မူတည်နေလေသည်။

“ဒါ ဒြပ်စင်လောကထဲ ကျွန်မ ဆက်ပြီး နေရမယ့် အကြောင်းလား။” နတ်မိမယ် နဂါးက အဓိကအချက်ကို မေးလိုက်သည်။

“မဟုတ်ဘူး။” အဓိက ရေဒြပ်စင် သံတမန်က ကျန်သော အဓိက ဒြပ်စင် သံတမန်ကို ကြည့်လိုက်သည်၊ “ဒြပ်စင် နတ်ဘုရားမရဲ့ နတ်ဘုရားဘဝ အပိုင်းအစ ဆက်ခံသူ အနေနဲ့ နေနေ၊ မနေနေ လုံးဝ လွတ်လပ်ခွင့် ရှိတယ်။”

နတ်မိမယ် နဂါးက အနည်းငယ် အံ့ဩသွားခဲ့ပြီး ချန်လွေ့၏ လက်ကို ကိုင်လိုက်သည်။ “ဒါဆိုရင် ကျွန်မ သူနဲ့ အတူ ထွက်ခွာဖို့ ရွေးချယ်မယ်။ ရှင်တို့မှာ ကန့်ကွက်စရာ တစ်ခုခု ရှိလား။”

ထိုစကား၏ အဓိကမှာ အမှန်တကယ်၌ ‘သူ’နှင့် ‘အတူ’ ဖြစ်သည်။ အဓိက ရေဒြပ်စင် သံတမန်က ချန်လွေ့ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ “ငါတို့ အားလုံး မှားခဲ့ကြတဲ့ပုံပဲ။”

ချန်လွေ့က ထိုစကား၏ အဓိပ္ပာယ်ကို အတိုင်းအတာ တစ်ခုအထိ နားလည်၏။ “ခင်ဗျားတို့ပဲ မှားတာ မဟုတ်ပါဘူး။”

“ဒါပေမဲ့ မဒမ်-ရာဖာတီက နောက်ဆုံး မင်းကြောင့် ပျက်စီးသွားခဲ့တယ်။” အဓိက ရေဒြပ်စင် သံတမန်က ချန်လွေ့ကို အနီးကပ် ကြည့်လိုက်သည်။ “ဒါဆိုရင်...”

ထိုစကားက တင်းမာနေပုံ ရသည်။ ဇိုလာက လျှို့ဝှက်အရိပ်ကို ချက်ချင်း ဆုပ်ကိုင်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေ၏။

“ကျေးဇူးတင်ပါတယ်။” အဓိက ရေဒြပ်စင် သံတမန်က ရုတ်တရက် မမျှော်လင့်ထားသော စကားတစ်ခွန်းကို ပြောလိုက်သည်။

ချန်လွေ့ အလွန် အံ့ဩသွားသည်။ သူက မိုးရီ လန်ဘို့စ်ထံ ပို့ပေးခဲ့သော နောက်ဆုံး စကားများကို ရုတ်တရက် တွေးမိလိုက်သည်။ တူညီသောအသံက သူ၏ နားထဲ ထွက်ပေါ်လာရာ ခဏတာ မှင်တက်သွားခဲ့သည်။

“မင်း အခု သွားလို့ရပြီ။” အဓိက ရေဒြပ်စင် သံတမန်က ဇိုလာကို ကြည့်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဇိုလာက ၇ယောက်မြောက် အဓိက ဒြပ်စင် သံတမန်ပဲ။ အနာဂတ်မှာ ဒြပ်စင်လောက လုံးဝ ပျက်စီးသွားရင်တောင်မှ သူက ဒြပ်စင်တွေရဲ့ စစ်မှန်တဲ့ အမွေဆက်ခံမှုကို အနည်းနဲ့အများ ထိန်းထားနိုင်တယ်။”

“ဒြပ်စင်လောက ပျက်စီးသွားမှာလား။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။

“လောကမှာရှိတဲ့ အရာအားလုံးက မွေးဖွားခြင်းနှင့် သေဆုံးခြင်းကို ခံရတယ်။ ‘ကုန်းမြေ’ ဒါမှမဟုတ် ‘လောက’လည်း အတူတူပဲ။” အဓိကရေဒြပ်စင်သံတမန်က သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

ချန်လွေ့၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိသော်လည်း တစ်ဖက်က သေချာပေါက် ဆက်ပြောမည် မဟုတ်ပေ။ ထို့အပြင် သူက ဒြပ်စင်လောကတွင် ဆက်လက်၍ မနေတော့ရာ ဇိုလာကို ခေါင်းညိတ်ပြပြီး သူ့ကို ကြယ်အပ်နှင်းစင်မြင့်ထဲ သိမ်းကာ [ကြယ်ဂိတ်]ကို ဖွင့်လိုက်တော့သည်။

All Chapters