ကုန်ကြမ်းများ
Vol. 75 Ch. 1176
အသီနာ၏ အကြည့်က ဖိုက်သွန်ကို မျက်မှောင်ကြုတ်သွားစေသည်။ “အမှန်အတိုင်း ပြောရရင် မိခင်ရော၊ ကလေးပါ ဘေးကင်းမယ်လို့ ကျွန်မ လုံးဝ မသေချာဘူး။”
“အနည်းဆုံးတော့ ကလေး ဘေးကင်းဖို့ အာမခံနိုင်တယ် မဟုတ်လား။” အသီနာ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
“သိပြီ။” ဖိုက်သွန်က အသီနာ၏ မျက်လုံးကို နက်ရှိုင်းစွာ ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “ငါ သွယ်ဝိုက်တဲ့ စကားတွေ ပြောနေမှာ မဟုတ်ဘူး။ တကယ် မသေချာတာပါ။ တကယ်လို့ မတော်တဆ ဖြစ်ခဲ့ရင်၊ ကလေးနဲ့ မိခင်ကြားမှာ တစ်ယောက်ကိုပဲ ရွေးရမယ်ဆိုရင် ဘယ်လိုမျိုး ရွေးရမလဲ။ ဒီမေးခွန်းကို ကလေးရဲ့ မိဘတွေအနေနဲ့ နင်နဲ့သူ သေသေချာချာကို စဉ်းစားပြီး ဖြေပေးရမယ်။”
လူတိုင်း၏ နှလုံးသားများ တင်းကျပ် သွားကြသည်။ သူတို့က ဖိုက်သွန်နှင့် အချိန်အကြာကြီး ဆက်ဆံခဲ့ကြပြီးဖြစ်ရာ အဖြစ်မှန်များကို သူ မည်သို့မှ ချဲ့ကား ပြောဆိုမည် မဟုတ်ကြောင်း သိကြသည်။ သူ ထိုကဲ့သို့ ပြောရခြင်းမှာ အသီနာ၏ အခြေအနေသည် အကောင်းမြင်စရာ မရှိကြောင်း သက်သေပြနေလေသည်။ နောက်ဆုံး မေးခွန်းမှာ အလွန်လေးလံပြီး လက်တွေ့ဆန်လှပေသည်။
“အသီနာ...”
“ကလေး...”
သူတို့ နှစ်ဦးက ကွဲပြားသော အဖြေ နှစ်ခုကို ပြောလိုက်ကြသည်။
“ချန်လွေ့။ ကျွန်မ ပြောစရာ ရှိတယ်။”
“မဟုတ်ဘူး။ ကိုယ်ပြောတာကို အရင် နားထောင်။” ချန်လွေ့က အသီနာ၏ လက်ကို ကိုင်ပြီး ခေါင်းကိုခါလိုက်ကာ အသီနာ ပြောလိုသော အရာကို တားဆီး လိုက်သည်။ “မင်း ဘာပြောချင်လဲဆိုတာ ကိုယ် သိတယ်။ ဒါပေမဲ့ မင်း မှားတယ်။ ဒီမှာ ရှိတဲ့ လူတွေအားလုံးက ထူးခြားပြီး အစားထိုးလို့ မရနိုင်တဲ့ သူတွေချည်းပဲ။ ဒါတွေက ချိုမြိန်တဲ့စကားတွေ မဟုတ်ဘူး၊ စိတ်ရင်းမှန်နဲ့ ပြောနေတာ။ ကိစ္စတွေ အများကြီးမှာ ကိုယ်က ‘အနာဂတ်’ကို ရွေးချယ်လိမ့်မယ်။ ဒါပေမဲ့ အခုလိုမျိုး ဒီအခြေအနေမှာတော့ ‘အခု’ကို ရွေးတယ်။ ပြီးတော့ ဒါက ပြောင်းလဲမှာ မဟုတ်ဘူး။”
ထိုကဲ့သို့ ပြတ်သားသော အသံကြောင့် အသီနာ၏ မျက်လုံး နီရဲသွားခဲ့သည်။ “ဒါပေမဲ့...”
“‘ဒါပေမဲ့’ မရှိဘူး။ တကယ်လို့ ကိုယ့်ရဲ့ ဘဝမှာ သမီးလေး တစ်ယောက်တည်းပဲ ရှိဖို့ ကံကြမ္မာ ပါလာခဲ့ရင် ဘာနောင်တမှ မရဘူး။” ချန်လွေ့က ဖိုက်သွန်၏ မျက်နှာကို ကြည့်လိုက်သည်။ “ပြီးတော့ ဒါက ‘တကယ်လို့’ ဆိုရင်ပါ။ တကယ့် မျှော်လင့်ချက်က အခုထိ ကြီးကြီးမားမား ရှိနေသေးတယ် မဟုတ်လား။”
“မျှော်လင့်ချက်က တကယ် ရှိတယ်။ ဒါပေမဲ့ ဘာမှမလုပ်ဘူးဆိုရင် ‘တကယ်လို့’ တွေ သေချာပေါက် ပိုများလာလိမ့်မယ်။” ဖိုက်သွန် ခဏတာ စဉ်းစားပြီးနောက်မှ စကားစလိုက်သည်။ “ကံကောင်းစွာနဲ့ပဲ ရှင်နဲ့အတူ ပျက်စီးခြင်းစာအုပ် စာမျက်နှာ တစ်မျက်နှာ ရှိနေတယ်။ ကျွန်မ လိုတာက ပျက်စီးခြင်း စာအုပ်ကို ထိန်းသိမ်းထားတဲ့ ငွေသေတ္တာပဲ။ ဒီထည့်စရာ နေရာချပြီး ပစ္စည်းတချို့နဲ့ဆိုရင် အခွင့်အလမ်းတွေ အများကြီး တိုးစေနိုင်လောက်တယ်။”
ချန်လွေ့ တက်ကြွလာခဲ့သည်။ “ခင်ဗျား ဘာတွေလိုအပ်လဲ။ ကျုပ် အခုချက်ချင်း သွားရှာလိုက်မယ်။”
“အသက်ဓာတ်ရေစင်၊ ထိပ်တန်းအဆင့် အရိပ်နက် သလင်းကျောက် နှစ်တုံး၊ ထိပ်တန်း လင်းလက်သလင်းကျောက် နှစ်တုံး၊ ရွှေရောင်နဂါးတံတွေးပန်း ၃ပွင့်၊ မိုးကြိုးနှလုံးသားနွယ်ပင် ၃ပင်၊ သက်တန့် ကာလာလီလီ ၅ပွင့်၊ ခရမ်းငြိမ်းချမ်းမြက် ၇ပင်၊ သက်တန့် ကာလာလီလီ ၃ပွင့်...” ဖိုက်သွန်က ပစ္စည်း စာရင်းကြီးတစ်ခု၏ အမည်များကို ပြောလိုက်၏။ အချို့မှာ ချန်လွေ့တွင် ရှိနှင့်ပြီးသား ဖြစ်သည်။ ဥပမာ အသက်ဓာတ်ရေစင်မျိုး။ သို့သော် အများစုကို မရနိုင်ပေ။ မကြားဖူးသော အမည်အချို့ပင် ရှိနေသေးသည်။
ချန်လွေ့ အမြန် မှတ်သားလိုက်သည်။ ဖိုက်သွန် စကားဆုံးသောအခါ သူက စာရင်းအပြည့်အစုံ ပြုလုပ်ပြီး ဖြစ်နေကာ ၎င်းကို ဂရုတစိုက် တွက်ချက်လိုက်သည်။ “သက်တန့်မြက် ၇ပင်နဲ့ သက်တန့် ကာလာလီလီတွေက ဆေးရည်ကုန်ကြမ်း အပင်တွေပဲ။ ဒါပေမဲ့ အခြေခံအားဖြင့် အဲဒါတွေ မျိုးသုဉ်းသွားပြီလို့ ပြောတယ်။ နှစ်ထောင်နဲ့ချီ ရောင်းချတာ မရှိခဲ့ဘူး၊ ပြီးတော့ ဆေးရည်ပညာရှင်တွေ အစားထိုး ပစ္စည်းတွေကို ရှာတွေ့ပြီးပြီ။ အမ်ဘာဂရစ်ပန်း အတွက်ကတော့ အဖြူရောင်ရှိတယ်ဆိုတာကိုပဲ သိတယ်။ ပြီးတော့လည်း မိုးကြိုးနှလုံးသားနွယ်ပင် အကြောင်း တစ်ခါမှ မကြားဖူးဘူး။”
“အမ်ဘာဂရစ်ပန်းက နဂါးတွေရဲ့ အပေါင်းအဖော် အပင်ပဲ။ ဒါက စွမ်းအားကို စုစည်းနိုင်ပြီး အသက်စွမ်းအားကို မြှင့်တင် ပေးနိုင်တယ်။ ဒါက နဂါးပေါက်တွေ ကြီးထွားဖို့အတွက် အထူးထိရောက်တယ်။ အတော်လေး ရှားတယ်။ ပြီးတော့ ဆေးဖော်စပ်ဖို့အတွက်ဆို ပုံမှန်အားဖြင့် အဖြူရောင်ပဲ။” သူ၏ ဘေးနားတွင်ရှိသော လာလာရီယာက ပြောလိုက်လေသည်။ “နဂါးတံတွေးပန်းမှာ အရည်အသွေး ၃မျိုး ရှိတယ်။ အဖြူ၊ ငွေနဲ့ ရွှေ ဆိုပြီးတော့ အရည်အသွေး အနိမ့်ကနေ အမြင့်ထိ ရှိကြတယ်။။ နဂါးငယ်လေးတွေက အဲဒီ ပန်းမျိုးကို စားရတာ ကြိုက်တယ်။ ကျုပ် သိသလောက်တော့ အဖြူရောင် နဂါးတံတွေးပန်းတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ ငွေအဆင့်ပန်းတွေ အတော်လေး ရှားပါးနေပြီ။ ရွှေဆိုရင်တော့ နဂါးကျွန်း မှာတောင် မရှိတာ သေချာတယ်။”
ချန်လွေ့၏ နှလုံးသား နစ်မွန်းသွားပြီး ဇိုလာ စဉ်းစားလိုက်သည်။ “စိတ်မပူပါနဲ့။ ဒေါ်လေး ဆိုဖီယာက ပုံမှန်အားဖြင့်တော့ ပန်းတွေနဲ့ အပင်တွေ စိုက်ပျိုးရတာ ကြိုက်တယ်ဆိုတာ ကျွန်မ မှတ်မိတယ်။ သူ့မှာ အဲဒါ ရှိနိုင်လောက်တယ်”
“အရှင်မ ဆိုဖီယာလား။
“သူက အရှင်မင်းကြီး ပါဂရစ်ဇ်ရဲ့ ပထမဆုံးဇနီးဖြစ်တဲ့ နဂါးတောင်ကြား ဘုရင်မပဲ။”
ချန်လွေ့က ထိုသူမှာ လူသားလောက နဂါးဧကရာဇ် ပါဂရစ်ဇ်ရဲ့ ဇနီးဖြစ်ကြောင်း ရုတ်တရက် နားလည်သွား၏။
“မိုးကြိုးနှလုံးသား နွယ်ပင်ကို ကျုပ် မြင်ဖူးတယ်။ ဒါက ရှားပါးတဲ့ လေဒြပ်စင် အပင်ဖြစ်ပြီးတော့ မိုးကြိုး လေ့ကျင့်မှု အတွက် အထောက်အကူ ဖြစ်တယ်။ ကံဆိုးချင်တော့ နဂါးကျွန်းမှာရှိတဲ့ တစ်ပင်တည်းကို အဘိုးကြီးက နဂါးပြာကို လေ့ကျင့်ဖို့ ပေးခဲ့တယ်။”
“လေဒြပ်စင်အပင်လား။” ချန်လွေ့၏ စိတ်လှုပ်ရှားသွား၏။ “မုန်တိုင်းကျွန်း! လာလာရီယာ။ ဒီတစ်ခေါက် ကျုပ်နဲ့အတူ လူသားလောကဆီကို လိုက်သွားပေးပါ။ ဟုတ်ပြီလား။”
“ဒါက မင်း တစ်ယောက်တည်းဆိုရင် ဒါကို ကိုင်တွယ်ဖို့ စိတ်မဝင်စားဘူး။ ဒါပေမဲ့ အသီနာက ငါ့ရဲ့ သီးသန့် မောင်းမဆောင်၊ ငါ့ရဲ့မိတ်ဆွေကောင်းတွေ ထဲက တစ်ယောက်ပဲ။ ကောင်းပြီလေ။ ငါ မင်းနဲ့ အတူတူ လိုက်သွားပေးမယ်။” လာလာရီယာက အသီနာအား လေးနက်စွာ ပြောလိုက်၏။ “တကယ်လို့ ခင်ဗျား ကျုပ်ကို ခန္ဓာကိုယ်နဲ့ ကျေးဇူး ဆပ်ချင်တယ်ဆိုရင် မင်းကို သေချာပေါက် ကောင်းကောင်း ဆက်ဆံပေးမှာပါ။ ငါတို့ အဲဒီကောင်ကို ကိုယ်ပိုင်အဖြစ်လို့တောင် မှတ်ယူလို့ရတယ်။”
အသီနာ “...”
မင်းမိသားစုတစ်ခုလုံးကမှ အကောင်။ ချန်လွေ့က ထူးဆန်းသော လိုလီ၏ စကား၏ ဒုတိယပိုင်းကို တိတ်တဆိတ် လျစ်လျူရှုလိုက်ပြီး သူက ရုတ်တရက် ဉာဏ်အလင်း ပွင့်သွား၏။ “ဟုတ်သား။ လူသားလောက။ သက်တန့်မြက်နဲ့ သက်တန့် ကာလာလီလီတွေက ကြားနေ အပင်တွေပဲ။ သူတို့က နတ်ဆိုးဘုံမှာ မျိုးသုဉ်းသွားပေမယ့် လူသားလောကမှာ မျိုးမသုဉ်းသေးတာ ဖြစ်နိုင်တယ်။ ငါတို့ လူသားလောကမှာရှိတဲ့ ဆေးဖော်စပ်တဲ့ သူတွေကို မေးကြည့်လို့ ရနိုင်တယ်။”
ဖိုက်သွန်က ခေါင်းညိတ်လိုက်သည်။ “ဒီလိုဆိုမှတော့ ဒီနေ့ကစပြီး ကျွန်မ ဒီမှာ နေနေမယ်။ အသီနာကို လျှို့ဝှက် ပညာရပ်တစ်ခု သင်ပေးမယ်။ အဲဒီ ပစ္စည်းတွေရဲ့ အကူအညီနဲ့ သူက မွေးဖွားချိန် အတွင်းမှာ ပျက်စီးခြင်း စာအုပ်ရဲ့ ထည့်စရာကို ယာယီ ပေါင်းစပ်နိုင်တယ်။ ကလေး မွေးဖွားဖို့ နှစ်ဝက်လောက် လိုဦးမယ်လို့ ယူဆတယ်။ ရှင့်အတွက်တော့ အချိန် များများစားစား မကျန်ဘူး။ ဒါပေမဲ့ လမ်းကြောင်းတစ်ခု ရှိမယ်ဆိုရင် ဒီအချိန်က သိပ်ပြီးတော့ မတိုပါဘူး။”
“ကျေးဇူးပါပဲ။” ချန်လွေ့က စိတ်ရင်း အမှန်ဖြင့် ပြောလိုက်သည်။ အကယ်၍ ဖိုက်သွန်သာ မရှိခဲ့ပါက အသီနာနှင့် ကလေးမှာ ထိုသို့သော အန္တရာယ်မျိုး ရှိနေမည်ကို သိလိမ့်မည် မဟုတ်ပေ။
ဖိုက်သွန်က သူ့ကို ကြည့်လိုက်ပြီး စကားမပြောခဲ့ပေ။
“အချိန်ဆွဲ မနေတော့ဘူး။ ဒေလီယာ။ ဒီပစ္စည်းတွေကို အတူတူ ရှာဖွေဖို့အတွက် အရိပ်နက် အင်ပါယာက ဆယ်လင်းကို ဆက်သွယ်ပေးပါ။ သူ့ရဲ့ ကတ်စတာ မိသားစုက ထိပ်တန်း ကုန်သွယ်ရေး မိသားစု ဖြစ်ပြီးတော့ သူက ပုံမှန်အားဖြင့် မှော်ပစ္စည်း အများကြီး ကိုင်တွယ်တယ်။ ဒီအစိတ်အပိုင်းက ငါတို့ လိုအပ်တာပဲ။ တကယ်လို့ ထိပ်တန်း သလင်းကျောက် မရှိခဲ့ရင် ဒုတိယတန်း သလင်းကျောက် စုဆောင်းလိုက်။ နောက်မှ ငါ အဲဒါတွေကို ထိပ်တန်းဖြစ်အောင် သန့်စင်လို့ရတယ်။ တချို့ကို ရှာဖွေဖို့ ငါ လူသားလောကကို သွားမယ်။ ဒါပေမဲ့ မင်းတို့ဘက်က အစွမ်းကုန် ကြိုးစားရမယ်။ ပစ္စည်းတွေ အကုန်လုံး အမြန်ဆုံး ကြိုးစားရှာရမယ်။”
“စိတ်မပူပါနဲ့။ ခေါင်းဆောင်။” ဒေလီယာက စာရင်းကို ယူလိုက်ပြီး ချန်လွေ့နှင့်အတူ နာမည်များ စစ်ဆေးပြီး အတည်ပြုကာ စာရင်းကို ထိန်းသိမ်း ထားလိုက်သည်။
“ချန်လွေ့။ ရှင် လူသားလောကဆီကို သွားမလို့လား။” အသီနာ မေးလိုက်သည်။
“အင်း။ ကိုယ် ဇိုလာ၊ အစ်ဇဘယ်လာနဲ့ လာလာရီယာကို အတူတူ ခေါ်သွားမယ်။ ပထမဆုံး မိုးကြိုးနှလုံးသား နွယ်ပင်ကို ရှာဖွေဖို့ မုန်တိုင်းကျွန်းကို အရင်သွားမယ်။ ပြီးတော့ နဂါးတောင်ကြားကို သွားမယ်။”
“ဒါဆိုရင် အဲလစ်နဲ့ ခီရာကို အတူတူ ခေါ်သွားပါ။ တစ်ဖနီကို လူသားလောက ကနေ ကယ်တင်တုန်းက ရှင် သူတို့ကို အဲဒီလို ကတိပေးခဲ့တာ။ ပြီးတော့ အခုထိ ရှင် အဲဒါကို မဖြည့်ဆည်းပေးရသေးဘူး။”
“တောင်းပန်ပါတယ်။” ချန်လွေ့က အဲလစ်နှင့် ခီရာကို ကြည့်ရင်း ခေါင်းကို ခါလိုက်သည်။ “ကိုယ်က သူတို့ကို မခေါ်သွားချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု ခရီးစဉ်က အပျော် မဟုတ်ဘူး။ ဒါက မင်းအတွက်ပဲ။”
“လျှောက်ကြည့်ရုံ အဆင်ပြေပါတယ်။” အသီနာ ရှင်းပြလိုက်သည်။ “သူတို့က ရှင့်ကို နှောင့်ယှက်မှာ မဟုတ်ပါဘူး။ ပြီးတော့ သူတို့က ရှင့်ကို ပစ္စည်းတွေ စုဆောင်းတဲ့ နေရာမှာ ကူညီနိုင်တယ်။ ရှင်နဲ့ ဇိုလာရဲ့ လက်ရှိစွမ်းအားနဲ့ ဆိုရင် ဘာအန္တရာယ်မှ မရှိနိုင်ဘူး။ ပြီးတော့ ကျွန်မမှာလည်း နှစ်ဝက်လောက် အချိန် ရှိနေသေးတယ်။”
“အသီနာ။” ခီရာက ခေါင်းခါသည်။ “ငါ ဒီမှာပဲ နေမှရမယ်။ နေ့တိုင်း နင့်အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ပြင်ဆင်ပေးရမယ်။ တခြားတစ်ယောက် လုပ်ရင် ငါ စိတ်မချဘူး။ ၆လအတွင်း ငါ ဘယ်ကိုမှ သွားမှာမဟုတ်ဘူး။”
အစ်ဇဘယ်လာကလည်း အနည်းငယ် ပြုံးလိုက်သည်။ “ငါလည်း နေခဲ့မယ်။ အသီနာရဲ့ လက်ရှိ အခြေအနေက သိပ်ပြီး မတည်ငြိမ်ဘူး။ ခီရာရဲ့ စွမ်းအားက မလုံလောက်ဘူး။ ဒါကြောင့် တစ်ခါတစ်ရံ အဆင်မပြေဘူး။ သော်သော်ကိုလည်း စောင့်ရှောက်ဖို့ လိုအပ်တယ်။ တကယ်လို့ ငါ အိုလီဖီးရက်စ်နဲ့ အယ်ဒီလိုင်းကို ဒီနေ့ အပြင်ထွက် ကစားဖို့ မခေါ်သွားခဲ့ရင် ခုနက ငိုနေလောက်တယ်။”
အစ်ဇဘယ်လာ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ အသီနာက တိုင်းပြည်အဆင့် အလယ်အလတ်အဆင့်တွင် ရှိနေပြီး သူက နတ်ဘုရားတစ်ပိုင်းအဆင့် ကနဦးပိုင်းတွင် ရှိသည်။ ပိုသတိထားလျှင် ကြီးမားသော အန္တရာယ် မရှိနိုင်ပေ။ သို့သော် ခီရာမှာမူ အတူပေ။ သူ၏အသက် မတော်တဆ တစ်ခုခု ဖြစ်ပါက အန္တရာယ်ရှိနိုင်၏။
“ခီရာ၊ ရင်းနီ၊ နင်းတို့။” အသီနာက အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ခဏတာ ပြောစရာစကားမဲ့သွားခဲ့သည်။
အဲလစ်၏ မျက်လုံးများက လူသား လောကသို့ သွားရမည်ကို အစပိုင်းတွင် ကြားရာတွင် တောက်ပသွားသော်လည်း ယခု အသီနာကို ကြည့်လေလေ၊ ပို၍ ရှက်လေလေ ဖြစ်လာသည်။ သူက ခေါင်းငုံ့လိုက်သည်။ “ဒီတစ်ခေါက် နင့်ရဲ့ ကိစ္စက တကယ် အရေးကြီးတယ်။ အဲဒါကြောင့် ငါလည်း မသွားတော့ဘူး။ ပြီးတော့ ငါက အမှောင်လ နယ်မြေရဲ့ သခင်မပဲ။”
“တော်ပါတော့။” အစ်ဇဘယ်လာက သခင်မလေး၏ ဇာတ်လမ်းကို မျက်နှာသာ မပေးဘဲ ဖော်ထုတ်လိုက်သည်။ “ငါတို့ရဲ့ သခင်မလေးက ကိစ္စတွေ အားလုံးကို ဂျိုအန်နာနဲ့ တခြားသူတွေ ဆီမှာပဲ ပစ်ထားတာ။ တကယ့်စံပြ အပျင်းသမား။ တစ်နှစ်လောက် ပျောက်သွားရင်တောင်မှ နယ်မြေထဲမှာ ဘာမှဖြစ်မှာ မဟုတ်ဘူး။ မျက်စိမှိတ် အမိန့်ပေးတဲ့လူ မရှိမှဘဲ ပိုပြီး စည်ကားလာလိမ့်မယ်။”
“မြေခွေးမ။ ဘယ်သူ့ကို မျက်စိမှိတ် အမိန့်ပေးတယ်လို့ ပြောနေတာလဲ။” အဲလစ်က အစ်ဇဘယ်လာနှင့် အမြဲတမ်း သဟဇာတ မဖြစ်နေရာ သူ ဒေါသတကြီး ခုန်ပေါက်လုမတတ် ဖြစ်သွား၏။ သို့သော် ထို့နောက် သူက ပြန်စဉ်းစားလိုက်သည်။ မဟုတ်သေးဘူး။ မြေခွေးမက ငါ့ကို ကူညီပေးနေသလိုပဲ။
အစ်ဇဘယ်လာက အဲလစ်နှင့် ဆက်၍ စကားမများဘဲ ဇိုလာကို ပြောလိုက်သည်။ “အဖေနဲ့ အမေကို ငါ နှုတ်ဆက်တယ်လို့ ပြောပေးပါ။ နောက်တစ်ခေါက်မှ ငါတို့ အတူတူ သွားတွေ့ကြတာပေါ့။”
ယခင်တစ်ခေါက် အစ်ဇဘယ်လာ လူသားလောကသို့ သွားရောက်စဉ်က သူသည် ဇိုလာ၏ မိဘများမှ သမီး တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ အစ်ဇဘယ်လာ၏ ဂရုစိုက်မှုနှင့် နူးညံ့မှုက ဇိုလာတွင် မရှိသောအရာ ဖြစ်သည်။ ထို့ပြင် မိစ္ဆာထောင်ခြောက်ပန်းကလည်း အတော်လေး စိတ်နှလုံး ဆိုးယုတ်သည်။ မာရီယာနှင့် စပန်တို့က သူကို သူတို့၏ ကိုယ်ပိုင်သွေးသားအဖြစ် မှတ်ယူခဲ့သည်။ သူတို့က အတော်လေး အဆင်ပြေခဲ့ပြီး ထိုစဉ်က အစ်ဇဘယ်လာကို နှုတ်ဆက်ရန် မာရီယာ ပွေ့ဖက်ခဲ့စဉ် ဇိုလာနှင့်ထက်ပို၍ ငိုကြွေးခဲ့လေသည်။
“အင်း။ စိတ်မပူပါနဲ့။” ဇိုလာက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုလည်း အဲလစ်၊ လာလာရီယာ၊ ဇိုလာနဲ့ ကိုယ်တို့ အတူတူ သွားကြတာပေါ့။” ချန်လွေ့ ခဏတာ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ ကျက်သရေမျှော်စင်၏ အလင်းက သူ၏ ကိုယ်ပေါ်တွင် လင်းလက်လာခဲ့သည်။ “ပြင်ဆင်စရာ ဘာမှမရှိဘူးမလား။”
“အသီနာ။ ငါ့အတွက် အစ်မကို ပြောပေး။ ပြီးတော့ လိုအပ်ရင် ဒိုဒိုကို ငါ့နေရာမှာ ဟန်ဆောင်ခိုင်းလိုက်။” မင်းသမီးလေးက အစ်ဇဘယ်လာကို ကြည့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ “ပြီးတော့ အစ်မရင်းနီ...”
“မြေခွေးမ မဟုတ်တော့ဘူးလား။ နင် ပြောချင်တာက မြေခွေးမ၊ အဲဒီနေ့က စပြီးတော့ နင်က ငါ့ညီမ ဖြစ်လာပြီ။ ဟုတ်တယ်မလား။” အစ်ဇဘယ်လာက လာလာရီယာကို အတုခိုး ရယ်မော လိုက်လေသည်။ “အိုဟိုဟိုဟိုဟို...”
“ဟွန့်!” အဲလစ်က စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်စကား အနည်းငယ်ကို ပြောလိုခဲ့သော်လည်း ထိုစကားကို ကြားလိုက်ရာ သူ၏ပါးစပ် နောက်တစ်ခါ ပိတ်သွားခဲ့သည်။ ခဏအကြာ သူသည် ကျက်သရေမျှော်စင်၏ အလင်းရောင်ထဲ ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့က ခီရာအား တောင်းပန်သော အကြည့်ဖြင့် ပြုံးပြလိုက်သည်။ “ခီရာ၊ ကလေး ဘေးကင်းကင်းနဲ့ မွေးပြီးခဲ့ရင် မင်းရယ်၊ ကိုယ်ရယ်၊ အသီနာရယ်၊ အစ်ဇဘယ်လာရယ်နဲ့ လူတိုင်း အတူတူ အပြင်ထွက်ပြီးတော့ ပျော်ကြမယ်လေ။ ဖိုက်သွန်၊ ဒီအချိန် အတော်အတွင်းမှာ ကျုပ် ခင်ဗျားကို အားကိုးနေမယ်။”
ခီရာက ချန်လွေ့သည် အသီနာနှင့် အခြားသူများနှင့် အတူ [ကြယ်ဂိတ်]ထဲသို့ ဝင်ရောက် သွားသည်ကို ကြည့်နေရင်း ပြင်းထန်စွာ ခေါင်းညိတ်လိုက်၏။
ဖိုက်သွန်က ချန်လွေ့ကို မကြည့်ဘဲ ကောင်းကင်ကိုသာ ကြည့်နေလိုက်ရင်း တစ်ယောက်တည်းသာ ကြားနိုင်သော အသံဖြင့် သူ့ကိုယ်သူ တစ်စုံတစ်ခုကို ရေရွတ်လိုက်လေသည်။
“လူတိုင်းက ထူးခြားပြီးတော့ အစားထိုး မရနိုင်တဲ့ တည်ရှိမှုတွေလား။”