အတွေးအခေါ်အမှားကြောင့် သေဆုံးသွားခြင်း
Vol. 21 Ch. 309
အခန်း (၃၀၉) : အတွေးအခေါ်အမှားကြောင့် သေဆုံးသွားခြင်း
ကြက်သီးထစရာကြီး…
ထိုအဖြစ်အပျက်က အားလုံးရှေ့တွင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
သူတို့က ပင်လယ်မျိုးနွယ်မှ ပါရမီရှင်ငါးယောက်ဖြစ်ပြီး တစ်ယောက်ချင်းစီက ကနဦးဝိညာဉ်အဆင့်အထက်တွင် ရှိသည်။
သူတို့က ဘယ်မျိုးနွယ်က ဖြစ်ပါစေ ကနဦးဝိညာဉ်အဆင့်နှင့်အထက် ကျင့်ကြံဆင့်များကို အဆင့်မြင့် စွမ်းအားကြီး ကျင့်ကြံသူများအဖြစ် သတ်မှတ်ထားပြီးသားဖြစ်သည်။
ဒါပေမဲ့ နတ်ဆိုးအသျှင်တွေဖြစ်ဖြစ် ထူးခြားတဲ့ ရတနာတွေပဲဖြစ်ဖြစ် ရှုပ်ထွေးပွေလီ အစီအရင်ရှေ့မှာတော့ တစ်ခါလောက် တိုက်ခိုက်တာကိုတောင် မခံနိုင်ပဲ အားနည်းသွားရတယ်။ ဟာသပဲ
ဘယ်လောက်ပဲ ထူးခြားတဲ့ ပညာရပ်တွေ၊ ရတနာတွေဖြစ်နေပါစေ ရှုပ်ထွေးပွေလီ အငွေ့အသက်က သူတို့ကို ဝါးမျိုသွားတာနဲ့ ဘာမှအရေးမပါတော့ဘူး
သူတို့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲကို ဝင်ခွင့်ရပြီးသွားရင်တောင် အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်တွေဖြစ်သွားအောင် ကျိန်စာတိုက်ခံလိုက်ရရင် ဘာမှ အသုံးမဝင်တော့ဘူး
“ သူတို့က သက်တမ်း ၅၀၀ ထက်ကြီးတဲ့ ကျင့်ကြံသူတွေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ရှုပ်ထွေးပွေလီ အစီအရင်ကို တိတ်တိတ်လေး လှည့်စားဖို့ ကြိုးစားနေတယ်”
ရေသူမင်းသမီးက ထိုကဲ့သို့သော မြင်ကွင်းကို သည်းမခံနိုင်သည့်ပုံစံမျိုးဖြင့် ပြောလိုက်သည်
“ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းစစ်ဆေးမှု စတင်တဲ့အချိန်တိုင်း အဲလိုလူတွေက အမြဲတမ်း ရှိတယ်”
ဘယ်လို လောကမှာပဲဖြစ်ဖြစ် ဥပဒေစည်းမျဉ်းကို ကိုယ်တိုင်စိန်ခေါ်ဖို့ ကြိုးစားတဲ့သူတွေက ရှိစမြဲပဲ
ရှုပ်ထွေးပွေလီ အစီအရင်ထဲသို့ သက်တမ်း ၅၀၀ အောက် ပါရမီရှင်များကိုသာ ဝင်ခွင့်ပေးသည်။ သတ်မှတ်ထားသည်ထက် သက်တမ်းပိုများနေသူများကို အစီအရင်က တိုက်ခိုက်လေ့ ရှိသည်။
သို့သော် အားလုံးက ထိုကိစ္စကို သိထားသော်လည်း ပါရမီရှင်အများကြီးက သူတို့၏ လောဘကို မြိုသိပ်နိုင်ခြင်းမရှိဘဲ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ အစီအရင်ကို လှည့်စားဖို့ အချည်းနှီးသာဖြစ်မည့် ကြိုးစားအားထုတ်မှုမျိုးကို လုပ်နေကြဆဲ ဖြစ်သည်။
သူတို့သုံးသော တချို့နည်းလမ်းများက နိဗာနဖြတ်ကျော်ပြီး ထပ်မံကျင့်ကြံကာ သူတို့အရိုးများ၏ သက်တမ်းများကို ပြောင်းလဲပစ်ပြီး တခြားသူများ၏ ခန္ဓာကိုယ်ကို ခိုးယူကာ လျှို့ဝှက်ဆန်းကြယ်ပညာရပ်များကို ကျင့်ကြံကြသည်။
ထိုဆန်းကြယ်ပညာရပ်များကို အသုံးပြုကာ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲကို ဝင်ဖို့ကြိုးစားတာမှာ တစ်ယောက်မှ မအောင်မြင်တာတော့ မဟုတ်ဘူး။
အောင်မြင်သွားတဲ့သူတွေလည်း အများကြီး ရှိဖူး၏။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စတင်မည့်အချိန်နီးကပ်လာတိုင်း သက်တမ်း ၅၀၀ ထက်ကြီးတာ သိသာသော လူသစ်များ ရှိသော်လည်း အစီအရင်ထဲသို့ ဝင်တာ အောင်မြင်နေဆဲ ဖြစ်သည်။
သူတို့အောင်မြင်သွားတဲ့နည်းလမ်းကလည်း အခြေခံအားဖြင့်တော့ တခြားကျင့်ကြံသူတွေသုံးသွားတဲ့ နည်းလမ်းနဲ့အတူတူပဲ
အစီအရင်ကို လှည့်စားနိုင်မလားဆိုတာက ကံအပေါ်မှာပဲ မူတည်တယ်
ဘယ်သူကမှတော့ ကိုယ့်ကိုယ်ကို ကံဆိုးတယ်လို့ ထင်မှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ပဲ ယုံကြည်ထားကြမှာလေ
အဲလိုမျိုး စိတ်ဓာတ်ကြောင့် လူတွေအများကြီးက သူတို့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ဖွင့်တဲ့အခါတိုင်း ဝင်ဖို့အတွက် စွန့်စားနေကြတုန်းပဲ။ ဒါက ပုံမှန်ဖြစ်ပျက်တဲ့ အဖြစ်အပျက်တစ်ခုတောင် ဖြစ်နေပါပြီ
အဲလို အတွေးအခေါ်အမှားတွေကြောင့် သေဆုံးသွားတာပဲ အဖတ်တင်တယ်
“ နတ်ဆိုးအသျှင်က ငါးသေးသေးလေးအဖြစ် ဘယ်လိုလုပ်ပြီးတော့ ပြောင်းလဲသွားရတာလဲ”
ဝူဝုတိက ပင်လယ်ထဲတွင် ပျော်ရွှင်စွာ ရေကူးနေသော ငါးလေးကို ကြည့်ကာ စိတ်ဝင်စားမှုတို့ မြင့်တက်လာသည်။ ထိုငါးကို ကြည့်ရတာ အနည်းငယ် ရူးသွပ်နေပုံလည်း ပေါ်သည်။
သူက ရေလုံးလေးထဲတွင် ငါးကို ထည့်ပြီးနောက် သိချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။
ထိုငါးလေးတွင် ငွေရောင်ကြေးခွံများ ရှိပြီး အမြီးပေါ်ရှိ ကြေးခွံသာ အနီရောင် ဖြစ်သည်။ ထိုအရာက ငါးကြင်းတစ်ကောင်နှင့်တူပြီး စွမ်းအားကြီးသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် အရိပ်အယောင်မျိုး လုံးဝမရှိပေ။
ဒါက သာမန်ငါးတစ်ကောင်လိုပါပဲ
သူက ငါးအမြီးကို လက်ဖြင့် တို့ကြည့်ဖို့ ပြင်လိုက်သည်။
“ ဒီငါးက ရှုပ်ထွေးပွေလီ အငွေ့အသက်ရဲ့ ကျိန်စာတိုက်တာကို ခံထားရပေမဲ့ မူလပုံစံကို ပြန်ပြောင်းနိုင်လား”
ငွေဖြူရောင် မင်းသားလေးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ တစ်စုံတစ်ယောက်က ငါးအနည်းငယ်ကို ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကနေ ခေါ်ထုတ်သွားဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ အဲဒီငါးတွေက ဗလာနတ္ထိအဖြစ် ချက်ချင်း ပြောင်းလဲသွားတယ်။
အဲဒါကို လွှတ်ပေးလိုက်ပါ။ သူတို့ကိုယ်တိုင်က ဒီအစီအရင်ထဲကို ဝင်ဖို့ စွန့်စားဖို့ ရွေးချယ်ခဲ့တာဆိုတော့ ဒီအစီအရင်ရဲ့ တိုက်ခိုက်တာကို ခံဖို့လည်း ပြင်ဆင်ခဲ့သင့်တာ။
တစ်ခေါက်ချင်းစီတိုင်းမှာ လူအနည်းငယ် အောင်မြင်ပေမဲ့လည်း ၉၀ ရာခိုင်နှုန်းလောက်က ကျရှုံးနေကြတာ”
လိပ်မင်းသားက ချက်ချင်း စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကာ ပြောလိုက်သည်
“ ဒါဆို ဒီငါးက အသုံးမဝင်ဘူးပေါ့”
ငွေဖြူရောင်မင်းသားလေး ရယ်ရမလိုလို ငိုရမလိုလိုဖြစ်သွားကာ ပြောလိုက်သည်
“ မင်းတို့ ပေါ့ပေါ့ဆဆနေလို့ မဖြစ်ဘူးနော်။ အဲဒီငါးက အသိဉာဏ် မရှိတော့ပေမဲ့လည်း ငါးဖြစ်သွားလည်း သူ့ရဲ့ ကျင့်ကြံဆင့်က အရင်တုန်းက အတိုင်း…”
ငွေဖြူရောင်မင်းသားလေး စကားမဆုံးခင် လိပ်မင်းသား၏ ပညာရပ်ကြောင့် လေထဲတွင် မြောနေသောငါးလေးက ရုတ်တရက် ပင်လယ်ရေများ ပန်းထုတ်ကာ ဝူဝုတိ၏ မျက်နှာကို စင်သွားသည်။
ထို့နောက် ချက်ချင်း ထိုငါးလေး၏ အနီရောင်ငါးအမြီးက ဝူဝုတိကို ရိုက်ခတ်နေသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းက ဝူဝုတိပေါ်သို့ အနီရောင် ဓားရှည်ခုတ်ချက်တစ်ခု ကျရောက်လာသည်ကို မြင်လိုက်ရသည်။
သူ့မျက်နှာပေါ်မှ ရေများကို သေချာပြောင်အောင် မသုတ်ရသေးခင်မှာပဲ ဓားရှည်က သူ့လိပ်ခွံကို ခုတ်ချပြီးသွားလေပြီ။
ဝုန်း…
တောက်ပသော အစက်အပြောက်များ နေရာအနှံ့လွင့်စင်သွားသည်ကို မြင်နေရသည်။
အမြီးက ဝူဝုတိကို ပေတစ်ထောင်ကျော် လွင့်ထွက်သွားစေသည်။ လိပ်ချပ်ဝတ်တန်ဆာ၏ ရင်ဘတ်နားတွင်လည်း စုတ်ပြဲသွားကာ သူ့အဆီများကိုပင် မြင်နေရပြီ ဖြစ်သည်။
ထို့နောက် ဝူဝုတိ၏ မျက်နှာတွင်လည်း ဒဏ်ရာများဖြစ်ပေါ်နေပြီး တစ်စုံတစ်ယောက်က သူ့ကို ခြေထောက်ဖြင့် တက်နင်းသွားသကဲ့သို့ ခြေရာများ ကျန်ရှိနေသည်။
လိပ်နက်မင်းသား ဖြစ်သော သူက ခေါင်းတစ်လုံး ယောင်ကိုင်းလာသည်အထိ ရိုက်နှက်ခံလိုက်ရသည်။ ငါးလေး၏ ရုတ်တရက် ရိုက်နှက်မှုက လိပ်မင်းသားကို ဒေါသဖြင့် တုန်လှုပ်သွားစေသည်။
“ အား…”
ဝူဝုတိ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ချီအရှိန်အဝါများ ထွက်လာကာ သူ့ လိပ်ချပ်ဝတ်တန်ဆာက ဤပင်လယ်ထဲတွင် အနက်ရောင် နေမင်းတစ်စင်း ရုတ်တရက်ထွက်ပေါ်လာသလိုမျိုး အနက်ရောင် အလင်းတန်းဖြင့် တောက်ပနေသည်။
အားလုံးက သူတို့အပေါ် ကျရောက်နေသော စွမ်းအားကြီးသည့် ဖိအားကို ခံစားလို့ ရနိုင်သည်။
“ မင်းက ငါးအဖြစ် ပြောင်းလဲသွားတာတောင် ငါ့ကို အာခံရဲတုန်းပေါ့လေ ဟုတ်လား။ ငါ့ရဲ့ လိပ်လက်သီးကို မြည်းကြည့်လိုက်”
ဝူဝုတိက အောင်းဝူထက် အသက်အနည်းသာကြီးသော လူငယ်တစ်ယောက်ဖြစ်သော်လည်း သူ့ကျင့်ကြံဆင့်က ပြိုင်ဘက်ကင်းလှသည်။
လိပ်နက်မျိုးနွယ်ရဲ့ ဆန်းကြယ်ပညာရပ် ဖြစ်သော လိပ်လက်သီးကို အသုံးပြုသည့်အခါ သူ့လက်သီးများကို လွှမ်းခြုံနေသော အရှိန်အဝါများကလည်း ရုတ်တရက် တိုးမြင့်လာသည်။
ဝုန်း…
ဝုန်း…ဝုန်း…ဝုန်း…
ကြီးမားသော လိပ်နက်ဦးခေါင်းတစ်ခု ထွက်လာကာ ထိုငါးလေးကို လက်သီးထိုးချက်များဖြင့် ထိုးနှက်နေသည်။
သူက ယခု ရွှေရောင်ကိုယ်ထည်အဆင့်သာ ရှိသော်လည်း သူ၏ စစ်မှန်သော တိုက်ပွဲစွမ်းရည်နှင့် လက်သီးပညာရပ်တွေမှာလည်း အောင်မြင်မှုက အရမ်း စွမ်းအားကြီးသည်။ သူက အမျိုးမျိုးသော ကနဦးဝိညာဉ်ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သည်။
ဝူဝုတိ လိပ်နက်၏ လိပ်လက်သီးက ထိုငါးလေးကို ပင်လယ်ထဲသို့ ချက်ချင်း ပြန်ရောက်သွားအောင် လုပ်လိုက်နိုင်သည်။
ဒါက အကုန်ပဲ
လိပ်နက်မျိုးနွယ်က ခုခံရာမှာ အတော်ဆုံးဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်စွမ်းရည်က မမြင့်မားသည့်အတွက် ထိုငါးကို သင်ခန်းစား မပေးလိုက်နိုင် ဖြစ်သွားသည်။
ထိုငါးက ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် ပင်လယ် ရေနက်ပိုင်းအထိ ကူးခတ်သွားကာ ပျောက်ကွယ်သွားသည်။
ကျန်ရှိခဲ့သည့်အရာကတော့ ဝူဝုတိ၏ မျက်နှာပေါ်မှ ဒဏ်ရာများပင် ဖြစ်သည်။
“ အဲဒီငါးရဲ့ တိုက်ပွဲစွမ်းရည်က ရှုပ်ထွေးပွေလီ အစီအရင်ရဲ့ ကျိန်စာတိုက်တာကို ခံရတာတောင် မလျော့သွားဘူးပဲ”
ချီရှောက်ရွှမ်က တစ်စုံတစ်ခုကို ထိုးဖောက်မြင်နိုင်ဖို့အတွက် မျက်ခုံးနှစ်ခုကြားရှိ သန့်စင်ကောင်းကင် မျက်လုံးကိုပင် သုံးခဲ့သေးသည်။ သို့သော် ကံမကောင်းစွာဖြင့် ဘာကိုမှ ရှာမတွေ့ခဲ့ပေ။
“ အဲဒါကို စစ်ဆေးဖို့အတွက် ငါ့ရဲ့ သန့်စင်ကောင်းကင် မျက်လုံးကို အသုံးပြုခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီငါးက ဘာအရှိန်အဝါမှ မထုတ်လွှတ်ဘူး။ သူက သာမန်ငါးတစ်ကောင်လိုပဲ”
သူက ဝမ်းနည်းညှိုးငယ်သော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်
“ အရမ်းထူးဆန်းတယ်။ ညီအစ်ကိုရှန်ရော ဘယ်လိုထင်လဲ”
ရှန်ထျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ နဂါးမျိုးနွယ် အကြီးအကဲ ပြောခဲ့သလိုမျိုးပဲ အဲဒီသန္ဓေပြောင်းသားရဲတွေက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအနှံ့မှာ ပေါ်လာပြီးတော့ သာမန်သားရဲတွေနဲ့လည်း လုံးဝတူတယ်တဲ့။ အဲဒါကြောင့် သွားလာနေတုန်းကို ဂရုတစိုက်နဲ့ သွားရမယ်။ အလောတကြီး မလုပ်မိပါစေနဲ့ မဟုတ်ရင် ပြဿနာဖြစ်လာတဲ့အခါ အရမ်းဒုက္ခများရလိမ့်မယ်”
ယုဖန်ရှန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်မကတော့ မောင်လေးရှန် ပြောတဲ့အတိုင်း လုပ်မယ်”
သူမကို ကြည့်ရတာ ရှန်ထျန်းကို အရူးအမူးချစ်နေသည့်ပုံနှင့် တူသည်။
ကောင်းကင်တေးသံ စံအိမ်တွင် သူမ တခြားပါရမီရှင်များကို ဆက်ဆံပုံနှင့် ယခုပုံစံကို မြင်လိုက်ရသည့်အတွက် မရေတွက်နိုင်သော လူအများက အားကျနေကြသည်။
မင်းသားလေးပါးက ရှန်ထျန်းကို မကျေနပ်စွာဖြင့် စိုက်ကြည့်လိုက်ကြသည်။ အရှင်းဆုံးပြောရလျှင် သူတို့၏ မျိုးနွယ်များက နဂါးနက်ကျွန်းနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိလျှင် သူတို့က ခွန်မင်ဘက်သို့ ပူးပေါင်းဖို့အတွက် စိတ်အားထက်သန်မှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။
သူက သူ့ရဲ့ချောမောမှုနဲ့ လူသားမျိုးနွယ်က မိန်းကလေးတွေကို ဆွဲဆောင်နိုင်ရုံတင် မကပဲနဲ့ သူ့ရဲ့ ဆွဲဆောင်မှုကို ငါတို့ရဲ့ နတ်ဆိုးမလေးတွေဆီကိုပါ လာပြီးတော့ ဖြန့်နေတာလား
မြောက်ပင်လယ်က နတ်ဆိုးတွေအတွက် လက်တွဲဖော်ရှာရတာ မခက်ဘူးလို့များ သူက တကယ်ထင်နေတာလား
ရှန်ထျန်းက ယုဖန်ရှန်း၏ ခေါင်းကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ အားလုံးက ကျွန်တော်ကို ယုံကြည်ကြတယ်ဆိုတော့ ကျွန်တော်နောက်ကို လိုက်ခဲ့ပေးပါ”
ရှန်ထျန်း၏နောက်တွင် ရွှေတောင်ပံတစ်စုံ ပေါ်ထွက်လာပြီးနောက် မြောက်ဖက်သို့ ဦးတည်ပျံသန်းသွားသည်။ သူက ဤပိုင်နက်အတွင်းတွင် ဖိနှိပ်ခံထားရသည်ကို ကောင်းကောင်း ခံစားမိသည်။ သူ၏ ငှက်မွေးထာဝရသတ္တုက မူလအလျင်၏ ၁၀ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိသာ ရောက်နိုင်သည်။ ထို့အပြင် သတိကြီးကြီးထားပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်ကိုလည်း ရှောင်ရှားရပေဦးမည်။
လေထဲတွင် ပျံ့နှံ့နေသော ရှုပ်ထွေးပွေလီ အငွေ့အသက်က အများကြီး မရှိသော်လည်း ရှောင်ရှားဖို့အတွက်တော့ အတော်လေး ဒုက္ခများသည်။ ကံဆိုးမှုနှင့် အလွယ်တကူ ကြုံတွေ့သွားနိုင်သည်။
အားလုံးက ရှန်ထျန်း နောက်မှလိုက်ရင်း လမ်းတွင် ကျွန်းအနည်းငယ်ကို မြင်တွေ့ခဲ့ရသည်။
အပြင်ဘက်ကျသည့် ကျွန်းများတွင် ပါးလွှာသော ရှုပ်ထွေးပွေလီ အငွေ့အသက်သာရှိသည့်အတွက် ကျင့်ကြံသူများအတွက် လုံခြုံမှု ရှိသည်။ ထို့ကြောင့် ထိုနေရာများတွင် ကျင့်ကြံသူများ များပြားနေခြင်း ဖြစ်သည်။
ထိုနေရာတွင် နှစ်ပေါင်းများစွာ တိုက်ခိုက်လုယူကြပြီးနောက် အဖိုးတန်ရတနာများက မရှိတော့ပေ။ အနည်းဆုံး ရှန်ထျန်းကို စိတ်လှုပ်ရှားစေသည့် ရတနာမျိုး မရှိပေ။
လူတိုင်းက ဖြည်းဖြည်းချင်း ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ အတွင်းပိုင်းသို့ ရောက်ရှိလာသည်နှင့်အမျှ ရှုပ်ထွေးပွေလီ အငွေ့အသက်များက စတင်သိပ်သည်းလာသည်။
သူတို့ အဝေးကို မျှော်ကြည့်လိုက်ပါက ပေပေါင်းရာချီ အကွာအဝေးအထိ အဖြူရောင်ဟင်းလင်းပြင်ကိုသာ မြင်နေရသည့်အတွက် ဦးတည်ရာကို ခွဲခြားဖို့အတွက် ခက်ခဲလှသည်။
ကျွန်းပေါ်ရှိ ပါရမီရှင်များသာ ဝင်ပေါက်၏ တည်နေရာကို ခြေရာခံဖို့အတွက် ခြေရာခံကျောက်တုံးကို မယူခဲ့ပါက လမ်းပင် ပျောက်သွားနိုင်သည်။
အတွင်းပိုင်းရှိကျွန်းများတွင် သိပ်သည်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်များ ဖြည်းဖြည်းချင်း ဝန်းရံလာသည့်အတွက် အတွင်းပိုင်းကို သေချာရှင်းလင်းစွာ မမြင်ရတော့ပေ။
ဤကာကွယ်ရေး အစီအရင် ပွင့်သည့်အချိန်တွင် သိပ်သည်းသော အငွေ့အသက်အလွှာပေါ်တွင်လည်း အက်ကြောင်းများ အခါအားလျော်စွာ ပေါ်ပေါက်လာသည်။
ထိုကဲ့သို့သော အခြေအနေမျိုးက ကျင့်ကြံသူများအတွက် အတွင်းပိုင်းကျွန်းများဆီသို့ ဝင်ရောက်ကာ ရတနာရှာဖို့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
သို့သော် ထိုကဲ့သို့သော် အခွင့်အရေးမျိုးက မြန်ဆန်လှသည်။ အငွေ့အသက်အလွှာ တစ်ခါပွင့်ဖို့အတွက် ရက်အနည်းငယ် ကြာတတ်သည်။
စောင့်နေစဉ်အတွင်းမှာလည်း အာရုံအပြည့် စိုက်ထားဖို့ လိုအပ်သည့်အတွက် တောင့်ခံဖို့ မလွယ်ကူပေ။
တစ်ချိန်တည်းမှာပဲ အငွေ့အသက်အလွှာပေါ်ရှိ အက်ကြောင်းများက စက္ကန့်အနည်းငယ်သာ ပွင့်လာတတ်သည်။ လမ်းတစ်ဝက်မှာသာ ထွက်သွားပါက ကျွန်းထဲသို့ ဝင်ရောက်ဖို့ အခွင့်အရေးကို လက်လွတ်ရမည် ဖြစ်သည်။
လမ်းတစ်ဝက်မှာ လက်လျှော့ခြင်းက အကျိုးမရှိသည့်အတွက် ရှောင်ရှားသင့်သည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်သွားလျှင်ပင် ကျွန်းထဲသို့ ဝင်ရောက်သွားဖို့က ဒီလောက်ထိ မရိုးရှင်းပေ။ အားကောင်းသည့် တွန်းကန်အားကိုပါ တောင့်ခံနိုင်အောင် လုပ်ဖို့ လိုအပ်သည်။ အားကောင်သည့်တွန်းကန်အားအပြင် စက္ကန့်အနည်းငယ်သာပွင့်သော အပေါက်လေးသာ ရှိသည့်အတွက် ကျွန်းထဲသို့ အတင်းဝင်ဖို့အတွက် အင်မတန် ခက်ခဲလှသည်။
ထိုသူက အရမ်းအားနည်းနေပါက ရှုပ်ထွေးပွေလီ အငွေ့အသက်၏ လွှမ်းခြုံခြင်းကို ခံရပြီး သန္ဓေပြောင်းသားရဲများအဖြစ် ပြောင်းလဲသွားတတ်သည်။
ထိုအရာက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုတွင် ပါရမီရှင်အများကြီး သေသွားရသော အဓိက အကြောင်းအရင်းလည်း ဖြစ်သည်။
လောဘကြီးခြင်း၊ ဘဝင်မြင့်ခြင်းနှင့် တွေဝေခြင်းတို့က ကျင့်ကြံသူကို ရှုပ်ထွေပွေလီ ကြယ်တာရာကျွန်းမှ ဘာမှမရရှိအောင် လုပ်ဆောင်တတ်သည့်အပြင် အရာအားလုံးကိုပါ ဆုံးရှုံးသွားစေသည်။
“ အစ်ကိုရှန် ကျွန်တော်တို့ ကြယ်တာရာကျွန်းတွေကိုလည်း အတော်လေး ဖြတ်လာခဲ့ပြီးပြီလေ။ အဲဒီကို ဘာလို့ တစ်ချက်လောက် သွားမကြည့်ရတာလဲ”
ဂဏန်းမင်းသားက တွေဝေမှုတို့ဖြင့် ပြည့်နှက်နေသည်။ ရွှေဂဏန်းမျိုးနွယ်က မွေးရာပါကုန်သည်များ ဖြစ်သည့်အတွက် သည်းမခံနိုင်ဆုံးအရာက ရတနာများ ရရှိနိုင်ချေကို လွတ်သွားခြင်းပင် ဖြစ်၏။
သူတို့က ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသော ကျွန်းနှစ်ခု၊ သုံးခုကို ဖြတ်လာပြီးပြီဖြစ်သော်လည်း ရှန်ထျန်းက ဆက်သွားနေဆဲ ဖြစ်သည်။
စွမ်းအားကြီး ပါရမီရှင်များက ကြယ်တာရာကျွန်းများတွင် သူတို့ ဝေးဝေးသွားလေလေ ပိုမိုကောင်းမွန်သော ကံအပြောင်းအလဲ အခွင့်အရေးကို တွေ့နိုင်သည်ဟု ယုံကြည်ထားကြသည်။
ရှုပ်ထွေးပွေလီသော အငွေ့အသက် လွှမ်းခြုံထားသည့် ကျွန်းတိုင်းမှာ အံ့ဩဖွယ်ကောင်းသော ကံအပြောင်းအလဲ အခွင့်အရေးများ သို့မဟုတ် သာမန်ဝိညာဉ်အပင်များသာ ရှိနိုင်သည်။
ထို့ကြောင့် ပညာရှိသော ဆုံးဖြတ်ချက်က ကိုယ်တွေ့သော ကျွန်းများကို တန်ဖိုးထားဖို့ ဖြစ်သည်။
ရှန်ထျန်းက ဆန်းကြယ်စွာ ပြုံးပြရင်း ပြောလိုက်သည်
“ မစိုးရိမ်ပါနဲ့။ ကျွန်တော်နောက်ကို လိုက်လာသ၍ အားလုံးကို စိတ်မပျက်စေရပါဘူး”
သူက စကားပြောရင်း ယုဖန်ရှန်းကို စိုက်ကြည့်လိုက်ပြီး သူ့အကြည့်များက ဆန္ဒဖြင့် တောက်လောင်နေသည်။
ယုဖန်ရှန်း၏ နှလုံးသားလည်း ပြင်းထန်စွာ တောက်လောင်နေသည်။
မောင်လေးရှန်က ငါ့ကို လမ်းတစ်လျှောက်လုံး မရေမတွက်နိုင်အောင် ခိုးခိုးကြည့်နေတာ
မောင်လေးရှန်က အချိန်တိုင်း ငါ့မျက်နှာမဟုတ်ဘဲ ငါ့နဖူးကိုပဲ ကြည့်နေတဲ့ပုံပေါ်ပေမဲ့ သူက ငါ့ကို စိတ်ဝင်စားနေတာ သေချာတယ်။ သူက ငါ့ကို မကြာခဏ ခိုးခိုးကြည့်နေတာ
ဟုတ်တယ် အဲလိုပဲဖြစ်ရမယ်။ ငါက အရမ်းတော်တာပဲ
ယုဖန်ရှန်းက လျှောက်စဉ်းစားပြီး မျက်နှာများနီရဲနေချိန် ရှန်ထျန်းက ရုတ်တရက် ကျွန်းတစ်ကျွန်းရှေ့တွင် ရပ်တန့်လိုက်သည်။ ဤကျွန်းကို ပါးလွှာသော ရှုပ်ထွေးပွေလီ အငွေ့အသက် လွှမ်းခြုံထားပြီး အစီအရင် စီစဉ်ထားသည့်အတိုင်း ဆက်လက်ရွေ့လျားနေသည်။
ဤကြယ်တာရာကျွန်းက လုံးဝ သာမန်ဖြစ်နေပုံပေါ်သည်။ ဤကြယ်တာရာကျွန်းနှင့် တခြားကြယ်တာရာကျွန်းများကြားတွင် ခြားနားမှု မရှိပေ။
သို့သော် သူတို့ ဤကျွန်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရှန်ထျန်းက ခန့်မှန်းရခက်သည့် အပြုံးမျိုး ပြုံးကာ ပြောလိုက်သည်
“ ဒီကျွန်းပေါ်မှာ ရတနာတွေအများကြီး ရှိမယ်လို့ ကျွန်တော် ထင်တယ်”
ယုဖန်ရှန်းက ရှန်ထျန်း၏ ယုံကြည်မှုရှိသောအပြုံးကို ကြည့်လေလေ သူမ ပိုပြီးတော့ အရူးအမူး ချစ်လာမိလေလေ ဖြစ်သည်။
“ ဟုတ်တယ်။ ဒီကျွန်းပေါ်မှာ ရတနာတွေ သေချာပေါက်ရှိလိမ့်မယ်လို့ ကျွန်မလည်းထင်တယ်”
မင်းရောလား ... ရေသူမျိုးနွယ်က အဲလောက်ထိ အံ့ဩဖို့ ကောင်းတာလား
ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ဖြတ်ပြီးတော့တောင် ရတနာတွေကို အာရုံခံနိုင်တာလား
ရှန်ထျန်း ကြောင်အသွားရသည်။
ယုဖန်ရှန်း၏ စွမ်းရည်အပေါ် မြင်သည့်အမြင်လည်း တစ်ဆင့် တိုးသွားရသည်။
ရှန်ထျန်းက ဤကျွန်းကို ရွေးချယ်လိုက်ပြီဖြစ်သည့်အတွက် ချီရှောက်ရွှမ်တို့လည်း ရပ်တန့်ကာ အငွေ့အသက် အလွှာပွင့်လာဖို့ စောင့်နေကြသည်။
သူတို့သာ အကျိုးအမြတ်များအောင် လုပ်ချင်ပါက အလွယ်ကူဆုံးနည်းလမ်းက တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးများကို အဓ္ဓမ လုယူခြင်း သို့မဟုတ် လူတိုင်းက မတူညီသော ကျွန်းများသို့ သွားရောက်ကာ ရတနာရှာဖွေခြင်းပင် ဖြစ်သည်။ ထိုအခါ သူတို့ကြီးမားသော အကျိုးအမြတ်များကို ရရှိကြလိမ့်မည်။
တစ်ခါတစ်ရံ ကိစ္စများက ဒီလောက်အထိ မရိုးရှင်းတတ်ပေ။
အဘယ်ကြောင့်ဆိုရင် တစ်ယောက်ထဲ ကံအပြောင်းအလဲ အခွင့်အရေးများကို တစ်ယောက်ထဲရှာသည့်အခါ အန္တရာယ်ကို ရင်ဆိုင်သည့်အရည်အချင်းက ပိုပြီးအားနည်းသွားသောကြောင့် ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က သန္ဓေပြောင်းသားရဲများ၏ တိုက်ခိုက်မှု သို့မဟုတ် တခြားအန္တရာယ်များကို ကြုံတွေ့ရပါက အဖော်များရှိနေခြင်းက အသက်ချမ်းသာရာ ရနိုင်သည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပတ်လည်တွင် မရေတွက်နိုင်သော ကျွန်းပေါင်းများစွာ ရှိသော်လည်း မြောက်ပင်လယ် နတ်ဆိုးများလည်း အများကြီး ရှိသည်။
မတူညီသော ကျင့်ကြံသူများအနေဖြင့် တူညီတဲ့ ကျွန်းကို ရွေးချယ်မိတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလိုမျိုး သီးသန့်ဖြစ်နေတဲ့ နေရာမှာ သတ်ဖြတ်ပြီးတော့ ရတနာတွေကို လုယူတာက ဖြစ်နေကြအရာပဲလေ
တစ်စုံတစ်ယောက်က တစ်ယောက်ထဲ ကျွန်းတစ်ကျွန်းပေါ်မှာ ကံအပြောင်းအလဲ အခွင့်အရေးကို ရှာဖွေနေတယ်ပဲ ထားပါတော့။ ကျင့်ကြံသူက အသက်ကို စတေးပြီးတော့ ကြယ်တာရာကျွန်းထဲကို ဝင်သွားပြီး ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိခဲ့ရင် ကျွန်းကနေပြီးတော့ ပျော်ပျော်ရွှင်ရွှင်ထွက်သွားဖို့ ဆုံးဖြတ်လိမ့်မယ်
ဒါပေမဲ့ ပြောခဲ့သလိုပဲ ကျင့်ကြံသူ ကျွန်းက ထွက်သွားပြီးရင် သူတို့က စွမ်းအားကြီး ကျင့်ကြံသူ လေး၊ငါးယောက်ဆီ ပြေးဝင်လိမ့်မယ်။ အဲဒါပြီးရင် ကျင့်ကြံသူက အခွင့်ကောင်းယူပြီးတော့ ရတနာတွေအားလုံးကို ဆုံးရှုံးအောင် လုပ်သွားတယ်လို့ ပြောမဲ့အပြင် ကျင့်ကြံသူက သူတို့ရဲ့အသက်ကို ဆုံးရှုံးသွားတယ်လို့ ပြောလိမ့်မယ် ...
ပြီးခဲ့တဲ့ မြောက်ပင်လယ် စစ်ဆေးမှုတွေကတည်းက ကျင့်ကြံသူတွေအများကြီးက အဲလိုလုပ်နေကြပဲ
အဲဒါကြောင့် ပါရမီရှင်တွေအများကြီးက မကျေနပ်တာကို စိတ်ထဲမှာပဲထားတယ်
ရှန်ထျန်း၏ အဖွဲ့ထဲတွင် ရှန်ထျန်းနှင့် ချီရှောက်ရွှမ်သာ စစ်ဆေးမှု ဝင်ရောက်သော ထိပ်သီးပါရမီရှင် အစစ်အမှန် ဖြစ်သည်။
အောင်းဝူနှင့် မင်းသားလေးယောက်ကိုတော့ သန်မာသော ကျင့်ကြံသူများဟု သတ်မှတ်နိုင်သည်။ အောင်းဝူနှင့် ဝူဝုတိက အသက် ၁၀၀ ပင် မပြည့်သေးသည့်အတွက် အရမ်းငယ်နေသေးသည်။
မင်းသားသုံးယောက်၏ မျိုးရိုးအရည်အချင်းက အောင်းဝူထက် နိမ့်ကျသည်။ ထိုကဲ့သို့သော ကျင့်ကြံဆင့်မျိုးရှိသည်က အတော်လေးကောင်းသည်ဟု သတ်မှတ်နိုင်သည်။
ရေသူမင်းသမီးလေး၏ တိုက်ပွဲစွမ်းရည်အရ သူမက စိတ်ဓာတ် မြှင့်တင်ပေးသူ တစ်ယောက်သာ ဖြစ်နိုင်လိမ့်မည်။
အားလုံးက ဤကြယ်တာရာကျွန်း၏ အပြင်ဘက်တွင် နေကာ အငွေ့အသက်အလွှာ ပွင့်လာဖို့အတွက် တိတ်တဆိတ် စောင့်စားနေသည်။
သူတို့စောင့်စားရင်း သုံးရက်ကုန်သွားပြီ ဖြစ်သည်။ ထိုအချိန်အတွင်း တခြားကျင့်ကြံသူများက ဖြတ်သွားကြသည်။
သို့သော် သူတို့က ရှန်ထျန်းနှင့် ချီရှောက်ရွှမ်ကို မြင်သည်နှင့် တစ်ပြိုင်နက် ထွက်သွားဖို့သာ စဉ်းစားလိုက်ကြသည်။ ချီရှောက်ရွှမ်က ခွန်မင်ကို စိန်ခေါ်ရဲသည့် လူသားပါရမီရှင် တစ်ယောက် ဖြစ်သည်။ တစ်ဖက်တွင်လည်း ရွှေအမြုတေ၊ ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူဖြစ်သည့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကလည်း နိဗာနအဆင့် အာ့ထုံထျန်းကိုပင် အနိုင်ယူတော့မလိုအထိ ဖြစ်ခဲ့သည်။
ခွန်မင်ကလွဲပြီး သူတို့အဖွဲ့ကို ဘယ်သူမှ မထိပါးရဲပေ။
သူတို့ တရားထိုင်ရင်း အချိန်သုံးရက်က ကုန်ဆုံးသွားပြီဖြစ်သည်။ ဆယ်ပေကျော် ရှိသော အက်ကြောင်းတစ်ခုက အငွေ့အသက်အလွှာတွင် ပေါ်လာပြီဖြစ်သည်။
အားလုံး၏ အကြည့်ကတောက်ပသွားကာ ကျွန်းထဲဝင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေကြသည်။
အားလုံး အက်ကြောင်းကို ဖြတ်သန်းသွားပြီးနောက် ကြယ်တာရာကျွန်း၏ လေဟာပြင်ထဲသို့ ရောက်ရှိသွားသည်။
ထိုအခိုက်အတန့်တွင် အဆုံးမဲ့ဝိညာဉ်ချီများက သူတို့ဆီ ဦးတည်လာနေသည်။
အားလုံးက ဤကျွန်းရှိ ဝိညာဉ်ချီများထဲတွင် ပျော်ရွှင်နေပုံပေါ်သည်။
ဝိညာဉ်ချီ ပမာဏကလည်း အရမ်းအံ့ဩဖို့ကောင်းသည်။