← Chapters

အံ့ဩဖို့ကောင်းတယ်

Vol. 21 Ch. 310

အံ့ဩဖို့ကောင်းတယ်

Vol. 21 Ch. 310

အခန်း (၃၁၀) : အံ့ဩဖို့ကောင်းတယ်

ထို့နောက် ဤကျွန်းပေါ်တွင် သူတို့ ကံအပြောင်းအလဲ အခွင့်အရေးများကို ရှာဖွေရမည်။

ရေသူမင်းသမီးလေး၏ မျက်နှာပေါ်တွင် ထိတ်လန့်သော အရိပ်အယောင်တို့ဖြင့် ဖြတ်ပြေးသွားသည်။ သူမက ပြင်းထန်စွာ တုန်ခါနေသော လက်ဖဝါးအရွယ်အစားရှိသော ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။

ယုဖန်ရှန်းက အသက်ပြင်းပြင်းရှူကာ လက်ဟန်များစွာကို ပြုလုပ်လိုက်သည်။ ကျောက်စိမ်းပြားက ဖြည်းဖြည်းချင်း တုန်ခါမှု ရပ်တန့်သွားသည်။

မူလက ချောမွေ့နေသည့် ကျောက်စိမ်းမျက်နှာပြင်ပေါ်တွင် အနီရောင် အစက်အပြောက်များစွာ ပေါ်လာသည်။

ယုဖန်ရှန်းက ကြောင်အသွားသည်။

အရမ်းများတယ်။ ဘယ်လိုလုပ်ပြီးတော့ အရမ်းများနေနိုင်ရတာလဲ

ထိုအရာက သူမ စိတ်ကူးယဉ်ထားတာထက် အများကြီးကျော်လွန်နေသည်။

အောင်းဝူက သူမ၏ ပုခုံးပေါ်မှ ကျော်ကြည့်ကာ ရေတွက်လိုက်သည့်အတွက် ကျောက်စိမ်းပြားပေါ်တွင် အစက်အပြောက်လေး ငါးခုကို တွေ့လိုက်ရသည်။

သူက ပြုံးကာ ပြောလိုက်သည်

“ အစ်မဖန်ရှန်း အဲဒါဘာလဲဟင်”

ယုဖန်ရှန်းက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ ဒါက ငါတို့မျိုးနွယ်က ပိုင်တဲ့ ထူးခြားတဲ့ ရတနာရှာဖွေရေး ကျောက်စိမ်းပြားလေ။ အဲဒါက သတ်မှတ်ထားတဲ့ နေရာအတွင်း ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို ခြေရာခံနိုင်တယ်လေ။

ဒီကျွန်းပေါ်မှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို အများကြီး တွေ့မယ်လို့ ထင်မထားဘူး။ စိတ်ကူးထားတာထက်တောင် အများကြီး ကျော်လွန်နေသေးတယ်”

အနီရောင် အစက်အပြောက် တစ်ခုချင်းစီက ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်ကို ကိုယ်စားပြုတာပေါ့ ဟုတ်လား

ချီရှောက်ရွှမ်၏ မျက်လုံးအကြည့်များလည်း တောက်ပလာသည်။ သူက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ယခင်က သုံးစွဲဖူးသည့်အတွက် ဘယ်လောက်ထိ အကျိုးရှိလဲဆိုတာကို ကောင်းကောင်းသိသည်။

ဤပါရမီရှင်များအတွက် စက္ကန့်တိုင်းက အရေးကြီးသည်။ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်၏ တန်ဖိုးက  အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းထက်ပင် ပိုမိုမြင့်မားနေသည်။

ထို့အပြင် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းက ဘယ်လောက်ထိ စွမ်းအားကြီးနေပါစေ ပြင်ပ ဖြည့်စွက်စရာတစ်ခုသာ ဖြစ်သည်။ သို့သော် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ကျင့်ကြံသူ၏ ဝိညာဉ်ကို သန်မာစေပြီး အရည်အချင်းကို တိုးမြှင့်ပေးနိုင်သည်။

ချီရှောက်ရွှမ်ကိုပဲ ကြည့်လိုက်လေ။ သူ့ဆီမှာ အံ့ဖွယ်အသုံးအဆောင် ပစ္စည်းတွေအများကြီး ရှိပေမဲ့ အထွတ်အထိပ်အဆင့် အံ့ဖွယ်အသုံးအဆောင် ပစ္စည်းတွေက သူ့အတွက် အသုံးမဝင်ဘူးလေ

သူက ထိုပစ္စည်းများအားလုံးကို ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် တစ်ခုနှင့် လဲလှယ်ချင်သည်။ အနည်းဆုံးတော့ ထိုအရာက သူ့စွမ်းအားကို ချက်ချင်း တိုးမြှင့်ပေးလိုက်နိုင်သည်။

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က အရမ်းအကျိုးသက်ရောက်မှု ရှိသလို အရမ်းလည်း ရှားပါးသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက နှစ် ၃၀၀ တစ်ကြိမ် ဖွင့်လေ့ ရှိသည်။ ထိုအချိန်တိုင်း ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က အရေအတွက် တစ်ရာအောက် ပေါ်လာလေ့ ရှိသည်။

ထိုပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ၁၀၀ ကလည်း ပါရမီရှင်များ ရှာတွေ့ပြီး သူတို့၏ စွမ်းအားများကို မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်သော သန့်စင်မှုများကို ရရှိရန် အသုံးပြုခြင်းခံရပြီး အဆုံးသတ်သွားလေ့ ရှိသည်။

ပါရမီရှင်အနည်းငယ်သာ သူတို့၏ ပင်လယ်နတ်ဘုရား ကြယ်မျက်ရည်စက်ကို ဈေးကွက်မှာ ရောင်းချကြသည်။

ထို့ကြောင့် ထိုအရာက အင်မတန်ရှားပါးပြီး ဈေးကြီးသော လူသုံးကုန်ပစ္စည်းတစ်ခု ဖြစ်လာသည်။

“ အစက်အပြောက် ငါးခု။ ဒါက ဒီနေရာမှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် ငါးခုလို့ ဆိုလိုတာလား။ ဒီကျွန်းပေါ်မှာ တခြားဘာမှထပ်ပြီးတော့ ရှာမတွေ့ရင်တောင် ဒါလေးနဲ့တင် ကြီးမားတဲ့ ရရှိမှုလို့ ပြောလို့ရတယ်”

ဂဏန်းမင်းသား၏ မျက်နှာပေါ်တွင် လောဘကြီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆီမှာ အံ့ဩဖို့ကောင်းတဲ့ ကံကြမ္မာ ရှိနေတာပဲ။ ကျွန်းတစ်ကျွန်းကို ကျပန်းရွေးလိုက်ပေမဲ့ ရတနာတွေ အများကြီးရှိနေတယ်”

ယုဖန်ရှန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ မဟုတ်သေးဘူး။ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် ငါးခုတင် မဟုတ်သေးဘူး”

အားလုံး ထိတ်လန့်သွားကြသည်။ ယုဖန်ရှန်းက ကျောက်စိမ်းပြားကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်

“ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် အရှိန်အဝါကို ခြေရာခံဖို့ မလွယ်ကူဘူး။ ငါ့ရဲ့ ကျောက်စိမ်းပြားက မိုင်အနည်းငယ်အတွင်းက ကြယ်မျက်ရည်စက်တွေကိုပဲ ခြေရာခံနိုင်တာ။

ဒီကျွန်းက အနည်းဆုံး မိုင်ပေါင်းရာကျော်ကျယ်တယ်။ ဒါဆိုရင် ကျွန်းရဲ့ ကျန်ရှိတဲ့ အစိတ်အပိုင်းတွေမှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တွေ ရှိနေနိုင်သေးတယ်”

ထို့နောက် ယုဖန်ရှန်းက ကျွန်း၏ အစွန်းဘက်သို့ ပျံသန်းကြည့်လိုက်သည်။

ကျောက်စိမ်းပြားပေါ်ရှိ အနီရောင် အစက်အပြောက်များ၏ နေရာများက တကယ်ကို ပြောင်းလဲသွားသည်။ တချို့က ကျောက်စိမ်းပြားပေါ်တွင် တစ်နေရာစီ ရွေ့လျားနေသည်။

တစ်ချိန်တည်းမှာပဲ ကျောက်စိမ်းပြားပေါ်တွင် အနီရောင် အစက်အပြောက်အသစ်များ ထပ်မံ ထွက်ပေါ်လာသည်။ ယုဖန်ရှန်း တစ်ခါပျံသန်းလိုက်သည်နှင့် တစ်ပြိုင်နက် အစက်အပြောက် သုံးစက်မှ ရှစ်စက်အထိ ပေါ်လာသည်။

ဤကျွန်းပေါ်တွင် နောက်ထပ် များပြားသော ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်များ ရှိသည်ဆိုသော သက်သေပင် ဖြစ်၏။

ဝိုး …

သူတို့က အမျိုးမျိုးသော မြောက်ပင်လယ် သမုဒ္ဒရာမျိုးနွယ်များ၏ ပင်မပါရမီရှင်များ ဖြစ်ကြသော်လည်း ထိုသတင်းက သူတို့ကို ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။

ဆယ်မိုင်အတွင်းမှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် ငါးခုရှိနေပြီဆိုတော့ ဒီကျွန်းပေါ်မှာ နောက်ထပ် ဘယ်လောက်တောင် ထပ်ပြီးတော့ ရှိနေသေးတာလဲ

မိုင်ပေါင်းရာကျော် ကျယ်ဝန်းတဲ့ ဒီကျွန်းပေါ်မှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တွေ ဘယ်လောင်တောင် ရှိနေဦးမှာလဲ

တခြားနေရာများလည်း ပြန့်ကျဲနေတဲ့ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တွေ ရှိနေနိုင်တယ်။ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်က ပုံမှန်ရှာတွေ့နိုင်တဲ့ အရာမလို့လား

ယုဖန်ရှန်းက ရှန်ထျန်းကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးလှလှလေးထဲတွင် လေးစားမှုနှင့် ချစ်စိတ်ပြင်းပြမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူမ ကြားထားသော ရှန်ထျန်းက ကံကြမ္မာသားတော် ဖြစ်သည်ဆိုသော အချက်က မှန်ကန်သည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲမှာ ကျွန်းလေးတွေ အများကြီး ထပ်ပြီးတော့ ရှိနေပေမဲ့ ရှန်ထျန်းကို တစ်ကျွန်းကို ကျပန်းရွေးချယ်လိုက်တဲ့အခါ အဲဒီမှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တွေ ရှိနေပြီးသား ဖြစ်နေတယ်

သူတို့သာ အကုန်လုံး ရှာတွေ့မယ်ဆိုရင် အနည်းဆုံး ကြယ်မျက်ရည်စက် ၃၀၀ နဲ့ ၄၀၀ ကြားမှာ ရှိမှာပဲ

ဒါက ဘာကိုဆိုလိုတာလဲ … သူတို့သာ သတင်းဖြန့်လိုက်ရင် မြောက်ပင်လယ်မျိုးနွယ်တွေ အကုန် ရူးသွပ်သွားကြမှာပဲ

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ကံကောင်းတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ပဲ

သူက အရမ်းချောရုံတင် မကဘူး။ စိတ်ကူးထားတာထက် ကျော်လွန်ပြီးတော့လည်း အရည်အချင်းရှိနေသေးတယ်။ ပြီးပြည့်စုံတယ်

ချစ်တယ်… ချစ်တယ်… ချစ်တယ်…

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ကျောက်စိမ်းပြားအရ ဒီကျွန်းပေါ်မှာ ကျွန်တော်တို့အတွက် လုံလောက်တာထက်ပိုတဲ့ ကြယ်မျက်ရည်စက်တွေ ရှိနေတယ်။

ကျွန်တော် အမြင်အရတော့ မင်းသမီးလေးဖန်ရှန်းက ဒီကြယ်မျက်ရည်စက်တွေကို ရှာတွေ့ဖို့အတွက် အများကြီး လုပ်ပေးထားတော့ သူမက ၄၀ ရာခိုင်နှုန်း ရသင့်တယ်လို့ ထင်တယ်။

“ ကျန်တာကိုတော့ ကျွန်တော်တို့တွေ ညီတူမျှတူ ခွဲယူကြတာပေါ့။ သဘောတူလား”

အရှင်းဆုံးပြောရလျှင် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ထူးခြားအံ့ဖွယ်ပစ္စည်း တစ်ခု ဖြစ်သည့်အတွက် သုံးခုရှိလျှင်ပင် လူတစ်ယောက်အတွက် လုံလောက်တာထက် ပိုနေပြီ ဖြစ်သည်။

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို သုံးရခြင်းက လျော့ပါးသွားစေသော အရာများလည်း ရှိနေသည်။ ဒုတိယတစ်ခါ သုံးစွဲပါက အကျိုးသက်ရောက်မှု ထက်ဝက် လျော့ကျသွားမည်ဖြစ်ပြီး တတိယအကြိမ်အသုံးပြုပါက နောက်ထပ် ထက်ဝက်လျော့ကျသွားမည်ဖြစ်သည်။

ရှန်ထျန်းက ငမွဲတစ်ယောက် မဟုတ်သည့်အတွက် သူ့ကံကြမ္မာကို မြှင့်တင်ပေးသည့် ယုဖန်ရှန်းကို ခွဲဝေမှု အများဆုံးပေးဖို့ ရှန်ထျန်း ဝန်မလေးပေ။

ဘယ်လိုပဲဖြစ်ဖြစ် အစကတည်းက ဤပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်များက ယုဖန်ရှန်း၏ ကံအပြောင်းအလဲ အခွင့်အရေးဖြစ်ပြီး သူက အလကား မျှဝေယူနေခြင်း ဖြစ်သည်။

“ ဘယ်လိုလုပ်ပြီးတော့ အဲလိုလုပ်နိုင်မှာလဲ။ မောင်လေးရှန်သာ ဦးဆောင်ပြီးတော့ ခေါ်မလာဘူးဆိုရင် ဒီကျွန်းကို ရှာတွေ့ခဲ့ချင်မှ တွေ့မှာလေ။ ကျွန်မက ဘယ်လိုလုပ်ပြီးတော့ ၄၀ ရာခိုင်နှုန်းကို ယူလို့ရမှာလဲ”

ယုဖန်ရှန်းက ခေါင်းကို အလျင်အမြန်ယမ်းလိုက်သည်။

အရှင်းဆုံးပြောရလျှင် ကြယ်မျက်ရည်စက်ပေါင်း ရာဂဏန်းမှ ရလာမည့် ချမ်းသာမှုက တစ်စုံတစ်ယောက်ကို ရူးသွပ်သွားစေဖို့ လုံလောက်သည်။

ရှန်ထျန်းနဲ့ ကျန်တဲ့သူတွေက သာမန်ပါရမီရှင်တွေဆိုရင်တော့ ယုဖန်ရှန်းက ယဉ်ကျေးမှုကို စောင့်ထိန်းပြီး မူနေမှာ မဟုတ်ဘူး။ ဘယ်သူကများ များပြားတဲ့ ပိုက်ဆံတွေကို ငြင်းလို့လဲ

ယုဖန်ရှန်းက ရေသူမင်းသမီး ဖြစ်သည့်အတွက် ငတုံးတစ်ယောက် မဟုတ်ပေ။

ချမ်းသာမှုက ဆွဲဆောင်သလို တခြားလူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ခိုးယူခြင်းက သူတို့၏ မိဘများကို သတ်လိုက်ခြင်းနှင့် တူညီပြီး တခြားလူများ၏ ရတနာကို ခိုးယူခြင်းက ပိုမိုဆိုးရွားသည်။

ယုဖန်ရှန်းက အားနည်းသူတစ်ယောက် မဟုတ်သော်လည်း သူမ၏ တိုက်ခိုက်စွမ်းရည်က မင်းသားလေးယောက်နှင့်သာ ယှဉ်လို့ရပြီး အောင်းဝူကို လုံးဝ ယှဉ်နိုင်ခြင်း မရှိပေ။

အဖွဲ့ထဲမှာရှိနေသော ချီရှောက်ရွှမ်နှင့် ရှန်ထျန်းကိုတော့ ထုတ်ပြောစရာပင် မလိုတော့ပေ။ သူမသာ ၄၀ ရာခိုင်နှုန်း ယူဖို့ သဘောတူလိုက်ပါက ရူးနေလို့ပင် ဖြစ်ရမည်။

ထို့အပြင် ရှန်ထျန်း၏ ချောမောသော မျက်နှာကိုပါ မြင်လိုက်ရသည့်အတွက် ယုဖန်ရှန်း တကယ်ကို မျက်နှာပြောင်တိုက်ပြီး မနေနိုင်ပေ။

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က အရေးကြီးသော်လည်း ရှန်ထျန်း၏ အကောင်းမြင်မှုက ပိုပြီးအရေးကြီးနေသည်။

ဟုတ်တယ်… ပိုပြီးတော့ အရေးကြီးနေတာလည်း ဖြစ်နိုင်တယ်

ချီရှောက်ရွှမ်က ရှန်ထျန်းကို တွေးဆဆဖြင့် ကြည့်ပြီး မျက်လုံးအကြည့်တို့ တောက်ပနေသည်။

တိုက်ပွဲစွမ်းရည်အရဖြစ်စေ ကံကြမ္မာအရဖြစ်စေ သူက ရှန်ထျန်းကို အမြဲတမ်း သူ၏ အကြီးမားဆုံးရန်သူအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့သည်။

သို့သော် ရှန်ထျန်း၏ ကံကြမ္မာက ဘယ်လောက်ထိ အားကောင်းလဲဆိုတာကို အခုမှ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရသည်။ ထိုအရာက ချီရှောက်ရွှမ်အပေါ် တုန်လှုပ်သွားစေသည့် အကျိုးသက်ရောက်မှုဖြစ်သွားစေသည်။

“ အဲဒါကမှန်တယ်လို့ ကျွန်တော်လည်း မထင်ဘူး”

အနည်းငယ် တွေးတောပြီးနောက် ချီရှောက်ရွှမ်က ထပ်ပြီး ပြောလိုက်သည်

“ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်နဲ့ တွက်ချက်မယ်ဆိုရင် ကျွန်တော်တို့ ညီအစ်ကိုရှန်ကို တစ်ဝက် အရင်ဆုံးပေးသင့်တယ်။ ပြီးရင် မင်းသမီးလေး ဖန်ရှန်းအတွက် ဝေစု ခွဲပေးမယ်”

သူက ဂုဏ်ယူစရာ ဖြစ်အောင် လုပ်ရတာ ကြိုက်သည့်အတွက် ချီရှောက်ရွှမ်မှာလည်း ဂုဏ်သိက္ခာအနည်းငယ် ရှိသေးသည်။

ရှန်ထျန်း၏ လုပ်ဆောင်ချက်သာ စစ်မှန်ပါက ချီရှောက်ရွှမ်အနေဖြင့် မျှတမှုပေးနိုင်သည်။

ချီရှောက်ရွှမ်၏ စကားလုံးများကြောင့် ရှန်ထျန်း အံ့ဩမှင်သက်သွားသည်။ မူလအတိုင်းသာဆိုလျှင် ယုဖန်ရှန်းက စစ်ဆေးမှုကို သွားဖို့အတွက် ချီရှောက်ရွှမ်ကို တွဲဖက်အဖြစ် ရွေးချယ်မှာ ဖြစ်သည်။ အောင်းဝူနှင့် မင်းသားလေးယောက်ကလည်း ဘေးမှ ကပ်ပါလာမည်။

နောက်ဆုံး ဝေခွဲမှုက ယုဖန်ရှန်းက ၃၀ ရာခိုင်နှုန်း၊ ချီရှောက်ရွှမ်က ၃၀ ရာခိုင်နှုန်းနှင့် ကျန် ၄၀ ရာခိုင်နှုန်းက အောင်းဝူနှင့် မင်းသားလေးယောက်တို့အတွက် ဖြစ်လိမ့်မည်။

ထိုအရာက သူတို့ ကံအပြောင်းအလဲ အခွင့်အရေးကို ခွဲဝေသည့်ပုံစံ ဖြစ်သည်။

သို့သော် ယခု ရှန်ထျန်းက ဦးဆောင်လာခြင်းဖြစ်သည့်အတွက် ချီရှောက်ရွှမ်ကို အပိုပေးဖို့ အကြောင်းအရင်း မရှိပေ။ သူက ကျန်လူများကဲ့သို့ တူညီသော ဝေစုကိုသာ ရရှိနိုင်မည် ဖြစ်သည်။

သူ ကံအပြောင်းအလဲ အခွင့်အရေး၏ တစ်စိတ်တစ်ပိုင်းကို ရရှိပါက ချီရှောက်ရွှမ်၏ ကံကြမ္မာလည်း တိုးတက်လာမည် ဖြစ်သည်။ ထိုအရာက လျော်ကြေးတချို့အနေနဲ့လည်း ပေးပြီးသားဖြစ်သွားလိမ့်မည်။

သို့သော် ချီရှောက်ရွှမ်က သူ့အတွက် ဝင်ပြောပေးပြီး ဝေစုအပိုပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ငါ ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ…

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ပစ္စည်းကောင်း တစ်ခုဖြစ်သော်လည်း ကံကြမ္မာက ပိုပြီးတော့ အရေးကြီးနေသည်။

သူသာ အားလုံး၏ ကံကြမ္မာကို မြှင့်တင်ပေးလိုက်နိုင်ပါက အနာဂတ်တွင် များပြားသော ကံအပြောင်းအလဲ အခွင့်အရေးများကို ရှာတွေ့နိုင်သည်။

“ ကျွန်တော်တို့ ကြယ်မျက်ရည်စက်တွေကို ရပြီးမှ ဝေစုခွဲရင်ရော ဘယ်လိုလဲ”

ဘယ်သူမှ သူပေးသော ကံအပြောင်းအလဲ အခွင့်အရေးကို အလကားယူနိုင်မည် မဟုတ်သည့်အတွက် ရှန်ထျန်းလည်း ရွေးချယ်စရာမရှိဘဲ အကြံပေးချက်ကို လက်ခံလိုက်ရသည်။

အားလုံးက အချင်းချင်း ကြည့်လိုက်ကြသည်။ ထိုအရာက အရမ်းကောင်းသည့် အကြံဉာဏ်ဖြစ်သည်ဟု သူတို့ ခံစားမိသည်။ ဝေစုခွဲသော အကြောင်းမပြောခင် အရင်ဆုံး ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သည်။

ထိုအရာကို ဆုံးဖြတ်ပြီးနောက် အားလုံးက ကြယ်မျက်ရည်စက်များ ရှိသောနေရာသို့ ယုဖန်ရှန်း၏ ညွှန်ပြချက်များကို လိုက်နာကြသည်။

သူတို့၏ ရှာဖွေရေးလမ်းစဉ်က သူတို့ ထင်ထားသလောက် မလွယ်ကူခဲ့ပေ။

ထိုကြယ်မျက်ရည်စက်များက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းရှိ သက်ရှိသတ္တဝါများအတွက် အသုံးမဝင်သော်လည်း ထုတ်လွှတ်သော အရှိန်အဝါကိုတော့ သူတို့ သဘောကျသည်။

အပြင်လူများက သူတို့၏ ကြယ်မျက်ရည်စက်များကို ခိုးယူသွားမည်ဖြစ်သည့်အတွက် သူတို့ လုံးဝ မကြိုက်ပေ။

တစ်စုံတစ်ယောက်က ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ရှာတွေ့ပါက ထိုသတ္တဝါများနှင့် တိုက်ခိုက်ရမည်ဖြစ်ပြီး လွယ်ကူသော တိုက်ပွဲတစ်ခုတော့ မဟုတ်ပေ။

ယခင်ကတည်းကရှိသော သတ္တဝါဖြစ်ပါစေ၊ အသွင်ပြောင်းထားသော သတ္တဝါဖြစ်ပါစေ သူတို့၏ တိုက်ခိုက်စွမ်းရည်က ကနဦးဝိညာဉ်ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီသည်။

သူတို့ထဲမှ စွမ်းအားအကြီးဆုံး သတ္တဝါက ချီရှောက်ရွှမ်နှင့် တိုက်ခိုက်ရာတွင် ကောင်းကောင်း ကိုင်တွယ်နိုင်ကြသည်။

အဖွဲ့၏ ကောင်းမွန်သော လုပ်ဆောင်မှုကြောင့်သာ မဟုတ်ပါက သူတို့အတွက်သာ သူတို့ တိုက်ခိုက်ကြသော သတ္တဝါများကို ရှန်ထျန်းတို့၏ အဖွဲ့က အနိုင်မရတာမျိုးလည်း ဖြစ်နိုင်သည်။

ထိုအဖြစ်အပျက်တစ်ခုလုံးတွင် ရှန်ထျန်းက ဘေးမှာ အမြဲတမ်းရပ်နေပြီး လက်ရှောင်နေသည်။

တကယ်ကို အားကောင်းသော ပြိုင်ဘက်နှင့် ကြုံတွေ့မှသာ သူ ဝင်ပါသည်။

သူက ပျင်းတာမျိုး မတိုက်ခိုက်ချင်တာမျိုး မဟုတ်ဘဲ သူသာ ဝင်ပါလိုက်ပါက ကျန်သူများအတွက် လုပ်စရာမရှိ ဖြစ်သွားမည်ဖြစ်သည်။

သူ့အဖွဲ့က ကျန်တဲ့သူတွေအတွက် ဝေစုခွဲတဲ့အခါ သူ ဘာအကြောင်းပြချက်ကို ပေးနိုင်တော့မှာလဲ။ သူတို့ကို ၁ရာခိုင်နှုန်း ၂ ရာခိုင်နှုန်းလောက်ပဲ ပေးနေလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား

အရမ်းလောဘကြီးရင်လည်း ကိုယ့်ထိုက်တဲ့ကိုယ့်ကံပဲ … အေးဆေးထိုင်ပြီး အနားယူနေတာက လူတိုင်းရဲ့ ကံကြမ္မာကိုလည်း တစ်ခါထဲ တိုးမြှင့်ပြီးသား ဖြစ်သွားမယ်

ချီရှောက်ရွှမ်တို့၏ ပြင်းထန်သော တိုက်ပွဲများအပြီးတွင် ရတနာများကို ရှာပြီးနောက် ကျွန်းပေါ်ရှိ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်များကို အနည်းနှင့်အများ စုဆောင်းပြီးသွားပြီ ဖြစ်သည်။

သူတို့က ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ပေါင်း ၅၀၂ ခုကို စုဆောင်းပြီးပြီဖြစ်ပြီး ငါးရက်တာ အချိန်ကုန်ဆုံးသွားသည်။

အနည်းငယ်ဆွေးနွေးပြီးနောက် သူတို့က ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ခွဲဝေဖို့အတွက် နည်းလမ်းရှာဖို့ ဆုံးဖြတ်လိုက်ကြသည်။

ရှန်ထျန်းက ဤကျွန်းကို ရှာတွေ့ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲများတွင် ဝင်ပါခဲ့သည့်အတွက် သူ့ဝေစုက ၄၀ ရာခိုင်နှုန်းဖြစ်သည်။

ယုဖန်ရှန်းက ထိုကြယ်မျက်ရည်စက်များ၏ တည်နေရာကို အတိအကျ သိသည့်အတွက် ၂၀ ရာခိုင်နှုန်းရရှိသည်။

ချီရှောက်ရွှမ်က တိုက်ပွဲများတွင် အများဆုံး အားအင်စိုက်ထုတ်ခဲ့သည့်အတွက် ၂၀ ရာခိုင်နှုန်း ရရှိသည်။

နဂါးမင်းသားဖြစ်သော အောင်းဝူက ၁၀ ရာခိုင်နှုန်း ရရှိသည်။

မင်းသားလေးယောက်က ဒီအတိုင်း လိုက်လာခြင်းဖြစ်သည့်အတွက် ကျန် ၁၀ ရာခိုင်နှုန်းကို ညီညီမျှမျှ ခွဲယူကြမည်ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူတို့ပြုံးပျော်နေပြီး ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးနေကြသည်။

ကြယ်မျက်ရည်စက် ၅၀၂ ခု ရှိသည့်အတွက် ၂.၅ ရာခိုင်နှုန်းကပင် သူတို့ကို တစ်ယောက်စီ ကြယ်မျက်ရည်စက် ဒါဇင်နှင့်ချီပြီး ရနိုင်သည်။

ထိုအရာကို ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲလိုက်ပါက အံ့ဩစရာကောင်းသော ပမာဏအဖြစ် ပြောင်းလဲသွားမည်။

သူတို့ ဧရာမစွမ်းပကားရှင် (ဝိညာဉ်အသွင်ပြောင်း)အဆင့်ကို ရောက်ဖို့အတွက် ကျင့်ကြံဖို့ လုံလောက်သည့် ပမာဏ ဖြစ်သည်။ ကျန်ရှိနေသော စစ်ဆေးမှုအတွက် ကံအပြောင်းအလဲ အခွင့်အရေးကို မရရှိတော့ပါက ဤရရှိမှု တစ်ခုတည်းကပင် သူတို့၏ အတွေ့အကြုံကို ထိုက်တန်အောင် လုပ်ပေးနေသည်။

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်များကို အားလုံးဆီ ခွဲဝေပေးပြီးနောက် ရှန်ထျန်း စိတ်ထဲ ပေါ့ပါးသွားရသည်။

အားလုံး၏ ခေါင်းထက်တွင် တောက်နေပြီး မီးမောင်းထိုးထားသကဲ့သို့ တောက်ပနေသည်။

ဤလူ ခုနစ်ယောက်ဆီမှ ကံအပြောင်းအလဲ အခွင့်အရေး အကျိုးအမြတ်ကို ဖော်ပြဖို့အတွက် စကားလုံး တစ်လုံးသာရှိတော့သည်။

အရမ်းအံ့ဩဖို့ကောင်းတယ် …

All Chapters