အခန်း (၃၂၇)
Vol. 24 Ch. 327
ကျန်းချုံးသည် အထူးတရားရုံး၏ အကျဉ်းထောင်ထဲသို့ ရောက်ရှိနေသည်မှာ နှစ်ဝက်နီးပါးခန့်ရှိပြီဖြစ်၏။ ဤလူသည် တကယ်ပင် အားလုံးသောသူတို့၏ မေ့လျော့ခြင်းကို ခံနေရပြီဖြစ်၏။ သူ၏ ဒုတိယသား ကျန်းချွင်သည် နေ့စဉ်နေ့တိုင်းဆိုသလို အထူးတရားရုံး၏ အပြင်ဘက်တွင် လာရောက်ကာ ဒူးထောက်နေတုန်းပင်။
ပထမတုန်းက လူတော်တော်များများက အံ့ဩတသင့်ဖြစ်ကြ၏။ ဤကလေးသည် သားသမီးဝတ်ကို ကျေပွန်လွန်း သည်ဟု တွေးတောကြ၏။ နောက်ပိုင်းမှာတော့ လူတော်တော်များများကလည်း ထပ်မံကာ အံ့ဩသင့်လာခဲ့မိ၏။ ဤကလေးသည် သရုပ်ဆောင်သည့်နေရာတွင် တော်လွန်းသည်ဟု တွေးတောလာခဲ့ကြ၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ အားလုံးသောသူတို့သည် ထိုအရာကို အသားကျနေကြပြီ ဖြစ်၏။
အထူးတရားရုံး၏ အရာရှိအရာခံအားလုံးတို့သည် ကျန်းချွင်အား တံခါးစောင့် နတ်ဘုရားရုပ်ထုတစ်ခုကဲ့သို့ပင် သတ်မှတ်ထားခဲ့ကြ၏။ ညတိုင်းရောက်ရှိလာခဲ့ပြီး မနက်မိုးလင်းတိုင်း ပြန်ထွက်သွားတတ်၏။ တကယ့်ကို အံ့ဩသင့်စရာပင်။ သူသည် ဒူးထောက်ရင်း အိပ်စက်သည့် နတ်ဘုရား အတတ်ပညာကိုပင် ကျွမ်းကျင်သွားခဲ့သည်။
တော်ဝင်ဒူးထောက်ခြင်းနည်းစနစ်တစ်ခု ဖြစ်ပြီး ကျန်းချွင်၏ ဒူးသည် ကျောက်ပြားထက်ပင် ပိုမိုကာ မာကျောလာ၏။ လက်ရှိအခြေအနေမှာတော့ ကျန်းမိသားစုကို လေးလေးနက်နက်ဟု မည်သူကမှ မတွေးတောတော့ချေ။
ကျန်းချုံး၏ အကြီးဆုံးသားသည် တောင်ပိုင်းစစ်သူကြီး၏အောက်တွင် တိုက်ခိုက်လျက်ရှိနေပြီး တောင်ပိုင်းနိုင်ငံ နှင့် တိုက်ခိုက်သည့်စစ်ပွဲသို့ ရောက်ရှိနေ၏။ သူ၏ရာထူးရာခံက ကြီးမားသည် မဟုတ်ချေ။ ဒုတိယသား ကျန်းချွင်မှာတော့ မှတ်တမ်းမှတ်ရာ အဖွဲ့အစည်း၏ စတုတ္ထအဆင့် အမှုထမ်းတစ်ယောက်သာလျှင် ဖြစ်၏။
ကျန်းချုံးသည် မူလအားဖြင့် အစိုးရသစ်၏လက်အောက်တွင် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် ရာထူးရာခံနှင့် အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်နေပြီး ဘုရင်မင်းမြတ်၏ ယုံကြည်ရသည့် လူယုံတော် တစ်ယောက်ကဲ့သို့ပင်။ သို့ပေမည့် သူသည် ပိုမိုကာ တိုးတက်မြင့်မားမည့်အခြေအနေမျိုးသို့ ရောက်ရှိခဲ့သော်လည်း ရွှမ်ဝူမြို့ တာဝန်တွင် ရှုံးနိမ့်ခဲ့၏။ ကြည့်ရသည်မှာ ဘဝတစ်လျှောက်လုံး အထူးတရားရုံး၏ အကျဉ်းထောင်ထဲတွင် ဆက်လက် နေထိုင်ရမည့် ပုံပေါ်သည်။
ဘုရင်မင်းမြတ်သည် မကြာသေးခင်ကပင် ရွှမ်ဝူနယ်စားကြီးဆိုသည့် ဘွဲ့တံဆိပ်ကို ပေးအပ်ခဲ့ပြီးပြီဖြစ်၏။ သူ၏ ဒေါသတရားကို ဖယ်ချလိုက်ပြီဖြစ်၏။ သို့ပေမည့် ကျန်းချုံးကိုတော့ မလွှတ်သေးချေ။ ကြည့်ရှုရသည်မှာ ကျန်းချုံးအတွက် မျှော်လင့်ချက်လည်း ရှိတော့သည့်ပုံ မပေါ်ချေ။
ဘုရင်မင်းမြတ်၏ ကျန်းချုံးနှင့် ပတ်သက်သည့် ခံစားချက်များသည် ရှုပ်ထွေးလွန်း၏။ သူသည် ကျန်းချုံး၏ အမူအကျင့်နှင့် စွမ်းရည်ကို လေးစား၏။ သို့ပေမည့် မကြိုက်မနှစ်သက်ချေ။
ကျင်းကျိုးကဲ့သို့သောသူများကို လေးစားသည်။ သို့သော်ငြား မကြိုက်နှစ်သက်သလိုပင်။
သူသည် ရှမ့်လန်ကဲ့သို့ လူကိုသာလျှင် ကြိုက်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ဉာဏ်ကောင်း၏။ အခြေအနေတစ်ခုလုံးကို အလှည့်အပြောင်း ပြုလုပ်နိုင်၏။ အရှက်ကင်းမဲ့၏။ မောက်မာဝင့်ကြွားတတ်၏။ သို့ပေမည့် ရှမ့်လန်သည်သာ နန်းတွင်းညီလာခံအဖွဲ့ထဲသို့ ဝင်နိုင်သည့် အရာရှိကြီးတစ်ယောက် ဖြစ်လာမည်ဆိုပါက ကျိန်းသေပေါက် မြာပွေလွန်းသည့် လူတစ်ယောက် ဖြစ်လာနိုင်မလားဟု ဘုရင်မင်းမြတ်က စိုးရိမ်ပူပန်မိ၏။
ဘုရင်တော်တော်များများတို့သည် ခေါင်းမာတတ်သည့်လူများကို မကြိုက်နှစ်သက်တတ်ကြချေ။ ကျန်းချုံး မှာတော့ ခေါင်းမာတတ်သည့်လူမျိုးပင်။ ဖမ်းဆီးခံရပြီး အကျဉ်းထောင်ထဲသို့ စေလွှတ်ခံရပြီးနောက် ကျန်းချုံးသည် မည်သည့်တောင်းပန်စာကိုမှ မရေးခဲ့ချေ။ ထောင်ထဲသို့ ရောက်ရှိသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် စာများကိုတော့ ရေးသားနိုင်စွမ်းတော့ ရှိနေသေး၏။ သို့ပေမည့် ကျန်းချုံးသည် တစ်စောင်တလေမှ မရေးခဲ့ချေ။
ကျန်းချုံးသည် နုကျန့်စီရင်စုတွင် ဖြစ်ပျက်ခဲ့သည့် ရှုံးနိမ့်မှုနှင့် ပတ်သက်၍ အစီရင်ခံစာပေါင်းများစွာကို ရေးသားခဲ့သော်လည်း တောင်းပန်လွှာကိုမူ တစ်စောင်လေးမှ မရေးခဲ့ချေ။
ကျန်းချုံးသည် နိုင်ငံ၏ ငွေကြေးများထဲမှ ကြေးပြားတစ်ပြားကိုတောင်မှ ယူဆောင်သုံးစွဲခဲ့သည့်လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ဤလာဘ်စားသည်ဆိုသောအမှုကို အဘယ်ကြောင့် တောင်းပန်စာ ရေးရမည်နည်း။ သူသာ တောင်းပန်စာ ရေးလိုက်ပါက လာဘ်စားသည်ဟု ဝန်ခံလိုက်သလို ဖြစ်သွားပေလိမ့်မည်။
သို့ပေမည့် ရှမ့်လန်မှာတော့ ထိုကဲ့သို့သော လှည့်စားမှုမျိုးကို အမြဲတမ်း ပြုလုပ်တတ်၏။ သူသည် မည်သည့် အမှားယွင်းမဆို သူ၏အပြစ်ဟု ခေါင်းခံလေ့ရှိ၏။ သူ၏မိန်းမ၊ ယောက္ခထီးတို့က ပြုလုပ်ခဲ့သည့် အမှားများကိုပင်လျှင် ဝင်ရောက်ကာ ခေါင်းခံတတ်သေး၏။
သို့ပေမည့် အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင်တော့ ကျန်းချုံးသည် ဘုရင်မင်းမြတ်နှင့် ပတ်သက်၍ တကယ့်ကို ခေါင်းမာသည့်အခြေအနေမျိုးကို ဖန်တီးထား၏။ တစ်ချက်ကလေးမှ တောင်းပန်ခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ဘုရင်မင်းမြတ်သည် စိတ်အေးချမ်း တည်ငြိမ်သွားခဲ့သည်ဆိုလျှင်တောင် သူ့ကို လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
အိမ်ရှေ့စံမင်းသားကလည်း ထိုအခြင်းအရာကို ကောင်းကောင်းသိ၏။ ထို့ကြောင့်ပင်လျှင် သွားရောက် မတောင်းပန်ခဲ့ခြင်း ဖြစ်၏။ ကျန်းချုံးပင်လျှင် တောင်းပန်ခြင်းကို မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့် သူက ထိုသူ့အစား သွားရောက် တောင်းပန်ပေးရမည်နည်း။
သို့ပေမည့် ကျန်းချုံးသည် တကယ်တမ်းမှာတော့ ငွေကြေးများကို ကိုယ်ကျိုးအတွက် ရှာဖွေခဲ့သူတစ်ယောက် ဖြစ်၏။ သူက ပိုက်ဆံလိုအပ်၏။ ထို့အပြင် ပိုက်ဆံတော်တော်များများလည်း လိုအပ်၏။ သို့ပေမည့် ထိုကဲ့သို့ ရှာဖွေခဲ့သည့်အရာတို့သည် နိုင်ငံ၏ ရတနာတိုက်၊ အခွန်အခ၊ စစ်တပ်ရေးရာ ... အရာများဆီမှ ရယူသုံးစွဲခဲ့ခြင်း မဟုတ်ချေ။ သူသည် ရှစ်ကွမ်းယွမ်ကဲ့သို့သော စီးပွားရေးသမားနှင့် ပူးပေါင်းခဲ့ပြီး ပိုက်ဆံရှာဖွေခဲ့၏။
သို့ပေမည့် သူ့အား အဘယ်ကြောင့် နိုင်ငံ၏ဘဏ္ဍာငွေများကို အလွဲသုံးစား လုပ်သည့်လူတစ်ယောက်အဖြစ် ခေါင်းစဉ်တပ်ရသည်နည်း။ သူ ကျိန်းသေပေါက် ထိုကဲ့သို့သော အရာမျိုးကို မလုပ်ချေ။ ထို့ကြောင့်ပင်လျှင် ကျန်းချုံးက တင်းခံနေခြင်းဖြစ်သည်။
ဤသို့နှင့်ပင် နှစ်ဖက်ခြမ်းက တင်းမာလျက်ရှိနေ၏။
............
ဘုရင်မင်းမြတ်သည် မိဖုရားကြီးပျံ့၏ နန်းဆောင်ထဲသို့ ရောက်ရှိနေ၏။ သူမ၏ကိုယ်ဝန်က သုံးလကျော်ခဲ့ပြီ ဖြစ်သောကြောင့် ဝမ်းဗိုက်က အနည်းငယ် ပူနေ၏။ မိဖုရားကြီးပျံ့သည် လှပသည့် မိန်းကလေးတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် ကြင်နာတတ်ပြီး ပညာတတ်တစ်ယောက်၏ အရှိန်အဝါမျိုးနှင့် ပြည့်နှက်နေသည်။
နင်ယွမ်ရှန်းသည် မိဖုရားကြီးပျံ့၏ ပေါင်ပေါ်တွင် ပျင်းရိလေးကန်စွာဖြင့် လဲလျောင်းလျက်ရှိနေပြီး သူမ စာဖတ်သည်ကို နားထောင်နေခဲ့၏။ ထိုစာသည် ကျိန်းသေပေါက် မာယာမျဉ်းပြိုင်ပင်ဖြစ်၏။ ဘုရင်မင်းမြတ်သည် ထိုစာအုပ်ကို နှစ်သက်ပြီး အကြိမ်ကြိမ်အခါခါလည်း ဖတ်ရှုခဲ့ဖူးပြီးပြီ ဖြစ်၏။ ထိုအရာက ကောင်းကောင်း ရေးသားထားသည့်အရာဖြစ်ကြောင်း သူ အသိအမှတ်ပြု၏။
အထူးသဖြင့် သူကိုယ်တိုင် ဖတ်ရှုရခြင်းထက် မိဖုရားကြီးပျံ့ ရွတ်ပြသည်ကို နားထောင်ရခြင်းအား ပိုမို၍ ကြိုက်နှစ်သက်၏။ မိဖုရားကြီးပျံ့သည် ကျက်သရေရှိသည့် မိန်းမတစ်ယောက်ဖြစ်၏။ အထူးသဖြင့် သူမ၏ ပါးစပ်ဆီမှ ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အသားပေးသော စကားလုံးများထွက်လာသည်ကို ဘုရင်မင်းမြတ်က ပိုမိုကာ နှစ်သက်၏။ ယောက်ျားနှင့် မိန်းမကြားတွင် ရှိနေသည့် အိပ်ရာခန်းများသည် သူတို့အတွက် ပျော်ရွှင်စရာဖြစ်သည် မဟုတ်ပါလား။
အပိုင်းကိုးအထိ ဖတ်ရှုပြီးနောက် ....
“အင်း.. ဒီနေ့တော့ ဒီလောက်ပဲ နားလိုက်လေ။ ပင်ပန်းနေပါအုံးမယ်” နင်ယွမ်ရှန်းက ပြောလိုက်၏။
မိဖုရားကြီးပျံ့က မေးမြန်းလိုက်သည်။ “ဒါရဲ့ ဒုတိယအတွဲက ဘယ်အချိန်ထွက်လာမှာလဲ”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဘယ်သူ သိမှာလဲ။ အဲရှမ့်လန်ခွေးကောင်လေးက နေ့စဉ်နေ့တိုင်း ဘာအလုပ်အကိုင်မှ ရှိတာ မဟုတ်ဘူး။ စာအုပ် ဆက်ရေးဖို့လည်း ရည်ရွယ်ချက်ရှိတဲ့ပုံ မပေါ်ဘူး။ သူက ရှစ်ကွမ်းယွမ်နဲ့ ရှစ်ချင်းချင်းတို့ကို ဒုက္ခပေးဖို့ ဒီစာအုပ်ကို ရေးသားခဲ့တာပဲ။ ရှစ်မိသားစုတစ်ခုလုံးက သုတ်သင်ရှင်းလင်းခြင်းကို ခံရပြီးတော့ ရှစ်ချင်းချင်းကလည်း သူ့ရဲ့မိန်းမ ဖြစ်မလိုလို အခြေအနေအထိ ရောက်ခဲ့တယ်။ သူက ဒီစာအုပ်ကို ထပ်ပြီးရေးဖို့ ပျင်းနေတာ ဖြစ်လိမ့်မယ်”
မိဖုရားကြီးပျံ့က ပြုံးကာ ပြောလိုက်သည်။ “ဒီကောင်လေးက တကယ်ကို အစွမ်းအစ ရှိတယ်။ လှည့်စား တတ်တယ်။ တစ်ခုခုတော့ တစ်ခုခုပဲ”
တစ်ခုခုဆိုသည့်အဓိပ္ပာယ်သည် ဆိုးဝါးသည့် တစ်ခုခုမျိုးမဟုတ်ချေ။ ကောင်းမွန်သည့်အရာတစ်ခုကို ရည်ညွန်းကာ ပြောခဲ့ခြင်းပင်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကလည်း ပြန်လည်ကာ ပြောလိုက်၏။ “ဟုတ်တယ်၊ အတိအကျပဲ”
ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာခဲ့၏။ အလျင်အမြန်နှင့် ပြေးလွှားလာခဲ့ခြင်းမဟုတ်ချေ။ သို့ပေမည့် အလျင်လိုနေသည့်ပုံပင်။ ဤအရာသည် မိန်းမစိုးကြီး လီစွမ်းဖြစ်ကြောင်း ဘုရင်မင်းမြတ်က ချက်ချင်း သိ၏။ ဤခြေသံ၏ အဓိပ္ပာယ်ကိုလည်း သူ ကောင်းကောင်းနားလည်ပြီးဖြစ်သည်။
“ဘာမှားလို့လဲ” နင်ယွမ်ရှန်းက စိတ်မရှည်သလို လှမ်းကာမေးလိုက်၏။
လီစွမ်းက ပြောလိုက်၏။ “အရှင်မင်းကြီး... ကျန်းချုံး သေတော့မှာ စိုးရိမ်ရတယ်။ သူ သေတော့မယ်”
ဘုရင်မင်းမြတ်သည် ရုတ်တရက် ထရပ်လိုက်ရန် ကြံစည်၏။ သို့ပေမည့် သူက မိမိကိုယ်ကိုယ် မနည်းထိန်းသိမ်း ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဘေးတစ်ဖက်တွင် မိဖုရားကြီးပျံ့ တည်ရှိ၏။ သူသာ လှုပ်ရှားမှု မြန်ဆန်မည်ဆိုပါက သူမကို တိုက်မိပေမည်။
ထို့ကြောင့် အသာရပ်တန့်ပြီး အေးစက်စက် အသံဖြင့် မေးလိုက်၏။ “ဒါက အစစ်အမှန်လား။ သရုပ်ဆောင်နေတာလား”
ထိုကဲ့သို့ပြောလိုက်သည့်အချိန်မှာတော့ နင်ယွမ်ရှန်း၏ အကြင်နာတရား ကင်းမဲ့သည့် စိတ်က ပေါ်ပေါက်လာခဲ့သည်။
“အင်း”
မိန်းမစိုးကြီးသည် အံ့အားသင့်သွားခဲ့၏။ ပြီးနောက် ပြန်လည်ကာ ပြောလိုက်၏။ “ဒါ တကယ့်ကို အမှန်ပါပဲ။ သူ သေတော့မယ်။ အချိန် သိပ်မကျန်တော့ဘူး။ ဒီနေ့ညတောင် သေမလား မသိနိုင်ပါဘူး”
..........
ကျန်းချုံးသည် တကယ့်ကို လုပ်နိုင်ကိုင်နိုင်စွမ်းရည်ရှိသော လူတစ်ယောက်ဖြစ်ကြောင်း ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ကောင်းကောင်းသိ၏။ အနာဂတ်တွင် ကောင်းကောင်းအသုံးဝင်နိုင်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူသည် တစ်ဖက်လူကို မသေစေချင်ပေ။
“အင်း... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလေးတင် သူ အဆင်ပြေနေသေးတယ်။ အခု ဘယ်လိုဖြစ်ပြီး ရုတ်တရက် သေမလို ဖြစ်နေရတာလဲ”
ဘုရင်မင်းမြတ်က ဒေါသတကြီးနှင့် ပြောလိုက်၏။ “တစ်စုံတစ်ယောက်က သူ့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တာလား”
မိန်းမစိုး လီစွမ်းက ဖြေလိုက်သည်။ “မဟုတ်ပါဘူး။ သူက... အူရောင်ငန်းဖျား ဖြစ်နေတာပါ”
ဘုရင်မင်းမြတ်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ အူရောင်ငန်းဖျား - ဤအရာက ဤလောကကြီး ထဲတွင် ကုသ၍ မရနိုင်သည့်ရောဂါတစ်ခု ဖြစ်၏။ ပိုမို၍ တိတိကျကျဖြင့် ပြောရမည်ဆိုလျှင် ကျိန်းသေပေါက် သေဆုံးသွားနိုင်သည့် ရောဂါမျိုးပင်။
ဤအရာက သာမန်ရောဂါတစ်ခုတော့ မဟုတ်ချေ။ ထို့ပြင် ရှားပါးသည့် ရောဂါလည်း မဟုတ်ပေ။ အဘယ့်ကြောင့် ဆိုသော် တော်ဝင်မျိုးနွယ်တချို့ပင်လျှင် ထိုရောဂါနှင့် သေဆုံးသွားခဲ့ဖူး၏။ တခြားသော သူများကို မဆိုနှင့်။ နင်ယွမ်ရှန်း၏ ယခင်က မိဖုရားခေါင်ကြီး၊ နင်ဟန်၏အမေသည်လည်း ထိုရောဂါနှင့် သေဆုံးသွားခဲ့ခြင်းဖြစ်၏။ သူမသည် နင်ယွမ်ရှန်း ချစ်ခင်နှစ်သက်ရသော အမျိုးသမီးဖြစ်၏။
မိဖုရားကြီးပျံ့၌ သူမ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဟန်ပန်အမူအရာတစ်ချို့တည်ရှိ၏။ ဆိုးရွားသည်မှာ ကျန်းလီ၏ သားနှင့် စကားအရ စေ့စပ်မှုကို ပြုလုပ်ခဲ့သောကြောင့် ရွှဲ့ပြည်နယ် နန်းတက်ပြီးနောက် သူသည် သူ၏ မိဖုရားခေါင်ကြီးကို နန်းချခဲ့ရ၏။ ပြီးနောက် မိဖုရားကျူးကို သူ၏ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခဲ့ရသည်။
ထို့ကြောင့်ပင်လျှင် သူ၏ ပထမအမျိုးသမီးသည် အအေးနန်းတော်ထဲတွင် အကျယ်ချုပ်ချခြင်း ခံခဲ့ရ၏။ သူမသည် အူရောင်ငန်းဖျားရောဂါနှင့် သေဆုံးသွားခဲ့၏။ လက်ရှိအချိန်တွင်တော့ သူမ မည်မျှနာကျင်ပြီး မည်မျှ စိတ်ဓာတ်တကျ ခံစားရမည်ဖြစ်ကြောင်း သူ ပြန်လည်ကာ အမှတ်ရလာမိ၏။ ရက်အနည်းငယ်၊ ညအနည်းငယ်လောက် ခံစားခဲ့ရပြီးမှ သူမ သေဆုံးသွားခဲ့ခြင်း ဖြစ်ပေမည်။
နင်ယွမ်ရှန်းသည် ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ် နောင်တရခဲ့၏။ သူ့အနေနှင့် ကျန်းချုံးကဲ့သို့သော သစ္စာရှိ အမှုထမ်းတစ်ယောက်နှင့် ပြဿနာ မတက်သင့်ခဲ့ပေ။ သူ့ကို လွန်ခဲ့သည့် တစ်လ သို့မဟုတ် နှစ်လလောက်တည်းက လွှတ်ပေးခဲ့သင့်၏။ အူရောင်ငန်းဖျားရောဂါဆိုသည်မှာ အလွန်အမင်း စားသုံးခြင်းကြောင့် ဖြစ်သလို စိုးရိမ်ပူပန်မှု၊ နာကျင်မှုများကြောင့်လည်း ဖြစ်တတ်၏။
ကျန်းချုံး၏ စိတ်အခြေအနေသည် တကယ့်ကို ဆိုးဝါးလွန်းလှ၏။ အထူးတရားရုံးထဲတွင် လအနည်းငယ်အကြာ နေထိုင်ခဲ့သောကြောင့် သူ၏ ပထမ မိဖုရားခေါင်ကြီးကဲ့သို့ပင် ခံစားခဲ့ရမှာ သေချာသည်။
တစ်ယောက်သည် ဘာအကြောင်းအရာမှမရှိဘဲ နန်းချခြင်းကို ခံရပြီး အအေးနန်းဆောင်ထဲတွင် အကျယ်ချုပ် ခံခဲ့ရ၏။ တခြားသောတစ်ယောက်မှာမူ ကောင်းမွန်သည့်အရာများကို ပြုလုပ်ခဲ့သော်လည်း နိုင်ငံပိုင်ငွေများကို လာဘ်စားခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ၏။ စောစောသာ လွှတ်ပေးလိုက်မည် ဆိုပါက ဤကဲ့သို့သော ရောဂါမျိုးကို ခံစားရလိမ့်မည် မဟုတ်ချေ။
“အင်း... ကျန်းချုံးကို အခုလွှတ်ဖို့ အမိန့်ထုတ်လိုက်။ ပြီးတော့ အင်ပါယာသမားတော်တွေခေါ်ပြီး သူ့ကို ကုသပေးလိုက်”
“ကောင်းပါပြီ”
ဤကဲ့သို့ အင်ပါယာသမားတော်များကို ခေါ်ဆောင်၍ ကုသပေးခြင်းအားဖြင့် အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ကြောင်း ဘုရင်မင်းမြတ်က ကောင်းကောင်းသိ၏။ သို့ပေမည့် သူသည် သမားတော်များကို စေလွှတ်ခဲ့သေး၏။ အနည်းဆုံး ကျန်းချုံးတစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်း ၊ သက်သက်သာသာ သေဆုံးသွားစေရန်ပင်။
လီစွမ်း ထွက်ခွာသွားပြီးနောက် ဘုရင်မင်းမြတ်သည် မိဖုရားကြီးပျံ့၏ပေါင်ပေါ်တွင် ပြန်လည်ကာ လှဲချလိုက်၏။ “ရန်အာ.. ငါ အရမ်းကို အလျင်စလိုပြုလုပ်ပြီး ကျေးဇူးတရားကန်းတတ်တဲ့ လူတစ်ယောက်လို မင်းထင်လား”
ဤမေးခွန်းကို တကယ့်ကို ဖြေဆိုရန် ခက်ခဲ၏။ ‘မဟုတ်ပါဘူး’ ဟု ပြောသည် ပြောပါက လိမ်ညာခြင်း ဖြစ်ပြီး ‘ဟုတ်ပါတယ်’ ဟု ပြောပါက ဘုရင်မင်းမြတ် ဒေါသထွက်ပေလိမ့်မည်။
မိဖုရားကြီးပျံ့သည် လက်ကို အသာ ဆန့်တန်းကာဖြင့် နင်ယွမ်ရှန်း၏ မျက်ခုံးမွှေးများကို ပွတ်သပ်လိုက်၏။ ပြီးနောက် သူမက ကြင်နာစွာဖြင့် ပြောလိုက်သည်။ “အင်း... ယောက်ျားက တစ်ခါတစ်လေမှာ အကြင်နာ မဲ့တယ်လို့ ခံစားရတယ်ဆိုပေမဲ့ ဒီကိစ္စက မှားယွင်းတယ်လို့ မခံစားမိဘူးဆိုရင် အဆင်ပြေပါတယ်”
နင်ယွမ်ရှန်းသည် စိတ်လှုပ်ရှားသွားမိ၏။ သူမသည် မိဖုရားကြီးပျံ့၏ ခါးကို အသာပွတ်ကာဖြင့် သူမ၏ ဝမ်းဗိုက်ပူပူလေးကို ခပ်ဖွဖွ နမ်းရှိုက်လိုက်၏။ နတ်ဘုရားများသည် ရန်အာကို ကောင်းချီးပေးပြီး ချစ်စရာကောင်းလွန်းသော ကလေးလေးတစ်ယောက် မွေးဖွားလာရန် သူ တောင်းဆုပြုမိ၏။
……….
ကျန်းချုံးအား အိမ်သို့ ပြန်လည် သယ်ဆောင်လာခဲ့ပြီဖြစ်၏။ ကျန်းချုံးသည် လက်တလောတွင် ကိုယ်အလေးချိန် တော်တော်ပင် ကျဆင်းသွားခဲ့၏။ ကျန်းချုံးသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း အထူးတရားရုံးတွင် နှိပ်စက်ခြင်း မခံခဲ့ရသော်လည်း ရိုင်းပျစွာ ဆက်ဆံခံခဲ့ရသည်။ သူ၏ နေ့စဉ်စားသုံးရသည့် အစားအသောက်များက ဆိုးဝါးလွန်း၏။ ထို့ပြင် သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက အူရောင်ငန်းဖျားရောဂါ ဖြစ်နေခဲ့သည်။
သို့ပေမည့် အထူးတရားရုံး၏ တာဝန်ရှိသူသည် သူ့ကို သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောခဲ့၏။ သမားတော်နှင့် တွေ့ချင်သေးသည်လား။ ထိုသို့ဆိုလျှင် ပိုက်ဆံပေးသင့်၏။ ရေနက်တပ်ဖွဲ့၏အကျဉ်းထောင် မှလွဲလျှင် နိုင်ငံထဲရှိ အကျဉ်းထောင်အားလုံးတို့သည် တူညီစွာပင်ဖြစ်၏။
မည်မျှမြင့်မားသည့် ရာထူးအဆင့်နှင့် လူတစ်ယောက်ဖြစ်စေ အကျဉ်းထောင်ထဲသို့ ရောက်ရှိလာပါက ကျိန်းသေပေါက် အကျဉ်းသားတစ်ယောက်ကဲ့သို့ ဆက်ဆံခံရပေမည်။
တစ်စုံတစ်ခုကို ပြုလုပ်ချင်သည်ဆိုပါ ပိုက်ဆံအသုံးပြုရပေမည်။ ဟုတ်ပေ၏။ သူ့အနေနှင့် ရာထူးအဆင့်ကို ပြန်လည် ရရှိနိုင်သည်ဆိုပါက ဤအကျဉ်းထောင်၏ထောင်မှူးသည် ကျိန်းသေပေါက် နှိပ်စက်ရဲလိမ့်မည် မဟုတ်ချေ။ သူ့အတွက် ကောင်းမွန်သည့်အရာများကိုပင် ဖန်တီးပေးမှာ ဖြစ်သည်။
အထူးတရားရုံးဆီသို့ ကျန်းချုံး ပထမဦးဆုံး ရောက်ရှိလာစဉ်က ထောင်စောင့်များနှင့် အကျဉ်းထောင်မှူး တို့သည် သူ့ကို မျက်နှာလိုမျက်နှာရပင် လာလုပ်ခဲ့သေး၏။ သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ဖန်တီး တည်ဆောက်ချင်ခဲ့ကြ၏။ အေးနေသည့် အခြေအနေမျိုးတွင် မီးသွေးခဲများကိုပင် လာရောက် ပေးပို့တတ်သေး၏။
နောက်ဆုံးမှာတော့ လအနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်၏။ ဘုရင်မင်းမြတ်သည် ကျန်းချုံးကို တစ်ချက် ကလေးမှ ဂရုမစိုက်တော့ချေ။ ထို့ကြောင့် ကျန်းချုံး ပြန်လာနိုင်ဖို့ အခွင့်အရေးဟူ၍ မရှိတော့ပေ။ ထို့ကြောင့်ပင်လျှင် ယဉ်ကျေးသိမ်မွေ့နေစရာ မလိုအပ်တော့ဟု သတ်မှတ်ခဲ့သည်လား မသိချေ။ အကျဉ်းထောင်၏ အစောင့်များနှင့် အကျဉ်းထောင်မှူးတို့သည် သူ့အား ငွေစညှစ်ထုတ်တော့သည်။
ကျန်းချုံးသည် အဘယ်သို့ သူတို့ကို ပေးမည်နည်း။ ဟုတ်ပေ၏။ ထိုကဲ့သို့ မပေးသောကြောင့်ပင်လျှင် ဤလူဆိုးများ၏ ပညာပြခြင်းကို ခံခဲ့ရခြင်းဖြစ်၏။ သူ၏ ဝမ်းဗိုက်သည် လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက နာကျင်နေခဲ့၏။ သူသည် နာကျင်မှုကြောင့် သတိလစ် မေ့မြောသွားခဲ့ပြီး အပြင်းလည်း ဖျားခဲ့၏။
ထိုအချိန်မှသာ ထောင်မှူးသည် ကြောက်လန့်သွားခဲ့၏။ သို့မှသာ စတင်၍ သတင်းပေးပို့မှုကို ပြုလုပ်ပေးခြင်း ဖြစ်၏။ အထူးတရားရုံးဆီမှ သမားတော်သည် အားချင်းရောက်ရှိလာကာ စစ်ဆေး၏။ ပြီးနောက် ဤအရာမှာ အူရောင်ငန်းဖျားရောဂါဖြစ်ကြောင်း ပြောသွားခဲ့သည်။
“အင်း... သေဖို့ပဲ စောင့်ရတော့မှာ”
ထို့ပြင် ကျန်းချုံးသည် ခရိုင်အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် အခြေအနေကို ချက်ချင်း ဆိုသလိုပဲ အထက်အရာရှိဆီသို့ တင်ပြခဲ့၏။ သို့ပေမည့် ထိုအထက်အရာရှိသည် အချိန်အနည်းငယ်ကြာ နှောင့်နှေးခဲ့၏။ ဘုရင်မင်းမြတ်ဆီသို့ သတင်းမပေးပို့ခင် ကျန်းချုံးသေသွားသည်ကို စောင့်ဆိုင်းနေသည်လား မသိချေ။ အဘယ့်ကြောင့်ဆိုသော် ပြဿနာများအားလုံး သူတို့၏ ခေါင်းပေါ်ရောက်ရှိလာမည် မဟုတ်ပါလား။
ထို့ကြောင့်သာ နာရီအနည်းငယ်ကြာ နှောင့်နှေးပြီးမှ နန်းဆောင်ဆီသို့ သတင်းပေးပို့ခဲ့၏။
ထို့ကြောင့်ပဲ ရက်အနည်းငယ် ကြာမြင့်ခဲ့၏။ ကျန်းချုံးသည် နောက်ဆုံးအသက်ရှူရှိုက်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေခဲ့သည်။ အသက်အန္တရာယ်လည်း ကြီးမားစွာ ကျရောက်နေသည်။
...........