← Chapters

အခန်း (၃၃၁)

Vol. 24 Ch. 331

အခန်း (၃၃၁)

Vol. 24 Ch. 331

သို့ပေမည့် နင်ယွမ်ရှန်းသည် တစ်ချက်ကလေးမှ မရိုးအီခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ဤကဲ့သို့ မာနကြီးသော လူတစ်ယောက် ဖြစ်သောကြောင့်ပင်။ သူ နင်ယွမ်ရှန်းသည် နိုင်ငံရေးနှင့် စစ်ရေးနှစ်ခုလုံးတွင် အတော်ဆုံးဖြစ်ပြီး ရွှဲ့ပြည်နယ်၏ အရှင်သခင်တစ်ယောက်ဖြစ်ကြောင်း တစ်လောကလုံးကို သိစေချင်၏။ ယခုနှစ် သူသည် အမဲလိုက်ပွဲ၏ရလဒ်ကို အထူးပင် စိတ်ဝင်စားလျက်ရှိနေ၏။

တောင်ပိုင်းပြည်နယ်မှ ပုန်ကန်မှုက တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အခြေအနေက တင်းမာလျက် ရှိနေ၏။ ဖြေရှင်းနိုင်မည့် အရိပ်လက္ခဏာ သင်္ကေတဟူ၍ မပေါ်ပေါက်သေးချေ။ ဘုရင်မင်းမြတ်သည် တောင်ပိုင်းနိုင်ငံဆီသို့ စစ်သည်ပေါင်း နှစ်သိန်းခွဲကို စေလွှတ်ခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမည့် သဲကန္တာရ လူရိုင်းများသည် အဆုံးမရှိသလို ဆက်လက်ကာ တိုက်ခိုက်လျက်ရှိနေသည်။

ထို့အပြင် ထိုလူယုတ်မာ ကျင်းမင်းသားကလည်း တိုက်ပွဲပြင်းထန်လေ ပိုမိုကာ ကောင်းမွန်သည်ဟု သဘောထား သည်လား မသိချေ။ ထို့ကြောင့် တိုက်ပွဲက ပြင်းထန်လျက် ရှိနေ၏။ သဲကန္တာရ လူရိုင်းများသည် ကျင်းမင်းသားကို ပိုမိုကာဖြင့် လေးစားကြ၏။ သူတို့သည် သဲကန္တာရ လူရိုင်းများ၏ ခေါင်းဆောင်အဖြစ် ကိုးကွယ်လိုသောစိတ်ပင် တည်ရှိကြ၏။

အရေးကြီးဆုံးအခြေအနေမျိုးတွင် ဘုရင်မင်းမြတ်သည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် သူ၏ဩဇာကို ထုတ်ဖော်ပြသရန် အောင်ပွဲတစ်ခုကို ရယူရန် လိုအပ်လျက်ရှိနေ၏။ ယခင် ချင်နိုင်ငံဆီသို့ သွားရောက်ခဲ့သည့် သံတမန် အောင်ပွဲကို သူက ဝါကြွားခဲ့ပြီးပြီ ဖြစ်သည်။

ဤတစ်ကြိမ် အမဲလိုက်ပွဲက ပို၍အရေးကြီး၏။ အမဲလိုက်ပွဲ (ပြိုင်ပွဲ) ၌ ဝူပြည်နယ်ကို အနိုင်နိုင်ရရှိသည်ဆိုပါက သူသည် တစ်လောကလုံးဆီသို့ ကြွားဝါနိုင်မှာ ဖြစ်၏။ ရွှဲ့ပြည်နယ်သည် ဝူပြည်နယ်ကဲ့သို့ ကြီးမားလွန်းသည့် နိုင်ငံကြီးတစ်ခုကိုပင် အနိုင်ရရှိနိုင်သည်ဖြစ်သောကြောင့် တောင်ပိုင်းနိုင်ငံတွင် ဖြစ်နေသည့် အရှုပ်အထွေးများ အားလုံးက ဘာမှမဟုတ်သကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည်။

ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ဘုရင်မင်းမြတ်၏ အမဲလိုက်ပွဲတွင် နိုင်ငံ၏ စိတ်ပါဝင်စားမှုက တကယ့်ကို ကြီးမားတိုးတက်လျက်ရှိနေ၏။ ထို့ကြောင့် နင်ယွမ်ရှန်းသည် ရွှဲ့ပြည်နယ်နှင့် ဝူပြည်နယ်တို့ကြား အမဲလိုက်ပွဲတစ်ခုကို ဆင်နွှဲသည့်နေရာတွင် တိုက်ခိုက်ချင်စိတ်တစ်ခုတည်း မဟုတ်ချေ။ တခြားသော အကြောင်း အရာများ ပါဝင်လျက်ရှိနေ၏။ ကျိန်းသေပေါက် အနိုင်ရမှဖြစ်ပေလိမ့်မည်။ ရှုံးနိမ့်၍ မဖြစ်နိုင်ချေ။

ဘုရင်မင်းမြတ် ဤကဲ့သို့ ယှဉ်ပြိုင်ပွဲကို ရောက်ရှိလာသည့်အချိန်တွင် တတိယမင်းသားကလည်း လိုက်ပါလာ ခဲ့၏။ သို့ပေမည့် နန်းမြို့တော်ကို စောင့်ကြပ်ရန် အိမ်ရှေ့စံမင်းသားကတော့ ကျန်ရစ်ခဲ့၏။ ပျံ့ရှောင်း၊ ကျုံးရီ၊ နန်းကုန်းအို တို့ကလည်း လိုက်ပါလာခဲ့၏။ စုနန်ကတော့ နန်းတွင်း၌တွင် နေထိုင်ခဲ့၏။

တစ်လျှောက်လုံး စုနန်သည် အကောင်းဆုံးကြိုးစားပြီး ဘုရင်မင်းမြတ်ကို မျက်နှာရရန် ကြိုးစားခဲ့၏။ သူသည် တစ်ချိန်လုံး ဘုရင်မင်းမြတ်၏ဘေးနားတွင် အစဉ်အမြဲ နေထိုင်နေကြောင်း ထုတ်ဖော် ပြသခဲ့၏။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ လိုက်ပါမလာခဲ့ချေ။ အချိန်သည် ရေကဲ့သို့ပင် မြန်ဆန်စွာ ကုန်လွန်ကာဖြင့် တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားခဲ့ပြန်၏။

ရှမ့်လန်နှင့် စုနန်တို့၏ကြား ပြင်းထန်သည့် တိုက်ပွဲက တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၏။ ဤတစ်ကြိမ်မှာတော့ သေခြင်းရှင်ခြင်းတိုက်ပွဲ တစ်ခုကဲ့သို့ပင်။ ရက်အနည်းငယ်အတွင်း ရှမ့်လန်၏ ဘဝတစ်ခုလုံးသည် အဆုံးစွန်ထိ ငြိမ်းချမ်းလျက် ရှိနေ၏။ ထို့အတူ အထီးကျန်လို့လည်းနေ၏။

ပင်းအာ၏ ဝမ်းဗိုက်က တဖြည်းဖြည်း ပူလာခဲ့၏။ သူမက ကျွမ်းကျင်လွန်းသည်ဆိုလျှင်တောင်မှ အသုံးမဝင်တော့ချေ။ သူမသည် မြင်သာမြင်ရ၏၊ မကြင်ရချေ။

သို့ပေမည့် ရှမ့်လန်မှာတော့ နန်းမြို့တော်သို့ ရောက်ရှိလာခဲ့ပြီးနောက် မည်သည့်အစားအစာကိုမှ မစားရချေ။ ဆောင်ကြာမြိုင်ရှေ့သို့ ဖြတ်သည့် အချိန်တိုင်းမှာလည်း ရှမ့်လန်က သူ့ကိုယ်သူ ထိန်းသိမ်းနေရ၏။ အထဲတွင် ပြည့်တန်ဆာများ များစွာ တည်ရှိနေပြီး ထိုသူများကလည်း မိန်းမလှလေးများ ဖြစ်သည်ဟု သူ ကြားခဲ့ရ၏။ ညစ်ပတ်သည့် မိန်းမများကို မရှာဖွေရန် သူ၏မိန်းမက သူ့အား သတိပေးခဲ့၏။ သူ၏ တန်ဖိုးကြီးမားသည့် မိန်းမက မှန်ကန်၏။

“အင်း”

သူ့အနေနှင့် ကျမ်းသစ္စာကို တစ်ကြိမ်လောက် ချိုးဖြတ်လိုက်လျှင် မည်သို့လုပ်မည်နည်း။ ထို့အပြင် သူနှင့် စုနန်တို့၏ တိုက်ပွဲက မကြာခင် စတင်တော့မှာ ဖြစ်၏။ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု ဖြစ်၏။ ထို့ကြောင့် သူ၏အနေနှင့် စိတ်အေးသက်သာ အနားယူရန် လိုအပ်သည်။

အရာရာကျွမ်းကျင်သည့် မိန်းမလှလေးတစ်ယောက်ဆိုလျှင် ချစ်မြတ်ဖွယ်ရာ မည်မျှကောင်းမည်နည်း။ သူသည်သာ ထိုသူတို့နှင့် အိပ်စက်ခြင်းမရှိလျှင်လည်း ထိုသူတို့သည် တခြားသော စီးပွားရေးသမားများနှင့် အိပ်စက်မှာပင်။ သူက ချောမောလွန်းပြီး သက်ရှိသတ္တဝါအားလုံးအတွက် ကောင်းမွန်သည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့သူဖြစ်၏။ သူမှ ထိုကဲ့သို့သော နေရာကို မသွားသင့်လျှင် မည်သူသွားမည်နည်း။

ပြီးနောက် ရှမ့်လန်သည် သူ့ကိုယ်သူ တစ်နာရီတိတိ ထိန်းချုပ်ခဲ့ပြီးနောက် ရုပ်ဖျက်ကာဖြင့် ဆောင်ကြာမြိုင်တံခါးရှိရာဆီသို့ ရဲရဲဝံ့ဝံ့ လှမ်းသွားခဲ့၏။ သို့ပေမည့် တံခါးကို ဖြတ်လျှောက်ပြီးနောက် ရှေ့သို့ ဆက်မသွားနိုင်တော့ချေ။ သူ၏စိတ်ထဲတွင် မူလန်၏ ချစ်မြတ်နိုးဖွယ်ရာ ကောင်းသည့် မျက်လုံးများကို ပြန်လည်ကာ မြင်ယောင်လာသောကြောင့်ပင်။ ထို့ကြောင့် သူက နောက်သို့ ဆုတ်လိုက်၏။

နောက်တစ်ရက်မှာတော့ သူသည် မိမိစိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ဆောင်ကြာမြိုင်ဆီသို့ ထပ်မံကာ သွားရောက်ခဲ့၏။ သို့ပေမည့် မနေ့ကအတိုင်းပင် ... ။ လှေကားထစ်ကိုပင် မတက်နိုင်ခဲ့ချေ။ နောက်သို့ ပြန်လည်ဆုတ်လာခဲ့၏။ ထိုကဲ့သို့ ခြောက်ကြိမ်၊ ငါးကြိမ် ထပ်ထပ်ဖြစ်ခဲ့သည်။

အကြိမ်တိုင်းဆိုသလိုပင် သူသည် မူလန်၏မျက်နှာကို မြင်ယောင်လာမိ၏။ ထို့အပြင် ချောင်ယောင်အား၏ အထင်အမြင်သေးနေသည့် မျက်နှာသွင်ပြင်ကိုလည်း မြင်ယောင်လာခဲ့၏။ နောက်ဆုံးမှာတော့ သူ၏စိတ်ဆန္ဒကို သူ မထိန်းချုပ်နိုင်ခဲ့တော့ချေ။ သူ့အနေနှင့် တဏှာရူးတစ်ယောက် မဟုတ်ကြောင်းကို နားလည်သွားခဲ့ပြီ ဖြစ်၏။

အဆုံးသတ်မှာတော့ သူသည် ဆောင်ကြာမြိုင်ရှေ့လမ်းကို ဖြတ်လျှောက်သွားခဲ့သည့် ကျားမင်းသမီးနင်ယနနှင့် ဆုံတွေ့ခဲ့၏။ ရှမ့်လန် ရုပ်ဖျက်ထားသည်ဆိုသော်လည်း သူမက တစ်ချက်လှမ်းကြည့်ရုံနှင့် သိသည်။ “ဟမ် .... ရှမ့်လန်.. ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။ ဪ.. မင်း ဆောင်ကြာမြိုင်ကို သွားချင်တာကိုး။ ဟွန်း.. တဏှာရူးပဲ”

ပြီးနောက် နင်ယနက ထွက်ခွာသွားခဲ့၏။

သူမ၏ဘေးတစ်ဖက်တွင် ရှိနေသည့် လူများသည် ရုတ်တရက် နားလည်သွားခဲ့၏။ ဤသို့ ဆောင်ကြာမြိုင်ထဲ ဝင်ချည်ထွက်ချည် လုပ်နေသည့်လူသည် ရှမ့်လန်ဖြစ်ကြောင်းကို နားလည်လိုက်မိသည်။

“ဪ.. သခင်လေး ရှမ့်လန်ကိုး”

ရှမ့်လန်က အလျှင်အမြန် ပြေး၏။ ထိုအချိန်မှာတော့ ရှမ့်လန်သည် နင်ယနကို သတ်ဖြတ်ချင်စိတ် ပေါက်လျက် ရှိနေ၏။

“ချီးတဲ့မှ…” ပြီးနောက် ဆရာလန်သည် နန်းမြို့တော်တစ်ခုလုံးတွင် ကျော်ကြား သွားခဲ့သည်။

နောက်ပိုင်းမှာတော့ သူမ၏ အပြုအမူက ပိုမိုကာ ဆိုးရွားလာခဲ့၏။ ရှမ့်လန်မှာ ယောကျာ်းမာန်မာန မရှိကြောင်း၊ ယောကျာ်းတစ်ယောက်အနေနှင့် မိမိလုပ်ချင်တာကို လုပ်ရဲသူတစ်ယောက် မဟုတ်ကြောင်း၊ ထို့အပြင် ကျင်းမူလန်ကဲ့သို့ လှပသည့် မိန်းကလေးတစ်ယောက်ကို ရရှိထားသော်လည်း သားသမီးရတနာ မထွန်းကားသေးသည်မှာ အဘယ့်ကြောင့်ဖြစ်သနည်း.. စသဖြင့် အချိန်တိုင်း မေးမြန်း စောဒကတက်လာခဲ့၏။ ရှမ့်လန်သည် အသုံးမကျသည့်လူတစ်ယောက်ဖြစ်ကြောင်းပင် သူမက ပြောခဲ့၏။

ရှမ့်လန်သည် ငိုချင်လျက် ရှိနေ၏။ သို့ပေမည့် မျက်ရည် မကျနိုင်ခဲ့ချေ။ နှလုံးသားထဲတွင် မချိတင်ကဲ ခံစားချက် များနှင့် ပြည့်နေ၏။ သူ၏စိတ်ထဲတွင် နင်ယနအား သတ်ဖြတ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လျက် ရှိ၏။ သို့ပေမည့် သူမကို မယှဉ်နိုင်ချေ။

..........

ဘုရင်မင်းမြတ်နှင့် ဝူပြည်နယ်တို့၏ နယ်စပ်အမဲလိုက်ပွဲက ပြီးဆုံးရန် နှစ်ရက်သာ လိုတော့၏။ အချိန်သည် စုနန်နှင့် တိုက်ပွဲတစ်ခုကို ဆင်နွှဲရန်အတွက် နှစ်ရက်သာလျှင် လိုတော့၏။ သခင်လေးရှမ့်သည် ရက်ပေါင်း ၂၀ ကျော်မျှ ကာမဂုဏ်နှင့် ကင်းကွာလို့နေခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ကွဲတော့မတတ်ပင်။

ထိုအချိန်မှာတော့ သူသည် နင်ယန၊ ယွမ်မင်ကျယ်နှင့်အတူ ညစာ သွားရောက်စားသုံးခဲ့၏။ နင်ယန - ဤမိန်းကလေးသည် တဖြည်းဖြည်း ပိုမိုကာ လွန်ကဲလာခဲ့၏။ ဝတ်ဆင်ထားသည့် အဝတ်အစားများက ပိုမိုကာ ပါးလွှာလာ၏။ အရေးအကြီးဆုံးမှာ ခန္ဓာကိုယ်နှင့် တသားတည်း ကျလျက်ရှိနေသည့် ဘောင်းဘီကို ဝတ်ဆင်ရခြင်းကို နှစ်သက်ရခြင်းပင် ဖြစ်၏။ ထို့ကြောင့် သူမ၏တင်တစ်ခုလုံးက ဖွင့်ထွားလျက်ရှိနေပြီး ရုတ်တရက် ဘောင်းဘီတစ်ခုလုံး ပေါက်ကွဲလုမတတ်ပင်။

အရေးအကြီးဆုံးမှာ သူမသည် တကယ့်ကို တုနှိုင်းမမီအောင် လှပလွန်းလျက်ရှိနေ၏။ ထို့အပြင် သူမက သောက်စားရသည်ကိုလည်း နှစ်သက်သေး၏။ မျက်နှာက အမြဲတမ်း နီမြန်းလျက်ရှိနေပြီး နှုတ်ခမ်းသားများ ကလည်း နီထွေးပြီး ဆွဲ‌ဆောင်မှု အပြည့်နှင့်ပင်။ ရှမ့်လန်သည် သေသေချာချာ ဆက်၍ မကြည့်ရဲချေ။ ထပ်မံကာ အကြာကြီး ကြည့်သည်ဆိုပါက တစ်စုံတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် သူသည် ယွမ်မင်ကျယ် နှင့်သာ စကားပြောလျက်ရှိနေ၏။

“ဟွန်း.. အသုံးမကျတဲ့ကောင်”

ကျားမသည် သောက်ချင်သော်လည်း ရှမ့်လန်သူမကို လျစ်လျူရှုထားသောကြောင့် ဤစကားစုကိုသာ ရေရွတ်လျက်ရှိနေ၏။

တော်ဝင်ရန်နိုင်ငံ၏ သံတမန်က ပြောလိုက်သည်။ “အင်း ညီလေး... ကြီးကျယ်တဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မှာလား”

ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကြီး... ခင်ဗျား ဘယ်လိုလုပ်သိလဲ”

“မင်းလိုလူတောင် စိတ်ထဲမှာ အနည်းငယ်လေးလံနေတယ်ဆိုတော့ တကယ့်ကို ကြီးကျယ်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ရမယ်လေ”

တကယ့်ကို ကြီးကျယ်သော ကိစ္စတစ်ခု ဖြစ်၏။ စုနန်သည် နန်းတွင်းမှာ ဩဇာရှိသူတစ်ယောက်ဖြစ်၏။ ဤတိုက်ပွဲတွင် သေခြင်းရှင်ခြင်းနှင့် တိုက်ရိုက် သက်ဆိုင်လျက် ရှိနေ၏။ ရှမ့်လန်သည် အရာရာကို ကြိုတင်ကာ စီစဉ်ထားသည်ဆိုသော်လည်း တကယ်ပင် စိတ်လှုပ်ရှားလျက် ရှိနေသည်။

ထိုစကားကို ကြားရသည့်အချိန်မှာတော့ နင်ယနက လှမ်းကာ မေးမြန်းလိုက်၏။ “ဘာကိစ္စလဲ”

ဤသို့ လှည့်လိုက်သည်နှင့် သွယ်လျသည့်ခါး၏ အဝေ့အဝိုက်က ထွက်ပေါ်လာခဲ့ပြန်၏။ ရှမ့်လန်သည် သူမ၏အကြည့်ကို တစ်ဖန်ရှောင်လွှဲလိုက်ပြန်သည်။

“ဟုတ်တယ်။ သေခြင်းရှင်ခြင်း ကိစ္စတစ်ခုပဲ” ရှမ့်လန်က ပြောလိုက်၏။

တော်ဝင်ရန်နိုင်ငံ၏ သံတမန်က မေးလိုက်သည်။ “နောက်ရက်အနည်းငယ်အတွင်းလား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ရက်အနည်းငယ်အတွင်းမှာပဲ”

သူက ဆက်လက်ကာ ပြောလိုက်သည်။ “အင်း ... ညီတော်.. အရမ်းကြီး စိတ်ထဲမှာ တင်းမထားနဲ့။ နည်းနည်းပါးပါး ဖြေလျှော့ရမယ်။ ငါ့ဆီမှာ ဩဇာတွေ၊ အာဏာတွေတော့ မရှိဘူး။ ဒီတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာအရပဲ မင်းကို အားပေးနိုင်တယ်”

ပြီးနောက် သူသည် ရှမ့်လန်နှင့် နင်ရယန်တို့အတွက် ကိုယ်တိုင်ကိုယ်ကျ သေရည်ကို ငှဲ့ပေး၏။

ရှမ့်လန်က တစ်ခွက်ပြီးတစ်ခွက် သောက်သုံး၏။ ကျားမင်းသမီးကလည်း တစ်ခွက်ပြီးတစ်ခွက် သောက်သုံးသည်။

မကြာခင်မှာပင် ရှမ့်လန်သည် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သတိပြုမိ၏။ ခန္ဓာကိုယ်တစ်ခုလုံးက ပို၍ ပူလောင်လာ၏။ ခန္ဓာကိုယ်ထဲတွင် မီးတောက်မီးလျှံတစ်ခု တောက်လောင်လာသကဲ့သို့ပင်။ သူ လုံးဝ မထိန်းချုပ်နိုင်တော့ချေ။

နင်ယနကို ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း မီးတောက်လျက်ရှိနေ၏။ ဤသေရည်က ဆေးခတ်ထားခြင်းသာ ဖြစ်၏။ ရှမ့်လန်နှင့် နင်ယနတို့ နှစ်ဦးလုံးတို့သည် ဆေးမိသွားခဲ့သည်။

ရုတ်တရက် ယွမ်မင်ကျယ်သည် ရုတ်တရက် ထရပ်လိုက်ပြီး ဘယ်လက်ဖြင့် ရှမ့်လန်ကို ထမ်းကာ ညာဘက်လက်ဖြင့် နင်ယန်ကို ပွေ့ချီလိုက်၏။ ပြီးနောက် အခန်းထဲသို့ လျှောက်သွားပြီး နှစ်ယောက်လုံးကို ကုတင်ပေါ်သို့ ပစ်တင်လိုက်၏။

“ညီတော်လန်.. ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ အင်း၊ ညီမလေးယန်.. ပျော်ရွှင်လိုက်ပါအုံး” ပြီးနောက် သူသည် အပြင်ဘက်မှနေ၍ တံခါးကို သော့ခတ်လိုက်သည်။

“ကျားမကြီး.. မလာနဲ့၊ မလာနဲ့နော်၊ မလာနဲ့”

..........

နောက်တစ်နေ့ မနက်ခင်းစောစောမှာတော့ ကောင်းကင်တစ်ခုလုံးက ကြည်လင်ရှင်းလင်းလျက်ရှိနေပြီး တိမ်ကင်းစင်နေ၏။ အခန်းတစ်ခုလုံးက ရှုပ်ပွလျက်ရှိနေ၏။ ကျားမင်းသမီး နင်ယနသည် စောစောနိုးထလာခဲ့၏။ သူမက အနည်းငယ် အိပ်ချင်မူးတူး ဖြစ်နေတုန်းပင်။

သူမကို ကြည့်ရှုရသည်မှာ လွန်ခဲ့သည့်ညက ထူးဆန်းသည့် အိပ်မက်တစ်ခုကို မြင်မက်ခဲ့ရပုံပေါ်၏။ သူမသည် တဏှာရူးရှမ့်လန်နှင့် အိပ်စက်ခဲ့သည်ဟု အိပ်မက်မက်ခဲ့ခြင်းပင်။ ဤအိပ်မက်က တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး အစစ်အမှန်လည်း ဆန်လွန်းလှ၏။

ထိုအချိန်မှာတော့ နင်ယန် သည် ရုတ်တရက် ကြောက်လန့်တကြားဖြင့် နိုးထလာခဲ့၏။ သူမက သမ်းဝေလိုက်၏။ ကျားမသည် သူမ၏ ခြေထောက်ကို အသာကားကာဖြင့် အပျင်းကြောဆန့်လိုက်၏။ သူမက ပြန်လည်အိပ်စက်ရန် ပြင်ဆင်လိုက်ခြင်းပင်။

သို့ပေမည့် ရုတ်တရက် တစ်စုံတစ်ယောက်၏ ကိုယ်ပေါ်သို့ ရောက်ရှိနေကြောင်း သူမ သတိပြုမိ လိုက်၏။ အိပ်မက် မက်နေသည်လား။ ရုတ်တရက် မျက်လုံးကို ဖွင့်ပြီးသည့်နောက် အသာ စမ်းကိုင်ကြည့်လိုက်၏။ သူမ၏ အောက်တွင် အိပ်ပျော်နေသည်မှာ ရှမ့်လန် ဖြစ်လို့နေ၏။

ရှမ့်လန်က တစ်ကိုယ်လုံး ကိုယ်လုံးတီးနှင့်ပင်။ သူမကလည်း ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်၏။ တစ်ပုံစံတည်းပင် ဖြစ်၏။ မြေပြင်ပေါ်သို့ လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ နေရာအနှံ့တွင် အဝတ်အစားများ ပြန့်ကျဲလျက် ရှိနေသည်။

‘အား...အား...’ ကျားမင်းသမီးနင်ယန်သည် စိတ်ထဲတွင် ကြိတ်ကာ အော်ဟစ်လိုက်၏။ သို့ပေမည့် သူမ စိတ်ထဲတွင်သာ အော်ဟစ်နိုင်စွမ်းရှိ၏။ အစစ်အမှန် ထကာ အော်ဟစ်လိုက်မည်ဆိုပါက ကျိန်းသေပေါက် ရှက်ရွံ့စရာ ဖြစ်မည် မဟုတ်ပါလား။

သူမ နင်ယန်သည် လွယ်လွယ်ကူကူနှင့် ကြောက်လန့်တတ်သည့် လူမျိုးမဟုတ်ချေ။ ကြောက်လန့်စိုးရွံ့နေသည် ဆိုလျှင်တောင်မှ တည်ငြိမ်သည့် အမူအရာမျိုးကို ထိန်းသိမ်းထားရပေလိမ့်မည်။ ဤအရာက ယောကျ်ားနှင့် မိန်းမတို့ အတူတူအိပ်စက်သည့် အကြောင်းအရာလေးပင် မဟုတ်ပါလား။

ယခင်က မအိပ်စက်ခဲ့ဖူးခြင်းလည်း မဟုတ်ချေ။ ဟင် .... သူမ အရင်တုန်းက ဤကဲ့သို့ မအိပ်စက်ခဲ့ဖူးချေ။ ပြီးနောက် သူမ၏ စိတ်များသည် ယောက်ယက်ခပ်လျက်ရှိသည်။ သူမ အခု ဘာလုပ်ရမည်လဲ။ ဘာလုပ်သင့်သနည်း။ ငြိမ်ငြိမ်သက်သက်ဖြင့် ထွက်သွားသင့်သည်လား။

သို့ပေမည့် ရှမ့်လန်သည် အချိန်အတော်ကြာတည်းက သူမနှင့် အိပ်စက်ချင်နေခြင်းဖြစ်၏။ ယခု အောင်မြင်သွားခဲ့ပြီ။ သူမကို အခွင့်အရေးယူခဲ့ခြင်းပင်။ မဟုတ်သေးပေ။ သူ့အနေနှင့် တစ်ဖက်လူကို တားဆီးရန် နည်းလမ်းကို စဉ်းစားရပေလိမ့်မည်။

ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် သက်တောင့်သက်သာနှင့် စိတ်ချမ်းသာမှုကို ရရှိသည်ဆိုသော်လည်း သူမ နင်ယန်သည် အားကောင်းလွန်းသည့် မိန်းမတစ်ယောက်ဖြစ်၏။ အဘယ်သို့ ယောကျ်ားနှင့် မိန်းမကြားတွင် ရှိနေသည့် အချစ်ရေးကိစ္စရပ်များကြားတွင် ပိတ်မိနေရမည်နည်း။

ရှမ့်လန် မနိုးထသေးခင်မှာပင် မင်းသမီးနင်ယန်သည် နောက်ထပ် ဘာပြောရမည်ဆိုသည်ကို စတင်ကာ စဉ်းစားလျက်ရှိနေ၏။ ရှမ့်လန်နှင့် ကိစ္စကို သူမ တစ်ခါတည်း ငြင်းပယ်ရမည်လား။ ဤအရာက မတော်တဆ ကိစ္စရပ်တစ်ခုသာ ဖြစ်၏။ လေးလေးနက်နက် ခံယူထားရန် မလိုအပ်ချေ။

‘ငါ နင်ယန်ကို ဒီလိုမျိုး ချုပ်နှောင်ဖို့ မကြိုးစားနဲ့’ သူတို့ကြားထဲတွင် ဤငသို့ ထပ်မံဖြစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဤအရာက ပထမနှင့် နောက်ဆုံးအကြိမ်သာလျှင် ဖြစ်၏။ သူမ နင်ယန်သည် တစ်ဖက်လူကို ဘယ်လိုမှ ကြိုက်နှစ်သက်ခြင်း မရှိချေ။ သူမ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် တကယ့်ကို ခိုင်မာလွန်းနေခဲ့၏။

ထိုအချိန်မှာပဲ ဆရာလန်က နိုးထလာခဲ့၏။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကိုယ်လုံးတီးနှင့် မင်းသမီးနင်ယန်ကို မြင်လိုက်ရ၏။ ပထမဦးဆုံး သူ၏ မျက်လုံးများက ပြူးကျယ်သွား၏။ ပြီးနောက် သူက ပြန်လည်ကာ စဉ်းစားလိုက်မိ၏။

နင်ယန်သည် တည်ငြိမ်သည့် အမူအရာမျိုးနှင့် ပြောဆိုရန် ပြင်လိုက်သည်။

သို့ပေမည့် ရှမ့်လန်က သူမထက် ပိုမိုကာ မြန်ဆန်၏။ “မင်းသမီးနင်ယန်.. လွန်ခဲ့တဲ့ညက ဖြစ်ခဲ့တဲ့ကိစ္စရပ်တွေက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျား ကျုပ်ကို ဒီထဲကို ဆွဲခေါ်လာခဲ့တာပဲ ဖြစ်မယ်။ ကျုပ်က ခံရတဲ့လူပဲ။ ဒီတော့ ကျုပ် ခင်ဗျားကို တာဝန်ယူမှာ မဟုတ်ဘူး။ ကျုပ်နဲ့ပတ်သက်ပြီးတော့ တခြား မစဉ်းစားနေနဲ့တော့”

“ကျုပ်က ကျုပ်မိန်းမကို အရမ်းချစ်တာ။ ကျုပ်က သမက်တော်တစ်ယောက်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ။ ကျုပ် ခင်ဗျားကို ဘယ်တော့မှ ယူမှာမဟုတ်ဘူး။ ပြီးတော့ လွန်ခဲ့တဲ့ညက ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေကို အိပ်မက်တစ်ခုလိုပဲ သဘောထားလိုက်။ ဘာမှမဖြစ်ခဲ့သလိုပဲ ဟန်ဆောင်လိုက်ကြရအောင်။ ကျုပ်တို့က လောကမှာရှိနေတဲ့ လူတွေပဲလေ။ အမြင်ကျယ်ရမှာပေါ့။ မဟုတ်ဘူးလား”

“ဒါနဲ့ ခင်ဗျား ဘာလို့ ကျုပ်ကို ဒီလိုကြည့်ရှုနေရတာလဲ။ ကျုပ်ကို ရိုက်ချင်တဲ့ ပုံစံမျိုးများ ပေါက်နေတာလား။ ခင်ဗျားကို ကြည့်ရတာ အမြင်ကျယ်တဲ့ လူတစ်ယောက်ပါပဲ။ ယောကျ်ားနဲ့ မိန်းမကြားမှာ ရှိတဲ့ အမှားအယွင်း သေးသေးလေးက ဘာဖြစ်မှာလဲ။ ဖြစ်ပြီးတာတွေကို ဖြစ်ပြီးပါစေပေါ့။ မဟုတ်ဘူးလား”

“ဟမ်.. ဒီမှာ ဘာလို့ သွေးတွေဖြစ်နေတာလဲ။ နင်ယန်... ဒါ ခင်ဗျားရဲ့ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ဘူးမလား။ ခင်ဗျားက လွန်ခဲ့တဲ့နှစ်အတော်ကြာတည်းက လက်ထပ်ခဲ့တာလေ။ ဘယ်လိုဖြစ်ပြီး ဒါ ခင်ဗျားရဲ့ ပထမဦးဆုံး အကြိမ် ဖြစ်ရမှာလဲ။ ခင်ဗျား ကိုယ့်လက်ကို သွားနဲ့ကိုက် ... သွေးထွက်အောင်လုပ်ပြီး ကျုပ်ကို ခြိမ်းခြောက်ချင်နေတာမလား”

လောကကြီးထဲတွင် ဤကဲ့သို့ အပြောအဆို မတတ်သည့် လူများသည် ရိုက်နှက်ခြင်းကို ခံရ၏။ နောက်တစ်စက္ကန့် အတွင်းမှာပဲ ရှမ့်လန်သည် နင်ယန်၏ အိပ်ရာပေါ်သို့ ဖိနင်းခြင်းကို ခံရပြီး ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခြင်းကို ခံရ၏။ သူမက အော်ဟစ်လျက် ရှိနေ၏။

နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် နင်ယန်သည် ရှမ့်လန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ရှမ့်လန်... မင်း ခုဏက ငါပြောမယ့်စကားတွေကို ဘာလို့ အကုန် ပြောခဲ့ရတာလဲ”

ရှမ့်လန်က နှမြောတသ ဖြစ်သွားမိ၏။ နင်ယန်က ထိုကဲ့သို့ တွေးတောနေသည်ကိုသာ သိရှိမည်ဆိုပါက သူ ထိုစကားများကို ပြောမိလိမ့်မည် မဟုတ်ချေ။ ယခုတော့ ဘာမှမဟုတ်ဘဲနှင့် လူဆိုးဖြစ်ရချေသည်။

“ရှမ့်လန်.. ငါတို့က အတူတူ အိပ်ခဲ့တယ်ဆိုရင်တောင်မှ အနာဂတ်မှာ ညီအစ်ကိုတွေပဲ”

ရှမ့်လန်သည် ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ ညီအစ်ကိုကောင်းတွေပဲ။ အင်း.. ညီအစ်ကိုကောင်းတွေပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “နင်ယန်... ညီအစ်ကိုတွေကြားထဲမှာ စည်းမျဉ်းတစ်ခုတော့ ရှိသင့်တယ်”

ကျားမက ပြန်လည်ကာ မေးမြန်းလိုက်၏။ “ဘယ်လို စည်းမျဉ်းမျိုးလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... အရမ်းကောင်းတဲ့ ရင်းနှီးဆက်ဆံမှုကို ပိုင်ဆိုင်တဲ့ လူနှစ်ယောက်က အခန်း တစ်ခုထဲမှာ အတူတူနေမယ်ဆိုရင် သူတို့ထဲက တစ်ယောက်က ရုတ်တရက် မိန်းမဖြစ်သွားတတ်တယ်။ ခင်ဗျား ဘာလို့ထင်လဲ”

ကျားမက ပြန်လည်ကာ ပြောဆိုလိုက်၏။ “တော်စမ်း”

ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်သေးဘူး။ ဘာပဲပြောပြော ကျုပ်သာမိန်းမ ဖြစ်သွားမယ်ဆိုရင် ကျုပ်ရဲ့ညီအစ်ကိုကို အရင်ဆုံး ပျော်ရွှင်စေလိုက်မယ်။ ဘာပဲပြောပြော ကျုပ်တို့က ညီအစ်ကိုကောင်းတွေပဲမလား။ တစ်ခါတစ်လေကျရင်လည်း ဆော့ကစားသင့်ရင် ဆော့ကစားရမှာပေါ့”

ရှမ့်လန် ပြော၍ မပြီးသေးခင်မှာပဲ အိပ်ရာပေါ်သို့ ဖိနင်းကာ ရိုက်နှက်ခြင်းကို ခံရပြန်၏။ ဤတစ်ကြိမ်မှာတော့ လုံးထွေးရစ်ပတ်ခဲ့ခြင်း မဟုတ်ချေ။ “ရှမ့်လန်.. ငါမင်းကို သတိပေးမယ်။ ဒါက ဒုတိယအကြိမ်ပဲ။ ဒါပေမဲ့ နောက်ဆုံးအကြိမ် ကျိန်းသေပေါက် ဖြစ်ရမယ်။ ငါ နင်ယန်က အနာဂတ်မှာ မင်းနဲ့ထပ်ပြီးတော့ ဒီလိုကိစ္စမျိုးတွေ ပြုလုပ်မိတယ်ဆိုရင် ငါ မင်းကို သင်းကွပ်ပစ်မယ်”

‘ချီးတဲ့မှ.. ခင်ဗျားကလည်း ကျုပ်ကို လာလုပ်သေးတယ်။ ဘယ်လိုဖြစ်ပြီး ကျုပ်ကို သင်းကွပ်ဖို့အတွက် အခွင့်အရေးရှိရမှာလဲ’

နင်ယန်သည် အဝတ်အစားများကို ကောက်၍ ဝတ်ဆင်ကာ အပြင်ဘက်သို့ ထွက်ခွာသွားခဲ့တော့၏။

…………

All Chapters