အခန်း (၃၃၂)
Vol. 24 Ch. 332
ခြံဝန်း၏ အပြင်ဘက်မှာတော့ တော်ဝင်ရန်နိုင်ငံ၏ သံတမန် ယွမ်မင်ကျယ်သည် ပုလွေမှုတ်လျက် ရှိနေ၏။ တခြား တွေးစရာမလိုချေ။ ဤအရာက အစစ်အမှန် ဝါးပုလွေပင် ဖြစ်၏။
နင်ယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ တစ်ဖက်လူကို သွားရောက် ထိုးနှက်ရိုက်နှက်ရန် စဉ်းစားနေမိ၏။ သို့ပေမည့် သူမ၏ သွယ်လျ လှပသည့် လက်သီးများကို ကြည့်ရှုပြီးနောက် ဤလူကို ရိုက်နှက်ခြင်းက အလကားဖြစ်ကြောင်း နားလည်လိုက်၏။ ထို့ကြောင့် သူမက ဒေါသတကြီးနှင့် အရှုံးပေး လိုက်သည်။
“ယွမ်မင်ကျယ် .... တကယ်လို့ အနာဂတ်မှာ ကျွန်မရဲ့ လက်ထဲကိုသာ ရှင် ရောက်ခဲ့ပြီဆိုရင်တော့ ကျွန်မ ရှင့်ကို သတ်ပစ်မယ်” ဤကဲ့သို့ ကြမ်းတမ်းသည့် စကားလုံးများကို ပြောဆိုပြီးနောက် နင်ယန်က ထွက်ခွာသွားခဲ့၏။
ဤအချိန်မှာတော့ သူမ၏ စိတ်ထဲတွင် ရှိနေသည့် စိုးရွံမှုအားလုံးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူမအနေနှင့် အိမ်ကို မပြန်ချင်ပေ။ ထိုသို့ဆိုလျှင် ဘယ်ကိုသွားရမည်နည်း။
ရှမ့်လန်၏ အဝတ်အစားများသည် စုတ်ပြတ်သတ်လျက် ရှိနေ၏။ ထို့ကြောင့် သူက အင်္ကျီတစ်ခုကို အသာ ကောက်ဝတ်လိုက်၏။
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ညီလေး.. မင်းကိုကြည့်ရတာ အခုမှ စိတ်သက်တောင့်သက်သာ ဖြစ်သွားတဲ့ပုံပဲ။ မင်းရဲ့စိတ်အခြေအနေက ပိုပြီးကောင်းသွားသလိုပဲ”
ရှမ့်လန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး.. ကျေးဇူးပါပဲ”
ပြောပြီးနောက် သူသည် အနည်းငယ် နောင်တရသလို ဖြစ်သွားမိ၏။ အဘယ်ကြောင့် တစ်ဖက်လူကို ကျေးဇူးတင်နေရသလဲ။
‘ယွမ်မင်ကျယ်... ခင်ဗျား ကျုပ်ကို ဒီလိုအခြေအနေမျိုးဖြစ်အောင် တကယ် လုပ်ခဲ့တာလား။ ကျုပ် ရှမ့်လန်က သန့်ရှင်းပြီး ရိုးသားတဲ့လူတစ်ယောက်ပဲ။ ဒီလိုကိစ္စမျိုးကို ကျုပ် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ကျုပ်မိန်းမ စိတ်ညစ်လိမ့်မယ်။ ဒါတွေအားလုံးက ခင်ဗျားရဲ့ အပြစ်ပဲ’
သို့ပေမည့် ဤအရှက်မဲ့သည့် စကားလုံးများကို ကြည့်ရှုရသည်မှာ ထုတ်ပြော၍ရသည့် ပုံစံမျိုး မဟုတ်ချေ။
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး။ ငါက အသုံးမဝင်တဲ့လူတစ်ယောက်လေ။ ဒါ ငါလုပ်နိုင်တဲ့ အရာအကုန်လုံးပဲ။ ဒါပေမဲ့ နင်ယန်က ငါ့ကို ကျေးဇူးတင်သင့်တယ်။ ငါ့ရဲ့ညီငယ်လေးကတော့ မိန်းမ လစ်ဟင်းတဲ့ လူမဟုတ်ဘူးလေ။ ဒါပေမဲ့ သူကတော့ ယောကျ်ား လစ်ဟင်းနေတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “သူ... သူ ဘာဖြစ်ခဲ့တာလဲ”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “သူ့ရဲ့ယောကျ်ားက အရမ်းကို ဆိုးဝါးတယ်။ ပြောရခက်တယ်။”
ရှမ့်လန်သည် ချက်ချင်းပင် နားလည်သွား၏။ တစ်ဖက်လူသည် ယောကျ်ားချင်းသာ နှစ်သက်သည့် လူတစ်ယောက် ဖြစ်ပုံပေါ်သည်။
ယွမ်မင်ကျယ်က ပြောလိုက်၏။ “အင်း... ဝူနဲ့ ရွှဲ့ပြည်နယ် ကြားထဲမှာ အချိန်အတော်ကြာတဲ့အထိ ပွတ်တိုက်မှုတွေ ရှိခဲ့တယ်။ ကျန်းလီ ရုတ်တရက် သေဆုံးပြီးတဲ့နောက် ရန်ဘုရင်က အနည်းငယ် ပိုပြီး ကြမ်းတမ်းလာခဲ့တယ်။ ဒါကြောင့် လက်ထပ်ပွဲတစ်ခု စီစဉ်ဖို့ စဉ်းစားခဲ့ပြီး နင်ယန်ကို အိမ်ရှေ့စံမင်းသား လီရန်ရဲ့သားနဲ့ ပေးစားဖို့ ပြင်ခဲ့တယ်။”
အဆုံးသတ်မှာတော့ အဲကောင်လေးက ယောကျ်ားတွေကိုပဲ ကြိုက်ခဲ့တယ်။ ဒါကြောင့် နင်ယန်က ယောကျ်ား တစ်ယောက်လို ပုံစံမျိုးနဲ့ ပြုမူဆောင်ရွက်နေရတာပေါ့။ သူမက တကယ့်ကို ဟန်ဆောင်နေခဲ့တာ။”
“ဪ... ဒီလိုကိုး”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ဒါပေမဲ့ အချိန်အတော်ကြာ ဟန်ဆောင်ပြီးတဲ့နောက်မှာ သူမကိုယ်သူမ ယောကျ်ားတစ်ယောက်လို ထင်လာခဲ့တယ်။ သူမအတွက် ဒုက္ခများလာခဲ့တာပေါ့။ သူမက မြင့်မားတဲ့ စံချိန်စံညွှန်းနဲ့ ဂုဏ်သိက္ခာကို ပိုင်ဆိုင်တယ်။ သာမန်လူတွေက သူမကို မကြိုက်နှစ်သက်ဘူး။ ဒီတော့ သူမနဲ့ အချိန်အတော်ကြာ နေထိုင်ပြီးတဲ့အချိန်မှာ သူမကို ယောကျ်ားတစ်ယောက်လိုပဲ သဘောထားလာကြတယ်။ အင်း... ညီတော်လန်တောင်မှ ဒီအခြေအနေမျိုးဆီ ရောက်လုမတတ် ဖြစ်ခဲ့တယ်မလား”
ထိုအချိန်မှာတော့ သူသည် အဆင့်လေးသို့ ဝင်ရောက်ခဲ့ပြီးပြီ ဖြစ်ကြောင်း ရှမ့်လန်က နားလည်မိ၏။ သို့ပေမည့် တတိယအဆင့်သို့ နည်းနည်းပြန်ကျချိန်တွင် ဤကဲ့သို့ ပြောင်းလဲသွားခဲ့မည်ဟု မထင်မှတ်ခဲ့ချေ။
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ဒီလိုတော့ မဟုတ်ဘူး။ ငါ ဒီကိစ္စကို မြန်မြန်လေး ဖြေရှင်းရမယ်။ မဟုတ်ရင် ဒီမိန်းကလေးက ပြန်လမ်းမရှိတဲ့လမ်းကို လှမ်းလျှောက်သလို ဖြစ်သွားလိမ့်မယ်။ မင်းတို့နှစ်ယောက်ကြားထဲမှာ ရှိနေတဲ့ အခြေအနေက သစ်သားခြောက်နဲ့ မီးလိုပဲ။ ဒီတော့ ငါ ဆီနည်းနည်းလောင်းပြီးတော့ ကုလားဖန် ထိုးခဲ့တာပေါ့”
ရှမ့်လန်က ထိုစကားကို ကြားသည့်အချိန်မှာတော့ ဤအစ်ကိုကြီးသည် မာယာမျဉ်းပြိုင်စာအုပ်ကို သေသေချာချာ ဖတ်ရှုခဲ့ပြီးပြီ ဖြစ်ကြောင်း နားလည်လိုက်မိ၏။
“အစ်ကိုကြီး .... တကယ်တော့ ခင်ဗျားက မာယာမျဉ်းပြိုင်စာအုပ်ကို ရေးသားခဲ့သင့်တာ”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ငါ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ သေသေချာချာ မရေးခဲ့နိုင်ဘူး”
ရှမ့်လန်က မေးလိုက်သည်။ “ဘာလို့ သေသေချာချာ မရေးနိုင်ရတာလဲ”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ညီလေးလန်... မင်းစာအုပ်ရဲ့ အဆင့်အတန်းက အရမ်းကို နိမ့်ပါးလွန်း တယ်။ ဒီကိစ္စကို ငါသာ ဆက်ရေးမယ်ဆိုရင် ငါ့ရဲ့ခံစားချက်တွေကို သေသေချာချာ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး”
ရှမ့်လန်က ကြောင်အသွား၏။ ‘အစ်ကိုကြီး.. ကျုပ်ရဲ့ မာယာမျဉ်းပြိုင်စာအုပ်က မူရင်းထက်တောင် ပိုပြီးတော့ ကောင်းတာဗျ။ ခင်ဗျားက ဘယ်လိုဖြစ်ပြီး နိမ့်ပါးတယ်လို့ ထင်နေရတာလဲ။ ဘာလဲ။ ခင်ဗျားက ထူးဆန်းသော သစ်သားရုပ်စာအုပ်ကို ဆက်ရေးဖို့တောင် ပြင်နေတာလား’
ပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကြီး... ခင်ဗျား အရှေ့အရပ်က ဒဏ္ဍာရီစာအုပ် ရေးချင်လို့လား”
ယွမ်မင်ကျယ်က တုန်လှုပ်သွားခဲ့၏။ သူသည် အလောတကြီးနှင့် အနားပတ်ဝန်းကျင်ကို လှမ်းကာ ကြည့်ရှုရင်း လက်ကို ဝှေ့ယမ်းလိုက်၏။ “ပေါက်ကရတွေ မပြောနဲ့၊ ပေါက်ကရတွေ လျှောက်မပြောနဲ့။ သေကုန်လိမ့်မယ်”
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကြီး.. ဒါဆိုရင် ကျုပ်သွားပြီ။ ဒီတော့ ကျုပ်တို့ ထပ်မတွေ့ခင် အချိန် အတော်ကြာလိမ့်မယ် ထင်တယ်”
စိတ်နှင့် ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာဖြစ်ပြီးနောက် သူသည် ကြမ်းတမ်းသည့် တိုက်ပွဲ တစ်ခုကို ကြိုဆိုရပေလိမ့်မည်။ ကြမ်းတမ်းသည့် တိုက်ပွဲပြီးနောက်မှာတော့ ပိုမို ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုကို ထပ်မံကာ ရင်ဆိုင်ရပေဦးမည်။
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ငါက အသုံးမဝင်တဲ့ လူတစ်ယောက်ပဲ။ ဒီတော့ မင်းကို ဘာမှ မကူညီ ပေးနိုင်ဘူး။ မင်းအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရရှိဖို့ပဲ ငါ ဆုတောင်းပေးနိုင်လိမ့်မယ်”
ပြီးနောက် သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြောဆိုလိုက်၏။
ရှမ့်လန်သည် အသာဦးညွတ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့၏။ ဤသို့နှင့်ပင် ရှမ့်လန်သည် ယွမ်မင်ကျယ်၏ အိမ်တော်ဆီမှ သူတောင်းစားတစ်ယောက်၏ အဝတ်အစားကဲ့သို့ စုတ်ပြတ်သတ်လျက် ရှိနေသည့် ပုံစံသွင်ပြင်မျိုးနှင့် ထွက်ခွာသွားသည်။
အိမ်တော်၏ အပြင်ဘက်မှာတော့ ရှမ့်ဆယ့်သုံးက ရပ်လျက်ရှိနေ၏။ အရူးကြီးမှာတော့ စိတ်အားထက်သန်စွာဖြင့် ပြေးလွှားလာ၏။ “အရူးလေး.. မင်းရဲ့အဝတ်အစားတွေက ဘယ်လိုဖြစ်ရတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... လွန်ခဲ့တဲ့ညက သားကောင်တစ်ယောက်နဲ့ တိုက်ခိုက်ပြီး ဖြစ်သွားခဲ့တာပဲ”
အရူးကြီးက မေးလိုက်၏။ “မင်း... နင်ယန်နဲ့ တိုက်ခိုက်ခဲ့တာ မဟုတ်လား”
ရှမ့်လန်က တွန့်ကနဲ ဖြစ်သွားသည်။ “မင်း ဘယ်လိုသိတာလဲ”
အရူးကြီးက ပြောလိုက်၏။ “အင်း... သိတယ်လေ။ နင်ယန်ကလည်း ခုနက ဒေါသတကြီးနဲ့ ထွက်လာခဲ့တယ်။ နောက်တစ်ကြိမ်ကျရင် ရိုက်သတ်ပစ်မယ်လို့တောင် အော်ဟစ်သွားခဲ့သေးတယ်”
“နောက်တစ်ကြိမ်... နောက်တစ်ကြိမ် ဟုတ်လား။ အိပ်မက်သာ မက်နေလိုက်။ နင်ယန်... ခင်ဗျား ကျားမက အရမ်းကို လှတယ်။ ဒါပေမဲ့ ဘယ်တော့မှ ခင်ဗျားနဲ့ ကျုပ်နဲ့ ထပ်မတွေ့တော့ဘူး။ ကျုပ် ခင်ဗျားကို ထပ်ပြီးတော့ ရန်မစရဲတော့ဘူး”
ဟွမ်ဖန်ကို ကျော်ဖြတ်လာသည့် အချိန်မှာတော့ သူသည် ခပ်တိုးတိုး အသံတစ်ခုကို ကြားလိုက်ရ၏။ “အရှုံးသမား...”
‘ငါက အတင်းကို တွန်းအားပေးခံခဲ့ရတာလေ။ ဘယ်လိုဖြစ်ပြီးတော့ ငါက ရှုံးတဲ့လူတစ်ယောက် ဖြစ်ရမှာလဲ’
သူ့အနေနှင့် ထိုကဲ့သို့ ခွန်းတုံ့ပြန်ချင်၏။ သို့ပေမည့် ထားလိုက်ပါတော့။ ဤကဲ့သို့ ရုပ်ဆိုးသည့် မိန်းကလေးကို ရှင်းပြလည်း နားလည်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သခင်ဖြစ်သူကလည်း သူမကို ပြန်လည်ကာ သည်းခံရပေလိမ့်မည်။ ထိုသို့နှင့်ပင် ရှမ့်လန်သည် သူတောင်းစားကဲ့သို့သော အဝတ်အစားဖြင့် မြို့တော်ထဲတွင် လှည့်လည်သွားလာလျက် ရှိနေ၏။
“ဒါ အသုံးမဝင်တဲ့ ရှမ့်လန် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ မောက်မောက်မာမာနဲ့ လျှောက်သွား နေရတာလဲ”
“ခေါင်းတစ်ခါခါ၊ အမြီးတစ်ယမ်းယမ်းနဲ့ သူ့ကိုကြည့်ရတာ ခွေးလိုပဲ” အားလုံးသော သူတို့၏ မှတ်ချက်က ထိုကဲ့သို့ပင် ဖြစ်သည်။
ပြီးတော့ အမျိုးသမီးများ၏ မှတ်ချက်ကလည်း ပေါ်ပေါက်လာ၏။ “ဟင်း... တကယ့်ကို ချောတာပဲ။ သူတောင်းစားလို ဝတ်ထားတာတောင်မှ ချောနေတုန်းပဲ။ ဒီနန်းမြို့တော်တစ်ခုလုံးမှာ ရှိတဲ့ အချောဆုံးလူ လေးယောက်ထဲက တစ်ယောက်ပဲ။ သူက မိန်းမတွေထက်တောင် ပိုပြီးချောနေသေးတယ်”
“ကံဆိုးတာက သူက ကောင်းမွန်တဲ့ဟိတ်ဟန် မရှိတာ တစ်ခုပဲ။ ခေါင်းတစ်ခါခါ အမြီးတစ်ယမ်းယမ်းနဲ့ သူ့ကို ကြည့်ရတာ ခွေးလိုပဲ”
လူများက သူ့ကို ပိုမိုကြည့်ရှုရင်း ချီးကျူးလေ သူက ပိုမိုကာ သဘောကျလေပင်။
…
ထိုကဲ့သို့သော အခြေအနေမျိုး၏ အခန်းတစ်ခုထဲမှာတော့ ကျန်းချုံးသည် သူ၏ ပိန်ပါးလျက်ရှိနေသည့် ခန္ဓာကိုယ်နှင့်အတူ မှန်ရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူက စစ်သည် နန်းတွင်းအမှုထမ်းဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ အကျဉ်းချခံရမှုမှ လွတ်မြောက်လာခဲ့ပြီးနောက် ကျန်းမိသားစုသည် ဆင်းရဲ နွမ်းပါးလျက် ရှိနေတုန်းပင်။ ထို့ကြောင့် မှန်ကြီးကြီးကို မဝယ်နိုင်ချေ။ ဤမှန်ကြီးက ရှမ့်လန် လက်ဆောင်ပေးခဲ့ခြင်းဖြစ်၏။
အမှုထမ်းဝတ်စုံကို ဝတ်ဆင်ပြီးနောက် ကျန်းချုံးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ အမှုထမ်း ဝတ်စုံသည် သူ့အတွက် အနည်းငယ် ကြီးသွားသည့်ပုံ ပေါ်၏။ မဟုတ်သေးပေ။ အမှုထမ်းဝတ်စုံက ကြီးမား သွားခြင်း မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်က ပိန်သွားခြင်းသာလျှင် ဖြစ်သည်။
“အဖေ.. အနည်းဆုံး နာမကျန်းဖြစ်နေတာကနေ ပြန်ပြီး ကောင်းလာတဲ့အချိန်မှာ တစ်လလောက် လှဲနေသင့် တယ်။ အခု ဆယ်ရက်လောက်ပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီးတော့ ညီလာခံ သွားဖို့ ပြင်နေရတာလဲ”
ကျန်းချုံးက မည်သည့်စကားမှ မဆိုချေ။ သူသည် ခေါင်းပေါ်သို့ အမှုထမ်းဦးထုပ်ကို တင်ကာဖြင့် တံခါးပေါက်ဝ၏ အပြင်ဘက်ဆီသို့ လျှောက်ထွက်သွားခဲ့၏။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူသည် မူးဝေမှုကို ခံစားလိုက်မိ၏။ အရှိန်ကိုလျှော့ပြီး မျက်လုံးကို အသာမှိတ်လိုက်၏။ ပြီးနောက် အပြင်ဘက်သို့ အသာလျှောက်သွားကာဖြင့် ရထားလုံးပေါ်သို့ တက်လိုက်၏။ နန်းတော်၏ တည်နေရာဆီသို့ ဦးတည်ကာ သွားလေ၏။
နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် အားလုံးသောသူတို့သည် ရှေ့တက်ကာဖြင့် သူ့ကို ကြိုဆိုနေခဲ့၏။ “ခင်ဗျား အိမ်မှာ အေးအေးဆေးဆေး နားမနေဘဲနဲ့ ဘယ်လိုဖြစ်ပြီး လာရတာလဲ”
ကျန်းချုံးသည် ပြုံးကာ ပြောလိုက်၏။ “ကျုပ်အနေနဲ့ အရင်တုန်း ညီလာခံ သိပ်ပြီး တက်ဖူးတာ မဟုတ်ဘူး။ လောကကြီးကို သိပ်ပြီး မြင်ဖူးတာမဟုတ်ဘူး။ ဒါကြောင့် ညီလာခံတက်ရတဲ့ ခံစားချက်မျိုးက ဘယ်လိုနေလဲဆိုတာ သိချင်လို့ စောစောစီးစီး ရောက်လာရတာပဲ”
ညီလာခံ မတက်ရောက်ခင်တွင် ဤကဲ့သို့ အကြောင်းအရာမျိုးနှင့် ပြောဆိုဆွေးနွေးလျက် ရှိနေခြင်းမှာ သဘာဝပင် ဖြစ်၏။ ညီလာခံထဲတွင် ရှိနေသည့် အဆင့်မြင့်ဝန်ကြီးတို့၏ ပုံမှန်သွင်ပြင်က ဤကဲ့သို့ပင် ဖြစ်၏။ သူတို့အနေနှင့် တကယ့် ညီလာခံ၌ ပြင်းပြင်းထန်ထန်နှင့် ဆွေးနွေးငြင်းခုံခြင်း ပြုလုပ်လျှင်တောင်မှ ညီလာခံ မစခင်တွင် ဤကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် ရယ်မောကာ စနောက်သည့် ဓလေ့တော့ တည်ရှိသည်။
ကျန်းချုံးသည် ယခင်တုန်းက ညီလာခံကို များများစားစား တက်ဖူးသူတစ်ယောက် မဟုတ်ချေ။ နုကျန့်စီရင်စုကို တာဝန်ယူရသည့်အချိန်တုန်းက သူသည် မြို့တော်၏ အဆင့်ငါး ရာထူးအရာခံ တစ်ယောက်သာလျှင် ဖြစ်၏။ ထို့ကြောင့် ညီလာခံ တက်ရောက်ရန် အရည်အသွေး မပြည့်မီခဲ့ချေ။ ယခု အင်ပါယာမှတ်တမ်းရုံး၏ ညာလက်ရုံး အတွင်းဝန် ဖြစ်လာခဲ့ပြီးနောက် သူ၏ ဂုဏ်သိက္ခာသည် တော်တော်တန်တန်ကို မြင့်မားခဲ့ပြီ ဖြစ်၏။
စုနန်က ပြုံးကာ ပြောလိုက်သည်။ “အင်း ကျန်းချုံး.. ဒီနေ့အတွက် ဘယ်လိုမှတ်တမ်းတွေများ ယူလာခဲ့သေးလဲ”
ကျန်းချုံးက ပြုံးကာ ပြောလိုက်၏။ “တချို့ဟာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့ ဒါကို ထုတ်သင့် ရဲ့လား၊ မထုတ်သင့်ရဲ့လားတောင် မသိဘူး”
စုနန်က ပြောလိုက်၏။ “ကောင်းတယ်။ ကောင်းတယ်။ ကြိုးစား ...။ ”
ခဏလောက်ကြာပြီးနောက် အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အိမ်ရှေ့စံမင်းသားသည် ဟောခန်းထဲသို့ ဝင်ရောက်လာ၏။ ပြီးနောက် ပုလ္လင်၏ ညာဘက်ခြမ်းတွင် အသာဝင်ကာ ထိုင်လိုက်၏။
“အဖေက မကြာခင် နန်းတော်ဆီ ပြန်လာလိမ့်မယ်။ နန်းတော်က လောလောဆယ်မှာ နည်းနည်း စိုးရွံ့စရာ ဖြစ်နေလိမ့်မယ်။ ညီလာခံထဲမှာရှိနေတဲ့ ဝန်ကြီး၊ ဝန်မင်းတွေ ကြိုးစားပေးခဲ့တာကို ကျုပ် ကျေးဇူးတင်ပါတယ်။ အဖေ မရှိတဲ့ ဒီရက်ပိုင်းအတွင်းမှာ ငြိမ်းချမ်းနေလိမ့်မယ်လို့ ကျုပ်ထင်တယ်။”
အိမ်ရှေ့စံမင်းသား ပြောပြီးသည့်အချိန်မှာပဲ နန်းတော်ကြီးတစ်ခုလုံးသည် အမဲလိုက်ပွဲနှင့် ပတ်သက်သည့် ရလဒ်ကို သိရှိပြီးဖြစ်ကြောင်း နားလည်သွားခဲ့၏။ သို့ပေမည့် အားလုံးသော သူတို့သည် အမဲလိုက် ထွက်သွားသည့် ဘုရင်နှစ်ပါးအကြောင်းကို ကောင်းကောင်းသိရှိ၏။ ထို့အပြင် ရွှဲ့ပြည်နယ်က ရှုံးနိမ့်ခဲ့သည်။
စစ်တုရင်ပွဲတွင် ရှုံးနိမ့်သည်သာမက စစ်ပြိုင်ပွဲတွင်လည်း ရှုံးနိမ့်ခဲ့၏။ ရှုံးနိမ့်ခဲ့သည်သာမက တော်တော်ကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ မြင်ကွင်းက တကယ့်ကို ဆိုးဝါးခဲ့၏။
ဤအချိန်မှာတော့ ညီလာခံထဲတွင် ရှိနေသည့် အခြေအနေတစ်ခုလုံးက ပိုမိုကာ စိတ်မသက်မသာ ဖြစ်သွားခဲ့၏။ နိုင်ခဲ့သည်ဆိုလျှင် ကောင်းကင်သို့ ရောက်သည်အထိ မြှောက်ပင့်ကာ ချီးကျူးပြောဆိုရမှာ ဖြစ်နေ၏။ ရှုံးနိမ့်သည် ဆိုပါက ဘာမှမဖြစ်ခဲ့သကဲ့သို့ပင် ဟန်ဆောင်ရပေလိမ့်မည်။ မည်သည့်ပျော်ရွှင်မှုကိုမှ မခံစားရသလို မည်သည့် ဝမ်းနည်းမှုကိုမှ မခံစားရသည့် ပုံစံမျိုးနှင့် ရှိရပေလိမ့်မည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် မိန်းမစိုးက ကျယ်လောင်စွာ ပြောလိုက်သည်။ “အင်း.. ဝန်ကြီး၊ ဝန်မင်းတွေမှာ တင်ပြစရာတွေ ရှိလိမ့်မယ်။ ဒီတော့ ညီလာခံမှာ တင်ပြစရာမရှိရင် ညီလာခံကို သိမ်းကြတာပေါ့”
အားလုံးသော သူတို့၌ တင်ပြစရာ မရှိပေ။ ထို့ကြောင့် မည်သူမှ ဒုက္ခမခံနိုင်တော့ချေ။ မဟုတ်ပါက ဘုရင်မင်းမြတ်၏ ဒေါသတရားကို ခံစားရမှာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အမဲလိုက်ပွဲက ရှုံးနိမ့်ခဲ့သောကြောင့်ပင်။
ဤအရာသည် ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့၏။ ဘုရင်မင်းမြတ်၏ ကိုယ်ရည်ကိုယ်သွေးကို အားလုံးသောသူတို့က ကောင်းကောင်းသိရှိပြီး ဖြစ်၏။ မပျော်ရွှင်သည်ဆိုပါက ရွှဲ့ပြည်နယ်၏ ကောင်းကင်ကြီးတစ်ခုလုံးကို မီးနှင့်တက်ကာ ရှို့မည့်လူမျိုးပင်။ သူ၏ ဒေါသတရားများကို တခြားသော သူများဆီသို့ ပုံချဖို့ အဆင်သင့်ဖြစ်နေမှာ အမှန်ပင် ဖြစ်၏။
နုကျန့်စီရင်စု၏ မူဝါဒသစ် နောက်ဆုံးအကြိမ်တုန်းက ကျရှုံးခဲ့၏။ ထိုကဲ့သို့သောအချိန်တုန်းက ညီလာခံ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သူတို့ မျက်မြင် မြင်တွေ့ခဲ့ပြီးသား ဖြစ်၏။ အားလုံးသောသူတို့သည် ခေါင်းကိုငုံ့၊ ဇက်ကိုပုကာဖြင့် ဖင်ရှုံ့ကာ အထဲသို့ ဝင်ရသည်။
ဘုရင်မင်းမြတ်၏ ဒေါသတရားများသည် သူတို့ဆီသို့ ကျရောက်မလာခဲ့ကြောင်း သိရှိမှသာလျှင် စိတ်သက်သာရာ ရသလို သက်ပြင်းချနိုင်၏။
နောက်ဆုံးအကြိမ် ဘုရင်မင်းမြတ်၏ ဒေါသတရားကြောင့် ဖြစ်လာခဲ့သည့် အကြောင်းအရာများက ဘာဖြစ်သနည်း။ ကျန်းချုံးသည် နှစ်ဝက်နီးပါးလောက် အကျဉ်းချခံရပြီး အကျဉ်းထောင်ထဲတွင်ပင် သေလုမတတ် ဖြစ်ခဲ့သည်။
နုကျန့်စီရင်စုတွင် ရှိနေသည့် အရာရှိအရာခံ တစ်ဒါဇင်ကျော်တို့က သတ်ဖြတ်ခံလိုက်ရ၏။ ထန်မိသားစု၏ လူပေါင်းထောင်ချီနီးပါး တို့က သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ ညီလာခံထဲတွင် ရှိနေသည့် အရာရှိများအားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကို ခံရပြီး အကျဉ်းချခြင်းကိုလည်း ခံရ၏။ လူတစ်ဒါဇင်လောက်သည် ရာထူးမှ ဖယ်ရှားခြင်းကို ခံခဲ့ရ၏။
သို့ပေမည့် မျက်နှာပြင်ထက်တွင်တော့ နုကျန့်စီရင်စု၏ မူဝါဒသစ်က ကြီးကြီးကျယ်ကျယ် အောင်မြင်သွားခဲ့သည့် ပုံပင်။ တော်ဝင်မျိုးနွယ်ဟောင်းကြီး ထန်ကလန် သုတ်သင်ရှင်းလင်းခြင်းကို ခံရပြီး ထိုသူတို့၏ လယ်ယာမြေ အားလုံးကို ပြန်လည်သိမ်းဆည်းခဲ့၏။ စစ်တပ်အင်အား အားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပြီး လေ့ကျိုးကျွန်းစုကြီး တစ်ခုလုံးကိုလည်း ဘုရင်မင်းမြတ်က ထိန်းချုပ်နိုင်ခဲ့၏။ ဤအရာကို မြှောက်ပင့်ကာ ပြောဆိုရမည်ဆိုလျှင် ကြီးမားသည့် အောင်မြင်မှုတစ်ခု ရခဲ့ပုံပင်။။
နှစ်ပေါင်းတစ်ရာကြာမြင့်ပြီးနောက် သမိုင်းမှတ်တမ်းထဲတွင် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ဤကဲ့သို့ပင် နယ်မြေများကို တိုးချဲ့နိုင်ခဲ့သည်ဟု ရေးသားပေလိမ့်မည်။ သို့ပေမည့် ဤအချိန်မှာတော့ နယ်စပ်အမဲလိုက် တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ တကယ့်ကို ကြီးမားသည့် ရှုံးနိမ့်မှုအဖြစ်နှင့် ပြီးဆုံးသွားခဲ့ခြင်းပင်။ ထိုအရာကို မည်မျှ ဖုံးကွယ်ရန် ကြိုးစားမည်မဆို၊ ထိုအရာကို မည်မျှ လျစ်လျှူရှုမည်မဆို ကျိန်းသေပေါက် ဖြစ်နိုင်လိမ့်မည်တော့ မဟုတ်ချေ။
ဤအချိန်မှာတော့ ဘုရင်မင်းမြတ်သည် ဂုဏ်သိက္ခာကျရှုံးခြင်းထက် ပိုမိုကာ ဆိုးဝါး၏။ ထိုသို့ဆိုလျှင် အကျိုးဆက်က ဘာဖြစ်နိုင်မည်နည်း။ သူ၏ဒေါသက မည်မျှ တုန်လှုပ်စရာ ကောင်းလိမ့်မည်နည်း။ ဤအကြိမ်တွင် လူဘယ်လောက်များများ သေဆုံးလိမ့်မည်နည်း။ ဤအရာကို နတ်ဘုရားများသာလျှင် သိရှိပေ လိမ့်မည်။