← Chapters

အခန်း (၃၃၄)

Vol. 24 Ch. 334

အခန်း (၃၃၄)

Vol. 24 Ch. 334

ရေနက်တပ်ဖွဲ့ဆီမှ ကျွမ်းကျင်သူ... အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် ကျွမ်းကျင်သူ တစ်ရာကျော်တို့သည် ကျန်းမိသားစု၏ ခြံဝန်းဆီသို့ အလျင်စလို ဝင်ရောက်လာခဲ့ပြီး ရှမ့်လန်ကို ဖမ်းဆီးခဲ့၏။

ကျန်းယွမ်နယ်စားအိမ်တော်၏ အတွင်းမှာတော့ ...

“အဖေ.. ရေနက်တပ်ဖွဲ့က စစ်သည်တော်တွေက ကျန်းမိသားစုရဲ့ အိမ်ထဲကိုဝင်ပြီးတော့ ရှမ့်လန်ကို ဖမ်းခဲ့တယ်”

စုနန်သည် အပျင်းကြောကို ဆန့်လိုက်၏။ ပြီးနောက် ကောင်းကင်ပေါ်ကို လှမ်းကာ ကြည့်ရှုရင်း မုန်တိုင်းကြီး တိုက်လာမည်ကို စောင့်မျှော်လျက်ရှိနေသည့်ပုံပင်။

“ဒီကောင်ကတော့ သေပြီပဲ”

ရေနက်တပ်ဖွဲ့နှင့် ငွေရောင်ဝတ်စုံဝတ်အဖွဲ့အစည်းတို့သည် တူညီသည့်အဖွဲ့အစည်းတစ်ခုဟု အဓိပ္ပာယ် ဖော်နိုင်၏။ သူတို့သည် ဘုရင်မင်းမြတ်အား အကူအညီပေးပြီး လောကကြီးတစ်ခုလုံးတွင် ရှိနေသည့် အဖွဲ့အစည်းအားလုံးတို့ကို စစ်ဆေးကြည့်ရှု စောင့်ကြည့်ရသည့်အလုပ်ကို ပြုလုပ်ကြ၏။

နောက်ပိုင်းမှာတော့ နန်းတွင်းထဲတွင်ရှိသည့် ဝန်ကြီး၊ ဝန်မင်းအားလုံးတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ငွေရောင်ဝတ်စုံဝတ် အဖွဲ့အစည်းသည် တဖြည်းဖြည်းနှင့် အင်အားနည်းပါးလာခဲ့၏။ ပြီးနောက် သူတို့သည် မှတ်တမ်းရုံးနှင့် ပူးပေါင်းဆောင်ရွက်ရသည့် အဖွဲ့အစည်း ဖြစ်သွားခဲ့သည်။

ရေနက်တပ်ဖွဲ့မှာတော့ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့၏။ ဟုတ်ပေ၏။ ငွေရောင်ဝတ်စုံဝတ် အဖွဲ့အစည်းသည် မှတ်တမ်းရုံးမှ ပိုင်ဆိုင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သော်လည်း ရေနက်တပ်ဖွဲ့ အုပ်ချုပ်ရေးမှူးများဆီမှ အမိန့်အာဏာကို ဆက်ခံရယူလျက်ရှိနေသေး၏။

ရေနက်တပ်ဖွဲ့၏ အုပ်ချုပ်ရေးမှူး ရန်အီသည် ဆန်းကြယ်သည့် လူတစ်ယောက်ဖြစ်၏။ သူ၏ သိုင်းပညာ အဆင့်အတန်းသည် တကယ့်ကို ကောင်းမွန်လွန်း၏။ သူ၏သိုင်းပညာသည် ရန်နန်းဖေးနှင့် နှိုင်းယှဉ်၍ မရသော်လည်း တော်တော်လေး ကောင်းမွန်သည်။

သို့ပေမည့် ဤလောကကြီးထဲတွင် ဩဇာအာဏာကသာလျှင် နံပါတ်တစ်ဖြစ်၏။ မည်မျှ တော်လွန်းသည့် လူတစ်ယောက်ဖြစ်စေ သိုင်းပညာကို ထုတ်ဖော်ပြသရန် မနှစ်သက်ကြချေ။ ကျန်းချုံး၏ သိုင်းပညာကလည်း တကယ့်ကို ကောင်းမွန်လွန်း၏။ သို့ပေမည့် သူသည် အဆင့်ငါးအရာရှိ ဖြစ်စဉ်တည်းက တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးချေ။ ရွှဲ့ပြည်နယ်ထဲတွင် ဩဇာအာဏာကသာလျှင် ကြောက်ရွံ့စရာဖြစ်၏။

ရေနက်တပ်ဖွဲ့၏အဖွဲ့ဝင် ရန်အီသည် ထိပ်တန်းစွမ်းအားမြင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ ထန်ယင်ပင်လျှင် သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရွှဲ့ပြည်နယ်၏ အားကောင်းသည့် အရာရှိ၊ အရာခံအားလုံးကို မည်သူ သတ်ဖြတ်ခဲ့သနည်း။ ရန်အီပင် ဖြစ်သည်။

နင်ယွမ်ရှန်း အိမ်ရှေ့စံမင်းသားအဖြစ် ဖြစ်တည်ခဲ့စဉ်က စစ်သူကြီးပေါင်းများစွာတို့သည် နင်ယွမ်ဝူကို ထောက်ပံ့ ပေးခဲ့၏။ ပျံ့ရှောင်းတစ်ယောက် ရွှဲ့ပြည်နယ်ဆီသို့ ပူးပေါင်းလာသည့် အချိန်မှသာလျှင် အခြေအနေ တစ်ခုလုံးက ပြောင်းပြန်လှန် သွားခဲ့၏။

နင်ယွမ်ရှန်း နန်းပလ္လင်ကို ဆက်ခံပြီးနောက် လူမည်မျှများများကို သတ်ဖြတ်ခဲ့သနည်း။ အားကောင်းသည့် အဖွဲ့ဝင် မည်မျှများများ ရှိသနည်း။ ထို့အပြင် စစ်သည်များထဲမှ ချမ်းသာသည့် မိသားစု မည်မျှ များပြားစွာ ရှိသနည်း။ ထိုသူတို့အားလုံးသည် မည်မျှ များပြားသည့် အရေအတွက်ဖြင့် သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရသနည်း။ ထိုကဲ့သို့ မရေတွက်နိုင်အောင်များပြားသည့် လူများကို သုတ်သင်ရှင်းလင်းသည့်အလုပ်ကို ပြုလုပ်ခဲ့သည့် တစ်ဦးတည်းသောလူမှာ ရန်အီပင် ဖြစ်သည်။

ပြီးနောက် ကျိုးကျောင်းကွမ်၊ ကျောင်းရန်အဖေ၏ ပုန်ကန်သည်ဟု အမည်တပ်ထားသည့်အမှုတွင် မိသားစု တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည့်လူကလည်း ရန်အီပင်ဖြစ်၏။ သူသည် တကယ့်ကို ငရဲဘုရင်တစ်ပါး ဖြစ်၏။

သို့ပေမည့် လတ်တလောအခြေအနေတွင် သူက သီးခြားနေထိုင်လျက် ရှိနေပြီး တစ်နှစ်ပတ်လုံး ရေနက်တပ်ဖွဲ့ထဲတွင်သာ နေထိုင်၏။ အပြင်ကို တစ်ခါမှ မထွက်သလို ညီလာခံကို တက်ရောက်ခြင်းလည်း မရှိချေ။ ငရဲဘုရင်သည် နှစ်ပေါင်းများစွာတိုက်ခိုက်ခြင်းကို မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် လူတော်တော်များများက သူ့ကို မမြင်ခဲ့ချေ။ ရှမ့်လန်ပင်လျှင် ထိုလူ၏ မျက်နှာသွင်ပြင်ကို မမြင်ခဲ့ဖူးချေ။

ရေနက်တပ်ဖွဲ့သည် ရဲတိုက်ကြီးတစ်ခုဖြစ်၏။ အမဲရောင်ကျောက်များနှင့် ဖန်တီးပြုလုပ်ထားသည့် အရာတစ်ခုဖြစ်ပြီး မိုးရွာချသည့်အချိန်တိုင်းတွင် ထိုရဲတိုက်ကြီးသည် အရည်ပျော်၍ ကျဆင်းလာသကဲ့သို့ပင် မဲနက်လျက် ရှိနေစေ၏။ ကျောက်တုံးများက သဘာဝအားဖြင့် အေးစက်လျက် ရှိနေ၏။

ကြည့်ရသည်မှာ ငရဲဘုရင်ကြောင့်ပင် ရေနက်တပ်ဖွဲ့၏ ရဲတိုက်က အေးစက်လျက် ရှိနေ၏။ အထဲသို့ ဝင်လာသည့်လူများသည် မည်သို့မှ မနေနိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးအေးစက်၍ တုန်ယင်မှုကိုခံစားရ၏။ မည်မျှ အဆင့်အတန်း မြင့်မားသည့် အရာရှိ၊ အရာခံ သို့မဟုတ် သာမန်လူ မည်သူပဲဖြစ်ဖြစ် ဤနေရာဆီသို့ ဖြတ်သန်း ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကြောက်လန့်မှု၊ ထိတ်လန့်မှုကို ခံစားရပေလိမ့်မည်။

ဤနေရာတွင် လူပေါင်းများစွာက သေဆုံးခဲ့ကြပြီး မည်မျှ များပြားပြီး အခဲမကျေနိုင်သည့် ဝိညာဉ်များက ဤနေရာတွင် ရှိနေမည်ဖြစ်ကြောင်း မသိရှိနိုင်ချေ။ ညရောက်တိုင်း မနီးမဝေးတည်နေရာတွင် ဝိညာဉ်များ၏ အော်ညည်းသံ၊ ဝံပုလွေများ၏ အူသံများကို ကြားနေရ၏။ တကယ့်ကို အစစ်အမှန် ငရဲကြီး တစ်ခုကဲ့သို့ပင် အေးစက်ပြီး ကြောက်မက်ဖွယ်ရာကောင်း၏။

ထိုအချိန်မှာတော့ ရှမ့်လန်သည် ငရဲခန်းဆီသို့ ရောက်ရှိတော့မည် ဖြစ်၏။ ရှမ့်လန်ကို ဖမ်းဆီးပြီး ထိပ်မှ ဦးဆောင်ကာ ခေါ်ယူသွားသည့်လူသည် ရေနက်တပ်ဖွဲ့၏ အဓိကလူပင် ဖြစ်၏။ ဟုတ်ပေ၏။ ဤလူသည် ရန်နန်းဖေး၏ တပည့်တစ်ယောက်လည်း ဖြစ်သည်။

ရေနက်တပ်ဖွဲ့၏ များပြားလှသည့် စစ်သည်တော်အားလုံးသည် တောင်ပင်လယ်ဓားဂိုဏ်းဆီမှ ရောက်ရှိ လာခဲ့ကြသည့် လူများဖြစ်ပြီး ဝူအန်းမြို့စားအိမ်တော် ရွှယ်မိသားစုသည် ရေနက်တပ်ဖွဲ့ တစ်ခုလုံးကို ကြီးမားစွာ လွှမ်းမိုးထားခဲ့၏။

နင်ယွမ်ရှန်း နန်းပလ္လင်ကို တိုက်ခိုက်သည့်အချိန်တွင် ဝူအန်းမြို့စားအိမ်တော်သည် ဘေးတစ်ဖက်တွင် မားမားမတ်မတ် ရပ်တည်ပြီး ကြီးမားသည့် စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခဲ့၏။ ရေနက်တပ်ဖွဲ့သည် ဘုရင်မင်းမြတ် ကိုသာလျှင် သစ္စာခံသည်။

သို့ပေမည့် ရွှယ်မိသားစုနှင့် တတိယမင်းသားတို့သည် နီးကပ်ပတ်သက်သည့် ဆက်သွယ်မှု တည်ရှိနေသောကြောင့် ရေနက်တပ်ဖွဲ့သည် တတိယမင်းသားကို ထောက်ပံ့သည်ဟု အဓိပ္ပာယ်ဖော်၏။ ကျုံးကလန်၊ ရွှယ်ကလန်တို့၏ ထောက်ပံ့မှုနှင့်အတူ တတိယမင်းသားသည် အိမ်ရှေ့စံမင်းသားနှင့်အတူ ယှဉ်ပြိုင်၍ မတ်မတ်ရပ်နိုင်ခြင်းဖြစ်၏။

စုနန်သည် တကယ့်ကို အားကောင်း၏။ သူ၏လွှမ်းမိုးမှုသည် ညီလာခံ၏ မျက်နှာသွင်ပြင်ပေါ်မှာ တည်ရှိ၏။ ရွှယ်မိသားစုမှာတော့ အစစ်အမှန် အားကောင်းခြင်းဖြစ်သည်။ သူတို့သည် အမှောင်ထဲတွင် မတ်မတ်ရပ်ကာဖြင့် အရာအားလုံးကို လွှမ်းမိုးလို့ ထားသည်။

“အစ်ကိုကြီး... ကျုပ်ဒီနေရာကို ခွေးတစ်ကောင် ခေါ်ခဲ့တယ်” ထိုသူသည် လှမ်းကာပြောဆိုလိုက်၏။

ဤနေရာတွင် အပြစ်သားများကို နာမည်တပ်သည့် ပုံပန်းသွင်ပြင်က ထူးခြား၏။ အဆင့်တူ အချင်းချင်းတွင် အစ်ကိုကြီးဟု ခေါ်ဆိုတတ်ကြပြီး အကျဉ်းသားများကိုတော့ ထူးခြားသည့် နာမည်များ ပေးအပ်၏။ တကယ့်ထိပ်တန်း တော်ဝင်မျိုးနွယ်များဆိုလျှင် သားရဲဟုခေါ်ဆိုပြီး အဆင့်မြင့်အဖွဲ့ဝင်များ ဆိုပါက ငှက်ဟု ခေါ်ဆို၏။ ဘယ်သူမှ မဟုတ်သည့်လူမျိုးဆိုလျှင် ခွေးဟုခေါ်ဆိုသည်။

ရေနက်တပ်ဖွဲ့ထဲတွင် ရှမ့်လန်သည် ဘာမှမဟုတ်သည့် လူတစ်ယောက်သာလျှင် ဖြစ်၏။

ဂိတ်တံခါးကို စောင့်ကြပ်နေသည့် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသောသူသည် ရှမ့်လန်ကို လှမ်းကြည့်သည်။ “ဒါ နည်းနည်းလေးဖြူတဲ့ခွေးပဲ”

ဂျိန်း...

အလင်းတန်းများ ဖြတ်သန်းသွား၏။ မိုးချိန်းသံများက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ ထိုသူက လှမ်းကာ ပြောဆိုလိုက်၏။ “မကြာခင် မိုးရွာတော့မှာပဲ။ အစ်ကိုကြီး... ကျုပ်တို့ အခွင့်အရေးကို အရယူပြီး ဒီခွေးဖြူလေးရဲ့ ပါးစပ်ကို ဖွင့်ဟအောင် မလုပ်နိုင်ဘူးဆိုရင် ကျုပ်တို့ ညံ့ဖျင်းသလို ဖြစ်လိမ့်မယ်”

သူတို့သည် တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းသည့် အပြစ်ပေးမှုများကို ပြုလုပ်တော့မည်ဖြစ်၏။ စကားနှင့် ထုတ်ဖော်ပြောဆိုရန် မထိုက်တန်သည့် အရာမျိုးပင်ဖြစ်သည်။

ထိုသူက လှမ်းကာ ပြောလိုက်၏။ “အလျင်မလိုနဲ့အုံး။ ဒီခွေးဖြူလေးက ရေနက်တပ်ဖွဲ့အကျဉ်းထောင်ထဲ ဝင်ဖို့ အရည်အချင်းတောင် မရှိဘူးလို့ ဘိုးဘေးကပြောတယ်။ ဒီတော့ နည်းနည်းလောက် ထပ်ပြီးစောင့်လိုက်ရအောင်”

အချိန်ခဏကြာပြီးနောက် ဘုရင်မင်းမြတ်၏လှည်းထဲတွင် ရှိနေသည့် ဒေါသတရားများတို့က တကယ်ပင် တောက်ပလျက်ရှိနေ၏။ ဒေါသတရားများကို ဖွင့်ထုတ်ပြီးနောက် နင်ယွမ်ရှန်းသည် ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေ၏။ သူ၏ မျက်လုံးများက နီရဲလျက်ရှိနေသည်။

သူသည် တကယ်ပင် ဟယ်ဝမ်ဝမ်ကို ချစ်ခင်နှစ်သက်ခဲ့၏။ သူ့ပထမမိန်းမ၏ ကိုယ်ရည်ကိုယ်သွေး အမူအရာမျိုး တည်ရှိနေသည့် မိန်းကလေးမျိုးပင်။ သူမက ထပ်တူညီသည် မဟုတ်လျှင်တောင်မှ အနည်းဆုံး ထူးခြားသည့် ဝတ်စုံကို ဝတ်ဆင်ပြီး ကောင်းမွန်လွန်းသည့် ခံစားချက်သီချင်းများကို သီဆိုသည့်အချိန်တွင် နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့ပြီ ဖြစ်သော သူ၏ ပထမမိန်းမနှင့် အနည်းငယ် ဆင်တူ၏။

နင်ယွမ်ရှန်းသည် သူမကို တစ်ညအတွင်းမှာပဲ ချစ်ခင်မြတ်နိုးခဲ့၏။ သို့ပေမည့် သူမ၏မိန်းမကိုယ်မှ သွေးမထွက်ခဲ့ချေ။ ထို့ကြောင့် သူသည် သူမကို မသတ်ဖြတ်ပစ်ဘူး ဆိုလျှင်တောင်မှ မွေးရပ်မြေဆီသို့ စေလွှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

ဟယ်ဝမ်ဝမ်တစ်ယောက် ရှမ့်လန်ဆီသို့ သွားရောက်လည်ပတ်သည့် အချိန်ကလည်း သူ့ဆီသို့ သတင်းပို့ချက်က ရောက်ရှိလာခဲ့၏။ ထိုအချိန်ကတည်းက သူက မသက်မသာ ခံစားနေရ၏။ နေအိမ် အကျယ်ချုပ်ခံရပြီးနောက် နေ့စဉ် သုံးရက်တိုင်း၊ သုံးရက်တိုင်းတွင် ဟယ်ဝမ်ဝမ်သည် သူ့ဆီသို့ စာရေးသား ပေးပို့တတ်၏။

ပထမဦးဆုံး သုံးပိုဒ်က ကဗျာများဖြစ်ပြီး နောက်ဆုံးအပိုဒ်တွင် သူမအနေနှင့် နင်ယွမ်ရှန်းကို မျှော်လင့် စောင့်စားလျက် ရှိနေကြောင်း ရေးသားထားသည့် အကြောင်းအရာမျိုးပင်။ ထိုကဲ့သို့သော စာရေးသားထားမှုက တကယ့်ကို အဆင့်အတန်း မြင့်မားလွန်းသည်။

သူမ၏ စိတ်ဆန္ဒများကိုလည်း သေသေချာချာ ဖော်ညွှန်းပြသလျက် ရှိနေပြီး သူမ၏ စိတ်ထဲတွင် နာကျင်မှု၊ ဒေါသတရားများ ထိုအရာများကို ဖြောင့်မတ်မှန်ကန်သည့် နည်းလမ်းမျိုးဖြင့် ထုတ်ဖော်ပြသထားခဲ့၏။ သို့ပေမည့် စာ၏ အဆုံးသတ်မှာတော့ တူညီစွာပင် သူမ၏ နှလုံးသား ဖြူစင်ကြောင်း ဗိုက်ခွဲကြည့်ရှုနိုင်ကြောင်း ရေးသားထား၏။

နင်ယွမ်ရှန်းသည် သူ့ကို လိမ်ညာခဲ့သည့် ဟယ်ဝမ်ဝမ်အား အပြစ်တင်ခဲ့၏။ ထို့ကြောင့် တစ်နှစ်ကျော်ကြာ သူမအား နေအိမ်အကျယ်ချုပ် ထားခဲ့ခြင်း ဖြစ်၏။ ယခု သူမ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ နင်ယွမ်ရှန်းက သူမကို လက်လွှတ် မခံနိုင်တော့ချေ။ သူမကို သေဆုံးသည်အထိ ပြုလုပ်ခဲ့သည့် ထိုသူကို တကယ်ပင် မုန်းတီးမိ၏။ ထို့အပြင် သူမကို သတ်ဖြတ်ပစ်ခဲ့သည့် လူငယ်သည် သူနှစ်သက်သော လူတစ်ယောက်လည်း ဖြစ်လို့နေခဲ့သည်။

ဘုရင်မင်းမြတ်သည် ဟယ်ဝမ်ဝမ်၏ သေတမ်းစာကို ဖတ်ရှုပြီးနောက် စိတ်ထဲတွင် ရှိနေသည့် အမုန်းတရားများသည် ပိုမိုကာ တိုးပွားလာခဲ့၏။

“လီစွမ်း.. ဘာကြောင့် ဒီကောင့်ရဲ့ နှလုံးသားက ဒီလောက်အေးစက်ပြီး ရက်စက်လွန်းရတာလဲ။ လီဝမ်ကျန့်လို လူတစ်ယောက်ကို သတ်ဖြတ်ပစ်ဖို့အတွက် သူက ဘုရင်မင်းမြတ်ကိုတောင် လက်ထဲမှာထားပြီး ဆော့ကစားခဲ့တယ်။ ပြီးတော့ ဘုရင်မင်းမြတ်ရဲ့ ချစ်ခင်အနှစ်သက်ဆုံး မိန်းကလေးတစ်ယောက်ကို ဒုက္ခ ပေးခဲ့တယ်။ အိမ်ရှေ့စံမင်းသားကိုလည်း ကျိန်စာတိုက်ခဲ့တယ်။ ဒီကောင် ဘယ်လောက် ဆိုးယုတ်လိုက်လဲ” ဘုရင်မင်းမြတ်က ထကာ အော်ဟစ်လိုက်၏။

မိန်းမစိုးကြီး လီစွမ်းက မြေပေါ်တွင် ခံစားချက်ကင်းမဲ့စွာဖြင့် ဒူးထောက်ထိုင်နေသည်။

“ခွေးအိုကြီး... ကျုပ် မေးခွန်းတစ်ခုမေးမယ်” နင်ယွမ်ရှန်းသည် တင်းမာခက်ထန်စွာ ပြောလိုက်၏။

မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်သည်။ “ကျုပ်ဆီမှာ ပြောစရာရှိပါတယ်။ ဒါပေမယ့် ဘာပြောရမှန်း မသိပါဘူး”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ခင်ဗျား ပြောခဲ့ပြီးပြီ။ အခြား ဘာကိုပြောရအုံးမှာလဲ။ ခင်ဗျားလို ခွေးအိုကြီးကလည်း ကျုပ်ကို လှည့်စားချင်နေတာလား”

လီစွမ်းက ပြောလိုက်သည်။ “ဒါက တိုက်ဆိုင်တာ တစ်ခုပါပဲ”

ဘုရင်မင်းမြတ်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် သံပုရာရည်ကို အသာငုံလိုက်၏။ သူ၏စိတ်ထဲတွင် ရှိနေသည့် ဒေါသတရားများက အနည်းငယ် လျော့ပါးသွားသကဲ့သို့ပင်။ ဤအရာက တိုက်ဆိုင်မှုဖြစ်နေ၏။ နယ်စပ်ဒေသ၏ အမဲလိုက်ပြိုင်ပွဲက ရှုံးနိမ့်ခဲ့၏။ နင်ယွမ်ရှန်းက ဒေါသအဖြစ်ဆုံး အခြေအနေဆီသို့ ရောက်ရှိနေခဲ့၏။

သူ၏ ဒေါသကို တစ်စုံတစ်ခုအပေါ်သို့ ပုံချရန် လိုအပ်လာ၏။ သူသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် လိုအပ်လာခဲ့၏။ ထိုအချိန်မှာပဲ ဟယ်ဝမ်ဝမ်က သေဆုံးခဲ့၏။ ရှမ့်လန်က ဖမ်းဆီးခြင်းကိုခံရပြီး အရာအားလုံးတို့၏ အပြစ်ရှိသူ ဖြစ်လာခဲ့သည်။

နင်ယွမ်ရှန်းက အေးစက်စက် ပြောလိုက်၏။ “သူ့ကို ကာကွယ်ပေးချင်နေတာလား။ ဒီကောင် ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်လဲဆိုတာ ခင်ဗျား မသိတာလည်း မဟုတ်ပါဘူး။ သူက ပါရမီရှင်တစ်ယောက်ပဲ။ ပြီးတော့ ဂန္တဝင်ကဗျာတွေကိုတောင် ရေးဖွဲ့နိုင်တဲ့လူတစ်ယောက်။ ဒီလိုကိစ္စမျိုးကို ပြုလုပ်နိုင်ခဲ့တယ် အံ့ဩစရာလို့ ကျုပ် မထင်ဘူး”

“လီဝမ်ကျန့်နဲ့ အငြိုးတရားတွေရှိတယ်။ လီဝမ်ကျန့်ကို သတ်ဖြတ်ချင်တဲ့ အတွက်ကြောင့်မို့လို့ သူက ကောက်ကျစ်လွန်းတဲ့ ထောင်ချောက်တစ်ခုကို ဖန်တီးခဲ့တာပဲ။ သူက ပါရမီရှင်တစ်ယောက်ပဲ။ ပြီးတော့ လှုပ်ရှား တက်ကြွသူတစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ စွမ်းဆောင်ရည်လည်း ကောင်းတယ်။ ဒီလိုကိစ္စရပ်မျိုးတွေကို ပြုလုပ်နိုင်တာ သူပဲရှိတယ်။ သူကလွဲရင် ဘယ်သူမှ မရှိတော့ဘူး”

လီစွမ်းက အသာလှမ်းကာ ပြောလိုက်သည်။ “ဘာပဲပြောပြော ဒီကိစ္စမှာ တိုက်ဆိုင်မှုလေး ရှိနေပါတယ်”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ခွေးအိုကြီး... မိန်းမစိုးတွေက နိုင်ငံရေးရာကိစ္စတွေမှာ ပါဝင်ပတ်သက်ခွင့် မရှိဘူး”

“ဟုတ်ပါတယ်”

လီစွမ်းသည် မြေပေါ်တွင် ဒူးထောက်ထိုင်ကာ ပြောလိုက်သည်။ “ရှမ့်လန်ရဲ့ အသက်နဲ့ ပတ်သက်ပြီး ကျုပ် ဂရုမစိုက်ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို သတ်ဖြတ်ချင်တဲ့ ဇာတ်လမ်းမှာ ဘုရင်မင်းမြတ်က အသုံးချခံအဖြစ် ဖြစ်သွားတာမျိုးကို ကျုပ် မလိုချင်ပါဘူး”

ထိုစကားကို ကြားသည့်အချိန်မှာတော့ နင်ယွမ်ရှန်း၏ မျက်လုံးများက အေးစက်သွားခဲ့၏။ ပြီးနောက် သူသည် သူ၏ဒေါသတရားများကို ဖိနှိပ်နိုင်ရန်အတွက် မနည်းကြိုးစားလိုက်ရ၏။ သူ့ကို ဆော့ကစားခဲ့သည့် မည်သည့်လူကိုမှ သူ လက်လွှတ်ပေးလိမ့်မည်မဟုတ်ချေ။ ရှမ့်လန်ဆိုလျှင်လည်း ထိုနည်းတူစွာပင်။

သို့ပေမည့် သူသည် ရေနက်တပ်ဖွဲ့ကိစ္စရပ်များနှင့်ပတ်သက်၍ ဘာတစ်ခုမှ မလုပ်ချင်ပေ။ ရေနက်တပ်ဖွဲ့သည် ယခင်တုန်းက ကိစ္စကြီးများကိုကိုင်တွယ်ခဲ့၏။ နောက်ဆုံး ကိုင်တွယ်ခဲ့သည်မှာ ကျိုးမိသားစု ပုန်ကန်သည့် ကိစ္စရပ် ဖြစ်ပြီး တော်ဝင်ရန်နိုင်ငံကို ဒေါသထွက်စေခဲသည့် ကိစ္စဖြစ်သည်။ ဤကိစ္စအား ရေနက်တပ်ဖွဲ့ ကိုင်တွယ်ခဲ့ခြင်း သည် မိသားစုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းခြင်းဖြင့် အဆုံးသတ်စေခဲ့သည်။

ရန်ဝူကျိ၏မိသားစု၊ ကျောင်းရန်၏ ကျိုးမိသားစု အားလုံးတို့သည် ရေနက်တပ်ဖွဲ့၏ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရ၏။ အကယ်၍ ရေနက်တပ်ဖွဲ့ကိုသာ ရှမ့်လန်၏ကိစ္စအား ကိုင်တွယ်ခိုင်းပါက လောကကြီးတစ်ခုလုံးအား မည်သည့်သင်္ကေတ ပြသခြင်း ဖြစ်မည်နည်း။ ဘုရင်မင်းမြတ်သည် ကျင်းမိသားစု တစ်ခုလုံးကို သတ်ဖြတ်ချင်သည်ဟု အဓိပ္ပာယ် ဖော်ဆောင်သွားမည် မဟုတ်ပါလား။

ကျင်းကျိုးအနေနှင့် နယ်စားကြီးဘွဲ့ထူးကို ရရှိထားသည်မှာ မကြာသေးချေ။ အဘယ်သို့ သူ့ကို ပြောင်းပြန် လှန်ကာဖြင့် ပုန်ကန်ဆန့်ကျင်မည်နည်း။ ထို့အပြင် ဤကဲ့သို့သော အန္တရာယ်အချက်ပြမှုသည် ကျင်းကျိုးကို တစ်ဖက်ခြမ်းဆီသို့ ပြောင်းလဲသွားစေနိုင်သည့် အရာမျိုးပင် ဖြစ်၏။

“ကျင်းမူကုန်းကို အဆင့်မြင့် ကျောင်းတော်သားတစ်ယောက်ရဲ့ ဂုဏ်ပုဒ် လွှဲအပ်ပေးလိုက်”

ကျင်းမူကုန်းသည် နန်းတွင်းကျောင်းဆီမှ ကျောင်းသားတစ်ယောက်သာလျှင် ဖြစ်၏။ အဆင့်မြင့် ကျောင်းတော်သားအဖြစ် ဂုဏ်ပုဒ်ပေးအပ်ခြင်းဆိုသည်မှာ ကျင်းမိသားစု တစ်ခုလုံးကို ချီးမြှောက်ခြင်း နှင့် ဆင်တူ၏။

“ရှမ့်လန်ကို စုံစမ်းစစ်ဆေးဖို့ အထူးတရားရုံးဆီ လွှဲပြောင်းပေးလိုက်။ ရေနက်တပ်ဖွဲ့က တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး အထူးတရားရုံးကို ကူညီခိုင်း ... အတူတူ ဒီကိစ္စကို စုံစမ်းစစ်ဆေးပါ”

စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ဘုရင်မင်းမြတ်သည် အမိန့်နှစ်ခုကို ပေးအပ်လိုက်၏။ ထို့ကြောင့် ရေနက်တပ်ဖွဲ့သည် အနည်းငယ် အဟန့်အတား ဖြစ်သွားခဲ့၏။ ရှမ့်လန်ကို လုပ်ချင်တိုင်းလုပ်၍ မရချေ။

.........

ရေနက်တပ်ဖွဲ့၏ရဲတိုက်အတွင်းမှာတော့ ဘာကြောင့်မှန်းမသိချေ။ ခေါင်းဆောင်ရန်အီသည် ရှမ့်လန်၏ကိစ္စကို လွှဲယူချင်စိတ် မရှိချေ။ ဤအရာက အရမ်းကို သေးငယ်လွန်း၏။ ရှမ့်လန်၏ ဂုဏ်သိက္ခာက သေးငယ်လွန်း၏။ ပြောရမည်ဆိုလျှင် ရှမ့်လန်ဆိုသည့် လူတစ်ယောက်၏ဂုဏ်ပုဒ်သည် ရေနက်တပ်ဖွဲ့မှ တာဝန်ယူရမည့် အရည်အချင်းနှင့် ဂုဏ်သိက္ခာမျိုး မရှိပေ။

ဤလောကကြီးသည် တကယ့်ကို စစ်မှန်လွန်း၏။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်သည့်နေရာတွင်ပင်လျှင် အရည်အချင်း ပြည့်ဝရန် လိုအပ်နေ၏။ အရည်အချင်း မပြည့်ဝပါက သတ်ဖြတ်မှုကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ထိုက်တန်သည့်လူ၏ လက်ထဲတွင်သာ သေရပေမည်။ သူတောင်းစားတစ်ယောက်သည် ဘုရင်မင်းမြတ်၏ လက်ဖြင့် သေ၍မဖြစ်ပေ။

သေချာပေ၏။ ခဏလောက်ကြာပြီးနောက် အမိန့်သစ်က ထွက်ပေါ်လာခဲ့၏။

“ရှမ့်လန်ကို အထူးတရားရုံးဆီသို့ ပို့ဆောင်မယ်။ အထူးတရားရုံးက ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ်။ ရေနက်တပ်ဖွဲ့ က တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ ကူညီပေးရလိမ့်မယ်”

ရေနက်တပ်ဖွဲ့ဆီမှ စစ်သည်တော်များသည် ရှမ့်လန်ကိုခေါ်ဆောင်ကာဖြင့် အထူးတရားရုံးဆီသို့ ပေးပို့လိုက်သည်။

.......

ကျင်းမိသားစု၏ ခြံဝန်းအတွင်းမှာတော့ ပဉ္စမမင်းသား၏မိန်းမ ကျိုးကတော်သည် ရှောင်ပင်းကို နှစ်သိမ့်လျက် ရှိနေ၏။ ပင်းအာ၏ဝမ်းဗိုက်က တဖြည်းဖြည်းနှင့်ကြီးမားလာခဲ့၏။ သူမ၏ ကြီးမားလှပလွန်းသည့် မျက်ဝန်းကြီး နှစ်ခုသည် နီနီရဲလျက် ရှိနေ၏။ နှုတ်ခမ်းများကလည်း တဆတ်ဆတ်နှင့် တုန်ယင်နေ၏။

ယုခက်ခက်နှင့် ယုရှစ်ရှစ်တို့သည် နောက်နောက်ပြောင်ပြောင် မလုပ်ရဲတော့ချေ။ သူတို့၏ မျက်လုံးထဲတွင်လည်း မျက်ရည်များ တည်ရှိနေပြီး ရှောင်ပင်း၏ ခြေထောက်ကိုဖက်ကာဖြင့် ရှောင်ပင်းကို နှစ်သိမ့်ပေးရန် ကြိုးစားနေကြသည်။

ပင်းအာသည် အလွန်အန္တရာယ်များသည့် လက်နက်ကို ထုတ်သုံးရန် စဉ်းစားလိုက်မိသည်။ သူမက သိုင်းပညာကို ကောင်းကောင်း မသိချေ။ ရှမ့်လန်သည် သူမကို အစောကြီးတည်းက ကြိုတင် သတိပေးထားခဲ့သော်လည်း ရှမ့်လန် ဖမ်းဆီးခံရသည့် အချိန်မှာတော့ သူမက စိတ်မထိန်းနိုင်သလို ဖြစ်နေ၏။

သူမ၌ တခြားသောမိသားစုရှိသည် မဟုတ်ချေ။ သူမ၌ သမက်တော်တစ်ယောက်တည်းသာလျှင်ရှိ၏။ သမက်တော်သည် သူမ၏ အသက်သွေးကြောတစ်ခုပင်။ တစ်စုံတစ်ယောက်က ထိုအသက်သွေးကြောကို ဖျက်ဆီးပစ်ရန် ကြိုးစားလျက်ရှိနေသည်။

ရှောင်ပင်း၏ စိတ်ထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်ချင်စိတ် ဆန္ဒများ ပေါ်ပေါက်လာခဲ့၏။ ထို့ကြောင့် လက်နက်ကို ထုတ်ကိုင်လိုက်ခြင်းပင်။ ထိုလက်နက်ပုန်းသည် သေးငယ်လွန်း၏။ မဟုတ်ပါက သူမသည် လာရောက်ဖမ်းဆီးခဲ့သောသူတို့ကို သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။

သို့ပေမည့် မည်သို့ပင်ဖြစ်ဖြစ် စိတ်ထိန်းထားရပေမည်။ သူမ စိတ်ထိန်းရမည်။

All Chapters