← Chapters

ပုံစံအသစ်အကြောင်း အတွေးများ

Vol. 28 Ch. 407

ပုံစံအသစ်အကြောင်း အတွေးများ

Vol. 28 Ch. 407

“ပထမဆုံးအဆင့်က ငါ့လက်ရှိ စက်ပစ္စည်းတွေအားလုံးကို ဖိသိပ်တဲ့ပုံစံအဖြစ် ပြောင်းလဲဖို့ပဲ။ အဲ့ဒါဆိုရင် အပိုစက်ပစ္စည်းတွေ မလုံလောက်မှာကို ပူစရာမလိုတော့ဘူး…”

လက်ရှိလက်နက်များအားလုံးကို ပြုပြင်ပြောင်းလဲရန်မှာ ကြီးမားသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဤလက်နက်တွေကို ဖြုတ်ပစ်ပြီးနောက် ပုံစံအသစ်တွေ ထပ်ထည့်ရန် လိုသည်။ ကံကောင်းသည်မှာ ဟန်ရှောင်း၏ လက်ရှိတည်ဆောက်မှုအရှိန်က အရင်ကထက် အများကြီးပိုမြန်လာ၏။ နှစ်ရက်ကြာ တစ်ကိုယ်တည်းနေအပြီးတွင် သူသည် ဤအဆင့်ကို ပြီးစီးခဲ့ပြီဖြစ်သည်။

နှစ်ညဆက်တိုက် မအိပ်ဘဲနေပြီးနောက်တွင်ပင် ဟန်ရှောင်းသည် နိုးနိုးကြားကြားရှိနေသည်။ သတ္တုလုံးသေးသေး ဆယ်လုံးကျော်သည် သူ့ရှေ့တွင် တန်းစီ၍ ချထားသည်။ သူတို့သည် လက်ဝါးတစ်ဝက်ခန့်သာ ရှိပြီး သူတို့၏မျက်နှာပြင်တွင် မက်ထရစ်ကဲ့သို့ အမှတ်အသားများဖြင့် ဖုံးအုပ်ထားသည်။ ဤအလုံးလေးများသည် အလွန်အားကောင်းသည့် ယန္တရားအာရုံကို ပိုင်ဆိုင်ထားသည်။

သူသည် သတ္တုလုံးသေးသေးတစ်လုံးကို မယူပြီး သူ့လက်ဝါးပေါ်တွင် တင်လိုက်သည်။ ၎င်းတွင် အလေးချိန် အနည်းငယ်သာ ရှိသည်။

ဖိသိပ်မှုမှာ ပုံစံနှစ်မျိုး ရှိ၏။ တစ်မျိုးမှာ ခလုတ်နှိပ်ခြင်းဖြင့် ဖွင့်နိုင်ပြီး နောက်တစ်မျိုးမှာ စွမ်းအင်ဖြင့် အသက်သွင်းနိုင်သည့် ပုံစံဖြစ်သည်။ ကွဲပြားမှုသည် အသုံးပြုသူ၏ ရွေးချယ်မှုအပေါ် မူတည်သည်။ ပထမနည်းလမ်းမှာ မည်သူမဆို အသုံးပြုနိုင်သည့် ပုံစံဖြစ်ပြီး၊ နောက်နည်းလမ်းမှာ ယန္တရားပညာရှင်တစ်ဦး၏ သံလိုက်စွမ်းအင်ဖြင့်သာ အသက်သွင်းနိုင်သည့် ပုံစံဖြစ်သည်၊ ဆိုလိုသည်မှာ ယန္တရားပညာရှင်များသာ ၎င်းကို အသုံးပြုနိုင်မည်ဖြစ်သည်။

ဤလက်နက်များမှာ သူကိုယ်တိုင်အသုံးပြုရန်ဖြစ်သည်။ ဟန်ရှောင်းသည် သေချာပေါက် ဒုတိယနည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။

ဘပ်စ်!

ဟန်ရှောင်းသည် သူ၏စွမ်းအင်ကို ထည့်လိုက်သည်နှင့် လျှပ်စစ်မီးများ လင်းလက်သွားသည်။

ချလွမ်!

၎င်းသည် စက်အစိတ်အပိုင်းများ ရွေ့လျားသည့်အသံပင်။ ဖိသိပ်ထားသည့် သတ္တုလုံးသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး လက်ဝါးအရွယ်အစားမှ လူတစ်ကိုယ်စာရှည်သည့် Amphiptere ယန္တရားဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။ ကျယ်ပြန့်သည့်လုပ်ငန်းစဉ်သည် အလွန်မြန်ဆန်၏။ ပြီးစီးရန် တစ်စက္ကန့်မှ နှစ်စက္ကန့်ခန့်သာ ကြာသည်။ Amphiptere ၏ ရှေ့ဘက် ချပ်ဝတ်တန်ဆာသည် သစ်ရွက်နှစ်ရွက်ကဲ့သို့ ပွင့်သွားသည်။ ဟန်ရှောင်းသည် အတွင်းသို့ ဝင်လိုက်သည်နှင့် ချပ်ဝတ်တန်ဆာမှာ ပြန်ပိတ်သွား၏။

ချပ်ဝတ်တန်ဆာ အသက်ဝင်လာသည်နှင့် Amphiptere ၏ နည်းဗျူဟာမျက်မှန်များ လင်းလာသည်။

ဟန်ရှောင်းသည် လက်ကိုဆန့်တန်းပြီး အခြားသတ္တုလုံးသေးသေးများဆီသို့ သံလိုက်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ စွမ်းအင်သည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ သတ္တုလုံးများအားလုံးကို လျင်မြန်စွာ ဆက်သွယ်ပေးလိုက်သည်။ စက်ပစ္စည်းများ၏ စုစည်းထားသည့်အသံသည် ဤသတ္တုလုံးများမှ ထွက်ပေါ်လာပြီး ခဏချင်းအတွင်းတွင် သူတို့အားလုံးသည် သေနတ်များ၊ အမြောက်များ၊ တံစဉ်များ၊ လင်းနို့တောင်ပံ ပျံသန်းနိုင်သည့်ကိရိယာများ စသည့် လက်နက်အမျိုးမျိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့သည် ဟန်ရှောင်း၏ကိုယ်ခန္ဓာနှင့် တစ်ချိန်တည်းမှာပင် တွယ်ကပ်သွားပြီး စက္ကန့်အနည်းငယ်အတွင်းတွင် လက်နက်အပြည့်အစုံ တပ်ဆင်ပြီးဖြစ်သွားသည်။

“တော်တော်ကောင်းတဲ့ ပြန်ဖြန့်မှုအရှိန်ပဲ။ တိုက်ခိုက်ရေးပုံစံထဲကို အချိန်မရွေးဝင်နိုင်တယ်ပေါ့။ ဒီလိုဆိုရင် နေရာတိုင်းကို ဒီလိုပစ္စည်းအကြီးကြီးတွေ သယ်သွားဖို့ မလိုတော့ဘူး” ဟန်ရှောင်း ကျေနပ်နေသည်။ သူသည် စက်ပစ္စည်းများကို ဖိသိပ်ထားသည့်အခြေအနေသို့ ပြန်ပြောင်းလိုက်သည်။

မူလလက်နက်များကို ပြုပြင်ပြောင်းလဲခြင်းသည် ပထမဆုံးအဆင့်ဖြစ်သည်။ အကြီးမားဆုံးအားသာချက်မှာ သူပိုင်ဆိုင်နိုင်သည့် လက်နက်အရေအတွက် အများအပြားတိုးလာခြင်းပင်။ မည်သည့်စက်ပစ္စည်းမျိုး ထပ်ထည့်ရမည်ကို သူသည် စဥ်းစားနေတုန်းပင်။

ဖိသိပ်မှုနည်းပညာကို ‘ယန္တရားပညာရှင်အတန်း၏ အရေးပါသော အပြောင်းအလဲ’ ဟုခေါ်သည်။ ယန္တရားပညာရှင်တစ်ဦးသည် ထိုနည်းပညာကို ရရှိသည်နှင့် သူတို့၏တိုက်ခိုက်မှုပုံစံကို အချိန်မရွေး ပြောင်းလဲနိုင်ပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်နိုင်သည်။ ဤစွမ်းရည်ဖြင့် အဆင့်မြင့်ယန္တရားပညာရှင်အတန်းအစား၏ တိုက်ခိုက်မှုပုံစံများစွာ ပေါ်ထွက်လာသည်။

“အရင်က ငါ့ရဲ့တိုက်ခိုက်မှုပုံစံက အနီးကပ်၊ အလယ်အလတ်နှင့် အဝေးပစ်တိုက်ခိုက်မှုတွေအားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်လို့ရတယ်။ အဲ့ဒါရဲ့အဓိကအချက်က ငါ့ရဲ့ယန္တရားဝတ်စုံပဲ။ နည်းပညာအရတော့ ဒါက တစ်ယောက်တည်း ဝတ်စုံပြည့်တိုက်ခိုက်မှုပုံစံပဲ ရှိသေးတယ်။ ဖိသိပ်မှုနည်းပညာနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်တဲ့ တိုက်ခိုက်မှုပုံစံတွေထဲမှာတော့ စစ်တပ်ပုံစံက လူသိအများဆုံးပဲ။ စစ်တပ်ပုံစံတွေကြားမှာ ပိုပြီးအသေးစိတ်တဲ့ ပိုင်းခြားထားမှုလည်း ရှိသေးတယ်။ မတူတဲ့ စက်ပစ္စည်းပေါင်းစပ်မှုတွေ အသုံးပြုတဲ့အခါ စစ်တပ်ပုံစံရဲ့ အဓိကဦးတည်ချက်ကလည်း မတူညီနိုင်ဘူး။ ဒါပေမဲ့ အဲ့ဒါက အကုန်အကျများလွန်းတယ်။ ငါ့ရဲ့လက်ရှိငွေကြေးအင်အားနဲ့ မတတ်နိုင်သေးဘူး။ အကယ်၍ ငါ အတင်းလုပ်မယ်ဆိုရင်တောင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မတန်ဘူး…”

စစ်တပ်ပုံစံဖွဲ့စည်းခြင်းအတွက် နောက်ထပ်လိုအပ်ချက်တစ်ခုက စုပေါင်းထုတ်လုပ်ရေးလိုင်းများမှ အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုဖြစ်ပြီး ၎င်းကို သူသည်လည်း မတတ်နိုင်သလို အသိပညာလည်း မရှိသေးပေ။ အရေးအကြီးဆုံးကတော့ သူ၏လက်ရှိအဆင့်နှင့် လိုက်လျောညီထွေဖြစ်စေသည့် ရိုဘော့ဒီဇိုင်းပုံစံများ အလွန်နည်းပါးနေခြင်းပင်။ စစ်တပ်ပုံစံတွင် မဟာဗျူဟာဂိမ်းတစ်ခုကဲ့သို့ မတူညီသည့် စက်အမျိုးအစားများ၏ ပေါင်းစပ်မှုများ ပါဝင်ရသည်။

သူတည်ဆောက်နိုင်သည့် ရိုဘော့အမျိုးအစားအရေအတွက်က မများသေးသလို တိုက်ခိုက်မှုတွင် ကြီးမားသည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သည့် အစွမ်းထက်သည့်ရိုဘော့လည်း မရှိသေးပေ။ ရိန်းဂျားများတွင် အသုံးပြုသည့် နည်းပညာသည် သူ၏လက်ရှိအဆင့်နှင့် လိုက်လျောညီထွေ မဖြစ်နိုင်တော့ပေ။ အဆင့်နိမ့်သူများကို အနိုင်ကျင့်ရန်အတွက်သာ ကောင်းမွန်သေးသည်။ သို့သော် အဆင့်တူသူတစ်ဦးနှင့် တိုက်ခိုက်ရသည့်အခါတွင်တော့ သူတို့သည် အချိန်တိုအတွင်းမှာပင် ဖျက်ဆီးခံရမည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အတော်လေးရှင်းလင်းသည့်အစီအစဥ်ကို ရေးဆွဲနိုင်ခဲ့သည်။

“အခု ငါရရှိဖို့လိုအပ်တဲ့ ရည်မှန်းချက်အချို့ ရှိတယ်။ ပထမအချက်က တစ်ဦးတည်းတိုက်ခိုက်ရေးပုံစံကို ဖယ်ရှားဖို့၊ တစ်ဦးချင်းစီ တိုက်ခိုက်နိုင်တဲ့ မဟာမိတ်တွေကို တည်ဆောက်ဖို့နှင့် ရန်သူတွေဆီက ခိုးယူဖို့ပဲ။

“ဒုတိယက ငါ့ရဲ့ဧရိယာတိုက်ခိုက်မှုစွမ်းရည်နှင့် တိုက်ခိုက်မှုအကွာအဝေးကို မြှင့်တင်ရမယ်။

“တတိယအချက်ကတော့ စက်များကို အသုံးပြုပြီး ငါ့ပတ်လည်မှာ ကာကွယ်ရေးအတားအဆီးတစ်ခု တည်ဆောက်ရမယ်။ ဒါကို တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး နှစ်ခုလုံးအတွက် သုံးနိုင်တယ်။

“စတုတ္ထအချက်ကတော့ ရွေ့လျားနိုင်စွမ်းပဲ။ အခြေအနေမကောင်းတဲ့အခါ စစ်မြေပြင်မှ ဆုတ်ခွာနိုင်ဖို့အတွက် အနှောက်အယှက်ပေးတဲ့ ကိရိယာတွေနဲ့ ထောင်ချောက်ဆင်တဲ့စက်တွေလိုတယ်၊ ပြီးတော့ ဆုတ်ခွာတဲ့နေရာမှာ ကူညီနိုင်တဲ့ ယန္တရားတွေလည်း တည်ဆောက်ထားဖို့ လိုသည်။

“ပဉ္စမအချက်ကတော့ ငါ့မှာ အခု ဖိသိပ်မှုနည်းပညာနဲ့ အခြေခံစက်ပစ္စည်းတည်ဆောက်မှု ရှိနေပြီဆို‌တော့ ကြီးမားတဲ့လက်နက်တစ်ခုကို တည်ဆောက်နိုင်ပြီ၊ ပြီးရင် အဲဒါကို အပိုင်းလေးတွေလိုဖြုတ်ပြီး သတ္တုလုံးလေးတွေလို ဖိသိပ်ထားနိုင်တယ်၊ ဒါဆို တိုက်ပွဲအတွင်းမှာ အချိန်နည်းနည်းငယ်ယူပြီး တည်ဆောက်နိုင်တယ်၊ ပြီးတော့ ငါ့ရဲ့ဝှက်ဖဲအဖြစ် အသုံးပြုနိုင်တယ်! အဲဒါအပြင် ငါ့ရဲ့ [မီးလျှံအလိုတော်] နဲ့ ကောင်းကောင်း အလုပ်ဖြစ်နိုင်လိမ့်မယ်။

“ရှိသေးတာက တကယ်လို့ ရန်သူက ငါတို့ကြားက အကွာအဝေးကို နီးကပ်လာနိုင်တယ်ဆိုရင် ငါ့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ရေးစွမ်းရည်တွေလည်း လိုဦးမယ်။ အဲဒါအတွက် တိုက်ခိုက်ရေးယန္တရားပညာရှင်ပုံစံ အနီးကပ် ဒါမှမဟုတ် တာလတ်လက်နက်တွေလည်း အများကြီး လိုလိမ့်မယ်…”

ဤနည်းလမ်းဖြင့် သူသည် တစ်ဦးတည်းပစ်ပြေးပုံစံမှ သူ့၏စက်ပစ္စည်းများဖြင့် ရန်သူကို အရေအတွက်ဖြင့် အသာစီးရယူသည့်ပုံစံသို့ ပြောင်းလဲသွားမည်။

ဟန်ရှောင်းသည် ဤအဓိကအချက်များကို ချရေးပြီး သင့်လျော်သည့်စက်ပစ္စည်းများကို စတင်စဥ်းစားတော့သည်။ ဘောပင်ကို ခဏလောက်ကိုက်ပြီးနောက်မှာတော့ သူ့ခေါင်းထဲတွင် အစီအစဥ်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

“ငါနဲ့ အသင့်တော်ဆုံးပုံစံလေးမျိုး ရှိတယ် - စက်အမြောက်အများကြီးနဲ့ ဖုံးလွှမ်းတိုက်ခိုက်တဲ့ပုံစံ၊ ကြီးမားသည့်စစ်အမြောက်ပုံစံ၊ မြေမြှုပ်မိုင်းထောင်ချောက်ပုံစံနှင့် အမဲလိုက်ခွေးများပုံစံတို့ပဲ”

ဤပုံစံများသည် ရန်သူများကို အရေအတွက်ဖြင့် အသာစီးရယူရန် အတော်လေးရိုးရှင်းသည့် ပုံစံများဖြစ်သည်။ ကြီးမားသည့်စစ်အမြောက်ပုံစံမှလွဲ၍ ကျန်သည့်ပုံစံများတွင် အဆင့်နိမ့်စက်ပစ္စည်းများသာ လိုအပ်ပြီး အရည်အသွေးကို အရေအတွက်ဖြင့် ဖြည့်တင်းထားသည့်အတွက် စျေးသက်သာပြီး ဝယ်ယူနိုင်ပေသည်။

ဤသည်မှာ အနည်းငယ်နှိမ့်ချသည့်ပုံစံဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ လက်တွေ့ကျသည်။

စက်အမြောက်များစွာဖြင့် ဖုံးလွှမ်းတိုက်ခိုက်မှုပုံစံသည် လက်နက်ပစ်အားပြဿနာကို ဖြေရှင်းပေးမည်ဖြစ်ပြီး ကြီးမားသည့်စစ်အမြောက်ပုံစံက ဝှက်ဖဲလက်နက်အဖြစ် ဆောင်ရွက်နိုင်သည်၊ ထောင်ချောက်ပုံစံက အတားအဆီးအဖြစ် ဆောင်ရွက်မည်ဖြစ်ကာ အမဲလိုက်ခွေးများပုံစံက ရန်သူများ အလွန်အမင်းနီးကပ်လာမည်ကို ကာကွယ်ပေးနိုင်မည်။ ရွေ့လျားနိုင်စွမ်းနှင့်ပတ်သက်၍ ယန္တရားဝတ်စုံသည် ဤပြဿနာကို ဖြေရှင်းပြီးသားဖြစ်သည်၊ သို့မဟုတ် သူသည် လူတစ်ဦးတည်းသွားလာနိုင်သည့် ကိရိယာငယ်တစ်ခုကို တည်ဆောက်နိုင်သည်။

ယခင်တစ်ဦးတည်းတိုက်ခိုက်မှုပုံစံသည် သူ၏ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်ကို အာမခံပြီးသားဖြစ်သည်။ သူသည် သူ၏ယန္တရားဝတ်စုံကို အဆင့်မြှင့်ရုံသာ လိုသည်။ မျောလွင့်နဂါးကျွန်းမှ သူရရှိခဲ့သည့် ဟင်းလင်းပြင်နဂါးအရိုးနှင့် အသေးစား နူကလီယားမီးပြင်းဖိုတို့ဖြင့် ယန္တရားဝတ်စုံအသစ်တစ်ခုကို တည်ဆောက်နိုင်ပြီဖြစ်သည်။

အစီအစဥ်‌ရေးဆွဲပြီးနောက် ဟန်ရှောင်းသည် အင်တာဖေ့စ်ကို ဖွင့်ပြီး ဒီဇိုင်းပုံစံများကို ပေါင်းစပ်ရန် စတင်လိုက်သည်။ သူသည် ဤတစ်ကြိမ်တွင် အဆင့်နိမ့်ဒီဇိုင်းပုံစံများစွာ လိုအပ်သည်။

သူ့တွင် အတွေ့အကြုံအမှတ် ၁.၅ ဘီလီယံ ကျန်ရှိနေပြီး လက်ရှိအဆင့်ကစားသမားများပင် စိတ်ကူးမယဥ်နိုင်သည့် အရေအတွက်ပင်။ ယန္တရားပညာရှင်အတန်းအစားသည် အခက်ခဲဆုံးအတန်းဖြစ်ရခြင်း၏အကြောင်းရင်းမှာ ဒီဇိုင်းပုံစံလောင်းကစားစနစ်ကြောင့်ပင်။ ၎င်းသည် အတွေ့အကြုံအမှတ်များအတွက် အောက်ခြေမရှိသည့် တွင်းပေါက်ကြီးတစ်ခုဖြစ်ပြီး တူညီသည့်ပေါင်းစပ်မှုတစ်ခုစီတိုင်းကို ထပ်ခါတလဲလဲ အသုံးပြုသည့်အခါ လိုအပ်သည့်အတွေ့အကြုံအမှတ်သည် နှစ်ဆတိုးသွားလိမ့်မည်။

ကစားသမားများအတွက် သူတို့သည် တူညီသည့်ပေါင်းစပ်မှုကို ငါးကြိမ်မှ ခြောက်ကြိမ်သာ အသုံးပြုကြသည်။ ထို့နောက်တွင်ပင် သူတို့လိုချင်သည့် စက်ပစ္စည်းကို မရရှိသေးပါက စွန့်စားရမည့် အန္တရာယ်က အလွန်မြင့်မားသည့်အတွက် လက်လျှော့လေ့ရှိကြသည်။ သူတို့သည် အတွေ့အကြုံအမှတ် ထောင်ပေါင်းများစွာ အကုန်ခံပြီး လောင်းကစားလုပ်သော်လည်း အသုံးမဝင်သည့် ဒီဇိုင်းပုံစံတစ်ခု သို့မဟုတ် အဆင့်နိမ့်စက်ပစ္စည်းတစ်ခုသာ ရရှိခဲ့လျှင် သူတို့၏စိတ်ဓာတ်သည် လုံးဝယိမ်းယိုင်သွားမည်သာ ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ စိတ်လှုပ်ရှားစရာတော့ ဖြစ်သည်။

ယန္တရားပညာရှင်တစ်ဦးသည် သူတို့လိုချင်သည့် ဒီဇိုင်းပုံစံကို မရရှိနိုင်ပါက သူတို့၏အဆင့်တိုးလာပြီးနောက် အခြားဒီဇိုင်းပုံစံများ အသုံးမဝင်တော့ပါက သူတို့သည် ထိုစက်ပစ္စည်းကို ဘယ်တော့မှ တည်ဆောက်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ယန္တရားပညာရှင်ကစားသမားများကြားက ကွာခြားချက်သည် အတော်လေးကြီးမားသည်။ အကြောင်းမှာ ဟန်ရှောင်းလိုမျိုး မည်သည့်ကုန်ကျစရိတ်ကိုမဆို ပေးရဲသူများက လူတိုင်းမဟုတ်သည့်အတွက်ပင်။

ဒင်ဒင်ဒင်!

အင်တာဖေ့စ်အကြောင်းကြားချက်သည် အဆက်မပြတ် မြည်နေသည်။ အဆင့်နိမ့် စက်ပစ္စည်းဒီဇိုင်းပုံစံ ဒါဇင်ပေါင်းများစွာကို နောက်ဆုံးတွင် အတွေ့အကြုံအမှတ် သန်းသုံးဆယ်ကျော် အကုန်ခံပြီးနောက် ဖန်တီးနိုင်ခဲ့သည်။ ဤသည်မှာ အခြေခံဗဟုသုတများကိုသာ အသုံးပြုသည့် ကုန်ကျစရိတ်ဖြစ်သည်။ အကယ်၍ သူသည် ပေါင်းစပ်မှုအမျိုးမျိုးကို ရှင်းရှင်းလင်းလင်းမသိခဲ့ပါက ကုန်ကျစရိတ်သည် သုံးဆယ်မှ လေးဆယ်ရာခိုင်နှုန်း ပိုမိုကုန်ကျလိမ့်မည် ဖြစ်သည်။

ဟန်ရှောင်း၏ စွမ်းရည်စာရင်းသည် အလွန်ရှည်လျားပြီး မှင်သက်စရာဖြစ်လာသည်။ ရေတွက်ကြည့်ပြီးနောက် ဟန်ရှောင်းသည် စုစုပေါင်း အမြောက်အမျိုးအစား ၆မျိုး၊ ရိုဘော့အမျိုးအစား ၄မျိုး၊ စက်ထောင်ချောက်အမျိုးအစား ၈မျိုး၊ မီးတောက်လက်နက်အမျိုးအစား ၁၁မျိုး၊ အနီးကပ်လက်နက်အမျိုးအစား ၇မျိုးနှင့် အခြားကျပန်းဒီဇိုင်းပုံစံအချို့ကို ရရှိခဲ့သည်။

ဤဒီဇိုင်းပုံစံများသည် တူညီသော အမျိုးအစားထဲရှိ အဆင့်နိမ့် စက်ပစ္စည်းများသာဖြစ်သော်လည်း သူတို့အားလုံးတွင် မတူညီသည့်လုပ်ဆောင်ချက်များ ရှိသည်။

“အခုဆို ငါ့ရဲ့ဒီဇိုင်းပုံစံစာရင်း ပိုများလာပြီ။ ရွေးချယ်စရာတွေ ပိုများလာတယ်” ဟန်ရှောင်းသည် ခေါင်းညိတ်လိုက်သည်။ ဤသည်က သူ၏တစ်ခုတည်းသော ပစ်မှတ်မဟုတ်ပေ။ “ဒီအဆင့်နိမ့်ဒီဇိုင်းပုံစံတွေနဲ့ဆိုရင် ဒီဇိုင်းပုံစံတွေ တီထွင်ဖို့အတွက် ပစ္စည်းတွေ ပိုများလာပြီ။ တူညီတဲ့အမျိုးအစားထဲက ဒီဇိုင်းပုံစံတွေရဲ့အားသာချက်တွေကို ပေါင်းစပ်ပြီး ဒီဇိုင်းပုံစံအသစ်တစ်ခုကို တီထွင်မယ်ဆိုရင် ငါ့ပစ္စည်းတွေကို ငါကိုယ်တိုင် ဖန်တီးနိုင်ပြီ။ အဲဒါက တူညီသည့်အဆင့်နဲ့ အမျိုးအစားထဲမှာ ထိပ်တန်းစက်ပစ္စည်းတွေဖြစ်ပြီး စွမ်းအားကလည်း အဆင့်ထက် ကျော်လွန်သွားနိုင်တယ်”

ဒီဇိုင်းပုံစံများစွာ၏ အားသာချက်များကို ပေါင်းစပ်ပြီး သူ၏ကိုယ်ပိုင်ဒီဇိုင်းပုံစံများကို ဖန်တီးမည်ဖြစ်သည်။

ဤသည် သူသည် အဆင့်နိမ့်စက်များစွာကို ပေါင်းစပ်ရခြင်း၏ အကြောင်းရင်းပင်။

ဟန်ရှောင်းသည် ပြုပြင်ပြောင်းလဲရေးအခန်းမှ ထွက်ခွာပြီး ပစ္စည်းများဝယ်ယူရန် ဈေးကွက်နေရာသို့ ဦးတည်သွားသည်။ သူ့အကောင့်တွင် ၇၀,၀၀၀ Enas ကျော်ရှိသည်။ ထိုမှ ပိုက်ဆံနည်းနည်းသာ သုံးလိုက်သည့်တိုင် အဆင့်နိမ့် စက်ပစ္စည်းအစိတ်အပိုင်းများစွာကို ဝယ်ယူရန် လုံလောက်သည်။ သူသည် လာရောက်ပို့ဆောင်ပေးပို့လာသည်ကိုသာ စောင့်နေရန်လိုသည်။

ထိုမတိုင်မီ သူသည် ဟားလပ်စ်အား စက်အတုလက်တစ်ဖက် တည်ဆောက်ပေးမည်ဟု ကတိပေးထားသည်။

…

စက်ပစ္စည်းပြုပြင်ပြောင်းလဲရေးအခန်းထဲတွင် ဟားလပ်စ်သည် ပတ်တီးများကို ချွတ်ပြီး လစ်ဟာနေသည့် သူ၏ဘယ်ဘက်ပခုံးကို ပြလိုက်သည်။ ထိုပခုံးတွင် အလွန်သပ်ရပ်သည့် ဒဏ်ရာရှိနေသည်။ သူ အနည်းငယ်စိုးရိမ်နေ၏။ “ငါ ဘာလုပ်ဖို့ လိုလဲ”

ဟန်ရှောင်းသည် ဟားလပ်စ်၏ဒဏ်ရာ အရွယ်အစားကို တိုင်းတာပြီး မှတ်တမ်းတင်နေသည်။ သူက မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ “အရမ်းအကျယ်ကြီးသာ မအော်နဲ့”

“အရမ်း - အရမ်းနာမှာလား”

“မင်းရဲ့ဒဏ်ရာကို လှီးပြီး စက်လက်မောင်းကို မင်းရဲ့အာရုံကြောတွေနဲ့ ချိတ်ဆက်ရမှာမို့လို့… နာကျင်မှုအဆင့်က မင်းလက်မောင်းကို ပြန်ဖြတ်တာနဲ့ တူလောက်တယ်။ ပြီးရင် မင်းရဲ့အသားထဲကို သတ္တုတစ်ပိုင်း ထည့်လိုက်တာနဲ့ တူတယ်ပေါ့။ နာကျင်မှုက နှစ်ဆပဲ။ တစ်ခုဝယ်ရင် တစ်ခုအလကား”

ဟားလပ်စ်၏မျက်နှာမှာ တောင့်တောင့်ကြီးဖြစ်သွားသည်။ “မေ့ဆေးထိုးလို့ရလား”

“မင်းရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို သဘောပေါက်ရဲ့လား” ဟန်ရှောင်းသည် ခပ်တည်တည်ဖြင့် သတ္တုလုံးအသေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ၎င်းသည် ကြီးမားသည့်တူအဖြစ်သို့ ပြောင်းလဲသွားသည်။ “မင်းကို ရုပ်ပိုင်းဆိုင်ရာ မေ့ဆေးပေးရမလား”

“… မလိုတော့ဘူး။ ငါကြားထဲမှာ နိုးလာရင် အလကားအရိုက်ခံရသလို ဖြစ်နေဦးမယ်”

ဟားလပ်စ်က တံတွေးမျိုချလိုက်သည်။

“ခဏလောက် စောင့်နေ” ဟန်ရှောင်း တိုင်းတာပြီးစီးသည်နှင့် ပစ္စည်းများကို ထုတ်ယူပြီး အလုပ်ခုံတွင် စတင်တည်ဆောက်သည်။ သူ၏လှုပ်ရှားမှုများသည် အလွန်လျင်မြန်ပြီး မျက်စိကျစရာပင်။

ဟားလပ်စ်သည် အလွန်စိုးရိမ်တကြီးနှင့် ဘေးတွင် ထိုင်နေပြီး စက္ကန့်များသည် နှစ်ပေါင်းများစွာကဲ့သို့ ခံစားနေရသည်။

မကြာမီပင် စက်လက်မောင်းတစ်ခုကို ထုတ်လုပ်ပြီးစီးသွား၏။ ၎င်းတွင် ငွေရောင်သတ္တုစပ်ချပ်ဝတ်တန်ဆာ၊ ပါဝါထွက်ရှိသည့် ဖွဲ့စည်းပုံအမျိုးမျိုး၊ လက်၏နောက်ကျောနှင့် လက်မောင်းတွင် တပ်ဆင်ထားသည့် ဒိုင်းသေးသေးတစ်ခု၊ ခန္ဓာကိုယ်နှင့် ချိတ်ဆက်သည့်နေရာတွင် အလွန်သေးငယ်သည့် အာရုံကြောချိတ်ဆက်မှုပေါက်များစွာ ပါဝင်သည်။

ဟန်ရှောင်းသည် အာရုံကြောချိတ်ဆက်မှုဆိုင်ရာ အသိပညာရှိသည့်အတွက် မလာခင်ထဲက စက်အတုလက်မောင်းဒီဇိုင်းပုံစံနှင့် ပေါင်းစပ်ထားခဲ့သည်။

သူသည် ဓားသေးသေးလေးတစ်ချောင်းကို ထုတ်ပြီး ဒဏ်ရာပေါ်က အပေါ်ယံလွှာကို လှီးထုတ်လိုက်သည်။ ဟားလပ်စ် ချက်ချင်းတုန်လှုပ်သွားသည်။ ထို့နောက် ဟန်ရှောင်းသည် ဇာဂနာသေးသေးလေးဖြင့် အသားကို မလိုက်ပြီး စက်လက်မောင်းကို မ,တင်ကာ ဒဏ်ရာကို ပစ်မှတ်ထားပြီး ဖိချလိုက်သည်။

ဟွမ်!

စက်လက်မောင်းသည် စတင်အသက်ဝင်လာပြီး ပါးလွှာပြီးရှည်လျားသည့်အပ်များစွာသည် ချိတ်ဆက်မှုပေါက်မှ ထွက်လာကာ အာရုံကြောများနှင့် ချိတ်ဆက်ရန်အတွက် ဟားလပ်စ်၏အရိုးများအတွင်းသို့ တူးဝင်သွားသည်။

“စူး!”

ဟားလပ်စ်၏ခန္ဓာကိုယ်သည် ချက်ချင်းတင်းမာသွားပြီး ချွေးလုံးကြီးများ သူ့ကိုယ်မှ စီးကျလာသည်။ သူသည် သွားများကို တင်းတင်းကြိတ်ထားသော်လည်း အော်သံတစ်ခုသည် သူ့သွားများကြားမှ ထွက်ပေါ်လာသည်။

ဆယ်မိနစ်ကျော်အကြာတွင် နာကျင်မှုသည် နောက်ဆုံးတွင် မှေးမှိန်စပြုလာသည်။ နာကျင်မှုမှတစ်ဆင့် ဟားလပ်စ်သည် သူ၏ဘယ်ဘက်လက်မောင်း၏ အာရုံခံစားမှုများကို ပြန်လည်ရရှိလာ၏။

သူသည် သူ့လက်မောင်းကို ရွှေ့ကြည့်ရန် ကြိုးစားသည်။ စက်လက်မောင်းသည် အာရုံကြောချိတ်ဆက်မှုမှတစ်ဆင့် သူလိုချင်သည့်အတိုင်း တဝီဝီမြည်သံဖြင့် ရွေ့လျားခဲ့သည်။ ၎င်းသည် ပုံမှန်လက်တစ်ဖက်ကဲ့သို့ပင် လျင်မြန်ပြီး တက်ကြွသည်။

“ဒါဆို စက်လက်မောင်းက ဒီလိုမျိုး ခံစားရတာပဲ” ဟားလပ်စ်က ပြောလိုက်သည်။ ထို့နောက် သူသည် သူ့လက်မောင်းကို ဝှေ့ယမ်းပြီး သူ့လက်သီးကို မြေပြင်ပေါ်သို့ ဆောင့်ထိုးလိုက်သည်။

ဒုန်း!

သူသည် သတ္တုကြမ်းပြင်ပေါ်တွင် အပေါက်တစ်ခု ဖန်တီးလိုက်သည်။

“ဒါက S-30 စက်အတုလက်မောင်းပဲ—ခွန်အားကောင်းတယ်၊ ချပ်ဝတ်တန်ဆာထူတယ်၊ အတော်လေးကောင်းတဲ့ပုံစံ၊ ရုပ်ပိုင်းဆိုင်ရာ သီးသန့်တိုက်ခိုက်မှုအတွက် အသုံးပြုတယ်။ ဒီဟာကို ခဏလောက်သုံးနေ” ဟန်ရှောင်းက ပြောလိုက်သည်။

ဟားလပ်စ်သည် ခေါင်းညိတ်လိုက်သည်။ စက်အတုလက်မောင်းသည် စွမ်းအင်မထုတ်လုပ်နိုင်သည့်အတွက် စစ်သည်တော်တစ်ဦးအနေနှင့် သူ၏ခွန်အားသည် အနည်းငယ်အားနည်းသွားသည်။ သို့သော်လည်း အနည်းဆုံးတော့ ဘယ်ဘက်လက်မောင်းမရှိသည့်အခြေအနေထက် အများကြီးပိုကောင်းသည်။

ဟားလပ်စ်သည် သူ့ကို မသန်စွမ်းဖြစ်စေခဲ့သည့် အမ်ဘာကို မုန်းသော်လည်း ကြောက်ရွံ့မှုကပိုသည်။ သူသည် အမ်ဘာနှင့် ဘယ်တော့မှ ထပ်မံမတွေ့ဆုံလိုပေ။ ကံကောင်းသည်က ထိုကြောက်မက်ဖွယ်ကောင်းသည့်လူသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။

ထို့အပြင် မသန်စွမ်းဖြစ်ခြင်းသည် ခဏတာသာ ဖြစ်သည်။ ဘလက်စတားက သူသည် ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးရှိသည်ဟု ပြောခဲ့သည့်အတွက် ဟားလပ်စ်သည် မျှော်လင့်နေမိသည်။

“ဒါနဲ့ နှစ်ရက်ကြာရင် တခြား ဆူနီစစ်သားတွေ ငါ့ကို ဆက်သွယ်လာတယ်။ မင်းနဲ့ ဆွေးနွေးချင်တဲ့ကိစ္စတစ်ခု ရှိတယ်လို့ ပြောတယ်” ဟားလပ်စ် ရုတ်တရက် သတိရသွားသည်။

“သူတို့ ငါနဲ့ ဘာဆွေးနွေးချင်တာလဲ။ ပိုက်ဆံချေးဖို့လား။ အဲဒါဆို စဉ်းတောင်မစဥ်းစားဖို့ ပြောလိုက်”

“မဟုတ်ပါဘူး” ဟားလပ်စ်သည် ချောင်းဆိုးလိုက်ပြီး အနည်းငယ် ရှက်နေသည်။ “တကယ်တော့ သူတို့က ဘလက်စတားကြေးစားအဖွဲ့မှာ ဝင်ချင်လို့ပါ…”

နဂါးဧကရာဇ်နှင့် ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် ဟန်ရှောင်းသည် ကြေးစားလုပ်ငန်းတွင် အထင်ကရတစ်ဦး ဖြစ်လာခဲ့သည်။ ဟားလပ်စ်ခံစားရသလောက်တော့ ဤအချိန်တွင် ဘလက်စတားတွင် ပူးပေါင်းသည့်ရည်မှန်းချက်သည် အလွန်ရှင်းလင်းသည် - သူတို့သည် ဟန်ရှောင်း၏ဝိသေသနှင့် နာမည်မှ အကျိုးအမြတ်ရယူလိုကြသည်။

ဘလက်စတား၏ လုပ်ငန်းနယ်ပယ်တွင် တဟုန်ထိုးတိုးတက်နေသည့် ဆက်ဆံရေးများကို အသုံးပြုခြင်းဖြင့် သူတို့သည် ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးကို ရရှိနိုင်ပြီး ယင်းက သူတို့အား ပိုမိုငွေရှာရန် ကူညီပေးနိုင်လိမ့်မည်။

သို့ဖြစ်၍ ဟားလပ်စ်အနေဖြင့် ပြောရမှာ အနည်းငယ် ရှက်နေ၏။ သို့သော်လည်း ဤစစ်သည်တော်များအတွက် ဘဝသည် မလွယ်ကူသည့်အတွက် သူ၏လူမျိုးစုမှ ကြေးစားစစ်သားများအတွက် စကားအနည်းငယ်ပြောရန် ကူညီပေးရန် သဘောတူခဲ့သည်။ သူသည် ဟန်ရှောင်း၏တုံ့ပြန်မှုကို စိုးရိမ်တကြီးနှင့် စောင့်ဆိုင်းနေတော့သည်။

All Chapters