ကိုယ်တိုင်အသိစိတ်ဝင်ပြီးနောက် ပိုမိုသန်မာလာခြင်း
Vol. 21 Ch. 314
အခန်း (၃၁၄) : ကိုယ်တိုင်အသိစိတ်ဝင်ပြီးနောက် ပိုမိုသန်မာလာခြင်း
ရှန်ထျန်းက ပြိုကွဲသွားသော အာကာပြင်ထဲ သူ့တောင်ပံကို ဖြန့်လိုက်သည်။ အက်ကြောင်းများစွာ ဖြစ်ပေါ်သွားသည့်အတွက် လေမုန်တိုင်းအသံက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။
ရှန်ထျန်းကို ဗဟိုပြုပြီး ပေတစ်ရာပတ်လည်အတွင်းရှိ အရာအားလုံး ယိုယွင်းပျက်စီးသွားသည်။
ကံကောင်းစွာဖြင့် ရှန်ထျန်းက သူ့အဖွဲ့ဝင်များနှင့် အတော်လေး ဝေးသည့်နေရာတွင် ရပ်နေခဲ့သည်။ မဟုတ်ပါက ထိုအက်ကွဲကြောင်းများကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားကြလိမ့်မည်။ ရွှေအမြုတေအဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက်အတွက် အာကာပြင်ကပ်ဘေးက အရေးပါသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။
ထိုအက်ကြောင်းများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှန်ထျန်းက အာကာပြင်ထဲသို့ စုပ်ယူခံလိုက်ရသလိုမျိုး အားလုံး၏ မျက်လုံးရှေ့တွင် ပျောက်ကွယ်သွားသည်။
ခဏအကြာတွင် ပေပေါင်းသောင်းချီပြီး ဝေးသောနေရာတွင် ပြန်ပေါ်လာသည်။ ဖြစ်ပျက်သွားသည်များက အရမ်းမြန်ဆန်သည့်အတွက် ဘယ်သူမှ သေချာမမြင်လိုက်ပေ။
မြန်လိုက်တာ
အရမ်းကို မြန်တယ်
ရှန်ထျန်း၏ ယခုလက်ရှိ အမြန်နှုန်းက အသံထက်ပင် ပိုမိုမြန်ဆန်သည်။ ယုဖန်ရှန်းတို့ကလည်း ရှန်ထျန်းကို အံ့ဩစွာဖြင့် ကြည့်နေကြသည်။
“ အစ်ကိုရှန်ရဲ့ ခွန်ပန်တာအိုအပေါ်နားလည်မှုက အံ့ဩစရာကောင်းတဲ့ အဆင့်ကို ရောက်ရှိသွားပြီ။ တောင်ပိုင်းနယ်မြေက သွေးသန့်ရွှေလင်းယုန်တောင် အစ်ကိုရှန်လောက် မြန်နိုင်မှာ မဟုတ်တော့ဘူး”
“ အဲဒီထက်ကို ပိုတယ်။ အစ်ကိုရှန်၏ အမြန်နှုန်းက အဆင့်တက်သွားပြီ။ ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတောင် သူ့ကို မှီအောင် လိုက်နိုင်မှာ မဟုတ်ဘူး”
“ ရှေးခေတ်အခါတုန်းက ခွန်ပန်တွေက ကမ္ဘာပေါ်တွင် ကြောက်စရာ ကောင်းဆုံးအမြန်နှုန်းကို ပိုင်ဆိုင်ထားတယ်ဆိုပြီးတော့ ကောလဟာလတွေ ရှိတယ်။ သူတို့က ဒဏ္ဍာရီလာ နတ်သားရဲဖြစ်တဲ့ ရွှေကျီးကန်းတွေလောက် မြန်တယ်တဲ့။ အခုတော့ အဲဒီကောလဟာလတွေက အပိုမဟုတ်ဘူးဆိုတာကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ”
“ ခွန်ပန်တာအိုရဲ့ ထူးခြားခြင်းက တစ်ခုဖြစ်ပြီးတော့ နားလည်အောင် လုပ်နိုင်တာက မတူညီတဲ့အရာတစ်ခုပဲ။ ငါတို့ရဲ့ အရည်အချင်းတွေက အစ်ကိုရှန်ကို လုံးဝ ယှဉ်လို့ရမှာ မဟုတ်ဘူး”
မင်းသားလေးယောက်က ရှန်ထျန်းကို ချီးကျူးနေသော စကားများကိုကြားပြီး နဂါးပေါက်လေး၏ ရှန်ထျန်းအပေါ် ချစ်မြတ်နိုးမှုကြောင့် သူ အသစ် သင်ယူထားသော ပန်တာအိုက ဘာမှအရေးမပါဘူးဟု ချီရှောက်ရွှမ် ရုတ်တရက် ခံစားလာမိသည်။
ငါက ဘာလို့ ပန်တာအိုကိုပဲ နားလည်နိုင်ရတာလဲ။ ဘာလို့ ခွန်တာအိုကို နားမလည်နိုင်ရတာလဲ
ငါက ညီအစ်ကိုရှန်လိုမျိုး ကောင်းချီးပေးခြင်း မခံထားရလို့လား
မဟုတ်ဘူး … ငါ မယုံကြည်ဘူး
ချီရှောက်ရွှမ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သူက ရှန်ထျန်း၏ အထင်ကြီးစရာကောင်းလောက်သော ပြသမှုကို ထပ်ပြီးတော့ မကြည့်ချင်တော့ပေ။ သူက တောင်နံရံနှစ်ခုရှေ့တွင် ဆက်ထိုင်နေပြီး သူတို့ဆီလာနေသော အသံလှိုင်းများကို နားလည်ဖို့ ကြိုးစားကာ နောက်တစ်ဆင့်ကို တက်ခွင့်ရဖို့ မျှော်လင့်နေသည်။
ထိုအချိန်တွင် ရှန်ထျန်းက သူ့ငှက်မွေးထာဝရသတ္တုတောင်ပံကို ဖွင့်လှစ်လိုက်သည်။ ခွန်ပန်တာအိုအပေါ် နားလည်မှုက ပိုမိုနက်နဲလာသည်ကို သူ ခံစားလာနိုင်သည်။ ယင်ယန်ပြန့်ဟွားပန်းများက ခွန်ပန်တာအိုနှင့် ပေါင်းစည်းသွားကာ မတူညီသော ကျင့်စဉ် နှစ်ခုကို ပိုမိုကောင်းမွန်စွာ နားလည်လာသည်။
ထိုအချိန်တွင် သူက ရှေးဟောင်းခွန်ပန်အဖြစ် အသွင်ပြောင်းနိုင်နေပြီဟုပင် ခံစားလာရသည်။ သူ့တောင်ပံများကလည်း ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားကာ ခြွင်းချက်မရှိ ထိန်းချုပ်လို့ ရသွားပြီ ဖြစ်သည်။
“ ရွှေတောင်ပံကိုးချက် - ဒုတိယအချက် လေထုကို ဖြိုခွင်းခြင်း”
သူ့ရွှေတောင်ပံများက ရုတ်တရက်ကြီးလာတာ ရွှေဓားသွားနှစ်ခုသဖွယ် ဖြစ်သွားသည်။ ထိုဓားသွားမျာအနားတွင် ရှိသော အာကာပြင်က ချက်ချင်း စုတ်ပြဲသွားသည်။
ရှန်ထျန်းက သူ့တောင်ပံများကို ပြင်းထန်စွာ ခတ်ရင်း အရှေ့ဖက် ကောင်းကင်ဆီ ပျံသန်းသွားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော ကပ်ဘေးက လေနှင့်အတူ ပါသွားပြီး အာကာပြင် အပိုင်းအစများကိုလည်း တစ်ခါထဲ ယူဆောင်သွားသည်။ ကောင်းကင်ရှိ တိမ်လွှာသည်လည်း လုံးဝ ပျက်ပြယ်သွားသည်။
မိုင်ပေါင်းတစ်သောင်းကျော်ထိ ကောင်းကင်မှာ တိမ် လုံးဝကင်းစင်သွားပြီး ကောင်းကင်ပြာပြာကိုသာ တွေ့ရသည်။
တောင်ပိုင်းနယ်မြေ၏ လင်းယုန်မျိုးနွယ်က ခွန်ပန်နှင့် နီးစပ်သော ဆက်နွယ်မှု ရှိတာ သေချာသည်။ ခွန်ပန်တာအိုတွင်လည်း ဒဏ္ဍာရီလာ ရွှေတောင်ပံကိုးချက် ပညာရပ် ပါဝင်သည်။
ရှန်ထျန်း၏ ရွှေတောင်ပံကိုးချက်က ခပ်တုံးတုံး လင်းယုန်တစ်ကောင်ထက် ပိုပြီးတော့ စွမ်းအားကြီးမားသည်။ ထိုတစ်ယောက်သာ ရှန်ထျန်း၏ ရွှေတောင်ပံကိုးချက်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သိပါက ချက်ချင်း သီးသန့်ကျင့်ကြံလိမ့်မည်။
ဟူး…
ရှန်ထျန်း လေထဲတွင် ရပ်နေရင်း လေကို မှုတ်ထုတ်လိုက်သည်။
အရှင်းဆုံးပြောရလျှင် ခွန်ပန်တာအိုက သူ့အတွက် ကြီးမားသော အံ့ဩစရာတစ်ခု ဖြစ်ပြီး သူ့မျှော်လင့်ချက်ထက် အများကြီး ပိုပြီးသာလွန်နေသည်။
ရှန်ထျန်းတွင် ငှက်မွေးထာဝရသတ္တု တောင်ပံရှိသော်လည်း ခွန်ပန်တာအိုကို နားမလည်စဉ်က ထိုကဲ့သို့သော အရှိန်မျိုးဖြင့် မသွားလာနိုင်ခဲ့ပေ။ စစ်နတ်ဘုရားမျှော်နန်းဆောင်တွင် အဆင့်မြင့် လျှို့ဝှက်ပညာရပ်များစွာ ရှိသော်လည်း ဘယ်ဟာကမှ ရှန်ထျန်း၏ တောင်ပံများအတွက် မသင့်တော်ပေ။
ယခုသူက ခွန်ပန်ကျင့်စဉ်ကို သင်ယူပြီးပြီဖြစ်သည့်အတွက် ငှက်မွေးထာဝရသတ္တု၏ အလားအလာ အပြည့်အဝကို အသုံးချနိုင်လေပြီ။ ရှန်ထျန်းက နောက်ထပ်တစ်ခါ တစ်ဆင့် တက်သွားပြန်ပြီဖြစ်သည်။
ယောက်ျားတစ်ယောက် လျင်မြန်ဖျတ်လတ်နေဖို့ လိုတယ်
ခွန်ပန်တာအိုက အရမ်းလေးနက်ပြီး သိမ်မွေ့သည်။ ထို့ကြောင့် အရာအားလုံးကို နားလည်ဖို့အတွက် မလွယ်ကူလှပေ။
ခွန်ပန်တာအိုက အာကာပြင်ကို နက်နက်နဲနဲ နားလည်ခြင်း ဖြစ်သည်။ ကျင့်စဉ်၏ ခွန်အပိုင်းက ကျင့်ကြံသူ၏ အာကာပြင်ကိုထိန်းချုပ်နိုင်စွမ်းနှင့် အရှိန်ကို မြှင့်တင်ပေးမှာဖြစ်သည်။
ကျော်ကြားသည့် ကဗျာတစ်ပုဒ်ဖြစ်သော “ ပန်က ကောင်းကင်မှာ ပျံသန်းလိုက်တာနဲ့ မိုင်ပေါင်းထောင်ချီပြီး ဖြတ်သန်းသွားပြီးပြီ” ဆိုတာက ပန်၏ လွန်ကဲသော အမြန်နှုန်းကို ဖော်ကျူးခြင်း ဖြစ်သည်။
လွန်ကဲတဲ့ အမြန်နှုန်း၊ လွန်ကဲတဲ့ တိုက်ခိုက်မှု၊ လွန်ကဲတဲ့ ခွန်အား … အဲဒါက ပန်ပဲ
ထိုအချိန်တွင် ကျင့်စဉ်၏ ခွန်အပိုင်းက အာကာပြင်ကို ထိန်းချုပ်ပြီး ရန်သူကို ချုပ်နှောင်လွှမ်းမိုးခြင်း ဖြစ်သည်။ ကိုယ်အစားအပြုဆုံး ပညာရပ်က မဟာလေဟာနယ် ခွန်မျိုးနွယ်၏ အားထာရသော တိုက်ကွက်ဖြစ်သော မြောက်ပိုင်း မြေအောက်ကမ္ဘာမှ မဟာကောင်းကင် ဝါးမျိုခြင်း ပညာရပ် ဖြစ်သည်။
ဤပညာရပ်တွင် ကျင့်ကြံသူက အာကာပြင်၏ စွမ်းအားကိုထိန်းချုပ်ပြီး မဟာကောင်းကင် ဝါးမျိုခြင်း လေဝဲကို ဖန်တီးနိုင်မှာ ဖြစ်သည်။
တစ်စုံတစ်ယောက်က ဘယ်လောက်ထိ ပြင်းထန်စွာ တိုက်ခိုက်နေပါစေ ဤကြီးမြတ်သော ပညာရပ်က အားလုံးကို ဝါးမျိုသွားကာ မြေဩဇာအဖြစ်ပင် ပြောင်းလဲ ပေးလိုက်မည် ဖြစ်သည်။
ရန်သူ၏ တိုက်ခိုက်မှုနှင့် စွမ်းအင်ကို ဝါးမျိုပြီး အားအင်ဖြည့်တင်းနိုင်သည်။ ဤအရာက နယ်မြေငါးခုတွင် မဟာလေဟာနယ် ခွန်မျိုးနွယ်က ဘာကြောင့် လွှမ်းမိုးနိုင်လဲဆိုသော အဓိက အကြောင်းအရင်း ဖြစ်သည်။
ရှန်ထျန်းမှာ အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့် ပြန်လည်ဝင်စားခြင်း သန့်စင်မြေ ရှိနေပြီးပြီဖြစ်သည်။ ထိုအရာများကလည်း စွမ်းအင်အမျိုးမျိုးကို သန့်စင်ဝါးမျိုသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ယခု ခွန်တာအိုဖြင့် သူ့စွမ်းအားများက နောက်တစ်ဆင့်သို့ မရောက်ရှိသေးပေ။
ရှန်ထျန်းက တကယ် မပင်ပန်းသေးသော်လည်း သူသာ မဟာလေဟာနယ် ခွန်မျိုးနွယ်၏ ပါရမီရှင်တစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက ကိုယ့်ကိုယ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်မည်ဟု ယုံကြည်သည်။
“ ဤအရာက ခွန်ပန်မျိုးနွယ် ချန်ထားခဲ့သော အမွေအနှစ်တစ်ခုပဲ။ အရမ်းထူးခြားအံ့ဖွယ်ပဲ”
နစ်မြောနေသော အခြေအနေမှ နိုးထလာပြီးနောက် ရှန်ထျန်းက တောင်ပံများကို သိမ်းကာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး သူ့အကြည့်များကလည်း တောက်ပနေသည်။
သူက ခွန်ပန်တာအိုကို နားလည်ပြီးနောက် ရရှိလိုက်သည်များက များပြားသည်။ သူ့ တိုက်ခိုက်သည်ပုံစံကလည်း ပိုပြီးတော့ ကျယ်ပြန့်လာသည်။
ယခုသူက ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်ရန်ပင် ယုံကြည်မှု ရှိနေပြီဖြစ်သည်။ သူ အနိုင်မယူနိုင်ပါကလည်း တစ်ခါထဲ နောက်ဆုတ်သွားလို့ ရသည်။ သူသာ ဝိဇ္ဇာတစ်ယောက်ကို တွေ့ရပါက အရာအားလုံးက တကယ်ကို သတိထားဖို့ လိုလိမ့်မည်။
ဟုတ်တယ် … သူ ဂရုစိုက်ဖို့ လိုနေသေးတယ်
သတိပြုခြင်းက လုံခြုံခြင်း၏ မူလအစ ဖြစ်သည်။ ဖြေးဖြေးနှင့် ပုံမှန်သွားခြင်းက အနိုင်ရစေသည်။
ရုတ်တရက် နံရဘေးတွင်ထိုင်နေသော ချီရှောက်ရွှမ်က ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
“ မဟုတ်သေးဘူး…မဟုတ်သေးဘူး။ ဒီကျင့်စဉ်က အရမ်းကိုခက်ခဲတယ်။ နားမလည်နိုင်ဘူး။ နားကို မလည်နိုင်ဘူး”
ချီရှောက်ရွှမ်နောက်ရှိ ခရမ်းရောင်အရှိန်အဝါက ဧရာမ ခွန်သဏ္ဌာန်ဖော်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲဖြစ်သော်လည်း တစ်ဝက်သာ ပုံဖော်ပြီးတိုင်း ပျက်ပြယ်သွားရသည်။
သူက ပန်တာအိုကို နားလည်ပြီး အကျိုးအမြတ်လည်း အများကြီး ရရှိထားသည်။ သို့သော် ခွန်တာအိုကိုတော့ လုံးဝ နားမလည်နိုင် ဖြစ်နေရသည်။
ခွန်ပန်တာအိုတွင် ယင်ရောယန်ရော ပါဝင်နေသည်။ ယင်နှင့်ယန်ကြားက အသွင်ပြောင်းမှုကို ထိန်းချုပ်နိုင်ဖို့အတွက်က ထင်ထားတာထက် ပိုပြီးခက်ခဲသည်။
လက်တွေ့တွင် ချီရှောက်ရွှမ်က လူသားတစ်ဦး ဖြစ်နေသည်။ ခွန်လည်း မဟုတ်သလို ပန်လည်း မဟုတ်သည့်အပြင် နတ်ဆိုးတစ်ကောင်ပင် မဟုတ်ပေ။ ပန်တာအိုကို နားလည်ပြီး ခရမ်းစံအိမ်တော်ဝင်ကျမ်းနှင့် ပေါင်းစပ်နိုင်ရုံဖြင့် ရှားပါးသော အောင်မြင်မှုဟု ခေါ်ဆိုနိုင်နေပြီ ဖြစ်သည်။
သို့သော် ချီရှောက်ရွှမ်၏ ရည်မှန်းချက်က ယင်နှင့်ယန်လွှမ်းခြုံထားသော ထူးခြားအံ့ဖွယ် ပစ္စည်းဖြစ်သည့် ပြန့်ဟွားပန်းကို ပိုင်ဆိုင်ထားသည့် ရှန်ထျန်းလိုမျိုး ဖြစ်ဖို့ ဖြစ်သည်။
ထို့အပြင် ရှန်ထျန်းက ယခင်ကတည်းက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းမှာ လုံးဝ ဆရာတစ်ဆူ ဖြစ်နေသည်။ သူ၏ ယင်နှင့်ယန်အပေါ် နားလည်မှုက လုံးဝ နက်နဲသည်။
ရလဒ်အနေဖြင့် ယင်ယန်သဘာဝ ဖြစ်သော ခွန်ပန်တာအိုပေါ် နားလည်နိုင်စွမ်း ခက်ခဲနှုန်းက ရှန်ထျန်းအတွက်မူ ၉၀ ရာခိုင်နှုန်းနီးပါး လျော့ကျသွားသည်။
ထို့ကြောင့် ချီရှောက်ရွှမ် အပြည့်အဝ နားမလည်နိုင်ခြင်းအတွက် သူ့ကို အပြစ်တင်လို့ မရနိုင်ပေ။ သူ့ ရည်မှန်းချက်က အရမ်းမြင့်နေခြင်းသာ ဖြစ်သည်။
“ ညီအစ်ကိုချီ ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးပါနဲ့။ သိပ်မကြာခင်ကမှ ကနဦးဝိညာဉ်ကို ဖန်တီးထားတာဆိုတော့ အရမ်းဖိအားပေးရင် လမ်းမှားကို ရောက်သွားနိုင်တယ်”
“ အစ်ကိုချီ ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ။ ဒီနံရံပန်းချီကို နားလည်နိုင်ဖို့အတွက် ကံကြမ္မာ ပါလာရမယ်လေ။ ခွန်ပန်တာအို အပြည့်အစုံကို နားလည်ဖို့အတွက် အစ်ကို ကံမပါတာလည်း ဖြစ်နိုင်တယ်လေ”
ချီရှောက်ရွှမ်၏ နောက်ရှိ ခရမ်းရောင်အရှိန်အဝါ မှိန်သွားသည့်အတွက် သူ့အဖွဲ့သားများက သူ ရူးသွပ်သွားကာ လမ်းမှားသို့ ရောက်သွားမည်ကို စိုးရိမ်သဖြင့် စတင် ဖျောင်းဖျနှစ်သိမ့်ရတော့သည်။
ချီရှောက်ရွှမ်၏ လူသားတွဲဖက်အနေဖြင့် အောင်းဝူက စိတ်အပူဆုံး ဖြစ်၏။
“ အစ်ကိုရှောက်ရွှမ် ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့တော့။ အားလုံးက အစ်ကိုရှန်လိုမှ မဖြစ်နိုင်တာ။ အစ်ကိုလည်း ကောင်းကောင်း လုပ်ခဲ့ပြီးပြီပဲ”
ချီရှောက်ရွှမ် ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။ ချီရှောက်ရွှမ်တစ်ယောက် မူးနောက်မှုကို ခံစားရပြီးနောက် အားအင်ချိနဲ့စွာဖြင့် ဒူးထောက်ကျသွားကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူ ကောင်းကင်မှ နှင်းပွင့်များ ကျလာသလို ခံစားလိုက်ရသည်။
ကောင်းကင်ဘုံရေ … ကျွန်တော်လိုလူမျိုး ရှိပြီးသားကို ဘာလို့ ရှန်ထျန်းလိုလူမျိုးကို ဖန်တီးလိုက်ရတာလဲ
ချီရှောက်ရွှမ် စိတ်ပျက်လက်ပျက်ဖြင့် ဒူးထောက်ကျသွားသည့် မြင်ကွင်းကို ကြည့်ပြီး ရှန်ထျန်း အရမ်းစိတ်ပူနေမိသည်။ ချီရှောက်ရွှမ်က ဘာလို့ ကျင့်စဉ်အပြည့်ကို နားမလည်နိုင်တာနဲ့တင် စိတ်ပျက်နေမှန်း သူ နားမလည်နိုင်တော့ပေ။
ချီရှောက်ရွှမ်က ရှန်ထျန်းအတွက် အရမ်းအရေးကြီးသော တွဲဖက်ဖြစ်သည့်အတွက် သူ တစ်ခုခု ဖြစ်သွားတာမျိုးကို မမြင်ချင်ပေ။
ဟုတ်ပြီ … မင်း သူ့ကို မယုံသင်္ကာပုံစံနဲ့ မကြည့်လိုက်နဲ့။ ချီရှောက်ရွှမ်က ရှန်ထျန်းအတွက် တကယ်အရေးပါတဲ့သူပဲ
ချီရှောက်ရွှမ်သာ ရူးသွပ်သွားပြီး အမှောင်လမ်းစဉ်ကို လမ်းလွဲသွားရင် ရှေ့လျှောက် ရှန်ထျန်းက သူနဲ့ ဘယ်လိုလုပ်ပြီးတော့ လေ့ကျင့်ရတော့မှာလဲ
ချီရှောက်ရွှမ် တစ်ယောက်ထဲစီကနေ ကံအပြောင်းအလဲ အခွင့်အရေးတွေကို အလကားမျှယူရတာက အနီရောင် ရောင်ဝါစက်ဝန်း ပိုင်ရှင်ကျင့်ကြံသူ ၁၀ ယောက်ထက်တော့ ပိုကောင်းတယ်ဆိုတဲ့အချက်ကိုတော့ ထည့်ပြောရမှာပေါ့
ရှန်ထျန်းက ချီရှောက်ရွှမ်၏ ဘေးလျှောက်သွားကာ သူ့ကို စိတ်ပူစွာဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်
“ ဘာဖြစ်လို့လဲ”
ချီရှောက်ရွှမ်က နီရဲနေသောမျက်လုံးဖြင့် ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်းက ဘာလို့ အဲဒါကို အားလုံး နားလည်နိုင်ရတာလဲ။ ငါရော ဘာလို့ နားမလည်နိုင်ရတာလဲ။ ဒါက အရမ်းကို မတရားဘူး”
ရှန်ထျန်းက ပြုံးလိုက်သည်။
ဒါက ကျင့်စဉ်တစ်ခု သက်သက်ပဲလေ။ ကပ်ဘေးတစ်ခုခု ဖြစ်သွားပြီလို့ကို ထင်နေတာ
ရှန်ထျန်းက ချီရှောက်ရွှမ်၏ ပုခုံးကို ကိုင်ကာ ဆောင်းတွင်းနေ့တစ်နေ့၏ နေမင်းလိုမျိုး နွေးထွေးစွာပြုံးကာ ရိုးသားစွာဖြင့် ပြောလိုက်သည်
“ ညီအစ်ကို ခွန်ပန်တာအိုကို သင်ယူချင်လား။ ကျွန်တော် သင်ပေးနိုင်ပါတယ်”
ချီရှောက်ရွှမ် ခဏတာ ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
“ သင်ပေးမယ်တဲ့လား။ မင်း … မင်းက ငါ့ကို သင်ပေးဖို့ ဆန္ဒရှိလို့လား”
ခွန်ပန်တာအိုက ဘယ်လောက်ထိ တန်ဖိုးရှိကြောင်းကို သူ ကောင်းကောင်းသိသည့်အတွက် ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။
ထိုအရာက နဂါးစစ်တော်ဝင်ကျမ်းနှင့် ယှဉ်နိုင်သော တာအို ဖြစ်သည်။ တော်ဝင်ကျမ်းများ အားလုံးထဲတွင် ဤကျင့်ကြံစဉ်က အထွတ်အထိပ်အဆင့် ရတနာ ဖြစ်သည်။
ဤတာအိုကို ရရှိခြင်းက မြောက်ပင်လယ်၏ ခွန်မျိုးနွယ်နှင့် တောင်ပိုင်းနယ်မြေ၏ လင်းယုန်မျိုးနွယ် စွမ်းအားနှစ်ရပ်လုံးကို အဆမတန် မြှင့်တင်ပေးလိုက်နိုင်မည် ဖြစ်သည်။ မျိုးနွယ်နှစ်ခုမှ တစ်ယောက်ယောက်က ဤကျင့်စဉ်ကို နားလည်သွားနိုင်ပါက ထိုမျိုးဆက်ရှိ အားလုံးကို စိုးမိုးအုပ်ချုပ်နိုင်လိမ့်မည်။
ရှန်ထျန်းကတော့ ထိုနံရံဆေးရေး ပန်းချီနှစ်ခုကို ကြည့်လိုက်ရုံဖြင့် ထိုကျင့်စဉ်နှစ်ခုအပေါ် နားလည်မှု အပြည့်အဝ ရရှိခဲ့သည်။ ထိုအရာက သူ့အတွက်တော့ ဂုဏ်ရှိသည်။
သူက ဘာတောင်းဆိုချက်မှလဲ မရှိဘဲနဲ့ သင်ပေးချင်နေတာ။ သူ့ကြည့်ရတာလည်း နောက်နေတဲ့ ပုံတော့ မပေါ်ဘူး။ ဒါက … ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ
ဒီတာအိုကို သင်ယူပြီးသွားရင် ငါ့စွမ်းအားတွေ အဆမတန် တိုးတက်သွားမှာကို သူ မစိုးရမ်ဘူးလား။ ဒါဆိုရင် ငါက သူ့ထက် သာလွန်သွားမှာမဟုတ်လား
ဒါမှမဟုတ် သူက ငါ့ကို ဘယ်တုန်းကမှ သူ့ရဲ့ပြိုင်ဘက်လို့ မမြင်တာများလား
ညီအစ်ကိုရှန် ပြောခဲ့သလိုမျိုး သူက သူ အနိုင်ရထားတဲ့ ပြိုင်ဘက်တွေကို ဘယ်တုန်းကမှ ရန်သူလို့ မသတ်မှတ်ခဲ့ဖူးပဲ
ချီရှောက်ရွှမ်၏ မျက်လုံးများ နီရဲလာသည်။
သူ အဖြေကို သိသော်လည်း မေးရဦးမည်သာ “ ခွန်ပန်တာအိုကို သင်ယူပြီးသွားရင် မင်းထက် သာလွန်သွားမှာကို မင်း မစိုးရိမ်ဘူးလား”
ငါ့ထက် သာလွန်သွားမှာကိုလား
ရှန်ထျန်းက အနည်းငယ်အံ့ဩ မှင်သက်သွားသော်လည်း ပြုံးကာ ပြောလိုက်သည်
“ ညီအစ်ကို စွမ်းအားကြီးလေလေ ကျွန်တော် ပိုပြီးတော့ ပျော်လေလေပါပဲ။ ပြီးတော့ ကမ္ဘာကြီးက အရမ်းကျယ်တယ်လေ။ ကံအပြောင်းအလဲ အခွင့်အရေးတွေလည်း အများကြီးရှိတော့ အတူတူ ရှာဖွေလို့ရတယ်။
အဲဒီခရီးစဉ်မှာ ညီအစ်ကိုချီ မပါရင် ကျွန်တော် စိတ်မှိုင်တွေနေရလိမ့်မယ်။ ဒါက ကျင့်စဉ်သက်သက်ပဲလေ။ အဲဒါက ဘယ်လိုလုပ်ပြီးတော့ ညီအစ်ကိုချီထက် အရေးကြီးမှာလဲ”
ဘယ်လောက်တောင် အတုယူဖို့ကောင်းတဲ့ စိတ်ဓာတ်လဲ
ဒါက ပြိုင်ဘက်ကင်းခြင်းရဲ့ စစ်မှန်တဲ့ လမ်းကြောင်းများလား
ချီရှောက်ရွှမ်၏ ဒုက္ခများနေသော အရှိန်အဝါက စတင်ငြိမ်ကျသွားသည်။
သူ့မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်သည့်အခါ တိုက်ခိုက်လိုစိတ် ပြင်းပြမှုတို့ဖြင့် တောက်လောင်နေသည်။
သူနောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။
ထိပ်ဆုံးရောက်သွားရင် အထီးကျန်ရတယ်။ ညီအစ်ကိုရှန်က သူ့ ငယ်ဘဝတစ်လျှောက်လုံး ရန်သူမရှိပဲ နေလာခဲ့တာ။ သူက စွမ်းအားပြည့်တဲ့ ပြိုင်ဘက်နဲ့ပဲ ယှဉ်ပြိုင်တယ်
ညီအစ်ကိုရှန်က ပြိုင်ဘက်ကို သူနဲ့ တိုက်ခိုက်နိုင်အောင် ကိုယ်တိုင် ပျိုးထောင်ပေးချင်သေးတယ်။ စိန်ခေါ်မှု တချို့ကို ရှာဖွေဖို့ပေါ့
သူက ဘယ်ပြိုင်ဘက်ကိုမှ မကြောက်ဘူး။ သူက ပြိုင်ဘက် မရှိမှာကိုပဲ ကြောက်တာ
ဒါက ပြိုင်ဘက်ကင်းခြင်းရဲ့ စစ်မှန်တဲ့ လမ်းကြောင်းလား။ လူငယ်မျိုးဆက်ရဲ့ စစ်မှန်တဲ့ ပြိုင်ဘက်ကင်း ဆရာတစ်ယောက်လား
ချီရှောက်ရွှမ်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ရှန်ထျန်းနှင့် အကြည့်ချင်းဆုံကာ ပြောလိုက်သည်
“ အကြံပေးလို့ ညီအစ်ကိုရှန်ကို ကျေးဇူးတင်ပါတယ်။ အခု နားလည်သွားပါပြီ”
ထို့နောက် ချီရှောက်ရွှမ်၏ အရှိန်အဝါများ တိုးမြင့်သွားသည်။ သူ၏ ကလေးလိုမျိုးဖြစ်နေသော ကနဦးဝိညာဉ်က ရုတ်တရက် အရွယ်ရောက်လာသည်။ ထိုအရာက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ဆီမှ စွမ်းအင်ပမာဏ အများအပြားကို စုပ်ယူပြီးနောက် အသိဉာဏ်အသစ်ကြောင့် ကြီးထွားနှုန်း မြန်ဆန်လာသည်။ ယခုတော့ လမ်းလျှောက်တာကို သင်နေသည့် ကလေးငယ်တစ်ယောက်လို ဖြစ်သွားသည်။ ခရမ်းရောင် အရှိန်အဝါဖြင့် လွှမ်းခြုံထားသည့်အတွက် အရမ်းချစ်ဖို့ကောင်းနေသည်။
ထိုအခိုက်အတန့်တွင် ချီရှောက်ရွှမ်၏ စွမ်းအားက ရုတ်တရက် မြင့်တက်သွားသည်။ သူ့ကို ကြည့်ရင်း ရှန်ထျန်း အနည်းငယ်ပင် မနာလိုဖြစ်သွားသည်။
လူယုတ်မာ အခု ဘာအသိဉာဏ်ကို ရသွားတာလဲ။ ငါတို့ မျှဝေလို့ရအောင် ပြောပါဦး
ရှန်ထျန်းက စိတ်အားထက်သန်စွာ ပြုံးပြီး ပြောလိုက်သည်
“ ညီအစ်ကိုချီ … ခွန်ပန်တာအိုကို သင်ယူဖို့ ဆန္ဒရှိသေးလား”
သင်ယူချင်တယ်ဆိုရင် အခု မင်း ရလိုက်တာက ဘာအသိဉာဏ်လဲဆိုတာ ငါ့ကိုပြော … ခင်ဗျားရော ကျွန်တော်ရောဆီမှာ အဖိုးတန်တဲ့ အရာတွေရှိတယ်။ ကျွန်တော်တို့သာ မျှဝေလိုက်မယ်ဆိုရင် နှစ်ခါပျော်ပြီးတော့ နှစ်ခါ စိတ်လှုပ်ရှားရမယ်
ကျွန်တော်ရဲ့ စွမ်းအားကို နှစ်ဆတိုးသွားစေမဲ့ အသိစိတ်မျိုး ရချင်တယ် … မြန်မြန်လေး ပြောပြပေးပါ
ရှန်ထျန်း၏ နားလည်ရခက်သော အပြုံးကို စိုက်ကြည့်ရင်း ချီရှောက်ရွှမ် အတွေးထဲနစ်မြောနေမိသည်။
သူက စိတ်ဆုံးဖြတ်ပြီး ပြောလိုက်သည်
“ ကျုပ် မသင်ယူချင်တော့ဘူး။ ညီအစ်ကိုရှန် ပြောတာ မှန်တယ်။ ဘယ်ပညာရပ်ကမှ ဒီလောကမှာ ပြိုင်ဘက်ကင်းတယ်လို့ မရှိဘူး။ လူတစ်ယောက်ကသာ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်တာ။
ဒီနံရံဆေးရေး ပန်းချီတွေကနေ ခွန်ပန်တာအိုကို အပြည့်အဝ နားလည်ဖို့ မဖြစ်နိုင်ဘူးဆိုမှတော့ ကံမပါလာလို့ ဖြစ်မှာပါ။
ဒါပေမဲ့ အဲတော့ ဘာဖြစ်လဲ။ ညီအစ်ကိုရှန် ပြောတဲ့အတိုင်း ဒါက အရင်လူတွေ ထားသွားတဲ့ ကျင့်စဉ်လေးပဲလေ။ ငါတို့ရဲ့ ရှေ့ကသူတွေက တာအိုကို ဖန်တီးနိုင်တယ်ဆိုရင် ငါလည်း ဖန်တီးနိုင်မှာပဲ”
ချီရှောက်ရွှမ်၏ အရှိန်အဝါ ထပ်မံ မြင့်တက်လာသည်။ သူ့ နဂါးစစ်ခရမ်းရောင် အရှိန်အဝါက သူ၏ ခရမ်းရောင် ပန်နှင့် ပေါင်းစပ်သွားပုံပေါ်သည်။
ရှန်ထျန်း အံ့ဩသွားရသည်။
ငါ ဘယ်တုန်းက အဲလို စကားမျိုးတွေ ပြောလိုက်လို့လဲ … ငါရော ဘယ်အချိန်လောက်ကျရင် ကိုယ့်ကိုယ်ကို သတိထားမှုကြောင့် ပိုပြီးတော့ သန်မာလာမှာလဲ။ ဒါက လုံးဝ ယုတ္တိမရှိတဲ့အရာပဲ
ငါ အပြစ်တင်ချင်တယ် တစ်ယောက်ယောက်က ညစ်နေပါတယ်ဆိုပြီးတော့
ချီရှောက်ရွှမ်က ကြီးမြတ်သော အသိဉာဏ်ကို ရရှိသွားပြီ ဖြစ်သည်။ ဘေးနားရှိ နတ်ဆိုးပါရမီရှင်များကလည်း မနာလိုဖြစ်နေကြသည်။
လူသားတွေက တကယ်ကို နောက်ထပ်တစ်ဆင့်မှာ ရှိနေတာပဲ။ သူတို့ရဲ့ နားလည်နိုင်စွမ်းတွေက အရမ်းမြင့်မားတယ်
အစ်ကိုချီနဲ့ အစ်ကိုရှန်တို့ ပြောနေတဲ့အကြောင်းအရာတွေ အားလုံးကို ငါတို့နားလည်တယ်။ ဒါပေမဲ့ အသိဉာဏ်ကို ရရှိသွားတာက ဘာလို့ အစ်ကိုချီ တစ်ယောက်ထဲ ဖြစ်နေရတာလဲ
ငါတို့နတ်ဆိုးတွေက အစ်ကိုရှန်ရဲ့ လမ်းညွှန်မှုနဲ့ မထိုက်တန်လောက်အောင် တုံးအနေလို့များလား
မင်းသားလေးပါးနှင့် ယုဖန်ရှန်းတို့၏ ခံစားချက်များ ရှုပ်ထွေးနေသည်။
တစ်ဖက်တွင် အောင်းဝူက စိတ်လှုပ်ရှားနေသည်။ သူက ချီရှောက်ရွှမ်ရော ရှန်ထျန်းနှင့်ပါ ရင်းနှီးသည်။ ပိုပြီးသန်မာလာသူက ချီရှောက်ရွှမ်ဖြစ်စေ၊ ရှန်ထျန်းဖြစ်စေ သူ့အတွက် အရေးမကြီးပေ။ အနာဂတ်တွင် နှစ်ယောက်လုံးအပေါ် မှီခိုလို့ရနိုင်သည်။
ဟုတ်တယ် … သူက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက နဂါးမျိုးနွယ်မှာ အဆင့် ငါး ချိတ်ခဲ့တဲ့ အတုယူထိုက်သော ပါရမီရှင်တစ်ယောက်လေ။ ဒါပေမဲ့ သူ စဉ်းစားတာက နောက်ခံကောင်းကောင်းရှာပြီး တခြားသူတွေအပေါ် အခွင့်ကောင်းယူမဲ့ အိမ်မွေးနဂါးတစ်ကောင် ဖြစ်လာချင်တာပဲ
“ အားလုံး ကြည့်လိုက်ဦး နံရံဆေးရေးပန်းချီတွေ အတော်များများ မှေးမှိန်သွားပြီ”
ယုဖန်ရှန်း၏ စကားလုံးများက အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။ သူတို့က နံရံဆေးရေးပန်းချီများ ရှိရာဆီ လှည့်ကြည့်လိုက်ကြသည်။
အမှန်ပဲ အစက တောက်ပနေတဲ့ ပန်းချီတွေက အခုတော့ ပိုပြီး မှေးမှိန်သွားပြီ
ရေမျက်နှာပြင်ပေါ်မှာ ရေကူးနေတဲ့ ဧရာမခွန်လည်း အခု လုံးဝ နစ်မြုပ်သွားပြီးတော့ ပျံသန်းနေတဲ့ ပန်လည်း အခု တစ်ဝက်က တိမ်တိုက်နဲ့ ဖုံးအုပ်သွားပြီ
ပန်းချီများကို နားလည်ရန် ပိုမိုခက်ခဲသွားသည်။
နံရံဆေးရေးပန်းချီများမှ ရရှိသော အသိဉာဏ်များက သိုလှောင်စွမ်းအင်ကို အများကြီး သုံးလိုက်ရသည့်အတွက် စွမ်းအင်ပြန်ဖြည့်ရန် အချိန်အနည်းငယ် လိုအပ်ပေလိမ့်မည်။ သူတို့က ယခု အသိဉာဏ်များ ရရှိရန် ပိုမိုခက်ခဲသွားသည်။
ထို့ကြောင့် ထွက်သွားရမည့်အချိန် ရောက်လာလေပြီ။