← Chapters

ါ့မှာ မာနမရှိဘူးလို့များထင်နေလား

Vol. 21 Ch. 315

ါ့မှာ မာနမရှိဘူးလို့များထင်နေလား

Vol. 21 Ch. 315

အခန်း (၃၁၅) : ငါ့မှာ မာနမရှိဘူးလို့များထင်နေလား

အားလုံးက ခွန်ပန်ကျောင်းဆောင် ပတ်လည်ကို ရှာဖွေနေကြသည်။ ကံမကောင်းစွာဖြင့် သူတို့ နောက်ထပ် ဘာမှ ရှာမတွေ့တော့ပေ။ ခွန်ပန်ကျောင်းဆောင်ကို ယခင်က ရောက်ရှိလာသူများက ယူလို့ရသည်များကို အကုန်ယူသွားကြလေပြီ။

ခွန်ပန်ကျောင်းဆောင်တစ်ခုလုံးက ဓမ္မရတနာများ၊ လက်နက်များ လုံးဝ မကျန်ရှိတော့ဘဲ လစ်ဟာသွားသည်။

ထို့ကြောင့် အားလုံးက ခွန်ပန်ကျောင်းဆောင်မှ ထွက်သွားပြီး ကျွန်းဆီ ပြန်သွားကြသည်။

ယခုလက်ရှိတွင် ရှုပ်ထွေးပွေလီ အငွေ့အသက်များ ဖုံးအုပ်နေသော ကျွန်း၏ ပင်မနေရာမှ လွဲလျှင် ရှန်ထျန်းတို့အဖွဲ့က နေရာတိုင်းကို ရှာဖွေပြီးပြီ ဖြစ်သည်။

ကျန်ရှိနေသော ကံအပြောင်းအလဲ အခွင့်အရေး အပိုင်းအစများက အားလုံးအတွက်တော့ အနည်းငယ် တန်ဖိုးရှိသည်။

ထို့ကြောင့် သူတို့က ရှန်ထျန်း၏ အကြံပြုချက်ကို နားထောင်ကာ ကျွန်း၏ အစွန်အဖျားပိုင်းသို့ ပြန်သွားပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်လာဖို့အတွက် စောင့်နေသည်။

စောင့်ရသည့်အချိန်ကတော့ ကံစီမံရာအတိုင်း ဖြစ်သည်။ သူတို့ကံကောင်းပါက တစ်ရက်နှစ်ရက်အတွင်း ကျွန်း၏ အပြင်သို့ ထွက်ခွင့်ရမည် ဖြစ်ပြီး ကံဆိုးပါက နှစ်လ၊ သုံးလလောက် ပိတ်မိနေတတ်သည်။

ပါရမီရှင်အများစုက ကျွန်းများကို လှည့်ပတ်ရှာဖွေရင်းကို ရပ်တန့်ပြီး ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ အပြင်ဘက်အပိုင်းသို့ ကိုးလကုန်ပြီးလျှင် ပြန်သွားရလဲဆိုသော အဓိက အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်၏ ဆန္ဒက အဆုံးမရှိပေ။

ကျင့်ကြံသူက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းရဲ့ အတွင်းဘက်ပိုင်းမှာ ရှိပြီးတော့ ကျွန်းတစ်ကျွန်းရဲ့ သိပ်သည်းတဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်သွားခဲ့ရင် သူတို့ ဝင်ရမှာလား မဝင်ရဘူးလား

သူတို့အထဲဝင်သွားပြီးတော့ ကျွန်းက နှစ်လ၊ သုံးလကြာသွားတာတောင် ပြန်ပြီး မပွင့်ရင် ဘယ်လိုလုပ်မလဲ

ရှေးခေတ်အခါကတည်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲတွင် ကံစမ်းကြည့်ဖို့ ဝင်သွားကာ သေသွားတာ ပါရမီရှင် အရေအတွက် အများအပြား ရှိသည်။

သူတို့က အင်မတန် အရည်အချင်းရှိသောသူများ ဖြစ်သည့်အတွက် နှမြောစရာကောင်းလှသည်။

ကံကောင်းစွာဖြင့် သူတို့ စောင့်ရသည့်အချိန်က ပျင်းစရာ မကောင်းပေ။ သူတို့က ကြီးမားသော ကံအပြောင်းအလဲ အခွင့်အရေးနှစ်ခုကို ကြုံတွေ့ထားသည့်အတွက် ထိုအရာများကို သင်ယူဖို့ လုံလောက်သော အချိန်ကို လိုအပ်သည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်လာမည့်အချိန်ကို စောင့်နေရင်း အားလုံးက သူတို့၏ ပင်လယ်နတ်ဘုရား ကြယ်မျက်ရည်စက်ကို ထုတ်ကာ စုပ်ယူရင်း ခွန်ပန်တာအိုကို ဆက်လက် ကျင့်ကြံလိုက်သည်။

သူတို့အချင်းချင်း ဆက်သွယ်ကာ ညှာတာရင်း သူတို့၏ ခွန်အားတိုးပွားမှုကို အကျိုးအမြတ်ရအောင် လုပ်နေသည်။

ရှန်ထျန်းက ခွန်ပန်တာအိုကို နားလည်ပြီး ပါဝင်သော များပြားသည့် သတ်ဖြတ်ပညာရပ်များကို လုံးဝ နားလည်သွားဖို့အတွက် လုံလောက်သော အချိန်တစ်ခု လိုအပ်သည်။

ထိုအရာက သင်ယူပြီး သန့်စင်ဖို့အတွက် အချိန်အများကြီး လိုအပ်သည့် နားလည်ရန် ခက်ခဲသော အမွေအနှစ်တစ်ခုဖြစ်သည်။

အရှင်းဆုံးပြောရလျှင် ခွန်ပန်တာအို၏ စွမ်းအားသာ အတော်လေး အဆင်ပြေမနေပါက ရှန်ထျန်း သင်ယူချင်စိတ်ပင် ရှိမည် မဟုတ်ပေ။ သူ့မှာ နဂါးစစ်တော်ဝင်ကျမ်း၊ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်း၊ ကောင်းကင်ခြေမွလက်ဖဝါး၊ ကောင်းကင်လွင်ပြင် တူ၃၆ ချက် စသည်ဖြင့်ဆိုသည့် အမွေအနှစ်များစွာ ရှိနေပြီဖြစ်သည်။

ရှန်ထျန်း တစ်ခုချင်းစီကို သင်ယူဖို့အတွက် အားစိုက်ထုတ်ပါက သူ့အတွက် အရမ်းပင်ပန်းလိမ့်မည်။

ဟင်း…ငါ့မှာ ဘာလို့ အမွေအနှစ်တွေ အများကြီး ရှိနေရတာလဲ။ အရမ်းကို ဒုက္ခများတာပဲ

ကျင့်ကြံခြင်းက ပြည့်စုံပြီး စိတ်ဝင်စားစရာ ကောင်းသည့်အတွက် လဝက်က အလျင်အမြန် ကုန်ဆုံးသွားသည်။

လဝက်အတွင်း အားလုံး၏ ခွန်အား တိုးပွားလာကြပြီး အထူးသဖြင့် ယုဖန်ရှန်းနှင့် မင်းသားလေးယောက်တို့၏ ခွန်အားများ တိုးလာကြသည်။

သူတို့မျိုးနွယ်များ၏ ပညာရပ်က ထိပ်သီးအဆင့်တွင် ရှိသော်လည်း ခွန်ပန်တာအိုနှင့် အဆင့်မတူပေ။

ခွန်ပန်တာအို၏ တစ်စိတ်တစ်ပိုင်းကို နားလည်လိုက်ခြင်းကပင် သူတို့အတွက် ကြီးမားသော ကံအပြောင်းအလဲ အခွင့်အရေးဖြစ်ပြီး သူတို့၏ အနာဂတ် ကျင့်ကြံရေးလမ်းစဉ်အတွက် ကြီးမားသော အတုယူစရာတစ်ခုလည်း ဖြစ်သည်။ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် အကူအညီဖြင့် သူတို့၏ တစ်ယောက်ချင်းခွန်အားက လဝက်အတွင်း အဆအနည်းငယ် တိုးသွားခဲ့သည်။

ချီရှောက်ရွှမ်ကတော့ အဆမတန် တိုးတက်သွားသည်။

သူက ကျင့်ကြံဆင့် တိုးတက်ဖို့ကို အာရုံမစိုက်ဘဲ ခွန်ပန်တာအိုနှင့် နဂါးစစ်တော်ဝင်ကျမ်းတို့၏ တိုက်ခိုက်မှုပညာရပ်များကို အတည်ပြုရင်း အလုပ်များနေလေ၏။ ထို့ကြောင့် ချီရှောက်ရွှမ်၏ အုတ်မြစ်က ယခင်ကထက် ပိုမိုတည်မြဲသွားကာ တိုက်ခိုက်စွမ်းရည်ကလည်း နှစ်ဆမက ပိုမိုမြင့်တက်သွားသည်။

သို့သော် သူ့တိုက်ခိုက်စွမ်းရည် တိုးတက်လာခြင်းက တခြားသူများထက် ပိုမိုမြင့်မားသည်။

အောင်းဝူကတော့ အပျင်းထူနေသည်။

ဂျိန်း…

ရှုပ်ထွေးပွေလီ အငွေ့အသက်က ထပ်မံ ကွဲအက်လာပြီဖြစ်သည်။

အားလုံး၏ အကြည့်တို့ တောက်ပသွားကာ အပြင်ကိုထွက်နိုင်ဖို့ အလျင်မြန်ဆုံး နည်းပညာများကို အသုံးပြုကြသည်။

လုံခြုံမှုအတွက် ငမန်းမင်းသားနှင့် ကျန်သူများက ပျံသန်းထွက်ဖို့အတွက် အသစ်နားလည်ထားသော ခွန်ပန်တာအိုကိုပင် ထုတ်သုံးနေကြသည်။ သူတို့ ဝင်လာတုန်းကလိုမျိုး ကို့ရို့ကားရားနိုင်သော အခြေအနေနှင့် ကြုံတွေ့မှာကို စိုးရိမ်နေသည်။ ထိုသို့ဆက်ဖြစ်ပါက ရှန်ထျန်းက သူတို့ကို ထပ်ပြီး ကယ်တင်ပေးရဦးမည်။

သို့သော် ဒီတစ်ခေါက် ရှုပ်ထွေးပွေလီ အငွေ့အသက်ထဲမှ ချောမွေ့စွာ ထွက်လာနိုင်သည်။ သူတို့ ဝင်လာတုန်းကလိုမျိုး ပြဿနာ မကြုံရပေ။

အငွေ့အသက်အလွှာက ဆယ်စက္ကန့်လောက် ပွင့်သည့်အတွက် အလွယ်တကူ ပျံသန်းထွက်လာနိုင်သည်။

ထိုအခိုက်အတန့်တွင် အားလုံး စိတ်သက်သာရာရသွားကြသည်။

“ ဟူး…ကျွန်တော်တို့ နောက်ဆုံးတော့ ဘေးကင်းသွားပြီ”

မင်းသားလေးယောက်က အချင်းချင်းကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံပေါ်သည်။

ငွေရောင် ရေဘဝဲမျိုးနွယ်၏ ငွေဖြူရောင်မင်းသားက ရှန်ထျန်းကို လက်နှစ်ဖက်ယှက်ကာ ရိုသေစွာ ပြောလိုက်သည်

“ ကျွန်တော်တို့ ဒီတစ်ခေါက် ဘေးကင်းကင်းနဲ့ ဒီလိုမျိုး ကံအပြောင်းအလဲ အခွင့်အရေးကို ရခဲ့တာက အစ်ကိုရှန်ရဲ့ ကျေးဇူးတွေပါပဲ။

ဒါပေမဲ့ အစ်ကိုရှန်နဲ့ အစ်ကိုချီက သာမန်ထက်လွန်ကဲတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်ဆိုတော့ အကျိုးအမြတ်တွေ အများကြီး ရဖို့အတွက် ကျွန်းရဲ့ အတွင်းပိုင်းတွေထဲ ဝင်ရတဲ့အခါ နှစ်ယောက်လုံးက ငဲ့နေရတယ်။

ကျွန်တော်တို့ လေးယောက်က ခွန်အားမရှိတော့ ကျွန်တော်တို့အတူတူ ခရီးသွားတဲ့အခါ နှစ်ယောက်လုံးကို အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။

အဲဒါကြောင့် သေချာချင့်ချိန်တွေးပြီးတော့ ကျွန်တော်တို့ လူခွဲပြီးတော့ စွန့်စားခန်း ဖွင့်ရန် ပိုကောင်းမယ် တူတယ်။

အစ်ကိုရှန်နဲ့ အစ်ကိုချီ ကျွန်းကို လှည့်ပတ်သွားပြီးရင် ကျွန်တော်တို့ ပြန်ပြီး စုစည်းလို့ရပါတယ်။ ကျွန်တော်တို့လေးယောက်က အစ်ကိုတို့နှစ်ယောက်ကို အတိသုခမြို့တော်မှာ ဧည့်ခံပါ့မယ်”

ငွေဖြူရောင် မင်းသားလေး စကားပြောနေစဉ် ကျန်မင်းသားသုံးယောက်ကလည်း ရိုးသားသော မျက်နှာထားများဖြင့် စိုက်ကြည့်နေသည်။

သူတို့က လေးနက်တယ်ဆိုတာ သေချာသည်။

လွန်ခဲ့သော လဝက်တုန်းက ရှန်ထျန်း သူတို့ကို ကယ်တင်ရင်း ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ၏ ဝါးမျိုခြင်းကို ခံရမလိုဖြစ်ခဲ့သည်။

ထိုအရာက သူတို့ကို အရမ်းအရှက်ရစေသည်။ ထို့အပြင် သူတို့က ရှန်ထျန်း၏ မိတ်ဆွေလည်း မဟုတ်သလို ဆွေမျိုးသားချင်းလည်း မဟုတ်ပေ။

သူတို့ကြားတွင် နဂါးနက်ကျွန်းက တံတားတစ်စင်းသဖွယ် ဖြစ်နေလျှင်ပင် သူတို့လေးယောက်က ရှန်ထျန်းနှင့် ချီရှောက်ရွှမ်အပေါ် များပြားသော ကံအပြောင်းအလဲ အခွင့်အရေးများစွာကို အလကားရယူပြီးပြီ ဖြစ်နေသည်။ သူတို့သာ ရှန်ထျန်းနှင့် ချီရှောက်ရွှမ်တို့နှင့်အတူ ဆက်လိုက်ပါက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလိမ့်မည်။

သူတို့မှာ တခြားစဉ်းစားထားတာလည်း ရှိသည်။

သူတို့က စစ်ဆေးမှု မပြီးဆုံးခင် ပြန်လာကာ သူတို့မျိုးနွယ်၏ လျှို့ဝှက်ကျမ်းများတွင် ရှန်ထျန်းကိုယ်ထဲရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ဖိနှိပ်နိုင်မည့် နည်းလမ်းရှိ မရှိကို ရှာဖွေချင်သေးသည်။ ဒါမှ သူတို့ တင်နေသော ကျေးဇူးကြွေးကို ဆပ်ပြီးသားဖြစ်ပြီး သူတို့လည်း အရှက်ရစရာလို မခံစားတော့မှာ ဖြစ်သည်။

မင်းသားလေးယောက် ပြောပြီးသွားသည့်အခါ ယုဖန်ရှန်းက ရှန်ထျန်းကို စိုက်ကြည့်လိုက်ပြီး သူမ၏ အကြည့်များတွင် ခွဲခွာဖို့အတွက် တွေဝေမှုများကို မြင်တွေ့နေရသည်။

“ မောင်လေးရှန် ကျွန်မရဲ့ ကျင့်ကြံရေးက လိုအပ်နေသေးတော့ ကျွန်မလည်း ထွက်သွားပါ့မယ်။ မောင်လေးရှန် စစ်ဆေးမှုပြီးဆုံးသွားရင် ခရုခွံမှုတ်ပြီးတော့ ကျွန်မကို အချိန်မရွေး ခေါ်လို့ရတယ်နော်။ ဒါဆိုရင် မောင်လေးရှန်အတွက် အထူးသီးသန့် ကပြဖျော်ဖြေပေးနိုင်ပါတယ်”

စကားပြောနေစဉ် ယုဖန်ရှန်းက ရှက်နေသည့်အတွက် မျက်နှာပင် နီရဲနေသည်။ သူမ၏ မျက်နှာကို ကြည့်ရတာ ငါးနှပ်နှင့်ပင် တူနေသည်။

အားလုံးက ထွက်သွားဖို့ စိတ်ဆုံးဖြတ်ထားသည့်အတွက် ရှန်ထျန်း စိတ်ပျက်အားလျော့နေမိသည်။ သူက ဖျောင်းဖျတားမြစ်ဖို့ ကြိုးစားသော်လည်း စိတ်ဆုံးဖြတ်ပြီး ထွက်သွားဖို့ အသင့်ဖြစ်နေပုံပေါ်သည်။

သို့သော် သူတို့ပြောသည့်အတိုင်း ရှန်ထျန်းနှင့် ချီရှောက်ရွှမ်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအတွင်းပိုင်းထဲသို့ ဝင်သွားသည်။

သူတို့သာ “ မတည်ငြိမ်သော ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ” ကဲ့သို့သော အခြေအနေမျိုးကို ထပ်မံကြုံတွေ့ရပါက ရှန်ထျန်း ဘယ်လောက်ပဲ သန်မာနေပါစေ အားလုံးကို ကာကွယ်ပေးဖို့အတွက် အခက်တွေ့လိမ့်မည်။

မင်းသားလေးယောက်နှင့် ယုဖန်ရှန်းတို့က များပြားသော အကျိုးအမြတ်များကို ရရှိပြီးပြီဖြစ်သည့်အတွက် သူတို့၏ ကံကြမ္မာလည်း တိုးတက်သွားသည်။ ထို့ကြောင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ ပြင်ပနယ်မြေသို့ ပြန်တာက မကောင်းသော ရွေးချယ်ခြင်းမျိုးတော့ မဟုတ်ပေ။

ထိုအတွေးကြောင့် ရှန်ထျန်းက မင်းသားလေးယောက်၏ နဖူးများကို စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်

“ ဒါဆိုလည်း ကောင်းပြီလေ အားလုံးက ဒီလိုပြောနေမှတော့ နေဖို့အတွက် အတင်းမတိုက်တွန်းတော့ပါဘူး။ မင်းတို့ ငါ့ကို ယုံကြည်မယ်ဆိုရင် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းရဲ့ အပြင်ဘက်ပိုင်းမှာ အရှေ့ဘက်ဦးတည်ရာအတိုင်း ရှာဖွေကြည့်လိုက်ပါဦး။ ကောင်းမွန်တဲ့ အရည်အသွေးရှိတဲ့ ကြယ်တာရာကျွန်း အနည်းငယ်ကို တွေ့နိုင်ပြီးတော့ မမျှော်လင့်ထားတဲ့အရာကို ရရှိလိမ့်မယ်”

အရှေ့ဘက်ရှိကျွန်းပေါ်တွင် သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးများကို ရှန်ထျန်း တွေ့မြင်ပြီးပြီဖြစ်သည်။ အရည်အသွေးက ခွန်ပန်တာအိုနှင့် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ၅၀၂ ခုကို မယှဉ်နိုင်သော်လည်း ဘာမှမရှိတာထက်စာရင်တော့ ကောင်းသေးသည်။

သူတို့၏ ကံကြမ္မာလည်း မြင့်တက်လာနိုင်သောကြောင့် ကောင်းမွန်သည့်အရာ ဖြစ်သည်။

“ အရှေ့ဖက်ကိုလား။ ကျွန်တော် နားလည်ပါပြီ။ အစ်ကိုရှန်ကို ကျေးဇူးတင်ပါတယ်နော်”

ငွေဖြူရောင် မင်းသားလေးက ရှန်ထျန်း၏ စကားကြောင့် ဝမ်းသာသွားကာ လီယွင်ဖုန်းဆီမှ ကြားခဲ့ဖူးသော ရှန်ထျန်းအကြောင်းများကိုလည်း ပြန်လည် စဉ်းစားမိသွားသည်။

“ ပြီးရင် ကျွန်တော်တို့ ရတနာရှာဖို့အတွက် အရှေ့ဖက်အရပ်ကို သွားလိုက်ပါ့မယ်။ တစ်ခုခုရှာတွေ့ခဲ့ရင် အစ်ကိုရှန်ရဲ့ ကူညီမှုကို အမှတ်ရနေပါ့မယ်။

အစ်ကိုယွင်ဖုန်းက ကျွန်တော်ကို ကောင်းချီပေးခံရသူများအဖွဲ့ရဲ့ စည်းမျဉ်းတွေကို ပြောပြပြီးသွားပါပြီ။ ကျွန်တော်တို့ ရရှိတာရဲ့ တစ်ဝက်ကို ပေးရမယ်ဆိုတာ ကျွန်တော် သိပါတယ်”

သူ စကားပြောပြီးသွားသည့်အခါ ငွေဖြူရောင် မင်းသားလေးက မျက်လုံးမှိတ်ပြလိုက်သည်။

ရှန်ထျန်းက တောက်ပစွာ ပြုံးလိုက်မိသည်။

ငါ့ရဲ့ အကြံအတိုင်း သူတို့လေးယောက် သူတို့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို ရှာဖွေသင့်တယ်။ ငါ့ရဲ့ ကံကြမ္မာက ထပ်ပြီးတော့ တိုးတက်တော့မယ် ထင်တယ်

ရှန်ထျန်းက အရမ်းကျေနပ်နေသည်။

သို့သော် ငွေဖြူရောင် မင်းသားလေး ပြောလိုက်သည့် “ ကောင်းချီးပေးခံရသူများအဖွဲ့၏ စည်းကမ်းချက်။ ရရှိတာရဲ့ တစ်ဝက်ကို ပေးမယ်” ဆိုသောစကားကို ကြားလိုက်ရသည့်အခါ ရှန်ထျ်း၏ မျက်နှာ ဖြည်းဖြည်းချင်း မကျေမနပ်ဖြစ်သွားရသည်။

လျှိုထိုက်ယီနဲ့ လီယွင်ဖုန်း ဒီငရှုပ်နှစ်ကောင်ကတော့ သူတို့ ဘယ်လိုတောင် ပြောလိုက်တာလဲ။ အဲဒီသတင်းအချက်အလက်က ဘယ်လိုလုပ်ပြီးတော့ မြောက်ပင်လယ်အထိ ရောက်လာရတာလဲ … ရရှိမှုရဲ့ တစ်ဝက်ကို ပေးရမယ်ဆိုတဲ့ ကောင်းချီးပေးခံရသူများအဖွဲ့ရဲ့ စည်းမျဉ်းဆိုတာကရော ဘာကိုဆိုလိုတာလဲ …

ငါက ကံအပြောင်းအလဲ အခွင့်အရေး ဘယ်မှာရှိလဲဆိုတာ ပြောပြပြီး ပိုက်ဆံအတွက် လောဘတက်နေတယ်လို့ ပြောလိုက်တာပဲ

ဒါက မဟုတ်မမှန်ပြောဆိုတာ မဟုတ်လား … ဒါက တကယ်ကို ဝမ်းနည်းဖို့ကောင်းတယ်

ငါက အစတုန်းကတော့ ပိုက်ဆံယူဖို့ ရည်ရွယ်ချက်မရှိပါဘူး မင်း အဲလိုမျိုး နာကျင်စေတဲ့ စကားတွေကို ပြောပြီးသွားမှတော့ လျော်ကြေးကို မငြင်းဆိုတော့ပါဘူး

ဟင်း …  ဒါက ငါ့ရဲ့ ဂုဏ်သိက္ခာပျက်စီးသွားတဲ့အတွက် လျော်ကြေးပဲ

အားလုံးက ပျော်ရွှင်စနောက်ပြီးနောက် စားသောက်ကာ လူစုခွဲလိုက်ကြသည်။

အားနည်းသော မင်းသားလေးယောက်နှင့် ယုဖန်ရှန်းတို့က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ ပြင်ပနယ်မြေသို့ သွားပြီး ချီရှောက်ရွှမ်၊ ရှန်ထျန်းနှင့် အောင်းဝူတို့က အတွင်းပိုင်းသို့ ဦးတည်သွားသည်။

အစက အောင်းဝူကလည်း ရှန်ထျန်းနှင့် ချီရှောက်ရွှမ်ကို ထားခဲ့ပြီး အဖွဲ့နဲ့အတူ လိုက်သွားဖို့ လုပ်ခဲ့သည်။

သို့သော် ရှန်ထျန်းနှင့် ချီရှောက်ရွှမ်က အောင်းဝူကို စီနင်းလို့ရသည်။

ရှန်ထျန်းနှင့် ချီရှောက်ရွှမ် နှစ်ယောက်လုံးက နဂါးစစ်တော်ဝင်ကျမ်းကို ကျင့်ကြံထားသည့်အတွက် ပူးပေါင်းတိုက်ခိုက်ကာ သူတို့၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ဖို့အတွက် အောင်းဝူနှင့် ပူးပေါင်းလို့ရသည်။

ရှန်ထျန်း၏ အားအကောင်းဆုံး လျှို့ဝှက်လက်နက်က နဂါးစစ်တော်ဝင်ကျမ်း မဟုတ်သည့်အတွက် ရှန်ထျန်း အဆင်ပြေသည်။

သို့သော် ချီရှောက်ရွှမ်၏ တိုက်ခိုက်စွမ်းရည်က အောင်းဝူနှင့် ပူးပေါင်းလိုက်သည့်အခါ မြင့်တက်လာသည်။ အောင်းဝူ၏ ကျင့်ကြံဆင့်က နိမ့်နေဆဲ ဖြစ်သည်။

အောင်းဝူသာ နိဗာနအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားကာ ချီရှောက်ရွှမ်၏ ကျင့်ကြံဆင့်သို့ ရောက်ရှိသွားပါက သူတို့၏ တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ မြင့်တက်သွားမည် ဖြစ်သည့်အတွက် စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ယခုလက်ရှိတွင် ချီရှောက်ရွှမ် တစ်ယောက်ထဲသာ အောင်းဝူနှင့် လက်တွဲတာ ပိုကောင်းသည်။

တခြားငါးယောက်နှင့် ခွဲပြီးနောက် ရှန်ထျန်း၊ ချီရှောက်ရွှမ်နှင့် အောင်းဝူတို့က ပိုပြီးတော့ ပေါ့ပါးမြန်ဆန်လာသည်။

သူတို့ လမ်းတစ်လျှောက်တွင် စွမ်းအားကြီးသော သမုဒ္ဒရာသားရဲများ၏ တိုက်ခိုက်မှုများနှင့်လည်း ကြုံတွေ့ရသည်။ တချို့က ရှုပ်ထွေးပွေလီ အစီအရင်၏ သန္ဓေပြောင်းသားရဲများဖြစ်ပြီး တချို့က ကျိန်စာတိုက်ခံလိုက်ရသော ပါရမီရှင်များ ဖြစ်သည်။ နှစ်မျိုးလုံးက တူညီသော စရိုက်ပုံစံဖြစ်ပြီး အင်မတန် စွမ်းအားကြီးလှသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ သက်ရှိသတ္တဝါများက ကနဦးဝိညာဉ်အဆင့်ထက် အားမနည်းပေ။ သူတို့က အခြေခံအားဖြင့် ကနဦးဝိညာဉ်ထိပ်သီးအဆင့် ရှိသည့်အတွက် တိုက်ခိုက်စွမ်းအားက အရမ်းအားကောင်းသည်။ သူတို့ထဲက တစ်ကောင်ကပင် ထိပ်သီးအထွတ်အထိပ်ရှင်များစွာ ပူးပေါင်းထားသည့်နှင့် နှိုင်းယှဉ်လို့ရသည်။

ထိုရက်စက်သော သားရဲများက သူတို့သုံးယောက်ကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းပြီး သူတို့ကို ပြင်းထန်သော ပြင်းထန်သော ဖိအားပေးသည်။

ချီရှောက်ရွှမ်နှင့် အောင်းဝူတို့ လက်တွဲကာ နဂါးသူရဲကောင်း လျှို့ဝှက်ပညာရပ်ကို ထုတ်သုံးလျှင်ပင် အန္တရာယ်မှ ကပ်သီးလေး လွတ်မြောက်လာခဲ့သည်။ သူတို့ကို စောင့်ရှောက်ပေးသည့် ရှန်ထျန်း ရှိလို့ တော်သေးသည်။

ထို့ကြောင့် ချီရှောက်ရွှမ်နှင့် အောင်းဝူက ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်ကို ပိုပြီး အာရုံစိုက်နေကြသည်။

ရှန်ထျန်းက ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ခါနီး သန္ဓေပြောင်းသားရဲကို တစ်ချက်ထဲဖြင့် သတ်နိုင်သည့်အတွက် အရမ်းကို စွမ်းအားကြီးလွန်းလှသည်။

ချီရှောက်ရွှမ်က ရှန်ထျန်း၏ ဓားပျံတိုက်ကွက်ကို တစ်ခါမက တွေ့ဖူးသော်လည်း သူ ထိုတိုက်ကွက်ကို အသုံးပြုလိုက်တိုင်း မြတ်နိုးပြီး အံ့ဩမှင်သက်နေဆဲ ဖြစ်သည်။

ထိုအရာက ချီရှောက်ရွှမ်ကို ရှန်ထျန်းကြောင့် ပိုပြီး ဇွဲမလျှော့အောင် လုပ်နေသည်။ ရှန်ထျန်းက ကျင့်ကြံခြင်းအတွက် သူ့စံပြတစ်ဦး ဖြစ်သည်။ သူ ရှန်ထျန်းနောက် ဆက်လိုက်နေရင်း သူတို့ကြားက အကွာအဝေးကို လျှော့ချဖို့ အကောင်းဆုံးကြိုးစားပါက တစ်နေ့တော့ အသန်မာဆုံးသူ တစ်ယောက် ဖြစ်လာမည်။

..............

ရှန်ထျန်းတို့ မသိခဲ့သည်က သူတို့ ခွန်ပန်ကျွန်းမှ ထွက်လာပြီး ရက်အနည်းကြာတွင် နောက်ထပ် စစ်ဆေးမှု ခံယူသူတစ်ဖွဲ့ ခွန်ပန်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။

အသစ်ရောက်လာသူများက ခွန်မင်၊ အာ့ထုံထျန်းနှင့် ပိရွှမ်ချင်းတို့ ဖြစ်ကြသည်။ သူတို့က နဂါးနက်ကျွန်းနှင့် ဆက်ဆံရေး မကောင်းသောသူများ စုစည်းလာခြင်းဖြစ်ပြီး မဟာလေဟာနယ် ခွန်မျိုးနွယ်က ရန်လိုသူများအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။

ခွန်မင်က နိဗာနထိပ်သီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ဤစစ်ဆေးမှုတွင် သူက ခေါင်းဆောင်ဖြစ်ပြီး စွမ်းအားအကြီးဆုံးသူ ဖြစ်သည်။

“ ဒီကျွန်းကို ကြည့်ရတာ အရမ်းကောင်းမဲ့ပုံပဲ။ ရှုပ်ထွေးပွေလီ အငွေ့အသက်တွေက အရမ်းထူထဲနေပုံထောက်ရင် ကြီးမားတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေ ရှိတာ သေချာတယ်။ ကျွန်တော်တို့ ဒီကျွန်းကို ရွေးချယ်လိုက်ရအောင်” အာ့ထုံထျန်းကို ကျွန်းကို စိတ်ကျေနပ်စွာဖြင့် ကြည့်ရင်း ပြောလိုက်သည်။

ရှုပ်ထွေးပွေလီ အစီအရင်ထဲတွင် မရေတွက်နိုင်သော ကြယ်တာရာကျွန်းများရှိသော်လည်း တစ်စိတ်တစ်ပိုင်းက ပုံရိပ်ယောင်များ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် ရှုပ်ထွေးပွေလီ အငွေ့အသက် ထူထဲလေလေ အထဲရှိ ပိုမိုကြီးမားသော ကံအပြောင်းအလဲ အခွင့်အရေးရှိနိုင်လေလေဖြစ်သည်။ ထိုကဲ့သို့သော ထူထဲသည့် ရှုပ်ထွေးပွေလီ အငွေ့အသက် ရှိသည့် ကျွန်းတစ်ကျွန်းကို ရှာတွေ့ရန် ပါရမီရှင်အများစုအတွက် ခက်ခဲလှသည်။

အာ့ထုံထျန်း၏ အမြင်အရ ဤကျွန်းက ရှုပ်ထွေးပွေလီ အငွေ့အသက် အထူထဲဆုံး ဖြစ်သည်။

ထို့ကြောင့် သူတို့အောင်မြင်စွာ ဝင်နိုင်သည်နှင့် တစ်ပြိုင်နက် အကျိုးရလဒ်က သူတို့ကို စိတ်ပျက်စေမည် မဟုတ်ပေ။

“ ကြည့်ရတာ အတော်လေး ထူတဲ့ပုံပဲ။ ဒါဆိုရင် ငါတို့ အပြင်မှာ စောင့်ရအောင်”

ခွန်မင်ကလည်း အာ့ထုံထျန်းကဲ့သို့ ပြောလိုက်ပြီး အထဲမှာ ကြီးမားသော ကံအပြောင်းအလဲ အခွင့်အရေးရှိသည်ဟု သူလည်း ခံစားနေရသည်။

သူ့နောက်တွင် ဓားသွားနှစ်ခုကို သယ်ထားပြီး တောင်နှင့်မြစ်များကို အစိုးရနိုင်သော ဩဇာလွှမ်းမိုးသည့်အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ သူ့အကြည့်များထဲတွင် တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေသည်။

“ လမ်းတစ်လျှောက်မှာ အဲဒီလူသားနှစ်ယောက်နဲ့ မတိုက်ခိုက်ရတာ နှမြောစရာပဲ”

ခွန်မင်က နှစ်ပေါင်းတစ်သောင်းလောက်နေမှ တစ်ခါသာ ပေါ်လာတတ်သည့် ရှားပါးသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့ကို အမြဲတမ်း တားမြစ်လို့ မရနိုင်ပေ။

ယုဖန်ရှန်းက ခွန်မင် နှစ်သက်သဘောကျသော အမျိုးသမီးဖြစ်ပြီး သူ၏ မူပိုင်လက်တွဲဖော် ဖြစ်သည်။ သူမက သူ့ကို မကြိုက်သော်လည်း သူမအပေါ် သဘောကျတာကို ခွန်မင် ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဖူးပေ။

အဘယ်ကြောင့်ဆိုသော မြောက်ပင်လယ်ရှိ တခြားပါရမီရှင်များက ယုဖန်ရှန်းကို မပိုးပန်းရဲကြလို့ ဖြစ်သည်။ ထို့ကြောင့် သူသာ ဆက်ပိုးပန်းနေပါက သေချာပေါက် အောင်မြင်နိုင်မည် ဖြစ်သည်။

သို့သော် ထိုလူသားနှစ်ယောက်က ယုဖန်ရှန်းနှင့် ပတ်သက်လိုက်ခြင်းက အနှောင့်အယှက်ကြီး တစ်ခု ဖြစ်သွားသည်။ အထူးသဖြင့် အရမ်းရုပ်ချောသော အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပိုပြီး အနှောင့်အယှက် ဖြစ်စေသည်။

သူသာ ယုဖန်ရှန်းရဲ့ဘေးမှာ နေ့တိုင်း တဝဲလည်လည် လုပ်နေမည်ဆိုပါက သူမက ခွန်မင်ကို ဘယ်လိုလုပ်ပြီး စိတ်ထဲရှိပါ့တော့မလဲ

“ တခြား တစ်စုံတစ်ယောက်ရဲ့ အချစ်ကို လုယူသိမ်းပိုက်လိုက်ခြင်းက မိဘကို သတ်လိုက်သည့် ကိစ္စလိုမျိုး နက်နဲသည်” ဆိုသော စကားလည်း ရှိသည်။

ခွန်မင်သာ ထိုလူသားနှစ်ယောက်ကို တွေ့ပါက သူတို့၏ မွေးမိခင်ကိုယ်တိုင်ပင် မမှတ်မိနိုင်အောင် ရိုက်နှက်လိုက်မှာ သေချာသည်။

ထို့နောက် သူတို့ကို စီးတော်ယာဉ်အဖြစ် အသုံးချကာ ယုဖန်ရှန်းရှေ့သို့သွားပြီး သူကသာ မြောက်ပင်လယ်မှာ အသန်မာဆုံး ပါရမီရှင်ဖြစ်ကြောင်း သူမ သိစေရမည်။

ခွန်မင်က လျှောက်တွေးနေရင်း ခွန်ပန်ကျွန်း၏ အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေသည်။

ခွန်မင်က ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်လာဖို့အတွက် တိတ်တိတ်လေး စောင့်နေသည်။ သူ့ကံကောင်းမှုကြောင့် ဤအလွှာက သူ့ကို အကြာကြီး စောင့်ခိုင်းမှာ မဟုတ်ဘူးဟု သူ ယုံကြည်သည်။

ထိုအရာက သူ့ယုံကြည်မှု သက်သက်သာ ဖြစ်သည်။

ထို့နောက် … သုံးလကြာမြင့်သွားသည်။

ကြယ်တာရာကျွန်းအများစု၏ အငွေ့အသက် အလွှာအများစုက တစ်လအတွင်း ပွင့်ကြသည်က များသည်။ တချို့ကျွန်းများတွင် ကြာရှည်စွာ စောင့်ရပါက တစ်လခွဲ၊ အများဆုံး နှစ်လသာ ကြာသည်။

ထိုအချိန်တွင် ဤခွန်ပန်ကျွန်း၏ အငွေ့အသက်အလွှာက သုံးလကြာထိ ပိတ်နေဆဲ ဖြစ်သည်။

ထိုအရာက ရှန်ထျန်း၏ ရိုက်နှက်ချက်များနှင့် သက်ဆိုင်နေမလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပေ။ ခွန်မင်၊ အာ့ထုံထျန်းနှင့် ပိရွှမ်ချင်းတို့က စောင့်ရင်း အချိန် အလဟာသ ဖြစ်နေပြီဖြစ်သည်။ သူတို့ လွန်ခဲ့သော သုံးလကို ဘယ်လိုဖြစ်ကျော်ခဲ့သည်ကို နတ်ဘုရားသာလျှင် သိလိမ့်မည်။

ဒုတိယအစကတည်းက စောင့်နေတာကို ရပ်တန့်ပြီး တခြားကျွန်းကို ပြောင်းသွားဖို့ တစ်ကြိမ်ထက်မက စဉ်းစားနေခဲ့သည်။

သို့သော် သူတို့ စိတ်ပျက်အားလျော့သွားခြင်း မရှိပေ။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက ၁၂ လသာ ဖွင့်ထားပြီး ၉ လဝန်းကျင်တွင် သူတို့ ထွက်သွားရမည် ဖြစ်သည်။

တစ်လလောက် အချိန်ဖြုန်းပြီး ထွက်သွားရမှာလား။ ဘယ်သူက လုပ်ချင်မှာလဲ

ထို့ကြောင့် သူတို့ ဆက်ပြီး စောင့်ခဲ့ကြသည်။

သူတို့ တစ်လတောင် စောင့်ပြီးပြီဖြစ်သည့်အတွက် နာရီအနည်းငယ်အတွင်း ကျွန်းက ပွင့်လာမည်ဟု ထင်ခဲ့သည်။

ထို့နောက် နောက်ထပ် တစ်လ ထပ်စောင့်ခဲ့ရပြန်သည်။

ထိုကဲ့သို့သော စိတ်အခြေအနေမျိုးက ရင်းနှီးမြုပ်နှံမှုများ နစ်မြုပ်သွားသည့်အချိန်နှင့် ပုံစံတူပြီး သူတို့ ဒီမှာပဲ ဆက်နေနေသည်။

ထွက်သွားချင်လား … မဖြစ်နိုင်ဘူး

သုံးလမြောက်၏ ရှစ်ရက်နေ့တွင် ခွန်မင် ထပ်ပြီး သည်းမခံနိုင်တော့ပေ။

သူ ကောင်းကင်သို့ ဟစ်ကြွေးလိုက်သည့်အခါ ဧရာမခွန် ပုံရိပ်သဏ္ဌာန်က သူ့နောက်တွင် ချက်ချင်း ပေါ်လာသည်။

သဲနှင့် ကျောက်စရစ်ခဲများ လေထဲသို့ လွင့်ထွက်သွားကာ ပင်လယ်ရေများ ထိုးထွက်လာပြီး ကောင်းကင်သို့ ပက်ဖြန်းစေကာ နေရောင်၏ ရှုပ်ထွေးသောအရောင်များအောက်တွင် ထူးဆန်းသည့် အရောင်ရင့်ရင့် သက်တံတစ်ခု ထွက်ပေါ်လာသည်။

“ ဘာလို့ မပွင့်သေးတာလဲ။ ဘာလို့လဲ”

ခွန်မင်က သူ့ဓားနှစ်လက်ကို ဆွဲထုတ်ကာ ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာကို ခုတ်ချင်စိတ်တို့ ထိန်းထားရသည်။

ပိရွှမ်ချင်းက ကျွန်းကို စိုက်ကြည့်ကာ တွေဝေစွာ ပြောလိုက်သည်

“ အစ်ကို ဒါဆိုရင် ကျွန်တော်တို့ ထပ်ပြီး မစောင့်တော့ဘူးမလား”

ခွန်မင်က လှောင်ရယ်ကာ ပြောလိုက်သည်

“ ဒီကျွန်းရဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာက မပွင့်လာမှတော့ သေချာတာပေါ့။ မဟုတ်ရင်လည်း အချိန်အကြာကြီးနေမှ ပွင့်တော့မယ်။

ငါတို့ ဒီရှေ့မှာ သုံးလတောင် စောင့်လာတာလေ။ အဲဒါကိုက ဟာသကြီးဖြစ်နေပြီ။ ငါတို့မှာ နှစ်ဝက်လောက် အချိန်ရှိသေးတယ်ဆိုတော့ တခြားနေရာတွေကိုပဲ သွားရအောင်”

ပြောပြီးနောက် ခွန်မင်က တခြားတစ်ဖက်သို့ ဦးတည်ပျံသန်းသွားသည်။

အာ့ထုံထျန်းနှင့် ပိရွှမ်ချင်းက အချင်းချင်းကြည့်ကာ ဆွံ့အသွားရသည်။ ခွန်မင်က သူတို့၏ ခေါင်းဆောင်ဖြစ်သည့်အတွက် ရွေးချယ်စရာမရှိဘဲ သူ့နောက်မှ လိုက်သွားရသည်။

သူတို့ မိုင်ရာကျော်ထိ ပျံသန်းသွားပြီးနောက် မိုးခြိမ်းသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ဟုတ်တယ် ခွန်ပန်ကျွန်းရဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာက အက်ကွဲသွားတယ်

ကျွန်းထဲမှ ဝိညာဉ်ချီများထွက်လာကာ မိုင်ပေါင်းတစ်သောင်းပတ်လည်ကို ဖုံးအုပ်သွားသည်။

“ အက်ကြောင်း ပေါ်လာပြီ”

“ ဒီလောက်ထိ သိပ်သည်းတဲ့ ဝိညာဉ်ချီတွေရှိမှတော့ အထွတ်အထိပ်အဆင့် ကျွန်းပဲဖြစ်ရမယ်”

အာ့ထုံထျန်းက ရှေ့သို့ တိုးလာသည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ၏ ဝိညာဉ်ချီကို အာရုံခံရင်း သူ့မျက်လုံးများ အစိမ်းရောင် ပြောင်းသွားကာ ပြောလိုက်သည်

“ ဒီကျွန်းမှာ သေချာပေါက် ကြီးမြတ်တဲ့ ရတနာတွေ ရှိတယ်”

ပိရွှမ်ချင်းက ပိုပြီး လက်တွေ့ကျသည်။ သူက သေရေးရှင်ရေးအပေါ် မူတည်နေသကဲ့သို့ ထိုအရှိန်အဝါအလွှာ၏ အက်ကြောင်းထဲသို့ တိုးဝင်သွားသည်။

ခွန်မင်က လုံးဝ အံ့ဩမှင်သက်သွားသည်။

ဒါက ဘယ်လိုအခြေအနေမျိုးလဲ။ ငါ သုံးလတောင် စောင့်ပေမဲ့ မပွင့်ခဲ့ဘူး

အခု ထွက်သွားတော့မယ်ဆိုမှ ဝင်လာဖို့အတွက် ဖွင့်ပေးတယ်တဲ့လား

ငါ့မှာ မာနမရှိဘူးများ ထင်နေလား … ဟုတ်တယ် မင်းမှန်တယ်

စစ်မှန်သော ကံအပြောင်းအလဲ အခွင့်အရေးနဲ့ ယှဉ်လိုက်ရင် သူ့မာနက ဘာမှ အရေးမကြီးတော့ဘူး

လုံးဝ အရေးမကြီးတော့ဘူး

သူ့ရှေ့မှာ ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်လာသည့်အတွက် သူ့ ခန္ဓာကိုယ်ထဲမှ သွေးများ ပွက်ပွက်ဆူလာသည်ကိုပင် သူ ခံစားကြည့်လို့ရသည်။

သူ့သွေးကို လှုံ့ဆော်ပေးသည့် တစ်ခုခုက ထိုကျွန်းပေါ်မှာ ရှိနေသလို ခံစားနေရသည်။ ထိုကဲ့သို့သော လှုံ့ဆော်မှုမျိုးက အားနည်းသော်လည်း သူ ကောင်းကောင်း အာရုံခံနိုင်သည်ဟု ခွန်မင် ယုံကြည်သည်။

သူ့သွေးက သူ့ကို တစ်ခုခုကို စိတ်အားထက်သန်စွာ ပြောနေသလိုခံစားရသည်။

လိုချင်တယ်

လိုချင်တယ်

လိုချင်တယ် …

ဆန္ဒတစ်ခုက အရမ်းရုတ်တရက်ဆန်ပြီး အားကောင်းကာ သူ့စိတ်ထဲသို့ ဆူနာမီကဲ့သို့ ထိုးဖောက်ဝင်ရောက်နေသည်။

ဤကျွန်းက သူနှင့် ကံစပ်ပြီး ကြီးမားသော ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သေချာလှသည်။

ထိုကံအပြောင်းအလဲ အခွင့်အရေးကို အရယူဖို့ စိတ်ဆုံးဖြတ်လိုက်သည်။

All Chapters