← Chapters

အခြေအနေတွေဘယ်လိုလဲ

Vol. 41 Ch. 587

အခြေအနေတွေဘယ်လိုလဲ

Vol. 41 Ch. 587

…

လိုက်ဆန်ဒါ၏ စကားများသည် အာရန် ၏ ဦးခေါင်းပေါ်သို့ ရေခဲရေပုံးတစ်ပုံးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

သူ၏ မူလ ကမ္ဘာမြေမှ သိကြွမ်းထားသော အနုပညာဆိုင်ရာ ဗဟုသုတအချို့နှင့် သူ၏ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်သည် သူ့အတွက်အဆင်ပြေနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ သော်လည်း ဤပထမ မူလကြယ် သည် သူ မျှော်လင့်ထားသည်ထက် ထိုကိစ္စများတွင် များစွာ ပိုမို သိရှိနေသည်မှာ ထင်ရှား၏။

အာရန်သည် စိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။

သူ့အနေနှင့် အခြား ချဉ်းကပ်မှုတစ်ခုကို ပြောင်းလဲရန် လိုအပ်သွားခဲ့ပြီဖြစ်သည်။

ပထမမူလကြယ်အား ပိုမို ယုံကြည်စေနိုင်မည့် အရာတစ်ခုခု။

“ကောင်းပြီလေ... ဒါဆို ဘယ်လို သက်သေပြစေချင်တာလဲ”

လိုက်ဆန်ဒါသည် ခဏတာ စဉ်းစားပြီးနောက် အာရန်အား တစ်ဖန် စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့်သည် အာရန်၏ ဝိညာဉ်ကို ထွင်းဖောက်ကြည့်ရန် ကြိုးစားနေသည့်နှယ်ပင်။

“မင်းကိုယ်မင်း ကမ္ဘာမြေကပါလို့ ပြောခဲ့တယ်မဟုတ်လား။ ဒါဆို အီဖယ်မျှော်စင် (Eiffel Tower) က ဘယ်နိုင်ငံမှာ ရှိလဲ ပြောပြပါ”

“ဒါက အရမ်း ရိုးရှင်းတဲ့မေးခွန်းပဲထင်တယ်။ ပြင်သစ်နိုင်ငံမှာရှိပါတယ်” ဟု အာရန်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

သို့သော် သူ စိတ်မအေးနိုင်ခင်မှာပင် ပထမမူလကြယ်မှ နောက်မေးခွန်းတစ်ခု ထပ်မံမေးလိုက်သည်။

“ပြင်သစ်နိုင်ငံရဲ့ မြို့တော်က ဘာလဲ”

အာရန်သည် ထိုမေးခွန်းကြောင့် မျက်လုံးအနည်းငယ်ပင့်လိုက်မိသည်။

ဤသည်မှာ လှည့်ကွက်အချို့ပါနေသော မေးခွန်းတစ်ခုများလား။

လိုက်ဆန်ဒါသည် မည်သည့်ခေတ်မှ ဖြစ်မည်ကို သူ မသိနိုင်သောကြောင့် သူ၏ အသိဉာဏ်ကို သက်သေပြနိုင်ရန်အတွက် မည်ကဲ့သို့သော ခက်ခဲသည့် မေးခွန်းများ မေးလာမည်ကို သူအတော်လေး စိတ်ပူနေခဲ့မိသည်။

သို့သော် ယခု မေးခွန်းများကမူ အနည်းငယ် ရိုးရှင်းနေပုံရလေသည်။

“ပဲရစ်မြို့ပါ” ဟု အာရန်က သက်တောင့်သက်သာပင် ပြန်ဖြေလိုက်သည်။

ထိုအဖြေကို ကြားသောအခါ လိုက်ဆန်ဒါသည် တစ်ချက်ပြုံးလိုက်သည်။

ထိုအပြုံးကိုမြင်လိုက်ရသောအခါ အာရန်၏ ကျောရိုးတစ်လျှောက် တုန်ယင်သွားသည်ဟုပင် ခံစားလိုက်ရသည်။

“ဟုတ်ပြီ။ ဒါပေမဲ့ ငါ့ကို ပြောပြစမ်းပါ အဲဒီ မြို့တော်ကို ဖြတ်ပြီး စီးဆင်းနေတဲ့ မြစ်ရဲ့ အမည်က ဘာလဲ”

ထိုမေးခွန်းကြောင့် အာရန်သည် အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့ရသည်။

သူ ဒါကို ကြိမ်းသေ သိထားလေသည်။ သို့သော် အနည်းငယ်ရောထွေးနေသလိုပင်။

သူ ထိုအရာကို မှတ်မိမှဖြစ်မည်....။

ဒါ… ဒါက…

အာရန်တစ်ယောက် ဦးနှောက်ကို အသားကုန်မွှေနှောက် စဥ့်စားပြီးသွားသောအခါတွင်မူ သူ၏ စိတ်ထဲတွင် လုံးဝ ဗလာကျင်းသွားသည်ဟု ပင် ခံစားလိုက်ရသည်။

သူသည် ပထဝီဝင်ဘာသာရပ်ကို သင်ပြပေးနေသောဆရာတစ်ဦး မဟုတ်ခဲ့သော်လည်း ထိုအဖြေကိုမူ သူကောင်းစွာ သိနေကြောင်း သေချာမှတ်မိလေသည်။

ပြသနာမှာ ထိုအဖြေသည် ယခုအချိန်၌ သူ့ခေါင်းထဲ ပြန်ပေါ်မလာခြင်းသည်သာ ဖြစ်လေ၏။

‘တောက်’

အာရန်သည် ဦးနှောက်ကို အတင်းအကျပ် ညှစ်ထုတ်ရန်ကျိုးစားလိုက်သော်လည်း ထိုမြစ်၏ အမည်ကို စဥ့်စားမရနိုင်ခဲ့ပေ။

သူသည် ချွေးစေးများပင် ထွက်ပေါ်လာစပြုလာခဲ့သည်။

“အဲ့မြစ်နာမည်က ဆိန့်န် (The Seine) လို့ခေါ်တယ်” ဟု လိုက်ဆန်ဒါက ပြောပြလိုက်ရာ သူ၏ အသံသည် အလွန်ကြည်လင်ချောမွေ့နေခဲ့၏။

“မင်းရဲ့ ဒီ ‘ကမ္ဘာမြေ’ ဆိုတဲ့နေရာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေက အပေါ်ယံလောက်ပဲ ရှိပုံရတယ်”

လိုက်ဆန်ဒါ၏ စကားကို ကြားလိုက်ရသည့်အခါ အာရန်သည် ငတုံးတစ်ယောက်အလားပင် ခံစားလိုက်ရသည်။

ဤမြစ်၏ အမည်ကို သူသိထားခဲ့ပြီးဖြစ်သော်လည်း ပါးစပ်ဖျားလေးတွင် မေ့သွားတာ မေးခွန်းတွင် ကျရှုံးခဲ့ရခြင်းဖြစ်လေသည်။

ဤသို့ဖြင့် အခြေအနေများသည် ကောင်းမွန်စွာ ဖြစ်မလာခဲ့ပေ။

အာရန်သည် သူ့အနေနှင့် အခြေအနေကို အကောင်းဆုံး ပြန်လည် ထိန်းချုပ်ရန် လိုအပ်နေကြောင်း သဘောပေါက်လိုက်သည်။

အာရန်သည် သူ့ကိုယ်သူ သက်သေပြရန် လိုအပ်နေလေပြီ။

“ကမ္ဘာမြေက အသေးစိတ်အချက်အလက်အားလုံးကိုတော့ ကျုပ်လဲ ဘယ်မှတ်မိနိုင်ပ့ါမလဲ” ဟု သူ၏ ဗဟုသုတအနည်းငယ်လိုအပ်သွားခြင်းကို ဝန်ခံရန် ကြိုးစားလိုက်သည်။

“ဒါပေမဲ့ ဒီငရဲဘုံက ဘယ်သူမှ မသိနိုင်တဲ့ အရာတွေအများကြီးကို ကျုပ်အနေနဲ့ ပြောပြနိုင်ပါသေးတယ်။ သမိုင်းအကြောင်း ပြောမလား… သိပ္ပံအကြောင်း ပြောမလား… စာပေအကြောင်း ပြောမလား”

အာရန်သည် နံရံတစ်ခုတွင် စာအုပ်များ စီတန်းထားသော စာအုပ်စင်တစ်ခုဆီသို့ လျှောက်သွားပြီး စာအုပ်ခေါင်းစဉ်များကို စူးစမ်းကြည့်လိုက်သည်။

အများစုသည် သူနှင့် မရင်းနှီးသဖြင့် ဤငရဲဘုံရှိ ဒေသခံများ၏ စာပေများ ဖြစ်ဟန်တူ၏။

သို့သော် သူ၏ အကြည့်သည် သားရေပြားတစ်ခုဖြင့် တွဲချည်ထားသော စာအုပ်ဟောင်းကြီး တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက် အာရန်သည် စာအုပ်စင်မှ ထိုစာအုပ်ကို ဆွဲထုတ်လိုက်သည်။

“ရှိတ်စပီးယားလား” ဟု အာရန်သည် စာအုပ်ကို ကိုင်မြှောက်ကြည့်ရင်း အာမေဋိတ် စကားလုံးအချို့ ပြောလိုက်မိသည်။

“ဟမ်းမလက် (Hamlet)၊ ရိုမီယိုနှင့် ဂျူးလီယက် (Romeo and Juliet).... ခင်ဗျား ရှိတ်စပီးယားအကြောင်း သိတယ်မဟုတ်လား”

အာရန်၏ စကားကိုကြားသော်လည်း လိုက်ဆန်ဒါ၏ မျက်နှာအမူအရာသည် မပြောင်းလဲသွားခဲ့ပေ။

“နေပါဦး မင်း ဒီစာအုပ်ထဲက အကြောင်းအရာတွေကို ငါ့ကို ပြောပြတော့မလို့လား။ အဲဒီလိုဆိုရင် မင်းအချိန်တွေ ဖြုန်းမနေပါနဲ့တော့။ ဒီစာအုပ်ရဲ့ မိတ္တူတွေကို ဒီငရဲဘုံမှာ အကြိမ်ပေါင်းများစွာ လေလံတင်ရောင်းချခဲ့ပြီးပြီ။ လူအတော်များများ ကလည်း စာအုပ်ထဲက အကြောင်းအရာတွေကို အလွတ်ရနေကြပြီ”

“ကျုပ်က ဒီစာအုပ်ထဲက ပုံဝတ္ထုတွေအကြောင်းကို ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစာအုပ်ကို ရေးသားသူရဲ့ ဘဝဇာတ်ကြောင်းကို ပြောပြမှာပါ။ သူ့အကြောင်းကတော့ ဒီငရဲဘုံကလူတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်မဲ့အရာမျိုး မဟုတ်ဘူးလို့ ကျုပ်ယူဆမိလို့ပါ” ဟု အာရန်က ပြောလိုက်သည်။

နောက်ဆုံးတွင်မူ သူ့ကိုယ်သူ သက်သေပြရန် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ပြီဖြစ်၏၊

လိုက်ဆန်ဒါသည် အာရန်၏ စကားအား အနည်းငယ် စိတ်ဝင်စားသွားဟန် ရလေသည်။

“ဒါဆိုလဲ ဆိုစမ်းပါဦး သူ့အကြောင်း။ ဒါပေမဲ့ မင်းပြောတဲ့အထဲမှာ လုပ်ကြံဖန်တီးထားတာတွေတော့ မပါဖို့ မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ အသက်နဲ့ မင်းရဲ့ အနာဂတ်က အဲဒါ အကြောင်းအရာပေါ်မှာ မူတည်နေလို့ပဲ”

အာရန်သည် အသက်ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်သော်လည်း သူသည် အနည်းငယ်မျှပင် မကြောက်လန့်ခဲ့ပေ။

သူ့အနေနှင့် ရှိတ်စပီးယားနှင့်ပတ်သက်သည့်အကြောင်းအရာများကို အတော်များများ သိထားခဲ့ပြီးဖြစ်သည်မဟုတ်ပါလား...။

အကယ်၍ သူ့အား ထိုစာအုပ်ကို မဖွင့်စေဘဲ အထဲရှိ အသေးစိတ်အချက်အလက်များအားလုံးကို ရှင်းပြခိုင်းခဲ့ပါက အချို့အရာများကို သူ့ အနေနှင့် လွဲချော်သွားနိုင်ခြေများရှိနေသော်လည်း စာရေးဆရာ၏ ဘဝဇာတ်ကြောင်းနှင့်ပတ်သတ်၍မူ လွဲချော်စရာအကြောင်းမရှိပေ။

အာရန်သည် ရှိတ်စပီးယားအကြောင်း သူသိထားသမျှ အရာအားလုံးကို အိပ်သွန်ဖားမှောက် ပြန်လည် မျှဝေနေချိန်တွင် သူသည် ရေထဲမှ ငါးတစ်ကောင်နှင့်ပင် တူနေခဲ့၏။

အာရန်၏ ပြောဆိုနေပုံသည် သူ့ဘဝတစ်လျှောက်လုံး ရင်းနှီးခဲ့သော မိတ်တွေတစ်ဦးအကြောင်းကို ပြန်ပြောပြနေသကဲ့သို့ပင် တူညီနေခဲ့သည်။

သူ စကားစပြောလိုက်သည်နှင့် တစ်ပြိုင်နက် လိုက်ဆန်ဒါသည် လုံးဝ အံ့အားသင့်သွားဟန် ရလေသည်။

သူပင် မသိထားသော အချက်အချို့ပါရှိနေခဲ့သော်လည်း အာရန် ပြောသမျှ အရာအများစုသည် ဤငရဲဘုံရှိ ဗဟုသုတလိုက်စားသူများပင် သိရှိနိုင်မည့် အရာများမဟုတ်ပေ။

အာရန်၏ ပြောပြချက်များတွင် လိုက်ဆန်ဒါကိုယ်တိုင်ပင် မသိထားသော အချက်အလက် အချို့ပင်ပါရှိရာ ဤလောကမှ အခြားသူများဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

သူသည် အာရန်ဆီမှ ပိုမို ကြားသိရလေလေ ပို၍ ကျေနပ်သွားပုံရလေလေပင်။

အာရန်သည် ကမ္ဘာမြေမှ အမှန်တကယ်ရောက်ရှိလာသူတစ်ဦး ဖြစ်နေသည်မှာ သူ့အနေနှင့် ပို၍ပင် သေချာသွားခဲ့သည်။

ဤအရာနှင့် ပတ်သတ်၍ သံသယဖြစ်စရာ မရှိတော့ပေ။

သူသည် ကမ္ဘာမြေသား တစ်ဦးပင်ဖြစ်ရပေမည်။

ပထမမူလကြယ်သည် ဤငရဲဘုံသို့ ရောက်ရှိလာသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

ကမ္ဘာမြေမှ လူတစ်ဦးအား သူနောက်ဆုံး မြင်ခဲ့ရသည်မှာ ဘယ်တုန်းကမှန်းပင် သူ ကိုယ်တိုင် မမှတ်မိနိုင်တော့ပေ။

ယခုမူ တစ်ဦးထပ်တွေ့ရလေပြီ။

လိုက်ဆန်ဒါသည် သူ၏ အစောပိုင်း တည်ကြည်လေးနက်နေသော ဟန်ပန်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူသည် ကာလတာရှည်စွာ ပျောက်ဆုံးနေသော ဆွေမျိုးတစ်ဦးနှင့် ပြန်လည် တွေ့ဆုံရသည့်နှယ် ခံစားလိုက်ရသည်။

သူတို့သည် သွေးသားချင်း အနည်းငယ်မျှပင် နီးစပ်မှု မရှိနိုင်သော်လည်း မိခင်ကမ္ဘာမြေမှရောက်ရှိလာသော ကမ္ဘာမြေသားချင်းအတူတူပင် ဖြစ်သည် မဟုတ်ပါလား...။

“ကမ္ဘာမြေပေါ်မှာ အခုချိန် ဘယ်နှစ်ခုနှစ်တွေရောက်ရှိနေပြီလဲ” ဟု လိုက်ဆန်ဒါက အာရန်အား သူ၏ ရှင်းပြချက်များကို ရပ်တန့်စေလိုက်ပြီး မေးခွန်းတစ်ခုကို ဖြတ်မေးလိုက်သည်။

အာရန်ပင်လျှင် လိုက်ဆန်ဒါတစ်ယောက် သူ၏ ရှင်းပြချက်ကို အတော်လေး ကျေနပ်သွားပုံရသည်ကို သတိထားမိလိုက်သည်။

သူ့ကိုယ်သူ ကမ္ဘာမြေသားတစ်ဦးမှန်း သက်သေပြနိုင်ခဲ့ပြီဖြစ်ဟန်ရလေသည်။

သူ၏ လောင်းကြေးထပ်မှုသည် အလုပ်ဖြစ်သွားခဲ့ပြီဖြစ်၏။

“ကျုပ် ဒီကို ရောက်လာတဲ့ အချိန်တုံးကတော့ ကမ္ဘာမြေမှာ ၂၀၂၄ ခုနှစ်ပါ” ဟု အာရန်သည် လိုက်ဆန်ဒါအား ပြောပြလိုက်သည်။

အာရန်သည် ဤကမ္ဘာအမျိုးမျိုးကြားတွင် အချိန်၏ စီးဆင်းမှု မည်သို့ အလုပ်လုပ်သည်ကို မသိနိုင်သောကြောင့် သူ၏ စကားလုံးများကို ဂရုတစိုက် ပြောပြနေရသည်။

“ဒါဆို ၂၀၂၄ ပေါ့လေ။ ငါ ဒီငရဲဘုံကို ရောက်လာတုန်းက ၂၀၀၁ ခုနှစ်ပဲရှိသေးတယ်။ အဲဒီကမ္ဘာမှာ အဲ့ကအချိန်နဲ့တွက်ကြည့်ရင် ဆယ်စုနှစ် နှစ်ခုစာလောက်ပဲ ကုန်လွန်သွားခဲ့ပုံရတယ်”

လိုက်ဆန်ဒါသည် သူ၏လက်နှစ်ဖက်ကို ပြန်ပိုက်ထားလိုက်ပြီး မျက်လုံးများ မှေးစင်းထားကာ အတွေးများအတွင် ပြန်လည် နစ်မျောသွားဟန် ရလေသည်။

သူ၏ ထိုစကားလုံးအချို့မှတစ်ဆင့် အာရန်သည် အချက်အလက်များစွာကို သိရှိခွင့်ရခဲ့သည်။

လိုက်ဆန်ဒါသည် ဤငရဲတွင် ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီးဖြစ်သည်ဟု လူအများက ဆိုကြသော်လည်း ကမ္ဘာမြေတွင်မူ အနှစ် နှစ်ဆယ်ခန့်သာ ကုန်လွန်ခဲ့ပုံရလေသည်။

ဤကမ္ဘာလောကနှစ်ခုအကြားရှိ အချိန် စီးဆင်းမှုသည် အမှန်တကယ်ပင် ကွာခြားလွန်းနေခဲ့ပြီး ထိုကွာခြားချက်သည်လည်း မနည်းလှပေ။

“ဒါနဲ့ ငါတို့ ကမ္ဘာမြေကကောင်တွေ လကမ္ဘာပေါ်မှာကော အိမ်တွေ စဆောက်နေကြပြီလား” ဟု လိုက်ဆန်ဒါက ရုတ်တရက် ထမေးလိုက်သည်။

“ကမ္ဘာမြေပေါ်မှာရှိတဲ့ လူတိုင်းကကော မင်းလို ခွန်အားမျိုးတွေပိုင်ဆိုင်နေကြပြီလား။ ကောင်းကင်မှပျံနိုင်တဲ့ကားတွေတီထွင်နေတဲ့ အခြေအနေတွေကော ဘယ်လိုရှိနေလဲ။ ငါ့ကို အကုန်လုံး ပြောပြပါဦး”

လိုက်ဆန်ဒါ၏ အစောပိုင်း ကြောက်မက်ဖွယ်ကောင်းသော အော်ရာ အငွေ့အသက်များသည် မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။

လိုက်ဆန်ဒါ၏ ပုံစံမှာ သူ၏ ဇာတိမြေ မည်မျှ ကြီးထွားလာသည်ကို သိရှိရန် အလွန်ပင် စိတ်လှုပ်ရှားနေသော ကလေးငယ်တစ်ဦးနှင့်ပင် တူညီနေခဲ့၏။

All Chapters