← Chapters

ဆိုးရွားလွန်းသော ပရောပရည်လုပ်ခြင်း

Vol. 41 Ch. 589

ဆိုးရွားလွန်းသော ပရောပရည်လုပ်ခြင်း

Vol. 41 Ch. 589

…

အာရန်သည် ပထမရွေးချယ်မှုကို ဖတ်၍ မပြီးသေးခင်မှာပင် သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွဲသွားခဲ့သည်။

ဤရွေးချယ်မှုက သူ့ကို အသေသတ်ရန် ကြိုးစားနေသကဲ့သို့ပင်။

သူသည် လိုက်ဆန်ဒါ၏ မျက်နှာသာပေးမှုကို မနည်းရအောင် ရယူထားရခြင်းဖြစ်ပြီး ယခုတဖန် ဤ စနစ်က ထိုသူ၏ သမီးအား လာပလူးခိုင်းနေသည်တဲ့လား။

အာရန်သည် အခြားရွေးချယ်စရာများကိုပင် မစစ်ဆေးမီခင်မှာပင် ထိုပထမရွေးချယ်မှုကိုမူ လုံးဝ မရှိခဲ့သည့်နှယ် သူ၏ မှတ်ဉာဏ်မှ ဖျက်ပစ်ရန်ကျိုးစာလိုက်သည်။

ဆွဲဆောင်မှုရမှတ်အချို့ ရရှိရန်အတွက်နှင့် သေဒဏ်ကျခံရနိုင်သည့်အဖြစ်မျိုးကို သူလုံးဝ စိတ်ကူးမည်မဟုတ်ပေ။

ထို့နောက် အာရန်သည် ဒုတိယရွေးချယ်မှုဆီသို့ အလျင်အမြန် ပြောင်းသွားလိုက်သော်လည်း ၎င်းကိုမြင်လိုက်ရသောအခါတွင် သူ၏ မျက်နှာအမူအရာမှာ ပို၍ပင် မဲမှောင်သွားခဲ့၏။

[ရွေးချယ်မှု နှစ်: လိုက်ဆန်ဒါအား အချစ်ကဗျာ တစ်ပုဒ် ရွတ်ဆိုပြပါ။ ထို့နောက် ကဗျာ အဆုံးသတ်သွားသောအခါတွင် သူ၏ လက်ကို အနမ်းပေးပါ။

ဆုလာဘ်: ဆွဲဆောင်မှု+၁]

'လခွီး ဘာလဲဟ...။'

အာရန်သည် ဒုတိယရွေးချယ်မှုကိုမြင်လိုက်ရသောအခါ ရုတ်တရက် ဖျင်ပင် ကြိမ်းသွားသည်ဟု ခံစားလိုက်ရသည်။

ဤတစ်ခုက ပို၍ပင် ကိုးရိုးကားယားနိုင်နေခဲ့သည်။

စနစ်က သူ့အား မည်သို့ ဖြစ်စေချင်နေသနည်းဟုပင် တွေးမိလိုက်သည်။

သူသည် မိန်းကလေးများကိုသာ နှစ်သက်သော ယောက်ျားစစ်စစ်တစ်ဦး ဖြစ်လေသည်။

သူသည် အခြားယောက်ျားတစ်ဦးအား ဤကဲ့သို့သော အပြုအမူမျိုးဖြင့် ဘယ်တော့မှ ပြုလုပ်မိလိမ့်မည်မဟုတ်ပေ။

အကယ်၍ ထိုအရာကိုပြုလုပ်ပြီးကာမှ လိုက်ဆန်ဒါသည် သူ၏ စကားများကို အလေးအနက်ထားခဲ့လျှင်ကော...။

အာရန်သည် နောက်ထပ် ဖြစ်လာမည့်အရာများကို စိတ်ကူးပင် မယဉ်ဝံ့တော့ချေ။

ဤအချိန်တွင်မူ ပထမရွေးချယ်မှုသည် ယခုရွေးချယ်မှုနှင့်ယှဥ်ပါမူ သိပ်၍မဆိုးဟုပင် ပြန်လည်တွေးမိလာခဲ့သည်။

ဤသို့ဖြင့် နောက်ထပ်ရွေးချယ်မှုတစ်ခုဆီသို့ အကြည့်ရောက်သွားခဲ့ရာ ၎င်းက သူ့အား ထပ်မံ၍ သတိလစ်မူးမေ့သွားမတတ်ပင် ဖြစ်သွားစေခဲ့သည်။

ဤတစ်ကြိမ်တွင်မူ စနစ်မှာ သူ့အား အနိုင်ကျင့်ရန်သက်သက် ကြိုးစားနေခြင်းများလားဟုပင် သံသယဝင်လာမိခဲ့၏။

[ရွေးချယ်မှု သုံး: ထိုအမျိုးသမီးကို စော်ကားသော ကဗျာတစ်ပုဒ် ကိုရွတ်ဆိုပြပါ။ ထိုကဗျာဆုံးသွားသောအခါ သူမအပေါ် မုန်းတီးမှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသပါ။

ဆုလာဘ်: ခွန်အား +၁]

[ရွေးချယ်မှု လေး: လိုက်ဆန်ဒါအား သူသည် ကမ္ဘာမြေမှ လူတစ်ဦးဖြစ်သည်ဟု လိမ်ညာပြောဆိုခဲ့မိကြောင်းဝန်ခံကာ အစောပိုင်း ပြောခဲ့မိသမျှ အရာအားလုံးသည် အခြားသူတစ်ဦးထံမှ ကြားသိခဲ့ရခြင်းသာဖြစ်ကြောင်း ပြောပြပါ။

ဆုလာဘ်: သွက်လက်မှု+၁]

အာရန်သည် ထိုရွေးချယ်စရာများထဲမှ မည်သည့်တစ်ခုကိုမျှ မရွေးချယ်ချင်တော့ပေ။

ကံမကောင်းစွာဖြင့် သူ့တွင် အခြား ရွေးချယ်စရာလည်းမရှိချေ။

အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် တစ်စုံတစ်ခုကို မရွေးမချင်း စနစ်သည် ထိုနေရာတွင်သာ ထာဝရ ရပ်တန့်သွားမည်ဖြစ်သောကြောင့်ပင်တည်း။

ထို့နောက် မတတ်သာသည့်အဆုံး အာရန်သည် ထိုရွေးချယ်စရာများထဲမှ တစ်ခုကို မဖြစ်မနေ ရွေးချယ်လိုက်ရလေသည်။

လိုက်ဆန်ဒါသည် သူ၏ သမီးအား ညစာစားရန် ကတိပေးထားသည်ကို မေ့သွားခဲ့ခြင်းအတွက် တောင်းပန်စကားဆိုနေခဲ့သဖြင့် အာရန်၏ အမူအရာ ပြောင်းလဲသွားမှုများကို သတိမထားမိခဲ့ချေ။

ထို့နောက် လိုက်ဆန်ဒါသည် သူ၏သမီးအား အာရန်အား ညွှန်ပြလိုက်ကာ မိတ်ဆက်ပေးရန် ကြိုးစားလိုက်သည်။

“သူ့နာမည်က အာရန်ပါ”

“သူက ဖေဖေ့ရဲ့ ဧည့်သည်တစ်ယောက်ပါ။ ပြီးတော့ နောက်ကျရင် သူက ဖေဖေတို့နဲ့အတူ နေသွားလိမ့်မယ်”

ထိုမိန်းကလေးသည် ခန်းမ အတွင်းသို့ ဝင်ရောက်လာသည့်အချိန်ကတည်းကပင် အာရန်၏ တည်ရှိမှုကို သတိထားမိခဲ့သည်။

သူမ၏ ဖခင်သည် ဤကဲ့သို့ တစ်စုံတစ်ဦးကို အိမ်သို့ ခေါ်လာလေ့မရှိသောကြောင့် သူမသည် အာရန်အား အနည်းငယ် စူးစမ်းချင်နေခဲ့သည်။

ထို့နောက် သူမ၏ ဖခင်ဆီမှ ယခုကဲ့သို့ အာရန်အား ဧည့်သည်တစ်ဦးအဖြစ် မိတ်ဆက်ပေးသည်ကို ကြားလိုက်ရသည့်အခါ သူမသည် ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။

အထူးသဖြင့် အာရန်တွင် ထူးခြားသော မည်သည့် အော်ရာကိုမျှ သူမအနေနှင့် အာရုံခံမိခြင်း မရှိသောကြောင့်ပင်။

ထိုလူစိမ်းသည် အတော်လေးယောင်္ကျားပီသကာ ဆွဲဆောင်မှု ရှိပုံရသော်လည်း သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ခွန်အားကြီးမားသည့် မည်သည့်အော်ရာအငွေ့အသက်ကိုမျှ မခံစားမိခဲ့ပေ။

“ကျွန်မ အယ်လီနာပါ” ဟု သူမသည် အာရန်အား စိတ်ဝင်တစား စိုက်ကြည့်ရင်းဖြင့် ပြန်ပြောလိုက်၏။

သူ၏ ဖခင်သည် အကြောင်းတစ်စုံတစ်ရာကြောင့် ဤလူသားအပေါ် ခင်မင်မှုအချို့ ရှိနေသည်ဟု သူမအနေနှင့် ခံစားမိနိုင်ခဲ့သည်။

အာရန်သည် သူရရှိထားသော အပိုအသက်တစ်ခုမှာ ယနေ့ ပျောက်ကွယ်သွားတော့မည်လားဟု တွေးမိလိုက်သဖြင့် လေကိုသာ ခပ်ပြင်းပြင်းလေးတစ်ချက် ရှူသွင်းလိုက်သည်။

ထို့နောက် သူ၏ သတ္တိများကိုပြန်လည် စုစည်းလိုက်ပြီး တစ်စုံတစ်ရာကို စတင်ရန်ဟန်ပြင်လိုက်လေသည်။

“အယ်လီနာ…”

အာရန်သည် သူမ၏ အမည်ကို စတင်ခေါ်လိုက်မိစဥ်မှာပင် သူ၏ စိတ်လှုပ်ရှားမှုသည် အတော်လေး ပြင်းထန်နေခဲ့သော်လည်း ‌သူ၏ အသံမှာမူ အံ့ဩစရာ ကောင်းလောက်အောင်ပင် တည်ငြိမ်နေခဲ့၏။

သူသည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ပြီးဖြစ်သည်။

သူသည် ထိုအရာကို မဖြစ်မနေအောင်မြင်မှ ဖြစ်ပေတော့မည်။

အာရန်သည် ကဗျာစပ်ဆိုရာတွင် ကျွမ်းကျင်ခြင်းမရှိချေ။

၎င်းသည် စိတ်ဝင်စားသောအရာမျိုးလည်းမဟုတ်ပေ။

သို့သော် သူသည် ပထမရွေးချယ်မှု၏ စံနှုန်းကို ပြည့်မီနိုင်သော ကဗျာတစ်ပုဒ်ကို ခေါင်းထဲပေါ်လာအောင်မူ မနည်းပင် ညှစ်ထုတ်လိုက်ရသည်။

အာရန်သည် အယ်လီနာ ၏ မြစိမ်းရောင်သန်းနေသော မျက်ဝန်းလေးများကို ငေးစိုက်ကြည့်ရင်းဖြင့် ကဗျာတစ်ပုဒ်ကို စတင်၏ လက်တန်းရွတ်ဆိုတော့၏။

“မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးအောက်မှာ ရေချိုးနေတဲ့ အလှပ‌ဂေးလေးတစ်ပါးလို မင်းလေးဟာ ကိုယ့်ရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့တယ်။ ကိုယ့်အတွက် အမှန်တကယ် စွဲမက်ဖွယ်ကောင်းတဲ့ မြင်ကွင်းလေး တစ်ခုပေ့ါကွယ်။ ကိုယ့်ကမ္ဘာဟာ အချိန်တိုင်း မှောင်မိုက်လွန်းနေခဲ့ပေမဲ့ မင်းလေးဟာ ကိုယ့်အတွက် အမှောင်ထုကို ဖြိုခွင်းပေးခဲ့ပြီး ကိုယ့်ရဲ့ နှလုံးသားကို မမျှော်လင့်ပဲ အလင်းရောင်တွေနဲ့ ပက်ဖြန်းပေးခဲ့တယ်...”

အာရန်သည် သူရုတ်တရက် လက်တန်းစပ်လိုက်သော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေစဥ် မှာပင် ပြင်းစွာသော ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။

အကယ်၍ အစစ်အမှန် ကဗျာဆရာတစ်ဦးသာ သူ၏ ထိုကဗျာကို ကြားခဲ့ပါက ထိုမျှ ရှက်ရွံ့ဖွယ်ကောင်းသော ဆိုးရွားလွန်းသည့် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေခြင်းအတွက် ရုတ်တရက် သွေးပင်ထအန်မိလိမ့်မည်ဟု တွေးမိလိုက်သည်။

သို့သော် အာရန်သည် မတတ်သာပဲ ဤအတိုင်း ဆက်လက်၍သာ ရွတ်ဆိုနေခဲ့ရရှာသည်။

“ကိုယ့်ရဲ့ နှလုံးသားလေးဟာ တစ်ခါမှ မဖြစ်ပေါ်ခဲ့ဘူးတဲ့ အရာတစ်ခုနဲ့ ရုတ်တရက်ခလုတ်တိုက်မိလိုက်သလို ကစဥ့်ကလျားနဲ့ တုန်တုန်ယင်ယင် ခုန်နေခဲ့မိတယ်။ လောကကြီးမှာ အရာအားလုံး ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်တောင် မင်းလေးသာ ဒီတစ်နေ့မှာ တစ်ခါလောက်လေးပဲဖြစ်ဖြစ် ကိုယ့်ဘက်ကို ပြန်ငဲ့ကြည့်ပြီး စာနာသနားပေးဖို့ မျှော်လင့်မိပါရဲ့။ မင်းလေးဟာ ကိုယ့်အတွက် နူးညံ့သိမ်မွေ့လွန်ပြီး နွေးထွေးလွန်းတဲ့ နေရောင်ခြည်လေးတစ်ခုရယ်ပါ။ တကယ်လို့ အခွင့်သာခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ နှလုံးသားက ထွက်ကျလာတဲ့ စကားလုံးလေးတွေကို မင်းလေးသိအောင် စီကုံးပြလိုက်ချင်ပါရဲ့...”

အာရန်သည် ပြင်းထန်သော ရှက်ရွံ့မှုတစ်ခုကို သူ၏ မျက်နှာထက်တွင် သိသာစေခြင်းမရှိစေရန် အသဲအသန်ကျိုးစားနေရကာ ဤသည်မှာ အိပ်မက်ဆိုးတစ်ခုမျှသာ ဖြစ်သည်ဟု သူ၏ စိတ်ကို ပြန်လည် လှည့်စားနေခဲ့ရသည်။

အာရန်တစ်ယောက် ထိုသို့ကဗျာတစ်ပုဒ် ရွတ်ဆိုပြနေစဥ်မှာပင် အယ်လီနာ၏ မျက်ဝန်းများတွင်မူ မယုံနိုင်ခြင်း၊ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်နေခဲ့လေသည်။

သူမ၏ မျက်စိရှေ့၌ ရုတ်တရက် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကိုပင် နားမလည်တော့သည့်နှယ်ပင်။

ထိုလူစိမ်းသည် သူမအတွက် ရည်ရွယ်၍ ဤကဲ့သို့သော ထူးဆန်းသောစကားများကို အမှန်တကယ် ပြောနေခြင်းလား။

ထို့နောက် ရုတ်တရက် အာရန်သည် အယ်လီနာ၏ လက်တစ်ဖက်ကို ဆွဲယူလိုက်ရာ သူ၏ လက်ချောင်းများဖြင့် သူမ၏ အရေပြားအား အနည်းငယ်မျှ ထိမိသွားခဲ့သည်။ ထို့နောက် မဆိုင်းမတွပင် အာရန်သည် သူမ၏ လက်တစ်ဖက်ကို သူ၏ နှုတ်ခမ်းနှင့် တေ့လိုက်ကာ နူးညံ့ညင်သာစွာ နမ်းရှုံ့လိုက်လေသည်။

အာရန်၏ ထိုအပြုအမူကြောင့် သူမ၏ လက်ကလေးသည် အနည်းငယ်ပင် တုန်ယင်သွားခဲ့သည်။

[ဂုဏ်ယူပါသည် သင်သည် ရွေးချယ်မှု တစ် ကို အောင်မြင်စွာပြီးမြောက်နိုင်ခဲ့ပါပြီ။ ဆုလာဘ်။ ။ ဆွဲဆောင်မှု +၁]

အာရန်သည် သူ၏ လုပ်ဆောင်ချက်များသည် လုံးဝ ပုံမှန်လိုဖြစ်နေကြောင်း ပြသရန် ကြိုးစားသည့်နှယ် သူမ၏ လက်ကလေးများအား ညင်သာစွာ ပြန်လည် လွှတ်ပေးလိုက်သည်။

သူသည် စနစ်ဆီမှ ဆုလာဘ်ရရှိကြောင်း အသိပေးချက်ကိုပင် ဂရုမစိုက်နိုင်အားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် လိုက်ဆန်ဒါ၏ တုံ့ပြန်မှုကို အလွန်အမင်း စိုးရိမ်နေခဲ့သောကြောင့်ပင်။

ထို့နောက် အာရန်သည် သတိကြီးစွာ ထားရင်း လိုက်ဆန်ဒါအား မရဲတရဲ စောင်းငဲ့ ကြည့်လိုက်မိသည်။

သို့သော် သူမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပဲ ပထမမူလကြယ် လိုက်ဆန်ဒါသည် ထိုအရာကို မည်သို့ တုံ့ပြန်ရမည်ကို မသိသကဲ့သို့ ငေးကြောင်နေခဲ့ကာ သူသည် ထို ရုတ်တရက် ဖြစ်ပျက်သွားသည့်အရာများကို အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားနေဆဲ ဖြစ်သည့်နှယ်ပင်။

“မင်း…”

လိုက်ဆန်ဒါသည် သူ၏ နှုတ်ခမ်းကို ဖွင့်လိုက်သော်လည်း သူ့အနေနှင့် တစ်ခွန်းမျှ မပြောနိုင်မီမှာပင် အယ်လီနာမှ အာရန်၏ ရင်ဘတ်သို့ ဆောင့်ကန်ထည့် လိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။

“သူက ဖေဖေ ဧည့်သည်ဆိုတာလား။ ဘယ်လောက်တောင် ရူးကြောင်ကြောင်နိုင်လိုက်သလဲ”

အယ်လီနာသည် နှာခေါင်းရှုံ့၍ ညည်းညူလိုက်ပြီးနောက် အာရန်အား တစ်ချက်မျှပင် စောင့်ငဲ့မကြည့်တော့ပဲ ထိုခန်းမအတွင်းမှ ဒေါသတကြီး ထွက်သွားခဲ့တော့သည်။

လိုက်ဆန်ဒါသည် သူ၏ သမီးကို လှည့်ကြည့်လိုက်သောအခါတွင်မူ သူမသည် ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်၏။

ဤသို့ဖြင့် လိုက်ဆန်ဒါသည် သက်ပြင်းတစ်ချက်ချလိုက်ကာ အာရန်ဆီသို့ ပြန်လျှောက်လာခဲ့သည်။

အာရန်သည် သူ၏ နောက်ကျောကို နံရံတွင် မှီလျက် မြေပြင်ပေါ်တွင် ထိုင်နေမိခဲ့ကာ နောက်ဘက်ရှိ နံရံမှာမူ သူ၏ အစောပိုင်း အရှိန်နှင့်ပြေးဆောင့်မှုကြောင့် အက်ကွဲသွားဟန်ရလေသည်။

“ကောင်လေး မင်းအဆင်ပြေရဲ့လား”

လိုက်ဆန်ဒါသည် အာရန်အား ထရပ်နိုင်ရန် ဆွဲထူပေးလိုက်လေသည်။

အာရန်သည်လည်း ငေါင်တောင်တောင်ဖြစ်နေရာမှ ရုတ်တရက် ထူးဆန်းသောအဖြစ်အပျက်အား ပြန်လည် သတိထားမိသွားခဲ့သည်။

သူသည် လိုက်ဆန်ဒါ၏ သမီးဖြစ်သူအား ထိုသို့ပရောပရည်လုပ်မိခဲ့ခြင်း အတွက် လိုက်ဆန်ဒါအနေဖြင့် သူ့အား သတ်ပစ်တော့မည်ဟုပင် တွေးမိခဲ့သော်လည်း ထူးဆန်းစွာဖြင့် ထိုအရာသည် ဖြစ်မလာခဲ့ချေ။

လိုက်ဆန်ဒါသည် သူ့အပေါ် ဒေါသအလျဉ်းရှိပုံမရသော်လည်း အယ်လီနာမှာမူ ထိုသို့မဟုတ်ခဲ့ပေ။

သို့သော် အာရန်သည် တနည်းအားဖြင့် လိုက်ဆန်ဒါအား ဒေါသထွက်အောင် မပြုမိခဲ့ခြင်းအတွက် အနည်းငယ် သက်သာရာရသွားခဲ့သည်။

ပထမမူလကြယ် လိုက်ဆန်ဒါသာ သူအား ဒေါသမထွက်သ၍ အယ်လီနာမှ သူ့အား မည်သို့သဘောထားစေကာမူ သူ့အတွက်အရေးမကြီး‌တော့ပေ။

“ကျုပ်ရဲ့ အစောပိုင်း အပြုအမူအတွက် ခင်ဗျား ဒေါသမထွက်မိဘူးလား”

အာရန်သည် လိုက်ဆန်ဒါ၏ ဆွဲထူမပေးမှု အားလက်ခံယူရင်း ပြန် ပြောလိုက်ခြင်း ဖြစ်၏။

“ငါက ဘာလို့ ဒေါသဖြစ်ရမှာလဲ။ တစ်ကယ်သာဆိုရင်…”

လိုက်ဆန်ဒါသည် အာရန်အား တစ်စုံတစ်ရာကို ပြောပြချင်နေပုံရသော်လည်း သူ၏ စိတ်ကို အလျှင်အမြန်ပင် ပြန်လည် ထိန်းချုပ်လိုက်ပုံ ရလေသည်။

သူ၏ တည်ငြိမ်နေသောအမူအရာ နောက်ကွယ်တွင် ဝမ်းနည်းမှုအချို့အား ဖုံးကွယ်ထားပုံပင်။

All Chapters