← Chapters

လိုက်ဆန်ဒါ၏ သရုပ်ဆောင်စကေး

Vol. 41 Ch. 591

လိုက်ဆန်ဒါ၏ သရုပ်ဆောင်စကေး

Vol. 41 Ch. 591

...

အာရန်သည် လိုက်ဆန်ဒါ၏ တောင်းဆိုချက်ကို ငြင်းပယ်ရန် နည်းလမ်းမရှိသောကြောင့် တိတ်ဆိတ်သွားခဲ့သည်။

လိုက်ဆန်ဒါသည် အာရန်အား သူ၏ သားမက်အဖြစ် ယူဆထားလိုက်ပြီး ဖြစ်ဟန်ရသည်။

သူတို့သည် မတူညီသော မိခင်မှ မွေးဖွားလာသော်လည်း ညီအစ်ကိုများကဲ့သို့ စကားပြောဆိုနေခဲ့ခြင်းဖြစ်သဖြင့် အာရန် ၎င်းအား အနည်းငယ် စိတ်ရှုပ်ထွေးစရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ယခု သူတို့သည် ဆွေမျိုးများ ဖြစ်လာတော့မည်ဖြစ်ကာ သူ ဘယ်တုံးကမှ စိတ်ကူးပင် မယဥ်ခဲ့ဘူးသည့် ပုံစံမျိုးဖြင့် ဖြစ်လေသည်။

ထိုသူက သူ့ကဲ့သို့ အကြောင်းဘာမှမသိရသေးသည့် လူစိမ်းတစ်ဦးအား သားမက်အဖြစ် ရုတ်တရက်ကြီး အဘယ်ကြောင့် သတ်မှတ်ချင်နေသည်ကို သူ့အနေနှင့် မသေချာခဲ့ပေ။

သူ၏ သမီးက အခြားအမျိုးသမီးတစ်ဦးကို လက်ထပ်သွားလိမ့်မည်ကို သူ့အနေနှင့် စိုးရိမ်ခြင်းသက်သက်ကြောင့်ပဲလား။

အမှန်မှာ လိုက်ဆန်ဒါသည် ဤကမ္ဘာရှိ အခြားသော ပုံသဏ္ဍာန်မျိုးစုံရှိသည့် ယောက်ျားများစွာဖြင့် သူ၏သမီးနှင့်မိတ်ဆက်ရန် ကြိုးစားခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်ထိသူမ၏ နှလုံးသားကို အနိုင်ယူနိုင်မည့်သူကို ရှာမတွေ့ခဲ့ရပေ။

ထို့ပြင် အာရန်သည် သူနှင့် ကမ္ဘာမြေသားချင်း တူညီနေခဲ့သောကြောင့် သူ၏သမီးနှင့် ပို၍ပင် နီးစပ်စေချင်နေခဲ့ခြင်းလည်း ဖြစ်လေ၏။

အာရန်သည် ဒုတိယမူလကြယ်အား မချေမငံ တုန့်ပြန်ခဲ့ပြီးဖြစ်သဖြင့် သူ၏ သတ္တိကိုလည်း ပြသခဲ့ပြီးဖြစ်ကာ ထိုသူနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းမရှိကြောင်း ထုတ်ဖော်ပြသမိခဲ့ပြီးဖြစ်နေသည်။

ထို့အပြင် အာရန်သည် ငယ်ရွယ်သေးသော်လည်း ပိုမိုသန်မာလာရန် အတော်လေး အလားအာရှိသော လူငယ်တစ်ဦးပင်ဖြစ်လေသည်။

အစောပိုင်း ပြင်းထန်သော ပေါက်ကွဲမှုဆီမှပင် အာရန်သည် အသက်ရှင်နိုင်ခဲ့ပြီး ထိုအရာဆီ ချက်ချင်းထွက်ပြေးရန် ဆုံးဖြတ်ခဲ့ခြင်းသည်လည်း သူသည် လျင်မြန်စွာ စဥ့်စားဆုံးဖြတ်နိုင်စွမ်းရှိသူတစ်ဦးဟု ယူဆ၍ ရလေ၏။

လိုက်ဆန်ဒါသည် အာရန်တွင် အရည်အချင်းများများစွာပိုင်ဆိုင်ထားကြောင်း မြင်တွေ့နိုင်ခဲ့ပြီးဖြစ်ကာ ၎င်းက သူ့အား ပို၍ပင် စိတ်ဝင်စားစေခဲ့သည်။

ဤငရဲဘုံတွင် အာရန်အနေဖြင့် လူကောင်းတစ်ဦး ဟုတ်ခြင်း မဟုတ်ခြင်းအပါအဝင် အခြားအသေးအဖွဲကိစ္စရပ်များသည် သူ့ကဲ့သို့ ပထမမူလကြယ်တစ်ဦးအနေဖြင့်မူ အရေးမကြီးသော သာမန်ကိစ္စရပ်များသာဖြစ်လေသည်။

ယခု ထိုလူငယ်ကလည်း သူ၏ သမီးကို မြင်မြင်ချင်းပင် မေတ္တာမျှနေဟန် ရဲဝံ့စွာ အမူအရာများ ပြသထားခဲ့ပြီးဖြစ်ရာ ထိုအရာတစ်ခုတည်းကပင် သူ၏ ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာသွားစေခဲ့သည်။

“မင်း ငါ့ဆီကို ချဥ်းကပ်ဖို့ ကျိုးစားတာ ဘယ်လို အကူအညီမျိုး လိုချင်လို့ပဲဖြစ်ဖြစ် ဒါမှ မဟုတ်အခြား မင်းမှာ အခြားဘာရည်ရွယ်ချက်တွေရှိခဲ့လို့ပဲ ဖြစ်ဖြစ် ဒါတွေ ငါ ဂရုမစိုက်ဘူး။ မင်းသိထားရမှာ မင်းကို ငါ အခုပဲ ငါ့ရဲ့ သားမက်လောင်းအဖြစ် ယူဆထားလိုက်ပြီဆိုတာပဲ”

လိုက်ဆန်ဒါသည် သူ၏ လက်များကို အာရန်၏ ပခုံးပေါ်တွင် တင်ထားလိုက်ရာ သူ၏ အကြည့်များအရ သူသည် သူ၏ ဆုံးဖြတ်ချက်ကို သေသေခြာြခာ ချမှတ်လိုက်ပြီးဖြစ်ကြောင်း သေခြာနေခဲ့၏။

ထို့ကြောင့် လိုက်ဆန်ဒါရှေ့တွင် အာရန်သည် ခေါင်းညိတ်ပြရန်သာ တတ်နိုင်တော့သည်။

သူသည် ဤ ငါးမန်းပေါ်၌ စီးနင်းလိုက်ပါခဲ့ပြီးဖြစ်ပါက ကမ်းသို့ ရောက်သည်အထိ ထိုအရာကို မြဲမံစွာ ဆုပ်ကိုင်ထားရန်သာ တတ်နိုင်ပေတော့မည်။

“ကောင်းပြီ ညစာစားဖို့ အတူတူ သွားကြရအောင် မင်း ငါ့သမီးရှေ့မှာ ပိုပြီး လူလုံးပြလေလေ သူက မင်းနဲ့ ပိုပြီး ရင်းနှီးလာဖို့ အခွင့်အရေးများလာလေလေပဲ မဟုတ်ဘူးလား ဟား ဟား...”

လိုက်ဆန်ဒါသည် သူအစောပိုင်း ဖန်တီးထားသော သီးခြားနယ်မြေကို ဖယ်ရှားလိုက်ပြီး အာရန်အား ညစာစားရန်အတွက် သူနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။

အာရန်သည် တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လိုက်ဆန်ဒါသည် အမျိုးသမီးများ၏ ခံစားချက်ကို အဘယ်ကြောင့် ဤမျှ ဆိုးရွားစွာ နားလည်ထားရသနည်းဟု စိတ်တွင်း၌ ကြိတ်၍ မေးခွန်းထုတ်လိုက်မိ၏။

အာရန်သည် သူကိုယ်တိုင်သည်လည်း အမျိုးသမီးများ၏ တွေးခေါ်ပုံကို ထိုမျှအထိ မရင်းနှီးသော်လည်း အနည်းဆုံးတော့ လိုက်ဆန်ဒါ၏ စကားများသည် အယ်လီနာ ၏ ဆန္ဒနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေကြောင်းကိုမူ နားလည်နိုင်ဆဲပင်။

အယ်လီနာမှ သူ့အား အမှန်တကယ် မုန်းတီးသွားခဲ့ပြီဆိုပါက သူ့အနေနှင့် သူမရှေ့တွင် ပို၍ ပေါ်လာခြင်းဖြင့် သူမသည် သူ့အား နှစ်သက်လာလိမ့်မည်ဟု မဆိုလိုပေ။

ယင်းအစား သူမသည် သူ့ကို ပို၍ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသူဟု ထင်မြင်သွားနိုင်ပြီး ၎င်းက သူ့အား ပို၍ပင် မုန်းတီးလာကာ ပိုမိုလည်း ဝေးကွာသွားစေပေလိမ့်မည်။

လိုက်ဆန်ဒါသည် အာရန်အား ကြီးကျယ်ခမ်းနားသော ခန်းမကြီး တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်း ခန်းမကြီး ၏ အလယ်လောက်တွင် စားပွဲရှည်ကြီးတစ်ခုကို ပြင်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသည်။

စားဖိုမှူးများက ညစာစားသောက်ရန်အတွက် စနစ်ကျစွာ ပြင်ဆင်ထားခဲ့ခြင်းဖြစ်လေသည်။

ထိုနေရာရှိ ဟင်းလျာ သွင်ပြင်များကို မြင်တွေ့လိုက်ရသောအခါ အာရန်သည်ပင် အတော်လေး အံ့အားသင့်သွာခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူ၏ မိခင်ကမ္ဘာမြေပေါ်တွင် လူများစားသောက်လေ့ရှိသော ရိုးရှင်းသည့် ဟင်းလျာများပင် ဖြစ်နေသောကြောင့်ပင်တည်း။

ဤအချိန်တွင် အာရန်သည် သူ မြင်သမျှအရာများကို ဆက်လက်မေးခွန်းထုတ်နေခြင်းအား ရပ်တန့်လိုက်တော့သည်။

လိုက်ဆန်ဒါ၏ ကမ္ဘာမြေအပေါ် စွဲလမ်းမှုသည် သူ ထင်ထားသည်ထက် သေချာပေါက် ပိုမိုမြင့်မားနေဟန်ရလေသည်။

ထိုသူသည် ကမ္ဘာမြေမှ ဟင်းချက်နည်းများကိုပင် သူ၏ စားဖိုမှူးများအား စနစ်တကျ သင်ကြားပေးခဲ့ဟန်တူလေ၏။

“သူက ဒီမှာ ဘာလုပ်နေတာလဲ”

အယ်လီနာသည် အာရန်အား မြင်လိုက်သောအခါ ထိုသို့ပြောကာ မတ်တပ်ရပ်လိုက်သည်။

“သူက ဖေ့ဖေ့ရဲ့ ဧည့်သည် လို့ သမီးကို ဖေဖေ ပြောထားပြီးပြီလေ။ ဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံတာ ယဉ်ကျေးမှုတစ်ခုပဲ မဟုတ်ဘူးလား”

လိုက်ဆန်ဒါသည် သူ၏ သမီးကို စိတ်ပြေသွားစေရန် ကြိုးစားရင်း မေးလိုက်သည်။

“သမီးက ဖေဖေ့ ဧည့်သည်ရှေ့မှာ ဖေဖေ့ကို အရှက်ခွဲမလို့လား”

“သူ သမီးကို ဘာပြောခဲ့လဲဆိုတာ ဖေဖေ မကြားလိုက်ဘူးလား။ အဲဒီလိုလူကို ဖေဖေက ဧည့်သည်လို့ ဆက်ပြီး သတ်မှတ်ချင်နေသေးတာလား”

အယ်လီနာသည် ဒေါသတကြီး အော်ဟစ်ပြောလိုက်ရာ သူမ၏ မျက်နှာသည် နီရဲ သွားခဲ့သည်။

၎င်းသည် သူမ၏ ဒေါသကြောင့်လား သို့မဟုတ် ထိုစဥ်ကအဖြစ်အပျက်အား ပြန်လည်အမှတ်ရလိုက်၍လော မရှင်းလင်းပေ။

“သမီး နင်…”

လိုက်ဆန်ဒါသည် မျက်မှောင်ကြုတ်၍ ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။

သူ တစ်ခုခု ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် အာရန်က သူ့အား တားလိုက်သည်။

ထို့နောက် အာရန်သည် ရှေ့သို့ လျောက်လာခဲ့ကာ အယ်လီနာဆီသို့ ချဉ်းကပ်သွားလိုက်သည်။

အယ်လီနာသည် အာရန်အား အစောပိုင်းကကဲ့သို့ သူမအား ပြုမူလာပါက ချက်ချင်း ရိုက်နှက်ပစ်ရန်ပင် အသင့်ပြင်ဆင်ထားပြီးဖြစ်၏။

အာရန်သည် အယ်လီနာနှင့် မီတာအနည်းငယ် အကွာတွင် ရပ်လိုက်လေသည်။

ထို့နောက် အနည်းငယ်စိတ်မကောင်းဖြစ်နေဟန်ဖြင့် ....

“ကိုယ် မင်းကို အစောပိုင်းက ငြိုငြင်အောင် လုပ်မိသလိုဖြစ်သွားခဲ့ရင် တကယ်ပဲ တောင်းပန်ပါတယ်” ဟု စတင် ပြောလိုက်သည်။

ထို့နောက် သူ၏ သရုပ်ဆောင်မှုစကေးများကို စတင်၍ အပြည့်အဝ အသုံးချရန်ကျိုးစားလိုက်တော့၏။

“မင်း သိတဲ့အတိုင်း ကိုယ်က ဒီငရဲဘုံက မဟုတ်ပါဘူး။ ကိုယ်တို့ ကမ္ဘာမှာက အမျိုးသမီးတစ်ဦးနဲ့ ပထမဆုံး တွေ့ဆုံတဲ့အခါ ခုလို ချီးကျူးဂုဏ်ပြုစကား ပြောတာကို ယဉ်ကျေးတဲ့ အပြုအမူလို့ သတ်မှတ်ထားကြပါတယ်။ ကိုယ့် စကားတွေက ဘာလို့ မင်းကို စိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့လဲဆိုတာကို မသိပေမဲ့ ဒါက ဒီငရဲက လူတွေအတွက် ထူးဆန်းနေလို့ပဲဖြစ်မယ်လို့ ယူဆမိပါတယ်။”

“ကိုယ်မင်းကို ခုလိုစိတ်အနှောက်အယှက်ဖြစ်သွားအောင်လုပ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ဘူးဆိုတာကို ပြောပြချင်ပါတယ်။ မင်း ကိုယ့်ကို ဒီမှာ မမြင်ချင်တော့ဘူးဆိုရင် ကိုယ်ချက်ချင်း ဒီနေရာကနေ လှည့်ထွက်သွားပါ့မယ်။”

အာရန်သည် အထင်လွဲခံလိုက်ရခြင်းအတွက် အတော်‌လေး စိတ်မကောင်းဖြစ်သွားသည့်နှယ် သူ၏ မျက်နှာကို အောက်သို့ ငုံ့ထားလိုက်သည်။

ထို့နောက် သက်ပျင်းရှည်တစ်ချက်ကို ချလိုက်ပြီးနောက် နောက်ဘက်သို့ လှည့်ထွက်သွားခဲ့၏။

ထိုအမျိုးသမီးက သူ၏ မျက်နှာကို မမြင်နိုင်တော့သည့်အခါမှသာ သူသည် ခဏတာ ခေါင်းကို အနည်းငယ်မော့လိုက်ကာ လိုက်ဆန်ဒါအား မျက်စိမှိတ်ပြ လိုက်သည်။

သူ့အားလည်း အလိုက်အထိုက် သရုပ်ဆောင်ရန် အချက်ပြလိုက်ခြင်းပင် ဖြစ်၏။

ပုံမှန်အားဖြင့် ဤကဲ့သို့ အခြေအနေမျိုးတွင် မိန်းကလေးရှင်ဘက်က ဖခင်ဖြစ်သူအား ယခုကဲ့သို့ သူ၏သမီးအား လှည့်စားရန်အတွက် သူ့အား အကူအညီတောင်းရန် ကျိုးစားခြင်းသည် အာရန်အား ထသတ်လိုစိတ်ပင် ဖြစ်သွားစေလိမ့်မည်။

သို့သော် ထို လိုက်ဆန်ဒါသည် သူ့အား ကူညီပေးမည်ဟု ကတိပေးခဲ့ပြီးဖြစ်၏။

“မင်း…”

လိုက်ဆန်ဒါသည် အာရန်၏ အချက်ပြမှုကို ကောင်းစွာ နားလည်သွားပုံရသည်။

သူသည် ၎င်းအား အာရန်၏ ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးပမ်းမှုအဖြစ်သာ ယုံကြည်ထားပြီး အများကြီး မစဉ်းစားခဲ့ပေ။

“ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ ကလေးရယ် ငါ မင်းကိုရော မင်းတို့ကမ္ဘာရဲ့ ယဉ်ကျေးမှုတွေ အကြောင်းကိုကော င့ါသမီးကို ကောင်းကောင်း မိတ်မဆက်ပေးခဲ့မိတာ ငါ့ရဲ့ အမှားပါ။ အဲဒါကြောင့် ငါ့သမီးက မင်းကို အထင်လွဲ သွားခဲ့ရတာပဲ”

“ကတယ်ဆို ဒီနေရာမှာ ငါကသာ အပြစ်တင်ခံရသင့်တဲ့သူပါ။ မင်း မဟုတ်ပါဘူး။ ဒါကြောင့်ကျေးဇူးပြုပြီး ဒီကနေထွက်မသွားပါနဲ့…”

လိုက်ဆန်ဒါသည် အာရန်အား တားဆီးရန် ကြိုးစားလိုက်သည့်နှယ် အာရန်၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်သည်။

အာရန်သည် စိတ်တွင်း၌ ကြိတ်၍ နောင်တရမိလိုက်သည်။

အာရန်သည် လိုက်ဆန်ဒါမှ သူ၏ အကောင်းဆုံး သရုပ်ဆောင်မှုစကေးကို လုပ်ဖော်ရန် ကြိုးစားနေသည်ကို မြင်နိုင်ခဲ့သော်လည်း သူသည် ထိုကဲ့သို့သရုပ်ဆောင်မှုမျိုးတွင် သေချာပေါက် ကောင်းမွန်သော လူတစ်ဦးတော့ မဟုတ်သည်မှာ သေခြာသွားခဲ့သည်။

‘သူရဲ့ ဒီလို ဆိုးရွားတဲ့ သရုပ်ဆောင်မှုနဲ့ဆိုရင် သူ့သမီးက ငါတို့ကို သတိမထားမိရင်တောင် အံ့ဩစရာဖြစ်နေဦးမယ်။ ငါ သူ့ကို ပိုပြင် ဆင်ထားခိုင်းခဲ့ရမှာ…’

အာရန်သည် ထိုသို့ တွေးလိုက်မိသော်လည်း လိုက်ဆန်ဒါအား သရုပ်ဆောင်သင်ကြားပေးရန်မှာမူ ယခုသည် များစွာ နောက်ကျသွားခဲ့ပြီဖြစ်၏။

ထို့ကြောင့် အာရန်သည် လိုက်ဆန်ဒါ၏ လက်များကို ရိုရိုသေသေပင် ပထုတ်လိုက်ကာ သူ့အား နောက်ထပ် သရုပ်ဆောင်ရန် အခွင့်အရေးပင် မပေးတော့ဘဲ ထိုနေရာမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

အာရန်သည် နောက်သို့တစ်ချက်မှပင် လှည့်မကြည့်တော့ဘဲ ထွက်ခွာရန်ပြင်လိုက်သည်။

တစ်ဖန် ထိုမိန်းကလေးက သူ့အား တားဆီးပါစေဟု ကြိတ်၍ ဆုတောင်းနေမိခဲ့သည်။

သူမက သူ့အား မတားဆီးခဲ့လျှင်မူ သူ့အနေနှင့် သူမအား ထပ်မံဆုံတွေ့နိုင်ရန် အခြားနည်းလမ်းများကို ရှာဖွေရတော့မည်ဖြစ်လေသည်။

၎င်းသည် ကမ္ဘာအဆုံးသတ်တော့ မဟုတ်သေးပေ။

၎င်းသည် ဇာတ်လမ်းတစ်ခု အစပျိုးရုံသာ ရှိသေးသည် မဟုတ်ပါလား.....။

All Chapters