သူ့ကိုပါ ခေါ်သွားရမယ်
Vol. 41 Ch. 593
...
“ဒါ ထူးဆန်းတယ်။ ပုံမှန်ဆိုရင် ကျွန်မတို့ ဆီကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက တခြားကမ္ဘာတွေကို ကျပန်း ဆက်သွယ်ထားတဲ့ ဂိတ်တံခါးပေါက်တွေကနေပဲ။ ဂိတ်တံခါးပေါက် မရှိဘဲ ဒီကို ရောက်လာနိုင်တဲ့သူရှိဘူးတယ်လို့ ကျွန်မတော့ တစ်ခါမှ မကြားခဲ့ဖူးဘူး”
အယ်လီနာသည် အာရန်၏ အခြေအနေကြောင့် အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ယခင်က တစ်ခါမှ မဖြစ်ဖူးခဲ့သောအရာ ဖြစ်နေသောကြောင့်ပင်။
အာရန်သည် သူ၏ လိမ်ညာမှုကို အလွန်ယုတ္တိရှိအောင် ပြောဆိုခဲ့သဖြင့် သူမသည် ထိုအရာကို အလိမ်အညာတစ်ခု ဖြစ်နိုင်သည်ဟုပင် ထည့်မတွက်မိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ထိုအခြေအနေတစ်ခုလုံးနှင့်ပတ်သက်၍ ရှုပ်ထွေးနေပုံရသောကြောင့်ပင်တည်း။
အာရန်သည်လည်း ဤဖြစ်စဥ်အား ရှင်းပြသည့်အခါတွင် လွယ်ကူစွာ ဖြစ်ရပ်မှန်နှင့် အလိမ်အညာများကို ရောနှော၍ ပြောပြနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဂိတ်တံခါးပေါက် မရှိပါဘဲ ကမ္ဘာကူးပြောင်းရောက်ရှိလာခဲ့သော သူ၏ စစ်မှန်သောအတွေ့အကြုံများ အကြောင်းကို ရိုးရှင်းစွာ ရှင်းပြနိုင်ခဲ့သောကြောင့်ပင် ဖြစ်၏။
လိုက်ဆန်ဒါမှာမူ သူ၏ သမီးနှင့်မတူဘဲ မည်သည့်စကားမျှ ဝင်ရောက်မဆိုခဲ့ချေ။
သူသည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး မျက်မှောင်ကြုတ်ခြင်းကြောင့် သူ၏ နဖူးထက်တွင် အရေးအကြောင်းအနည်းငယ် ပေါ်နေခဲ့သည်။
ထို့ပြင် သူသည် တစ်စုံတစ်ရာကို လေးလေးနက်နက် စဉ်းစားနေသည့်နှယ်ပင်။
“ဖေဖေ ဒီအကြောင်းကို တစ်ခုခု သိထားတာရှိလား” အယ်လီနာသည် သူမ၏ ဖခင်အား မေးလိုက်သည်။
“သူ ဂိတ်တံခါးပေါက်က ဝင်လာခဲ့တာမဟုတ်ဘူးဆိုရင် ဒီကိစ္စမှာ အခြား ပြင်ပအင်အားစု တစ်ခုခုက ပါဝင်ပတ်သတ်ခဲ့တာလို့ ဆိုလိုတာပဲ။ ဒီလိုဖြစ်ရပ်မျိုးမှာ ဖေဖေ့အနေနဲ့ စဉ်းစားလို့ရတဲ့သူတွေက အနည်းငယ်ပဲ ရှိတယ်” ဟု လိုက်ဆန်ဒါက တစ်စုံတစ်ခုကို စဥ့်စားနေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ဖေဖေတောင် တတ်အပ်တော့ မပြောနိုင်ဘူး”
သူသည် ဤငရဲဘုံရှိ ခွန်အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသော်လည်း ထိုကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်ခြင်း မရှိပေ။
ထိုကဲ့သို့အရာမျိုးကို လုပ်ဆောင်နိုင်သူများမှာ အထက်လောကမှ ပုဂ္ဂိုလ်များသာ ရှိလေသည်။
အထက်လောက ပုဂ္ဂိုလ်များ ထဲတွင်ပင် အလွန်စွမ်းအားကြီးသော လူနည်းစုသည်သာ ဤကဲ့သို့ ကမ္ဘာ၏ နိယာမများကို စိတ်ကြိုက် ခြယ်လှယ်နိုင်မည် ဖြစ်ပေသည်။
သူတို့အနေဖြင့်ဆိုပါက အာရန်အား ဤနေရာသို့ စေလွှတ်ရသည့် အကြောင်းရင်းမှာ မည်သည့်အရာများ ဖြစ်နိုင်မည်နည်းဟု လိုက်ဆန်ဒါတစ်ယောက် တွေးမိလိုက်သည်။
ထိုလူငယ်သည် ထိုဖြစ်ရပ်၏ နောက်ကွယ်မှ အကြောင်းရင်းကို မသိထားသည်မှာ ရှင်းလင်းနေလေသည်။
သူသည် အဘယ့်ကြောင့် ရုတ်တရက် ဤနေရာသို့ရောက်ရှိလာကြောင်းပင် သိဟန်မရပေ။
“ဒါနဲ့ မင်းအစောပိုင်းက ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ”
လိုက်ဆန်ဒါသည် အာရန်အား စတင် တွေ့ရှိခဲ့စဉ်က သူ မြင်ခဲ့ရသော တိုက်ပွဲမြင်ကွင်းများကို ပြန်လည်အမှတ်ရမိရင်း အာရန်အား မေးလိုက်သည်။
“ကျုပ်လည်း မသိဘူး။ သူက ဘယ်ကနေမှန်းမသိ ရုတ်တရက်ပေါ်လာပြီး ကျုပ်ကိုစပြီး တိုက်ခိုက်တော့တာပဲ။ သူက ကျုပ်ကို သူ့ရဲ့ ရန်သူလို့ ထင်ခဲ့တာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေ့ါ”
အာရန်သည် သူဘာမှ မသိဟန်ဖြင့် ပြန်ဖြေလိုက်သည်။
ထိုမျှော်စင်သခင်သည် ဤငရဲဘုံမှ မဟုတ်ကြောင်း လူအတော်များများ သိထားပြီးဖြစ်သဖြင့် ထိုသူအား သူ့အနေနှင့် ကမ္ဘာကူးပြောင်းလာသည့် အခြားကမ္ဘာတစ်ခုမှာ ကတည်းက စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည် ဟူသော အချက်ကိုမူ ထုတ်မပြောခဲ့ချေ။
“ဒါဆိုရင်တော့ မင်း ကံက အတော်လေး ဆိုးခဲ့ပုံရတယ်”
လိုက်ဆန်ဒါသည် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို စဉ်းစားခြင်းအား ရပ်တန့်လိုက်သည်။
အကယ်၍ နတ်ဘုရားများသည်ပင် သူ၏ သားမက်အား ထပ်မံ၍ ပြသနာလာရှာမည်ဆိုပါက ဤငရဲ၌ဆိုလျှင် သူသည် အာရန်အား ကာကွယ်ပေးနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည့်ချက်ရှိနေခဲ့၏။
ယခုလောလောဆယ်အတွက်မူ သူ၏ အဓိက ဦးစားပေးမှာ သူ၏ သမီးကိုယ်တိုင်သာ ဖြစ်လေသည်။
ထို့နောက် သူသည် ငြိမ်ငြိမ်လေး ဆက်လက် စားသောက်နေရန်သာ ဆုံးဖြတ်ခဲ့ပြီး လူငယ်နှစ်ဦးအား အချင်းချင်း လွတ်လပ်စွာ စကားပြောဆိုနိုင်စေရန် အချိန်ပိုပေးလိုက်သည်။
သူတို့နှစ်ဦး စကားများ ပိုမိုပြောလာလေလေ သူ့အနေနှင့် ပို၍ ပျော်ရွှင်လာလေလေပင်။
“အယ်လီနာ ဒီတစ်ခေါက်နင်လိုက်ဦးမှာလား”
ရုတ်တရက် သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦး၏ အသံသည် အယ်လီနာ၏ ခါးတွင် ပတ်ထားသော ဆက်သွယ်ရေး သလင်းကျောက်မှ ထွက်ပေါ်လာခဲ့၏။
အယ်လီနာသည် ရုတ်တရက် ထရပ်လိုက်ရာ သူမ၏ မျက်လုံးများသည် အရောင်အဝါများ လင်းလက်လာခဲ့သည်။
“အာ သမီး သူငယ်ချင်း...သူ ရောက်နေပြီ။ သမီးတို့ လေလံပွဲကို သွားဖို့ စီစဉ်ထားကြတာ။ ဖေဖေ သမီးသွားတော့မယ်နော်”
သူမသည် သူမရှေ့ရှိ စားဖွယ်အချို့ကို အလျင်အမြန် လက်စသတ်ပြီး ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“သမီးက ဖေဖေတို့အတူစားနေတုံး တန်းလန်းကြီး ဒီတိုင်း ထွက်သွားတော့မလို့လား။” လိုက်ဆန်ဒါသည် သူ အမုန်းဆုံး အမျိုးသမီး၏ အသံကို ကြားလိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းများ တွန့်လိမ်သွားခဲ့သည်။
သူမ၏ အသံကို သူ ကြားတိုင်းတွင် အမြဲတမ်း စိတ်မသက်မသာ ဖြစ်ခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် သူ့ သမီး၏ နှလုံးသားအား ခိုးယူရန် ကြံစည်နေသူတစ်ဦးဟု သူ့အနေနှင့် ယူဆထားခဲ့သောကြောင့်ပင်။
“သမီးအစက သေခြာအချိန်ညှိထားတာ နောက်ကျသွားတာက အဖေကြောင့်လေ။ ဖေဖေသာ အချိန်မှီရောက်လာခဲ့ရင် ခုချိန်ဆို သားအဖတွေ ညစာ ကောင်းကောင်း စားပြီးသွားလောက်ပြီ။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခါမှလဲ လုပ်လို့ရတာပဲလေ။ ညစာစားပွဲက အဲ့လောက်မှအရေးမကြီးတာ။ လေလံပွဲကတော့ သမီးကို စောင့်နေမှာ မဟုတ်ဘူး”
ထိုသို့ပြောပြီးသည်နှင့် အယ်လီနာသည် ဤနေရာမှ လျှင်မြန်စွာ ထွက်ခွာရန် ပြင်လိုက်သည်။
အာရန်သည် သူမ ထွက်ခွာသွားသည်ကို အနည်းငယ်မျှပင် စိတ်ထဲ မထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် နောက်ဆုံး၌ ငြိမ်းချမ်းသော အခိုက်အတန့်အချို့ကို ရရှိနိုင်တော့မည်ဖြစ်သည် မဟုတ်ပါလား....။
သို့သော် လိုက်ဆန်ဒါသည် ၎င်းကို လက်ခံပုံမရပေ။
“ခဏနေဦး အာရန်က ဒီမြို့ကို တစ်ခါမှ မရောက်ဘူးတဲ့ ဧည့်သည်သူစိမ်း တစ်ယောက်ပါ။ သမီးတို့နဲ့အတူ သူ့ကိုပါ ခေါ်သွားပါလား။ သူ့အတွက်လည်း အတွေ့အကြုံ သစ်အချို့ရတာပေ့ါ”
လိုက်ဆန်ဒါသည် အာရန်အား ကောင်းမွန်စွာ စားသောက်ရန်ပင် အချိန်မပေးတော့ဘဲ သူ၏ စွမ်းရည်များကို အသုံးပြု၍ အယ်လီနာနောက်သို့ အတင်းအကျပ် လိုက်ပါသွားစေတော့၏။
“ဒါပေမဲ့ ဖေဖေသူက…”
အယ်လီနာသည် ၎င်းကို ဆန့်ကျင်၍ တစ်ခုခု ပြောရန် ကြိုးစားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အာရန်သည် ဤနေရာတွင် သူမအတွက် တတိယလူတစ်ဦးကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။
သူမသည် အာရန်အား မမုန်းတီးတော့သော်လည်း သူသည် သူမ သူငယ်ချင်းအတွက် သူစိမ်းယောင်္ကျားတစ်ဦး ဖြစ်နေဆဲပင်။
ထို့အပြင် သူသည် ပြင်ပကမ္ဘာမှလာသော လူစိမ်းတစ်ဦး ဖြစ်လေသည်။
သူမအနေဖြင့် သူ့အား ပုံမှန်အတိုင်း ဆက်ဆံခဲ့လျှင်ပင် အခြားသူများမှာ ထိုအတိုင်း လုံးဝ ပြုမူမည်မဟုတ်ပေ။
“သမီးအနေနဲ့ သူ့ကို ခေါ်သွားလို့ရသလို မခေါ်သွားလို့လဲရတယ်။ ဒါပေမဲ့ သူမပါရင်တော့ သမီးလဲ ဘယ်မှ သွားခွင့်ရမှာမဟုတ်ဘူး။ ဒါက ဖေဖေ့ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ပဲ” လိုက်ဆန်ဒါသည်လည်း လုံးဝ အလျော့ပေးတော့မည် မဟုတ်သည့်ပုံစံဖြင့် ရာဇသံပေးလိုက်သည်။
ထို့အပြင် သူသည် အလွန်အကျွံ တောင်းဆိုခြင်းမျိုးမဟုတ်သောကြောင့် အယ်လီနာအနေနှင့်လည်း များစွာအထွန့်တက်၍ မရတော့ပေ။
“ကောင်းပါပြီ ဖေဖေ”
သူမသည် အာရန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ထိုနေရာမှ စတင်ထွက်ခွာရန်ပြင်ဆင်လိုက်သည်။
အာရန်သည် ဒီအဖေနှင့် ဒီသမီး နှစ်ဦးစလုံးသည် သူ၏လက်အား ထိုသို့ ရုတ်တရက် ဆောင့်ဆွဲရခြင်းအား အဘယ်ကြောင့် ဤမျှ စွဲလမ်းနေကြသနည်းဟု တွေးမိလိုက်သည်။
ထို့နောက်တွင်မူ သူသည် ဤနေရာမှ ထွက်ခွာကာ ငရဲဘုံ၏ အဓိကမြို့တော်အား ပထမဆုံးအကြိမ်အဖြစ် လှည့်ပတ် ကြည့်ရှုရန် အခွင့်အရေးတစ်ခုရတော့မည် ဖြစ်သဖြင့် မကျေမနပ်တော့ ဖြစ်မနေခဲ့ပေ။
အာရန်သည် အစောပိုင်း အယ်လီနာတို့ပြောဆိုနေသည့် လေလံပွဲဆိုသည့်နေရာတွင် သူ့အတွက် အသုံးဝင်သော အရာတစ်ခုခုများ ရှိနေနိုင်မလားဟု တွေးမိလိုက်သော အခါတွင်မူ အတော်လေး တက်တက်ကြွကြွပြန်ဖြစ်လာခဲ့သည်။
သူသည် ထိုပစ္စည်း ကို လေလံဆွဲ၍ မရနိုင်လျှင်ပင် မူလကြယ်တစ်ပါးမှ တိုက်ရိုက် ဝယ်ယူခြင်းမျိုး မဟုတ်သရွေ့ သူ့အနေနှင့် ခိုးယူရန် အခွင့်အရေး ရှိနေဆဲပင်။
နောက်ဆုံးတော့ မည်သူကမှ အားနည်းသော ကျေးကျွန်ပမာ သတ်မှတ်ထားသည့် အပြင်လူတစ်ဦးအား သံသယဝင်ကြလိမ့်မည် မဟုတ်ပေ။
အယ်လီနာသည် အာရန်အား သူမအဖေ ပထမမူလကြယ်၏ အိမ်တော် အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကာ ဤအိမ်တော်၏ စစ်မှန်သော ခမ်းနားမှုများကို သိရှိစေခဲ့သည်။
၎င်းသည် ပထမ မူလကြယ်၏ အလွန်တရာ ကြီးကျယ်ခန်းနားသော အိမ်တော်ရာတစ်ခု ဖြစ်ပြီး ၎င်းတွင် ပစ်ချက်ဟူ၍ အနည်းငယ်မျှပင် ရှိမနေခဲ့ပေ။
အာရန်သည် အိမ်တော်အတွင်းရှိ အဓိကခန်းမနှင့် ထမင်းစားခန်းတွင်သာ ရောက်ဖူးထားခဲ့ခြင်းကြောင့် ထိုမျှကြီးကျယ်ခန်းနားခြင်းအား ယခုမှသာ မြင်တွေ့လိုက်ရခြင်းဖြစ်ပေသည်။
...
“ဒီ အပြင်လူက နင့်ရဲ့ ကျွန်အသစ်လား။ ဒါနဲ့ နင်က ကျွန်တစ်ယောက်ရဲ့ လက်ကို ဘာလို့ ကိုင်ထားရတာလဲ”
အာရန်သည် ပထမမူလကြယ်၏ အိမ်တော်အပေါ်၌ အာရုံပျံ့လွင့်နေစဉ် အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
သူသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ လိုက်ဆန်ဒါကိုယ်တိုင်ပင် စိုးရိမ်နေခဲ့သော အမျိုးသမီးအား နှာဖူးတွေ့ဒူးတွေ့ မြင်တွေ့လိုက်ရတော့သည်။
အာရန်သည် သူမကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါမှသာ ပထမ မူလကြယ်ပင် သူ၏ သမီးဖြစ်သူနှင့်ပတ်သက်၍ ထိုအမျိုးသမီးအား အဘယ်ကြောင့် ဤမျှ စိုးရိမ်နေခဲ့ရသည်ကို နောက်ဆုံးတွင် နားလည်နိုင်ခဲ့သည်။
ထိုအမျိုးသမီးသည် လွန်စွာညှို့ငင်နိုင်လွန်းရကာ သူမ၏ အလှသည် ဆွဲဆောင်မှုပြင်းထန်လွန်သော မြေခွေးမတစ်ဦးနှင့် အမှန်တကယ်ပင် တူညီလွန်းနေခဲ့၏။
ထို့ပြင် သူမသည် သူမ၏ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို မီးမောင်းထိုးပြနိုင်အောင် တင်းကျပ်လွန်းသော ဝတ်စုံမျိုးကို ရွေးချယ်ဝတ်ဆင်ထားပြီး အထူးသဖြင့် တစ်ဝက်နီးပါးမျှ လျှစ်ဟထားသော သူမ၏ ကြီးမားသော ရင်သားများပင် ဖြစ်လေ၏။
ထိုအမျိုးသမီးသည် အာရန်မှ သူမအား စူးစိုက်၍ အကဲခပ်နေသည်ကို မြင်လိုက်ရသောအခါ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ကာ မနှစ်မျို့သော ခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။
“ကျွန်တစ်ယောက်ကများ ငါ့ကို ဒီလို အကြည့်မျိုးနဲ့ ကြည့်ရဲတယ်ပေ့ါ”
သူမသည် အာရန်အား ထိုကိစ္စအတွက် ပါးရိုက်၍ အပြစ်ပေးရန် သူမ၏ လက်ကို ရွယ်လိုက်လေသည်။
အာရန်သည်လည်း အမျိုးသမီးတစ်ဦးက သူ့အား ပါးရိုက်သည်ကို သည်အတိုင်း ငြိမ်ခံနေမည့်လူစားမျိုးတော့ ဟုတ်မနေခဲ့ပေ။
သူသည် ဤနေရာတွင် အပြင်လူ လူစိမ်းတစ်ဦးသာ ဖြစ်နေခဲ့သော်လည်း ဤအတွက်ကြောင့်နှင့်တော့ သူမအား သူ့ကို စော်ကားခွင့် မပေးနိုင်ပေ။
ထို့နောက် အာရန်သည် လျှင်မြန်စွာပင် သူမ၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်ထားလိုက်လေသည်။