← Chapters

ငါ ပြောခဲ့တာက

Vol. 41 Ch. 599

ငါ ပြောခဲ့တာက

Vol. 41 Ch. 599

…

အာရန်တစ်ယောက် ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့မိသော အမျိုးသမီးသည် ဤ လေလံရုံ၌ ရောက်ရှိနေခဲ့လေပြီ။

သူမကို ရယူရန်ပစ်မှတ်ထားခဲ့သော ပုဂ္ဂိုလ်သည်လည်း ဤနေရာတွင် ‌ရောက်ရှိနေလေသည်။

ထို့ပြင် သူအစိုးရိမ်ဆုံးဖြစ်သည့် ဒုတိယ မူလကြယ်၏ ညီမသည်လည်း ဤနေရာတွင် ထပ်မံ၍ ရောက်ရှိနေသေး၏။

အကယ်၍ သူမသည်သာ အကြည့်ဖြင့်လူသတ်နိုင်မည်ဆိုပါက အာရန်သည် ယခုအချိန်တွင် အကြိမ်တစ်ထောင်မက သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။

သူမသည် သူနှင့်ပတ်သတ်သည့်အကြောင်းများအား သူမအစ်ကိုထံမှ ပြန်လည် ကြားခဲ့ပြီးဖြစ်မည်ဟု အာရန်တစ်ယောက် သေချာနေခဲ့သည်။

အာရန်သည် သူမအား ငရဲခွေးမြို့၌ အရှုပ်ထုတ်တစ်ခု ပေးထားမိခဲ့သည့်အပြင် ယခုအခါ ပထမ မူလကြယ်နှင့်ပါ ထပ်မံ၍ ပူးပေါင်းလိုက်သေး၏။

သူမသည် ပထမ မူလကြယ်အား တိုက်ခိုက်နိုင်ရန်အတွက် သူ့အား အလိုရှိနေခဲ့ခြင်းသာ မဟုတ်ပါလား...။

သို့သော် အာရန်သည် သူမ အစ်ကိုအား ကူညီပေးရမည့် ၎င်းတို့၏ရန်သူနှင့်ပင် ရင်းနှီးသွားခဲ့မိလေသည်။

"ညတောင်ပံ မျိုးနွယ်ရဲ့ မင်းသမီးလေးပါလား" အာရန်သည် ပြုံး၍နှုတ်ဆက်လိုက်ပြီးနောက် အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေဟန်ဖြင့် ဆက်လက်၍ ဟန်ဆောင်နေလိုက်သည်။

အာရန်သည် သူမအား ဒုတိယ မူလကြယ်၏ ညီမနှင့်အတူ ထားခဲ့မိခြင်းအတွက် အနည်းငယ်မျှ နောင်တရသည့် အရိပ်အယောင်ပင် မပြခဲ့ချေ။

ထိုအခြေအနေတွင် သူမအတွက် အလုံခြုံဆုံးနေရာမှာ ထိုမိန်းကလေး၏ အနားမှာပင်ဖြစ်သည် မဟုတ်ပါလား...။

သူသာ သူမအား ဆက်လက်၍ ခေါ်ဆောင်သွားခဲ့ပါက သူမသည် အပြင်လူ လူစိမ်းတစ်ဦးနှင့် ပူးပေါင်းနေသူ ဖြစ်သွားပေလိမ့်မည်။

သို့သော် သူမအား နဂါးမိန်းကလေးနှင့်အတူ ထားခဲ့သောအခါတွင်မူ သူမသည် အပြင်လူ လူစိမ်းတစ်ဦးက ပြန်ပေးဆွဲပြီးနောက် အသုံးမဝင်တော့၍ ချန်ထားခဲ့သော အမျိုးသမီးတစ်ဦး အဖြစ်ပြောင်းလဲသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူမသည် ထိုအရာကို ပို၍နှစ်သက်ခဲ့လိမ့်မည်ဟု အာရန်တစ်ယောက် ယုံကြည်နေဆဲပင်။

ယခုတွင် သူသာ ပါးစပ်ပိတ်နေပါက သူမသည် သစ္စာဖောက်အဖြစ် သမုတ်ခံရမည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။

အာရန်သည် ဤငရဲဘုံ၌ အပြင်လူ လူစိမ်းတစ်ဦး ဖြစ်သော်လည်း ယဲ့ဗ်နီအတွက်မူ အာရန်၏ လက်ထဲတွင် သူမ၏ အားနည်းချက်တစ်ခု ရှိနေသည်ဟု ခံစားနေရဆဲပင်။

သူသာ သူမအနေဖြင့် သူ့အား ကူညီခဲ့သူတစ်ဦးဟု အခြားသူများအား လိုက်လံပြောပြခဲ့ပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို သူမ စိတ်ကူးကြည့်နိုင်လေသည်။

"ဒီအပြင်လူက ဒီလူတွေနဲ့ ပတ်သက်မှု ရှိထားပုံရတယ်။ သူက ဒုတိယ မူလကြယ် စေလွှတ်လိုက်တဲ့ သူလျှိုတစ်ဦး မဟုတ်ဘူးဆိုတာ နင်သေချာရဲ့လား" ဂျီနီယာသည် အယ်လီနာ၏ နားရွက်နား ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ဒုတိယ မူလကြယ်ရဲ့ ရည်မှန်းချက်ကို ငါတို့ အားလုံး သိထားကြတာပဲမဟုတ်လား"

"နင် ဘာတွေပြောနေတာလဲ။ ငါ့အဖေက အဲဒီလို လွယ်လွယ်နဲ့ အလှည့်စားခံမယ့် လူမျိုးမဟုတ်ဘူး" ဟု အယ်လီနာသည် ဂျီနီယာ၏စကားအား ယုံကြည်ရန် ခက်ခဲနေဟန်ဖြင့် ပြန်ပြောလိုက်သည်။

သူမ၏ ဖခင်သည် တစ်ခါတစ်ရံ ကလေးအနည်းငယ် ဆန်တတ်သော်လည်း ပုံမှန်တွင်မူ အလွန် လိမ္မာပါးနပ်သူတစ်ဦး ဖြစ်လေ၏။

သူသည် ဤမျှ လွယ်ကူစွာ လှည့်ဖြားခံရမည့်သူမျိုး မဟုတ်ပေ။

အကယ်၍ အာရန်သည်သာ ဒုတိယ မူလကြယ်မှ စေလွှတ်လိုက်သော သူလျှိုတစ်ဦး ဖြစ်နေပါက သူမ၏ ဖခင်သည် ကြိမ်းသေ သတိထားမိခဲ့ပေလိမ့်မည်။

"အဲ့လိုမှ မဟုတ်ရင်တော့..."

သူမသည် ရုတ်တရက် မျက်မှောင်ကြုတ်မိလိုက်ကာ သူမ၏ ဖခင်သည် သူ၏ ကမ္ဘာမှ ရောက်လာသူတစ်ဦးကို မြင်လိုက်ရသဖြင့် စိတ်ခံစားချက်များ လွတ်ထွက်သွားကာ သတိလက်လွတ်ဖြစ်သွားနိုင်သည့် အခြေအနေကိုလည်း စဉ်းစားလိုက်မိသည်။

သူမအနေဖြင့် ထိုအရာကို မယုံကြည်ချင်သော်ငြားလည်း အာရန်ကို သံသယဖြင့် စတင် ရှုမြင်လာမိခဲ့သည်။

အာရန်အား သူလျှို ဟုတ် မဟုတ် အကဲဖြတ်နိုင်ရန် သူ့အား သေသေချာချာ စောင့်ကြည့်နေရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ဂျီနီယာမှာမူ သူမအနေဖြင့် အယ်လီနာအား အာရန်ကို သစ္စာဖောက်အဖြစ် စတင် သံသယဝင်လာစေရန် မျိုးစေ့တစ်ခု ချလိုက်နိုင်ပြီမှန်း သဘောပေါက်လိုက်သည်။

သို့သော် သူမ၏ လုပ်ရပ်သည် အာရန်မှ သစ္စာဖောက်တစ်ယောက် ဟုတ်မဟုတ် စောင့်ကြည့်ရန်အတွက် အယ်လီနာအား အာရန်နှင့်အတူ ပိုမို၍ နီးကပ်သွားစေရန် နားချလိုက်မိသည့် အဖြစ်ကိုမူ မရိပ်မိခဲ့သေးပေ။

အာရန်သည် သူ့ရှေ့မှ အမျိုးသမီးနှစ်ဦးကြောင့် အာရုံစားနေခဲ့ပြီး အယ်လီနာမှ သူ့အား ပို၍ အာရုံစိုက်လာခဲ့ပြီဆိုသည့် အဖြစ်ကိုမူ မသိနိုင်ခဲ့ပေ။

အစပိုင်းတွင် သူမသည် လေလံပွဲ ပြီးသွားပြီးနောက်ပိုင်းတွင် အာရန်ထံမှ ခပ်ခွာခွာ နေတော့မည်ဟု ဆုံးဖြတ်ထားခဲ့မိသော်လည်း ယခုတွင် သူမ၏ အစီအစဉ်များ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

သူတို့ စံအိမ်သို့ ပြန်ရောက်သည့်တိုင် သူမသည် အာရန်အား အနီးကပ်ထပ်မံ၍ စောင့်ကြည့်ချင်နေသေးသည်။

သူမသည် သူ့အား သံသယဖြင့် ကြည့်ရှုနေခြင်း ဖြစ်လင့်ကစား အာရန်မှလည်း ၎င်းကို သတိထားမိလိမ့််မည် မဟုတ်ပေ။

"ရှင် ကျွန်မအစ်ကိုကို ဘာတွေသွားပြောခဲ့တာလဲ"

ဒုတိယ မူလကြယ်၏ ညီမက အာရန်အား မေးလိုက်လေသည်။

သူမသည် အာရန်အား တွေ့စကတည်းကပင် သွားရောက် ထုရိုက်ချင်နေမိခဲ့သည်။

ကံမကောင်းစွာဖြင့် သူမသည် ထိုသို့ မပြုလုပ်နိုင်ခဲ့ချေ။

ယခုတွင် အာရန်သည် ပထမ မူလကြယ်၏ ဧည့်သည်တစ်ဦး ဖြစ်နေပြီဖြစ်ကာ အယ်လီနာမှာလည်း သူ့နှင့်အတူ ဤနေရာတွင် ရှိနေလေသည်။

သူမအနေဖြင့် အာရန်အား တိုက်ခိုက်ချင်သည် ဆိုဦးတော့ အနည်းဆုံး ပေါ်‌ပေါ်တင်တင်တော့ ဤနေရာတွင် ပြုလုပ်၍ ရနိုင်မည်မဟုတ်တော့ပေ။

အာရန်သည် နဂါးမင်းသမီးလေးနားသို့ အနည်းငယ် တိုးကပ်သွားလိုက်သည်။

ထို့နောက် သူသည် သူမ၏ မျက်လုံးများကို စူးစိုက် ကြည့်လိုက်ပြီးနောက် မေးခွန်းတစ်ခုမေးသည်။

"မင်းအစ်ကိုက မင်းကို မပြောပြဘူးလား"

"သူ ကျွန်မကို ဘာမှ မပြောပြဘူး။ ဒါပေမဲ့ သူ တကယ် ဒေါသထွက်နေခဲ့တာတော့ သေခြာတယ်။ သူ ရှင်နဲ့ တွေ့ပြီးနောက်ပိုင်း စကားအချို့ ပြောခဲ့တယ်ဆိုတာပဲ ကျွန်မသိထားတယ်။ ကျွန်မကို ပြောပြစမ်းပါဦး ရှင် သူ့ကို ဘာတွေ ပြောခဲ့တာလဲ" နဂါးမင်းသမီးသည် သူမသိချင်နေသော မေးခွန်းတစ်ခုကို အာရန်အား ထပ်မံ၍ မေးလိုက်သည်။

သူမသည် သူမ၏ အစ်ကိုအား ဤမျှ ဒေါသထွက်နေသည်ကို သူမဘဝတွင် တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးပေ။

သူသည် သူမအတွက်နှင့် ငရဲခွေးတစ်မြို့လုံးကို ဖျက်ဆီးမိခဲ့စဉ်ကပင် ဤမျှအထိ ဒေါသထွက်ခြင်း မရှိခဲ့ပေ။

သို့သော် အာရန်နှင့် တွေ့ဆုံပြီးနောက် ပြန်ရောက်လာသောအခါတွင်မူ သူသည် ပြင်းထန်စွာဒေါသပေါက်ကွဲပစ်ခဲ့လေသည်။

အာရန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် ရယ်ချင်သွားခဲ့သည်။

ဒုတိယ မူလကြယ်သည် အရွယ်လွန်နေသော ဖွတ်ကြီးတစ်ကောင်ဟု သူ့အား အခေါ်ခံရခြင်းအား အမှန်တကယ်ပင် ထိုမျှအထိ ဒေါသထွက်သွားခဲ့သည်တဲ့လား...။

အာရန်အနေဖြင့် ထိုဒုတိယမူလကြယ်အား ထိုမျှလောက်အထိ စော်ကားလိုခဲ့ခြင်း အမှန်တကယ် မရှိခဲ့ပေ။

သို့သော် ထိုစဥ်က စနစ်၏ တောင်းဆိုချက်ကြောင့် သူ့သည်လည်း မတတ်နိုင်ခဲ့ချေ။

ဒုတိယ မူလကြယ်အနေဖြင့် သာမန် အပြင်လူ လူစိမ်းတစ်ဦးက သူ့အား ဤသို့ စော်ကားခဲ့ပြီးနောက်တွင်ပင် အသက်ရှင်လွတ်မြောက်သွားခဲ့သည်ကို သူ၏ ညီမအား မပြောပြခဲ့ခြင်းသည် အဓိပ္ပာယ်တော့ ရှိပေသည်။

အာရန်သည် ထိုမိန်းကလေးအား အမှန်တရားကို ပြောပြနိုင်သော်လည်း ထိုသို့ မပြောပြချင်တော့ပေ။

ယင်းအစား သူမအား အနည်းငယ် ပိုမို၍ လှည့်စားလိုစိတ်ပင် ဖြစ်လာခဲ့မိသည်။

သူမသည် သူ့အား ဒုက္ခပေးရန် ကြိုးစားခဲ့ပြီး သူမကို အကူအညီတောင်းခံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့သည်အထိ လုပ်ဆောင်ခဲ့သည့်အချက်အား အာရန်အနေနှင့် ယခုအချိန်ထိ မမေ့နိုင်သေးပေ။

"ရှင် ဘာလဲ"

နဂါးမင်းသမီးသည် အာရန်တစ်ယောက် သူမအနားသို့ ပိုမို၍ နီးကပ်လာနေသည်ကို မြင်လိုက်ရသောကြောင့် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

သူမသည် အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိသော်လည်း အာရန်မှ ခွင့်မပြုခဲ့ချေ။

အာရန်သည် သူမ၏ ဦးခေါင်းအား ထိမ်းထားလိုက်ပြီး နောက်သို့ ဆုတ်ခြင်းမှ တားဆီးထားလိုက်သည်။

ထို့နောက် သူ၏ နှုတ်ခမ်းကို သူမ၏ နားရွက်နားသို့ ကပ်လိုက်ပြီး စကားလုံးအချို့ တိုးတိုးလေး ပြောလိုက်သည်။

"ငါက မင်းအစ်ကိုဆီမှာ မင်းကို လက်ထပ်ဖို့ ခွင့်တောင်းခဲ့မိတယ်"

အာရန်သည် ထိုစကားကိုပြောပြီးသည်နှင့် သူမကို လွှတ်ပေးလိုက်ပြီး နောက်သို့ ခုန်ဆုတ်လိုက်၏။

သူမအား သူ့ကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုပင် ထပ်မံ၍ မပေးခဲ့ချေ။

သူသည် ပြင်ဆင်ထားခြင်း မရှိခဲ့၍ အယ်လီနာ၏ တိုက်ခိုက်ခြင်းကို တစ်ကြိမ် ခံခဲ့ရဘူးပြီဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ မည်သူ့ကိုမျှ ထိုအခွင့်အရေးမျိုး ထပ်မံပေးတော့မည် မဟုတ်ပေ။

သို့သော်လည်း အာရန်တစ်ယောက် အံ့အားသင့်သွားရသည်မှာ နဂါးမင်းသမီးသည် သူ့အား တိုက်ခိုက်လိုပုံ မပေါ်ခဲ့ခြင်းပင်။

ယင်းအစား သူမ၏ မျက်နှာသည် နီရဲနေခဲ့ပြီး ပြောစရာ စကားလုံးများပင် ဆုံးရှုံးသွားသည့်ပုံ ပေါ်နေခဲ့သည်။

၎င်းသည် ဒေါသကြောင့်လား သို့မဟုတ် ရှက်ရွံ့မှုကြောင့်လား ဆိုသည်ကိုပင် မရှင်းလင်းပေ။

ဤလူငယ်သည် သူမ၏ အစ်ကိုထံ၌ သူမအား လက်ထပ်ယူဖို့ အမှန်တကယ်ပင် တောင်းဆိုဝံ့ခဲ့သည်တဲ့လား...။

ထို့ကြောင့် သူမ အိမ်ပြန်ရောက်သောအခါ သူမ၏ အစ်ကိုသည် ဤမျှလောက်ထိ ဒေါသထွက်သွားခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။

သူမသည် အာရန်အား စကားအချို့ပြန်ပြောရန် သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများကို ဖွင့်လိုက်မိသော်လည်း နောက်ဆုံးတွင် မည်သည့် စကားလုံးမျှ ထွက်မလာခဲ့ပေ။

ယင်းနောက် သူမသည် ယဲ့ဗ်နီ၏ လက်မောင်းကို ဆွဲကိုင်လိုက်ကာ သူမအတွက် သတ်မှတ်ပေးထားသော သီးသန့်အခန်းဆီသို့သာ ထွက်ခွာသွားတော့သည်။

အာရန်သည် ထိုမိန်းကလေး ထွက်ခွာသွားသည်ကို ငေးကြည့်နေပြီး သူမ၏ ထူးဆန်းသော တုံ့ပြန်မှုအား လက်ခံရန် ခက်ခဲနေဆဲပင်။

ထိုမိန်းကလေး၏ ဦးခေါင်းထဲတွင် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သနည်း....။

All Chapters