← Chapters

အတူလာကြခြင်း

Vol. 17 Ch. 241

အတူလာကြခြင်း

Vol. 17 Ch. 241

တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ၏ လက်ရှိအခြေအနေအရ ပြိုင်ကွင်းတစ်ခုလုံးကို ယီယွင်နှင့် ချူရှောင်းရန်တို့ကသာ သိမ်းပိုက်ထားပုံရလေသည်။ အခြားသူများက ဒုတိယနေရာ၌သာ ရှိကြလေ၏။

လူအများသည် အခြားသောတိုက်ပွဲများကိုကြည့်ရင်း တွေးမိကြသည်မှာ " မင်းတို့ရဲ့တိုက်ပွဲကို အမြန်အဆုံးသတ်လိုက်တော့။ ယီယွင်နဲ့ ချူရှောင်းရန်ကို စင်ပေါ်တင်ပေးလိုက်တော့ " ဟူ၍ ဖြစ်လေ၏။

စင်မြင့်ပေါ်သို့ တက်နေကြသည့် တပ်သားသစ်များက တပ်သားသစ်များထဲတွင် အတော်ဆုံးများ ဖြစ်လေ၏။ အားလုံးက ရွှေထီးဆောင်းကာ ကြီးပြင်းလာခဲ့ကြရသော်လည်း ယခုအခါတွင်မူ စင်မြင့်ပေါ်တွင် ဇာတ်ပို့များသာ ဖြစ်နေရလေ၏။ ယင်းအဖြစ်ကြောင့် သူတို့ စိတ်ပျက်နေကြရသည့်တိုင်အောင် ယီယွင်နှင့် ချူရှောင်းရန်တို့က သူတို့နှင့် မတူညီသောအဆင့်တွင် ရှိနေသည်ကို ဝန်ခံမိလေသည်။

ဒိုင်သည် ယီယွင်နှင့် ချူရှောင်းရန်တို့၏ တိုက်ပွဲကို ထိုနေ့၏အဆုံးတွင် တမင်အချိန်ရွေ့ထားခဲ့လေ၏။ ယင်းသည် ယီယွင်နှင့် ချူရှောင်းရန်တို့ အမြင့်ဆုံးအခြေအနေတွင် ရှိနေစေရန် သေချာအောင်လုပ်ဆောင်ပေးခြင်း ဖြစ်လေ၏။ သို့မှသာ သူတို့၏တိုက်ပွဲက အမြင့်ဆုံးရသကို ပေးနိုင်ပေလိမ့်မည်။

တဖြည်းဖြည်းချင်း နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာလေ၏။ လူအားလုံးက တိုက်ပွဲကြီးတစ်ခု စတင်လာမည်ကို စောင့်နေလေ၏။ တပ်သားသစ်အားလုံး၏ တိုက်ပွဲများ ပြီးဆုံးသွားပြီဖြစ်ပြီး သူတို့က ယီယွင်နှင့် ချူရှောင်းရန်တို့ စင်ပေါ်သို့တက်လာမည်ကို စောင့်နေကြလေသည်။

ရုတ်ခြည်းမှာပင် ပြိုင်ကွင်းဝင်ပေါက်မှ လူအုပ်ထဲတွင် ဆူညံဆူညံ ဖြစ်သွားကြလေ၏။ အနက်ဝတ်လူတစ်စုက ရုတ်တရက်ပင် စတင်ကာ လူစုခွဲကြလေ၏။ လူစုခွဲခံရသော လူများ၏ မျက်နှာများထက်တွင် စိတ်ရှုပ်ထွေးဟန်များ ဖြစ်နေကြသည်။

လူအများ လှမ်းကြည့်လိုက်ကြရာ ဝင်ပေါက်တွင် အနက်ရောင်ဝတ်ရုံနှင့် လူတစ်စုကို တွေ့လိုက်ရသည်။ အနက်ရောင်ဝတ်ရုံနှင့် လူစု၏အလယ်တွင် အဖိုးအိုနှစ်ဦး အေးအေးလူလူ လျှောက်လာနေကြလေ၏။

သူတို့က...။

လူတိုင်း တုန်လှုပ်သွားကြ၏။ အထူးသဖြင့် တပ်သားသစ်များ ဖြစ်လေသည်။ သူတို့က အဖိုးအိုနှစ်ဦးကို မမြင်ဖူးကြလေသောကြောင့် မည်သူများဖြစ်ကြောင်း မသိကြပေ။

သို့သော် တပ်သားသစ်များက အနက်ရောင်ဝတ်ရုံနှင့် လူများကိုမူ အကြမ်းဖျင်း သိကြသည်။ တိုင်အာနတ်ပြည်ထောင်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ကြသူများက ဥပဒေထိန်းများ ဖြစ်ကြလေ၏။

ဥပဒေထိန်းတွေအများကြီး ဘာလာလုပ်ကြတာလဲ။

နှစ်ကြီးသမား ကျင့်ကြံသူများကမူ တစ်ခဏမျှ ငိုင်နေပြီးနောက် အဖိုးအိုနှစ်ဦးကို မှတ်မိသွားကြလေ၏။

" အကြီးအကဲကျန်းကဲ့ ...အကြီးအကဲခန်းယန်... သူတို့က ပြိုင်ကွင်းထဲကို ဘာကြောင့် လာကြတာလဲ "

ထိုစကားကိုကြားကာ တပ်သားသစ်များ မှင်တက်မိသွားကြသည်။

ဒီအဖိုးကြီးနှစ်ယောက်က အကြီးအကဲတွေလား။

ဤနေရာမှ ကျင့်ကြံသူအားလုံးအတွက် နတ်မြို့၏ အကြီးအကဲများက ဂန္တဝင်များ ဖြစ်လေသည်။ တိုင်အာနတ်ပြည်ထောင်တွင် နှစ်ပေါင်းငါးရာပင်လျှင် ပညာရှိတစ်ပါး ပေါ်မလာနိုင်ပေ။

တပ်သားသစ်ပြိုင်ပွဲဆိုသည်မှာ အကြီးအကဲများ အာရုံစိုက်ရန် ထိုက်တန်သည့်အရာ မဟုတ်ပေ။ သေးနုပ်သော တပ်သားသစ်ပြိုင်ပွဲကို အပထား၍ ပြိုင်ကွင်းတွင် အဆင့် ၁ ဖြစ်သည့် ချင်ဟောင်ထျန်းကို အဆင့် ၂ နှင့် အဆင့် ၃ နေရာများမှ လူများက စိန်ခေါ်ခဲ့လျှင်ပင် အကြီးအကဲများက အရေးစိုက်မည်မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် သူတို့က အစီရင်ပြားရုပ်သံကိုသာ ကြည့်ကြပေလိမ့်မည်။

တိုင်အာနတ်မြို့တွင် နှစ်တိုင်းလိုပင် ပထမများ ရှိလေ၏။ မြေအဆင့်တွင် ပထမရသည့် လူတိုင်းအဖို့ အချိန်တိုအတွင်း၌ မြောက်မြားစွာသော စိန်ခေါ်မှုများကို ကြုံရပေလိမ့်မည်။ အကြီးအကဲများက အကြိမ်တိုင်းကို ကြည့်ရှုနေရန် အားလပ်မနေပေ။

ပုံမှန်ဆိုလျှင် အကြီးအကဲများက ပြိုင်ကွင်းထဲတွင် ပေါ်မလာကြပေ။ ပုံမှန်ဆိုလျှင် ကျင့်ကြံသူများအဖို့ အကြီးအကဲများကို မြင်တွေ့ခွင့်ရရန်ပင် အခွင့်မရေးမရှိဟု ဆိုရချေမည်။

ခန်းယန်နှင့် ကျန်းကဲ့တို့က ဂုဏ်သရေရှိထိုင်ခုံများတွင် ထိုင်လိုက်ကြသည်ကို မြင်လိုက်ကြရချိန်၌ လူအများ ငေးငိုင်သွားကာ..." သူတို့က ယီယွင်နဲ့ ချူရှောင်းရန်တို့ရဲ့ တိုက်ပွဲကို ကြည့်ဖို့အတွက် ရောက်လာကြတာလား "

" အံ့ဩစရာပဲ... တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲက အကြီးအကဲတွေရဲ့ စိတ်ဝင်စားမှုကို ရနေပြီလား "

လူအများ တစ်ဦးနဲ့တစ်ဦး ကြည့်နေကြလေ၏။ ယီယွင်နှင့် ချူရှောင်းရန်တို့က မည်မျှပင် အထင်ကြီးဖွယ်ရာ ဖြစ်နေပါစေ ချင်ဟောင်ထျန်း၏အဆင့်တွင် ရှိမနေပေ။ သူတို့က အကြီးအကဲနှစ်ဦး ရောက်လာစေရန် လုပ်နိုင်ခဲ့လေသလော။ ဤသည်က မယုံကြည်နိုင်စရာပင်။

လက်ရှိတွင် ခန်းယန်နှင့် ကျန်းကဲ့တို့က ထိုင်ခုံပေါ်တွင် ထိုင်နေကြလေသည်။ သူတို့က ယီယွင် နားလည်ထားသည့် ဓားမောက်အမှန်တရား စကားလုံး ၃၂ လုံးမြောက်ကို ကြည့်ရှုရန်အတွက် ရောက်လာခဲ့ကြခြင်း ဖြစ်လေသည်။

အစီရင်ပြားများက ရုပ်သံများကို မှတ်တမ်းတင်နိုင်ကြသော်လည်း ကျင့်ကြံသူများ နားလည်သဘောပေါက်ထားသည့် ဥပဒေသများကိုမူ မှတ်တမ်းတင်နိုင်ခြင်းမရှိပေ။ မရှင်းလင်းသောရုပ်သံက ဓားမောက်အမှန်တရား၏ အသရေကို ပြသနိုင်ခြင်းမရှိပေ။

" ယီယွင်... ချူရှောင်းရန်.. နတ်အရိုင်းမြေစင်မြင့်ပေါ်ကို တက်မယ် " ဒိုင်က ကြေညာလိုက်သည်။ အကြီးအကဲနှစ်ဦး ရောက်လာလေသောကြောင့် ဒိုင်သည်လည်း ဖိအားခံစားနေရသည်။

ယီယွင်က တပ်တစ်ထောင်ဓားမောက်ကို လက်ထဲတွင်ကိုင်ကာ စင်မြင့်ပေါ်သို့ တက်သွားလေသည်။ ပြိုင်ဘက်ဖြစ်သူ ချူရှောင်းရန်က ဓားပျော့ကို ကိုင်ထားလေ၏။ သူမက တိတ်ဆိတ်သော အမူအကျင့်ရှိပြီး ကျွမ်းကျင်သူတစ်ဦး၏ ထက်မြက်မှုများ ချို့ယွင်းနေသည်။

ချူရှောင်းရန်က ဂုဏ်သရေရှိထိုင်ခုံများပေါ်မှ အကြီးအကဲနှစ်ဦးကိုကြည့်ကာ..." သူတို့က တိုင်အာနတ်မြို့ရဲ့ အကြီးအကဲတွေပဲ။ တိုင်အာနတ်ပြည်ထောင်ရဲ့ စစ်မှန်တဲ့ အထောက်အပံ့ ထောက်တိုင်ကြီးတွေ။ သူတို့က ငါ့ရဲ့ အဖိုး ၊ အဖေ ၊ ဆရာတို့ထက် ပိုသန်မာတယ် "

ချူရှောင်းရန်က အမွေအနှစ်နက်ရှိုင်းသည့် ချူမိသားစုမှ လာခဲ့ခြင်းဖြစ်သော်လည်း မိသားစုထဲတွင် ပညာရှိတစ်ပါး ပေါ်မလာဖူးပေ။ ချူမိသားစု၏ လက်ရှိခေါင်းဆောင်သည်ပင် လူသားဧကရာဇ်အဆင့် အထွတ်အထိပ်၌သာ ရှိလေသည်။

ချူရှောင်းရန်တွင် ရည်မှန်းချက်ရှိသည်။ သူမက ချူမိသားစု၏ ပထမဆုံး ပညာရှိတစ်ပါး ဖြစ်လာရမည်ဟု စိတ်ပိုင်းဖြတ်ထားလေ၏။ သူမက ချူမိသားစု၏ ဂုဏ်သရေထွန်းပြောင်သော စာမျက်နှာအသစ်ကို ဖွင့်လှစ်လိုသည်။ ထိုရည်မှန်းချက်က ချူမိသားစု၏ နှလုံးသားအနက်ပိုင်းထဲတွင် ရှိလေသည်။ သူမက ထိုအကြောင်းကို မည်သူ့ကိုမျှ ပြောမပြဖူးပေ။

ပညာရှိတစ်ပါးက နှစ်ပေါင်းငါးရာလျှင် တစ်ကြိမ်သာ ပေါ်လာနိုင်သည်။ သူမသည် နှစ်ငါးရားအတွင်း အသန်မာဆုံး ပညာရှိတစ်ပါး ဖြစ်လာလို၏။ သူမက ဤနေရာတွင် ကျရှုံးမည်မဟုတ်ပေ။

ချူရှောင်းရန် ဓားကို ဆွဲထုတ်လိုက်သည်။ သူမက ငြိမ်သက်နေကာ အသက်ရှုနှုန်း ထိန်းညှိနေသော်လည်း သူမ၏ လှပသောမျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များကို ဖုံးကွယ်မထားနိုင်ပေ။

ယီယွင်က တပ်တစ်ထောင်ဓားမောက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်ကာ..." ချူရှောင်းရန်... မင်းရဲ့စွမ်းအားတွေ ဖုံးကွယ်ထားတာကို ငါသိတယ်။ အခုချိန်ထိ မင်း ထုတ်ပြခဲ့တဲ့ စွမ်းအားအရဆိုရင် ငါ့ကို အနိုင်ယူဖို့အတွက် မလုံလောက်ဘူး။ မင်းရဲ့ဝှက်ဖဲကို စောစောထုတ်မသုံးဘူးဆိုရင် သုံးအဖို့အတွက် အခွင့်အရေးရလာမှာ မဟုတ်လောက်ဘူး "

" အကြံပြုပေးလို့ ကျေးဇူးတင်ပါတယ်။ တိုက်ကွက်စပါ " ချူရှောင်းရန်က အလွန်တည်ငြိမ်နေသည်။ သူမက ဤတိုက်ပွဲကို ယခင်ကထက် ပိုမိုအလေးနက်ထား၏။ အကြီးအကဲနှစ်ဦး ပေါ်လာခြင်းက သူမ၏ တိုက်ခိုက်လိုစိတ်များကို မီးစာထိုးပေးခဲ့သည်လည်း ဖြစ်နိုင်လောက်သည်။ သူမ အနိုင်ရလို၏။

ထိုစဥ်တွင် ယီယွင် စတင်လှုပ်ရှားလေသည်။

သူ လေပမာပင် လှုပ်ရှားသွားပြီး ဓားအလင်းမျိုးစုံသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ချူရှောင်းရန်အား ခုတ်ပိုင်းလေသည်။

ထိုတိုက်ကွက်က လူတိုင်း၏ အမြင်အာရုံကို ဖုံးလွှမ်းသွားလေ၏။ အဝေးမှ လူများသည်ပင် ဓားမောက်ရှည်တစ်ချောင်းက သူတို့၏လည်ပင်းပေါ်သို့ ဝဲလာသည်ဟု ခံစားလိုက်ကြရ၏။

ကြောက်ဖို့ကောင်းတဲ့ ဓားမောက်။

ချူရှောင်းရန် နောက်သို့ဆုတ်သွားကာ အလင်းများကို ရှောင်လိုက်သည်။ ထို့နောက်တွင် သူမ၏ဓားပျော့ကို အလင်းထဲသို့ ထိုးသွင်းလိုက်လေ၏။

သူမ၏ခန္ဓာကိုယ်မှ ယွမ်ချီအားလုံး ဓားထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထိုယွမ်ချီက ဖော်မစွမ်းနိုင်အောင် ပျော့ပြောင်းလေပြီး ဓားမောက်အလင်းနှင့် ဆုံတွေ့လေသည်။

သို့သော် ယီယွင်၏ဓားမောက်က ချူရှောင်းရန်၏ဓားထက် များစွာပိုမိုကာ ထက်ရှလေ၏။

ထန်း...ထန်း...ထန်း...။

ဓားမောက်အလင်းက ချူရှောင်းရန်၏ဓားကို ခုတ်ပိုင်းလေသည်။ အလင်းများက သူမ၏မျက်နှာဆီသို့ တိုးဝင်သွားကြောင်း လူတိုင်း မြင်လိုက်ကြရလေ၏။ လူအများ ထိန်းမရစွာပင် ဟစ်အော်လိုက်ကြသည်။

ချူရှောင်းရန်က လှပသော မိန်းကလေးတစ်ဦး ဖြစ်လေ၏။ ဓားမောက်ကို ချိုးနျိုက ခုတ်ပိုင်းခဲ့သည်ဆိုလျှင် အဆင်ပြေသေးချေသည်။ သို့သော် ယီယွင်၏ဓားမောက်ကိုမူ မည်သူကမျှ ခံနိုင်မည့်ဟန်မရှိပေ။

ယီယွင်၏ဓားမောက်အလင်းက ချူရှောင်းရန်အား ခုတ်မိတော့မည့်အချိန်တွင် ဆန်းကြယ်စွာပင် ဘေးဘက်သို့ ရောက်သွားခဲ့လေ၏။

ထန်း...။

ထိုခုတ်ချက်က ချူရှောင်းရန်၏မျက်နှာဘေးမှ ဖြတ်သန်းသွားကာ ခရမ်းရောင်အဖြိုက်နက် ကြမ်းခင်းကို ပြင်းထန်စွာခုတ်မိလေသည်။ မာကျောလှသော ခရမ်းရောင်အဖြိုက်နက်စင်မြင့် တုန်ခါသွားကာ လေးပေခန့်ရှည်သော ခုတ်ရာကြီးတစ်ခု ကျန်ရစ်ခဲ့လေသည်။

ချူရှောင်းရန်၏ခန္ဓာကိုယ်သည် လေထဲတွင် မီတာသုံးဆယ်ခန့် လွင့်မျောသွားကာ ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်သွားလေ၏။ သို့သော် သူမ၏ပါးပြင်မှ ဆံပင်စအချို့ ပြတ်ကျလာလေသည်။

အခု ဘာဖြစ်သွားတာလဲ။

ပရိတ်သတ်များ မျက်လုံးပြူးကာ ကြည့်နေကြသည်။ သူတို့က စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်ကို လွတ်သွားမည်အား စိုးရိမ်လေသောကြောင့် အလင်းကို မပြတ်ကြည့်နေခဲ့ကြသည်။ သို့တိုင်အောင်ပင် ယီယွင်နှင့် ချူရှောင်းရန်တို့ တိုက်ခိုက်ချိန်၌ သူတို့ ရှင်းလင်းစွာမမြင်လိုက်ရပေ။

တိုက်ခိုက်မှု မြန်ဆန်လွန်းလှပြီး စက္ကန့်ဝက်အတွင်းမှာပင် ထိုနှစ်ဦး လူချင်းခွာသွားခဲ့ကြသည်။ ထို့နောက်တွင်မူ စင်မြင့်အား ဓားမောက်အလင်းက ခုတ်ပိုင်းသွားခဲ့သည်။

" ယီယွင်ရဲ့ ဓားမောက်အလင်းကို ချူရှောင်းရန်ရဲ့ မျက်နှာရှေ့မှာ ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ပါတယ်။ သူ ဘယ်လိုကြောင့် အပြည့်အဝ ခုတ်မပစ်ရတာလဲ။ နောက်ဆုံးအချိန်မှာ ယီယွင်က မိန်းမတွေကို ညှာတာရမယ်လို့ ခံစားလိုက်ရတာကြောင့် ထိန်ချန်ပေးလိုက်တာလား "

" မရူးစမ်းနဲ့ "

နှစ်ကြီးသမားတစ်ဦးက ခေါင်းယမ်းကာ... " ချူရှောင်းရန်ကို အားနည်းတဲ့ မိန်းကလေးတစ်ဦးလို့ ထင်နေတာလား။ ဒါက အမာနဲ့အပျော့ သဘောတရားပဲ။ ချူရှောင်းရန်က နောက်ဆုံးအချိန်မှာ အမာအပျော့သဘောတရားကို အသုံးပြုပြီး ယီယွင်ရဲ့စွမ်းအားတွေကို ပျောက်ကွယ်စေခဲ့တာပဲ။ ဒါပေမဲ့ သူက အားလုံးပျောက်ကွယ်အောင် မလုပ်နိုင်ခဲ့ဘူး "

မြေအဆင့်တွင် အဆင့်နှစ်ထောင်ဝန်းကျင်၌ ရှိကြသည့် နှစ်ကြီးသမား ကျင့်ကြံသူအချို့က ယီယွင်နှင့် ချူရှောင်းရန်တို့၏ တိုက်ပွဲကို ရှင်းလင်းစွာမြင်နိုင်ကြသည်။

အမာအပျော့သဘောတရားက တိုက်ခိုက်မှုအများစုကို ပပျောက်စေနိုင်သော်လည်း စွမ်းအားကွာခြားမှု ကြီးမားနေလေသောကြောင့် အခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိပေ။

လူအများစုသည် ချူရှောင်းရန်၏ ဆံပင်စအချို့ ပြုတ်ကျလာသည်ကို မြင်ခဲ့ကြရလေ၏။ ပထမတိုက်ခိုက်မှုတွင် ယီယွင်က အသာစီးယူထားနိုင်ခဲ့လေ၏။

ယီယွင်က ဆိုသည်..." အမာအပျော့သဘောတရား... ဒါက အားနည်းတဲ့အင်အားက အားကြီးတဲ့အင်အားကို အောင်မြင်စေနိုင်ဖို့အတွက် တကယ်အံ့ဩဖို့ကောင်းအောင် အသုံးပြုနိုင်တာပဲ။ ဒါပေမဲ့ ဒီဟာလောက်နဲ့ အောင်ပွဲဆင်ဖို့က မလုံလောက်သေးဘူး။ ငါ့ရဲ့ခုတ်ချက်က အကဲစမ်းကြည့်လိုက်ရုံတင်ပဲ။ နောက်ပိုင်းမှာ ငါ စွမ်းအားအကုန်သုံးမယ် "

အကဲစမ်းတာလား။

လူအများ ပြောစရာမဲ့သွားရ၏။ ထိုမျှအားကောင်းသော တိုက်ခိုက်မှုက ယီယွင်၏ အကဲစမ်းမှုသာ ဖြစ်နေချေ၏။ သူတို့က ထိုဓားမောက်တိုက်ကွက်ကို ခုခံနိုင်ခြင်းမရှိသလို မည်သို့လုပ်ရမည်မှန်းပင် မသိကြကြောင်းကို လူများစွာတို့ နားလည်လေသည်။

ယခင်က ယီယွင် အလွန်သန်မာကြောင်းကို သူတို့ သိကြလေ၏။ သို့သော် ကွာခြားချက်က မည်မျှကြီးမားကြောင်းကို သူတို့ မသိကြပေ။ ယခုတွင်မူ ထိုကွာခြားချက်ကို သူတို့ အလိုလိုပင် ခံစားမိလိုက်ကြရလေ၏။

ချိုးနျို ရှုံးနိမ့်သွားခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ သူတို့က ချိုးနျို မဟုတ်လေသောကြောင့် ယီယွင်နှင့် တိုက်ခိုက်ခဲ့ချိန်တွင် ချိုးနျို မည်ကဲ့သို့ဖိအားမျိုးအား ကြုံတွေ့ခဲ့ရကြောင်းကို မသိခဲ့ကြပေ။ သူတို့သာ စင်မြင်ပေါ်တွင် ရပ်နေသူဖြစ်လျှင်မူ သိနိုင်လောက်လေ၏။

All Chapters