← Chapters

ဓားမောက်နဲ့ ဓား

Vol. 17 Ch. 249

ဓားမောက်နဲ့ ဓား

Vol. 17 Ch. 249

" ချူတော်ဝင်အိမ်တော်ရဲ့ မင်းသားငယ် ယန်တင်းခွမ်... ငါ့ကို ဆွဲခေါ်ဖို့ ပထမဆုံး ကြိုးစားခဲ့တဲ့သူက ချူတော်ဝင်အိမ်တော်ပဲ ထင်တယ် "

ယီယွင်သည် လင်ရှောင်းအဖွဲ့မှ ရှုချင်းယွင်ကို ဦးစွာတွေးမိသွားလေ၏။ ချူတော်ဝင်အိမ်တော်မှ အထောက်တော်က သူ့အား အကျိုးအမြတ်များစွာပေးပြီး အဖွဲ့ထဲသို့ သိမ်းသွင်းရန်ကြိုးပမ်းနေချိန်တွင် ရှုချင်းယွင်နှင့် ပထမဆုံး တွေ့ခဲ့ရလေသည်။

သို့သော် ချူတော်ဝင်အိမ်တော်က သူ့အား ကမ်းလှမ်းပေးလာသည့် အခြေအနေများအောက်တွင် ဖုံးကွယ်ထားသော ဝိညာဥ်စာချုပ်တစ်ခု ရှိနေလေသည်။ လက်မှတ်ထိုးပြီးသည်နှင့် ချူတော်ဝင်အိမ်တော်ကို နှစ်ပေါင်းများစွာ အလုပ်ကျွေးပြုရပေလိမ့်မည်။

ရှုချင်းယွင်က ထိုအထောက်တော်ကို တားဆီးခဲ့လေသည်။

ရှုချင်းယွင် ဝင်မပါလျှင်ပင် ယီယွင်က မမျှတသောစာချုပ်ကို လက်မှတ်မထိုးရန်သာ များသည့်တိုင်အောင် အညှီအဟောက် ထွက်နေဦးမည်သာပင်။

ယီယွင်က ချူတော်ဝင်အိမ်တော်ကို အမြင်မကြည်ပေ။ အခြေအနေကို အခွင့်ကောင်းယူကာ သူ့အား အမြတ်ထုတ်ရန် ကြိုးပမ်းနေသည့် ယန်တင်းခွမ်ကိုလည်း သူက ငွေပြန်ညှစ်ရန် စိတ်ခုနေမည်မဟုတ်ပေ။

" ဥပဒေသအမှန်တရားကျမ်း... ကောင်းပြီလေ ငါ သဘောတူတယ် " ယီယွင်က ခပ်လေးလေးပုံစံဖြင့် ဆိုလိုက်သည်။ ကနဦးက သူသည် လီဟုန်ထံမှ မှော်နဂါးကြေးပြားများ ထပ်မံညှစ်ထုတ်ရန်အတွက် လီဟုန်အား ကျုံးသွင်းခဲ့ခြင်း ဖြစ်လေသည်။ အခြားတစ်ယောက်က ထောင်ချောက်ထဲသို့ လိုလိုလားလားဝင်လာကာ ကျုံးသွင်းခံနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ထို့ကြောင့်ပင် လောင်းကြေးက ယီယွင် မျှော်မှန်းထားသည်ထက် များစွာကျော်လွန်ကာ ကြီးမားသွားရခြင်း ဖြစ်လေ၏။

" သခင်လေးယီရဲ့ တိုင်အာနတ်ကျင့်စဥ်ကို လိမ်ယူဖို့အတွက် သူတို့က အဖွဲ့လုပ်ထားကြတာပဲ " ယီယွင်က သဘောတူလိုက်သည်ကို မြင်တွေ့ကာ ကျောက်ချင်းချန် စိုးရိမ်သွားလေသည်။ ဝိုင်းနေကြသည့် မိန်းကလေးများကလည်း ယီယွင်အား စိုးရိမ်နေကြလေ၏။

ယီယွင်က သန်မာနိုင်ကောင်းသော်လည်း လီဟုန်က တိုင်အာနတ်မြို့၏ ဒုတိယနှစ် ကျင့်ကြံသူများထဲတွင် ထင်ပေါ်ကျော်ကြားသူ ဖြစ်လေသည်။ လီဟုန်က ရက်စက်ကာ မကောင်းသောစရိုက် ရှိလေသည်။ သူ၏စွမ်းအားကလည်း ကြောက်မက်ဖွယ်ကောင်းလေ၏။ ယီယွင်က လီဟုန်ကို အနိုင်ရရန်မှာ ခက်ခဲပေလိမ့်မည်။

" ဒါကို မင်းပြောတာနော်။ ငါတို့က ဒါကို ရုပ်သံအစီရင်ပြားနဲ့ မှတ်တမ်းတင်ထားပြီးသား။ အခု ငါတို့က ရုပ်သံအစီရင်ပြားကို ပြိုင်ကွင်ကြီးကြပ်ရေးဌာနဆီ သွားပို့မယ်။ နောင်တရမနေနဲ့တော့ " လက်ပါးစေများ ပျော်ရွှင်နေကြလေ၏။

ယီယွင်က ထိုသူများကို အရေးမစိုက်ပေ။ သူ ဆက်လက်၍ စားသောက်နေလေ၏။

" ကောင်လေး... မင်းကို နည်းနည်းလောက်ပိုပြီး မောက်မာခွင့်ပေးထားလိုက်မယ်။ မနက်ဖြန်ကျ မင်း ငိုရလိမ့်မယ်။ သွားကြစို့ " လက်ပါးစေတစ်ဦးက ကြမ်းတမ်းစွာဆိုကာ လှည့်ထွက်သွားလေသည်။

ယီယွင်က ထိုသူများကို ဥပေက္ခာပြုထားကာ ပျက်စီးခြင်းသားရဲ အသားကိုသာ ဆက်လက်၍ စားနေလေသောကြောင့် ကျောက်ချင်းချန်နဲ့ အခြားသူများ ပြောစရာမဲ့နေကြရလေ၏။

စတုတ္ထနှစ် ကျင့်ကြံသူများသည်ပင် ထိုကိစ္စကို အာရုံစိုက်နေကြလေ၏။ အကြောင်းကမူ တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေးတင်ထားလေသောကြောင့်ပင်။

" ဒီကောင်က တိုင်အာနတ်ကျင့်စဥ်ကိုတောင် လောင်းကြေးထည့်ဝံ့နေတယ် " နှစ်ကြီးသမား ကျင့်ကြံသူများ မနာလိုဖြစ်နေကြရသည်။

" ယီယွင်က အတော်ရူးတာပဲ။ ဒီကောင် တိုင်အာနတ်ကျင့်စဥ်ကို ရထားတာ နှစ်လတောင် မပြည့်သေးတာကို ထပ်မလိုချင်တော့တာလား "

" အဲ့ဒီလိုမဟုတ်လောက်ဘူး။ ယီယွင်က တိုင်အာနတ်ကျင့်စဥ် လဲလှယ်ပြီးတဲ့နောက်မှာ သင်ကြည့်ခဲ့ပေမဲ့ မတတ်တာပဲ ဖြစ်လောက်မယ်။ သူက တိုင်အာနတ်ကျင့်စဥ်ကို သုံးလို့မရတာကြောင့် လောင်းကြေးအဖြစ် အသုံးချလိုက်တာပဲ "

လူအချို့က အသေးစိတ်ပင် ပြောနေကြလေ၏။ ယီယွင်က ထူးဆန်းမှုများ အမြဲပေးလေသည်။ သူ၏ ဓားမောက်သိုင်းက စွမ်းအားလွန်ကဲသော်လည်း ဥပဒေသကမူ အားနည်းလေသည်။ သူ၏ပါရမီက သာမန်ဟုပင် ပြော၍ရလေ၏။ ထိုအခြေအနေမျိးတွင် ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို လေ့ကျင့်ရန် လွယ်ကူမည်မဟုတ်ပေ။

" ဒီကောင်က ဂုဏ်အမှတ်တွေကို ဆေးပင်ခူးရင်း ရခဲ့တာဆိုတော့ ဂုဏ်အမှတ်တွေကို အလေးထားမယ်ဆိုတာ မသိသေးဘူး။ ဂုဏ်အမှတ်တွေက ရဖို့ခက်တာကို အနာဂတ်ကျရင် ဒီကောင် သိလာလိမ့်မယ် " လူအချို့က ဒေါသတကြီး ဆိုကြသည်။

ယီယွင်က နှစ်ကြီးသမားများ၏ တုန့်ပြန်မှုများကို အရေးမစိုက်မပေ။ သူက ဓားမောက်သင်္ချိုင်းထဲသို့ ထပ်ဝင်ရန်အတွက် ခန်းယန်အား သွားရှာနေချေပြီ။ သူ၏ဓားမောက်သိုင်း တိုးတက်လာစေရန် တစ်ညလုံး လုပ်ဆောင်လိုသည်။

လီဟုန်၏ စွမ်းအားအပြည့်ကို ယီယွင် မသိပေ။ သူမက မနက်ဖြန်တိုက်ပွဲအတွက် ယုံကြည်ချက်ရှိသော်လည်း အနိုင်ရမည်ဟု အာမခံချက်မရှိပေ။ သူ အားကုန်ထုတ်ရပေမည်။

ဤသည်က လောင်းကြေးကြီးတစ်ခု ဖြစ်လေ၏။ သူ အနိုင်ရလျှင် ဥပဒေသအမှန်တရားကျမ်းကို ပိုင်ဆိုင်ရမည်။ ထိုကျမ်းက ယီယွင် ဥပဒေသများကို သိမြင်နားလည်လာစေရန် များစွာလိုအပ်နေသည့်အရာ ဖြစ်သည်။

ခန်းယန်က ဓားမောက်သင်္ချိုင်းတံခါးကို ဖွင့်လိုက်ချိန်တွင် ယီယွင်သည် ရုတ်တရက်ပင် အတွေးတစ်ခုရသွားကာ ဓားသင်္ချိုင်းကို ကြည့်ကာ တွေးနေလေ၏။

ဒါက ဓားသင်္ချိုင်း...။

သူ ဓားသင်္ချိုင်းထဲသို့ ဝင်သွားလျှင် မည်သို့ဖြစ်မည်နည်း။

သူက သဘာဝဓားမောက်သမား မဟုတ်ကြောင်းကို ယီယွင် သိသည်။ သူ ကျင်းလုံဝေ့၏ လက်နက်တိုက်ထဲတွင် ဓားမောက်ကို ရွေးချယ်ခဲ့စဥ်က ဒဏ္ဍာရီလာ ရုပ်ခန္ဓာအထုံကို ခံစားမိခြင်းမရှိပေ။

ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုကို သိမြင်နားလည်ခဲ့သည်မှာလည်း ဓားမောက်လမ်းစဥ်တွင် ပေါက်မြောက်မှုနှင့် မသက်ဆိုင်လေဘဲ စွမ်းအင်မြင်ကွင်းကြောင့်သာ ဖြစ်လေသည်။ ဓားမောက်အမှန်တရား စကားလုံး ၃၂ ထဲမှ စွမ်းအင်စီးဆင်းမှုများကို သူ တစ်ချက်ကြည့်ရုံနှင့်ပင် မြင်နိုင်လေသည်။ ထိုစွမ်းအင်စီးဆင်းမှုများက ဓားမောက်အမှန်တရား ဥပဒေသများနှင့် တူညီလေသည်။

ဓားမောက်နှင့်ဓား သင်္ချိုင်းများထဲမှ ဥပဒေသများက ပညာရှိများစွာအတွက်ပင် နားမလည်နိုင်အောင် နက်နဲလှသော အမှန်တရားများ ဖြစ်လေ၏။ နက်နဲသောအမှန်တရားများ ချရေးထားသည့်တိုင်အောင် သင်္ချိုင်းများထဲသို့ ဝင်ရောက်လာသူ အလွန်နည်းနေရသည်မှာ သူတို့ မည်သည့်အရာကိုမျှ နားမလည်နိုင်လေသောကြောင့်ပင်။

" ဘာရပ်လုပ်နေတာလဲ ကောင်လေး။ မင်း ဘာကြောင့် မဝင်တာလဲ " အဖိုးကြီးခန်းယန်၏ အသံက ယီယွင်၏အတွေးများကို တားဆီးသွားခဲ့သည်။

ခန်းယန်က ယီယွင်၏အကြည့်ကို သတိပြုမိသွားကာ မျက်မှောင်ကုတ်လိုက်ပြီး..." ကောင်လေး... မင်း ဓားသင်္ချိုင်းကို စိတ်ဝင်စားလို့မရဘူး "

ယီယွင် မည်သို့ပြောရမည်မှန်းမသိဘဲ တုန့်ဆိုင်းနေလေသည်။

ဓားမောက်နှင့်ဓား သင်္ချိုင်းများထဲမှ အမှန်တရားများကို နှစ်ခုစလုံးအား အပထား၍ တစ်ခု၏အမှန်တရားများကိုပင် မျိုးဆက်အသီးသီးမှ ပညာရှိများအတွက်ပင် နားလည်ရန်ခက်ခဲလွန်းကြောင်း ယီယွင် သိလေသည်။

ခန်းယန်က ယီယွင်အား အထူးတဆန်းကြည့်ကာ..." ငါ သတိပေးလိုက်မယ် သောက်ကလေး။ ငါ့ရှေ့မှာ လာရူးမပြနဲ့ ငါ့အတွက် မင်းလိုမျိုး ဓားမောက်လမ်းစဥ်မှာ ပါရမီကောင်းတဲ့သူကို တွေ့ရဖို့အတွက် ရှားပါးလွန်းတယ်။ မဖြုန်းတီးစမ်းနဲ့ "

" ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုရဲ့ ဓားမောက်အမှန်တရားတွေကို နားလည်နိုင်တာဟာ မင်းက ဓားမောက်လမ်းစဥ်မှာ ထက်မြက်တယ်လို့ သက်သေပြနေတာပဲ။ ဒါပေမဲ့ ဓားမောက်လမ်းစဥ်မှာ ပိုထက်မြက်လေလေ ဓားလမ်းစဥ်မှာ ပိုအားနည်းလေလေပဲ " ခန်းယန်က ယီယွင်ကို ဟောက်လိုက်သည်။ သာမန်လူတစ်ဦးက လက်နက်တစ်ခုတွင် ပါရမီရှိပါက များစွာပေါက်မြောက်ကာ အထင်ကြီးဖွယ်ရာ ဖြစ်လာမည်။ လက်နက်နှစ်မျိုးကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည့် လူတစ်ဦးကို ခန်းယန် တစ်ခါမျှပင် မတွေ့ဖူးပေ။

" ဓားမောက်နဲ့ဓား လမ်းစဥ်နှစ်ခုလုံးကို တစ်ဖက်ကမ်းခပ် ထူးချွန်အောင် လုပ်လို့မရနိုင်ဘူးလား။ ဒါဆို ဓားမောက်နဲ့ဓား သင်္ချိုင်းက... "

ဓားမောက်နှင့်ဓား သင်္ချိုင်းနှစ်ခုလုံးက လူတစ်ဦးတည်း၏ လက်ရာများ ဖြစ်နိုင်ခြေများသည်ကို ယီယွင် ရုတ်တရက်ပင် သိရှိသွားသည်။

ထိုကိစ္စသာ အမှန်ဆိုလျှင် ထိုသူ၏ သိုင်းပညာပေါက်မြောက်မှုက မည်သည့် အတိုင်းအဆတွင် ရှိလိမ့်မည်နည်း။

ယီယွင် ထိုအတွေးကို ထုတ်မပြောပေ။ ထိုသို့သာမဟုတ်ပါက ခန်းယန် ပေါက်ကွဲသွားပေလိမ့်မည်။ သူက နာခံစွာဖြင့် ဓားမောက်သင်္ချိုင်းထဲသို့ ဝင်သွားခဲ့သော်လည်း အခွင့်ရေးကြုံလျှင် ဓားသင်္ချိုင်းထဲသို့ ဝင်မည်ဟု တေးမှတ်ထားလေ၏။

...........................

လီဟုန်က ဈေးကြီးသော ကျင့်ကြံရေးအခန်းထဲတွင် သမထထိုင်နေသည်။ ယွမ်ချီများ သူ၏ခန္ဓာကိုယ်ထဲသို့ လှုပ်ခတ်ဝင်ရောက်နေလေ၏။ ယွမ်ချီ စီးဆင်းမှုနှင့်အတူ လီဟုန်၏ ကြွက်သားများ လှုပ်ရှားနေလေသည်။

လီဟုန် လက်သီးဆုပ်ထား၏။ သူက တစ်ညလုံးကျင့်ကြံကာ သူ၏အခြေအနေကို အမြင့်ဆုံးအထိ တွန်းပို့လိုသည်။ တစ်ချိန်တည်းမှာပင် မကြာမီဖြစ်လာတော့မည့် ယွမ်အုတ်မြစ်ချနယ်ပယ်အတွက် အခြေခိုင်မာအောင် လုပ်ဆောင်လိုလေ၏။

လီဟုန်က ယီယွင်၏စွမ်းအားနှတ် ပတ်သတ်ပြီး တွက်ချက်မှုများစွာ ရှိထားလေသည်။

ယီယွင်က ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ ထိုကောင်က ခရမ်းသွေးနယ်ပယ် အလယ်အဆင့် အထွတ်အထိပ်တွင် သေချာပေါက်ရှိသည်။ နတ်မျက်လုံး ပွင့်ထားသည့် လူတစ်ဦးက သူ့ကိုယ်စား ကြည့်ပေးထားခြင်း ဖြစ်လေ၏။ ယီယွင်က ပျက်စီးခြင်းသားရဲများ အမဲလိုက်ရန် အရိုင်းနယ်မြေထဲသို့ မသွားဖူးလေသောကြောင့် ရှုထောင့်ပုံရိပ် ရရှိရန်မှာလည်း မဖြစ်နိုင်ပေ။

ယီယွင်က ကျင့်စဥ်နည်းစနစ် သို့မဟုတ် ဥပဒေသအား ဖုံးကွယ်ထားခြင်းမျိုး ဖြစ်နိုင်လောက်သော်လည်း ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦး၏ ထိုးထွင်းသိမြင်မှုက မိုးကောင်းကင်အား ဖီဆန်ခြင်းမျိုး ဖြစ်မနေမည်မှာ သေချာလေသည်။

ချူရှောင်းရန်၏ ဥပဒေသအား သိမြင်နားလည်မှုအားလုံးကို ယီယွင်၏ခန္ဓာကိုယ်ထဲသို့ ပြောင်းထည့်ပေးလျှင်ပင် ယီယွင်က သူ့အား ယှဥ်နိုင်မည်မဟုတ်ဟု လီဟုန်က ခန့်မှန်းထားသည်။

ယီယွင်က အစွမ်းထက်သော ကျင့်စဥ်နည်းစနစ်တစ်ခုကို လျှို့ဝှက်စွာ တတ်မြောက်ထားသည်လည်း ဖြစ်နိုင်ခြေရှိသည်ဟု သူ တွေးထားသည်။ သို့သော် ယီယွင်က ကြယ်ခူးလက် သို့မဟုတ် နယ်စားအဆင့် မိသားစုများ၏ ကျင့်စဥ်တစ်ခုခုကို တတ်မြောက်ထားလျှင် သူက ယီယွင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။

ထို့အပြင် ယီယွင်၏နောက်ခံအရ နယ်စားအဆင့် မိသားစုများ၏ ကျင့်စဥ်နည်းစနစ်ကို မည်သည့်နေရာမှ ရနိုင်ပါမည်နည်း။

သူ မည်သို့ပင် ရှူမြင်သုံးသပ်ကြည့်ပါစေ ထိုတိုက်ပွဲတွင် သူ အနိုင်ရမည်မှာ သေချာလေသည်။

လီဟုန် မျက်ဝန်းများ တောက်ပနေပြီး လက်သည်းများကို အသားထဲအထိ စိုက်ဝင်သည်အထိ လက်သီးဆုပ်ထား၏။ သူက မနက်ဖြန်တိုက်ပွဲကို အနိုင်ရရန်အတွက် ဆန္ဒအလွန်ပြင်းပြနေသည်။

ထူးခြားမှုမရှိသော ညတာ ကုန်လွန်သွားခဲ့လေ၏။ ယီယွင်နှင့်လီဟုန်တို့က ကြိုးစားနေကြလေသည်။ လာမည့်တိုက်ပွဲက သူတို့အတွက် အလွန်အရေးကြီးလေသည်။

နောက်တစ်ရက်မနက် နေထွက်လာချိန်တွင် တိုင်အာနတ်မြို့မှ ကျင့်ကြံသူများ နိုးထလာပြီး ပြိုင်ကွင်းဆီသို့ အမျှင်မပြတ် သွားကြလေ၏။ ယနေ့ ပရိတ်သတ်အရေအတွက်က ယီယွင်နှင့် ချူရှောင်းရန်တို့ တိုက်ခိုက်ခဲ့သည့်နေ့ကထက် ပိုများလေသည်။

လူအများသည် ယီယွင်နှင့် လီဟုန်တို့၏ ကြီးမားသောလောင်းကြေးရလဒ်ကို စောင့်မျှော်နေကြလေ၏။

All Chapters