← Chapters

ကောင်းကင်ခွင်းတောင်

Vol. 17 Ch. 251

ကောင်းကင်ခွင်းတောင်

Vol. 17 Ch. 251

စင်မြင့်ပေါ်တွင် လီဟုန်က တုတ်ရှည်ကိုကိုင်ကာ ယီယွင်ဆီသို့ စတင်ချဥ်းကပ်သွားလေ၏။ သူ ချဥ်းကပ်လာရင်း အရှိန်အဝါများ ကြီးမားလာသည်။

" ဘာဖြစ်တာလဲ။ မင်းရဲ့ဓားမောက်က အရမ်းမြန်တယ်မလား။ မင်း ဖုံးကွယ်ထားတဲ့ ဓားမောက်သိုင်းတွေ ထုတ်သုံးလေကွာ။ ငါ မင်းရဲ့ဓားမောက်သိုင်းကွက်အားလုံးကို ခုခံပြီးသွားရင် ပွဲသိမ်းပြီပဲ " လီဟုန်က သူ၏ခုခံနိုင်စွမ်းကို အလွန်ပင် ယုံကြည်ချက်ရှိနေသည်။

ယီယွင်၏မျက်ဝန်းတွင် အေးစက်သောအလင်း တောက်ပသွားလေ၏။ သူ၏ဓားသွားကို ဖြည်းညင်းစွာ လှည့်လိုက်သည်။ သိုင်းပညာတွင် ယီယွင် အချို့တဲ့ဆုံးအရာမှာ တိုက်ပွဲအတွေ့အကြုံ ဖြစ်လေ၏။

လီဟုန်က အရိုင်းနယ်မြေထဲတွင် ပျက်စီးခြင်းသားရဲများစွာ သတ်ဖြတ်ထားခဲ့သည်။ ယင်းကိစ္စက လီဟုန်၏ တုတ်သိုင်းနှင့် တိုက်ပွဲအတွေ့အကြုံ နှစ်ခုစလုံးအတွက် ကြီးမားစွာပင် အကျိုးအမြတ်ရှိစေလေသည်။

မိသားစုမျိုးနွယ်များမှ အားနည်းသော ကလေးများ ပျက်စီးခြင်းသားရဲများ အမဲမလိုက်နိုင်လျှင်ပင် သူတို့ ကြီးပြင်းလာစဥ်အတွင်း အဆင့်တူများနှင့် တိုက်ခိုက်နိုင်သေးပေသည်။ တိုက်ပွဲအစစ်ကသာ လူတစ်ဦး၏ တိုက်ခိုက်ရေးနည်းစနစ်ကို မှတ်ကျောက်တင်နိုင်သည့် အကောင်းဆုံးနည်းလမ်း ဖြစ်လေသည်။

ယီယွင်အဖို့ ကြုံတွေ့ခဲ့ဖူးသည့် တိုက်ပွဲကြီးများက လက်ချိုးရေ၍ပင် ရလေသည်။ ထို့အပြင် လင်ရှင်းထုံနှင့် လက်ရည်စမ်းခြင်း ၊ ပျက်စီးခြင်းလူသားတောင်ကြားထဲတွင် သားရဲရိုင်းများ အမဲလိုက်ခြင်း ၊ ကျင်းလုံဝေ့ ရွေချယ်ပွဲ ၊ လက်ရှိ တပ်သားသစ်ပြိုင်ပွဲတို့သာ ရှိလေ၏။

ယီယွင်က တိုက်ပွဲတိုင်းကို အလွန်အလေးအနက်ထားလေပြီး အထူးသဖြင့် သူနှင့် စွမ်းအားတူညီသူများနှင့် ယှဥ်ပြိုင်ရချိန်မျိုးတွင် ဖြစ်လေသည်။ ယင်းက သူ ဖြတ်ကျော်ရမည့် စမ်းသပ်ချက်များဖြစ်ပြီး သူ၏ဓားမောက်သိုင်းကို မှတ်ကျောက်တင်ရန် အကောင်းဆုံးနည်းလမ်းလည်း ဖြစ်လေသည်။

" ငါ့ရဲ့ဓားမောက်သိုင်းကို မြင်ချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ် "

ယီယွင် ခြေလှမ်းအနည်းငယ် ရှေ့တက်သွားပြီး ခန္ဓာကိုယ်ထံတွင် ယွမ်ချီများ ထကြွလာသည်။ သူ၏စွမ်းအင်များ ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုအတိုင်းပင် သွေးကြောများထဲ၌ လှည့်လည်နေလေ၏။

အကြွင်းမဲအာဏာရှင်... ။

ယီယွင် တပ်တစ်ထောင်ဓားမောက်နှင့် ခုတ်လိုက်သည်။ အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ လီဟုန်ဆီသို့ ကြီးမားသော အရှိန်အဟုန်များနှင့် တိုးဝင်သွားလေသည်။

လီဟုန် ဟစ်အော်လိုက်ပြီး စစ်မှန်ချီများ မြင့်တက်လာကာ ခန္ဓာကိုယ်ပေါ်မှ ကြေးခွံများ ပြန့်ကားလာလေသည်။ ယီယွင်၏ ဓားမောက်က လီဟုန်၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းမိလေ၏။

ဘုန်း...။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လီဟုန်၏ ကြေးခံများ အက်ကွဲသွားလေ၏။ ပြင်းထန်သော ဓားအလင်းကြောင့် လီဟုန် လွင့်စဥ်သွားရသည်။

လီဟုန်မှာ နတ်အရိုင်းမြေစင်မြင့်၏ နံရံနှင့် ဝင်ဆောင့်မိသွားလေသည်။ ပြင်းထန်သော တုန်ခါမှုကြောင့် နံရံတွင် ချိတ်ဆွဲထားသော လက်နက်များ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားရလေသည်။

ပရိတ်သတ်များမှာ မြင်ကွင်းကြောင့် မသိစိတ်ဖြင့် တံတွေးမျိုချမိသွားရသည်။ ယီယွင်၏ ဓားမောက်က အလွန်ပင် အစွမ်းထက်လှချေ၏။

" ဟဲဟဲ.. တိုက်ကွက်ကောင်းပဲ "

လီဟုန် နံရံထောင့်နားတွင် ဒူးထောက်ထိုင်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် ရင်ဘက်မှ ခါးအထိ ဟက်တက်ကွဲဒဏ်ရာတစ်ခု ရှိနေလေသည်။ ယီယွင်၏ တိုက်ခိုက်မှုကြောင့် ခုတ်ရာဝန်းကျင်မှ ကြေးခွံများ လုံးဝပျက်စီးနေလေ၏။

သို့သော် ကြေးခွံချပ်ဝတ်ကို ထိုးဖောက်ပြီးနောက်တွင် ဓားမောက်၏ လှုပ်ရှားမှုနှင့် စွမ်းအင်အများစု ကုန်ခမ်းသွားလေသောကြောင့် လီဟုန်၏ အကာအကွယ်ယွမ်ချီကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ ဒဏ်ရာအနည်းသာ ဖြစ်စေခဲ့လေသည်။

လီဟုန် နှုတ်ခမ်းမှသွေးများကို သုတ်ကာ ထရပ်လိုက်သည်။ မြေဝါယွမ်ချီများ (စစ်မှန်ချီများ) မြင့်တက်လာကာ ကြေးခွံများ လျင်မြန်စွာပင် အလိုအလျောက် ပြုပြင်သွားလေသည်။

" မင်းရဲ့ ဓားမောက်သိုင်းကွက်က တကယ်မဆိုးဘူး။ ဒါပေမဲ့ ကံမကောင်းချင်တော့ မင်းမှာ ယွမ်ချီ မလုံလောက်ဘူး။ နည်းနည်းလေး ပိုရှိခဲ့မယ်ဆိုရင်တောင် ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မယ်။ ငါ ကောင်းကင်ခွင်းကျင့်စဥ်ရဲ့ ခုခံနိုင်စွမ်းကို စမ်းသပ်ကြည့်နေရုံတင်ပဲ။ ဒီဟာက မင်း ငါ့ကို နာကျင်အောင်လုပ်နိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ "

" မင်းက တကယ်ကို သောက်ရေးမပါတာပဲ " ယီယွင် မျက်မှောင်ကုတ်လိုက်၏။ လီဟုန် ခုခံနိုင်စွမ်းက အမှန်ပင် သန်မာလေသည်။ လီဟုန်သည် ယီယွင် ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုမှ သင်ယူထားသည့် သိုင်းကွက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့လေ၏။

" မင်း ငါ့ရဲ့ဒုတိယတိုက်ကွက် ခံယူပြီးသွားမှ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတာကို နောင်တရမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး "

ယီယွင် တပ်တစ်ထောင်ဓားမောက်ကို ဝှေ့ယမ်ူလိုက်ရာ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။ ဓားမောက်က သတ်ဖြတ်ရသည် လက်နက်တစ်ခု ဖြစ်လေသည်။ သေမျိုးနိုင်ငံများတွင် ဓားမောက်များကို ဓားများကဲ့သိုမဟုတ်ဘဲ တားမြစ်ထားကြသည်။ ဓားက ထုံးတမ်းလက်နက်တစ်ခု ဖြစ်လေသည်။ ဧကရာဇ်များ ၊ လူကြီးလူကောင်းများ ၊ စာသင်သားများပင် ဓားကိုင်ကြလေ၏။ ဓားမောက်ကမူ ကွဲပြားလေသည်။ အမှန်တကယ် သတ်ဖြတ်လိုကြသည့် လူများကသာ ဓားမောက်ကိုင်ကြလေသည်။

ဓားမောက်သင်္ချိုင်း၏ ပိုင်ရှင်က ဓားမောက်အမှန်တရား စကားလုံး ၃၂ ထဲတွင် ဓားမောက်လမ်းစဥ်က သတ်ဖြတ်ခြင်းဟု ရေးထိုးထားလေ၏။

ရုတ်ခြည်းမှာပင် ယီယွင်၏ ကျောဘက်၌ အလောင်းတောင်နှင့် သွေးပင်လယ်တစ်ခု ထွက်ပေါ်လာသည့်ပမာ ဖြစ်လာလေ၏။

ဓားမောက်ရဲ့ အနှစ်သာရက သတ်ဖြတ်ခြင်း..။

ဝှစ်...။

တပ်တစ်ထောင်ဓားမောက် ခုတ်ချလာပြီး သွေးလှိုင်းများ ထွက်ပေါ်လာသည်။ စင်မြင့်တစ်ခုလုံးက သွေးကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ဓားမောက် ခုတ်ချလာသာ်ကို မြင်သောအခါတွင် လီဟုန်မှာ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာ၏။

" လာစမ်း... ကောင်းကင်ခွင်းတောင် "

လီဟုန်က စင်မြင့်အား တုတ်နှင့်ရိုက်လိုက်ရာ စင်မြင့်ပေါ်တွင် မြေဝါယွမ်ချီများ ထကြွလာသည်။

ဘုန်း...။

မြေပြင် တုန်ခါသွားလေပြီး လီဟုန်၏ ခြေဖျားအောက်မှ တောင်တစ်လုံး ပေါ်ထွက်လာသည်။ ယင်းသည် လီဟုန်က မြေဝါယွမ်ချီများနှင့် ဖွဲ့စည်းထားသည့် တောင်တစ်လုံးဖြစ်ပြီး အစစ်နှင့်မခြားပေ။

" ဒါက..."

ယီယွင် အံ့အားသင့်သွားလေ၏။ သူ အံ့အားသင့်နေသည့်တိုင်အောင် တပ်တစ်ထောင်ဓားမောက်နှင့် တုန့်ဆိုင်းခြင်းမရှိ ခုတ်ချခဲ့လေသည်။

ဓားမောက်သည် ဆယ်မီတာခန့်ရှည်သော သွေးအလင်းတစ်ခု ထုတ်လွှတ်လိုက်လေ၏။ သို့သော် ထိုသွေးအလင်းကို တောင်က လုံးဝပင် တားဆီးသွားလေသည်။

ထန်း..။

နားအူမတတ် ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။ တပ်တစ်ထောင်ဓားမောက်သည် တောင်အား ခုတ်ပိုင်းကာ ခုနစ်မီတာခန့်နက်သော အပေါက်တစ်ခု ဖြစ်သွားစေလေသည်။ ဓားမောက်၏ စွမ်းအားများ ကုန်ခမ်းသွားချိန်တွင် ထိုတောင်က လီဟုန်၏ ဦးခေါင်းထက်၌ မျောလွင့်နေဆဲပင်။

တောင်သည် မီတာနှစ်ဆယ်ကျော် မြင့်မားကာ အခြေသည် ဆယ်မီတာ ပတ်လည်ခန့် ရှိလေ၏။ တောင်တွင် ကြောက်မက်ဖွယ်ရာ အခေးအချိန်ရှိသည်။ ဥပဒေသစွမ်းအားများ သုံးမထားပါက လီဟုန်အဖို့ တောင်ကို မ နိုင်မည်မဟုတ်ပေ။

" အဲ့ဒါက ဥပဒေသနယ်မြေမလား။ လီဟုန်ရဲ့ယွမ်ချီ မြေဝါရောင်အဆင်း ရှိတယ်။ မြေဝါယွမ်ချီက ခုခံမှုကိုအသားပေးတဲ့ ကောင်းကင်ခွင်းကျင့်စဥ်အတွက် အသင့်တော်ဆုံးပဲ။ ယွမ်ချီကို ကောင်းကင်ခွင်းစစ်မှန်ချီထဲ ထိုးသွင်းပြီးလိုက်တော့ သူ့ရဲ့ခုခံနိုင်စွမ်းကို နောက်တစ်ဆင့် ရောက်သွားစေတယ် "

" ဥပဒေသနယ်မြေကို ကောင်းကင်ခွင်းကျင့်စဥ်နှင့် ပေါင်းစည်းနိုင်ထားတဲ့ လီဟုန်က ပါရမီရှင်အစစ်ပဲ။ လူအများစုအတွက်က ဥပဒေသနဲ့ ပေါင်းစည်းဖို့ကို အသာထားဦး ကောင်းကင်ခွင်းကျင့်စဥ်ကိုတောင် မသင်နိုင်ကြဘူး "

ဒုတိယနှစ်များထဲတွင် နံပါတ်တစ်ဖြစ်သည့် လီဟုန်က သာမန်လူ မဟုတ်ပေ။ သူ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်တော့မည်လည်း ဖြစ်ချေ၏။ ယွမ်အုတ်မြစ်ကို သူ၏တန်းထျန်ထဲတွင် ဖော်ဆောင်ထားကာ ပုံကြမ်းပင် ပေါ်နေပြီဖြစ်လေ၏။

ယွမ်အုတ်မြစ်ပုံကြမ်းက လီဟုန်ကို ပေါများလှသော စွမ်းအင်များ ပေးစွမ်းလေသည်။ ယင်းကြောင့်ပင် သူက ယွမ်ချီနယ်မြေကို တောင်တစ်လုံးအဖြစ် ပုံဖော်ကာ သုံးနိုင်နေခြင်း ဖြစ်လေသည်။

လီဟုန်က တောင်ထံမှ ခုနစ်မီတာခန့်နက်သော ခုတ်ရာကို ကြည့်ကာ ရယ်မောလိုက်လေပြီး..." ဓားမောက်တစ်လက်က တောင်တစ်လုံးကို ဘယ်လိုများ ပိုင်းဖြတ်နိုင်မှာလဲ။ မင်းရဲ့တိုက်ခိုက်မှုက မဆိုးပေမဲ့ ကံဆိုးချင်တော့ ငါက ဒီတောင်ကို ဖန်တီးပြီးသားဖြစ်နေတယ်။ မင်းအနေနဲ့ ဒီတောင်ကို ဘယ်တော့မှ ခုတ်ပိုင်းနိုင်မှာမဟုတ်ဘူး "

လီဟုန် တုတ်အား ကိုင်လိုက်သည်။ သူက တောင် ဖန်တီးကာ ယွမ်ချီများစွာ ကုန်ခမ်းသွားခဲ့လေ၏။ ကောင်းကင်ခွင်းတောင်သည် လီဟုန်၏ ဥပဒေသနယ်မြေပုံစံ ဖြစ်လေသည်။

" ငါနားလည်ပြီ... ဥပဒေသနယ်မြေ "

ယီယွင် ကောင်းကင်မှ တောင်အား ကြည့်လိုက်သည်။

" ဥပဒေသစွမ်းအားက ငါ အရေးတကြီး လိုအပ်နေတဲ့အရာပဲ " ယီယွင် တွေးနေခဲ့သည်။

" မင်း လုပ်နိုင်တာ ဒါအကုန်ပဲ။ ကောင်းကင်ခွင်းတောင်ကို သုံးပြီး မင်းကို အနိုင်ယူခဲ့တာဆိုတော့ မင်းအနေနဲ့ ဂုဏ်ယူလို့ရတယ် " လီဟုန် တုတ်နှင့်ရိုက်လိုက်သည်။

ဘုန်း...။

တောင်တစ်ခုလုံး ယီယွင်ဆီသို့ ပြေးဝင်သွားလေ၏။

ဒီကောင် တောင်တစ်ခုလုံးကို လက်နက်လို အသုံးပြုပြီးတော့ တိုက်ခိုက်တာလား။ ပရိတ်သတ်များ အမှန်တကယ်ပင် အမြင်ကျယ်သွားရသည်။

ယီယွင်က ခုခံရန်မကြိုးပမ်းပေ။ သူ ဆုတ်ခွာရန်အတွက် တဒင်္ဂလှုပ်ရှားမှုကု အသုံးပြုလိုက်သည်။

ဘုန်း...။

တောင်က စင်မြင့်ကို ဝင်တိုက်မိသွားလေ၏။ ပြိုင်ကွင်းထဲတွင် ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားသည်ဟု လူအများ ခံစားလိုက်ကြရသည်။

လူအများ ဇောချွေးပျံလာသည်။ တိုင်အာနတ်မြို့၌ တိုက်ပွဲတွင် တစ်စုံတစ်ယောက်ကို သတ်မိပါက ထောင်ကျခံရသည်။ သို်သော် ယခုအခါ၌ လီဟုန်၏ မျက်ဝန်းတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နေလေသည်။

ယန်တင်းခွမ် ပြုံးနေလေ၏။ လီဟုန်က သူ့အား စိတ်မပျက်စေခဲ့ပေ။ ကောင်းကင်ခွင်းတောင် ထုတ်သုံးထားသည့် လီဟုန်က အခြေနေတစ်ခုလုံးကို ထိန်းချုပ်ထားလေသည်။ လီဟုန်က ယီယွင်အား တစ်စစီလုပ်ပစ်မည်ကို သူ စောင့်မျှော်နေလေ၏။ ထိုကိစ္စသာ ဖြစ်လာခဲ့လျှင် သူ တိုင်အာနတ်ကျင့်စဥ်ကို ရနိုင်မည်သာမက အနာဂတ်တွင် သူ မနာလိုဖြစ်နေရမည့် ပါရမီရှင်တစ်ဦးလည်း လျော့သွားပေလိမ့်မည်။

ကောင်းကင်ခွင်းတောင်က ယီယွင်အား တစ်ကြိမ်ပြီးတစ်ကြိမ် ဖိချနေလျက်ရှိပြီး ယီယွင်က အကြိမ်တိုင်း ရှောင်တိမ်းနိုင်နေသည်။ မတူညီသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရပြီး မတူညီသော တိုက်ပွဲများကြောင့် ယီယွင် အမြင်ကျယ်လာရသည်။

ယီယွင်၏အမြင်တွင် လီဟုန်က လောဘကြီးသည့် မသမာသူတစ်ဦးသာ ဖြစ်လေ၏။ ထိုကောင်က ပြိုင်ကွင်းထဲတွင် ဤသို့နည်းလမ်းမျိုး သုံးနိုင်နေသည်ကို မျှော်လင့်မထားပေ။

ယီယွင်သည် သူက သိုင်းပညာလမ်းကြောင်းပေါ်သို့ ရောက်ခါစသာဖြစ်ကြောင်း သိနားလည်လေ၏။ အနာဂတ်တွင် သူက မျိုးစုံသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ပြိုင်ဘက်အချို့က လူသားမျိုနွယ်မှ မဟုတ်သည်ပင် ဖြစ်လာနိုင်သည်။

ပြိုင်ဘက်အားလုံးတွင် ထူးဆန်းသော သိုင်းကွက်ပေါင်းစုံ ရှိကြလေ၏။ လက်ရှိတွင် အခွင့်ရေးကိုအရယူကာ သူ့ကိုယ်သူအား မှတ်ကျောက်တင်ပြီး အမြင်ကျယ်လာစေရန် လုပ်ဆောင်နိုင်ခြင်းမရှိပါက အနာဂတ်တွင် ကြီးမားစွာ ခံစားရနိုင်လောက်သည်။

တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။ လူတိုင်းက စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကို အလွတ်မခံကြပေ။

ယီယွင်၏ လှုပ်ရှားမှုများက အလွန်တရာပင် မြန်ဆန်လှသည်ကို ပရိတ်သတ်များ နားလည်လာကြလေ၏။ လီဟုန်၏တောင်က ဥပဒေသစွမ်းအားကြောင့် ကြီးမားမြန်ဆန်သော်လည်း ယီယွင်အား ဖိချေပစ်ရန်မူ ခက်ခဲနေလေသည်။

ယီယွင်က တဒင်္ဂလှုပ်ရှားမှု အသုံးပြုကာ အကြိမ်ကြိမ်ရှောင်တိမ်းသည့် ဗျူဟာကို တွေးထားပုံရလေ၏။

တောင်တစ်လုံးစွမ်းအားအတွက် ယွမ်ချီများ ကုန်ခမ်းနေရသည်မှာ ကောင်းကွက်မဟုတ်ပေ။

ထိုစဥ် လီဟုန်က ပြုံးကာ..." ငါ့ကို သက်လုံအား ကျလာအောင် ကြိုးပမ်းနေတာလား။ ငါ့ရဲ့ ကောင်းကင်ခွင်းတောင်က အဲ့ဒီလောက် ရိုးရှင်းနေလိမ့်မယ်လို့ မင်း ထင်လား "

သူ၏တုတ်နှင့် ချိန်ရွယ်ကာ..." ကွဲစမ်း "

ဘုန်း...။

ကောင်းကင်ခွင်းတောင်က လေထဲတွင် ပေါက်ကွဲသွားကာ အရွယ်စားမျိုးစုံ ကျောက်အပိုင်းအစများအဖြစ် ပြောင်းလဲသွားလေပြီး စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

" မင်းရဲ့ တဒင်္ဂလှုပ်ရှားမှုက အရမ်းကောင်းတယ်လို့ ထင်နေတာလား။ အခု ငါ့ရဲ့တိုက်ခိုက်မှုကို မင်း ဘယ်လိုရှောင်မလဲ "

All Chapters