← Chapters

လီဟုန်ကို အနိုင်ယူခြင်း

Vol. 17 Ch. 253

လီဟုန်ကို အနိုင်ယူခြင်း

Vol. 17 Ch. 253

ပြိုင်ကွင်းထဲတွင် လီဟုန်သည် နှစ်ပိုင်းကွဲနေသော ကောင်းကင်ခွင်းတောင်ကို ကြည့်ကာ အသက်မဲ့နေသည့်ပမာ ဖြစ်နေလေ၏။

တိုင်အာနတ်ကျင့်စဥ်ကို ငါးလအတွင်း တတ်ကျွမ်းစေရမည်ဟု ကြွားဝါထားသည့် ယန်တင်းခွမ်မှာ ထိုင်ခုံလက်တင်ကို လက်ချောင်းများ ဖြူစွတ်လာသည်အထိ ဆုပ်ကိုင်ထားလေ၏။

" နေအလင်းချီ... နေအလင်းချီ... ဒီကောင်က တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်သွားတာလား "

လွန်ခဲ့သည့်နှစ်လခန့်က ယီယွင် ကံကောင်းမှုကြီးဖြစ်ကာ ဂုဏ်အမှတ်များရရှိခဲ့ပြီး တိုင်အာနတ်ကျင့်စဥ်နှင့် လဲလှယ်ခဲ့လေသည်။ တောသားတစ်ကောင်က တော်ဝင်မိသားစု၏ လျှို့ဝှက်ကျင့်စဥ်ကို အမှန်တကယ်ပင် ကျင့်ကြံလိုနေလေ၏။

ယခုတွင်မူ ယီယွင်ကို သရော်ခဲ့ကြသူများ စကားမဆိုနိုင်ကြတော့ပေ။ ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်ခဲ့သည်သာမက နေအလင်းချီ၏ ထန်တောင်ကြားအဆင့်ကိုပင် အောင်မြင်စွာ ပုံဖော်နိုင်ခဲ့လေသည်။

နှစ်လခန့်အတွင်းမှာပင် ယီယွင်က ချင်ဟောင်ထျန်း ၊ လော့ဟော်အာ ၊ လီရှောင်းနှင့် တိုင်အာနတ်မြို့ထဲ၌ တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံခြင်းထားပြီး ကောင်းကင်အဆင့်နှင့် မြေအဆင့် ထိပ်ဆုံးနေရာများကို မောင်ပိုင်စီးထားသော ပါရမီရှင်များအားလုံးကိူ အရှက်ရစေခဲ့လေသည်။

လီဟုန် ယီယွင်အားကြည့်ကာ လက်သီးဆုပ်လိုက်သည်။ သူသည် အဆက်အသွယ်ကျယ်ပြန့်သော ပါရမီရှင်တစ်ဦး ဖြစ်လေ၏။ သူက လူအများအကြားမှ နဂါးတစ်ကောင်ဖြစ်ပြီး ကြီးကျယ်သည့်အရာများ လုပ်ဆောင်ရန် ကံကြမ္မာပါလာသူဟု လူတိုင်းက ပြောကြလေသည်။ သူသည် တိုင်အာနတ်မြို့ထဲတွင် ထိပ်ဆုံးကျင့်စဥ်သုံးခုထဲမှ ကောင်းကင်ခွင်းကျင့်စဥ်ကို တတ်မြောက်ခဲ့သည်။ ယင်းက ထူးချွန်သောရလဒ် ဖြစ်သော်လည်း ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို နှစ်လခန့်ဖြင့် တတ်ကျွမ်းခဲ့သည်နှင့် နှိုင်းယှဥ်လိုက်ပါက ဟာသတစ်ခုသာ ဖြစ်သွားလေသည်။

တိုက်ပွဲမစမီတွင် သူသည် ယီယွင်၏ဝှက်ဖဲကို ကြိုးစားခန့်မှန်းခဲ့လေပြီး ယီယွင်တွင် အလွန်ဆုံးအနေဖြင့် ဓားမောက်သိုင်းကွက် အနည်းငယ်ခန့်သာ ရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။ ယီယွင်၏ ဖုံးကွယ်ထားသည့် စွမ်းအားက နေအလင်းချီ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

" မင်းက ပြိုင်ပွဲတွေ မစခင်ကတည်းက တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်ထားတာလား "လီဟုန် အံကျိတ်ကာ ဆိုလိုက်လေသည်။

ယီယွင်က ဆိုသည်..." ဟုတ်တယ်... ငါက တပ်သားသစ်ပြိုင်ပွဲ မစခင်ကတည်းက တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်ထားပြီးပြီ။ ဒါပေမဲ့ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ ငါက မင်းကြောင့် စွမ်းအားအကုန် ထုတ်မပြခဲ့တာမဟုတ်ဘူး။ ငါ့ရဲ့ဓားမောက်သိုင်းကို မှတ်ကျောက်တင်ဖို့က အဓိကအကြောင်းအရင်း ဖြစ်နေတာကြောင့်ပဲ။ ငါ့က ဓားမောက်သိုင်းကို တပ်သားသစ်ပြိုင်ပွဲ စတင်ပြီးမှပဲ တတ်မြောက်ခဲ့တာ။ ဓားမောက်သိုင်းကို မွမ်းမံဖို့အတွက် ပြိုင်ဘက်လိုအပ်တယ်။ ချိုးနျိုနဲ့ ချူရှောင်းရန်က တပ်သားသစ်တွေထဲမှ အတော်ဆုံးတွေပဲလေ။ ဒါကြောင့် ငါက သူတို့နဲ့ ယှဥ်ပြိုင်ပြီး ကြီးမားတဲ့ အကျိုးအမြတ်တွေ ရခဲ့တယ် "

" မင်းကို ထောင်ချောက်ဆင်တာကတော့ လမ်းကြုံသွားလို့ပဲ။ မင်းက မှော်နဂါးကြေးပြားတွေ လောင်းကြေးထည့်ရုံတင်မကဘူး ဥပဒေသအမှန်တရားကျမ်းကိုပါ လောင်းကြေးထည့်ခဲ့လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး "

ယီယွင် စကားဆိုနေရင်း ပရိတ်သတ်များထဲသို့ တစ်ချက်ကြည့်လိုက်သည်။ ပွဲကြည့်စင် ထောင့်တစ်နေရာတွင် ထိုင်နေသည့် ယန်တင်းခွမ်သည် တင်းမာသောအမူအရာ ဖြစ်နေလေ၏။ ယီယွင်က ထိုကောင့်ကို သောက်ပေါဟုသာ သတ်မှတ်ထားသည်။

ယန်တင်းခွမ် လက်သီးဆုပ်ထားလေပြီး မျက်ဝန်းများထံတွင် သတ်ဖြတ်လိုစိတ်များ တောက်ပနေသည်။ ယီယွင်က အားလုံးကို သိထားချေ၏။

တိုက်ပွဲမစမီတွင် ကျောက်ချင်းချန်က ယန်တင်းခွမ်၏ အကြောင်းများကို ယီယွင်အား ပြောပြထားလေသည်။ အခြေအနေကို အခွင့်ကောင်းယူကာ သူ့အား လှည့်စားကာ အမြတ်ထုတ်လိုနေသည့် ချူတော်ဝင်အိမ်တော်မှ မင်းသားငယ်ကို ယီယွင်က မှတ်မိလေသည်။

ယီယွင်က ယန်တင်းခွမ်ကို မကြောက်ပေ။ ချူတော်ဝင်အိမ်တော်က တော်ဝင်မျိုးနွယ်အစိတ်အပိုင်း ဖြစ်သော်လည်း ဆွေမျိုးဝေးသော တော်ဝင်မျိုးနွယ်သာ ဖြစ်လေသည်။ ချူတော်ဝင်အိမ်တော်တွင် မြင့်မားသော မင်းမျိုးဘွဲ့ရှိပြီး အစွမ်းထက်သည့်တိုင်အောင် ချူတော်ဝင်အိမ်တော်မှ မင်းသားငယ်တွင်မူ စွမ်းအားများ အကန့်အသတ်ရှိနေသည်။

ချူတော်ဝင်အိမ်တော်တွင် လူငယ်မျိုးဆက်များ မည်မျှရှိလေသနည်း။ ရေတွက်ရန် မလွယ်ကူပေ။

ချူဘုရင်က အသက်တစ်ထောင် ပြည့်ပြီးချေပြီ။ နှစ်တစ်ထောင်အတွင်း သူက မိန်းမများ မည်မျှယူခဲ့လေသနည်း။ သူ့တွင် သားသမီးများ မည်မျှရှိလေသနည်း။ ဘုရင်ချူကိုယ်တိုင်ပင် မမှတ်မိပေ။

ယန်တင်းခွမ်က လူငယ်မျိုးဆက်ထဲတွင် ပိုတော်သူတစ်ဦးသာဖြစ်လေ၏။ သို့သော် သူက အမွေဆက်ခံခွင့် မရလေသောကြောင့် ချူဘုရင်၏ ကလေးတစ်ဦးအဖြစ် များစွာအသိမှတ်ပြုမထားပေ။

ထို့ကြောင့်ပင် ယန်တင်းခွမ်က တိုင်အာနတ်ကျင့်စဥ်ကို ရရှိရေးအတွက် ယီယွင်နှင့် အလောင်းအစားလုပ်ခဲ့ခြင်း ဖြစ်သည်။ သူက ချူတော်ဝင်အိမ်တော်ကို အားကိုးမရလေသောကြောင့် ပူးပေါင်းကြံစည်ကာ အကွက်ချခဲ့ခြင်း ဖြစ်လေသည်။

လီဟုန်၏မျက်နှာ နီရဲသွားကာ..." လမ်းကြုံသွားတာလား။ ဟားဟားဟား လမ်းကြုံသွားတာ "

လီဟုန် ဒေါသထွက်နေ၏။

" မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းက တိုင်အာနတ်ကျင့်စဥ်ကို တတ်ထားတော့ရော ဘာဖြစ်လဲ။ ဒီနေ့ ငါက မင်း သေရအောင် လုပ်ပေးမယ် "

ဝှစ်...။

လီဟုန် ရှေ့သို့တိုးသွားကာ တုတ်အား လွှဲယမ်းလိုက်သည်။.နှစ်ပိုင်းပြတ်နေသော ကောင်းကင်ခွင်းတောင်သာ် သန့်စင်သော ယွမ်ချီများအဖြစ် ပြောင်းလဲသွားကာ လီဟုန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေ၏။

" တောင်ခွင်းတုတ် " လီဟုန် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

လက်ထဲမှ တုတ်ဆီသို့ ယွမ်ချီများ ထိုးသွင်းလိုက်ချိန်တွင် တုတ်သည် ခြောက်ပေအရှည်မှ မီတာများစွာအထိ ရှည်သွားလေ၏။ တုတ်သည် တိုင်တစ်လုံးပမာ တုတ်ခိုင်သွားခဲ့သည်။ တုတ်သည် မြည်ဟီးသံကြီးပေးကာ တောင်တစ်လုံးပမာ ပြိုဆင်းလာလေ၏။

ယီယွင် တန်းထျန်ထဲမှ ယွမ်ချီများကို စုစည်းထားခဲ့ပြီး တပ်တစ်ထောင်ဓားမောက်၏ အပြင်လွှာတွင် မီးတောက်များ တောက်လောင်လာသည်။ နေအလင်း တောက်လောင်နေသည့်ပမာပင် ခရမ်းရောင်မီးတောက်များ ထွက်ပေါ်နေလေ၏။

" အကြီးမြတ်ဆုံး အုပ်စိုးမှု "

ခရမ်းရောင်ဓားအလင်း တောက်ပသွားကာ ခရမ်းရောင်အဖြိုက်နက် စင်မြင့်တွင် နက်ရှိုင်းသော ခုတ်ရာကြီးတစ်ခု ဖြစ်သွားစေသည်။

လီဟုန်၏ တုတ်လုံးကြီးနှင့် ဓားမောက်တို့ ဆုံတွေ့မိချိန်တွင် ယွမ်ချီနယ်မြေမှ ဖြစ်ပေါ်လာသော ကျောက်ခဲများည် နေအလင်းချီနှင့် ထိတွေ့မိကာ အရည်ပျော်ကျလေ၏။

သို့သော် လီဟုန်က ရှေ့သို့တိုးနေဆဲပင်။

ဘုန်း...။

လီဟုန်၏တုတ်နှင့် ယီယွင်၏ဓားမောက်တို့ တွေ့ဆုံချိန်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လေသည်။

ကန်အားကြောင့် ယီယွင် မီတာသုံးဆယ်ခန့် ဆုတ်ခွာသွားရကာ စင်မြင့်အဖျားပိုင်းသို့ ရောက်ရှိသွားလေ၏။

လီဟုန်က နယ်မြေစွမ်းအား အသုံးပြုကာ ယီယွင်ကို ဆုတ်ခွာစေနိုင်ခဲ့သော်လည်း ခရမ်းရောင်ဓားအလင်းက ပေါက်ကွဲမှုကို ဖြတ်ကျော်ကာ သူ၏ယွမ်ချီအကာအကွယ်ကို ထိုးဖောက်သွားသည်အား စိတ်ပျက်လက်ပျက် ကြည့်နေခဲ့ရလေ၏။

လီဟုန် ဂုဏ်ယူနေခဲ့သည့် နယ်မြေချပ်ဝတ်ကို ခရမ်းရောင်ဓားအလင်းက ထိုးဖောက်သွားကာ သွေးများ ဖြာဆင်းသွားစေလေသည်။ လီဟုန် ဒဏ်ရာရသွားလေ၏။

ယီယွင်က ဆုတ်ခွာရရုံသာဖြစ်ပြီး လီဟုန်ကမူ ဒဏ်ရာရခဲ့သည်။ မည်သူက အသာစီးရကြောင်း ရှင်းလင်းလှသည်။

သို့သော် ထိုတိုက်ခိုက်မှုက အစပျိုးမျှ ဖြစ်လေသည်။ ယီယွင်က အဆင့်ကြီးအောင်မြင်မှု တဒင်္ဂလှုပ်ရှားမှုကို အသုံးပြုကာ ရှေ့သို့တက်သွားလေသည်။

လီဟုန်ဆီသို့ ဓားသွားပုံရိပ်များ တိုးဝင်သွားလေ၏။

" ချီးပဲ... "

လီဟုန်၏ ခန္ဓာကိုယ်မှ ကြေးခွံချပ်ဝတ် ပြန့်ကားလာလေ၏။

ကောင်းကင်ခွင်းချပ်ဝတ်...။

လီဟုန်က ကောင်းကင်ခွင်းကျင့်စဥ်ကို အသုံးပြုကာ ယီယွင်၏ ဓားအလင်းတိုင်းကို ခုခံခဲ့ဖူးလေသည်။ သို့သော် ဤတစ်ကြိမ်တွင် နေအလင်းချီများ လွှမ်းမိုးထားသည့် ဓားအလင်းများ ထက်ရှလွန်းလှလေ၏။

ထန်း...ထန်း...ထန်း...။

လီဟုန်အား ဒါဇင်နှင့်ချီသော ဓားအလင်းများ ထိမှန်ခဲ့လေပြီး ၎င်းတို့က ယွမ်ချီအကာအကွယ်ကို ထိုးဖောက်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။ နေအလင်းချီ၏ သန့်စင်သောယန်ဓာတ်အောက်တွင် ကောင်းကင်ခွင်းကျင့်စဥ်၏ ကြေးခွံချပ်ဝတ် အရည်ပျော်ကျသွားလေ၏။

" ဓားမောက်တစ်ချောင်းက တောင်တစ်လုံးကို ခုတ်မရဘူးလို့ မင်းပြောခဲ့တယ်မလား။ အဲ့ဒါ ဓားမောက်က လုံလောက်အောင် မထက်သေးလို့ပဲ။ အခု နေမင်းရဲ့မီးတောက် တောင်ရဲ့ ကျောက်ခဲတွေက ခံနိုင်သေးရဲ့လား "

ဘုန်း...။

လီဟုန်၏ တောင်ခွင်းတုတ်သည် ယီယွင်၏ဓားသွားနှင့် ဆုံတွေ့မိကာ အက်ကွဲသွားလေ၏။ ကျောက်ခဲများ ချော်ရည်များအဖြစ် အရည်ပျော်ကျသွားလေ၏။

ရွှတ်...။

ယီယွင်၏ ဓားမောက်က လီဟုန်၏ ပခုံးအား ခုတ်ပိုင်းမိသွားကာ သွေးများ ဖြာဆင်းသွားလေသည်။ လီဟုန် မီတာသုံးဆယ်ခန့် ဆုတ်ခွာသွားလေ၏။

ထိုစဥ်တွင် ယီယွင်၏ကျောဘက်၌ အလောင်းတောင်နှင့် သွေးပင်လယ်တစ်ခု ပေါ်လာသည်။

ဓားမောက်အမှန်တရား ၊ ဓားမောက်ရဲ့အနှစ်သာရက သတ်ဖြတ်ခြင်း...။

ယီယွင်က ယွမ်ချီအားလုံးကို တိုက်ကွက်ထဲတွင် ထည့်သွင်းကာ ခုတ်ပိုင်းလိုက်လေသည်။

အကန့်အသတ်ထိ တွန်းပို့ခံရသော လီဟုန်မှာ ယီယွင်၏တိုက်ကွက်ကို ခုခံရန်အတွက် ယွမ်ချီအားလုံးကို တုတ်ထဲတွင် စုစည်းစေလိုက်လေ၏။

ဘုန်း...။

ပြင်းထန်လှသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး သွေးပင်လယ်တစ်ခု ပေါက်ကွဲသည့်ပမာပင် သွေးအရောင်များ ပျံ့နှံ့သွားလေ၏။

လီဟုန်မှာ ကြိုးပျက်စွန်ပမာ လွင့်စဥ်သွားရပြီး နတ်အရိုင်းမြေစင်မြင့်၏ အကာနံရံအား ပြင်းထန်စွာ ဝင်ဆောင့်မိသွားခဲ့သည်။

ဒေါင်...။

လီဟုန် တုတ်ကို ကိုင်မထားနိုင်တော့ဘဲ ခရမ်းရောင်အဖြိုက်နက် ကြမ်းခင်းပေါ်သို့ လွတ်ကျသွားလေ၏။ ယီယွင်၏ တိုက်ခိုက်မှုကြောင့် ခြောက်ပေရှည်သော တုတ်မှာ နှစ်ပိုင်းပြတ်နေလေ၏။

" ဘယ်လို " လူတိုင်း တုန်လှုပ်သွားရ၏။ လီဟုန်၏ တုတ်က သာမန်လက်နက်တစ်ခု မဟုတ်လေဘဲ ကျော်ကြားသော ဆရာသခင်တစ်ဦးက ဖန်တီးပေးထားခြင်း ဖြစ်ဖို့များလေသည်။

သာမန်အခြေအနေတွင်ဆိုလျှင် ဆရာသခင်များ ပြုလုပ်ထားသည့် လက်နက်များကို ခရမ်းသွေးနယ်ပယ် စစ်သည်များက ဖျက်ဆီးပစ်ရန်မှာ အလွန်ခက်ခဲလေသည်။ သို့သော် ယီယွင်က လုပ်နိုင်ခဲ့လေ၏။ အရည်အသွေးပိုင်းတွင် လီဟုန်၏ တုတ်က ယီယွင်၏ တပ်တစ်ထောင်ဓားမောက်ထက် ပိုကောင်းလေသည်။

" ဘယ်လိုဖြစ်တာလဲ "

လူအချို့မှာ နားမလည်နိုင်ကြပေ။ တပ်တစ်ထောင်ဓားမောက်က နတ်လက်နက် မဟုတ်သည့်တိုင်အောင် လီဟုန်၏တုတ်ကို ခုတ်ပိုင်းနိုင်နေဆဲပင်။

" ဒါက ယွမ်ချီ ထည့်သွင်းလိုက်တာကြောင့်ပဲ " တစ်ယောက်က ဆိုလိုက်လေသည်။

တပ်တစ်ထောင်ဓားမောက်ထဲသို့ နေအလင်းချီ ထည့်သွင်းခြင်းအားဖြင့် ဓားမောက်၏ထက်ရှမှုက လုံးဝကွဲပြားသွားခဲ့သည်ဖြစ်ပြီး လီဟုန်၏ ယွမ်ချီနယ်မြေ ခံနိုင်ရည်ရှိသည့်အရာမျိုး မဟုတ်ပေ။

" ယီယွင် အနိုင်ရတယ် "

တိုက်ပွဲရလဒ်က ရှင်းလင်းလှသည်။ လီဟုန်၏ ကြေးခွံချပ်ဝတ် ပျက်စီးခဲ့ရပြီး နေအလင်းချီက သူ၏သွေးကြောများထဲသို့ တိုးဝင်သွားခဲ့သည်။ လီဟုန် ဒဏ်ရာအပြည့် ဖြစ်နေလျက်ရှိပြီး ဆက်လက်၍ တိုက်ခိုက်ပါက ဒုက္ခိတဖြစ်သွားချေမည်။

ယီယွင်က လီဟုန်ကို အနိုင်ရသွားခဲ့၏။

ယီယွင် နေအလင်းချီကို ထုတ်ဖော်လိုက်ချိန်ကတည်းကပင် လူအများက ထိုရလဒ်ကို ခန့်မှန်းထားပြီး ဖြစ်လေ၏။ သို့သော် အမှန်တကယ် ဖြစ်လာချိန်တွင်မူ သူတို့ မယုံကြည်နိုင်ဖြစ်နေရဆဲပင်။

လီဟုန်က တိုင်အာနတ်မြို့တွင် ယီယွင်ထက် တစ်နှစ်စောကာ ကျင့်ကြံခဲ့သည်ဖြစ်ပြီး ဒုတိယနှစ်များထဲတွင် အတော်ဆုံး ဖြစ်လေ၏။ သူ၏ကျင့်ကြံမှုက ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်နိုင်တော့မည် ဖြစ်သည့်တိုင်အောင် ယီယွင်၏လက်ချက်ဖြင့် အဆုံးသတ်ခဲ့ရသည်။

ယီယွင်က ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

သို့သော် ယီယွင်တွင် စွမ်းအင်များ နည်းပါးစွာ ကျန်တော့သည်ကို လူအများ ရှင်းလင်းစွာမြင်နေကြရလေ၏။ နေအလင်းချီက သန်မာသော်လည်း ယွမ်ချီများကို လျင်မြန်စွာပင် ကုန်ခမ်းစေလေသည်။

ယီယွင်၏ ကျင့်ကြံမှုအဆင့်တွင် အကန့်အသတ်ရှိနေဆဲဖြစ်၍ ခရမ်းသွေးနယ်ပယ် အလယ်အဆင့် အထွတ်အထိပ်၏ ထိုနေအလင်းချီက သူ တိုက်ခိုက်နိုင်သည့် အကန့်အသတ် ဖြစ်လေသည်။

သူသာ နောက်ဆုံးတိုက်ကွက်တွင် လီဟုန်ကို အနိုင်မယူနိုင်ပါက ဆက်လက်တိုက်ခိုက်ရန် စွမ်းအင်များစွာ ကျန်တော့မည်မဟုတ်ပေ။

All Chapters