ကြီးမြတ်သူ၏ ခန္ဓာကိုယ်...
Vol. 44 Ch. 656
ကြီးမြတ်သူရှချင်က ကြီးမြတ်သူယုတိုင်ကို ကျေနပ်စွာ ကြည့်လိုက်သည်။
" အလွှာတစ်ဆယ်နဲ့ စိတ်စွမ်းအားက ဘယ်လိုလုပ် ဒီလောက်သန်မာရတာလဲ။ " ကြီးမြတ်သူယုတိုင်က ရေရွတ်လိုက်သည်။
လင်းယွမ်၏ စိတ်စွမ်းအားက ထိုမျှသန်မာနေလျှင် ခန္ဓာကိုယ်ကို လေ့လာရာတွင် ပြဿနာမရှိလောက်ပေ။ မည်သို့ပင်ဆိုစေ ၎င်းက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသာဖြစ်၏။ ထိုကြီးမြတ်သူက ကျဆုံးခဲ့သည်မှာ ကြာပြီဖြစ်ပြီး လင်းယွမ်က စိတ်ဝိညာဉ်ဖိအားကို ခုခံရုံသာလိုအပ်လေသည်။
" ဘယ်သူသိနိုင်မှာလဲ။ " ကြီးမြတ်သူရှချင်က သူ၏ ခေါင်းကို ခါလိုက်သည်။ သူ၏ မျက်နှာတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။ " ဒါပေမယ့် အခုတော့ အနာဂတ်မှာ ဒီကောင်းလေး ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ ပိုပြီး သိချင်နေပြီ။ "
" ငါ့ရဲ့ စိတ်စွမ်းအားက အရမ်းအားကောင်းလွန်းနေတယ်။ ကြီးမြတ်သူတွေတောင် အလွယ်တကူ သတိထားမိနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။ ၎င်းက စိတ်စွမ်းအား လျင်မြန်စွာ တိုးတက်လာခြင်း၏ ပြဿနာတစ်ခုဖြစ်သည်။ သူ၏ အဆင့်က လိုက်မမီသေးပေ။
" ဒါပေမယ့် အလွှာဆယ့်တစ်ကို တက်လှမ်းပြီးတာနဲ့ အခြေအနေတွေအားလုံး အဆင်ပြေသွားလောက်ပြီ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
အလွှာဆယ့်တစ်သို့ ဝင်ရောက်ပြီးနောက် လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်၊ အတွင်းကမ္ဘာတို့က နောက်ထပ် အရေးပါသော ပြောင်းလဲမှုကို ကြုံတွေ့ရပေလိမ့်မည်။ ထိုအချိန်တွင် သူ၏ စိတ်စွမ်းအားညွှန်းကိန်း ၃၃ သန်းကျော်ကလည်း ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။ သူသာ ဆန္ဒအလျောက် ထုတ်ဖော်ခြင်းမပြုလျှင် ကြီးမြတ်သူများပင် မူမမှန်မှုကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
VR ကမ္ဘာတွင် လင်းယွမ်က သူ၏ မိဘများနှင့် စကားစမြည်ပြောနေခဲ့သည်။
" ရှောင်ယွမ် သားရဲ့ ညီမနဲ့ ယောက်ဖတို့လည်း ရောက်လာတယ်။ " မိခင်လုချုံးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" အင်း သူတို့ကိုလည်း လာခွင့်ပြုလိုက်ပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူ၏ ညီမ လင်းယိက ရှခွန်ရန်နှင့် လက်ထပ်ပြီးနောက် သူတို့က တွေ့ဆုံရန် ခဲယဉ်းသွားခဲ့သည်။ မကြာမီ လင်းယိနှင့် ရှခွန်ရန်တို့ ပေါ်လာကြသည်။
" နဂါးငွေ့တန်းကြယ်သခင်ကို နှုတ်ဆက်ပါတယ်။ " လင်းယွမ်ကို ရင်ဆိုင်ရာတွင် ရှခွန်ရန်က အလွန်လေးစားနေဆဲ ဖြစ်သည်။
လင်းယိနှင့် လက်ထပ်ပြီးနောက် ရှခွန်ရန်က မိသားစုအတွင်း သူ၏ အဆင့်အတန်းမှာလည်း မြင့်တက်သွားခဲ့သည်။ အစတွင် ရှခွန်ရန်က တိုက်ရိုက်မျိုးဆက်တစ်ယောက်သာဖြစ်၏။ လူသားရှမိသားစု၏ အတိုင်းအတာအရ ထိုကဲ့သို့ တိုက်ရိုက်မျိုးဆက်များမှာ အနည်းဆုံး တစ်သိန်း သို့မဟုတ် တစ်သန်းခန့်ရှိသည်။ သူတို့က အဆင့်အတန်းအချို့ရှိသော်လည်း အစားအသောက် စိုးရိမ်စရာမလိုရုံသာ ဖြစ်သည်။
ရှမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သော ရှခွန်ရန်က ပူပင်မရှိသော ဘဝကို နေထိုင်နိုင်သော်လည်း အဆင့်အတန်းမြင့်သော နေရာသို့ ရောက်နိုင်ရန် ခက်ခဲသည်။
သို့သော် လင်းယိနှင့် လက်ထပ်ပြီးနောက် ရှခွန်ရန်က ရှမိသားစု၏ အလွှာဆယ့်တစ် ဘိုးဘေး၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူက ပင်မအဖွဲ့ဝင်ဖြစ်လာပြီး ရှမိသားစု၏ နောက်ထပ်ခေါင်းဆောင်အဖြစ် မျှော်လင့်ချက်ပင် ရှိခဲ့သည်။
ရှမိသားစု၏ ခေါင်းဆောင်က လူသားမျိုးနွယ်တွင် အရေးပါသော လူတစ်ယောက်ဖြစ်ပြီး ရှခွန်ရန် အိပ်မက်ပင်မမက်ရဲသော အဆင့်အတန်းတစ်ခု ဖြစ်လေသည်။
သို့သော် သူ၏ လက်ရှိ အဆင့်အတန်းနှင့် ပြောင်းလဲမှုများက နဂါးငွေ့တန်းကြယ်သခင်ထံမှ လာခြင်းဖြစ်သည်ကို ရှခွန်ရန်က ကောင်းကောင်းနားလည်ပေသည်။ နဂါးငွေ့တန်းကြယ်သခင်မရှိလျှင် သူ ရှခွန်ရန် လူသားရှမိသားစုတွင် အရေးမပါသော တိုက်ရိုက်မျိုးဆက်တစ်ယောက်မျှသာ ဖြစ်ပေလိမ့်မည်။
" အင်း " လင်းယွမ်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
အနည်းဆုံးတော့ ရှခွန်ရန်က လင်းယိအပေါ် စိတ်ရင်းမှန်ခဲ့သည်။ အဆင့်ကိုးနိုင်ငံသားတစ်ယောက်အနေဖြင့် လင်းယွမ်၏ ရှေ့တွင် ရှခွန်ရန်က မည်သည့်လျို့ဝှက်ချက်မှ မရှိပေ။
ခဏစကားပြောပြီးနောက် လင်းယွမ်က မတ်တပ်ရပ်၍ ထွက်ခွာသွားသည်။
" အပြင်လောကမှာ နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်လို့ ပြောကြတယ်။ ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင်က ကျင့်ကြံတာကလွဲ၍ ဘာမှစိတ်မဝင်းစားဘူးဆိုတာ ဘယ်သူသိနိုင်မှာလဲ။ " လင်းယွမ်ထွက်သွားပြီးသောအခါ ရှခွန်ရန်လည်း စိတ်သက်သာရာရသွာယသည်။
သုံးလကြာပြီးနောက် VR ကမ္ဘာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းက ကောင်းကင်တွင် ရှိနေသည်။
လင်းယွမ်က ဆင်ခြင်လေ့လာခြင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ " ဒီသုံးလအတွင်းမှာ ငါ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် နှစ်သန်းကျော်ကို အပြည့်အဝ နားလည်ခဲ့တယ်။ အခု ထပ်ပြီးလေ့လာစရာမရှိတော့ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ယခု သူလေ့လာနေသော အရာက ခန္ဓာကိုယ်အစိတ်အပိုင်း၏ ပုံရိပ်မျှသာ ဖြစ်သော်ကြောင့် အစစ်အမှန် ခန္ဓာကိုယ်၏ အချက်အလက်အားလုံး မပါဝင်ပေ။
" ကောင်းပြီ။ ငါ ခံတပ် ၁၃ ကို တစ်ခေါက်သွားကြည့်ရမယ်။ " နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က မျက်လုံးများဖွင့်ပြီး စိတ်အသိတစ်ခုကို ခွဲထုတ်ကာ ကိုယ်ပွားတစ်ခု ဖန်တီးလိုက်သည်။
လင်းယွမ်၏ လက်ရှိစိတ်စွမ်းအားနှင့် ယာယီဖန်တီးထားသော ကိုယ်ပွားတစ်ခုပင်လျှင် အလွှာဆယ့်တစ် တိုက်ခိုက်ရေးစွမ်းအားကို အလွယ်တကူ ထုတ်ဖော်နိုင်သည်။ ၎င်းက သန်မာသော စိတ်စွမ်းအား၏ အားသာချက်ဖြစ်၏။
ဝှစ်....
ကိုယ်ပွားက မျက်စိတစ်မှိတ်အတွင်၏ နဂါးငွေ့တန်းကြယ်နယ်မြေမှ ထွက်ခွာသွားသည်။
" အချိန် လေဟာနယ် " လင်းယွမ်၏ ကိုယ်ပွားကလည်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကိုလည်း အသုံးပြုနိုင်သည်။
ထို့ကြောင့် ခရီးသွားရာတွင် လင်းယွမ်က လက်ရှိ လူသားမျိုးနွယ်၏ ကြီးမြတ်သူများအောက် သံသယဝင်စရာမလိုပဲ အမြန်ဆုံးတည်ရှိမှုဖြစ်သည်။ ထိုအမြန်ဆုံးဆိုသည်မှာ အခြေခံအားဖြင့် ပြင်ပစွမ်းအားများကို မှီခိုခြင်းမပြုပေ။ သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် နိယာမနားလည်မှုတို့ကို မှီခိုခြင်းဖြင့် လင်းယွမ်ကို ယှဉ်နိုင်သော ဆင့်ကဲပြောင်းလဲသူ ရှိမည်မဟုတ်ပေ။
တစ်လကြာပြီးသောအခါ လင်းယွမ်က ခံတပ် ၁၃သို့ ချောမွေ့စွာ ရောက်လာခဲ့သည်။ အရေးပါသော နေရာတစ်ခုဖြစ်သောကြောင့် ထိုနေရာသို့ ဝင်ရောက်သော မည်သည့်နိုင်ငံသားမဆို တင်းကျပ်သော စစ်ဆေးမှုများကို ခဲယူရန် လိုအပ်လေသည်။
လင်းယွမ်က ကြီးမြတ်သူရှချင်၏ အခွင့်အာဏာကို လွှဲပြောင်းပေးထားသောကြောင့် လင်းယွမ်က လမ်းတစ်လျှောက် အတားအဆီးမရှိဘဲ ခံတပ်၏ အနက်ရှိုင်းဆုံးသို့ တိုက်ရိုက်ရောက်ရှိသွားသည်။
" ဒီခံတပ်ကလည်း ကြောက်စရာကောင်းတဲ့ ကြီးမြတ်သူအဆင့် လက်နက်တစ်ခုပဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးပြီးနောက် ဖိအားအနည်းငယ်ကို ခံစားလိုက်ရသည်။
မကြာမီ လင်းယွမ်က ခမ်းနားသော ခန်းမတစ်ခုထဲသို့ ရောက်ရှိသွားသည်။ အပြင်မှကြည့်လျှင် ခန်းမက အနည်းငယ် ကျဉ်မြောင်းသည်ဟု ထင်ရသော်လည်း အတွင်းသို့ ဝင်လိုက်ချိန်တွင် လင်းယွမ်က ကျယ်ပြန့်သော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
" အဲ့ဒါက..." လင်းယွမ်က ကမ္ဘာ၏ အလယ်တွင် ရှိနေသော ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရသည်။
VR ကမ္ဘာနှင့် ယှဉ်လျှင် ထိုခန္ဓာကိုယ်က ပို၍လက်တွေ့ဆန်ပြီး အသေးစိတ်အသွင်အပြင်များအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ တစ်ချိန်တည်းတွင် သမုဒ္ဒရာကဲ့သို့ ပြင်းထန်သော စိတ်ဝိညာဉ်ဖိအားက ဆင်းသက်လာသည်။
" ဟမ် " လင်းယွမ်၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။
ထိုစိတ်စွမ်းအားက VR ကမ္ဘာထက် ပိုမိုအစွမ်းထက်ပြီး အချိန်တိုအတွင်း အလွှာဆယ့်တစ် သက်ရှိတစ်ယောက်၏ စိတ်အသိကို ဖျက်ဆီးပစ်နိုင်လေသည်။ အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်ပင် ကြာရှည်ခံနိုင်မည်မဟုတ်ဘဲ ပြင်းထန်စွာ ထိတ်ခိုက်သွားစေနိုင်လေသည်။
သို့သော် စိတ်စွမ်းအားညွှန်းကိန်း ၃၃၄သန်းကျော်ရှိသော လင်းယွမ်အတွက် ကြီးမြတ်သူကိုယ်တိုင် လာရပ်နေလျှင်တောင် လင်းယွမ်အတွက် သက်ရောက်မှုရှိမည်မဟုတ်ပေ။
" ကြီးမြတ်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ် " လင်းယွမ်က ဆယ်မီတာအတွင်းသို့ ချဉ်းကပ်သွားသည်။ ၎င်းက ခန္ဓာကိုယ်ကို လေ့လာရန် အကောင်းဆုံး အကွာအဝေးဖြစ်သည်။
လင်းယွမ်က ခန္ဓာကိုယ်၏ အသွေးအသားတို့မှ အသေးစိတ် အချက်အလက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ခန္ဓာကိုယ်၏ အရေပြားက ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး မျက်နှာပြင်တွင် အနက်ရောင်အလွှာပါးလေးများ ရှိနေသည်။
လင်းယွမ်က အသွေးနှင့် အသားများကို ပိုမိုနက်ရှိုင်းစွာ စိုက်ကြည့်လိုက်သောအခါ ဆဲလ်တစ်ခုစီက ကြယ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မရေတွက်နိုင်သော နိယာမများနှင့် အနှစ်သာရများက အနက်ရောင်နတ်ဆိုးကျောက်စိမ်းကဲ့သို့သော အသားအတွင်း စီးဆင်းနေသည်။
" ဒါတွေက နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာရဲ့ အမှတ်အသားတွေလား။ " လင်းယွမ်က တုန်လှုပ်သွား၏။
နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ပင်မအဖွဲ့ဝင်ဖြစ်လာပြီးနောက် လင်းယွမ်က နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာအပါအဝင် အခြားလျို့ဝှက်နည်းစနစ်များကို တွေ့ခဲ့ရသည်။ သို့သော် လင်းယွမ်က ပုံရိပ်ယောင်အစစ်အမှန် လျို့ဝှက်နည်းစနစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
" နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာကျင့်ကြံသူက ကျဆုံးခဲ့တာလား။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာဆယ့်နှစ် ခန္ဓာသန့်စင်ခြင်း လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သော နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာက ရှင်သန်နိုင်စွမ်းတွင် နာမည်ကြီးသော ရွှမ်ဟွမ်မူလခန္ဓာနှင့် အဆင့်တူဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင်တောင် ထိုကြီးမြတ်သူက ကျဆုံးရဆဲ ဖြစ်သည်။
သူက ကျဆုံးသွားပြီးနောက် နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာကလည်း အားနည်းသွားခဲ့သည်။ မဟုတ်လျှင် စကြာဝဠာထဲရှိ ကြီးမြတ်သူများက သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲနိုင်မည်မဟုတ်ပေ။
ရွှမ်ဟွမ်မူလခန္ဓာကို အလွှာဆယ့်နှစ်အထိ ကျင့်ကြံပြီးလျှင် စကြာဝဠာပျက်ဆီးချိန်မှာပင် ခံနိုင်ရည်ရှိပြီး နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာကလည်း ၎င်းနှင့် အဆင့်တူ ဖြစ်လေသည်။ နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ မကျင့်ကြံနိုင်လျှင်တောင် ကြီးမြတ်သူအချို့က အလွယ်တကူ ဆုတ်ဖြဲနိုင်မည်မဟုတ်ပေ။