← Chapters

နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃,၃၃၃,၃၃၃ .....

Vol. 44 Ch. 658

နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃,၃၃၃,၃၃၃ .....

Vol. 44 Ch. 658

" အဲ့ဒါက ငါတို့နဲ့ မဆိုင်ပါဘူး။ " လျိုလီကြယ်သခင်က မဟာစစ်မြေပြင်မှာ အလွှာဆယ့်တစ် အင်အားကြီးသူများအတွက် ဖြစ်သောကြောင့် သာမန်အတိုင်း ပြောလိုက်သည်။

" အဲ့ဒီစစ်မြေပြင်အသစ် ဖွင့်လှစ်တာနဲ့ အရမ်းပြင်းထန်တဲ့ စစ်ပွဲတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ငါထင်တယ်။ " အနက်ရောင်ကြယ်သခင်က လေးနက်စွာ ပြောလိုက်သည်။

အခြားစစ်မြေပြင်များ ဖွင့်လှစ်ချိန်ကပင် စစ်ပွဲ၏ ပြင်းထန်မှုက ကြောက်စရာကောင်းလောက်အောင် မြင့်မားလေသည်။ အထွတ်အထိပ်မျိုးနွယ်များမှ အင်အားကြီးသူများက စစ်မြေပြင်ကို လွှမ်းမိုးနိုင်ရန် ကြိုးစားကြသည်။

မဟာစစ်မြေပြင်ကလည်း ခြွင်းချက်မဟုတ်ပေ။ ယခင် စစ်မြေပြင်ကြီးများနှင့်ယှဉ်လျှင် မဟာစစ်မြေပြင်ရှိ စစ်ပွဲများ၏ ရက်စက်ကြမ်းကြုတ်မှုက ထိတ်လန့်ဖွယ်ရာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

စကားများပြောဆိုပြီးနောက် လင်းယွမ်က ကြယ်သခင်ခန်းမထဲတွင် ထိုင်နေသည်။

" မျိုးနွယ်ခြားတွေရဲ့ မဟာစစ်မြေပြင် " လင်းယွမ်၏ အကြည့်များက နက်ရှိုင်းနေသည်။

မဟာစစ်မြေပြင်ကို တည်ထောင်ခြင်းက အလွန်ကြီးမားသော သက်ရောက်မှုရှိသည်။ အကြောင်းမှာ လူသားမျိုးနွယ်အပါအဝင် အထွတ်အထိပ်မျိုးနွယ်များစွာက အစွမ်းကုန် ကြိုးစားကြမည်ဖြစ်ပြီး အသန်မာဆုံးသက်ရှိများ ရင်ဆိုင်ရနိုင်ခြေများလေသည်။

" အလွှာဆယ့်တစ်ကို တက်လှမ်းဖို့ အချိန်ကျပြီ။ " လင်းယွမ်က ရှုထောင့်အားလုံးတွင် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး အဝေးသို့ ကြည့်လိုက်သည်။

" အလွှာဆယ့်တစ်ကို မတက်လှမ်းခင် နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ " လင်းယွမ်က အနည်းငယ် အံ့ဩသွား၏။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဆင့်သတ်မှတ်ခံအဖွဲ့ဝင် ဖြစ်လာရန် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို အပြည့်အဝ နားလည်ရန်ဖြစ်သည်။ ထို့အပြင် အလွှာဆယ့်နှစ်အောက်တွင် ကန့်သတ်ထားသည်။ လင်းယွမ်က အလွှာဆယ့်တစ်သို့ အရင်တက်လှမ်းပြီးမှ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာရန် ကြိုးစားမည်ဟု တွေးခဲ့သည်။

လူသားမျိုးနွယ်၏ ခံတပ် ၁၃မှ ခန်းမထဲတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ သူ၏ စိတ်ထဲတွင် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အရည်အသွေးဆိုင်ရာ ပြောင်းလဲမျိုတစ်ခု ကြုံတွေ့လာပြီး နတ်ဆိုးကျောက်စိမ်းအမှတ်အသားထဲသို့ ပေါင်းစည်းလာသည်။ နတ်ဆိုးကျောက်စိမ်းအမှတ်အသားကလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။

" ဒါဆို နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေရဲ့ အရေအတွက်က ၃၃,၃၃၃,၃၃၃ ဖြစ်တာပဲ။ "

VR ကမ္ဘာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းကို ပထမဆုံး လေ့လာနေချိန်တွင် လင်းယွမ်က ထိုခန္ဓာကိုယ်အတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သမုဒ္ဒရာပမာ ကျယ်ပြန့်သည်ကို ခံစားခဲ့ရသည်။ သို့သော် ယခု နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အရေအတွက်ကန့်သတ်ချက်ကို သိရှိခဲ့သည်။

" နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာကလည်း အလွှာနှစ်ခုကို အောင်မြင်ခဲ့ပြီ။ အလွှာဆယ့်နှစ်ထိကတော့..." လင်းယွမ်က ခေါင်းခါလိုက်သည်။

ထိုခန္ဓာကိုယ်က မပြည့်စုံဘဲ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ ထို့အပြင် နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာ၏ အမှတ်အသားများက အလွှာဆယ့်နှစ်မှ သဲလွန်စများသာ ဖြစ်သည်။ လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တစ်ခုလုံးကို နားလည်သဘောပေါက်နိုင်လေသည်။

သို့သော် အလွှာဆယ့်နှစ်က လင်းယွမ်၏ လက်ရှိအဆင့်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။ သူက နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာ၏ အလွှာဆယ့်နှစ်ကို နားလည်ခဲ့လျှင်တောင် အချိန်ယူရပေလိမ့်မည်။

" နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာရဲ့ ပထမအလွှာကဏ္ဍက ငါ့ရဲ့ ရုပ်ခန္ဓာကို အရေးပါတဲ့ မြှင့်တင်မှုပေးနေတုန်းပဲ။ "

လင်းယွမ်က ရွှမ်ဟွမ်မူလခန္ဓာကို အလွှာတစ်ဆယ် ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးနောက် အခြားခန္ဓာသန့်စင်ခြင်းနည်းစနစ်များက သူ့အတွက် အကျိုးကျေးဇူး အနည်းငယ်သာ ရှိခဲ့သည်။ ခန္ဓာကိုယ်၏ သန့်စင်သော နေရာများကို ပုံမှန်အားဖြင့် သန့်စင်ပြီးသား ဖြစ်လေသည်။

အခြားခန္ဓာသန့်စင်ခြင်းနည်းစနစ်များက ပို၍ ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခြင်းမရှိလျှင် ၎င်းတို့ကို ပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံခဲ့လျှင်တောင် ရွှမ်ဟွမ်မူလခန္ဓာ၏ လွှမ်းမိုးခြင်းကို ခံရပေလိမ့်မည်။

သို့သော် နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာက ရွှမ်ဟွမ်မူလခန္ဓာနှင့် ကွဲပြားသည်။ ၎င်းကိုလည်း ပြည့်စုံမှုအဆင့်သို့ မြှင့်တင်နိုင်လျှင် သူ၏ ရုပ်ခန္ဓာက ပို၍ မြင့်မားစွာ တိုးတက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

လင်းယွမ်က စဉ်းစားနေစဉ် နတ်ဆိုးကျောက်စိမ်း အမှတ်အသားက အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသည်။ တစ်ချိန်တည်းတွင် နက်ရှိုင်းသော အမျိုးသားတစ်​ယောက်၏ အသံတစ်သံက လင်းယွမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

" နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို နားလည်ပြီး နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဆင့်သတ်မှတ်ခံအဖွဲ့ဝင် ဖြစ်သွားပါပြီ။ "

" နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်.... " လင်းယွမ်က ပြုံးလိုက်သည်။

" နတ်ဆိုးကျောက်စိမ်းအမှတ်အသား။ " လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသား၏ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ ၎င်းက ​ပို၍ နက်နဲလာပြီး ပို၍ ဆန်းကြယ်လာသည်။

" ဒီအမှတ်အသားက နတ်ဆိုးကျောက်စိမ်းနေရာရဲ့ တည်နေရာကို ခံစားမိနေတာလား။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က ယခင် နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို အသုံးပြုပြီး နတ်ဆိုးကျောက်စိမ်းနေရာသို့ ဝင်ရောက်ရုံသာဖြစ်သည်။ သို့သော် ယခု သူက နတ်ဆိုးကျောက်စိမ်းနေရာ၏ ဆုံမှတ်များကို ခံစားမိခဲ့သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်မှ ဖန်တီးထားသော နတ်ဆိုးကျောက်စိမ်းနေရာကို မျှော်စင်အဖွဲ့ဝင်များသာ ဝင်ရောက်နိုင်လေသည်။ ပြင်ပကမ္ဘာမပြောနှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်များပင် ၎င်း၏ တည်နေရာကို အတိအကျမသိကြပေ။

အဆင့်သတ်မှတ်ခံအဖွဲ့ဝင်များ၏ အထက်တွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ တိုက်ရိုက်တပည့်များရှိပြီး အနာဂတ် မျှော်စင်သခင်နှင့် ကြီးမြတ်သူများအဖြစ် ပျိုးထောင်ပေးခြင်း ခံရလေသည်။

" အဲ့ဒီနေရာက အရမ်းဝေးလွန်းတယ်။ " လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားနောက်လိုက်ပြီး သတ်မှတ်ထားသော ဦးတည်းရာတစ်ခုသို့ ကြည့်လိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က သူ၏ စိတ်ဝိညာဉ်မှ နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို ခဏ လေ့လာလိုက်သည်။ ထိုအမှတ်အသားက အလွန်ရှုပ်ထွေးလာပြီး သူ၏ လက်ရှိအဆင့်နှင့်ပင် လေ့လာရန် ခက်ခဲခဲ့သည်။

" နတ်ဆိုးကျောက်စိမ်းနေရာကို သွားကြည့်ရမယ်။ " လင်းယွမ်က သူ၏ စိတ်အသိမျှင်တစ်ခုကို ခွဲထုတ်ပြီး နတ်ဆိုးကျောက်စိမ်းအမှတ်အသားနှင့် ချိတ်ဆက်၍ နတ်ဆိုးကျောက်စိမ်းနေရာသို့ ဝင်ရောက်သွားသည်။

လင်းယွမ်၏ စိတ်အသိ ဝင်ရောက်လာသည်နှင့် နတ်ဆိုးကျောက်စိမ်းနေရာတစ်ခုလုံးက တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ တုန်ခါသွားသည်။ ပတ်ဝန်းကျင်ရှိ မြူခိုးများကလည်း ရုတ်တရက် လွင့်ပြယ်သွားသည်။

လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပြီးနောက် အနက်ရောင်မျှော်စင်ဆီသို့ ဦးတည်သွားသည်။

အနက်ရောင်မျှော်စင်၏ အပြင်ဘက်တွင် အိပ်စက်နေသော ကျောက်ရုပ်တုရှန်းကျိက ရုတ်တရက် နိုးထလာသည်။

" ဘာလဲဟ " ကျောက်ရုပ်တုရှန်ကျိက မယုံကြည်နိုင်ဖြစ်သွားသည်။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်က နောက်ဆုံးတော့ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့ပြီလား။ "

လင်းယွမ်က အနက်ရောင်မျှော်စင်သို့ ရောက်လာသည်။ နတ်ဆိုးကျောက်စိမ်းအမှတ်အသားက အသွင်ပြောင်းလဲပြီးနောက် လင်းယွမ်က နတ်ဆိုးကျောက်စိမ်းနေရာတွင် အခွင့်အာဏာအချို့လည်း ရရှိခဲ့သည်။ ဥပမာ သူသာဆန္ဒရှိလျှင် မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်သည်။

" မင်းက အဆင့်သတ်မှတ်ခံအဖွဲ့ဝင် ဖြစ်လာပြီလား။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

သူကိုယ်တိုင်ပင် လင်းယွမ် မျှော်စင်သခင်ဖြစ်လာနိုင်သည့် ဖြစ်နိုင်ခြေကို မစဉ်းစားခဲ့ပေ။ အဓကအားဖြင့် ၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ဌာနချုပ် ပျက်ဆီးသွားခြင်းနှင့်အတူ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို သယ်ဆောင်ထားသော အုတ်မြစ်လည်း ပျက်စီးသွားခြင်းတို့ကြောင့် ဖြစ်သည်။

ထိုအခြေအနေအောက်တွင် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အလွှာဆယ့်နှစ် မျှော်စင်အဖွဲ့ဝင်များ၏ ခန္ဓာကိုယ်များကို လေ့လာခြင်းသာဖြစ်သည်။ သို့သော် ၎င်းက အလွန်ခက်ခဲလှသည်။

အလွှာဆယ့်နှစ်သက်ရှိများ၏ ခန္ဓာကိုယ်များမှ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်ရန် သူတို့၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ဖိအားကို ခုခံရန်လည်း လိုအပ်လေသည်။ ထိုကဲ့သို့ စိတ်ဝိညာဉ်ဖိအားကို အဆင့်တူ အလွှာဆယ့်နှစ် သက်ရှိများသာ လျစ်လျူရှုနိုင်လေသည်။

ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်၏ ထူးခြားသော အရည်အချင်းကို သိရှိသော်လည်း အနာဂတ် မျှော်စင်သခင်အဖြစ် တစ်ခါမှမတွေးခဲ့ဖူးပေ။ အကြောင်းမှာ ထိုလမ်းကြောင်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ပျောက်ကွယ်သွားသည်နှင့် ပြတ်တောက်သွားခဲ့သောကြောင့် ဖြစ်သည်။

" ကံကောင်းလို့ထင်ပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" ကံကောင်းတာ " ကျောက်ရုပ်တုရှန်းကျိက စကားမပြောနိုင်ဖြစ်သွားသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အထွတ်အထိပ်ကာလကပင် အဆင့်သတ်မှတ်ခံအဖွဲ့ဝင်များက အလွန်ရှားပါးပြီး တစ်ရာထက်မပိုခဲ့ပေ။ သူတို့အားလုံးက အလွှာဆယ့်နှစ် ဖြစ်လာနိုင်သော အလားအလာကို ပိုင်ဆိုင်ကြလေသည်။

တိုက်ရိုက်အဖွဲ့ဝင်များက ကြီးမြတ်သူများဖြစ်လာရန် ပျိုးထောင်ပေးခြင်းခံရပြီး အဆင့်သတ်မှတ်ခံအဖွဲ့ဝင်များကလည်း ထိုအလားအလာကို ပိုင်ဆိုင်ကြလေသည်။

လင်းယွမ် အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာသော နည်းလမ်းက သူ၏ ရှေ့မှ လူများထက် အဆပေါင်းများစွာ ပိုမိုခက်ခဲပြီး တိုက်ရိုက်အဖွဲ့ဝင်ဖြစ်လာခြင်းထက်ပင် စိန်ခေါ်မှုပိုကြီးလေသည်။

All Chapters