← Chapters

နတ်ဘုရင်၏ စိတ်ပျက်မှု....

Vol. 44 Ch. 660

နတ်ဘုရင်၏ စိတ်ပျက်မှု....

Vol. 44 Ch. 660

လင်းယွမ်က လေဟာနယ်အနက်ရှိုင်းဆုံးသို့ ဝင်ရောက်ပြီး နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လူသားမျိုးနွယ်မှ ကြီးမြတ်သူများ၏ ကိုယ်ပွားများက တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။ ကြီးမြတ်သူရှချင်၊ ကြီးမြတ်သူယုတိုင်၊ ကြီးမြတ်သူကုလီ စသည်ဖြင့် ကြီးမြတ်သူကိုးယောက်တို့၏ ကိုယ်ပွားများက ပေါ်လာကြသည်။ ကိုယ်ပွားကို လမ်းညွှန်မှတ်အဖြစ် အသုံးပြုပြီး ကြီးမြတ်သူများ၏ မူလခန္ဓာကိုယ်က အချိန်မရွေး ဆင်းသက်လာနိုင်သည်။

"သူက နောက်ဆုံးတော့ အဆင့်တက်တော့မယ်ပေါ့။ " ကြီးမြတ်သူရှချင်က လင်းယွမ်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရသည်။

" ငါ အနီးက ကြယ်နယ်မြေ ဆယ်ခုကျော်မှာ အချိန်လေဟာနယ် နယ်မြေတွေ ဖန်တီးထားတယ်။ " ဟင်းလင်းပြင်နတ်ဘုရား ရှုချန်က ပြောလိုက်သည်။ သူက လေဟာနယ်တွင် ကျွမ်းကျင်ပြီး လေဟာနယ်မဟာတာအိုနှင့် နီးစပ်နေသူဖြစ်သည်။

ဟင်းလင်းပြင်နတ်ဘုရား ရှုချန်၏ လေဟာနယ်အသုံးပြုပုံနှင့် သူတည်ထောင်ထားသော အချိန်လေဟာနယ် နယ်မြေများက ကြီးမြတ်သူများပင် အချိန်တိုအတွင်း ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

" ဒီကောင်လေး အဆင့်တက်ဖို့ကို ငါတို့ တော်တော် ကြိုးစားလိုက်ရတာပဲ။ " ကြီးမြတ်သူကုလီက မနေနိုင်ဘဲ ပြောလိုက်သည်။

လူသားမျိုးနွယ်၏ သမိုင်းတွင် ကြီးမြတ်သူအဆင့်ကို ကြိုးစားသော အလွှာဆယ့်တစ်များကိုပင် သူတို့က ဤမျှအနီးကပ်အာရုံစိုက်ခြင်းမရှိခဲ့ပေ။ သို့သော် လင်းယွမ်ပြသခဲ့သော အရည်အချင်းကို ထည့်သွင်းစဉ်းစားကြည့်လျှင် ကြီးမြတ်သူများအတွက် ထိုသို့လုပ်ဆောင်ရန် ထိုက်တန်ပေသည်။

အလွှာတစ်ဆယ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့် စိတ်စွမ်းအားတို့က ကြီးမြတ်သူအဆင့်သို့ ရောက်ရှိနေခြင်းမှာ လူသားမျိုးနွယ်တွင် မကြုံတွေ့ဖူးခဲ့ပေ။ ကြီးမြတ်သူကိုးယောက်၏ အမြင်တွင် လင်းယွမ် အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းက ကြီးမြတ်သူအဆင့်သို့ ကြိုးစားနေသော အလွှာဆယ့်တစ်များထက် ပို၍ အရေးပါသည်။

" သူ အလွှာတစ်ဆယ်ကို တက်လှမ်းတုန်းက ငါမရှိဘူး။ အခု ဒီကောင်လေး ဘယ်လိုလှုပ်ရှားမှုမျိုးကို ဖြစ်စေမလဲ ကြည့်ရတာပေါ့။ " နောက်ထပ် ကြီးမြတ်သူတစ်ယောက်က ပြောလိုက်သည်။

လင်းယွမ်က အလွှာတစ်ဆယ်ကို တက်လှမ်းချိန်တွင် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံရရှိခဲ့သည်။ ၎င်းကို မမြင်တွေ့ခဲ့ရသော ကြီးမြတ်သူများက အတော်လေးနောင်တရခဲ့ကြသည်။

" အတော်လေး အံ့ဩစရာကောင်းလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။ " ကြီးမြတ်သူအဆင့်ကို ကြိုးစားတာနဲ့ နီးစပ်နေမလားမသိဘူး။ "

လင်းယွမ်က အလွှာတစ်ဆယ်သို့ ရောက်ပြီးသောအခါ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခဲ့ပြီး အတွင်းကမ္ဘာကိုလည်း များစွာမြှင့်တင်ပေးခဲ့သည်။ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကလည်း အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။

" ကြီးမြတ်သူအဆင့်ကို ကြိုးစားသလိုလား။ "

လူသားမျိုးနွယ်၏ ကြီးမြတ်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ကြည့်ကြတာပေါ့။ " ကြီးမြတ်သူယုတိုင်က ပြောလိုက်သည်။

လေဟာနယ်အလွှာ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုကလည်း သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြပြီဖြစ်သည်။

" အဆင့်တက်မယ်။ " လင်းယွမ်၏ သွေးချီများက ဆူပွက်လာပြီး သူ့ကိုသူ ဖိနှိပ်မှုကို လွှတ်ပေးလိုက်သည်။

ဖိနှိပ်မှုသာမရှိလျှင် သူက အဓိကပေါင်းစပ်နိယာမကို ဒုတိယအဆင့်သို့ နားလည်ချိန်ကတည်းက အလွှာဆယ့်တစ်သို့ တက်လှမ်းသွားပြီဖြစ်သည်။

လင်းယွမ်က သူ၏ ဖိနှိပ်မှုကို လွှတ်လိုက်သည်နှင့် သူ၏ အသက်အနှစ်သာရက အလွှာဆယ့်တစ်သို့ လျင်မြန်စွာ ခုန်တက်သွားသည်။

ကြယ်စကြာဝဠာမဟာမိတ်အတွင်း ကြီးမားသော ဂြိုလ်ကြီးတစ်ခုပေါ်တွင် မိုင်ပေါင်းသန်းချီမြင့်မားသော နတ်ဘုရင်၏ မူလခန္ဓာကိုယ်က တိတ်ဆိတ်စွာ ထိုင်နေသည်။ ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် ကိုယ်ပွား ကျဆုံးသွားခြင်းက နတ်ဘုရင်ကို ကြီးမားသော ထိုးနှက်ချက်ဖြစ်စေခဲ့သည်။

၎င်းက သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို အမြဲတမ်း ဆုံးရှုံးသွားသည်ထက် ပိုခဲ့သည်။ အကြောင်းမှာ သူနှင့် အလိုက်ဖက်ဆုံး ကြီးမြတ်သူအဆင့် လက်နက်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ ပို၍အရေးကြီးသည်မှာ နတ်ဘုရင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကလည်း ထိခိုက်ခဲ့ရသည်။

နတ်ဘုရင်က အလွှာဆယ့်တစ် အထူးသက်ရှိများထဲတွင် အစွမ်းထက်ဆုံးဟုပင် ပြောရဲခဲ့သည်။ သို့သော် ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် လူသားမျိုးနွယ်မှ ရွှယ်ယု၏ လုံးဝအနိုင်ယူခြင်းက နတ်ဘုရင်အတွက် သည်းမခံနိုင်သော ကိစ္စတစ်ခုဖြစ်သည်။

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက မွေးရာပါ အားနည်းကြသည်။ သူတို့၏ ၉၉ ရာခိုင်နှုန်းက ပထမအလွှာကို ဝင်ရောက်နိုင်ခြင်း မရှိကြဘဲ အထူးသက်ရှိများနှင့် ယှဉ်လျှင် အလွန်နိမ့်ကျစွာ စတင်ခဲ့ရသည်။ သို့သော် နတ်ဘုရင်က ထိုကဲ့သို့သော လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ထို့အပြင် ထိုလူသားရွှယ်ယု၏ အမြင်တွင် နတ်ဘုရင်ကို ပြိုင်ဘက်ဟုပင် မသတ်မှတ်ခဲ့ပေ။

ထိုအချိန်တွင် အသံတစ်သံက ဂြိုလ်ထဲသို့ ဝင်ရောက်လာပြီး အချိန်နှင့် လေဟာနယ်ကို ပဲ့တင်ထပ်သွားသည်။

" နတ်ဘုရင် အတိတ်ဟာ အတိတ်ပဲ။ အဲ့ဒါကို စွဲလမ်းနေဖို့ မလိုဘူး။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူ၏ အသံက ထွက်ပေါ်လာသည်။

" ကြီးမြတ်သူ ကျုပ်တို့ စကြာဝဠာထဲမှာ အဲ့လိုဆန်းကြယ်တဲ့ အလွှာဆယ့်တစ် သက်ရှိတစ်ယောက် တကယ်ပဲ တည်ရှိနေတာလား။ " နတ်ဘုရင်က နားလည်ရန် ခက်ခဲနေသည်။

" ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ " ကြီးမြတ်သူက ခဏတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။

" ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှာ အလွှာဆယ့်နှစ်အောက် သက်ရှိတွေအားလုံးက ဖိနှိပ်ခံရတယ်။ အဲ့ဒီလူသားရွှယ်ယုက ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာရဲ့ ဖိနှိပ်မှုက အတိုင်းအတာတစ်ခုအထိ လွတ်မြောက်နိုင်တဲ့ ရတနာတစ်ခုကို သယ်ဆောင်လာတာဖြစ်နိုင်တယ်။ " ကြီးမြတ်သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

အဖြူရောင်စာရွက်က စကြာဝဠာထဲမှ ထွက်ခွာသွားပြီးနောက် အထွတ်အထိပ်မျိုးနွယ်များနှင့် ကြီးမြတ်သူများက ရွှယ်ယု၏ စွမ်းအားနှင့် ပက်သက်၍ ခန့်မှန်းချက်များ ပြုလုပ်ခဲ့ကြသည်။

လူသားရွှယ်ယုက နတ်ဘုရင်ကို တစ်ချက်ကြည့်ရုံနှင့် တုန်လှုပ်နိုင်သော စွမ်းရည်က ပုံမှန်အလွှာဆယ့်တစ် တစ်ယောက် ပြသနိုင်သော အရာမဟုတ်ပေ။

ထိုအရာကို ကြားပြီးနောက် နတ်ဘုရင်က အနည်းငယ် စိတ်သက်သာရာရသွားသည်။ ကြီးမြတ်သူ၏ ခန့်မှန်းချက်အတိုင်းသာ မှန်ခဲ့လျှင် သူ၏ အရေးနိမ့်မှုက များစွာအရှက်ရဖွယ်မဟုတ်ပေ။

" နတ်ဘုရင် မင်းအခုစဉ်းစားရမှာက လာမယ့် မဟာစစ်မြေပြင်ပဲ။ အဲ့ဒီမဟာစစ်မြေပြင်ကို ဖွင့်လှစ်ဖို့ ကြယ်စကြာဝဠာမဟာမိတ်နဲ့ အထွတ်အထိပ်မျိုးနွယ်တွေက ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ခဲ့ကြတယ်။ "

ကြီးမြတ်သူက နတ်ဘုရင်ကို ကြည့်လိုက်သည်။ " အဲ့ဒီမဟာစစ်မြေပြင်မှာ ငါတို့က အစောပိုင်းလွှမ်းမိုးမှုကို ရရှိနိုင်ရင် မင်းရဲ့ ဆုံးရှုံးသွားတဲ့ စိတ်အသိအပိုင်းအစတစ်ခုအတွက် တတ်နိုင်သမျှ လျော်ကြေးပေးမယ်လို့ ငါ အာမခံတယ်။ "

ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် သေဆုံးသွားသော မည်သည့်သက်ရှိမဆို စိတ်အသိအပုင်းအစတစ်ခုကို အမြဲတမ်း ဆုံးရှုံးလေသည်။

" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ။ လာမယ့်စစ်မြေပြင်မှာ ကျွန်တော် အစွမ်းကုန်ကြိုးစားပါမယ်။ " နတ်ဘုရင်က လေးနက်စွာ ​ပြောလိုက်သည်။

" ကောင်းပြီ။ " ကြီးမြတ်သူက ခေါင်းညိမ့်လိုက်သည်။ " ဒီအတွေ့အကြုံနဲ့ မင်းရဲ့ အခြေခံအုတ်မြစ် ပြန်လည်ကောင်းမွန်လာရင် အလွှာဆယ့်နှစ်ကို တက်လှမ်းဖို့ ​ကြိုးစားကြည့်နိုင်တယ်။ "

" အလွှာဆယ့်နှစ်ကို ကြိုးစားဖို့လား။ " နတ်ဘုရင်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။

မည်သည့်အလွှာဆယ့်တစ်သက်ရှိမဆို တစ်ခုတည်းသော ပစ်မှန်က အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ဖြစ်သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီး အချိန်မြစ်မှ လွတ်မြောက်နိုင်မှသာ စကြာဝဠာခေတ်များ တစ်ခုပြီးတစ်ခု အသက်ရှင်နိုင်ရန် မျှော်လင့်နိုင်လေသည်။

" လူသားရွှယ်ယုကို စိတ်ပူစရာမလိုဘူး။ ကြီးမြတ်သူအဆင့်ကို ကြိုးစားတဲ့ လမ်းကြောင်းပေါ်မှာ သူက မင်းလောက်ရောက်နိုင်မှာမဟုတ်ဘူး။ " ကြီးမြတ်သူက ပြောလိုက်သည်။

" ဟုတ်ကဲ့ " နတ်ဘုရင်က ခေါင်းညိမ့်ပြီး အနည်းငယ် ယုံကြည်မှုရှိလာသည်။

" မင်း..." ကြီးမြတ်သူက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် မူလရင်းမြစ်အော်ရာတစ်ခုက စကြာဝဠာတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။

" ဒါက..." ကြီးမြတ်သူ၏ အမူအရာက လေးနက်သွားပြီး ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။

" ကြီးမြတ်သူအဆင့်ကို ကြိုးစားနေတာလား။ " နတ်ဘုရင်ကလည်း သိလိုက်သည်။

ထိုမူလရင်းမြစ်အော်ရာက အလွန်ကျယ်ပြန့်ပြီး အလွှာဆယ့်တစ်သက်ရှိများပင် ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်လေသည်။ ကြီးမြတ်သူအဆင့်ကို ကြိုးစားခြင်းကသာ ထိုကဲ့သို့ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ရောက်ရှိခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

" ဘယ်သူက ကြီးမြတ်သူအဆင့်ကို ကြိုးစားနေတာလဲ။ " နတ်ဘုရင်က ကြီးမြတ်သူကို ကြည့်လိုက်သည်။

သူက ကျယ်ပြန့်သော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ခံစားမိသော်လည်း ကြီးမားသော အချိန်လေဟာနယ်ဝင်္ကဘာဖြင့် ဖုံးလွှမ်းထားသောကြောင့် သေချာမသိနိုင်ပေ။

" လူသားမျိုးနွယ်ကပဲ။ " ကြီးမြတ်သူက ခဏတိတ်ဆိတ်သွားသည်။ အလွှာဆယ့်နှစ်၏ အာရုံခံနိုင်စွမ်းဖြင့် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်၏ ဦးတည်ရာက လူသားမျိုးနွယ်၏ နယ်မြေဖြစ်သည်ကို ခန့်မှန်းနိုင်ခဲ့သည်။

" လူသားမျိုးနွယ်ရဲ့ နယ်မြေလား။ အဲ့ဒီရွှယ်ယုက ကြီးမြတ်သူအဆင့်ကို ကြိုးစားနေတာလား။ " နတ်ဘုရင်က ရပ်တန့်သွားပြီး ထိုအတွေးက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။

All Chapters