← Chapters

ကြီးမြတ်သူအဆင့်ကို ကြိုးစားနေတာလား....

Vol. 44 Ch. 661

ကြီးမြတ်သူအဆင့်ကို ကြိုးစားနေတာလား....

Vol. 44 Ch. 661

ကြီးမားသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်လှိုင်းများက နေရာအနှံ့သို့ ဖြတ်သန်းသွားပြီး ကြယ်စကြာဝဠာအတွင်းရှိ အလွှာဆယ့်နှစ်များအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ အလွှာဆယ့်တစ် သက်ရှိများကလည်း ရုတ်တရက် သတိထားမိသွားခဲ့ကြသည်။

" ကြီးမြတ်သူအဆင့်ကို ကြိုးစားဖို့ အချိန်လေဟာနယ်ပေါင်းစပ်နိယာမက အနည်းဆုံး ပဉ္စမအဆင့်မှာ ရှိရမယ်။ "

" ငါ သက်တမ်းမကုန်ခင် ကြီးမြတ်သူအဆင့်ကို ကြိုးစားနိုင်ပါ့မလားမသိဘူး။ "

စကြာဝဠာ မွေးဖွားချိန်မှစ၍ အချိန်ကာလတစ်ခုကြာတိုင်း ကြီးမြတ်သူအဆင့်ကို ကြိုးစားသော သက်ရှိများရှိခဲ့သော်လည်း အများစုမှာ ကျရှုံးခဲ့ကြပြီး အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများက ၎င်းကို ရင်းနှီးနေကြပြီဖြစ်သည်။

" မူလရင်းမြစ်က လူသားမျိုးနွယ်ရဲ့ နယ်မြေထဲမှာလား။ "

အင်းဆက်မျိုးနွယ်၏ နယ်မြေတွင် ဘုရင်မ တစ်ပါးပြီး တစ်ပါး မျက်လုံးများဖွင့်လိုက်ကြပြီး ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ကြည့်ရှုလိုက်ကြသည်။

" လူသားမျိုးနွယ်က ဆယ်ယောက်မြောက် ကြီးမြတ်သူကို မွေးဖွားဖို့ ဖြစ်နိုင်ပါ့မလား။ " အင်းဆက်မျိုးနွယ်၏ ဘုရင်မများက မျက်မှောင်ကြုတ်သွားကြသည်။

လူသားမျိုးနွယ်က ယခုပင် အလွန်သန်မာနေပြီဖြစ်သည်။ ဆယ်ယောက်မြောက် ကြီးမြတ်သူထွက်ပေါ်လာလျှင် အင်းဆက်မျိုးနွယ်ကို အသက်ရှူကြပ်စေပေလိမ့်မည်။

ထျန်းယုမျိုးနွယ်၏ နယ်မြေ။

ဘိုးဘေးများအားလုံးက လေးနက်သော အမူအရာများနှင့် ရှိနေကြသည်။ ပုံမှန်အားဖြင့် လူသားမျိုးနွယ်က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကို သေချာသော အာမခံချက်မရှိဘဲ ကြီးမြတ်သူအဆင့်သို့ ကြိုးစားရန် ခွင့်ပြုမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကျရှုံးလျှင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူကို လုံးဝ ဆုံးရှုံးခြင်းကို ဆိုလိုသည်။ ကြီးမြတ်သူအဆင့်ကို ကြိုးစားရာတွင် ကျရှုံးသွားသော သေဆုံးမှုက ပြန်လည်ပြောင်းလဲနိုင်ခြင်းမရှိပေ။ အကြောင်းမှာ အသက်တံဆိပ်က အချိန်မြစ်မှ ခဏ ထွက်ခွာသွားသောကြောင့်ဖြစ်သည်။ အောင်မြင်လျှင် အချိန်မြစ်၏ အချုပ်အနှောင်များမှ လုံးဝ လွတ်မြောက်ခြင်းကို ဆိုလိုသည်။ ရှုံးနိမ့်လျှင် အရာအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။

ကြီးမြတ်သူများပင် ပြန်လည်ရှင်သန်နိုင်ခြင်းမရှိပေ။ အမှတ်အသားအဖြစ် အသက်တံဆိပ်မရှိလျှင် ကြီးမြတ်သူများပင် အချိန်မြစ်ကို ဆန့်ကျင်သော်လည်း ပစ်မှတ်ကို ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် အထွတ်အထိပ်မျိုးနွယ်များက ကြီးမြတ်သူအဆင့်ကို ကြိုးစားရန် အလွန်သတိထားပြီး ဆောင်ရွက်ကြလေသည်။

လုံးဝမလိုအပ်လျှင် သူတို့က ကိုယ်ပိုင်အချိန်စီးဆင်းမှုကို နှေးကွေးစေပြီး အကောင်းဆုံးအခြေအနေသို့ စောင့်ဆိုင်ကြပေလိမ့်မည်။ မျိုးနွယ်များနှင့် မသက်ဆိုင်သော အထူးသက်ရှိများက ခြွင်းချက်ဖြစ်သည်။ အချို့အထူးသက်ရှိများက လုံလောက်စွာ အသက်ရှင်ပြီးနောက် သေချာမှုမရှိဘဲ ကြီးမြတ်သူအဆင့်ကို အတင်းအကျပ် ကြိုးစားနေကြဆဲ ဖြစ်သည်။

နဂါးငွေ့တန်းကြယ်နယ်မြေ။

လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ သူ၏ ဖိနှိပ်မှုကို ထုတ်လွှတ်ပြီးနောက် စကြာဝဠာက ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ကြောက်စရာကောင်းသော စကြာဝဠာလေဟာနယ်အက်ကြောင်းတစ်ခုက သူ၏ ခေါင်းအထက်တွင် ပွင့်လာခဲ့သည်။ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များက ဆင်းသက်လာပြီး မမြင်နိုင်သော ဖိအားတစ်ခုက စကြာဝဠာတစ်ခုလုံး ဖြန့်ကျက်လာသည်။

လင်းယွမ်က အထက်သို့ ကြည့်လိုက်သည်။ စကြာဝဠာလေဟာနယ်အက်ကြောင်းက ဆက်လက်ကျယ်ပြန့်နေပြီး ချက်ချင်း အလင်းနှစ် တစ်ဆယ် ဖြစ်သွားသည်။ လျို့ဝှက်ဆန်းကြယ်သော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များက သူ့ဆီသို့ ဆင်းသက်လာသည်။

" အဲ့ဒါက ဖရိုဖရဲဟင်းလင်းပြင်ရဲ့ တည်နေရာလား။ " လင်းယွမ်က အလင်းနှစ် တစ်ဆယ်ကျော် ရှည်လျားသော စကြာဝဠာလေဟာနယ်အက်ကြောင်းကို ကြည့်ရှုလိုက်သည်။ စကြာဝဠာ လေဟာနယ်အက်ကြောင်းက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အလင်းနှစ် တစ်ရာသို့ ရောက်ရှိသောအခါ တဖြည်းဖြည်း ရပ်တန့်သွားသည်။

" အလင်းနှစ်တစ်ရာလား။ " လင်းယွမ်က ဤတစ်ကြိမ်တွင် သူခံနိုင်ရည်ရှိသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ကန့်သတ်ချက်ဖြစ်သည်ကို နားလည်သည်။

ယခင် အလွှာတစ်ဆယ်သို့ တက်လှမ်းချိန်မှ အလင်းနှစ် တစ်ဆယ်ရှိသော အက်ကြောင်းနှင့်ယှဉ်လျှင် ယခု အလင်းနှစ်တစ်ရာ အက်ကြောင်းက ဆယ်ဆကွာခြားသော်လည်း နောက်ဆုံး ထွက်ပေါ်လာသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များ အဆတစ်ရာ၊ အဆတစ်ထောင် များစွာ ကွာခြားလှသည်။

" မူလရင်းမြစ်ကို စတင်လက်ခံရမယ်။ "

စကြာဝဠာလေဟာနယ်အက်ကြောင်း ရပ်တန့်သွားသည်နှင့် သူက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်အား လက်ခံရတော့မည်ကို နားလည်လိုက်သည်။ စကြာဝဠာမူလရင်းမြစ်ဖြစ်စေ၊ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ဖြစ်စေ သက်ရှိ၏ ကိုယ်ပိုင်အခြေအနေများပေါ်တွင် မူတည်နေသည်။

ဥပမာ ရုပ်ခန္ဓာ၊ စိတ်စွမ်းအားနှင့် အတွင်းကမ္ဘာ စသည်တို့ဖြစ်သည်။ အခြေခံအုတ်မြစ်က ပို၍ သန်မာသည်နှင့် မူလရင်းမြစ်ကို ပို၍ ခံနိုင်ရည်ရှိလေဖြစ်သည်။

" ငါ့မှာ အချိန် ၃၃၃ စက္ကန့်ပဲရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ထိုအခွင့်အရေးက စကြာဝဠာရှိ သက်ရှိအားလုံးနီးပါး ကြီးမြတ်သူအဆင့်သို့ တက်လှမ်းမှ တစ်ကြိမ်သာ ရရှိနိုင်သော အခွင့်အရေး ဖြစ်သည်။ နောက်ပိုင်းတွင် အလွှာဆယ့်နှစ်သို့ ချောမွေ့စွာ ကူးပြောင်းပြီး အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသွားလျှင် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ဖြည်းညင်းစွာ စုပ်ယူနိုင်တော့သည်။

ဝုန်း....

အလင်းနှစ်တစ်ရာကျယ်သော လေဟာနယ်အက်ကြောင်းအတွင်း ကြောက်စရာကောင်းသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များက ပြည့်နှက်လာသည်။

" အားလုံးကို စုပ်ယူလိုက်စမ်း။ " လင်းယွမ်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းကမ္ဘာတို့က ရူးသွပ်စွာ စုပ်ယူလိုက်ကြသည်။

ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်စွမ်းအားက အလွန်သန့်စင်ပြီး ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်နှင့် မိမိ၏ စွမ်းအားအဖြစ် ပြောင်းလဲပြီး အခြေခံအုတ်မြစ်ကို တိုးမြှင့်ပေးနိုင်လေသည်။

" ဟမ် " စက္ကန့်နှစ်ဆယ်ကြာပြီးသောအခါ လင်းယွမ်က သူ၏ အတွင်းကမ္ဘာတွင် ပြည့်ဝသော ခံစားချက်ကို ရလိုက်သည်။ ၎င်းက လုံလောက်စွာ စားသုံးပြီးပြီဖြစ်ကြောင်း ထင်ရှားနေသည်။

" ဆက်စုပ်ယူရမယ်။ " လင်းယွမ်က ရပ်တန့်ခြင်း မရှိပေ။

နဂါးငွေ့တန်းကြယ်နယ်မြေ။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က အလင်းနှစ်ရာချီကျယ်ဝန်းသော စကြာဝဠာလေဟာနယ်အက်ကြောင်းနှင့် ဖရိုဖရဲဟင်းလင်းပြင် မူလစွမ်းအားများက ပြည့်ဝစွာ စီးဆင်းနေသည်ကို အံ့ဩစွာကြည့်နေကြသည်။

" အလင်းနှစ်တစ်ရာကျယ်တဲ့ လေဟာနယ်အက်ကြောင်း။ ဒါက ကြီးမြတ်သူအဆင့်ကို တိုက်ခိုက်တာနဲ့ မကွာခြားဘူးမဟုတ်လား။ " ကြီးမြတ်သူရှုချန်က အနည်းငယ် ကြောင်သွားသည်။

အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က ကြီးမြတ်သူအဆင့်ကို ကြိုးစားခြင်းက သူတို့အတွက် ထူးဆန်းသော အရာမဟုတ်ပေ။ သို့သော် လင်းယွမ်က ကြီးမြတ်သူအဆင့်ကို တက်လှမ်းနေခြင်းမဟုတ်ဘဲ အလွှာဆယ့်တစ်သို့ တက်လှမ်းနေခြင်းသာ ဖြစ်သည်။

ယခုအချိန်တွင် လင်းယွမ်က ကြီးမြတ်သူအဆင့်ကို ကြိုးစားနေသူများနှင့် တစ်ခုတည်းသော ကွာခြားချက်မှာ သူက အချိန်မြစ်ထဲမှ မထွက်ခွာသေးခြင်းဖြစ်သည်။

" ဒါက " ကြီးမြတ်သူရှချင်က ထိတ်လန့်သွားသည်။

သူက လင်းယွမ် အလွှာတစ်ဆယ်သို့ တက်လှမ်းချိန်တွင် မြင်တွေ့ခဲ့ရသောကြောင့် သက်ရောက်မှုက သေချာပေါက်သေးငယ်မည်မဟုတ်သည်ကို ခန့်မှန်းမိလေသည်။ သူက လင်းယွမ်ကို ကြီးမြတ်သူအဆင့်သို့ တက်လှမ်းခြင်းနှင့် နီးစပ်လိမ့်မည်ဟုပင် တွေးခဲ့သည်။

အလွှာဆယ့်တစ်မှ ကြီးမြတ်သူအဆင့်သို့ တက်လှမ်းခြင်းက အမြင့်ဆုံးခုန်ပျံကျော်လွှားခြင်းဖြစ်ပြီး အခြေခံအုတ်မြစ်ထက် ကျော်လွန်သော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ဖြစ်ပေါ်စေနိုင်သည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ဟင်းလင်းပြင်ထဲတွင် ရပ်နေကြပြီး အလင်းနှစ်တစ်ရာကျယ်သော ​လေဟာနယ်အက်ကြောင်းမှ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များ ထွက်ပေါ်နေသည်ကို ဆက်လက်စောင့်ကြည့်နေသည်။

စကြာဝဠာအတွင်းမှ အထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများကလည်း အနည်းငယ် မသက်မသာ ခံစားနေရသည်။ အထူးသဖြင့် လူသားမျိုးနွယ်နှင့် ကြီးမားသော ရန်ငြိုးရှိသော အင်ဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်တို့က လူသားမျိုးနွယ်တွင် ဆယ်ယောက်မြောက် ကြီးမြတ်သူ ထွက်ပေါ်လာမည်ကို လုံးဝ မလိုလားကြပေ။

လူသားမျိုးနွယ်က ဆယ်ယောက်မြောက် ကြီးမြတ်သူကို မွေးထုတ်ပေးနိုင်ခဲ့လျှင် နောက်ဆက်တွဲ စစ်ပွဲအခြေအနေများကို နက်ရှိုင်းသော သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။ အထူးသဖြင့် မဟာစစ်မြေပြင် ဖွင့်လှစ်ရန် နီးကပ်နေသော အချိန်တွင် ဖြစ်သည်။

" အခု ငါတို့ ဘာလုပ်ကြမလဲ။ "

" သူ့ကို တားကြမလား။ ကြီးမြတ်သူအဆင့်ကို တက်လှမ်းချိန်မှာ လူတစ်ယောက်က အချိန်မြစ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့ လိုပေမယ့် အချိန်မြစ်ရဲ့ ကာကွယ်မှုအောက်မှာလည်း ရှိတယ်။ "

" ငါတို့ဘာလုပ်မှာလဲ။ လူသားမျိုးနွယ်က နောက်ထပ်ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာတာကို ထိုင်ကြည့်နေရမှာလား။ " အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နှင့် အခြားကြီးမြတ်သူများက လျင်မြန်စွာ ဆက်သွယ်လိုက်ကြသည်။

" အချိန်မြစ်ဆီသွားမယ်။ " အင်းဆက်ဘုရင်မက ပြောလိုက်သည်။

" မှန်တယ် အချိန်မြစ်ကို သွားရမယ်။ " အခြားကြီးမြတ်သူများကလည်း ချက်ချင်း ခေါင်းညိမ့်လိုက်ကြသည်။

အချိန်မြစ်၏ ကမ်းခြေတွင် အချိန်မြစ်ထဲမှ အသေးစိတ် အချက်အလက်များစွာကို လေ့လာနိုင်ခြင်းမရှိသော်လည်း အချိန်မြစ်၏ အချုပ်အနှောင်များမှ လွတ်မြောက်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းလာသူရှိလျှင် သူတို့က စောင့်ကြည့်နိုင်လေသည်။

အချိန်မြစ်က ခမ်းနားထည်ဝါစွာ စီးဆင်းမေသည်။ ရှေးဟောင်းအတိတ်မှ ဝေးကွာသော အနာဂတ်ဆီသို့ ဦးတည်နေသည်။ ၎င်းက ထာဝရမပြောင်းလဲဟု ထင်ရသည်။ အချိန်မြစ်၏ ကမ်းခြေတွင် ကြီးမားသော ပုံရိပ်များက တစ်ခုပြီး တစ်ခုပေါ်လာပြီး အချိန်မြစ်၏ အသေးစိတ်အချက်အလက်များကို ဂရုတစိုက် လေ့လာနေကြသည်။

အလွှာဆယ့်တစ် သက်ရှိများက ကြီးမြတ်သူအဆင့်သို့ ကြိုးစားချိန်တွင် ပြင်ပစွမ်းအားများနှင့် ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ သူတို့က အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက်တွင် ကမ်ခြေသို့ လာရမည်ဖြစ်သည်။ ၎င်းက အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်မှ ကြီးမြတ်သူများ၏ အခွင့်အရေးလည်း ဖြစ်သည်။

All Chapters