← Chapters

လင်းယွမ်၏ ပြောင်းလဲမှု....

Vol. 44 Ch. 662

လင်းယွမ်၏ ပြောင်းလဲမှု....

Vol. 44 Ch. 662

အလွှာဆယ့်နှစ်သို့ ဝင်ရောက်ခါစ ကြီးမြတ်သူတစ်ယောက်က အားအနည်းဆုံး အ​ခြေအနေတွင် ရှိနေသည်မှာ ​သေချာလေသည်။ လူသားမျိုးနွယ်မှ ကြီးမြတ်သူကိုးယောက်၏ ကာကွယ်မှုရှိသော်လည်း ရုတ်တရက် တိုက်ခိုက်လျှင် အရေးပါသော သက်ရောက်မှုရှိမည်မှာ သေချာလေသည်။

အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်၏ ကြီး​မြတ်သူများက လူသားမျိုးနွယ်မီ ကြီးမြတ်သူကို သတ်ပစ်ရန် စိတ်ကူးမရှိလျှင်တောင် အနည်းဆုံး ထိခိုက်မှုအချို့ ဖြစ်ပေါ်စေနိုင်သည်။ ဤနည်းဖြင့် နောက်ပိုင်းတွင် သူတို့အပေါ် ဖိအားများ လျော့နည်းသွားပေလိမ့်မည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက် ကမ်းခြေသို့ လာသည်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခြင်းက ကြီးမားသော ရန်ငြိုးကို ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ပုံမှန်အခြေအနေများတွင် သူတို့က ထိုကဲ့သို့ ပြုလုပ်မည်မဟုတ်ပေ။

အဓိကအားဖြင့် အလွှာဆယ့်နှစ်ထဲသို့ ဝင်ရောက်ခါစ သက်ရှိတစ်ယောက်ကို သတ်ရန် မလွယ်ကူပေ။ အကြောင်းမှာ အသက်အနှစ်သာရက အမြင့်ဆုံးခုန်ပျံကျော်လွှားမှု ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် ပျက်စီးရန် အလွန်ခက်ခဲလေသည်။

သက်ရောက်မှုက ကြီးမားပြီး စကြာဝဠာခေတ်၏ အဆုံးသတ်နှင့် သက်ဆိုင်သွားနိုင်လေသည်။ သို့သော် ထျန်းယုမျိုးနွယ်၊ အင်းဆက်မျိုးနွယ်တို့က လူသားမျိုးနွယ်နှင့် ကြီးမားသော ရန်ငြိုးရှိပြီးသားဖြစ်သည်။

ထျန်းယုမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်မှ အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အလွှာဆယ့်နှစ်သို့ ဝင်ရောက်ပြီး ကမ်းခြေသို့ တက်လာနိုင်လျှင် လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က အခွင့်အရေးကို လက်လွှတ်မခံဘဲ တိုက်ခိုက်နိုင်သည်။

ကြယ်စကြာဝဠာမှ ကြီးမြတ်သူများက တိုက်ပွဲထဲသို့ မဝင်ရသည့် အကြောင်းရင်းမှာ သူတို့ပါဝင်ခြင်းက မပါဝင်ခြင်းနှင့် တူညီသောကြောင့် ဖြစ်သည်။ ထို့အပြင် စစ်ပွဲ၏ ပြင်းထန်မှုက အလွန်မြင့်မားခဲ့လျှင် အထွတ်အထိပ်မျိုးနွယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့်လက်ရှိ ဟန်ချက်ကို ထိန်းသိမ်းထားခြင်းဖြစ်သည်။

" စောင့်ကြစို့။ "

" ငါတို့ ကမ်းခြေကပဲ ကြည့်မယ်။ "

" လူသားမျိုးနွယ်က အဲ့ဒီအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူ ကမ်းခြေကို တက်လာရင် မင်းတို့ ဘာမှမထိန်ချန်ထားနဲ့။ "

အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နှင့် အခြားကြီးမြတ်သူများက အချင်းချင်း ကြည့်လိုက်ကြပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကိုလည်း သတိထားနေကြသည်။ သူတို့က အချိန်မြစ်၏ ကမ်းခြေတွင် ချောင်းမြောင်းတိုက်ခိုက်ရန် စဉ်းစားနိုင်သောကြောင့် လူသားမျိုးနွယ်၏ ကြီးမြတ်သူများက ကြိုတင်ကာကွယ်မှုများ သေချာပေါက် ပြုလုပ်ထားကြပေလိမ့်မည်။

နဂါးငွေ့တန်းကြယ်နယ်မြေ။

လေဟာနယ်အလွှာ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စုပ်ယူနေသည်။ သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းကမ္ဘာတို့ကလည်း စွမ်းအားများ လျင်မြန်စွာ ပြည့်ဝလာသည်။

အထူးသဖြင့် အတွင်းကမ္ဘာက နှစ်ဆယ်စက္ကန့်စုပ်ယူပြီးနောက် ပြည့်ဝသွားပြီး ကန့်သတ်ချက်များမှ ထိုးဖောက်မည့်ခံစားချက်ကို ရရှိခဲ့သည်။ ထို့ကြောင့် လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် စုပ်ယူခြင်းကို မရပ်တန့်ခဲ့ပေ။

ငါးဆယ်စက္ကန့်ကြာပြီးနောက် ကန့်သတ်ချက်များကို ထိုးဖောက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် မူလက မိုင် ၂.၃၃ ဘီလီယံကျယ်ပြန့်သော အတွင်းကမ္ဘာက ရုတ်တရက် ရူးသွပ်စွာ ကျယ်ပြန့်လာခဲ့သည်။ မိုင် ၂၃ ဘီလီယံ၊ မိုင် ၄၃ ဘီလီယံ၊ မိုင် ၁၁၀ ဘီလီယံ။

ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ပေါင်းထည့်ခြင်း သုံးရာစက္ကန့်မြောက်သို့ ရောက်သောအခါ အတွင်းကမ္ဘာက ခြောက် ထရီလီယံမိုင်သို့ ရောက်သွားခဲ့သည်။ ကမ္ဘာ၏ ကြီးမားသော စွမ်းအားက သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အားဖြည့်ပြီး ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို အဆက်မပြတ် စုပ်ယူခြင်းဖြင့် သူ၏ ခွန်အားက အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

မကြာမီ ၃၃၃ စက္ကန့် ကြာသွားသည်။ အလင်းနှစ် တစ်ရာ ကျယ်ဝန်းသော ကောင်းကင်ရှိ လေဟာနယ်အက်ကြောင်းက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ ဖရိုဖရဲဟင်းလင်းပြင်၏ အော်ရာကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

" ပုံမှန်အခြေအနေမှာဆို ကြီးမြတ်သူအဆင့်ကို ကြိုးစားတဲ့လူတစ်ယောက်က ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ရောက်ရှိလာပြီး စကြာဝဠာရဲ့ နိယာမတွေ ခဏနောက်ဆုတ်တာကို အသုံးပြုပြီး အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို လုပ်ရလိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ရောက်ရှိလာခြင်းနှင့်အတူ စကြာဝဠာ၏ နိယာမကန့်သတ်ချက်များက ယာယီပျောက်ကွယ်သွားပြီး ၎င်းက အလွှာဆယ့်တစ် တစ်ယောက် ကြီးမြတ်သူအဆင့်သို့ တက်လှမ်းရန် အကောင်းဆုံး အချိန်ဖြစ်သည်။

ကြီးမြတ်သူအဆင့်ကို ကြိုးစားသော မည်သူမဆို စကြာဝဠာ၏ ကန့်သတ်ခထက်များမှ လွတ်မြောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုအခြေအနေတွင် စကြာဝဠာကလည်း တားဆီးရန် အစွမ်းကုန် ကြိုးစားပေလိမ့်မည်။

" ဒါပေမယ့် ငါ အဲ့လိုလုပ်ဖို့ မလိုသေးဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။

သူက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံရန် နောက်ထပ် အခွင့်အရေးတစ်ခုရှိနေဆဲ ဖြစ်သည်။ လင်းယွမ်၏ အခြေခံအုတ်မြစ်က အလွန်ခိုင်မာနေပြီဖြစ်သော်လည်း ကြီးမြတ်သူအဆင့်ကို ကြိုးစားရန် အန္တရာယ်ကြီးမားနေဆဲ ဖြစ်သည်။

လင်းယွမ်က တိုးတက်ရန် နေရာများစွာ ရှိနေသည်။ အလွှာဆယ့်တစ်တွင် စုဆောင်းထားသော အခြေခံအုတ်မြစ်က ပို၍ နက်ရှိုင်းသည်နှင့် ကြီးမြတ်သူအဆင့်ကို ကြိုးစားရာတွင် အာသာချက် ပို၍ ကြီးမားပေလိမ့်မည်။

" ငါ့ရဲ့ အတွင်းကမ္ဘာက အခု ခြောက် ထရီလီယံမိုင်ရောက်သွားပြီပဲ။ " လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။

" ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်စွမ်းအားရဲ့ ၉၉ ရာခိုင်နှုန်းကို ငါ အခုထိ မစုပ်ယူရသေးဘူး။ ငါ့အတွက်ကမ္ဘာရဲ့ နက်ရှိုင်းနဲ့ နေရာမှာ စုဆောင်းထားတယ်။ "

လင်းယွမ်က အတွေးများနှင့် ကြည့်နေခဲ့သည်။ သူလက်ခံနိုင်သော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ပမာဏက အလွှာဆယ့်တစ်သက်ရှိများ အလွှာဆယ့်နှစ်သို့ တက်လှမ်းသော ပမာဏနှင့် အတူတူပင်ဖြစ်သည်။

အောင်မြင်ပြီးနောက် သူတို့၏ အသက်အနှစ်သာရက အလွှာဆယ့်နှစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုအတွင်းစကြာဝဠာက အလင်းနှစ် တစ်သောင်းမှ တစ်သိန်းအထိ ကျယ်ပြန့်နိုင်လေသည်။

လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်တို့ကို သေချာမစုပ်ယူရသေးသောကြောင့် သူ၏ အတွင်းကမ္ဘာက မိုင် ၆၀၀ ဘီလီယံတွင် ရပ်တန့်သွားခဲ့သည်။

" အဲ့ဒါလည်း ကောင်းတာပဲ။ အဲ့ဒီအရာအားလုံးက ငါ့ရဲ့ အခြေခံအုတ်မြစ် ဖြစ်လာရင် ကြီးမြတ်သူအဆင့်ကို ကြိုးစားတဲ့အခါ ငါ့ရဲ့အတွင်းကမ္ဘာက အလင်းနှစ် တစ်သိန်းကျော်သွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

များပြားသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များက လင်းယွမ်၏ အခြေခံ ခွန်အားကို များစွာ မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် ကြီးမြတ်သူအဆင့်သို့ ကြိုးစားချိန်တွင် ဆုတ်ဖြဲလိုက်သော လေဟာနယ်အက်ကြောင်းက ပို၍ ကြီးမားလာမည်ဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင် ​မူလရင်းမြစ်ကလည်း ပို၍ များလာပေလိမ့်မည်။

" ငါ့ရဲ့ အတွင်းကမ္ဘာကို ကမ္ဘာလို့ ခေါ်လို့ရသေးလား။ " လင်းယွမ်က မိုင်ခြောက်ရာဘီလီယံရှိသော အတွင်းကမ္ဘာကို ကြည့်လိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင် မူလစွမ်းအားများက ပြည့်နှက်နေပြီး အတွင်းကမ္ဘာကို အဆက်မပြတ် ပြောင်းလဲကာ နောက်ထပ် လေဟာနယ်အလွှာများကို ဖွင့်လှစ်နေသည်။

" ဒါက အတွင်းကမ္ဘာနဲ့ အတွင်းစကြာဝဠာကြားမှာ ရှိလောက်တယ်။ "

သူ၏ လက်ရှိအတွင်းကမ္ဘာက ပုံမှန်အတွင်းကမ္ဘာ အယူအဆများထက် ကျော်လွန်နေသော်လည်း ကြီးမြတ်သူများ၏ အတွင်းစကြာဝဠာကိုတော့ မမီသေးပေ။

" အဆင့်တက်ပြီးတဲ့နောက် ခွန်အားက...." လင်းယွမ်က သူ့ကိုသူ အာရုံစိုက်လိုက်သည်။

သူ၏ ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာက အဆင့်မတက်ခင်နှင့်ယှဉ်လျှင် အဆတစ်ရာကျော် တိုးတက်လာပြီဖြစ်သည်။ သို့သော် အရေးကြီးဆုံးမှာ သူ၏ အတွင်းကမ္ဘာဖြစ်ပြီး မိုင်ခြောက်ရာဘီလီယံ ကြီးမားလေသည်။ အခြားအလွှာဆယ့်တစ် သက်ရှိများ၏ အတွင်းကမ္ဘာများက သူတို့၏ သွေးမျိုးဆက်အပေါ် မူတည်၍ မိုင်ဆယ်သန်းမှ သန်းပေါင်းဆယ်ချီ ရှိကြလေသည်။

သို့သော် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင် ခြောက်ရာ ဘီလီယံရှိသည်။ လင်းယွမ်၏ ရှေ့တွင် သာမန်အလွှာဆယ့်တစ် သက်ရှိများက ပုရွက်ဆိတ်များကဲ့သို့ အားနည်းနေကြပေလိမ့်မည်။

လင်းယွမ်၏ ယခင်အကဲဖြတ်မှုစံနှုန်းများအရ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများ၏ ခွန်အားကို တစ်ဆယ်ဟု သတ်မှတ်လျှင် အဆင့်မတက်မီ လင်းယွမ်၏ ခွန်အားက တစ်ရာရှိသည်။ ယခု အလွှာဆယ့်တစ်သို့ တက်လှမ်းပြီးနောက် သူ၏ ခွန်အားက တစ်သောင်းကို ကျော်လွန်သွားခဲ့သည်။

ရိုးရှင်းစွာ ပြောရလျှင် လင်းယွမ်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက သူ့ကို အလွှာဆယ့်တစ်နှင့် အလွှာဆယ့်နှစ်ကြား အထူးသက်ရှိအဖြစ် သတ်မှတ်နိုင်သည်။ အလွှာဆယ့်တစ်နှင့် အလွှာဆယ့်နှစ်ကြားက ချောက်နက်ကြီးတစ်ခုကဲ့သို့ ကျယ်ဝန်းသည်။ သို့သော် အလွှာဆယ့်တစ်နှင့် လင်းယွမ်ကြား ကွာဟချက်ကလည်း မကျော်လွှားနိုင်သလောက် ဖြစ်သည်။

ကြီးမြတ်သူအဆင့်လက်နက်ကို အသုံးပြုသော အလွှာဆယ့်တစ်သက်ရှိတစ်ယောက်ပင် လင်းယွမ်၏ ရှေ့တွင် အသက်ရှင်ရန် ရုန်းကန်ရပေလိမ့်မည်။ ထို့အပြင် ထိုကြီးမြတ်သူအဆင့်လက်နက်က ကာကွယ်ရေးမဟုတ်ဘဲ တိုက်ခိုက်ရေးဖြစ်နေလျှင် ရှင်သန်မှုက လက်လှမ်းမမီသော နေရာတွင် ရှိပေလိမ့်မည်။

" အခု အလွှာဆယ့်နှစ် ကြီးမြတ်သူကပဲ ငါ့အတွက် ခြိမ်းခြောက်မှုဖြစ်စေလိမ့်မယ်။ " လင်းယွမ်က သူ့ဟာသူတွေးပြီး အထက်သို့ မော့ကြည့်လိုက်သည်။

" ကြီးမြတ်သူကိုးယောက်လုံး ရောက်နေတာပဲ။ " လင်းယွမ်က တည်ရှိမှုကိုးခုကို မှုန်ဝါးစွာ ခံစားလိုက်ရသည်။

အဆင့်မတက်မီ လင်းယွမ်က ကြီးမြတ်သူများကို ရိုးရိုးရှင်းရှင်းနှင့် မထောက်လှမ်းနိုင်ပေ။ ကြီးမြတ်သူရှချင်က အသိပေးပြီးမှသာ သူက အဆင့်တက်ခဲ့ခြင်းဖြစ်သည်။ ယခု အဆင့်တက်ပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နားလည်မှုကြောင့် လင်းယွမ်က ကြီးမြတ်သူများ၏ အော်ရာကို မှုန်ဝါးစွာ ရှာတွေ့နိုင်ခဲ့သည်။

All Chapters