← Chapters

နည်းနည်းပိုသန်မာတယ်....

Vol. 44 Ch. 663

နည်းနည်းပိုသန်မာတယ်....

Vol. 44 Ch. 663

" ကြီးမြတ်သူတွေနဲ့ သွားတွေ့ရမယ်။ " လင်းယွမ်က ခြေတစ်လှမ်းနှင့် လေဟာနယ်အလွှာ၏ အနက်ရှိုင်းဆုံးမှ ထွက်လာပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ဆီသို့ ဦးတည်သွားသည်။

စကြာဝဠာမွေးဖွားလာချိန်မှစ၍ အလွှာဆယ့်တစ် သက်ရှိတိုင်းက ကြီးမြတ်သူအဆင့်ကို မကြိုးစားမီ ကြီးမြတ်သူများကို အထောက်အပံ့အဖြစ် ရှာဖွေလေ့ရှိသည်။

အချိန်မြစ်က ပြင်းထန်စွာ ဆက်လက်စီးဆင်းနေသည်။ အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်မှ ကြီးမြတ်သူများက စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ အဝေးတွင် အခြားကြီးမြတ်သူများ၏ ကြီးမားသော ပုံရိပ်များကလည်း ဝေဝါးစွာ ထွက်ပေါ်လာကြသည်။

အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်မှ ကြီးမြတ်သူများက လူသားမျိုးနွယ်မှ အသစ်ထွက်ပေါ်လာမည့် ကြီးမြတ်သူကို ချောင်းမြောင်းတိုက်ခိုက်ရန် စီစဉ်ထားသောကြောင့် အခြားကြီးမြတ်သူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

" ဟမ် ဒီလောက်ကြာတာတောင် အချိန်မြစ်ထဲမှာ ဘာလို့ လှုပ်ရှားမှုမရှိတာလဲ။ "

အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်မှ ကြီးမြတ်သူများက အနည်းငယ် မျက်မှောင်ကြုတ်သွားကြပြီး တစ်ခုတည်းသော အကြောင်းရင်းကို နားလည်လိုက်ကြသည်။ ဆိုလိုသည်မှာ ကြီးမြတ်သူအဆင့်ကို ကြိုးစားသော လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူက ကျရှုံးသွားခဲ့သည်။

" ကျရှုံးသွားတာလား။ "

" အဲ့ဒါအဓိပ္ပါယ်ရှိတယ်။ ကြီးမြတ်သူဖြစ်လာဖို့ လွယ်တာမှမဟုတ်တာ။ "

" ငါတို့အားလုံး စိုးရိမ်လွန်နေကြတာပဲ။ "

အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်မှ ကြီးမြတ်သူများက အချင်းချင်း ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။ ဖြစ်နိုင်လျှင် သူတို့ကလည်း ချောင်းမြောင်းတိုက်ခိုက်လိုခြင်းမရှိကြပေ။ အကြောင်းမှာ သူတို့ကလည်း လူသားမျိုးနွယ်၏ ကြီးမြတ်သူများနှင့် ပြင်းထန်စွာ တိုက်ခိုက်ရမည်ဖြစ်သည်။

ကြီး​မြတ်သူများကြား တိုက်ပွဲများက ရန်သူကို တိုက်ခိုက်နေစဉ် မိမိကိုယ်လည်း ထိခိုက်စေနိုင်သည်။ အထူးသဖြင့် ကိုယ့်ကိုကိုယ် ဖျက်ဆီးမည့်နည်းလမ်းများ အသုံးပြုရဲသော လူသားမျိုးနွယ်မှ ရူးသွပ်သော ကြီးမြတ်သူများ ဖြစ်ကြသည်။

ထို့ကြောင့် လက်ရှိရလဒ်က အကောင်းဆုံးဖြစ်သည်ကို သံသယဝင်စရာမလိုပေ။ ကြီးမြတ်သူအဆင့်ကို ကြိုးစားခဲ့သော လူသားဆင့်ကဲပြောင်းလဲသူက ကျရှုံးခဲ့သည်။

၎င်းက အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်အတွက်လည်း စိုးရိမ်ရမည့် ရန်သူတစ်ယောက် လျော့နည်းသွားခြင်းကို ဆိုလိုသည်။ ထို့အပြင် လူသားမျိုးနွယ်နှင့်လည်း တိုက်ခိုက်ရန် မလိုအပ်သောကြောင့် ပြည့်စုံလှသည်။

အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်မှ ကြီးမြတ်သူများအတွက် တစ်ခုတည်းသော စိတ်ရှုပ်ထွေးစရာမှာ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူက ဘာကြောင့်လွယ်ကူစွာ ကျရှုံးသွားရလဲဟူသော အကြောင်းရင်းဖြစ်သည်။

လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်နှင့် သူတို့၏ လူကို ကြီးမြတ်သူအဆင့် ကြိုးစားရန် ခွင့်ပြုခဲ့လျှင် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ရမည်ဖြစ်ပြီး ကျရှုံးချိန်တွင် အချိန်မြစ်ထဲ၌ လှိုင်းများ သို့မဟုတ် အတက်အကျများ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ကြီးမြတ်သူများက အစမှအဆုံးထိ အချိန်မြစ်ပေါ်တွင် မည်သည့်လှိုင်းမှ ခံစားခဲ့ရခြင်းမရှိပေ။

ကြီးမြတ်သူများက စိတ်ရှုပ်ထွေးသွားသော်လည်း အာရုံစိုက်ခြင်းမရှိပေ။ ဖရိုဖရဲဟင်းလင်းပြင်မှ မူလရင်းမြစ်ကို လက်ခံပြီးနောက် အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို ရှောင်လွှဲမရဘဲ ဖြစ်ပေါ်စေသည်။ ထို့အပြင် အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို အောင်မြင်လျှင် ကမ်းခြေသို့ ရောက်လာမည်ဖြစ်သည်။ ကမ်းခြေသို့ မရောက်ခြင်းက ကျရှုံးခြင်းကို ဆိုလိုလေသည်။

အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်တို့၏ ကြီးမြတ်သူများက အကျိုးအကြောင်းကို နားလည်သောကြောင့် ဆိုလိုသည်မှာ ကြီးမြတ်သူအဆင့်ကို ကြိုးစားသော ဆင့်ကဲပြောင်းလဲသူက အလွှာဆယ့်နှစ်သို့ မရောက်ခဲ့ပေ။

နဂါးငွေ့တန်းကြယ်နယ်မြေ။

လူသားမျိုးနွယ်မှ ကြီးမြတ်သူကိုးယောက်၏ စိတ်များက အနည်းငယ် မတည်မငြိမ်ဖြစ်နေဆဲ ဖြစ်သည်။ သူတို့က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသော စကြာဝဠာ လေဟာနယ်အက်ကြောင်းကို ကြည့်နေကြသည်။

" အဲ့ဒီကောင်လေး အရမ်းကြောက်စရာကောင်းတယ်။ " ကြီးမြတ်သူကုလီက ခေါင်းခါလိုက်သည်။

" ငါတို့ လူသားမျိုးနွယ်မှာ ထူးခြားတဲ့ တည်ရှိမှုတစ်ခု မွေးဖွားခဲ့ပြီ။ "

ကြီး​မြတ်သူများ၏ စိတ်ထဲတွင် ထိုအတွေးက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

" ကျွန်တော်က ကြီးမြတ်သူကိုးယောက်ကို နှုတ်ဆက်ပါတယ်။ " လင်းယွမ်က အနည်းငယ် ဦးညွှတ်လိုက်သည်။

အလွှာဆယ့်တစ်သို့ တက်လှမ်းပြီးနောက် လင်းယွမ်က ကြီးမြတ်သူများနှင့် ချက်ချင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆင့်တက်နေချိန်တွင် ကြီးမြတ်သူကိုးယောက်က သူ၏ အော်ရာကို ကာကွယ်ပေးခဲ့သည်။

" အဲ့လိုလုပ်ဖို့မလိုဘူး။ ငါတို့လူသားမျိုးနွယ်က မကြာခင် ဆယ်ခုမြောက် ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကို ထူထောင်နိုင်တော့မယ်လို့ ယုံကြည်တယ်။ " ကြီးမြတ်သူကုလီက ပြောလိုက်သည်။

လူသားမျိုးနွယ်က လက်ရှိတွင် ဆင့်ကဲပြောင်းလဲခြင်းမျှော်စင် ကိုးခုရှိပြီး ကြီးမြတ်သူကိုးယောက်ကို ကိုယ်စားပြုလေသည်။ ဆယ်ခုမြောက် ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်က ဆယ်ယောက်မြောက် ကြီးမြတ်သူကို ဖော်ပြသည်။

" ကြီးမြတ်သူတွေနဲ့ယှဉ်ရင် ကျွန်တော်က အများကြီး လိုပါသေးတယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

သူက အဆင့်မြင့်လာသည်နှင့်အမျှ အလွှာဆယ့်တစ်နှင့် အလွှာဆယ့်နှစ်ကြား ကွာဟချက်ကို ပိုမိုခံစားလာရသည်။ အလွှာဆယ့်တစ် သက်ရှိများက အချိန်မြစ်ထဲတွင်သာ နေထိုင်ကြပြီး ခဏသာ ခုန်ထွက်နိုင်ကြလေသည်။

အလွှာဆယ့်နှစ်များက အချိန်မြစ်၏ အချုပ်အနှောင်များမှ လုံးဝ လွတ်မြောက်သွားပြီး မြစ်ကမ်းဘေးတွင် ရပ်၍ မရေတွက်နိုင်သော သက်ရှိများ ရုန်းကန်နေကြသည်ကို ငုံ့ကြည့်နိုင်ကြသည်။

" ကိုယ့်ကိုကိုယ် အထင်မသေးနဲ့။ မင်းတောင် အလွှာဆယ့်နှစ်ကို မဝင်ရောက်နိုင်ဘူးဆိုရင် လူသားမျိုးနွယ်နဲ့ အခြားအထွတ်အထိပ်မျိုးနွယ်တွေမှာ ကြီးမြတ်သူတစ်ယောက်မှ ထွက်ပေါ်လာတော့မှာ မဟုတ်ဘူး။ "

ကြီးမြတ်သူကုလီက ပြောလိုက်သည်။ " ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းတာက နှိမ့်ချမှုလည်း လိုအပ်သလို ယုံကြည်မှုလည်း လိုအပ်တယ်။ "

အခြားကြီးမြတ်သူရှစ်ယောက်ကလည်း အနည်းငယ် ခေါင်းညိမ့်လိုက်ကြသည်။ လင်းယွမ် အလွှာဆယ့်တစ်သို့ တက်လှမ်းသော လှုပ်ရှားမှုကို ကြည့်ခြင်းဖြင့် သူ၏ အခြေခံအုတ်မြစ်က မည်မျှနက်ရှိုင်းသည်ကို ခန့်မှန်းနိုင်လေသည်။

စကြာဝဠာလေဟာနယ်အက်ကြောင်းကို ဆုတ်ဖြဲပြီး ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံခြင်းက လူတစ်ယောက်ချင်းပေါ်တွင် အခြေခံထားသည်။ လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းချိန်တွင် ကြီးမြတ်သူအဆင့်ကိုကြိုးစားခြင်းထက် မနိမ့်သော စကြာဝဠာလေဟာနယ်အက်ကြောင်းကို ဆုတ်ဖြဲခဲ့သည်။ ဆိုလိုသည်မှာ လင်းယွမ်က ကဏ္ဍအများစုတွင် အလွှာဆယ့်တစ် သက်ရှိများထက် ကျော်လွန်နေခဲ့သည်။

" ကြီးမြတ်သူပြောတာ မှန်ပါတယ်။ " လင်းယွမ်က ပြန်ပြောလိုက်သည်။

လင်းယွမ်၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအားက အလွှာဆယ့်တစ်များထက် ကျော်လွန်နေပြီဖြစ်သည်။ ကြီးမြတ်သူအဆင့် လက်နက်ကို ကိုင်ဆောင်ထားသော အလွှာဆယ့်တစ် သက်ရှိများသာ လင်းယွမ်ရှေ့တွင် လက်နက်ကျေးဇူးကြောင့် အသက်ရှင်ရုံသာတတ်နိုင်ပေလိမ့်မည်။

သို့သော် စစ်မှန်သော အလွှာဆယ့်နှစ် ကြီးမြတ်သူများနှင့်ယှဉ်လျှင် လင်းယွမ်က ယုံကြည်မှုလုံးဝ မရှိသေးပေ။ လင်းယွမ်၏ အကြီးမားဆုံး အားသာချက်မှာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ နားလည်မှုဖြစ်ပြီး ၎င်းက အလွှာဆယ့်နှစ် ကြီးမြတ်သူအားလုံး၏ အခြေခံဖြစ်နေသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ နားလည်ပြီးမှသာ အချိန်မြစ်၏ ကမ်းခြေကို ထိတွေ့စေနိုင်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းကို ကြီးမြတ်သူများ၏ ဝင်ခွင့်အဆင့်ဟု ခေါ်ဆိုခြင်းဖြစ်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် အားသာချက်မရှိသည့်အပြင် ရုပ်ခန္ဓာ၊စိတ်ဝိညာဉ်နှင့် အတွင်းကမ္ဘာတို့ကလည်း ကြီးမြတ်သူများနှင့် မယှဉ်နိုင်ပေ။ ကြီးမြတ်သူများ၏ အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲပြီး အလင်းနှစ် သောင်းချီမှ သိန်းချီအထိ ရှိနိုင်ကြသည်။

လင်းယွမ်က သာမန်အလွှာဆယ့်နှစ်တစ်ယောက်ထက် ကျော်လွန်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ၏ စိတ်စွမ်းအားဖြစ်သည်။ စိတ်စွမ်းအားညွှန်းကိန်း ၃၃,၃၃၀,၀၀၀အထိ မြင့်မားသောကြောင့် ကြီးမြတ်သူများက ထိုအဆင့်သို့ မရောက်ကြသေးပေ။ စိတ်စွမ်းအားက အရေးကြီးလှသော်လည်း တစ်ခုတည်းနှင့် သက်ရောက်မှုအနည်းငယ်သာ ရှိသည်။

ထို့ကြောင့် လက်ရှိ လင်းယွမ်က ကြီးမြတ်သူများကို အနိုင်မယူနိုင်သေးပေ။ သို့သော် ကြီးမြတ်သူကုလီက လင်းယွမ် အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ယုံကြည်မှုမရှိဟု ထင်နေသည်။ လင်းယွမ်က ကဏ္ဍအားလုံးနီးပါးတွင် အလွှာဆယ့်နှစ်သို့ ရောက်နေပြီး ဖရိုဖရဲနိယာမကို နားလည်ခြင်းမရှိလျှင်တောင် အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်။

ထိုမျှော်လင့်ချက်က သူ၏ ခိုင်မာသော အခြေခံအုတ်မြစ်မှသာမက အချိန်လေဟာနယ်နှလုံးသားကဲ့သို့ ပြင်ပအရာများလည်း ပါဝင်လေသည်။

" လင်းယွမ် မင်းရဲ့ လက်ရှိခွန်အားက ဘယ်လိုလဲ။ " ကြီးမြတ်သူရှုချန်က လင်းယွမ်ကို ကြည့်၍ မေးလိုက်သည်။

ထိုစကားများကို ကြားသောအခါ အခြားကြီးမြတ်သူများကလည်း လင်းယွမ်ကို ကြည့်လိုက်ကြသည်။

" အလွှာဆယ့်တစ်ထက် နည်းနည်းပိုသန်မာတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

" နည်းနည်း.... ဘယ်လောက်သန်မာတာလဲ..." ကြီးမြတ်သူရှုချန်က ထပ်မေးလိုက်သည်။

အလွှာဆယ့်တစ်တွင် အဆင့်ခြောက်ဆင့်ရှိပြီး လင်းယွမ်က ဘယ်အဆင့်ထက်ကို ပိုသန်မာတာလဲ။

" ခန့်မှန်းရရင် အလွှာဆယ့်တစ်တွေက ကျွန်တော်နဲ့ယှဉ်ရင် အလွှာတစ်ဆယ်ကို အလွှာဆယ့်တစ်နဲ့ ယှဉ်ခိုင်းသလို ဖြစ်နေလိမ့်မယ်။ " လင်းယွမ်က ခန့်မှန်းပြောလိုက်သည်။

" အလွှာတစ်ဆယ်ကို အလွှာဆယ့်တစ်နဲ့ ယှဉ်သလိုလား။ " ကြီးမြတ်သူကိုးယောက်က ခဏတိတ်ဆိတ်သွားကြသည်။

၎င်းက နည်းနည်းပိုသန်မာတာလား။ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများ၏ ကန့်သတ်ချက်မှာ အဓိကပေါင်းစပ်နိယာမကို ဒုတိယအဆင့်ထိ နားလည်ခြင်းဖြစ်သည်။ သို့သော် အလွှာဆယ့်တစ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့် အဓိကပေါင်းစပ်နိယာမများစွာ ပါဝင်လေသည်။

All Chapters