စကြာဝဠာခေတ်တစ်ခု၏ အသန်မာဆုံး အလွှာဆယ့်တစ်...
Vol. 44 Ch. 664
လင်းယွမ်က သူနှင့် အလွှာဆယ့်တစ် အထွတ်အထိပ်ကြား ကွာဟချက်ကို အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်ကြား ကွာဟချက်နှင့် နှိုင်းယှဉ်ခဲ့သည်။ ၎င်းက လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကို လင်းယွမ်က အမှန်တကယ် အလွှာဆယ့်တစ်လားဟုပင် သံသယဝင်သွားမိသည်။
" ဒီစကြာဝဠာရဲ့ အစကနေ အဆုံးအထိ နင်က ရှိခဲ့ဖူးသမျှထဲမှာ အသန်မာဆုံး အလွှာဆယ့်တစ် ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ " ကြီးမြတ်သူယုတိုင်က အသံတိုးတိုးနှင့် ပြောလိုက်သည်။
ယခုအထိ ကြယ်စကြာဝဠာထဲတွင် အသန်မာဆုံး အလွှာဆယ့်တစ်ဟူ၍ သတ်မှတ်ထားခြင်းမရှိပေ။ အကြောင်းမှာ အလွှာဆယ့်တစ်သက်ရှိများက ကြီးမြတ်သူအဆင့် လက်နက်များကို မှီခိုနိုင်သောကြောင့် ဖြစ်သည်။ အသန်မာဆုံး အလွှာဆယ့်တစ်က မည်သူဖြစ်သည်ကို အမြဲတစေ ငြင်းခုံခဲ့ကြသည်။
သို့သော် ယခု ထိုငြင်းခုံမှုက ရှိမည်မဟုတ်တော့ပေ။ အသန်မာဆုံး အလွှာဆယ့်တစ်မှာ လင်းယွမ်ဖြစ်သည်။ ဤစကြာဝဠာခေတ်တွင်သာမဟုတ် အတိတ်မှ စကြာဝဠာခေတ်များနှင့် အနာဂတ်မှ စကြာဝဠာခေတ်များတွင်လည်း အတူတူသာ ဖြစ်သည်။ လင်းယွမ်ထက် ပိုမိုသန်မာသော အလွှာဆယ့်တစ် သက်ရှိတစ်ယောက် ထွက်ပေါ်လာရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။
" လင်းယွမ် မင်းရဲ့ ခွန်အားနဲ့ဆို လာမယံ မဟာစစ်မြေပြင်ကို လုံးဝ ရှင်းလင်းပစ်နိုင်တယ်။ "
" မဟာစစ်မြေပြင်လား။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
သူက မဟာစစ်မြေပြင်အကြောင်းကို ကြီးမြတ်သူရှချင်ထံမှ ကြားသိပြီးသား ဖြစ်သည်။ ၎င်းက ယခင် စစ်မြေပြင်အားလုံးထက် ကျော်လွန်သော မဟာစစ်မြေပြင်ဖြစ်ပြီး အထွတ်အထိပ်မျိုးနွယ်များအားလုံးက လွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်ကြပေလိမ့်မည်။
" ဟုတ်တယ်။ " ကြီးမြတ်သူကုလီ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။
" မဟာစစ်မြေပြင်က ဒီစကြာဝဠာထဲက အထွတ်အထိပ်မျိုးနွယ်တွေနဲ့ သဘောတူညီထားတဲ့ ပြိုင်ပွဲတစ်ခုပဲ။ မဟာစစ်မြေပြင်ထူထောင်ပြီးတာနဲ့ ဦးဆောင်ဖို့ အခွင့်အရေးရတဲ့ ဘယ်အင်အားစုမဆို ပါဝင်တဲ့ မျိုးနွယ်အားလုံးရဲ့ နယ်မြေရဲ့ တစ်သောင်းပုံတစ်ပုံကို ရရှိလိမ့်မယ်။ " ကြီးမြတ်သူရှုချန်က ထပ်ပြောလိုက်သည်။
" နယ်မြေရဲ့ တစ်သောင်းပုံတစ်ပုံ..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
ကြယ်စကြာဝဠာမှ မျိုးနွယ်များက သူတို့ဖွင့်လှစ်ခဲ့သော စစ်မြေပြင်များတွင် တိုက်ခိုက်ခဲ့ကြပြီး သတ်မှတ်ထားသော စည်းမျဉ်းများအောက်တွင် အနိုင်ရရှိသောဘက်က ရှုံးနိမ့်သော ဘက်၏ နယ်မြေများ သို့မဟုတ် အရင်းအမြစ်များ၊ လျို့ဝှက်နယ်မြေများကို ထိန်းချုပ်နိုင်လိမ့်မည်။
လင်းယွမ်နေထိုင်သော နဂါးငွေ့တန်းကြယ်နယ်မြေက ယခင် အရိပ်မျိုးနွယ်၏ နယ်မြေဖြစ်ခဲ့သည်။ သို့သော် စစ်မြေပြင်တွင် အရိပ်မျိုးနွယ်က လူသားမျိုးနွယ်ကို ရှုံးနိမ့်ခဲ့ပြီး ထိုဒေသကို လွှဲပြောင်းပေးခဲ့ရသည်။
သို့သော် မဟာစစ်မြေပြင်မှ တိုက်ပွဲက နယ်မြေ၏ တစ်သောင်းပုံတစ်ပုံကို တန်ဖိုးအဖြစ် သတ်မှတ်ထားသည်။ လူသားမျိုးနွယ် နယ်မြေ၏ တစ်သောင်းပုံတစ်ပုံက ကြယ်နယ်မြေ၊ ကြယ်မဟာမိတ် မည်မျှလွှမ်းခြုံထားမည်နည်း။
နယ်မြေ၏ အရွယ်အစားက ၎င်းထောက်ပံ့နိုင်သော သက်ရှိအရေအတွက်သာမက မရေတွက်နိုင်သော အရင်းအမြစ်များကိုလည်း ဆိုလိုသည်။ အဖိုးတန်အရင်းအမြစ်ဂြိုလ်များနှင့် စကြာဝဠာလျို့ဝှက်နယ်မြေများက သတ်မှတ်ထားသော နယ်မြေအတွင်း ရှိနိုင်သည်။
" မှန်တယ်။ အဲ့ဒါကြောင့် မဟာစစ်မြေပြင်အတွက် အထွတ်အထိပ်မျိုးနွယ်တွေက ဘာမှမထိန်ချန်ဘဲ အလွှာဆယ့်တစ် ပဉ္စမအဆင့် သက်ရှိတွေကိုတောင် ကြီးမြတ်သူအဆင့် လက်နက်တွေ ပေးထားလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
မဟာစစ်မြေပြင်မှ သတ်မှတ်ထားသော စည်းမျဉ်းများအရ အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ဝင်ရောက်စွက်ဖက်ခွင့်ပိတ်ပင်ထားသည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများက စစ်မြေပြင်သို့ မဝင်ရောက်နိုင်သောကြောင့် အသန်မာဆုံး တိုက်ခိုက်သူများမှာ သဘာဝအားဖြင့် အလွှာဆယ့်တစ်သက်ရှိများ ဖြစ်ကြသည်။
သူတို့၏ အခွင့်အရေးများကို တိုးမြှင့်ရန် အလွှာဆယ့်တစ် သက်ရှိများကို ကြီးမြတ်သူအဆင့် လက်နက်များကို တပ်ဆင်ပေးပြီး အလွှာဆယ့်တစ် ပဉ္စမအဆင့်များကိုပင် ပေးအပ်မည်ဖြစ်သည်။ ကြီးမြတ်သူအဆင့် လက်နက်များကို ကနဦးသန့်စင်နိုင်ရန် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ပဉ္စမအဆင့်ကို လိုအပ်သည်။ ဆိုလိုသည်မှာ အလွှာဆယ့်တစ် ပဉ္စမအဆင့်ဖြစ်၏။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဆင့်ကဲပြောင်းလဲသူဖြစ်လာချိန်မှ ယခုအချိန်အထိ သူက လူသားမျိုးနွယ်၏ ကာကွယ်မှုအောက်တွင် ရှိနေခဲ့သည်။ ယခု လင်းယွမ်က လူသားမျိုးနွယ်ကို ပြန်လည်ပေးဆပ်ရန် စီစဉ်ထားသည်။
ကြီးမြတ်သူကိုးယောက်၏ စကားအရ မဟာစစ်မြေပြင်သို့ သွားသော အခွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက လူသားမျိုးနွယ်ထံမှ ဆုလာဘ်အဖြစ် ကောင်းမှုအမှတ်များ ရရှိပေလိမ့်မည်။ ထို့အပြင် တိုက်ပွဲမှရရှိသော အကျိုးအမြတ်များကိုလည်း မိမိတို့ပိုင်ဆိုင်မည်ဖြစ်သည်။
လင်းယွမ်၏ ခွန်အားက အလွှာဆယ့်တစ်ထက် ကျော်လွန်နေပြီး ကြီးမြတ်သူများ၏ ဖိတ်ခေါ်ချက်မရှိလျှင်တောင် သူက စစ်မြေပြင်ထဲသို့ ဝင်ရောက်ပေလိမ့်မည်။ မဟာစစ်မြေပြင်တွင် အသာစီးရယူနိုင်ရန် အထွတ်အထိပ်မျိုးနွယ်များက အလွှာဆယ့်တစ်သက်ရှိများကို လက်နက်အပြည့်အစုံ ပြင်ဆင်ပေးကြပေလိမ့်မည်။ ၎င်းက လင်းယွမ်အတွက် အရင်းအမြစ်များနှင့် ရတနာများပင်ဖြစ်သည်။
မဟာစစ်မြေပြင်သို့ သွားရောက်ခြင်းက ပုံမှန်အားဖြင့် လင်းယွမ်အတွက် အန္တရာယ်မရှိပေ။ မူလစိတ်ဝိညာဉ်ဖြင့် သွားခြင်းဖြစ်သောကြောင့် ၎င်းကျဆုံးသွားလျှင်တောင် လင်းယွမ်က အလွယ်တကူ ပြန်လည်စုစည်းနိုင်သည်။
အလွှာဆယ့်တစ်သို့ ဝင်ရောက်ပြီးနောက် လင်းယွမ်ကို ကြီးမြတ်သူတစ်ယောက်က တိုက်ခိုက်လျှင်တောင် သူ၏ မူလစိတ်ဝိညာဉ်ကိုသာ ဖျက်ဆီးနိုင်ပြီး မူလခန္ဓာကိုယ်ကို သက်ရောက်မှုရှိစေမည်မဟုတ်ပေ။ စိတ်စွမ်းအား ၃၃သန်းကျော်က အလွှာဆယ့်နှစ်၏ မှတ်ဉာဏ်ညစ်ညမ်းခြင်းကို အလွယ်တကူ ကာကွယ်နိုင်ရန် လုံလောက်ပေသည်။
ကျိန်စာသတ်ဖြတ်ခြင်းကလည်း လင်းယွမ်၏ လက်ရှိအသက်အဆင့်နှင့် ကြီးမြတ်သူတစ်ယောက်ပင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်ပြီး သူ့ကို ကျိန်စာဖြင့် သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကလည်း ကြောင်းကျိုးဆက်နွယ်မှုများကို သီးခြားခွဲထားနိုင်သည်။
လင်းယွမ်က အလွှာဆယ့်နှစ်သက်ရှိများကို အနိုင်ယူနိုင်ခြင်းမရှိသော်လည်း သူ့ကို သတ်ပစ်ရန် အလွန်ခက်ခဲပေလိမ့်မည်။
" ဒါနဲ့ မင်း အလွှာဆယ့်တစ် တက်လှမ်းတာကို ကြေညာဦးမှာလား။ " ကြီးမြတ်သူရှချင်က ခဏစဉ်းစားပြီး မေးလိုက်သည်။
ယခု မဟာစစ်မြေပြင်အတွက် အဓိကပါဝင်သူများက အလွှာဆယ့်တစ် အထွတ်အထိပ်များဖြစ်ကြသည်။ လင်းယွမ်က မဟာစစ်မြေပြင်သို့ ဝင်ရောက်လိုလျှင် အလွှာဆယ့်တစ် စွမ်းအားကို ထုတ်ဖော်ရမည်ဖြစ်သည်။
" ကြေညာပါမယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ယခုအချိန်တွင် လင်းယွမ်အတွက် လျို့ဝှက်ထားရန် မလိုအပ်ပေ။ အကြောင်းမှာ လင်းယွမ်က မျိုးနွယ်ခြား ကြီးမြတ်သူများ မသတ်နိုင်သည်အထိ ကြီးထွားလာပြီဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင် မဟာစစ်မြေပြင်သို့ ဝင်ရောက်ရန် အလွှာဆယ့်တစ်ကို ဝင်ခွင့်အဖြစ် သတ်မှတ်ထားသောကြောင့် သူက အလွှာဆယ့်တစ်သို့ တက်လှမ်းသွားကြောင်း ကြေညာရမည်ဖြစ်သည်။
" တကယ်တော့ လူသိရှင်ကြား ကြေညာလည်း ပြဿနာမရှိပါဘူး။ " ကြီးမြတ်သူယုတိုင်က ပြောလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်ပြသခဲ့သော အရည်အချင်းများအရ ယခု အလွှာဆယ့်တစ်သို့ ဝင်ရောက်ခြင်းက အနည်းငယ် မြန်သော်လည်း နားလည်နိုင်သည်။
ကြီးမြတ်သူကိုးယောက်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းယွမ်က နဂါးငွေ့တန်းပင်မကြယ်သို့ ပြန်ရောက်လာခဲ့သည်။
" ငါ့ရဲ့ ရုပ်ခန္ဓာ.... ရွှမ်ဟွမ်မူလခန္ဓာက အသေးစားအောင်မြင်မှုအဆင့်ကို ကျဆင်းသွားပြီ။ " လင်းယွမ်က ခဏအာရုံခံကြည့်ပြီး တွေးလိုက်သည်။
ရွှမ်ဟွမ်မူလခန္ဓာက ကျဆင်းသွားသည်ဟု ပြောခြင်းက အလုံးစုံမမှန်ကန်ပေ။ ပို၍ တိကျစွာ ပြောရလျှင် လင်းယွမ်၏ ရုပ်ခန္ဓာကန့်သတ်ချက်က မြင့်တက်လာခြင်း ဖြစ်သည်။ ယခင် ရွှမ်ဟွမ်မူလခန္ဓာကို အလွှာတစ်ဆယ်တွင် ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံခဲ့ပြီး ယခု အလွှာဆယ့်တစ်တွင်လည်း ပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံရန် လိုအပ်ပေသည်။
" အလွှာဆယ့်တစ်မှာ ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံဖို့က...." လင်းယွမ်၏ မျက်ခုံးများက အနည်းငယ် တွန့်သွားသည်။
ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံပြီးနောက် သူ၏ ရုပ်ခန္ဓာက အလွန်မြင့်မားလာပြီး ရွှမ်ဟွမ်မူလခန္ဓာ၏ စမှတ်ကလည်း ပို၍ မြင့်မားသွားခဲ့သည်။ တိုးတက်ရန် လိုအပ်သော အရင်းအမြစ်ပမာဏက ကြောက်စရာကောင်းအောင် ကြီးမားပေလိမ့်မည်။
သို့သော် လင်းယွမ်၏ ခန့်မှန်းချက်အရ သူက ရွှမ်ဟွမ်မူလခန္ဓာကို အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးလျှင် သူ၏ ရုပ်ခန္ဓာက သာမန်ကြီးမြတ်သူအဆင့်ထက် ကျော်လွန်သွားပေလိမ့်မည်။
" ငါ့ရဲ့ လက်ရှိ နားလည်မှုအရှိန်က...." လင်းယွမ်က မျက်လုံးများကို အနည်းငယ် မှိတ်လိုက်သည်။ စကြာဝဠာ၏ မရေတွက်နိုင်သော နိယာမများနျိင့် ကြီးကျယ်သော လမ်းစဉ်များက သူဆီသို့ လှိုင်းလုံးများပမာ ဝင်ရောက်နေသည်ကို ခံစားလိုက်ရသည်။
အလွှာတစ်ဆယ်မှ အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းက အသက်အနှစ်သာရလည်း ပြောင်းလဲသွားမည်ဖြစ်သည်။ အလွှာဆယ့်တစ် သက်ရှိများက ကြီးမြတ်သူများအောက် အထွတ်အထိပ်တွင် ရပ်တည်နေပြီး အလွှာတစ်ဆယ်သက်ရှိများ နားလည်နိုင်သည်ထက် ကျော်လွန်သော စကြာဝဠာ၏ နိယာမများကို နားလည်နိုင်ကြသည်။
ကြီးမြတ်သူများက အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့်သို့ အလွယ်တကူ ရောက်နိုင်သည့် အကြောင်းရင်းမှာ သူတို့က အချိန်မြစ်၏ ကမ်းခြေတွင် ပို၍ ဝေးကွာစွာ မြင်နိုင်သောကြောင့် ဖြစ်သည်။
ယခု လင်းယွမ်လည်း အတူတူပင် ဖြစ်သည်။ သူ၏ အသက်အဆင့် မြင့်လာသောကြောင့် နိယာမများအပေါ် ပို၍ လွယ်ကူစွာ အာရုံခံနိုင်လာပြီး သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကလည်း ကြောက်မက်ဖွယ်ရာအတိုင်းအတာထိ မြင့်တက်လာခဲ့သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နှင့် လေဟာနယ်ကို လေ့လာပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]