လူသိရှင်ကြားကြေညာခြင်း...
Vol. 44 Ch. 665
လင်းယွမ်၏ ခဏတာ နားလည်မှုက နှစ်ပေါင်းတစ်ရာနှစ်ရာထက်ကို ကျော်လွန်နေသည်။ အဆုံးမဲ့ဟင်းလင်းပြင်တွင် သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ နားလည်ခဲ့ပြီးနောက် နှစ်ပေါင်းတစ်ရာ ဆက်လက်နေထိုင်ခဲ့သော်လည်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။
" ဒီနားလည်မှုအရှိန်နဲ့ဆို ကြီးမြတ်သူအဆင့်ကို မကြိုးစားခင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သတ္တမအဆင့်ထိ မြှင့်တင်နိုင်မလား မသိဘူး။ " လင်းယွမ်၏ မျက်လုံးများက တောက်ပလာသည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို ကြီးမြတ်သူအများစုပင် မရောက်နိုင်ကြသေးပေ။ အချိန်မြစ်၏ ကမ်းခြေတွင် ရပ်နေခြင်းက ဆဋ္ဌမအဆင့်သို့ အလွယ်တကူ ရောက်နိုင်သော်လည်း သတ္တမအဆင့်ကတော့ မလွယ်ကူပေ။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရှိ မှတ်တမ်းများအရ ပထမဆုံး စကြာဝဠာခေတ်ကို မကျော်လွန်မီ ပထမဆုံး စကြာဝဠာရှိ အလွှာဆယ့်နှစ်သက်ရှိအနည်းငယ်သာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို ရောက်ရှိခဲ့ကြသည်။ သူတို့ကလည်း စကြာဝဠာခေတ်တစ်ခု ကုန်ဆုံးခါနီးတွင် ၎င်းကို အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သတ္တမအဆင့်ထိ နားလည်ထားလျှင် စကြာဝဠာပျက်စီးချိန်တွင် ရှင်သန်နိုင်သည်ဟု ဆိုလိုသည်။ ထိုသို့သော တည်ရှိမှုများက ဖရိုဖရဲဟင်းလင်းပြင်မှာပင် အလွန်ရှားပါးခဲ့သည်။
" ဖြည်းဖြည်း ပေါ့။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ ခရီးက အဆင့်တစ်ခုသာ ဝေးကွာသည်ဟု ထင်ရသော်လည်း အလွန်ပင် ရှည်လျားလှသည်။ လင်းယွမ်၏ လက်ရှိနားလည်မှုအရှိန်နှင့်ပင် သတ္တမအဆင့်ကို ရောက်ရှိရန် အခွင့်အရေးရှိသည်ဟုပင် ခံစားခဲ့ရခြင်းဖြစ်သည်။ သူက နောက်ဆုံးတွင် နားလည်နိုင်ခြင်းရှိမရှိ မသေချာပေ။
" အလွှာဆယ့်တစ်ရဲ့ ကျင့်ကြံမှုက ရုပ်ခန္ဓာနဲ့ နိယာမတွေအပေါ် နားလည်မှုပဲဖြစ်သင့်တယ်။ " လင်းယွမ်က သူ့ကိုသူ အကဲဖြတ်ပြီး တွေးလိုက်သည်။
ရုပ်ခန္ဓာအတွက် ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံရမည်ဖြစ်သည်။ လိုအပ်သော အရင်းအမြစ်များကို တွေးပြီး လင်းယွမ်က မဟာစစ်မြေပြင်သို့ သွားရန် ပို၍ ပြင်းပြလာသည်။ ထိုအရင်းအမြစ်များက လူသားမျိုးနွယ်အတွက် အချိန်တိုအတွင်း စုဆောင်းရန် ခက်ခဲသည်။
သို့သော် မျိုးနွယ်အမျိုးမျိုးမှ အလွှာဆယ့်တစ်သက်ရှိများ၏ အကူအညီနှင့် မျှော်လင့်ချက်ရှိလေသည်။ အနည်းဆုံး ၎င်းက အရေးပါသော အစိတ်အပိုင်းကို စုဆောင်းနိုင်ပေလိမ့်မည်။
နိယာမနားလည်မှုတွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို အာရုံစိုက်ရန်လိုအပ်ပြီး အခြားအဓိကပေါင်းစပ်နိယာမများက အားဖြည့်ပေးရမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် လင်းယွမ်က ဖရိုဖရဲနိယာမကို နားလည်နိုင်ခြင်းရှိမရှိ သိချင်နေသည်။
ဖရိုဖရဲနိယာမအတွက် လမ်းညွှန်မှုမရှိသော်လည်း လင်းယွမ်၏ ခန့်မှန်းချက်အရ အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ခြင်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို ရောက်ရှိခြင်းထက် ပိုမိုခက်ခဲလှသည်။ မဟုတ်လျှင် ဖရိုဖရဲနိယာမကို နားလည်ပြီး ကြီးမြတ်သူအဆင့်ကို ကြိုးစားခြင်းက ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့အတွက်ပင် ဒဏ္ဍာရီတစ်ခုဖြစ်နေမည်မဟုတ်ပေ။
ရုပ်ခန္ဓာနှင့် နိယာမနားလည်မှုတို့အပြင် လင်းယွမ်၏ အတွင်းကမ္ဘာကလည်း တဖြည်းဖြည်း ပြောင်းလဲနေခဲ့သည်။ သူအလွှာဆယ့်တစ်သို့ တက်လှမ်းသောအခါ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်တို့က အတွင်းကမ္ဘာထဲတွင် အခြေကျနေခဲ့သည်။
လင်းယွမ်၏ လက်ရှိ အသက်အဆင့်နှင့် မူလရင်းမြစ်အားလုံးကို လျင်မြန်စွာ စုပ်ယူနိုင်ခြင်းမရှိသေးဘဲ တဖြည်းဖြည်း စုပ်ယူပြီး ပြောင်းလဲနေရသည်။ လင်းယွမ်က ကြီးမြတ်သူအဆင့်ကို ကြိုးစားချိန်တွင် ထိုမူလရင်းမြစ်များက ပေါက်ကွဲလာပြီး သူ့ကို အထွတ်အထိပ်သို့ တွန်းပို့ပေးပေလိမ့်မည်။
ထိုအချိန်တွင် လူသားမျိုးနွယ်ကလည်း နောက်ထပ် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာကြောင်း ကြေညာခဲ့သည်။ ကြီးမြတ်သူအဆင့်အောက်တွင် အသန်မာဆုံးဖြစ်သောကြောင့် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာချိန်တွင် ဂုဏ်ပြုရလေသည်။
နာလန် အလွှာဆယ့်တစ်သို့ တက်လှမ်းချိန်ကပင် ဂုဏ်ပြုပွဲကျင်းပခဲ့ပြီး လူသားမျိုးနွယ်၏ အင်အားစုများစွာက ဂုဏ်ပြုခဲ့ကြသည်။
ယခု နောက်ထပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အလွှာဆယ့်တစ်သို့ တက်လှမ်းသွားခဲ့သည်။ အစတွင် လူသားမျိုးနွယ်မှ အင်အားစုများစွာက မည်သည့်အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူဖြစ်သည်ကို သိချင်စိတ် ပြင်းပြခဲ့ကြသည်။
ထိုအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူက နဂါးငွေ့တန်းကြယ်သခင်ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ ဆဋ္ဌမအဆင့်သို့ ရောက်ပြီး ချီခွန်ကြယ်သခင်၏ တပည့်ဖြစ်လာပြီးနောက် ယခု အလွှာဆယ့်တစ်သို့ တက်လှမ်းသည်အထိ နဂါးငွေ့တန်းကြယ်သခင်က ရာစုနှစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး နှစ်တစ်ထောင်ပင် မပြည့်ခဲ့ပေ။ ထိုကဲ့သို့ အံ့ဩဖွယ်ကောင်းသော တိုးတက်မှုအရှိန်က လူသားမျိုးနွယ်တစ်ခုလုံးကို စိတ်ရှုပ်ထွေးစေခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင် သူ အလွှာဆယ့်တစ်ကို ရောက်သွားပြီလား။ " အနက်ရောင်ကြယ်သခင်က လျိုလီကြယ်သခင်၊ အခြားအလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများနှင့် စကားပြောနေခဲ့သည်။
အဓိကပေါင်းစပ်နိယာမကို ဒုတိယအဆင့်ထိ နားလည်ပြီးနောက် အလွှာဆယ့်တစ်သို့ တက်လှမ်းရန် သူ့အတွက် အချိန်သာ လိုအပ်သည်။ သူက ယခင် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများကို အားပေးသော စီနီယာတစ်ယောက်ပုံစံဖမ်းနေခဲ့သည်။
အနက်ရောင်ကြယ်သခင်က ၎င်းကို ကျေနပ်နေခဲ့သည်။ သို့သော် သူမမျှော်လင့်ထားသည်မှာ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်သို့ အရင်တက်လှမ်းသွားလိမ့်မည်ဟုပင် ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်တစ် အရမ်းမြန်တယ်...."
" တကယ် လူသားမျိုးနွယ်ရဲ့ အသန်မာဆုံး ပါရမီရှင်ပဲ။ "
" နဂါးငွေ့တန်းကြယ်သခင်က အလွှာတစ်ဆယ်ကို ရောက်တာ နှစ်သုံးရာလောက်ပဲ ရှိသေးတယ်လေ။ သူက ဘယ်လိုတောင်ကျင့်ကြံတာလဲ။ "
အလွှာတစ်ဆယ် အဆင့်အေ ဆင့်ကဲပြောင်းလဲသူများက ချက်ချင်း ဆွေးနွေးနေကြသည်။ နဂါးငွေ့တန်းကြယ်သခင် ပြသခဲ့သော ပါရမီနှင့် အရည်အချင်းများအရ သူက အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းကို သံသယဝင်စရာမလိုပေ။ သို့သော် ယခု အလွန်မြန်လွန်းနေသည်။
နှစ်ပေါင်းသုံးရာအတွင်း သူက အဓိကပေါင်းစပ်နိယာမကို နားလည်ခဲ့ရုံသာမက ဒုတိယအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။ အလွှာတစ်ဆယ် အဆင့်အေ ဆင့်ကဲပြောင်းလဲသူများက အလွန်အံ့အားသင့်နေကြသည်။ သူတို့မသိကြသည်မှာ နဂါးငွေ့တန်းကြယ်သခင်က အဓိကပေါင်းစပ်နိယာမတစ်ခုကို ဒုတိယအဆင့်ထိ ကျင့်ကြံပြီး အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။
၎င်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့်ရှိပြီး အဓိကပေါင်းစပ်နိယာမများစွာကိုလည်း ဆဋ္ဌမအဆင့်ထိ မြှင့်တင်ပြီး အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လင်းယွမ်က အခြား အလွှာဆယ့်တစ် သက်ရှိအားလုံးထက် သန်မာလေသည်။ ကြီးမြတ်သူအဆင့် လက်နက်များနှင့် အလွှာဆယ့်တစ် သက်ရှိများပင် သူ၏ ရှေ့တွင် အသက်ရှင်နိုင်ရန်သာ မျှော်လင့်နိုင်သည်။
" ငါ နဂါးငွေ့တန်းကြယ်သခင်ကို အလွှာဆယ့်တစ်မှာ စောင့်နေမယ်လို့တောင် ပြောခဲ့သေးတယ်။ " အနက်ရောင်ကြယ်သခင်က လင်းယွမ်ကို ပြောခဲ့သော စကားအား ပြန်အမှတ်ရပြီး အနည်းငယ် ရှက်ရွံ့သွားသည်။
အနက်ရောင်ကြယ်သခင်က ကြွားဝါရန် ရည်ရွယ်ချက်မရှိဘဲ စိတ်ရင်းမှန်ဖြင့် ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က ယခုလောက်ထိ မြန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
အနက်ရောင်ကြယ်သခင်၏ မူလရည်ရွယ်ချက်က အလွှာဆယ့်တစ်တွင် နဂါးငွေ့တန်းကြယ်သခင်ကို စောင့်ရန် ဖြစ်သည်။ သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်က သူ့ကိုပြန်စောင့်ရတော့မည်ဖြစ်သည်။
လူသားမျိုးနွယ် အလယ်ပိုင်းကြယ်ဒေသ၏ ဧရာမဂြိုလ်ကြီးတစ်ခုပေါ်တွင်။
ထိုဂြိုလ်က လူသားမျိုးနွယ်၏ ရှမိသားစု ပိုင်ဆိုင်ခြင်းဖြစ်သည်။ ထိုနေရာတွင် ရှမိသားစု၏ အရေးပါသော အဖွဲ့ဝင်များနှင့် ရှမိသားစု၏ ခေါင်းဆောင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတို့ နေထိုင်ကြခြင်းဖြစ်သည်။
စံအိမ်တစ်ခုထဲတွင် ရှခွန်ရန်က လင်းယိနှင့် ရှိနေခဲ့သည်။ သူတို့က လက်ထပ်ပြီးနောက် ထိုဂြိုလ်သို့ ရွှေ့ပြောင်းခဲ့ကြသည်။ ၎င်းက ရှမိသားစုမှ အဓိကမျိုးနွယ်ဝင်များ၏ သင်္ကေတဖြစ်သည်။
" ဘိုးဘေးက ငါ့ကိုတွေ့ချင်လို့လား။ " ရှခွန်ရန်က ရုတ်တရက် မက်ဆေ့ချ်တစ်ခုကို ရရှိလိုက်သည်။
လူသားရှမိသားစု၏ ဘိုးဘေးက အဆင့်အတန်းမြင့်မားပြီး ရှခွန်ရန်ကဲ့သို့ တိုက်ရိုက်မျိုးဆက်များပင် အလွယ်တကူ မတွေ့နိုင်ပေ။ သို့သော် လင်းယိနှင့် လက်ထပ်မှုကြောင့် ဘိုးဘေး၏ ဆင့်ခေါ်မှုကို နှစ်ကြိမ်ခံခဲ့ရသည်။ ယခု တတိယအကြိမ် ထပ်မံခေါ်ယူလာခဲ့သည်။
" ဘိုးဘေးက ငါ့ကို ဘာလို့တွေ့ချင်တာလဲ။ " ရှခွန်ရန်က အနည်းငယ် စိုးရိမ်နေသည်။
" စိတ်ပူမနေနဲ့။ ပြဿနာမရှိလောက်ပါဘူး။ " လင်းယိက စိတ်ချလက်ချပြောလိုက်သည်။
" အဲ့လိုမျှော်လင့်ရမှာပဲ။ " ရှခွန်ရန်က စိုးရိမ်စွာဖြင့် ဘိုးဘေး၏ စံအိမ်ဆီသို့ ဦးတည်သွားသည်။
မကြာမီ ရှခွန်ရန်က စံအိမ်ထဲမှ ထွက်လာပြီး သူ၏ မျက်နှာက ထိတ်လန့်အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။ ရှမိသားစု၏ ဘိုးဘေး ခေါ်ယူသော ကိစ္စက မကောင်းသော ကိစ္စမဟုတ်ပေ။ ၎င်းက ကောင်းသော ကိစ္စ အလွန်ကောင်းသော ကိစ္စဖြစ်သည်။
ရှမိသားစု၏ ဘိုးဘေးက သူ့ကို ယခုလောက်ထိ ရင်းနှီးမှုပြသလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအရာအားလုံး၏ အကြောင်းရင်းမှာ.....
" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်ကို တက်လှမ်းသွားပြီ။ " ရှခွန်ရန်က ဘိုးဘေးဆီမှရရှိသော သတင်းကို တွေးလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်သို့ တက်လှမ်းရန် သေချာနေသော်လည်း နှစ်ပေါင်းသုံးရာအတွင်း ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ နဂါးငွေ့တန်းကြယ်သခင်၏ ပါရမီနှင့် အရည်အချင်းက လူတိုင်းခန့်မှန်းထားသည်ထက် ပိုမိုမြင့်မားသည်ကို ဆိုလိုသည်။
ထို့အပြင် အလွှာဆယ့်တစ်သို့ ဝင်ရောက်ခဲ့သော နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူများအောက်တွင် ဆုံးဖြတ်ချက်ချနိုင်သည့်လူတစ်ယောက် ဖြစ်လာခဲ့သည်။ အဆင့်အတန်းအရ ရှမိသားစု၏ ဘိုးဘေးထက် နိမ့်ကျခြင်းမရှိဘဲ နဂါးငွေ့တန်းကြယ်သခင်၏ အနာဂတ်က ပို၍ပင် တောက်ပလေသည်။