← Chapters

မျိုးနွယ်ခြားများ၏ စိုးရိမ်မှု....

Vol. 44 Ch. 666

မျိုးနွယ်ခြားများ၏ စိုးရိမ်မှု....

Vol. 44 Ch. 666

" အကိုက အလွှာဆယ့်တစ်ကို တက်လှမ်းသွားပြီလား။ " လင်းယိက ရှခွန်ရန်ထံမှ သတင်းကို ရရှိပြီးနောက် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

" ဘိုးဘေးကိုယ်တိုင် ငါ့ကို ပြောခဲ့တာဆိုတော့ မမှားနိုင်ဘူး။ " ရှခွန်ရန်စိတ်ထဲမှ ထိတ်လန့်မှုကလည်း လျော့နည်းခြင်းမရှိသေးပေ။

" ငါတပည့်က အလွှာဆယ့်တစ်ကို တက်လှမ်းသွားပြီလား။ " ချီခွန်ကြယ်သခင်က ချီခွန်ပင်မကြယ်ပေါ်တွင် သူ၏ တပည့်များကို လမ်းညွှန်ပေးနေခဲ့သည်။

နဝမအလွှာသို့ တက်လှမ်းပြီးနောက် ချီခွန်ကြယ်သခင်၏ သင်ကြားပေးနိုင်စွမ်းက များစွာတိုးတက်လာခဲ့ပြီး တပည့်နှစ်ယောက်က သတ္တမအလွှာသို့ တက်လှမ်းသွားခဲ့သည်။ သို့သော် ယခု လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းသွားသည့် သတင်းကို ရရှိပြီးနောက် ချီခွန်ကြယ်သခင်က စိတ်လှုပ်ရှားသွားခဲ့သည်။

သူတို့အားလုံးက သူ၏ တပည့်များ ဖြစ်ကြသည်။ သို့သော် အခြားတပည့်များက သတ္တမအလွှာသို့ မည်သို့တက်လှမ်းရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ သို့သော် အသက်ငယ်ဆုံး လင်းယွမ်ကတော့ အလွှာဆယ့်တစ်သို့ တက်လှမ်းသွားခဲ့သည်။

" ဘာ "

" ညီငယ်လေးက အလွှာဆယ့်တစ်ကို တက်လှမ်းသွားပြီလား။ "

" ဆရာ အဲ့ဒါ အရမ်းကောင်းတဲ့ သတင်းပဲ။ "

" အလွှာဆယ့်တစ်လား။ ကျွန်တော်တို့ ညီငယ်လေးရဲ့ ပါရမီက အရမ်းထူးဆန်းလွန်းတယ်။ "

တောင်ထိပ်သခင်များက တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

" ပျော်စရာကိစ္စပဲ။ " ချီခွန်ကြယ်သခင်က ကျေနပ်စွာ ပြုံးလိုက်သည်။

သူ၏ တပည့်ဖြစ်သော နဂါးငွေ့တန်းကြယ်သခင်ကြောင့် ချီခွန်ကြယ်သခင်က သူ၏ သူငယ်ချင်းများရှေ့တွင် မည်မျှမျက်နှာရခဲ့သည်ကို မသိနိုင်ပေ။ လူသားမျိုးနွယ်၏ ကြယ်နယ်မြေများမှ နဝမအလွှာနှင့် ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများက ချီခွန်ကြယ်သခင်ကို အားကျခဲ့ရသည်။

ထိုအရာအတွက် ချီခွန်ကြယ်သခင် ရှင်းပြချက်မှာ - " ငါလည်း မတတ်နိုင်ဘူး။ ငါက နဂါးငွေ့တန်းကြယ်သခင်ကို လက်ခံခဲ့ရုံပဲ။ ကံကောင်းမှုကို မင်းတို့မတားဆီးနိုင်ဘူး။ " ဟူ၍ ဖြစ်သည်။

လင်းယွမ် အလွှာဆယ့်တစ်သို့ တက်လှမ်းသွားခြင်းက လူသားမျိုးနွယ်အပေါ် သက်ရောက်ရုံသာမက ကြယ်စကြာဝဠာအတွင်းရှိ အထွတ်အထိပ်မျိုးနွယ်များကလည်း ထိုသတင်းကိုလည်း လက်ခံရရှိခဲ့ကြသည်။

ကြယ်စကြာဝဠာ၏ တစ်နေရာတွင် မြင့်မားသော ပုံရိပ်များက စုစည်းနေကြသည်။

" လူသားမျိုးနွယ်ရဲ့ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်ကို တက်လှမ်းသွားပြီလား။ ဒီလိုထူးဆန်းတဲ့ တိုက်ဆိုင်မှုက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကြီးမြတ်သူအဆင့်ကို ​ကြိုးစားရာမှာ ကျရှုံးခဲ့တဲ့ အဲ့ဒီလူသားဆင့်ကဲပြောင်းလဲသူနောက်မှာလား။ "

ထိုပုံရိပ်များက အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်မှ ကြီးမြတ်သူများ ဖြစ်ကြသည်။ သူတို့က အတူတကွ စုဝေးပြီး ထိုကိစ္စကို ဆွေးနွေးနေကြသည်။

နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်တစ်သို့ တက်လှမ်းသွားခြင်းက အလွန်တိုက်ဆိုင်လွန်းလှသည်။ ထိုသို့တိုက်ဆိုင်လွန်သောကြောင့် ကြီးမြတ်သူများက တွေးမိကြခြင်းဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူအဆင့်ကို ကြိုးစားရာမှာ ကျရှုံးခဲ့တဲ့ အဲ့ဒီဆင့်ကဲပြောင်းလဲသူဖြစ်နိုင်လား။ " ကြီးမြတ်သူအနည်းငယ်က အချင်းချင်း ကြည့်ပြီး မဖြစ်နိုင်သော အတွေးတစ်ခုကို တွေးမိသွားကြသည်။

" မဖြစ်နိုင်ဘူး။ "

" နဂါးငွေ့တန်းကြယ်သခင်က အခုမှ အလွှာဆယ့်တစ်ကို တက်လှမ်းတာပဲ။ အဲ့ဒါက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ။ " ကြီးမြတ်သူအချို့က ၎င်းကို လက်မခံကြပေ။

" ငါတို့ အတွေးလွန်နေတာဖြစ်နိုင်တယ်။ " ကြီးမြတ်သူအနည်းငယ်က ခေါင်းညိမ့်လိုက်ကြသည်။

" ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်တစ်ကို တက်လှမ်းသွားတာက တော်တော်လေး ပြဿနာဖြစ်လာနိုင်တယ်။ "

" မဟာစစ်မြေပြင်က မကြာခင် ဖွင့်လှစ်တော့မယ်။ ငါတို့ နဂါးငွေ့တန်းကြယ်သခင်ကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရလိမ့်မယ်။ " ပုံရိပ်များက အချင်းချင်း ဆက်သွယ်ပြောဆိုလိုက်ကြသည်။

အထွတ်အထိပ်မျိုးနွယ်များက နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်တစ်သို့ တက်လှမ်းသွားသည်ကို ကြားသောအခါ အားလုံးက ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ အလွှာဆယ့်တစ် သက်ရှိများက ကြီးမြတ်သူများအောက် စကြာဝဠာအထွတ်အထိပ်တွင် ရပ်တည်နေကြသည်။

လင်းယွမ်၏ နာမည်က ကြယ်စကြာဝဠာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

" ငါ့ရဲ့ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နဲ့ အတွင်းကမ္ဘာက..." နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် လင်းယွမ်က ခြေချိတ်ထိုင်ပြီး စဉ်းစားနေသည်။

သူက အလွှာတစ်ဆယ်တွင် စိတ်စွမ်းအားညွှန်းကိန်းက ၃၃.၃ သန်းကျော်သို့ ရောက်ရှိခဲ့သည်။ သူ၏ စိတ်စွမ်းအားက သူ၏ အဆင့်ထက် ကျော်လွန်နေသောကြောင့် ကြီးမြတ်သူရှချင်က တစ်ချက်ကြည့်ရုံနှင့် သိခဲ့လေသည်။ သို့သော်ယခု အလွှာဆယ့်တစ်တက်လှမ်းပြီးသောအခါ လင်းယွမ်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းကမ္ဘာတို့က သိသိသာသာ မြင့်တက်လာပြီး အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့သည်။

၎င်းက အလွှာတစ်ဆယ်ထက် ပိုမိုကောင်းမွန်ပြီး စိတ်စွမ်းအားညွှန်းကိန်း ၃၃.၃သန်းကို ဖုံးကွယ်ထားနိုင်ပြီဖြစ်သည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများက တစ်ယောက်နှင့်တစ်ယောက် နားလည်ကြပြီး ၎င်းတို့၏ စိတ်စွမ်းအားကို ဖုံးကွယ်ရန် စိတ်မဝင်စားသော်လည်း လင်းယွမ်က အလွှာဆယ့်နှစ်မဟုတ်ပေ။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက် သိသွားလျှင် အရေးမကြီးသော်လည်း အခြားမျိုးနွယ်မှ ကြီးမြတ်သူများက လင်းယွမ်၏ စိတ်စွမ်းအားကို သတိပြုမိသွားလျှင် မကောင်းပေ။ မည်သို့ပင်ဆိုစေ မိမိ၏ ဝှက်ဖဲများကို ဖုံးကွယ်ထားခြင်းက အကောင်းဆုံးဖြစ်သည်။

လင်းယွမ်က အလွှာဆယ့်တစ်သို့ ဝင်ရောက်ကြောင်း ကြေညာခြင်းက မဟာစစ်မြေပြင်သို့ ဝင်ရောက်ရန်အတွက် ပြင်ဆင်ခြင်းဖြစ်သည်။

" မဟာစစ်မြေပြင်က နှစ်ဝက်အတွင်း ဖွင့်လှစ်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်၏။

မဟာစစ်မြေပြင် ဖွင့်လှစ်မည့်အချိန်ကို လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက မသိကြသော်လည်း လင်းယွမ်က ကြီးမြတ်သူများထံမှ အချက်အလက်များ ရရှိထားခဲ့သည်။

" မူလစိတ်ဝိညာဉ်နှစ်ခု...." လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။

သူ၏ ကိုယ်ပွားတစ်ခုက စစ်မြေပြင်ကြီးများတွင် သူ့ကိုသူ ကာကွယ်နိုင်စွမ်းရှိကြသည်။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းမှုအရှိန်ကို မြှင့်တင်ရန် စစ်မြေပြင်ကြီးတွင် နေထိုင်နေသူက ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

" နှမြောစရာကောင်းတာ မူလစိတ်ဝိညာဉ်က မူလစိတ်ဝိညာဉ်ပဲ။ ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မူလရင်းမြစ်အားလုံးက မူလခန္ဓာကိုယ်ရဲ့ အတွင်းကမ္ဘာထဲမှာ စိတ်ဝင်နေကြတယ်။ " လင်းယွမ်က အနည်းငယ် ခေါင်းခါလိုက်သည်။

မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့က စွမ်းအားမျှဝေထားခြင်းဖြစ်သော်လည်း ဖရိုဖရဲဟင်းလင်းပြင် ​မူလရင်းမြစ် ရောက်လာသည့်ကိစ္စတွင် ကွဲပြားမှုအချို့ရှိနေသည်။ မူလစိတ်ဝိညာဉ်နှစ်ခုအပေါ် မူလရင်းမြစ်ရောက်ရှိခြင်းက မူလခန္ဓာကိုယ်နှင့် မတူပေ။ ရိုးရှင်းစွာ ပြောရလျှင် မူလစိတ်ဝိညာဉ်နှစ်ခုရရှိသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်က မူလခန္ဓာကိုယ်ထက် များစွာ နည်းပါးလှသည်။

" ဒါပေမယ့် အဲ့ဒါလည်း ကောင်းပါတယ်။ " လင်းယွမ်၏ စိတ်က ပေါ့ပါးသွားသည်။

မူလစိတ်ဝိညာဉ်နှစ်ခုက မူလခန္ဓာကိုယ်ကဲ့သို့ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်မျ လက်ခံထားလျှင် လင်းယွမ်က ၎င်းတို့ကို အသုံးပြုရန် ဝန်လေးနေပေလိမ့်မည်။ မူလစိတ်ဝိညာဉ်တစ်ခု ကျဆုံးသွားသည်နှင့် လက်ခံထားသော မူလရင်းမြစ်များကလည်း ပျက်စီးပျောက်ကွယ်သွားပေလိမ့်မည်။

" ငါ့ရဲ့ လက်ရှိနယ်ပယ်အရဆို သိုင်းတာအို အလွှာဆယ့်တစ်ကို ကျင့်ကြံနိုင်တယ်။ " လင်းယွမ်၏ အကြည့်များက နက်ရှိုင်းနေသည်။

" နာလန်က ငါ့ကို ရှာနေတာလား။ " လင်းယွမ်၏ စိတ်အသိက VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

" ဂုဏ်ပြုပါတယ် နဂါးငွေ့တန်းကြယ်သခင်။ " နာလန်က ပေါ်လာပြီး လင်းယွမ်ကို ခံစားချက်များ ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။

အခြားသူများနှင့်ယှဉ်လျှင် သူက လင်းယွမ်၏ ကြီးထွားမှုကို မျက်မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ သူတို့ ပထမဆုံးတွေ့ခဲ့သည်မှာ ချီခွန်ပင်မကြယ်ပေါ်တွင် နာလန်က ကြီးမြတ်သူရှချင်၏ အမိန့်ဖြင့် စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကို လင်းယွမ်ဆီသို့ လာရောက်ပို့ဆောင်ခြင်းဖြစ်သည်။

သို့သော် ထိုအချိန်တွင် လင်းယွမ်က လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် ယှဉ်လျှင် သိသာထင်ရှားမှု သိပ်မရှိပေ။ သို့သော် နောက်ပိုင်း နာလန်က လင်းယွမ်ကို အာရုံစိုက်မိချိန်တွင် နဝမအလွှာဖြစ်နေပြီး နှစ်ယောက်လုံးက အချိန်နိယာမတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုပြိုင်ပွဲတွင် နာလန်က ဆိုးဆိုးရွားရွား ဆုံးရှုံးခဲ့ရသည်။ သူက ထိုရှုံးနိမ့်မှုကြောင့်ပင် သူ၏ အချုပ်အနှောင်များကို ချိုးဖျက်က အလွှာဆယ့်တစ်သို့ တက်လှမ်းနိုင်ခဲ့သည်။

သို့သော် ယခု လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းသွားပြီဖြစ်သည်။ နာလန်၏ အတွေးများကရှုပ်ထွေးနေသော်လည်း မနာလိုခြင်းမရှိပေ။ အကြောင်းမှာ သူက မနာလိုရန်ပင် မတတ်နိုင်ပေ။

အခြားဆင့်ကဲပြောင်းလဲသူများက လင်းယွမ်၏ ကြီးထွားမှုအကြောင်းကို ကြားဖူးရုံသာ ဖြစ်သော်လည်း နာလန်က လင်းယွမ်ကြီးထွားလာသည်ကို ကိုယ်ပိုင်မျက်လုံးများဖြင့် ကြည့်ခဲ့ရသည်။

" ကံကောင်းရုံပါပဲ။ " လင်းယွမ်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" မင်းက အတော်နှိမ့်ချနေတာပဲ။ " နာလန်က သက်ပြင်းချလိုက်သည်။

" ငါ မင်းကို စုဝေးပွဲတစ်ခုကို ဖိတ်ခေါ်ဖို့ လာခဲ့တာပဲ။ " နာလန်က အဓိကအကြောင်းရင်းကို ပြောလိုက်သည်။

လူသားမျိုးနွယ်မှ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများ စုဝေးနေကြခြင်းက အလွှာဆယ့်တစ်သို့ ဝင်ရောက်သွားသော လင်းယွမ်ကို ဂုဏ်ပြုရန်ဖြစ်သည်။ လူသားမျိုးနွယ်ကဲ့သို့ အထွတ်အထိပ်မျိုးနွယ်တစ်ခုမှာပင် အလွှာဆယ့်တစ်များက ရှားပါးပြီး တစ်ထောင်အောက်သာ ရှိသည်။

အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာသည့်အချိန်တိုင်း အခြားအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကြားတွင် တွေ့ဆုံပွဲတစ်ခု ရှိလေသည်။ အထူးသဖြင့် လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သော လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းသွားချိန်တွင် ဖြစ်သည်။

" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

All Chapters