← Chapters

မဟာစစ်မြေပြင်မှ လှုပ်ရှားမှု....

Vol. 44 Ch. 668

မဟာစစ်မြေပြင်မှ လှုပ်ရှားမှု....

Vol. 44 Ch. 668

" အဲ့ဒီအကြောင်း ကြီးမြတ်သူရွှမ်ယွမ်က မင်းကို ပြောပြခဲ့တာလား။ " နာလန်က ရွှမ်ယွမ်တောက်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။

" မဟုတ်ပါဘူး။ " ရွှမ်ယွမ်တောက်က ခေါင်းခါလိုက်သည်။ " အဲ့ဒါက ကျွန်မရဲ့ ကိုယ်ပိုင်ထင်ကြေးပါပဲ။ "

" အော် " နာလန်က ခဏအံ့ဩသွားသည်။

" နာလန် ငါတို့ ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှာ တွေ့ခဲ့ရတဲ့ အဲ့ဒီအရှင်ကို မှတ်မိသေးတယ်မဟုတ်လား။ " ရွှမ်ယွမ်တောက်က နာလန်ကို ကြည့်ပြီး ပြောလိုက်သည်။

" အဲ့ဒီအရှင်..." နာလန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ " မင်းက အရှင်ရွှယ်ယုကို ပြောတာလား။ "

ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော မည်သည့်လူသားဆင့်ကဲပြောင်းလဲသူမဆို အရှင်ရွှယ်ယုကို အလွယ်တကူ မေ့နိုင်မည်မဟုတ်ပေ။ အမှန်တော့ လူသားဆင့်ကဲပြောင်းလဲသူများသာမက မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ စိတ်ထဲတွင် လူသားရွှယ်ယု၏ နာမည်က နက်ရှိုင်းစွာ မှတ်မိနေကြပေလိမ့်မည်။

ကြီးမြတ်သူအဆင့် လက်နက်များကို ကိုင်ဆောင်ထားသော နတ်ဘုရင်နှင့် အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများက ရွှယ်ယု၏ အလွယ်တကူ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

အဖြူရောင်စာရွက်ထွက်သွားပြီးနောက် လူသားမျိုးနွယ်သာမက အခြားမျိုးန်ခယ်များကလည်း အရှင်ရွှယ်ယု၏ တည်နေရာနှင့် အချက်အလက်များကို စုံစမ်းခဲ့ကြသည်။ ကံမကောင်းစွာဖြင့် မည်သည့်သဲလွန်စမှ မရှာတွေ့ခဲ့ကြပေ။

သို့သော် သံသယဝင်စရာမလိုအောင် ရွှယ်ယုက အမှန်တကယ် တည်ရှိနေသည်။ သူက ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများကြားတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်နိုင်သည်။

အထွတ်အထိပ်မျိုးနွယ်များ၏ ခန့်မှန်းချက်အရ ရွှယ်ယုက လူသားမျိုးနွယ်အတွင်းရှိ လျို့ဝှက်ဆင့်ကဲပြောင်းလဲခြင်းအဖွဲ့အစည်းတစ်ခုမှ ဖြစ်နိုင်သည်ဟု ထင်ကြေးပေးကြသည်။ မဟုတ်လျှင် အချက်အလက်များကို လုံးဝ လျို့ဝှက်ထားနိုင်မည်မဟုတ်ပေ။

လူသားမျိုးနွယ်မှ သိထားသော အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူအရေအတွက်က တစ်ထောင်မကျော်ပေ။ သို့သော် ၎င်းက လူသိရှင်ကြားကြေညာထားသူများကို ရည်ညွှန်းလေသည်။ အမှန်တွင် လူသားမျိုးနွယ်က အမှောင်ထဲတွင် လေ့ကျင့်ပေးနေသော အဖွဲ့တစ်ခုရှိနေသည်။ ၎င်းက လူသားမျိုးနွယ်၏ လျို့ဝှက်အင်အားဖြစ်သည်။ ထိုအင်အားမျိုးက လူသားမျိုးနွယ်သာမဟုတ်ဘဲ အခြားမျိုးနွယ်များတွင်လည်း ရှိနေသည်။

" အရှင်ရွှယ်ယုလည်း မဟာစစ်မြေပြင်ထဲကို ဝင်ရောက်လိမ့်မယ်လို့ မင်းပြောချင်တာလား။ " နာလန်က ရွှမ်ယွမ်တောက်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

" ဖြစ်နိုင်ပါတယ်။ စကြာဝဠာတစ်ခုလုံးကို သက်ရောက်နိုင်တဲ့ အဲ့ဒီကိစ္စမှာ အရှင်ရွှယ်ယုလည်း သေချာပေါက် ပါဝင်နိုင်တယ်။ " ရွှမ်ယွမ်တောက်က ပြောလိုက်သည်။

၎င်းကလည်း သူမ၏ ထင်ကြေးဖြစ်သည်။ သူမက ကြီးမြတ်သူရွှမ်ယွမ်ကို မေးမြန်းခဲ့သော်လည်း တုံ့ပြန်မှုမရှိခဲ့ပေ။ သို့သော် မဟာစစ်မြေပြင်ကို အရှင်ရွှယ်ယုက သေချာပေါက် လက်လွှတ်ခံမည်မဟုတ်သည်ကို ယုံကြည်နေသည်။

" အရှင်ရွှယ်ယု လှုပ်ရှားရင်တော့ စိုးရိမ်စရာမရှိပါဘူး။ " နာလန်က ပြောလိုက်သည်။

မဟာစစ်မြေပြင်က ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာနှင့် တူညီခြင်းမရှိဘဲ ကြီးမြတ်သူအဆင့် လက်နက်များကို အကန့်အသတ်မရှိ အသုံးပြုနိုင်သည့်အပြင် ကြီးမြတ်သူများ၏ စောင့်ကြည့်မှုနှင့် ဝင်ရောက်စွက်ဖက်မှုအချို့ပင် ရှိနိုင်သည်။

အနည်းဆုံးတော့ အရှင်ရွှယ်ယုရှိနေလျှင် လူသားမျိုးနွယ်က အသာစီးရရန် အခွင့်အရေးများပေလိမ့်မည်။ လင်းယွမ်က နာလန်နှင့် ရွှမ်ယွမ်တောက်တို့၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေသည်။

ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှ ရွှယ်ယုက လင်းယွမ်သာ ဖြစ်ပြီး သူက မဟာစစ်မြေပြင်တွင် ပါဝင်မည်ဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင် ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှာ မင်းက အရှင်ရွှယ်ယုနဲ့ တွေ့ဆုံဖို့ လွဲချော်ခဲ့တယ်။ ဒါပေမယ့် ဒီမဟာစစ်မြေပြင်ဖွင့်လှစ်ရင် အခွင့်အရေးရလိမ့်မယ်။ " နာလန်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။

" အရှင်ရွှယ်ယုနဲ့ တွေ့ဆုံဖို့က အလွှာဆယ့်တစ်တိုင်း ရနိုင်တဲ့ အခွင့်အရေးမဟုတ်ဘူး။ " ရွှမ်ယွမ်တောက်က ဘေးမှ ဝင်ပြောလိုက်သည်။

စုဝေးပွဲက နေ့တစ်ဝက်ကြာ ကျင်းပပြီးနောက် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် " အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် ပက်သက်သော အတွေးများက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့်က ကိုယ်ပိုင်တာအိုကို ထူထောင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် အလွှာဆယ့်နှစ်က တည်ငြိမ်သွားပေလိမ့်မည်။

" ငါ့ရဲ့ တာအိုက ဘာဖြစ်မလဲမသိဘူး။ " လင်းယွမ်က အတော်လေး သိချင်မိသည်။

ပုံမှန်အားဖြင့် အလွှာဆယ့်နှစ်တွင် ထူထောင်သော တာအိုက ကြီးမြတ်သူအဆင့်သို့ တက်လှမ်းနေချိန်တွင် သတ်မှတ်ပြီး ဖြစ်ပေလိမ့်မည်။

" ဆက်လေ့ကျင့်ရမယ်။ " လင်းယွမ်က ဆက်လက်ကျင့်ကြံရန့ ပြင်လိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် အဝေးမှ အချိန်လေဟာနယ် လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။

" အဲ့ဒီနေရာက " လင်းယွမ်က ကြည့်လိုက်သည်။ " မဟာစစ်မြေပြင်ကို တည်ထောင်နေတဲ့ နေရာလား။ "

မဟာစစ်မြေပြင်က ကြီးမြတ်သူအဆင့် လက်နက်များကိုင်ဆောင်ထားသော အလွှာဆယ့်တစ် သက်ရှိများ၏ ထိန်းချုပ်မှုမရှိ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိစေရန် ကြီးမြတ်သူများက စကြာဝဠာလျို့ဝှက်နယ်မြေများကို ဆွဲထုတ်ပြီး မဟာစစ်မြေပြင်၏ အခြေခံကို ပြုလုပ်ခဲ့သည်။ ကြီးမြတ်သူရှချင်၏ စကားအရ မဟာစစ်မြေပြင်၏ ခံနိုင်ရည်က အလွန်မြင့်မားပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ တိုက်ခိုက်မှုအချို့ကိုပင် ခံနိုင်ရည်ရှိပေလိမ့်မည်။

" အဲ့ဒါ ကြီးမြတ်သူတွေရဲ့လက်ချက်လား။ "

ထိုအချိန်လေဟာနယ် လှုပ်ရှားမှုက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ ပဉ္စမအဆင့်ရှိသော အလွှာဆယ့်တစ်သက်ရှိများပင် ခံစားနိုင်လေသည်။ သို့သော် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့်ရှိပြီး လျို့ဝှက်နယ်မြေများကို ပေါင်းစည်၍ သန့်စင်နေသည်ကို ခံစားနိုင်သည်။

" ငါလည်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ ဆဋ္ဌမအဆင့်ဆိုပေမယ့် ကြီးမြတ်သူတွေနဲ့ယှဉ်ရင် အများကြီး လိုနေတုန်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သူ၏ နားလည်မှုက ကြီးမြတ်သူများနှင့် တူညီသော်လည်း သူ၏ စွမ်းအားအခြေခံက များစွာကွာခြားလှသည်။

" ဖြည်းဖြည်းပေါ့။ ငါကျင့်ကြံတာ ဘယ်လောက်ကြာသေးလို့လဲ။ " လင်းယွမ်က အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ကို လိုချင်သော်လည်း လက်ရှိအချိန်က အရေးကြီးဆုံး ဖြစ်သည်။

လင်းယွမ်က မည်သည့်အချိန်တွင်မဆို ကြီးမြတ်သူအဆင့်ကို တက်လှမ်းရန် ကြိုးစားနိုင်ပြီး အလွှာဆယ့်နှစ်သို့ ဝင်ရောက်ရန် အခွင့်အရေးက မည်သည့်အလွှာဆယ့်တစ်သက်ရှိများထက်မဆို ပိုမိုမြင့်မားလေသည်။

သို့သော် လင်းယွမ်က အလျင်စလို လုပ်မည်မဟုတ်ပေ။ သူက ကြီးမြတ်သူအဆင့်သို့ ကြိုးစားလိုက်သည်နှင့် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။ သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်လိမ့်မည် သို့မဟုတ် အချိန်မြစ်၏ တန်ပြန်သက်ရောက်မှုကြောင့် ဖျက်ဆီးခံရပေလိမ့်မည်။

" အလွှာဆယ့်တစ် ဂုဏ်ပြုပွဲက တစ်လအတွင်း ကျင်းပလိမ့်မယ်။ " လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းသွားခြင်းကြောင့် ဂုဏ်ပြုလွှာများကိုလည်း လက်ခံရရှိခဲ့သည်။

အသစ်တက်လှမ်းလာသော အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတိုင်းက မျိုးနွယ်ခြားများကို ခြိမ်းခြောက်ရန် ဂုဏ်ပြုပွဲတစ်ခု ကျင်းပကြသည်။ နာလန်က အလွှာဆယ့်တစ်သို့ ဝင်ရောက်သောအခါ အလားတူ ပြုလုပ်ခဲ့ရသည်။

လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် လင်းယွမ်ကလည်း ထိုဓလေ့ကို မချိုးဖောက်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ဂုဏ်ပြုပွဲကျင်းပခြင်းကလည်း လင်းယွမ်အတွက် ဂုဏ်ပြုလက်ဆောင်များ ရရှိနိုင်သည်။

ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန် ကြီးမားသော အရင်းအမြစ်များကို လိုအပ်နေသော လင်းယွမ်အတွင် ထိုဂုဏ်ပြုပွဲမှ လက်ဆောင်များက အကူအညီတစ်ခု ရပေလိမ့်မည်။ ၎င်းတို့က ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံရန် လုံလောက်သော အရင်းအမြစ်များကို မဖြည့်ဆည်းပေးနိုင်သော်လည်း လင်းယွမ်အတွက် ဖိအားအချို့ လျော့နည်းသွားပေလိမ့်မည်။

လင်းယွမ်၏ အလွှာဆယ့်တစ် ဂုဏ်ပြုပွဲက မည်သည့်ဘက်မှ ကြည့်သည်ဖြစ်စေ နာလန်ထက် ကျော်လွန်ပေလိမ့်မည်။ သူတို့နှစ်ယောက်၏ ကိုယ်စားပြုသော အရေးပါမှုက ကွာခြားလှသည်။ လူသားမျိုးနွယ်မှ အင်အားစုများစွာက နာလန်ကို လျစ်လျူရှုနိုင်သော်လည်း နဂါးငွေ့တန်းကြယ်သခင်ကို အနည်းငယ်မျှပင် ဆန့်ကျင်ရဲမည်မဟုတ်ပေ။

နာလန်က အလွှာဆယ့်တစ်သို့ ဝင်ရောက်ခြင်းမှာ သူ၏ အကန့်အသတ်ဖြစ်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် အခွင့်အလမ်း အနည်းငယ်သာ ရှိသည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် မျှော်လင့်ချက်ရှိနေသည်။

အနာဂတ်တွင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ် ကြီးမြတ်သူများထဲမှ တစ်ယောက်ဖြစ်လာလျှင် ယနေ့ ဂုဏ်ပြုရန် မလာခဲ့သော အင်အားစုများက အကြီးအကျယ် နောင်တရရပေလိမ့်မည်။ နောင်တရမည့်အစား ယခုပင် ကျေနပ်အောင် လုပ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ထိုအရာက လူသားမျိုးနွယ်ရှိ အင်အားစုများအားလုံး၏ အတွေးဖြစ်သည်။ လင်းယွမ်က လက်ခံရရှိသော စုစုပေါင်းလက်ဆောင်ငွေ ပမာဏကို တွက်ချက်ပြီး ပြုံးလိုက်သည်။

" စကြာဝဠာသလင်းကျောက် ၃.၂ ဘီလီယံ ငါစုဆောင်းထားတာတွေရောပေါင်းရင် အလွှာဆယ့်တစ်မှာ ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်မလားမသိဘူး။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန် ကဏ္ဍနှစ်ခုရှိသည်။ တစ်ခုက ရွှမ်ဟွမ်သလင်းကျောက်ဖြစ်ပြီး လင်းယွမ်အတွက် စိတ်ပူရန် မလိုအပ်ပေ။

All Chapters