← Chapters

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း (၄၁)

Vol. 5 Ch. 41

"အဖွဲ့အစည်းက လမ်းလွဲသွားတာများလား။တာဝန်ခံစူးရဲ့ဝတ်စုံက အထင်ကြီးစရာကောင်းပေမယ့် အဖွဲ့အစည်းကိုဝင်ဖို့ဖိတ်ကြားခံရတာကတော့ ခိုင်လုံမှုမရှိဘူးလေ"

"ငါလည်းအဲ့လိုထင်တယ်။ငါတော့အဖွဲ့အစည်းရဲ့မျှတမှုကို တစ်ကယ်ကြီးသံသယဝင်လာပြီ"

"......"

ခန်းမမှာ တီးတိုးသံတို့ဖြင့် ပြည့်နှက်ကာဆူညံနေတော့သည်။ကျန်းကျင်ယွင်သည် မျက်မှောင်ကြုံ့ကာ အစီအစဉ်တင်ဆက်သူထံ တစ်ချက်ကြည့်လိုက်၏။

အစီအစဉ်တင်ဆက်သူမှာလည်း ချက်ချင်းသဘောပေါက်သွားရာ အသံကုန်ဟစ်အော်လိုက်သည်။

"လူတိုင်းပဲ တိတ်တိတ်နေကြပါဦး"

လူအုပ်ကြီးမှာ ပြောလာ၏။

"ဒါပေမယ့်..."

မည်သူမှဆက်မပြောနိုင်သေးခင် အစီအစဉ်တင်ဆက်သူမှဖြတ်ပြောလိုက်သည်။

"ကုန်သည်အဖွဲ့အစည်းက တရားမျှတတဲ့နေရာတစ်ခုဖြစ်ပြီး ဧကရာဇ်အရှင်မြတ်ကနေ ပုဂ္ဂိုလ်ရေးအရခန့်အပ်ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ဒီနေရာမှာ တရားမျှတမှုနဲ့ပက်သက်ပြီး ဘာမှစိတ်ပူနေစရာမလိုပါဘူး"

လူအုပ်ကြီးမှာ ငြင်းခုံချင်နေကြသေးသော်လည်း ဧကရာဇ်အားဖော်ပြလာသည်ကြောင့် တိတ်ဆိတ်ကုန်ကြ၏။

လူအုပ်ကြီးမှာ မည်သည့်ကန့်ကွက်ချက်မှထုတ်ပြောမလာတော့ဘဲ လုံးဝတိတ်ဆိတ်သွားလေသည်။သူတို့သည် ကျန်းကျင်ယွင်စကား၏အလေးချိန်ကိုကောင်းကောင်းကြီးနားလည်လေ၏။သူ၏ကိုယ်ပိုင် အောင်မြင်မှုအား မပြောလျှင်ပင် သူ့မိသားစုနောက်ခံဖြင့်တောင် လေးစားသမှုပြုရန်ထိုက်တန်နေပြီဖြစ်သည်။မြို့‌တော်၏ဂုဏ်သတင်းအကြီးမားဆုံးမိသားစုများထဲရှိတစ်ခုဖြစ်ကာ တော်ဝင်ရုံးတော်၌ ရာထူးကြီးများအား ထမ်းဆောင်ခဲ့သော မျိုးဆက်သုံးခုဖြင့် သူ၏တည်ရှိမှုမှာ ကိုင်လှုပ်၍မရနိုင်ပေ။

ကျန်းကျင်းယွင်၏ဖခင်သည် လက်ရှိဧကရာဇ်၏တော်ဝင်ဆရာဖြစ်ပြီး ကျန်းကျင်ယွင်ကိုယ်တိုင်သည်လည်း ယုံကြည်ရသောအာဏာရာထူးတစ်ခုရှိပြီးဖြစ်သည်။သူသည်တော်ဝင်စာမေးပွဲအား ဘွဲ့ထူးမြင့်မြင့်ဖြင့်အောင်မြင်ခဲ့ပြီး သူ့အသက်နှစ်ဆယ်အလယ်မှာပင် အကြီးတန်းဝန်ကြီးတစ်ဦးဖြစ်သည်ထိ ရာထူးများ မြန်မြန်တက်သွားခဲ့၏။သူသည် အလားအလာရှိသောအနာဂတ်ဖြင့် မြင့်မားသောလွှမ်းမိုးမှုရှိသည့်လူတစ်ဦးဖြစ်သည်မှာ သံသယဝင်စရာမရှိပေ။

"ကန့်ကွက်စရာတွေမရှိတော့ဘူးဆိုမှတော့"

သူသည်အေးစက်စက်ဖြင့်ဆက်ပြောလိုက်၏။

"ဒါဆိုလည်း မင်းတို့ပါးစပ်တွေကို ပိတ်ထားလိုက်တော့။ငါ့မှာမင်းတို့နဲ့ ငြင်းခုံနေဖို့အချိန်မရှိဘူး"

အခန်းထဲရှိလေထုမှာ တင်းမာလာနေသည်။လူတိုင်းမှာအကြည့်ချင်းဖလှယ်လိုက်ကြပြီး သူ၏နာမည်ဆိုးဖြင့်ကျော်ကြားမှုကို လုံးဝသတိထားမိလိုက်ကြသည်။ကျန်းကျင်းယွင်သည် သူ၏တည့်တိုးဆန်ဆန်မချေမငံဆက်ဆံမှုကြောင့် လူသိများကာ သူပြောလိုက်သည်နှင့် မည်သူမျှစိန်မခေါ်ရဲကြတော့ပေ။

ပြဿနာမှာပြေလည်သွားပြီဟု လူတိုင်းတွေးနေကြစဉ် သုန်းကွေ့မှာမတ်တပ်ထရပ်လာ၏။

သူမသည်စင်မြင့်ပေါ်စိုက်ကြည့်၍ မေးလိုက်သည်။

"စူးယွင်ကဘာလို့ အဖွဲ့အစည်းထဲဖိတ်ကြားခံရတာလဲ"

စူးယွင်သည် သူမထက်ပိုတော်၍ ရှုံးသွားသည်ကိုဝန်ခံနိုင်သော်လည်း သူမသည် စူးယွင်မှ ပြိုင်ပွဲတစ်ဖြတ်ထဲဝင်ပြိုင်ပြီး သူမအချိန်အကြာကြီး ဝင်ခွင့်ရရန်‌မျှော်လင့်ခဲ့ရ‌သော အဖွဲ့အစည်းကိုဝင်ခွင့်ရသွားသည်ကိုတော့ လက်မခံနိုင်ပေ။

ကျန်းကျင်းယွင်သည် သူမထံကြည့်ကာ နောက်ထပ်ဆက်ကြည့်နေပါက သူ့မျက်လုံးများမှာ စော်ကားခံရသလိုဖြစ်တော့မည့်ဟန်ဖြင့် အမြန်အကြည့်ပြန်လွှဲလိုက်သည်။

သူမှပြောလိုက်၏။

"မင်းကအကြောင်းအရင်းသိချင်တာလား"

"မဟုတ်ဘူး တရားမျှတမှုအကြောင်းသိချင်တာ"

သုန်းကွေ့၏ ဆင်ခြင်တုံတရားတို့မှာ ယခုအချိန်တွင် မနာလိုမှု၏လွှမ်းမိုးခံလိုက်ရပြီးဖြစ်ကာ သူမမှာပြန်ဖြေလိုက်သည်။သူမသည် ကျန်းကျင်းယွင်၏ရာထူးကို ဂရုစိုက်မနေတော့ဘဲ ပြောလိုက်၏။

"စူးယွင်ကဘာလို့ အဖွဲ့အစည်းထဲဝင်ခွင့်ရတာလဲ။သူမကကျွန်မထက် နည်းနည်းလေးပဲသာတာကိုလေ"

သူမသည်စူးယွင်၏ဝတ်စုံအားကြည့်လိုက်ရာ ချည်ထိုးပညာနှင့် သူမထက်အဆင့်မြင့်သောဒီဇိုင်းဖြစ်နေသည်မှလွဲ၍ ထူးချွန်မှုရေရေရာရာဘာမှရှိမနေပေ။

ဖက်ရှင်လောကတွင်းတွင် ဤသည်မှာ ထိပ်တန်းလက်ရာဖြစ်ပေသိ အဖွဲ့အစည်းတွင်းဝင်ဖို့ရန်တော့ လိုအပ်ချက်ရှိနေတုန်းပင်။

ကျန်းကျင်းယွင်သည် အေးစက်စက်ပြုံးကာ စင်မြင့်ထက်မှထွက်သွားလေ၏။

လူထုမှာကျန်းကျင်းယွင်၏ လုပ်ရပ်ကြောင့် ရှုပ်ထွေးသွားကြကာ အချင်းချင်းမရေရာဟန်ဖြင့် ကြည့်လိုက်ကြသည်။

နောက်ခဏတွင်ပင် ရုန်စာမှာ သူမခုံမှထရပ်၍ စူးယွင်၏ဒီဇိုင်းဆီလျှောက်သွားလိုက်၏။

"ကျွမ်းကျင်သူတိုင်းမှာ သူတို့ရဲ့ထူးချွန်မှုတွေရှိကြတော့ ဆရာကျတဲ့အတွေးအမြင်ကို ကျွမ်းကျင်သူတွေကပဲ ဖြေပေးသင့်ပါတယ်"

ကျန်းကျင်းယွင်မှာ အဖွဲ့အစည်း၏ဥက္ကဌဖြစ်ပေသိ သူသည်အဝတ်အစားချည်ထိုးထည်နယ်ပယ်တွင် မကျွမ်းကျင်‌ပေ။သို့သော်လည်း သူမမှာ‌တော့ ကျွမ်းကျင်လေသည်။

ရုန်စာသည် သုန်းကွေ့ဘက်လှည့်လိုက်၏။

"စင်ပေါ်တက်လာပေးပါ"

သုန်းကွေ့သည် ရုန်စာမှဘာကြောင့်ခေါ်သည်ကိုမသိသော်လည်း လိုက်နာနေဆဲပင်။

သူမသည်စူးယွင်ဘေး၌ရပ်ကာ သူမအားပြင်းပြင်းထန်ထန်စိုက်ကြည့်နေလိုက်၏။

စူးယွင်သည် ခနဲ့တဲ့တဲ့သာပြုံး၍ သူမနှင့် အချေအတင်ဖြစ်ရန် ရည်ရွယ်ချက်မရှိဘဲ သုန်းကွေ့၏တစ်ကိုယ်တော်သရုပ်ပြမှုကိုသာ တိတ်တဆိတ်ကြည့်နေလိုက်သည်။

"သုန်းကွေ့လည်းစင်ပေါ်ရောက်လာပြီဆိုတော့ စူးယွင်ရဲ့ ဒီဇိုင်းကိုဘယ်သူမှသံသယမဝင်တော့အောင် သေချာရှင်းပြပေးပါရစေ"

ရုန်စာသည် ချုံဆမ်း၏ထောင့်ကိုမ၍ ‌အောက်ခြေတွင် ငွေချည်ဖြင့်ထိုးထားသည့် ရေလှိုင်းပုံစံတို့ကို ပွဲလာသူတို့ထံ ပြလိုက်၏။

သုန်းကွေ့သည် မျက်လုံးအားမှေးကျဉ်း၍ ချည်ထိုးနည်းမှာ မရင်းနှီးသော်လည်း ထူးထူးဆန်းဆန်းပင် ရင်းနှီးနေရာ သူမသည်ဝတ်စုံပေါ် လက်တင်မကြည့်ဘဲမနေနိုင်တော့ပေ။

ရုန်စာသည် ဖွဖွလေးပြုံးလိုက်ပေသိ သူမ၏တည်ကြည်သောတည်ငြိမ်မှုကိုထိန်းထားသေးသည်။

"ဒီနည်းလမ်းကို *သော့ချိတ်ချည်ထိုးနည်း* လို့ခေါ်တယ် လူအများစုကတော့ ဖွတ်မြီးချည်ထိုးနည်းတို့ ကျစ်ဆံမြီးချည်ထိုးနည်းဆိုပြီးခေါ်ကြတယ်"

"အဲ့ဒါက မူလချည်ထိုးနည်းနဲ့တူပေမယ့် တစ်ကယ်တော့ အခြားဟာတွေနဲ့ အတော်ကွာခြားတယ်။ချည်ထိုးနည်းက ချိန်းကြိုးတစ်ခုလို အချင်းချင်းချည်နှောင်ထားတော့ ခိုင်မာပြီး လက်ရာကောင်းဖို့အတွက် အားထုတ်မှုအချို့နဲ့တိကျမှုတို့လိုတယ်"

ရုန်စာသည် မြစ်ပြင်ထက်ရှိ ရေပြင်ပုံစံ၏အတိမ်အနက်ကွဲပြားမှုကို ထောက်ပြလိုက်၏။

"သော့ချိတ်ချည်ထိုးနည်းရဲ့ အတွင်းပိုင်းချိတ်ဆက်ချည်ထိုးနည်းပညာကြောင့် မြစ်ပြင်ရဲ့အလွှာပုံ‌ဖော်ထားတဲ့ လှိုင်းတွေတို့ ရေကြပ်ခွပ်ပုံစံတို့က အရမ်းကို ကြွကြွရွရွဖော်ထုတ်ပြနိုင်သွား‌တယ်"

သူမသည် သုန်းကွေ့ကြည့်နိုင်ရန် ဝတ်စုံအားမြင့်မြင့်မြှောက်ပြလိုက်၏။

အစောက ခပ်လှမ်းလှမ်းမှရပ်နေ၍ ချည်ထိုးနည်းထဲရှိ သိမ်မွေ့သောကွဲပြားမှုကို မမှတ်မိခဲ့သည့်သုန်းကွေ့မှာ ယခုတော့ ရှင်းရှင်းကြီးမြင်လိုက်ရပေသည်။အမှန်ပင် ချည်ထိုးနည်းများမှာ ယခင်ကသူမတွေ့ဖူးသည်တို့နှင့်မတူပါပေ။

သူမမျက်နှာမှာ ဖြည်းဖြည်းချင်းဖြူဖျော့လာပြီး မယုံကြည်နိုင်မှုကြောင့် မျက်လုံးများပြူးကျယ်သွားရသည်။

ဤနေရာ၌ရှိနေသောလူများမှာ ဤနယ်ပယ်၌ကျွမ်းကျင်သူများဖြစ်၍ နည်းပညာများကြားရှိ ကွဲပြားမှုကို ပြောနိုင်လေ၏။အစောတွင် လူတိုင်းမှာ ရုန်စာ့စကားများ၏တိကျမှုကို သက်သေပြရန်မဖြစ်နိုင်ဟုထင်ခဲ့ကြသည်။သို့သော် ယခုသုန်းကွေ့၏တုံ့ပြန်မှုအားမြင်သော် သူတို့သည် ကိုယ်ပိုင်ကောက်ချက်ချမှုများလုပ်လာကြတော့၏။

ရုန်စာမှာဆက်၍

"မိန်းကလေးစူးသုံးခဲ့တဲ့ ချည်ထိုးနည်းပညာက အဖွဲ့အစည်းရဲ့လိုအပ်ချက်တိုင်းနဲ့ကိုက်ညီပါတယ်။အဖွဲ့အစည်းရဲ့သူမကိုဖိတ်ကြားမှုဟာ သူမအရည်းအချင်းကို အသိအမှတ်ပြုခြင်းရဲ့ရလဒ်ပါ"

"ဒါ့အပြင် အဖွဲ့အစည်းကိုတည်ထောင်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။အဖွဲ့အစည်းဟာ သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ဘယ်တော့မှအပေးအယူမလုပ်သလို ဘယ်လိုလက်သိပ်ထိုးမှုမျိုးမှလည်း ဒီမှာအလုပ်ဖြစ်မှာမဟုတ်ပါဘူး"

သုန်းကွေ့နှင့် မျက်နှာချင်းဆိုင်ကာ ရုန်စာမှာဖွဖွလေးပြုံးလိုက်၏။

"အဲ့တာမှန်တယ်မလား မိန်းကလေးသုန်း"

သုန်းကွေ့မှာ ဟိုကြည့်ဒီကြည့်လုပ်ကာ ရုန်စာအားတည့်တည့်မကြည့်ရဲတော့ပေ။

သူမသည် သူမအင်္ကျီအားတင်းတင်းဆုပ်ကိုင်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်၏။

"ဥက္ကဌရုန်.....ဘာ...

ရှင်ဘာတွေပြောနေတာလဲ။ကျွန်မ.....ကျွန်မနားမလည်ဘူး..."

"တစ်ကယ်လား"

ရုန်စာသည် သူမအပြုံးအားဆက်ထိန်းထားကာ ညင်သာပေသိတည်ကြည်ဟန်ဖြင့်ကြည့်ပြီး

"မိန်းကလေးသုန်းကောင်းကောင်းကြီးသိနေမယ့် လူတစ်ယောက်ရှိနေတယ်"

ရုန်စာမှခေါင်းငြိမ့်ပြလိုက်ရာ သူ့နောက်တွက် လူနှစ်ယောက်မှချုပ်ခေါ်လာသည့် အမျိုးသားတစ်ဦးပေါ်လာတော့သည်။

သုန်းကွေ့မှာသူ့အားကြည့်ပြီး အနည်းငယ်ခြေချော်သွားရကာ သူ့နောက်ရှိ ပြသထားသောဝတ်စုံကိုပင် တိုက်မိလုနီးနီးပင်။

All Chapters