← Chapters

အခန်း (၄၃)

Vol. 5 Ch. 43

အခန်း (၄၃)

Vol. 5 Ch. 43

စူးယွင်စင်ပေါ်မတက်ခင်တွင် တုန့်စန်းသည် အိမ်တော်၌ နဉ်ကျင်းမှကိုင်တွယ်ရန်လိုအပ်သော အရေးကြီးကိစ္စတစ်ခုရှိနေကြောင်းသတင်းပို့ရန် တစ်ယောက်ယောက်ကို စေလွှတ်ခဲ့၏။

စူးယွင်သည် သူ့အားအိမ်ပြန်၍ ထိုကိစ္စအားချက်ချင်းဖြေရှင်းလိုက်ရန် တိုက်တွန်းခဲ့ပေသိ နဉ်ကျင်းမှာ မည်သည်တို့ဆက်ဖြစ်မည်ကို သိချင်၍ခေါင်းမာမာဖြင့်ဆက်နေရန်တောင်းဆိုခဲ့သည်။

အချိန်ဖြုန်းခဲ့ပြီးဖြစ်၍ ယခုအချိန်တွင်တော့ သူမမှာအချိန်အားထပ်မဖြုန်းစေချင်တော့ပေ။

စူးယွင်မှာ နဉ်ကျင်းမှသဘောမပေါက်သေးသည်ကိုသတိပြုမိ၍ ဆက်ပြောလိုက်၏။

"ဒါကစိုးရိမ်နေစရာမလိုတဲ့ အာလ္လာပသလ္လာပစကားဝိုင်းတစ်ခုသာသာပါပဲ"

"ကောင်းပြီလေ"

နဉ်ကျင်းသည် သူမလက်အားအသာညှစ်ကာ

"ကိုယ်နောက်ကျမှ မင်းနဲ့တွေ့ဖို့ ဝမ်ကောကိုလာခဲ့မယ်"

"အင်း"

စူးယွင်သည် သူ့အားကြည့်ကာ

"ရှင်လဲဂရုစိုက်ဦးနော်"

နဉ်ကျင်းသည် ဘာမှထပ်မပြောတော့ဘဲ ပြုံးရုံသာပြုံးပြလိုက်၏။

-----------

ခုံပေါ်ရှိ ကျန်းကျင်းယွင်အားကြည့်ကာ စူးယွင်သည် မတတ်သာဘဲ မျက်မှောင်ဖွဖွကြုံ့လိုက်မိသည်။

သူမသည် ရုန်စာမှသူမအားခေါ်သည်ဟု ထင်ခဲ့သော်လည်း သူဖြစ်နေခဲ့၏။

စူးယွင်မှမေးလိုက်သည်။

"အကြီးအကဲကျန်းက ကျွန်မနဲ့ဘာပြောစရာများရှိနေလို့ပါလိမ့်"

"အရင်ထိုင်ပါဦး"

ကျန်းကျင်းယွင်သည် သူမအားရေနွေးကြမ်းတစ်ခွက် ကမ်းပေးလာ၏။သူမမှ ချက်ချင်းမယူသည်ကို‌ တွေ့လိုက်ရရာ ထပ်ပြောလိုက်သည်။

"ဆိုင်ရှင်စူး အရမ်းကြီးသူစိမ်းဆန်နေစရာမလိုပါဘူး"

စူးယွင်သည် နှုတ်ခမ်းအားတင်းတင်းစေ့ကာ ရေနွေးခွက်အားယူ၍ သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

ကျန်းကျင်းယွင်သည် အနားရှိအစေခံဘက်လှည့်ကာ ပြောလိုက်၏။

"မင်းသွားလို့ရပြီ"

"ကောင်းပါပြီ လူကြီးမင်း"

အစေခံမှာ တံခါးအားနည်းနည်းဟပေးခဲ့၍ ထွက်သွားသည်။

စူးယွင်သည် အနည်းငယ်ဖွင့်ဟ‌ထား‌သောတံခါးအားကြည့်၍ မေးလိုက်၏။

"အကြီးအကဲကျန်းမှာ ပြောစရာတစ်ခုခုရှိနေရင် တည့်ပဲပြောလိုက်ပါ"

"ဆိုင်ရှင်စူးမှာ လှည့်ကွက်တွေကစားဖို့ ‌အကြံကောင်းတွေကျိန်းသေရှိနေတာပါပဲ"

ကျန်းကျင်းယွင်သည် မျက်လုံးအားမှေးကျဉ်းကာ ရိသဲ့သဲ့ဟန်အပြုံးမမြည်သောအပြုံးတစ်ခုဖြင့် သူမအားပြုံးပြလာ၏။

စူးယွင်သည် သူ၏ဆိုလိုရင်းကိုချက်ချင်းသဘောပေါက်လိုက်ကာ

"အဲ့တာက တစ်ကယ်ကိုပရိယာယ်သေးသေးလေးပါပဲ။ရှင့်ရဲ့အကူအညီသာမရှိခဲ့ရင် ဒီလိုသက်ရောက်မှုမျိုးရှိလာမှာတောင်မဟုတ်ပါဘူး အကြီးအကဲကျန်း"

ကုန်သည်ကြီးများအသင်းမှ ဝမ်ကောဆီပြန်လာသည့်နေ့၌ သူမအားအရိပ်ထဲမှနေ စောင့်ကြည့်နေသလိုခံစားချက်အား ခံစားမိခဲ့၏။

သူမသည် ရှောင်းယွင်အား တိတ်တိတ်လေးစုံစမ်းခိုင်းခဲ့ရာ သေချာပေါက်ကို သုန်းကွေ့မှ သူမလုပ်ငန်းများအား ထောက်လှမ်းစုံစမ်းနေခဲ့ပြီး လူများအား တိတ်တိတ်လေးလာဘ်ထိုးနေသည်ကို သိလိုက်ရသည်။

စူးယွင်သည် စီးပွားရေးအားခြေရှုပ်သည်ကို မနှစ်မြို့သလို တစ်စုံတစ်ဦးမှ သူမအားကြံစည်နေသည်ကို သိချိန်တွင်လည်း လျစ်လျူရှုထားသည့်အစားထဲမှမဟုတ်ပေ။

ကျန်းကျင်းယွင်သည် ရေနွေးတစ်ငုံသောက်၍ ပြောလာ၏။

"ဆိုင်ရှင်စူး မင်းကအရမ်း‌နှိမ့်ချလွန်းနေတာပဲ"

လွန်ခဲ့သောသုံးရက်ခန့်ကပင် သုန်းကွေ့၏အကြံအစည်များအား ဖော်ထုတ်ဖို့ရာ သုန်းကွေ့၏လာဘ်ပေးလာဘ်ယူမှုသက်သေများအား သူမ၏အစီအစဥ်ပါဝင်သောစာတစ်‌စောင်ဖြင့် တစ်ပါတည်းပို့ပေးခဲ့ပြီးဖြစ်သည်။

ဤကဲ့သို့ပြဿနာမျိုးမှာ ယခင်ကလည်းဖြစ်ခဲ့ဖူးကာ အသင်းအနေနဲ့လည်း ကိစ္စကြီးတစ်ခုမဟုတ်ပေ။သီးသန့်ကိုင်တွယ်ခဲ့ပါက ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းဖြင့်သာ ရိုးရိုးလေးပြီးသွားပေလိမ့်မည်။

သို့သော် စူးယွင်သည် ကိစ္စကြီးဖြစ်အောင်လုပ်ဖို့ တောင်းဆိုခဲ့၏။သူမသည် သုန်းကွေ့၏ထောက်လှမ်းစုံစမ်းမှုအပေါ် အရေးယူချင်၍တောင်းဆိုခဲ့ခြင်းပင်။

သုန်းကွေ့သည် တစ်ကယ်လည်း သူမအားစိတ်မပျက်စေခဲ့ပေ။လာဘ်စားထားသည့်လူများသည် အဖွဲ့အစည်းအား ‌လူသိရှင်ကြားမေးခွန်းထုတ်ကြကာ သူမ၏မူလပြစ်မှုအား ပိုကြီးသွားစေခဲ့သည်။

ပြောရလျှင်

သူမအနေဖြင့် နောက်ထပ်ခေါင်းမထောင်နိုင်တော့သည်ပင် ဖြစ်နိုင်၏။

စူးယွင်သည် ရေနွေးခွက်အားချကာ သူ့ထံကြည့်၍ပြောလိုက်သည်။

"အကြီးအကဲကျန်း ဒါဆိုကျွန်မအခုသွားတော့......"

ဘန်း!

ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံးနီရဲနေသည့် သုန်းကွေ့မှာ ဟထားသည့်တံခါးအား အားဖြင့်တွန်းဖွင့်ချလိုက်၏။

သူမမျက်လုံးများမှာ ပြူးကျယ်နေပြီး စူးယွင်အားခါးခါးသီးသီးကြည့်နေလေသည်။သူမမှာ အော်ဟစ်၍

"ငါနင့်ကိုသတ်ပစ်မယ်"

ရုတ်တရက်ဆူညံသံမှာ စူးယွင်အားကြောင်အမ်း၍ ထိတ်လန့်သွားစေရာ သူမလက်ထဲရှိရေနွေးခွက်အား လွတ်ချလိုက်လုနီးနီးပင်။

သူမတည်ငြိမ်မှုအား မြန်မြန်ပြန်ထိန်းကာ စူးယွင်သည် ရေနွေးခွက်အားအသာပြန်ချလိုက်၏။

သူမနှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးရှိနေကာ သုန်းကွေ့၏ခြိမ်းခြောက်မှုအား လုံးဝထိတ်လန့်မနေခဲ့ပေ။

သူမသည်တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်၏။

"ရှင်ကအစိုးရအရာရှိတစ်ဦးရှေ့မှာ တစ်ယောက်ယောက်ကို သတ်မယ်ဆိုပြီးခြိမ်းခြောက်နေတယ်ပေါ့လေ။ရှင့်အတွက် ခန္ဓာကိုယ်တစ်ခုလုံးကောင်းကောင်းမွန်မွန် ကျန်ခဲ့တာကတောင် ကံကောင်းတယ်ပြောရမယ်"

"နင်"

သုန်းကွေ့သည် သူမအားလက်ညှိုးထိုးကာ ဒေါသကြောင့်တုန်ယင်နေသောအသံဖြင့်

"နင်ကငါ့ကိုဘာလို့ ဒုက္ခပေးချင်နေရတာလဲ"

ထုတ်ပယ်ခံရပြီးနောက်တွင်တောင် သူမမှာအာဃာတအား လွှတ်မချနိုင်သေးချေ။လူတိုင်းထွက်သွားသည်ကို အခွင့်ကောင်းယူကာ သူမသည်အထဲသို့တိတ်တိတ်လေးပြန်ဝင်ခဲ့၏။

အစက သုန်းကွေ့သည် ကျန်းကျင်းယွင်၏ရုံးခန်းဆီ တည့်တည့်သွားဖို့လုပ်ခဲ့ပေသိ စူးယွင်မှတစ်စုံတစ်ယောက်နှင့်ဝင်လာသည်ကိုမြင်လိုက်ရရာ ပုန်းနေဖို့ဆုံးဖြတ်လိုက်သည်။

သူမသည်အရိပ်ထဲတွင်စောင့်နေကာ အစေခံမှထွက်သွားသည်ကို မမြင်ရသေးသ၍ အရှေ့မတက်ရဲခဲ့ပေ။

တံခါးပေါက်ရှေ့ရောက်သော် သုန်းကွေ့သည် ကျန်းကျင်းယွင်အား အသနားခံရန် တံခါးကိုတွန်းဖွင့်ဖို့လုပ်လိုက်သော်ငြား စူးယွင်နှင့်သူ၏စကားဝိုင်းကို ကြားလိုက်ရလေသည်။

"အဲ့ဒါကကျွန်မနဲ့ဘာဆိုင်လို့လဲ"

စူးယွင်သည်နှာမှုတ်၍

"ကျွန်မကရှင့်ကို အဲ့လိုလုပ်ဖို့ တိုက်တွန်းခဲ့လို့လား"

"ဒါမှမဟုတ် အခြားလူတွေဆီ လာဘ်‌ထိုးဖို့ပိုက်ဆံတွေ ရှင့်ဆီပေးမိလို့လား"

သုန်းကွေ့သည် သူမပါးစပ်အားဖွင့်လိုက်ပေသိ မည်သည့်စကားမှပြောထွက်မလာပေ။

စူးယွင်သည် ရေနွေးခွက်အစွန်းအား အသာလှည့်နေလိုက်၏။

"ကျိန်းသေမဟုတ်ဘူးလေ။ဒါဆိုရှင်ကဘာလို့ ကျွန်မကိုအပြစ်တင်နေရတာလဲ"

သူမလေသံမှာ သုန်းကွေ့မှရှင်းရှင်းလင်းလင်းပြသလာသည့် ဒေါသအပေါ်မည်သည်မျှ မခံစားရသည့်အလား တည်ငြိမ်နေလေ၏။

"နင့်ကြောင့်သာမဟုတ်ရင် ငါကဘာလို့ဒီလိုအခြေအနေရောက်သွားရမှာလဲ"

စူးယွင်တွင်သာ လှည့်စားမည့်အကြံရှိမနေခဲ့ပါက ချန်ရှီးလမ်းထက်ရှိ သူမဂုဏ်သတင်းမှာလည်း ပျက်စီးသွားမည်မဟုတ်သလို ဖက်ရှင်လောကတွင်လည်း ရပ်တည်နိုင်ဦးပေမည်။

စူးယွင်သည် တန့်သွားကာ ရေနွေးခွက်အားဘာသိဘာသာဟန်ဖြင့်ချ၍ သူမထံကြည့်လိုက်၏။

"ရှင့်ရဲ့စိတ်သာရှင်းနေရင် ရှင်ကဘာလို့ ကျွန်မဆင်ထားတဲ့ထောင်ချောက်ထဲ ကျလာပါ့မလဲ"

"အဲ့ဒါကိုပွင့်ပွင့်လင်းလင်းပြောရရင် ရှင့်ရဲ့ကိုယ်ပိုင်ဆန္ဒတွေကိုက ပြဿနာရှိနေတာလေ"

သူမသာ ပထမနေရာအတွက် အလိုလောဘကြီးမနေပါလျှင် ဤကိစ္စများမှာဖြစ်လာမည်မဟုတ်ချေ။

သုန်းကွေ့၏နှလုံးမှာတုန်ယင်သွားပေသိ သူမမှာငြင်းဆန်နေဆဲပင်။

"ဒါပေမယ့် ဒီကိစ္စတွေထဲမှာ နင့်ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ပါမနေပါဘူးလို့ နင်ပြောနိုင်လား"

"ဟုတ်တာပေါ့ ကျွန်မလုပ်ခဲ့တယ်လေ"

စူးယွင်သည် နောက်သို့မှီထိုင်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်

"ကျွန်မက သူတော်စင်တစ်ယောက်မဟုတ်ပါဘူးလို့ ရှင့်ကိုပြောခဲ့သားပဲ။ရှင်ကျွန်မကို ဒုက္ခပေးခဲ့သမျှအတွက် ပြန်မတုံ့ပြန်ဘဲသည်းခံနေရုံနဲ့တင် ပြီးသွားပေးမှာမဟုတ်ဘူးလေ"

သုန်းကွေ့သည်ပြန်ချေပရန်ပါးစပ်ဖွင့်လိုက်သော်လည်း စကားလုံးများပျောက်ရှသွားရ၏။

စူးယွင်သည် သူမအားဖြတ်ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မနည်းလမ်းတွေက သင့်လျော်ပြီး တရားဝင်တယ်လေ"

"ရှင်အခုဖြစ်နေတဲ့ အခြေအနေကတော့ အဲ့ဒါရှင့်ဘာသာရှင်လုပ်ခဲ့တာတွေပါပဲ"

"ဒါပေမယ့်လည်း ဟုတ်ပါတယ်လေ....."

"အဲ့ဒါကကျွန်မနဲ့ပက်သက်နေတာမှန်ပေမယ့် အများကြီးမဟုတ်ပါဘူး"

သုန်းကွေ့သည် လက်သီးအားတင်းတင်းဆုပ်ကာ ဒေါသမှသူမအားလောင်ကျွမ်းသွားစေတော့သည်။စူးယွင်မှ သူမအားမည်မျှရှင်းပြနေစေကာမူ သူမအဖို့တော့ ဤသည်မှာ စူးယွင်၏အမှားကြောင့်သာဖြစ်ရသည်ဟု ကောက်ချက်ချခဲ့လေ၏။

ဒေါသကြောင့် စုံလုံးကန်းသွားပြီဖြစ်ရာ သူမအင်္ကျီလက်တွင်းဖွက်ထားသော ဆံထိုးတစ်ချောင်းအားဆွဲယူ၍ စူးယွင်ထံချိန်ရွယ်ကာ ပစ်ထိုးချလိုက်သည်။

သူမသည် သုန်းရှို့၏အကြံဉာဏ်ကိုရော နဉ်ကျင်း၏သတိပေးစကားကိုပါ ဂရုစိုက်မနေတော့ချေ။

သူမဖြစ်စေချင်သမျှမှာ သူမရှေ့၌ပင် စူးယွင်သေသွားစေရန်ပင်။

စူးရှ၍အေးမြသောလေတစ်သုတ်မှာ လေထုအားဖြတ်သွား၍ စူးယွင်ထံရိုက်ခတ်လာ၏။

ကျန်းကျင်းယွင်မှာ ကြောင်အမ်းသွားပြီး အော်လိုက်သည်။

"သတိထား"

"အား"

သွေးစီးကြောင်းတစ်ခုမှာ ပြန့်ကျဲသွားပြီး စူးယွင်၏ စကပ်အနားစွန်းပေါ် စွန်းထင်းသွားစေခဲ့၏။

All Chapters