← Chapters

အခန်း (၃၉)

Vol. 5 Ch. 39

အခန်း (၃၉)

Vol. 5 Ch. 39

နန်ကျီနှင့် ရဲတပ်ဖွဲ့ဝင်များ အခြားဝင်ပေါက်မှတစ်ဆင့်ရောက်ရှိလာသောအခါ နန်ယု၊ လီယွမ်မိုနှင့် ဖေးယီကျန့်တို့ ကလေးတစ်ဦးစီအား နွေးထွေးစွာပွေ့ဖက်ထားသည်ကို တွေ့လိုက်ရသည်။ နောက်ခံအခြေအနေများကိုသာ ဖယ်ထားပါက၊ သူတို့သည် ပန်းခြံတစ်ခုတွင် လမ်းလျှောက်နေသည့် သာမန်မိဘများပမာ ငြိမ်သက်နေကြသည်။

သူတို့အားလုံး အင်္ကျီများကိုချွတ်၍ တုန်ယင်နေသော ကလေးငယ်များ၏ ကိုယ်ပေါ်သို့ပတ်ပေးထားသည်။ ထိုမှောင်မိုက် သောအခန်းမှာ ရေခဲသေတ္တာကဲ့သို့ပင် အေးခဲနေခဲ့သည်။

နာရီပေါင်းများစွာကြာအောင် တင်းမာနေခဲ့ပြီးမှ ရုတ်တရက် အန္တရာယ်မှ လွတ်မြောက်ခဲ့ကြသော ကလေးသုံးဦးသည် စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတို့ကို မခံနိုင်တော့ဘဲ နွေးထွေးသောပွေ့ဖက်မှုအတွင်း၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြသည်။

ထိုမှောင်မိုက်ခန်းအတွင်းတွင် ကြားရသည့် တစ်ခုတည်းသော အသံမှာ ကြမ်းပြင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် ရှိနေသော၊ ပါးစပ်ထဲတွင် အဝတ်တစ်ခုခုဖြင့် ပိတ်ဆို့ထားသည့်အရာဝတ္ထုတစ်ခု (ကျန်းဟောင်နန်) ဆီမှထွက်ပေါ်လာသည့် သဲ့သဲ့ညည်း ညူသံသာ။

"ဟောင်နန်!"

အိမ်ထိန်းကျန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ လက်များကို ရုန်းကန်၍လွတ်မြောက်ရန်ကြိုးစားကာ သားဖြစ်သူအား စစ်ဆေးရန် ရှေ့သို့ အတင်းအကြပ်တိုးဝင်ခဲ့သည်။ သို့သော် သူ့နောက်မှ ရဲအရာရှိနှစ်ဦးမှာ အင်အားမနိမ့်သူများဖြစ်ရာ၊ သူ့ကို တင်းတင်းကျပ်ကျပ်ကိုင်ထား ပြီး လှုပ်ရှားခွင့် မပေးတော့ပေ။

"ဒါ ဘာတွေလဲ ?"

ကပ္ပတိန်မှာ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်အရ ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။ သူတို့ ရောက်မလာမီ ကျန်းဟောင်နန် ပြင်းထန်စွာရိုက်နှက်ခံထားရကြောင်း ထင်ရှားသိသာသည်။ ဤချမ်းသာသော လူငယ်နှစ်ဦးမှာ မမျှော်လင့်ဘဲ အကြမ်းဖက်ကြသူများဖြစ်နေသည်။

သို့သော် ပိုမိုအင်အားကြီးမားပြီး ကြမ်းကြုတ်သည့်အမျိုး သား (လီယွမ်မို)ကသာ ထိုးနှက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု သူ တွေးလိုက်သည်။

"နုနယ်လှသော" မစ္စနန် ဘာလုပ်နိုင်မည်နည်းဟူ၍ သူတို့ လုံးဝ မစဉ်းစားခဲ့ကြပေ။

ထို့ကြောင့် နောက်ပိုင်းတွင် ဆရာဝန်က ကျန်းဟောင်နန်၏ လက်ချောင်း ဆယ်ချောင်းစလုံးအား တစ်ဝက်တစ်ပျက်ဖြတ်တောက်ထားသည်ဟူ၍ အစီရင်ခံသောအခါ၊ ရဲများမှာ နန်ယုနှင့်ဆက်စပ်မှုရှိသည်ကိုပင် မစဉ်းစားခဲ့ကြချေ။

သူတို့ ထိုအမျိုးသားနှစ်ဦးထဲမှ တစ်ဦးမှာ ဓားကျွမ်းကျင်မှု အလွန်ကောင်းမွန်ရမည် ဟုသာ သူတို့ကိုယ်တိုင်ရေရွတ်နေကြသည်။ "လက်ချောင်းများက နှလုံးနဲ့ ဆက်စပ်နေတယ်" ဟု ဆိုကြသည့်အတိုင်း နာကျင်မှုမှာ အမျိုးသားတစ်ဦး၏လိင်အင်္ဂါအားထိခိုက်စေခြင်းထက်ပင် မနည်းဟု သူတို့ မှတ်ချက်ပြုနေကြသေးသည်။

ထို့နောက်တွင် ဆရာဝန်မှ ကျန်းဟောင်နန်၏လိင်အင်္ဂါများ သည်လည်း တစ်ဝက်တစ်ပျက်ပျက်စီးနေသည် ဟု ထပ်မံ အစီရင်ခံသောအခါ၊ ထိုနေရာတွင်ရှိနေသော အမျိုးသားရဲတပ်ဖွဲ့ဝင်များ တစ်ကိုယ်လုံး ကျောချမ်းသွားခဲ့သည်။

ရက်စက်လိုက်တာ! အရမ်းရက်စက်တာပဲ!

သို့သော် ကျန်းဟောင်နန် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကြည့်လျှင်၊ ဤ လူ့ဘီလူးအပေါ်တွင် သူတို့ ဘယ်လိုမှသနားကြင်နာစိတ်မထားနိုင်ခဲ့ကြချေ။

"အိုး၊ စိတ်လှုပ်ရှားပြီး မတော်တဆပြုတ်ကျသွားပုံပဲ"

နန်ယု စိတ်မပါ့တပါ ပြန်ဖြေခဲ့သည်။ မျက်နှာသာပေးသည့် အဖြေတစ်ခုပေးရန်ပင် သူ စိတ်မဝင်စားတော့ချေ။ သို့သော် ကပ္ပတိန်အနေဖြင့် ဘာများလုပ်နိုင်ဦးမည်နည်း။

သူ နားမလည်ယောင်သာ ဆောင်နေလိုက်တော့သည်။

အခြားတစ်နေရာတွင် အန်းနင်နှင့် နန်ကျီ တို့ အန်းရီရန်ကို ဖေးယီကျန့်၏လက်မောင်းမှလျင်မြန်စွာပွေ့ချီခဲ့ကြသည်။ ကလေး ၏ မျက်နှာပေါ်တွင် ရိုက်နှက်ခံထားရသော အမှတ်အသားများ ကို မြင်လိုက်ရသည့်အခါ သူတို့ အလွန်အမင်း ဒေါသထွက်လာကြသည်။ ထို့ကြောင့် သူတို့ကျန်းထောင်အားအကြိမ်အနည်း ငယ်ရိုက်နှက်ကာ ပြင်းပြင်းထန်ထန်ကန် ကျောက် ပစ်လိုက်ကြသည်။

သူတို့ ကျန်းဟောင်နန်အား မထိချင်ကြခြင်း မဟုတ်ဘဲ၊ သူ့လက်ရှိ အခြေအနေအရ နောက်ထပ် လှုပ်ရှားလိုက်ပါက ထိုနေရာတွင် သေဆုံးသွားမည်ကို ကြောက်ရွံ့ကြခြင်းဖြစ်သည်။

ထိုသို့သောသူတစ်ဦးအား လွယ်ကူစွာ သေဆုံးခွင့် ပေးနိုင်ပါမည်လား ?

သေဆုံးခြင်းမှာ အလွန်လွယ်ကူပြီး အားလုံးပြီးဆုံးသွားလိမ့် မည်။ သူ သေချာပေါက် အသက်ရှည်ရှည် နေထိုင်သင့်သည်။ သူ့ ရာဇဝတ်မှုများမှာ လူမဆန်ပေ! ကြမ်းကြုတ်လွန်းသည်! နောင်တရပါ! နောင်တရပါစေ!

ဆိုးရွားမှု၏အဖော်အဖြစ်ပါဝင်ခဲ့သော အိမ်ထိန်းကျန်းမှာ သူ့သားအား ရိုက်နှက်ခြင်းဖြင့် သူ့ဒေါသကိုအနည်းငယ်ထုတ် ဖော်ခွင့် ရခဲ့သည်။

ကလေးငယ်များတွင် အခြားကျန်းမာရေး ပြဿနာများ ရှိမရှိ မသေချာသောကြောင့် နန်ယုနှင့် အခြားသူများမှာ ထိုနေရာတွင် ကြာကြာမနေ တော့ဘဲ ရဲများအား နောက်ဆက်တွဲကိစ္စများ ကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ပေးအပ်ခဲ့သည်။ ထို့ နောက် ဗီလာသို့အလျင်အမြန်ပြန်လာခဲ့ကြသည်။

ထိုဗီလာတွင် ပရော်ဖက်ရှင်နယ် ဆရာဝန်တစ်ဦးအသင့်စောင့် ဆိုင်းနေခဲ့သည်။

စေ့စပ်သေချာစွာ စစ်ဆေးမှုများပြုလုပ်ပြီးနောက်၊ ကလေးငယ်သုံးဦးစလုံးသည် သေးငယ်သောဒဏ်ရာများသာ ရရှိခဲ့ကြောင်း သူတို့သိရှိခဲ့ကြရသည်။ ထို့ကြောင့် သူတို့၏ စိုးရိမ်ပူပန်မှုများသည်လည်း အတိုင်းအတာတစ်ခုအထိလျော့ပါး သွားခဲ့သည်။

"ဂလု—"

ထိုအခိုက်အတန့်တွင် လူတိုင်းပတ်ဝန်းကျင်မှ ဗိုက်ဆာသည့် အသံတစ်ခုထင်ရှားစွာ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ အသံပိုင်ရှင်ဖြစ်သူ နန်ယုမှာ သူမ ဗိုက်အားဆုပ်ကိုင်လျက် ဆိုဖာပေါ်သို့ လဲကျသွားသည်။

"မြန်မြန်၊ ကျွန်မကို တစ်ခုခုစားဖို့ပေးပါဦး! ကျွန်မ ဗိုက်ဆာလွန်းလို့ သေတော့မယ်!"

ဤဖြစ်ရပ်များ မဖြစ်ပွားမီကတည်းက သူမ နံနက်စာစားချိန်ပင်မရခဲ့ချေ။ ထိုအချိန်မှစ၍ သူမ လူများအား လိုက်လံရှာဖွေခြင်း၊ ရာဇဝတ်သားကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စိတ်အာရုံ စုစည်းထားသည့်အခါတွင် ဗိုက်ဆာသည်ကို မခံစားခဲ့ရပေ။ ယခုအခါ၊ သူမ စိတ်ကို လျှော့ချလိုက်သည်နှင့် ဗိုက်ဆာခြင်းဝေဒနာမှာ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ဗိုက်ဆာမှုဒဏ်အား မခံစားရသည်မှာ မည်မျှကြာမြင့်ခဲ့သနည်းဟု သူမ တွေးလိုက်မိသည်။

"အ အ မလေး"

နန်ကျီ၏တစ်ချိန်က လေးနက်တင်းမာနေသော မျက်နှာပေါ် နောက်ဆုံးပြုံးသဲ့သဲ့ရိပ်တစ်ခု ပေါ်လာခဲ့ပြီး၊ ထိုအခါမှသာ ဖိနှိပ်ထားသော လေထုတစ်ခုလုံး သက်သာရာရသွားခဲ့လေသည်။

နန်ယု၏ တုံ့ပြန်မှု မှာ ခပ်ရိုင်းရိုင်းမျက်လုံးလှန်ပြခြင်းဖြစ်သော် လည်း၊ ယခု စိတ်ငြိမ်သက်သွားချိန် တွင် သူမ အစောပိုင်းက သတိပြုမိခဲ့သော ပုံမှန်မဟုတ်သည့် အမူအရာတစ်ခုအား နောက်ဆုံး၌ ပြန်လည်စဉ်းစားမိခဲ့သည်။

ဖေးယီကျန့် ပထမဆုံးအကြိမ် အလျင်အမြန် ဝင်ရောက်လာစဥ်က အဘယ်ကြောင့် ခေါင်းပေါ်သို့မော့ကြည့်ခဲ့သနည်း။ လူတစ်ဦး၏မျက်နှာကို ကြည့်ခြင်းနှင့် ခေါင်းအပေါ်ဘက်ကို ကြည့်ခြင်းကြားတွင် ကွာခြားမှုရှိသည်အား နန်ယု ခွဲခြားနိုင် သည်။

ထိုအချိန်တွင် သူမ ဖေးယီကျန့် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိနေခဲ့သောကြောင့် သတိမပြုမိဟန်ဆောင်ခဲ့သော် လည်း၊ အမှန်တကယ်တွင် သူ့ တုံ့ပြန်မှုအား လေ့လာနေခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့ ခေါင်းပေါ်မှာ ဘာများရှိနေနိုင်မှာလဲ ?

နန်ယု အတွေးများအဖြေမထွက်ဘဲ အချည်းနှီးဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ပူနွေးသော အစားအစာများရောက်လာသည့်အခါ သူမ ထိုကိစ္စအား ချက်ချင်းပင် စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။

"ကမ္ဘာကြီးက ကျယ်ပြန့်တယ်၊ ဒါပေမဲ့ ဗိုက်ဝနေဖို့ကသာ အရေးအကြီးဆုံးပဲ!"

ကျန်းထောင်နှင့် ကျန်းဟောင်နန်တို့အား နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးခြင်းနှင့် ဆေးကုသမှု ခံယူရန် ခေါ်ဆောင်သွားခဲ့သည်။ လျှို့ဝှက်အခန်းနှင့် လမ်းကြောင်းကိုလည်း ဂရုတစိုက်စစ်ဆေး ခဲ့ကြပြီး ပတ်ဝန်းကျင်ဧရိယာများကိုပါ စုံစမ်းစစ်ဆေးမှုတွင် ထည့်သွင်းခဲ့သည်။

နန်ယုနှင့် အခြားသူများသည် မြောက်ပိုင်းနိုင်ငံရှိ အကောင်းဆုံးဟိုတယ်များထဲမှ တစ်ခုတွင် တစ်ထပ်လုံးအားကြိုတင်စာရင်းသွင်းခဲ့ကြသည်။ ကလေးငယ်များ၏ကျန်းမာရေးကို စိုးရိမ်သောကြောင့် သူတို့ ချက်ချင်းအိမ်ပြန်ရန်ဆုံးဖြတ်ခြင်း မရှိသေးပေ။

ထိုညတွင် ကလေးသုံးဦးစလုံး အဖျားကြီးလာသည်။ နန်ယုနှင့် အခြားသူများမှာ ဆရာဝန်များအား အချိန်မရွေးခေါ်ယူကာ တစ်လှည့်စီ စောင့်ကြည့်ပြုစုခဲ့ကြသည်။ ကံကောင်းစွာဖြင့် အခြေအနေအားလုံး အဆင်ပြေခဲ့ပြီး အဖျားများသည်လည်း တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။

နောက်တစ်နေ့ နေ့လယ်စာစားချိန် တွင် ဖေးယွင်ကျင်းမှာ ပထမဆုံးနိုးလာခဲ့သည်။

နိုးလာသည်နှင့် သူ့အိပ်ရာဘေး မှနေ၍ သူ့အား စိုက်ကြည့်နေသော နန်ယုကို သူ မြင်လိုက်ရသည်။ ထိုအခါမှ မှုန်မှိုင်းနေသည့် သူ့စိတ်မှာတဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။

ဖေးယွင်ကျင်း သတိမမူမီ နှုတ်ခမ်းများရှုံ့တွလာပြီး မျက်လုံးများ ချက်ချင်းနီရဲလာတော့သည်။

"အန်တီ"

သူ့အသံမှာ အက်အက်နှင့်အားနည်းနေသဖြင့် သူ ခံစားခဲ့ရသော နာကျင်မှုကို ထင်ရှားစွာဖော်ပြနေသည်။ သူ ကြိုးစားအားထုတ်ကာ တည်ဆောက်ခဲ့ရသောကလေး အဆီဖုလေးများသည်ပင်လျှင် တစ်ရက်တည်းအတွင်း ပျောက်ကွယ်သွားခဲ့သကဲ့သို့ ထင်ရသည်။

ဖေးယွင်ကျင်းသည် ငိုတတ်သော ကလေးမျိုးမဟုတ်ချေ။ သူ လဲကျသောအခါမငို၊ လေ့ကျင့်ရေးတွင် ခက်ခဲသောအခါ မငို၊ မတရားပြုခံရသောအခါပင် မငိုပေ။ ထို့ကြောင့် ထိုသို့သော ကလေးမျိုးငိုသောအခါ၊ ၎င်းမှာ ပိုလိုပင်ရင်ကွဲနာကျင်စရာ ကောင်းသည်။

"အင်း၊ အန်တီ ဒီမှာရှိတယ်"

နန်ယု ဖေးယွင်ကျင်းအား ညင်သာစွာပွေ့ဖက်လိုက်သည်။ သူ့ မျက်လုံးများမှာ ဖေးယွင်ကျင်းလည်ပင်းပေါ်မှ ခရမ်းရောင် ဖြစ်နေသည့် လက်ရာများ ဆီသို့ရောက်သွားသည်။ ထိုအခါ မနေ့က သူမ၏ ညင်သာမှုအတွက် နောင်တရသွားခဲ့သည်။

ပုံမှန်မဟုတ်သော သတ္တဝါပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည့် နန်ယုမှာ လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအား အသေးစိတ်သိသည်။ သူသာ လိုချင်ခဲ့ပါက၊ ငါးဆယ့်ခြောက်ကြိမ်ဓားဖြင့်ထိုး ပြီးသည့်တိုင် အသေးစား ဒဏ်ရာများသာ ရစေနိုင်သေးသည်။

"ရှောင်ကျင်း၊ အန်တီစကားကို နားထောင်ခဲ့တယ်နော်၊ ရှောင်ပိုင်နဲ့ အစ်ကိုရီရန်တို့ အဆင်ပြေရဲ့လား"

"ဟင့်အင်း၊ ဟင့်အင်း သူတို့ အဆင်ပြေတယ်၊ ရှောင်ကျင်း အံ့ဩစရာပဲ!"

ကလေးများပျောက်ဆုံးကြောင်း သိရှိရသည့်အချိန်နှင့် ပြန် လည်တွေ့ရှိရသည့်အချိန်ကြားတွင် အနည်းဆုံးလေးနာရီခန့် ရှိခဲ့သည်။ ဤအချိန်အတောအတွင်း ကလေးငယ်သုံးဦးမှာ ထို စိတ်ဖောက်ပြန်သူနှင့်အတူ ရှိနေခဲ့ကြသည်။

ဖုံးကွယ်ရန်ကြိုးစားခဲ့သောအချိန်များ ကို ဖယ်ရှားလိုက်လျှင်ပင် တစ်နာရီခန့်သောအချိန်မှာ ရှင်းလင်းစွာကျန်ရှိနေခဲ့သည်။

တစ်နာရီဆိုသော အချိန်မှာ ကျန်းဟောင်နန်အဖို့ ကလေးငယ်သုံးဦးအား အကြိမ်များစွာညှဉ်းပန်းနှိပ်စက်ရန် လုံလောက်သောအချိန်ဖြစ်သည်။ သို့သော် ဤမျှ သေးငယ်သော ဒဏ်ရာများသာ ရရှိခဲ့ခြင်းသည်ပင်လျှင် ကံကောင်းထောက်မမှု တစ်ခုဟု ဆိုရမည်။

နန်ယု ကျန်းဟောင်နန် သတိရလာခြင်းကြောင့် ဖေးယွင်ကျင်းတို့သုံးဦးအား ချမ်းသာပေးခြင်း မဟုတ်ကြောင်းသိသည်။ လူယောင်ဆောင်ထားသော ထိုမိစ္ဆာမှာ သူ့ကိုယ်ပိုင် သားသမီးများကိုပင် ထိခိုက်စေနိုင်သူဖြစ်ရာ သူတို့အားသနားကြင်နာရန် လုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် ကလေးငယ်သုံးဦးမှာ ကြီးမားသော ကြိုးစားအား ထုတ်မှု တစ်ခုအားပြုလုပ်ခဲ့ရခြင်း ဖြစ်ရမည်။

"ဘာလို့လဲဆိုတော့ ကျွန်တော် သိတယ်၊ ဟုတ်တယ်၊ အန်တီက ကျွန်တော်တို့ကိုကယ်ဖို့ သေချာပေါက်ရောက်လာလိမ့်မယ် လေ"

ဖေးယွင်ကျင်း နန်ယုထံ အားတင်းကာတောက်ပသော အပြုံး တစ်ခုပြုံးပြလိုက်သည်။

"ကောင်းပြီ၊ အခုလောလောဆယ် စကားပြောတာရပ်လိုက်တော့"

နန်ယု ဘေးနားတွင် ပြင်ဆင်ထားသည့် ရေနွေးကို ယူလိုက်ပြီး ဖေးယွင်ကျင်းအား ဂရုတစိုက်တစ်ငုံစီ တိုက်ပေးသည်။ ထို့ နောက် ဆန်ပြုတ်ကို ခပ်များများကျွေးခဲ့သည်။ ဖေးယွင်ကျင်း အစားအသောက်ပျက်နေသည်ကို မြင်သောအခါ သူမ သူ့အား အတင်းအကျပ် မစားစေတော့ပေ။

"ရှောင်ကျင်း ပြန်အိပ်လိုက်" နန်ယု သူ့အား အိပ်ရာထဲသို့သေ ချာစွာ ပြန်ထည့် ပေးလိုက်သည်။

"အန်တီ အမြဲ ဒီမှာရှိနေတယ်နော်"

ဖေးယွင်ကျင်း နာခံစွာ အင်းဟု အသံပြုကာ သူ့မျက်လုံးများအား ချက်ချင်းမှိတ်ချလိုက်သည်။ သို့သော် သူ့လက်ကလေး မှာ နန်ယုလက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး၊ ၎င်းမှာ သူ့အား လုံခြုံမှုခံစားရစေသည်ဟုထင်ရသည်။

အခန်း၏တစ်ဖက်ခြမ်းတွင် လျစ်လျူရှုခံထားရ၍ မမြင်ရသူတစ်ဦးကဲ့သို့ ဟန်ဆောင်နေသော ဖေးယီကျန့် နန်ယု၏အမူအ ရာအား မြင်တွေ့ရသောအခါ အံ့အားသင့်သွားသည်။

သူမ မည်သို့ အမူအရာမဲ့စွာဖြင့် လွယ်ကူလျင်မြန်စွာ ကျန်းဟောင်နန်အား ညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို သူ ကိုယ်တိုင်မျက် မြင်တွေ့ခဲ့ရသည်။ ထိုမြင်ကွင်းမှာ နန်ယုနှင့်ပတ်သက်၍ ဖေးယီကျန့်၏ယခင်ယူဆချက်များကို ပြောင်းပြန်လှန်လိုက်သည်။

နန်ယု၏နောက်ခံ မရိုးရှင်းသည်မှာသေချာသည်။

သို့သော်လည်း ဖေးယီကျန့် ထပ်မံ စုံစမ်းစစ်ဆေးရန်စိတ်ဝင် စားမှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုဖြစ်ရပ်ပြီးနောက် ဖေးယွင်ကျင်း ခေါင်းပေါ်ရှိ စာသားများမှာ အနည်းငယ်မှေး မှိန်သွားခဲ့သည်ကို သူ သတိပြုမိလိုက်သည်။

ဖြစ်နိုင်သည်မှာ သူ ကံကြမ္မာ၏ချုပ်နှောင်မှုမှ တကယ်ပင် လွတ်မြောက်နိုင်တော့မည်လား ?

သူ ကြိုတင် ဂုဏ်ပြုလိုက်ပြီး၊ ပေထန်မိသားစုအား ဆက်လက် စတင်ရန်အချိန်ရောက်ပြီ။

ကလေးငယ် သုံးဦးစလုံး ၎င်းတို့၏ခွန်အားများကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိရန် နှစ်ရက်ကြာမျှ အိပ်ရာထဲလဲလျောင်းခဲ့ကြရသည်။ ညဘက်၌ အိပ်မက်ဆိုးများ ခံစားရဆဲဖြစ်သော် လည်း၊ သူတို့၏အနီးအနားတွင် အဆက်မပြတ်ရှိနေခြင်းသည် ကြီးမားသော သက်သာရာရမှုကိုပေးခဲ့ပြီး၊ သူတို့ အခြေအနေမှာ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။

အိမ်ပြန်ရောက်သောအခါ နန်ကျီနှင့်အခြားသူများမှာ ကလေးများအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်စုံတစ်ရာ မကျန်ရှိစေရန်အတွက် ပရော်ဖက်ရှင်နယ် စိတ်ပညာရှင်တစ်ဦးနှင့် သေချာ ပေါက် တိုင်ပင်ကာကုထုံးပေးလိမ့်မည်။

ထိုအတောအတွင်း ကျန်းထောင်နှင့် ကျန်းဟောင်နန်တို့၏ အမှုများကို လွန်ခဲ့သောသုံးရက်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးလုနီးပါး ရှိခဲ့သည်။

ကလေးသုံးဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်တွင် နန်ယုနှင့် အခြားသူများ စာကြည့်ခန်းတွင် ထိုင်ကာ မြောက်ပိုင်းအစိုးရ အရာရှိများ၏ တင်ပြချက်များအား နားထောင်ခဲ့ကြသည်။

ပထမဆုံးအနေဖြင့် ထိုဖြစ်ရပ်မှာ တကယ်တမ်းတွင် ကြိုတင်စီစဉ်ထားခြင်းမရှိသော၊ ရည်ရွယ်ချက်မပါသော မတော်တဆမှုတစ်ခုသာ ဖြစ်သည်။

ကျန်းဟောင်နန်သည် ပြုစုပျိုးထောင်မှု မအောင်မြင်သော ဂန္ထဝင်ဥပမာ တစ်ခုဖြစ်သည်။ ယခင်က အိမ်ထိန်းအဖြစ် လုပ်ကိုင်ခဲ့သော ကျန်းတောက်မှာ သူ့အလုပ်ရှင်အိမ်အား နာရီ ၂၄ နာရီနီးပါး ဝန်ဆောင်မှုပေးနေရသဖြင့် သူသည် သားဖြစ်သူ ကျန်းဟောင်နန်၏ ပုံမှန်မဟုတ်သော အပြုအမူများကို သဘာဝအတိုင်းပင်လျစ်လျူရှုမိခဲ့သည်။

သူ့ မိခင်မှာ ခင်ပွန်းဖြစ်သူ အမြဲတမ်း မရှိခြင်းကြောင့် စောစော စီးစီးကွာရှင်းခဲ့ပြီး၊ ကျန်းဟောင်နန်အား ပုံမှန်အားဖြင့် ကလေး ထိန်းတစ်ဦးကသာ ပြုစုပျိုးထောင်ခဲ့ရသည်။

ကျန်းဟောင်နန်၏မွေးရာပါ ရက်စက်ကြမ်းကြုတ်မှုနှင့် စိတ်ဖောက်ပြန်မှုတို့အား ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့သည့်အပြင်၊ ကျန်းထောင်၏ အလိုလိုက်ကာ ချော့မော့ပြုစုသော စောင့်ရှောက်မှုမှာ ပိုလို့ပင်ဆိုးရွားစေခဲ့သည်။

ဖေးယွင်ကျင်း ဖြစ်ပျက်နေသည်အား သိပ်နားမလည်သော် လည်း လူတိုင်း၏ပျော်ရွှင်မှုကို ခံစားမိပြီးနောက် သူ ပြုံးပြလိုက်သည်။

"အန်တီ၊ ရှောင်ကျင်း ကွန်ဖူးသင်ချင်တယ်! အန်တီလောက် အစွမ်းထက်တဲ့ ကွန်ဖူးသင်ပြီး အန်တီ၊ ရှောင်ပိုင်၊ အစ်ကိုရီရန်၊ အဘိုးကျိုးနဲ့ တခြားသူတွေကိုပါ ကာကွယ်ပေးမယ်..."

"ကောင်းပြီ၊ ရှောင်ကျင်းက သေချာပေါက် အရမ်းခွန်အားကြီးလာပြီး အဲဒီလူဆိုးတွေကို အားလုံးကိုအနိုင်ယူနိုင်လိမ့်မယ်"

"ဟုတ်!"

ဖေးယီကျန့်သာ ဤအချိန်တွင် ဤနေရာ၌ရှိနေပါက၊ ဖေးယွင်ကျင်း ခေါင်းပေါ်ရှိ ကံကြမ္မာ စာလုံးများမှာ ထိုစကားကိုပြောလိုက်သည့်အခါ ပိုလို့ပင်မှေးမှိန်သွားကြောင်း သူ တွေ့ရှိရလိမ့် မည်ဖြစ်သည်။

All Chapters