← Chapters

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း (၄၁)

Vol. 5 Ch. 41

ဘလော့ဂါ ချက်ချင်း မှတ်ချက်ပေးလိုက်သည်။

[ဒါ သတင်းအတုဆိုရင် ငါ (၅၀၀) ကိုက် အပြင်ထွက်ပြေးမယ်! အဲ့ဒီအချိန်တုန်းက ငါတစ်ယောက်တည်းရှိခဲ့တာ မဟုတ်ဘူး။ ဒီကိစ္စ လအတော်ကြာမှ ဖြစ်မယ်ဆိုတာကို သူတို့က ဘယ်လိုလုပ်သိပြီး ငါ့ကို ကြိုပြင်ဆင်ထားခိုင်းနိုင်မှာလဲ? ငတုံးတွေပဲ!]

ဘလော့ဂါမှာ ရဲရဲတောက် မိန်းကလေးတစ်ဦးဖြစ်ပြီး သူမက အာရုံစိုက်မှုရယူဖို့လုပ်သည်၊ သို့မဟုတ် ဓာတ်ပုံအား ဖိုတိုရှော့ လုပ်သည်ဟူသော စွပ်စွဲချက်အားလုံးကိုငြင်းပယ်ခဲ့သည်။

ဤပို့စ်မှာ စျေးကွက်ရှာဖွေရေး အကောင့်၏သတင်းကဲ့သို့ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သဘာဝအားဖြင့် နန်မိသားစုမှာ နောက်ကွယ်တွင် ရှိနေခဲ့သည်။

[ဒါဆို အဲ့ဒီကလေးက ငါ့လင်ပါသားလား? သူ အရမ်းချစ်စရာကောင်းတာပဲ၊ ငါ သူ့ကို မညှဉ်းပန်းရက်ပါဘူး!]

[ကြည့်ပါဦး၊ သူတို့ ဆက်ဆံရေးအရမ်းကောင်းပုံပဲ၊ ဒီဓာတ်ပုံကိုဟိုတယ်ပွဲတစ်ခုမှာ ရိုက်ထားတာဆိုရင် ငါ မယုံဘူးလို့ ပြောကောင်းပြောနိုင်တယ် ဒါပေမဲ့ ဂိမ်းဆိုင်မှာဆိုတော့...]

[သေစမ်း! ငါ အဲ့ဒီမှာ ရှိခဲ့တာ! အဲ့ဒီကလေးက အရုပ်ကောက်ရာမှာ မယုံနိုင်လောက်အောင်တော်တာ၊ သူ တစ်အိတ်လုံးဆွဲ ထုတ်သွားနိုင်ခဲ့တယ်!]

မကြာမီမှာပင် အခြားသူတစ်ဦးမှ ထိုဖြစ်ရပ်နှင့် ပတ်သက်သည့် ဗီဒီယိုဖိုင်တစ်ခုအားထုတ်လွှင့်ခဲ့သည်။ ဗီဒီယိုဖိုင်မှာ ဝါးနေသော်လည်း နန်ယုနှင့် ဖေးယွင်ကျင်းတို့၏မျက်နှာများ သည် လူအုပ်ကြောင့် တစ်စိတ်တစ်ပိုင်းကွယ်နေသည်။ သို့ သော် သူတို့၏စကားပြောသံကိုမူ ရှင်းလင်းစွာ ကြားနိုင်နေသေးသည်။

နည်းပညာ ကျွမ်းကျင်သူတစ်ဦးမှ ထိုဗီဒီယိုအား ချက်ချင်း ခွဲခြမ်းစိတ်ဖြာကြည့်ရာ အံ့အားသင့်စရာကောင်းလောက်အောင် ၎င်းမှာ နန်ယု ဖေးယွင်ကျင်းအားနောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ တောင်းဆိုနေသည့် အတိအကျ အခိုက်အတန့် ဖြစ်နေခဲ့သည်။

ဖေးယွင်ကျင်း၏မတတ်သာသည့် အမူအရာမှာ ဖန်သားပြင်တစ်ခုလုံးအား လွှမ်းမိုးနေသကဲ့သို့ ထင်ရှားစွာမြင်တွေ့နေရသည်။

[ဟားဟားဟား၊ ရယ်ရလွန်းလို့ သေပါပြီ! သူတို့ ဆက်ဆံရေး မကောင်းဘူးဆိုတာ မယုံဘူး]

[ဒီကလေးက တကယ်အံ့သြစရာပဲ! ငါလည်း သူ့လိုချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် လိုချင်လိုက်တာ!]

ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် မူလမှတ်ချက်များချက် ချင်း ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း အချို့သော မှတ် ချက်များကမူ နန်ယုသည် သူမ၏လင်ပါသား (ဖေးယွင်ကျင်း) အား ဂရုစိုက်ဟန်တမင်တကာ ဟန်ဆောင်နေခြင်းဖြစ်သည်ဟု ဆက်လက် ထောက်ပြခဲ့ကြသည်။ ထိုသို့ ဟန်ဆောင်ခြင်းမှာ ကလေးအား သတိမထားမိချိန်တွင် သတ်ဖြတ်ပြီးနောက် လူသတ်မှု သံသယမှ လွတ်မြောက်နိုင်ရန်အတွက်ဟု ခန့်မှန်း ပြောဆိုခဲ့ကြသည်။ ထိုကဲ့သို့သော ဆိုးရွားသည့် မှတ်ချက်များကိုအခြားသော အင်တာနက် အသုံးပြုသူများမှ လျင်မြန်စွာ ငြင်းဆိုခဲ့ကြသည်။

[ဘယ်သူမှ သံသယမဝင်ခဲ့ကြဘူးလား ? ဒါဆို အဲ့ဒီ ခေတ်စားနေတဲ့ ပို့စ်အောက်က လူတွေအားလုံးက အတုတွေလား?]

နန်ယု လူတိုင်း သူမအားယုံကြည်လိမ့်မည်ဟုမမျှော်လင့်ခဲ့ချေ။ သူမ၏ အဓိကရည်ရွယ်ချက်မှာ ရေကိုနောက်ကျိအောင် လုပ်ခြင်း (ကိစ္စကို ရှုပ်ထွေးအောင်လုပ်ခြင်း) သာ ဖြစ်သည်။

သူမ မူလက မူကြိုကျောင်းပွဲမှ ဓာတ်ပုံများအား ထုတ်ဖော်ရန် စီစဉ်ထားခဲ့သော်လည်း ဂိမ်းဆော့နေသည့် ဓာတ်ပုံများကြို တင်၍ ပေါက်ကြားသွားခဲ့ခြင်းအပေါ် သူမ အာရုံစိုက်မိသွားသည်။ ထိုဖြစ်ရပ်မှာ တိုက်ဆိုင်မှုလား၊ သို့မဟုတ် တစ်စုံတစ် ယောက်မှ သူမအား ကူညီနေခြင်းလားဟု တွေးတောနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ထိုဗီဒီယိုနှင့် ဓာတ်ပုံများထွက်ပေါ်လာခြင်း၏အကျိုးသက်ရောက်မှုမှာ မူလက စီစဉ်ထားသည့် ပွဲထက်ပင် ပိုကောင်းမွန်ခဲ့သည်။

လူအများအပြားမှ နန်ယုသည် သူမ ကလေးအား ဂိမ်းဆိုင်သို့ ခေါ်သွားခြင်းကို မြင်တွေ့ရသောအခါ သူမအား လုံးဝ ရိုးသားပွင့်လင်းပြီး ချစ်စရာကောင်းသူသတ်မှတ်လာကြသည်။ သူမ ၏ဟန်မဆောင်မှုသည် ပရိသတ်အားဆွဲဆောင်ခဲ့သည်။

မူကြိုကျောင်းပွဲမှ ဓာတ်ပုံများနှင့် ဗီဒီယိုများမှာ မကြာမီပင် အွန်လိုင်းသို့ ရောက်ရှိလာခဲ့သည်။ နန်ယု ဖေးယွင်ကျင်းအားခြေသုံးချောင်း ပြေးပြိုင်ပွဲတွင် ထမ်းပိုး၍ပြေးနေသည့် ပုံရိပ်များကိုမြင်တွေ့ရသောအခါ အင်တာနက်အသုံးပြုသူများ ရယ်မောသံများဖြင့် ပြည့်နှက်ခဲ့ကြသည်။

[ငါ ထိန်းထားလို့ မရတော့ဘူး၊ ငါ့ကိုယ် ငါမစ္စနန်ရဲ့ပရိသတ်လို့ ကြေညာလိုက်ပြီ၊ သူ အရမ်းရယ်ရတယ်]

[လှပပြီးရယ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ? ဘယ်လိုပဲဖြစ်ဖြစ်၊ ငါတော့ မငြင်းနိုင်ဘူး]

[မစ္စနန်၊ သမီးလိုနေသေးလား ? သူက ကောလိပ်ကျောင်းသူ၊ မိုးရွာရင် ပြေးနိုင်တယ်၊ ကိုယ့်ဘာသာ ထမင်းစားနိုင်တယ်]

ဤနေ့စဉ် အပြန်အလှန်ဆက်ဆံမှုများမှာ ယခင် ရှုပ်ထွေးသော အခြေအနေအား များစွာပြောင်းပြန်လှန်လိုက်နိုင်သည်။ အကျိုးသက်ရောက်မှုမှာ နန်ကျီပင် အံ့အားသင့်သွားလောက်အောင် ကောင်းမွန်သည်။

သူ မြှင့်တင်ရန်အတွက် ပိုက်ဆံသုံးခဲ့သည်မှာ မှန်သည်။ သို့ သော် အများစုမှာ အင်တာနက်အသုံးပြုသူများမှ သူတို့ကိုယ် ပိုင်သဘောဆန္ဒအရမျှဝေခဲ့ကြသည်။ သေချာသည်မှာ နန်ယုနှင့် ဖေးယွင်ကျင်းတို့၏ရုပ်ရည်ကလည်း ကြီးမားသော အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။

“အလှတရားသည် တရားမျှတမှုဖြစ်သည်” ဟူသော စကားသည် ရိုးရိုးစကားမျှသာ မဟုတ်ခဲ့ချေ။

အခြေအနေ တည်ငြိမ်သွားသည်ကို မြင်သောအခါ နန်ယု ထပ်မံ သေချာစေရန် မူလအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

နန်ယု သူမ၏နောက်လိုက် သန်းနှင့်ချီရှိသော အကောင့်တွင် အောက်ပါအတိုင်း ဘလော့ဂ်ပို့စ်တစ်ခုအား တင်ခဲ့သည်။

[ည ၉:၃၀ မှာ တိုက်ရိုက်ထုတ်လွှင့်မယ်၊ သားလေးနဲ့ အတူတူပေါ့]

ဆယ်မိနစ်အကြာတွင် #နန်ယုက သူမ၏ လင်ပါသားနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်သည်# ဟူသော စာသားမှာ နံပါတ်တစ် ခေတ်စားနေသော ရှာဖွေမှုအသစ်ဖြစ်လာခဲ့သည်။

ည ၉ နာရီ ၃၀ မိနစ်မှာ လူအများစု အလုပ်များပြီးဆုံး၍ အိပ် ရာဝင်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။ ထိုအချိန်တွင် ကောလဟလများစွာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး ယင်းအဖြစ်အပျက်နှင့် ပါဝင်ပတ်သက်သူသည် တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်တော့မည် ဖြစ်သည်။ ထို့ကြောင့် အင်တာနက်အသုံးပြုသူများမှာ အလျင်အမြန် စုဝေး၍လာရောက်ကြည့်ရှုခဲ့ကြသည်။

ယခင်က ထိုအငြင်းပွားဖွယ်ကိစ္စတွင် ပါဝင်ပတ်သက်သူများမှာ လျှို့ဝှက်နေခဲ့ကြပြီး စစ်မှန်သော အချက်အလက် သို့မ ဟုတ် တစ်ဝက်တစ်ပျက် အမှန်တရားများသာ ပျံ့နှံ့နေခဲ့သည်။ ယခုအခါ နန်ယု၏ တည့်တုံ့ပြန်မှုများမှာ လူအချို့၏ယုံကြည်မှုအား ရရှိထားပြီးဖြစ်သည်။

အတိအကျ ည ၉ နာရီ ၃၀ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအား ဖွင့်လိုက်သည်။

အလှပြင်မထားသော မျက်နှာတစ်ခု လူတိုင်းရှေ့တွင်ပေါ်လာခဲ့သည်။

"ဒီလိုလုပ်ရတာလား ? ဟေး၊ ကြားရလားမသိ ?"

နန်ယု ယခင်က တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ဖူးခြင်းမရှိသဖြင့် သင်ခန်းစာအား တစ်ဆင့်ချင်းစီလိုက်နာနေပြီး တစ်ခုခုမှားနေမလားဟုပင် မသေချာချေ။

[ကြားရတယ်! အသံလေးက အရမ်းကောင်းတာပဲ!]

[အိုး ဘုရားရေ၊ ဖန်သားပြင်ကို လျှာနဲ့လျက်လိုက်၊ လျှာနဲ့လျက်လိုက်၊ မိန်းကလေးက အရမ်းလှတယ်!]

[သူ အရမ်းလှတာပဲ!]

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအရေအတွက်မှာ တစ်စက္ကန့်ပြီးတစ်စက္ကန့် အလျင်အမြန် တက်လာနေသည်။ ၁၀,၀၀၀ မှ ၂၀,၀၀၀ သို့၊ မကြာမီ ၁၀၀,၀၀၀ ကို ကျော်လွန်ကာ တစ်သန်းဆီသို့ တည့်တည့် ဦးတည်နေသည်။

တရားဝင် ဝက်ဘ်ဆိုက်မှ traffic ကို ဆွဲဆောင်ရန် ရည်ရွယ်ဟန်ဖြင့် နန်ယု၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ရှေ့စာမျက်နှာသို့ တွန်းပို့လိုက်သည်။ ၎င်းကြောင့် ကြည့်ရှုသူ အရေအတွက်မှာ ပိုမိုလျင်မြန်စွာတိုးလာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လာသူတိုင်းမှာ နန်ယု၏ အလှတရားကြောင့် ချက်ချင်းစွဲမက်သွားခဲ့ကြသည်။

နန်ယု beauty filter အသုံးပြုထားခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမ တစ်ခုမျှပင် မသုံးထားဘဲ၊ သက်တောင့်သက် သာရှိပြီး သပ်ရပ်သော အိမ်နေရင်းဝတ်စုံအားဝတ်ဆင်ထားသည်။

သူမ၏ရှည်လျားပြီး အနည်းငယ် လှိုင်းတွန့်ထားသည့် နက် မှောင်သော ဆံကေသာတို့မှာ ချောမွေ့စွာ ဖြာကျနေပြီး၊ ထိုအသွင်က သူမအား နူးညံ့သိမ်မွေ့ပြီး လှပသော ပုံပန်းသဏ္ဍာန်ကိုပေးစွမ်းသည်။

သေချာသည်မှာ အရေးအကြီးဆုံးအရာက သူမ မျက်နှာ ဖြစ် သည်။ မည်မျှပင် ကျွမ်းကျင်သော ပလတ်စတစ်ခွဲစိတ်ဆရာ ဝန်ကပင် ဤမျှသဘာဝအတိုင်းလှပသည့် မျက်နှာအား ဖန်တီး နိုင်မည်မဟုတ်ချေ။ ၎င်းမှာ နွီးဝါနတ်ဘုရားမှစေ့စပ်သေချာစွာ ထုဆစ်ထားသကဲ့သို့ ဖြစ်နေသည်။

မျက်နှာရှိ အင်္ဂါရပ်တိုင်းမှာ ပြီးပြည့်စုံစွာပုံဖော်ထားသည်။ တစ်ခုချင်းစီ ခွဲကြည့်လျှင်လည်း သပ်ရပ်လှပပြီး၊ အတူတကွ ပေါင်းစပ်လိုက်သောအခါ ပို၍ပင် အံ့မခန်း လှပနေသည်။

နန်ယု လှပကြောင်းကို လူတိုင်း သိကြသော်လည်း ယခင်က ပေါက်ကြားခဲ့သည့် ဓာတ်ပုံများမှာ သူမအား လူကိုယ်တိုင်မြင်ရခြင်းနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။

၎င်းမှာ သူမ၏သဘာဝအလှတရား အစစ်အမှန်ဖြစ်သည်။

မိတ်ကပ်မပါဘဲ ဤမျှ လှပနေလျှင် မိတ်ကပ်အနည်းငယ်သာ ပြင်ဆင်ထားပါက မည်မျှအထိ ပိုထူးခြားလှပနေမည်နည်း။

ခဏတာမျှ ကြည့်ရှုသူတိုင်း အံ့အားသင့် မှင်တက်သွားခဲ့ကြသည်။

အိုး ဘုရားရေ၊ မစ္စနန်က ဘာကြောင့် ဒီလောက်တောင် လှပပြီး မျိုးရိုးကောင်းတာလဲ၊ တခြားသူတွေအတွက် နေရာမကျန်တော့ဘူး!

သို့သော် လူနှစ်ဦးကြား အလှကွာခြားချက် အနည်းငယ်သာရှိပါက မလှပသူက ပိုလှသူအား မနာလိုဖြစ်နိုင်သော်လည်း၊ ကွာခြားချက်သည် အလွန်ကြီးမားနေပါက ထိုခံစားချက်မှာ ကြည်ညိုလေးစားမှုသို့ ပြောင်းလဲသွားတတ်သည်။

ထိုအချိန်တွင်...

[ဒီ ညီမလေးက အပြစ်ကင်းတယ်လို့ ငါ ယုံတယ်!]

[ဟုတ်တယ်! ငါလည်း မင်းကို ယုံတယ်!]

နန်ယု အင်တာနက်အသုံးပြုသူများ၏နှစ်သက်မှုနှင့် မနှစ်သက်မှုများမှာ တစ်ခါတစ်ရံတွင် အလွန်ရိုးရှင်းနိုင်သည်ဟုတွေးလိုက်မိသည်။ သူမ ဤလှပသည့် မျက်နှာကိုအားကိုး၍ လူမှု ရေးပြဿနာများအား ကျူးလွန်ရန်သုံးနိုင်သည်ဟု အမြဲတွေးခဲ့သော်လည်း ၎င်းမှာ တကယ်တမ်းအလုပ်ဖြစ်သွားခဲ့သည်ကို တွေ့ရသောအခါ မရယ်ဘဲမနေနိုင်ချေ။

သူ ရယ်လိုက်သည်နှင့်တစ်ပြိုင်နက် ဖန်သားပြင်အောက်ရှိ မှတ်ချက်များမှာ ပိုမိုလျင်မြန်စွာရွေ့လျားသွားခဲ့သည်။

[ကလေးလေး ဘယ်မှာလဲ ? ကလေးကို မြင်ချင်တယ်!]

အင်တာနက်အသုံးပြုသူအချို့က ဖေးယွင်ကျင်းအားတိုက် ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာရန် တောင်းဆိုနေကြသည်။ နန်ယု အသံနှင့် ပုံရိပ်များ ကောင်းမွန်စွာအလုပ်လုပ်နေကြောင်း စစ်ဆေးပြီးနောက် ဖန်သားပြင်ပြင်ပတွင်ရှိနေသော ဖေးယွင်ကျင်းအားလှည့်ကြည့်လိုက်သည်။

"ရှောင်ကျင်း၊ ဒီကို လာပါဦး"

သူမ ဖေးယွင်ကျင်းအား ပွေ့ချီလိုက်ပြီး သူ့ ပေါင်ပေါ်တင်လိုက်သည်။

"ကိုကို၊ မမတွေကို နှုတ်ဆက်လိုက်ပါဦး"

ဖေးယွင်ကျင်း သူ့ရှေ့မှ ဖုန်းအား စူးစမ်းစွာကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင် သူနှင့် သူ့အန်တီကိုသာပြသနေသည်။ သူ့ အစ်ကိုများနှင့် အစ်မများ မည်သည့်နေရာတွင်ရှိနေသနည်း ? လျင်မြန်စွာလှိမ့်နေသော စာလုံးများမှာ သူတို့လားဟု သူ တွေးလိုက်သည်။

ဖေးယွင်ကျင်း မသိသော်လည်းနာခံစွာ သူ့ညာဘက်လက်ဖ ဝါးလေးအား မြှောက်လိုက်ပြီးလှုပ်ယမ်းလိုက်သည်။ ph Screen မျက်နှာပြင်အား ချစ်စရာကောင်းသော အပြုံးတစ်ခု ပြုံးပြကာပြောလိုက်သည်။

"ကိုကို၊ မမတို့၊ မင်္ဂလာ ညနေခင်းပါ၊ ကျွန်တော်က ဖေးယွင်ကျင်းပါ"

Swish!

ဖေးယွင်ကျင်း နှုတ်ဆက်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်စိ ကျစရာကောင်းသော လက်ဆောင်များမှာဖန်သားပြင်တစ်ခုလုံးအား ပြည့်သွားထိတိုင် အဆမတန်တိုးပွားလာခဲ့သည်။ ထိုအတိုင်းအတာအထိဖြစ်လာရာ နန်ယုနှင့် သူ့ ပေါင်ပေါ်ရှိ ကလေးငယ်၏မျက်နှာများမမြင်ရသလောက်ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု၏ကြည့်ရှုသူအရေအ တွက်မှာ နောက်ဆုံးတွင် တစ်သန်းကိုကျော်လွန်သွားခဲ့သည်။

မည်သူမျှ လှပသော အမျိုးသမီးတစ်ဦးနှင့် ချစ်စရာကောင်း သော ကလေးငယ်တစ်ဦး၏ပေါင်းစပ်မှုအား မခုခံနိုင်ခဲ့ကြချေ။

မဟုတ်ဘူး! မဟုတ်ဘူး! မဟုတ်ဘူး! ဘယ်သူမှ မခုခံနိုင်ဘူး!

"အန်တီ၊ ဒါတွေက ဘာတွေလဲ ?"

ဖေးယွင်ကျင်း ရောင်စုံဖန်သားပြင်အား စူးစမ်းစွာကြည့်ရန် ရှေ့သို့ကိုင်းပြီးမေးလာခဲ့သည်။

နန်ယု ထိုလက်ဆောင်များအား တစ်ချက်ကြည့်လိုက်သည်။

"ဒါတွေက ကိုကို၊ မမတို့က အန်တီကိုချစ်လို့ပေးတဲ့ လက် ဆောင်တွေ"

ထို့နောက် သူမ တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်သို့ တိုက်ရိုက် ပြောဆိုလိုက်သည်။

"လက်ဆောင်တွေ ပို့စရာမလိုပါဘူး၊ ကျွန်မတို့ ဘာမှမလိုအပ်ပါဘူး၊ ကျွန်မ ဒီနေ့ ဒီကိုလာရတဲ့ အဓိကအကြောင်းရင်းက တော့ လျှောက်ပြောနေတဲ့ ကောလာဟလတချို့ကိုဖတ်မိလို့ပါ"

"မရှင်းပြရင် ကျွန်မ တကယ် စိတ်မကောင်းဖြစ်ရမှာမို့လို့ ရှင်းပြဖို့ ဒီကိုလာခဲ့တာပါ"

[ဟားဟားဟား၊ နားလည်သွားပြီ၊ ဆိုလိုတာက ငါ စိတ်မချမ်း သာဘူး၊ မခံမရပ်နိုင်ဘူးလို့ ပြောတာပဲ!]

[ဟားဟားဟား၊ ဒီညီမလေးက အရမ်းချစ်စရာကောင်းတာပဲ၊ အိပ်ဖို့ စီစဉ်ထားပေမဲ့ ဒါကို မခံနိုင်တော့လို့ ညဘက်ကြီးတိုက် ရိုက်ထုတ်လွှင့်လိုက်တာလား?]

ငါ ရယ်ရလွန်းလို့သေပါပြီ၊ ဒါ ပုံရိပ်ယောင်သက်သက်ပဲ။

နန်ယု: ဘယ်လိုလုပ် မစ္စနန်ကို အသရေဖျက်ရဲတာလဲ ? အိမ်တော်ထိန်း၊ စုံစမ်းစစ်ဆေးလိုက်!

All Chapters