← Chapters

အခန်း (၄၂)

Vol. 5 Ch. 42

အခန်း (၄၂)

Vol. 5 Ch. 42

နန်ယု၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် အင်တာနက်အသုံးပြုသူ များမှ သူမ အခြေအနေနှင့် စိတ်ခံစားချက်များအား ပြဇာတ်ဆန်ဆန် မှတ်ချက်များပေးနေခဲ့ကြသည်။ နန်ယုစကားအနည်း ငယ်သာပြောဆိုရသေးသော်လည်း ပရိသတ်ကမူဇာတ်လမ်း ၏ကျန်ရှိသောအပိုင်းအားပြီးအောင် ဖန်တီးနေကြခြင်းဖြစ် သည်။

နန်ယု ထိုစိတ်ကူးယဉ်ဆန်သော မှတ်ချက်များအား လျစ်လျူရှုလိုက်ပြီး အဓိကအချက်ကိုသာတိုက်ရိုက်ပြောဆိုခဲ့သည်။ သူမ တိုက်ရိုက်ထုတ်လွှင့်မှုမှ ငွေရှာရန်ရည်ရွယ်ချက်မရှိသော ကြောင့် ၎င်းကို အချိန်ကြာကြာ ဆွဲဆန့်နေစရာမလိုကြောင်း ဆုံးဖြတ်ခဲ့သည်။

"ဒီခရီးစဉ်မှာ ဖြစ်ခဲ့တာက မတော်တဆမှုပါ၊ ကျွန်မတို့ အစက နွေရာသီရဲ့အပူကိုရှောင်ဖို့ မြောက်ဘက်ကိုသွားဖို့ စီစဉ်ထားတာပါ၊ ဘာကြောင့် အဓိပ္ပာယ်လွဲမှားစွာဖော်ပြခံရလဲဆိုတာနားမလည်နိုင်ဘူး"

"ကျွန်မ ဖေးမိသားစုရဲ့စည်းစိမ်ဥစ္စာကို စိတ်မဝင်စားသလို၊ အဲဒါကြောင့် ဘယ်သူ့ကိုမှထိခိုက်အောင် လုပ်စရာအကြောင်းလည်းမရှိပါဘူး"

"ဒါ့အပြင်၊ ကျွန်မတို့တွေဟာ ဥပဒေအုပ်စိုးတဲ့ လူ့အဖွဲ့အစည်းမှာနေနေတာပါ၊ ကျွန်မက ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားပါ၊ ကျေးဇူးတင်ပါတယ်"

စကားသုံးကြောင်းထဲဖြင့် နန်ယု သူမ၏ရပ်တည်ချက်အား ရှင်းလင်းစွာပြောခဲ့သည်။

သူမတွင် အပြစ်ကင်းစင်ကြောင်း သက်သေပြရန်အထောက် အထားမရှိသော်လည်း၊ ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်လိုကြောင်းလည်း သက်သေပြရန်မလိုအပ်ခဲ့ချေ။ ယခုအခါတွင် အများပြည်သူ၏သဘောကျမှုအား မည်သူက ပိုအရယူနိုင်မလဲ ဆိုသည်သာ အဓိကဖြစ်လာသည်။

နန်ယုနှင့် ဖေးယွင်ကျင်းတို့၏ရုပ်ရည်နှင့် ချစ်စရာကောင်းမှုမှာ ဤကဏ္ဍတွင် မွေးရာပါအားသာချက်တစ်ခု ဖြစ်နေသည်မှာ ရှင်းလင်းသည်။

ငါ ဖေးမိသားစုရဲ့စည်းစိမ်ဥစ္စာကို စိတ်မဝင်စားဘူး၊ ဘာလို့လဲဆိုတော့ ငါ ကိုယ်တိုင်လည်း လုံလုံလောက်လောက်ချမ်း သာနေလို့ပဲ!

[ဒါက Versailles (ဗာဆေးလ်) အသစ်တစ်ခုလား? နန်ယုက အရမ်း ကြွားဝါနေတာပဲ!]

(T/N - နန်ယုက "ကျွန်မ ဖေးမိသားစုရဲ့ စည်းစိမ်ဥစ္စာကို စိတ်မဝင်စားဘူး" လို့ ပြောလိုက်တာက တကယ်တမ်းကျတော့ "ငါကိုယ်တိုင်က ဖေးမိသားစုထက်တောင် ပိုချမ်းသာတယ်" လို့ ပြောချင်တာနဲ့ သွားတူနေလို့ Versaillesလို့သုံးထားတာပါ)

အမှန်တကယ်တွင် သူ့ပိုင်ဆိုင်မှုမှာ အချမ်းသာဆုံးအမျိုးသမီး ဆယ်ဦးစာရင်းတွင် ပါဝင်နိုင်သည်။

[ဟားဟားဟား၊ ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားတဲ့! မစ္စ၊ မင်း အရမ်းရယ်ရတာပဲ၊ ဥက္ကဌဖေး မသိဘူးလား ?]

ဖေးယွင်ကျင်း နန်ယုနှင့်ဖန်သားပြင်ကို တစ်လှည့်စီ ကြည့်ရှုရင်း တစ်စုံတစ်ဦးမှ အန်တီအားအသရေဖျက်နေပြီး သူ့ကို ထိခိုက်အောင် ကြိုးစားနေသည်ကိုမြင်လိုက်ရသည်။

ထိုသူအား အရင်တစ်ခါပေါ်လာခဲ့သည့် မကောင်းသည့် အန်တီနှင့် တူသည်ဟု ယူဆခဲ့သည်။

မဖြစ်ဘူး၊ ရှောင်ကျင်း အန်တီကို ကာကွယ်ရမယ်!

ဖေးယွင်ကျင်း၏မျက်နှာလေးမှာ စူပုတ်ဖောင်းကားသွားပြီးနောက်၊ သူ အလွန်လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"အန်တီက ကျွန်တော့်ကို အကောင်းဆုံးဆက်ဆံတဲ့သူပါ၊ ကျွန်တော် အန်တီ့ကိုအချစ်ဆုံးပဲ! အန်တီကို အသရေဖျက်လို့ မရဘူး!"

ကလေးတစ်ဦးမှ လူကြီးဟန်ဆောင်ကာ ကာကွယ်ပြောဆိုခြင်းမှာ အလွန်ချစ်စရာကောင်းနေခဲ့သည်။

ဖန်သားပြင်၏တစ်ဝက်သော လူများမှာ ဖေးယွင်ကျင်း ပြော သည်အားဂရုမစိုက်ဘဲ ကလေးကို ခိုးယူလိုကြောင်းသာရူးရူး မူးမူး ပြောဆိုနေကြသည်။

သို့သော် ကျန်တစ်ဝက်ဖြစ်သော အနည်းငယ် ပိုဆီလျော်သော ပရိသတ်ကမူ သတိပြုမိသောအပြုံးဖြင့် ပြုံးလိုက်ကြပြီး နန်ယုအား တကယ်ပင်ယုံကြည်သွားကြသည်။

အကြောင်းမှာ ဤကဲ့သို့သော ချစ်ခင်တွယ်တာမှုမျိုးအားဟန် ဆောင်၍ မရနိုင်သောကြောင့် ဖြစ်သည်။ ထိုမျှ ငယ်ရွယ်သည့် ကလေးငယ်တစ်ဦးမှာ သဘာဝကျပြီး စစ်မှန်သောသရုပ် ဆောင်မှုမျိုး ပြုလုပ်နိုင်သည်ဟု သူတို့ မျှော်လင့်၍မရနိုင်ချေ။

နန်ယု ဖေးယွင်ကျင်း ခေါင်းလေးအားတို့ထိလိုက်သည်။

"ကောင်းပြီ၊ ရှောင်ကျင်း အိပ်တော့မယ်နော်၊ မေးစရာရှိရင် မေးပါ၊ အန်တီ သုံးမိနစ်အတွင်း လိုင်းဆင်းတော့မယ်"

[ကျဲ၊ မသွားပါနဲ့! အခု ဘယ်အချိန်ရှိပြီလဲ?]

[ဟားဟားဟား၊ ကလေးတွေ စောစောအိပ်ဖို့လိုတာကို ငါ နား လည်ပါတယ်၊ နောင်လည်း တိုက်ရိုက်ထုတ်လွှင့်ဦးမလား ? ဘာမှမပြောပါနဲ့၊ ငါ မျက်လုံးသန့်ရှင်းဖို့ ခဏလေးကြည့်ခွင့်ပေးပါ]

နန်ယု: "မသေချာဘူး၊ ဘာပဲဖြစ်ဖြစ်၊ မကြာခဏတော့ ထုတ်လွှင့်မှာ မဟုတ်ပါဘူး"

ဤတစ်ကြိမ်တွင် နန်ယု ဖိအားကြောင့်သာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ အင်တာနက်အသုံးပြုသူအများစုမှာ စိတ်ဝင်စားစရာကောင်းသော်လည်း သူမ ကိုယ်တိုင်မှာမူ တိုက်ရိုက်ထုတ်လွှင့်ခြင်းအား စိတ်မဝင်စားချေ။ သူမတွင် ပြသရန်အရည်အချင်းမရှိသဖြင့် ဟန်ဆောင်ပြသနေရသည်ဟု ခံစားရသည်။

[နတ်သမီးမမ၊ ဘယ်လို အသားအရေထိန်းပစ္စည်းတွေသုံးလဲ? မင်းရဲ့အသားအရေက အရမ်းကောင်းတာပဲ!]

နန်ယု ကင်မရာကို သူမ၏အလှပြင်စားပွဲဘေးသို့ ချိန်ညှိပြီး စားပွဲပေါ်ရှိ အသားအရေထိန်းသိမ်းမှု ပစ္စည်းအပုံအား ညွှန်ပြခဲ့သည်။

"ဒီမှာ ဒါတွေပဲ၊ မင်းတို့ စမ်းသုံးချင်တယ်ဆိုရင် နောက်မှ ကံစမ်းမဲဖောက်ပေးမယ်"

[ဒါက ဘယ်လို လှပပြီးကြင်နာတဲ့ နတ်သမီးလေးလဲ ? ချစ်လိုက်တာ!]

[သေစမ်း၊ ဒါက သူဌေးတစ်ယောက်ရဲ့မိတ်ကပ်လိမ်းခုံလား ? အမှတ်တံဆိပ် အများစုကို ငါ မသိဘူး!]

သုံးမိနစ် လျင်မြန်စွာကုန်လွန်သွားပြီးနောက် နန်ယု အင်တာနက်အသုံးပြုသူများ၏ စိုးရိမ်တကြီးတောင်းဆိုမှုများကြားမှ တိုက်ရိုက်ထုတ်လွှင့်မှုအား အဆုံးသတ်လိုက်သည်။ ယနေ့ ရလဒ်များမှာ ကောင်းမွန်နေသော်လည်း အဆုံးစွန်သော ရလဒ်သည် မနက်ဖြန်စတော့ဈေးကွက်၏တုံ့ပြန်မှုအပေါ် မူတည်လိမ့်မည်ဟု သူမ ယူဆခဲ့သည်။

"အန်တီ၊ ဒီလောက်ဆို အဆင်ပြေပြီလား?"

ဖေးယွင်ကျင်း ခုန်ဆင်းလိုက်ပြီး ကိုယ့်ကိုယ်ကို ထိန်းလိုက်သည်။ သူ သိပ်မကူညီနိုင်ခဲ့ဘူးဟု ခံစားခဲ့ရသည်။

"ဟုတ်တယ်၊ ရှောင်ကျင်းက အရမ်းတော်တာပဲ! ကျေးဇူးနော် ရှောင်ကျင်း"

သဘာဝအကျဆုံးဖျော်ဖြေမှုသည်သာလျှင် အစစ်မှန်ဆုံးဖြစ်သလို၊ ကောလာဟလများအား အကောင်းဆုံးပြန်လည်ချေပနိုင်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးပြီး နောက်တစ်ခဏတွင် နန်ယု နန်ကျီထံမှ စိတ်လှုပ်ရှားနေသော ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိခဲ့သည်။ နန်ကျီ သူမအား မရပ်မနားချီးမွမ်းနေပြီး သူ အခုမှ ချီးမွမ်းခြင်းအကြောင်း စာအုပ်တစ်အုပ်ကို ဖတ်လာသလားဟု နန်ယုပင် သံသယဝင်မိသည်။

နန်ယု နန်ကျီအား စကားအနည်းငယ်ဖြင့် ပယ်ချလိုက်ပြီး ဖေးယွင်ကျင်း လက်ကို ကိုင်ကာ တံခါးဖွင့်လိုက်သည်။ သူမ ရည် ရွယ်ချက်မှာ ကလေးအား သူ့အခန်းသို့ ပြန်ပို့ရန်ဖြစ်သည်။

ဖေးယွင်ကျင်း မနက်ဖြန် မူကြိုကျောင်းမသွားရသော်လည်း ကလေးများအတွက် ညဆယ်နာရီမတိုင်မီ အိပ်ရာဝင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

သူမ တံခါးဖွင့်လိုက်သည်နှင့် ဦးလေးကျိုးအားမြင်လိုက်သည်။

"သခင်မလေး၊ သခင်ဖေး ရောက်နေပါတယ်"

သူ အောက်ထပ်သို့ လက်ညှိုးထိုးပြခဲ့သည်။

နန်ယု: ...

"ဦးလေးကျိုး၊ ရှောင်ကျင်းကို အိပ်ရာဝင်ဖို့ခေါ်သွားပေးပါ"

နန်ယု အောက်ထပ်သို့ ဆင်းလာခဲ့ပြီး ဖုန်းကြည့်နေသော ဖေးယီကျန့်အားမြင်လိုက်သည်။

"ရှင် ဘာလာလုပ်တာလဲ?"

ဖေးယီကျန့် ခေါင်းမော့ကြည့်ပြီး ပြုံးလိုက်သည်။

"ငါ မင်းကို လာကူညီနိုင်မလားလို့ လာကြည့်တာ"

ဤမျှကြီးမားသော ကိစ္စမျိုးအား ဖေးယီကျန့် မသိဘူးဆိုလျှင် မဖြစ်နိုင်ကြောင်း နန်ယု သိသည်။ ထို့ကြောင့် သူမ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ အခုတော့ အဆင်ပြေသွားပါပြီ၊ ရှင် ပြန်လို့ရပါပြီ"

သူမ ဖေးယီကျန့် အကူအညီအား တစ်ခါမှ မစဉ်းစားခဲ့ချေ။ အမှန်တကယ်တွင် ဖေးယီကျန့် ပါဝင်ခဲ့ပါက သူ့ရုပ်ရည်ကောင်းမှုကြောင့် သူတို့သုံးဦး၏ပျော်ရွှင်မှုအား တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြသခြင်းမှာ ပိုမိုထိရောက်နိုင်ချေရှိသည်။

အထူးသဖြင့် ဖေးယီကျန့်မှာ ထိုသို့သော ကောင်းမွန်သော ပုံစံရှိသောကြောင့်ဖြစ်သည်။

သို့သော် နန်ယု ထိုဖြတ်လမ်းအား မလိုအပ်ချေ။

ယခု အင်တာနက်အသုံးပြုသူများမှာ သူတို့အားပျော်ရွှင်သော စုံတွဲဟု ချီးကျူးနေကြသော်လည်း နောက်နှစ် ဧပြီလတွင် ကွာရှင်းသည့်အခါ ပရိသတ်၏ဆန့်ကျင်ခြင်းကိုခံရမည့်အရေးကို သူ စိုးရိမ်မိသည်။ ၎င်းမှာ အဆိုးဆုံး အခြေအနေဖြစ်လိမ့် မည်။

"ကောင်းပြီ" ဖေးယီကျန့် ဘာမှ ထပ်မံမပြောဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ဖေးမိသားစုအိမ်မှ နန်ယု၏အိမ်သို့ နာရီနှစ်နာရီနီးပါး မောင်းနှင်လာခဲ့ရပြီး၊ ရောက်ရောက်ချင်း ပြန်ခိုင်းခံရသော်လည်း ဖေးယီကျန့် လုံးဝဒေါသမထွက်ခဲ့ချေ။ သူသည် သူ့ကိုယ်ပိုင်သဘောအရလာခဲ့ခြင်းဖြစ်ပြီး နန်ယု သူ့အား လာရန် မတောင်းဆိုခဲ့သောကြောင့် ဒေါသထွက်စရာအကြောင်းမရှိဟု သူ ယူဆခဲ့သည်။

"ခဏလေး" နန်ယု ရုတ်တရက် တားလိုက်ပြီး မေးခဲ့သည်။

"ဂိမ်းဆိုင်က ဓာတ်ပုံတွေကို ရှင် တင်ခဲ့တာလား ?"

ဤကိစ္စမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ၊ နောက်ကွယ်တွင် ဖေးမိသားစု ပါဝင်ပတ်သက်နိုင်သည်ဟု သူမ သံသယရှိခဲ့သည်။

ဖေးယီကျန့် သူ့အမည်အား လျှို့ဝှက်ထားရမည့်သူ မဟုတ်သဖြင့် နန်ယု မေးသောအခါ ဝန်ခံလိုက်သည်။

"ဟုတ်တယ်၊ တောင်းပန်ပါတယ်၊ မင်းတို့ ဘယ်ရောက်နေလဲ ဆိုတာကို ငါ စုံစမ်းဖို့ ကြိုးစားနေတာမဟုတ်ပါဘူး၊ အဲဒီစျေးဝယ်စင်တာက ဖေးမိသားစုအပိုင်လေ အဲ့ဒီနေ့က မင်းတို့ ကစားနေတာကို တာဝန်ခံကတွေ့လိုက်တာ"

တာဝန်ရှိသူသည် နန်ယုတို့အား အနှောင့်အယှက်မပေးဘဲ ဖေးယီကျန့်၏လက်ထောက်ကိုသာ သတင်းပေးခဲ့ပြီး ဖေးယီကျန့် အကြောင်းစုံသိခဲ့ရသည်။

ထိုသတင်းအချက်အလက်မှာ ယခုလိုအသုံးဝင်လာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

ပထမဆုံး ဒေါသထွက်နေသော အမျိုးသမီးငယ်မှာ အမှန်တကယ်ပင် ဂိမ်းဆိုင်မှဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင်ပျံ့နှံ့လာသော အချက်အလက်များမှာ အချို့ကမှန်ကန်ပြီး အချို့ကမှားယွင်းနေခဲ့ရာ မည်သူမျှ အမှားအမှန်အား တကယ်တမ်းခွဲခြား၍ မရနိုင်တော့သည့် အခြေအနေသို့ရောက်ရှိခဲ့သည်။

"ကောင်းပြီ၊ ဒီကိစ္စကို သေချာကိုင်တွယ်မယ်ဆိုရင် ရှင်တို့ ဖေးမိသားစုအကျိုးရှိမှာ သေချာပေမဲ့" နန်ယု ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"

"ရပါတယ်"

ထိုစကားများဖြင့် ဖေးယီကျန့် ညဥ့်နက်ထဲပျောက်ကွယ်သွားခဲ့သည်။ သူ ထိုနေရာတွင် တစ်ခါမှမရှိခဲ့သကဲ့သို့ပင် ဖြစ်နေခဲ့သည်။

နောက်တစ်နေ့တွင် စတော့ဈေးကွက်ပိတ်ပြီးနောက် နန်ကျီ ပြုံးရွှင်ဝမ်းမြောက်စွာ နန်ယုဗီလာရှိ ဆိုဖာပေါ်၌ ထိုင်နေခဲ့သည်။ သူ့မျက်လုံးများမှာ ရွှေရောင်များဖြင့်ပြည့်နှက်နေသကဲ့သို့ သူမအားကြည့်နေသည်။

"ခုနစ်မှတ်! အပြည့်အဝ ခုနစ်မှတ်!"

နန်မိသားစုကဲ့သို့သော ကြီးမားသည့် လုပ်ငန်းစုတစ်ခုအတွက် ၎င်းမှာ ထူးခြားသော အမြတ်အစွန်းဖြစ်သည်။ နန်ကျီနှင့် အခြားသူများမှာ ဆုံးရှုံးမှုအားကြိုတင် ရင်ဆိုင်ရန်ပြင်ဆင်ထားခဲ့သောကြောင့် ဤရလဒ်မှာ လုံးဝမမျှော်လင့်ထားသည့် အံ့အားသင့်စရာတစ်ခုဖြစ်ခဲ့သည်။

"ယုယု! ညီမလေးက အံ့မခန်းပဲ!"

နန်ကျီ လက်မထောင်ပြခဲ့သည်။

"ချမ်းသာဖို့ သေချာတဲ့နည်းလမ်းပဲ"

သူ ရည်ညွှန်းနေခြင်းမှာ နန်ယု မနေ့ညကတိုက်ရိုက်ထုတ်လွှင့်မှုတွင် သူမ၏ မိတ်ကပ်စားပွဲကို လူတိုင်းအား ပြသခဲ့သည့် အချိန်ဖြစ်သည်။ စားပွဲပေါ်ရှိ အသားအရေထိန်းသိမ်းမှု ပစ္စည်းအများစုမှာ စိတ်ကြိုက်ပြုလုပ်ထားသော်လည်း၊ ၎င်းတို့ထဲမှ အချို့မှာ နန်မိသားစုအောက်ရှိ အဆင့်မြင့်အမှတ်တံဆိပ်မှ ဖြစ်နေခဲ့သည်။ နန်ယု၏လှပမှုနှင့် သဘာဝအတိုင်း ရိုးသားမှုတို့ ပေါင်းစပ်လိုက်သောအခါ ကုမ္ပဏီထုတ်ကုန်များ၏အရောင်းမြှင့်တင်မှုမှာ အံ့မခန်းဖြစ်သွားခဲ့ခြင်းဖြစ်သည်။

မနေ့ည တိုက်ရိုက်ထုတ်လွှင့်မှု၏အကျိုးဆက်အဖြစ် မျက်စိတစ်မှိတ်အတွင်း ယနေ့ ရောင်းအားမှာ ယခင် သုံးလပတ်တစ်ခုလုံး၏ရောင်းအားနှင့် ညီမျှသွားခဲ့သည်။

ဤအောင်မြင်မှုမှာ အကောင်းဆုံးထုတ်ကုန်ကြော်ငြာရှင်များထက်ပင် ပိုအထင်ကြီးစရာကောင်းသည်။

နန်မိသားစု၏ပြည်သူ့ဆက်ဆံရေး အကျပ်အတည်းမှာ ပြီးပြည့်စုံသော ပြောင်းပြန်လှည့်မှုတစ်ခုဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

နန်ကျီ ဤအချိန်တွင် ပေထန်မိသားစု၏စိတ်ပျက်နေသော အမူအရာအား စိတ်ကူးကြည့်နိုင်သည်။

ဟားဟားဟား၊ စကားတစ်လုံးတည်းဖြင့်သာ : အံ့မခန်းပဲ!

ပါဝင်ပတ်သက်သူ နန်ယုမှာ အလွန်တည်ငြိမ်နေခဲ့သည်။ သူမ နန်ကျီအား အမြန်ဆုံးလက်တုံ့ပြန်ရန် တိုက်တွန်းခဲ့သည်။

"ပေထန်မိသားစုကို ဖျက်ဆီးဖို့ ပြင်ဆင်မှုတွေ ဘယ်လိုလဲ? ညီမတို့ ဒီတစ်ခါကံကောင်းလို့ ဒါပေမဲ့ အမြဲတမ်းကာကွယ်နေလို့ မရဘူး မဟုတ်လား?"

နန်ယု၏ရန်သူအပေါ်ထားရှိသော သဘောထားမှာ တတ်နိုင်သမျှ မြန်မြန် သတ်ပစ်ဖို့သာ ဖြစ်သည်။ မဟုတ်ရင် သတ်ခံရဖို့ စောင့်နေရမှာလား?

နန်ကျီ၏ရယ်မောနေသော အပြုံးမှာ ဖြည်းညင်းစွာ ကျဆင်းသွားပြီး သူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

"ကောကို နောက်ထပ် နှစ်လပဲအချိန်ပေးပါ"

ပေထန်မိသားစုမှာ မိသားစုကြီးလေးခုထဲမှတစ်ခုဖြစ်သော ကြောင့် ထိုကဲ့သို့သော အရာများသည် လျင်မြန်စွာဖြစ်ပျက်မည်မဟုတ်ကြောင်း သူ သိသည်။

နန်ယု နားလည်နိုင်သော်လည်း သူတို့အား တိုက်တွန်းရန်လို အပ်သည်။ ၎င်းကို စေ့ဆော်မှုရှိရန် ဖိအားဟုခေါ်သည်။

အခြားတစ်ဖက်တွင်မူ ပေထန်မိသားစုသည်လည်း နန်ကျီ မျှော်လင့်ထားသည့်အတိုင်း မကြုံစဖူး နိမ့်ကျသောဖိအားထဲသို့ကျရောက်လို့နေသည်။

All Chapters