မျက်မမြင်ထျယ်၏ အဆင့်တက်မှု
Vol. 161 Ch. 2286
ကြယ်ကောင်းကင်တွင် ကျင့်ကြံသူများစွာက ထိုနေရာကို ကြည့်နေကြပြီး သူတို့၏ နှလုံးသားများက လှုပ်ရှားနေကြသည်။
မျက်မမြင်ထျယ်သည် အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်စေရန် ရီဖူရှင်း ပထမဆုံး ကူညီပေးခဲ့သည့် သူဖြစ်ကာ သူက ထိုအင်ပါယာကြယ်အား မျက်မမြင်ထျယ်ထံ ပေးလိုက်သည်။ နောက်ပိုင်းတွင် မျက်မမြင်ထျယ်က အင်ပါယာကြယ်၏ စွမ်းအားကို ဆက်ခံခဲ့သည်။ အရာအားလုံးက ပြီးဆုံးသွားပြီးနောက်၌ပင် သူက တစ်ခါတစ်ရံ၌ အင်ပါယာကြယ်နှင့် ကျင့်ကြံခဲ့သေးသည်။
နောက်ပိုင်းတွင် သူက ကျင့်ကြံခြင်းအား မရပ်တန့်ခဲ့ပေ။
ယခု သူက အဆင့်တက်သွားခဲ့ပြီ ဖြစ်၏။
သူက အဆင့်ရှစ်မှ အဆင့်မြင့်ရန်ဟောင် ဖြစ်သွားပေသည်။ ဤအဆင့်ချိုးဖျက်သွားခြင်းမှာ သူက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အထွတ်အထိပ်ရန်ဟောင် ဖြစ်လာရန် ခြေတစ်လှမ်း နီးကပ်လာပြီဟု ဆိုလိုပေသည်။ ၎င်းသည် သူက ထိပ်သီးပုဂ္ဂိုလ်ကြီးများ ကြားတွင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေရန် လုပ်ပေးခဲ့ပြီး ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများနှင့် ပခုံးချင်းယှဥ်နိုင်သည့် အခွင့်အရေး ရှိလာပေမည်။
ယခင်က သူ့ကို သစ္စာဖောက်ကာ မျက်မမြင်ဖြစ်စေခဲ့သော နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲသည်လည်း အထွတ်အထိပ်ရန်ဟောင်တစ်ပါး ဖြစ်သည်။ ဤအဆင့်တက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းက မဟာအကြီးအကဲကို လိုက်မီသွားပြီ ဖြစ်ကာ မော့ခယ်က သူ၏ ပြိုင်ဘက် ဖြစ်လိမ့်တော့မည် မဟုတ်ပေ။
မျက်မမြင်ထျယ်၏ အဆင့်တက်မှုက လူအများကို စိတ်လှုပ်ရှားစေခဲ့သည်။ သူက ကြယ်ကောင်းကင်ကမ္ဘာအတွင်း၌ အတားအဆီးကို ချိုးဖျက်ပြီး အဆင့်တက်နိုင်ခဲ့သည့် ပထမဆုံး လူဖြစ်လေသည်။ ထိုအဖြစ်အပျက်သည် ထူးခြားသော အရေးပါမှုကို ကိုင်ဆောင်ထားသည်။ ဤသည်မှာ အခြားကျင့်ကြံသူများကို သူတို့၏ မျှော်လင့်ချက်များ တိုးမြင့်လာကြပေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း အဘိုးမာထက် ပိုပြီး ပျော်ရွှင်သည့်သူ ရှိလိမ့်မည် မဟုတ်ပေ။ ရွာထဲတွင် သူ ရှိနေစဥ်က မျက်မမြင်ထျယ်က သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိခဲ့ပြီး သူတို့က အလွန် ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်ကြသည်။ ထျယ်ထိုနှင့် ရှောင်လင်းသည်ပင် ငယ်ကျွမ်းဆွေများ ဖြစ်ကြ၏။ ဤနှစ်များအတွင်း မျက်မမြင်ထျယ် သည်းခံခဲ့ရသည့် နာကျင်မှုများကို သူ့ထက်ပိုပြီး မည်သူမှ ကောင်းကောင်း နားလည်လိမ့်မည် မဟုတ်ပေ။ ယနေ့အဖြစ်အပျက်ကို မျက်မြင်တွေ့ရသည့်အခါ အဘိုးမာက သူ့အတွက် ပျော်ရွှင်ခဲ့ပြီး တောက်ပသည့် အပြုံးတစ်ခုက သူ့ မျက်ဝန်းထောင့်များတွင် ခိုတွဲလာသည်။
အဘိုးမာ၏ ဘေးတွင် ဖန်းကိုင့်၊ ကုဟွိုက်နှင့် အခြားသူများ ရှိနေခဲ့၏။
"ဒီကောင်က မယုံနိုင်လောက်အောင် ကံကောင်းတယ်။" ဖန်းကိုင့်က အပြုံးနှင့် ပြောလိုက်သည်။
"အဲဒါက ကံကောင်းရုံလေးပဲ မဟုတ်ဘူး။" အဘိုးမာက ပြောလိုက်သည်။ "သူ တစ်ချိန်တုန်းက သစ္စာဖောက်ခံခဲ့ရပြီး ရွာကို ပြန်လာခဲ့တယ်။ သူက ကျင့်ကြံခြင်းကို ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရတယ်။ ဆရာသခင်က သူ့ကို ကုသပေးပြီးတော့ သူ့ရဲ့ စိတ်အခြေအနေကို စတင် ကုစားခဲ့ရတယ်။ နှစ်ပေါင်းများစွာကြာအောင် သူက ပန်းပဲလုပ်ရင်း စိတ်နဲ့ ဝိညာဥ်ကို ကျင့်ကြံခဲ့တယ်။ ဒီလောက်နှစ်တွေကြာပြီးတော့ အမုန်းတရားက သူ့ရဲ့ တစ်ခုတည်းသော အာရုံစိုက်မှု မဟုတ်တော့ဘူး။ သူက ရီဖူရှင်းကို ကာကွယ်ပေးဖို့ ရွာက ထွက်လာခဲ့ပြီး အဲဒါကြောင့်ပဲ သူက ဒီအခွင့်အရေးကို ရရှိခဲ့တာကြောင့် ဒီနေ့လို အောင်မြင်မှု ရတာပဲ။ ဒါက အားလုံး ကံတရားပဲ ဖြစ်နိုင်တယ်။"
"အင်း.. တကယ်ပဲ။" ဖန်းကိုင့်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ကံကောင်းခြင်းက လုံလောက်သော်လည်း အရာအားလုံးကို ဤပုံစံအတိုင်း ကံကြမ္မာဖန်ပြီးသား ဖြစ်နိုင်သည်။ ၎င်းက တိုက်ဆိုင်မှုဖြစ်စေ ကံတရားဖြစ်စေ မျက်မမြင်ထျယ်သည် ရွာအတွင်း၌ အဘိုးမာပြီးနောက် နောက်ထပ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည် ဖြစ်သည်။
မျက်မမြင်ထျယ် အဆင့်တက်သွားပြီးနောက် ဆရာသခင်အပြင် လေးမျက်နှာကျေးရွာတွင် နောက်ထပ် ထိပ်သီးအဆင့် ပုဂ္ဂိုလ်နှစ်ယောက် ရှိလာလိမ့်မည် ဖြစ်သည်။ သူတို့က ဆက်လက်ကြိုးစားရန် လိုအပ်ရုံမျှမက ထိုလူငယ်လေးများသည်လည်း လျင်မြန်စွာ တိုးတက်လာရန် လိုသည်။
"ကျုပ်တို့လည်း ကြိုးစားရလိမ့်မယ်။" ဖန်းကိုင့်က သူ့ဘေးမှ လူများကို အပြုံးနှင့် ပြောလိုက်သည်။ မျက်မမြင်ထျယ်သည် ယခု သူ့ကို ကျော်တက်သွားခဲ့ပြီ ဖြစ်၏။
သူ့ဘေးမှ လူများက မျက်မမြင်ထျယ်အား ကြည့်နေရင်း ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။ အင်ပါယာကြယ်၏ နတ်ရောင်ဝါက မျက်မမြင်ထျယ် ခန္ဓာကိုယ်အတွင်း တိုးဝင်နေပြီး သူ့ခန္ဓာကိုယ်က လေထဲ၌ ရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်က တောက်ပသည်ထက် တောက်ပလာပုံရသည်။ သူက ယခု စစ်နတ်ဘုရားတစ်ပါးနှင့် အလားတူပေသည်။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါနှင့် ခွန်အားတို့က အဆက်မပြတ် တိုးပွားလာနေသည်။
သူ့ထံမှ မဟာလမ်းစဥ်၏ အော်မြည်သံတို့ ထွက်ပေါ်လာသည်။ ၎င်းသည် သူက ကြယ်ကောင်းကင်နှင့် ပေါင်းစပ်နေသလို ထင်မှတ်ရပေသည်။ နတ်အလင်းက အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံထားပြီး မဟာလမ်းစဥ်နတ်ခန္ဓာအဖြစ် ပြောင်းလဲသွားပုံရကာ နတ်ရောင်ဝါတို့ ပေါက်ကွဲထွက်လာသည်။ ဤအခြေအနေသည် အချိန်တခဏအထိ ဖြစ်တည်နေပြီး ကြယ်ကောင်းကင်က အဆုံးမဲ့ အလင်းရောင်တို့ဖြင့် လင်းလက်နေခဲ့သည်။
အင်ပါယာကြယ်ပေါ်မှ နတ်အလင်းက ပျောက်ကွယ်သွားပြီး လေထဲ၌ ရစ်ဝဲနေသည့် မျက်မမြင်ထျယ်၏ ခန္ဓာကိုယ်က တည်ငြိမ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည့် နတ်အလင်းတို့က ပြန်ဆုတ်ခွာသွားသော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးက နတ်ခန္ဓာတစ်ခုကဲ့သို့ တောက်ပနေခဲ့သည်။
"သူ လုပ်နိုင်ခဲ့ပြီ။"
ကြယ်ကောင်းကင်ရှိ ကျင့်ကြံသူများက သိမ့်သိမ့်တုန်နေကြ၏။ တခဏကြာပြီးနောက် မျက်မမြင်ထျယ်သည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ ခေါင်းကို တဖြေးဖြေး မော့လိုက်သည်။ သူက မြင်နိုင်ခြင်း မရှိသော်လည်း သူ၏ အာရုံခံစားမှုက ပို၍ ထက်ရှလာသည်။
"ဂုဏ်ပြုပါတယ်။" ကျင့်ကြံသူများသည် လက်နှစ်ဖက်ကို ဆုပ်ကာ လေးစားမှုပြရင်း မျက်မမြင်ထျယ်က အဆင့်တက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုလိုက်ကြသည်။
သူသည် ကြယ်ကောင်းကင်၌ အဆင့်ချိုးဖျက်တက်ရောက်သွားနိုင်သည့် ပထမဆုံးသောသူ ဖြစ်သည်။
လေးမျက်နှာကျေးရွာမှ လူများ ရောက်ရှိလာပြီး အဘိုးမာက ပြုံးကာ ပြောလိုက်သည်။ "မဆိုးဘူး။"
"မျက်မမြင်ထျယ် အခု မင်းက ကျုပ်တို့ လူအိုကြီးတွေထက် အများကြီး သာသွားပြီပဲ။" ဖန်းကိုင့်က အပြုံးနှင့် ပြောလိုက်သည်။ သူတို့အားလုံးက လေးမျက်နှာကျေးရွာမှ လူများဖြစ်ကြသည့်အတွက် မျက်မမြင်ထျယ်အတွက် ပျော်ရွှင်ကြပေသည်။
သို့သော် အဆင့်တက်ပြီးနောက် မျက်မမြင်ထျယ်သည် အလွန် စိတ်လှုပ်ရှားနေပုံမပေါ်ဘဲ အတော်လေး တည်ငြိမ်နေသည်။
"ဦးလေးထျယ် ဂုဏ်ပြုပါတယ်။" ရီဖူရှင်းကလည်း ပြုံးကာ နှုတ်ဆက်လိုက်သည်။ မျက်မမြင်ထျယ်က ပြန်လှည့်ကာ ရီဖူရှင်း အသံလာရာဘက်သို့ မျက်နှာချင်းဆိုင်လိုက်သည်။ သူက ပြောလိုက်၏။ "ဖူရှင်း ကျေးဇူးတင်ပါတယ်။"
သူ၏ စကားလုံးများက အနည်းငယ် လေးလံနေသော်လည်း ထိုစကားများက သူ့နှလုံးသားထဲမှ လာခြင်း ဖြစ်သည်။ ရီဖူရှင်းကို လေးမျက်နှာကျေးရွာမှ ခိုလှုံခွင့်သာ ပေးခဲ့ခြင်း ဖြစ်သော်လည်း သူက ရွာအတွက် အများကြီး ပြန်လည် လုပ်ဆောင်ပေးခဲ့သည်။ ယနေ့ သူ၏ အဆင့်တက်မှုကလည်း ရီဖူရှင်းကြောင့်သာ ဖြစ်သည်။
"ဦးလေးထျယ် အဲဒီလို မပြောပါနဲ့။ ကျုပ်တို့က မိသားစုတွေပဲ။ ကျေးဇူးတင်စရာ မလိုပါဘူး။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်ပြီး မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်သည်။
ထိုသည်မှာ မှန်ကန်ပေသည်။ လေးမျက်နှာကျေးရွာမှ လူများက သူ၏ မိသားစုဝင်များပင် ဖြစ်၏။
ရီဖူရှင်းက ကျေးရွာသို့ နောက်ပိုင်းမှ ဝင်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း လေးမျက်နှာကျေးရွာမှ လူများသည် သူ့ကို အပြည့်အဝ လက်ခံကာ ရွာသားတစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့သည်။
"မင်း အခု အဆင့်တက်သွားပြီဆိုတော့ မော့ခယ် တုန်နေလောက်ပြီ။" ဖန်းကိုင့်က ပြောလိုက်သည်။ ယခင်နှစ်များမှ အကြွေးကို မျက်မမြင်ထျယ်အနေဖြင့် အနှေးနှင့်အမြန် စာရင်းရှင်းရပေလိမ့်မည်။ ယခု သူက ရန်ဟောင်အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီဖြစ်ကာ လက်စားချေလိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
မျက်မမြင်ထျယ်က မော့ခယ်နှင့် နတ်ဆိုးတိမ်လွှာကလန်တို့ သူ့အပေါ် လုပ်ခဲ့သည့် အရာများကို မည်သို့ မေ့ပစ်နိုင်ပါမည်နည်း။
ကြောက်မက်ဖွယ် ချုပ်ကိုင်လွှမ်းမိုးနိုင်သော စိတ်ဝိညာဥ်က မျက်မမြင်ထျယ်ထံမှ ပေါ်ထွက်လာသည်။ မော့ခယ်သည် သူ ကိုယ်တိုင် ကျိန်းသေ သတ်ပစ်ရမည့်သူ ဖြစ်သည်။
"နတ်ဆိုးတိမ်လွှာကလန်က သူတို့ ဦးလေးထျယ်အပေါ် လုပ်ခဲ့တဲ့ အရာအတွက် ကျိန်းသေ ပြန်ပေးဆပ်ရမယ်။ ဒါပေမယ့် ဦးလေးထျယ်က အခုမှ အဆင့်တက်တာမို့ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် အရင်လုပ်ဖို့က ဦးစားပေးပဲ။ ဒီအင်ပါယာကြယ်ရဲ့ စွမ်းအားကို ဆက်ပြီး အသုံးပြုလို့ရသေးတယ်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။
"အင်း" မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်၏။ သူသည် အဆင့်တက်သွားခြင်းကြောင့် အောက်ခြေလွတ်သွားခြင်းမျိုး မရှိပေ။ ဤအဆင့်နှင့် မော့ခယ်အား သတ်ဖြတ်ရန် သူ့အတွက် ပြဿနာမရှိသော်လည်း နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲ၏ ခွန်အားက ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသူ့ကို သတ်ရန် သူ့ခွန်အားကို အရင်ဆုံး ခိုင်မာလာစေရန် လုပ်ဖို့ရာ လိုအပ်ပေသည်။
"ဦးလေးဖန်း၊ နတ်ဆိုးတိမ်လွှာကလန်က မူလဘုံရဲ့ နယ်မြေထဲမှာ ရှိနေတုန်းပဲမလား။" ရီဖူရှင်းက သူ့ဘေးမှ ဖန်းကိုင့်ကို မေးလိုက်သည်။
"ဖြစ်နိုင်တယ်။" ဖန်းကိုင့်က ခေါင်းညိတ်လိုက်၏။ "အခု မူလဘုံက အပြောင်းအလဲတွေ ဖြစ်နေတာကြောင့် ကောင်းကင်ဒေသရဲ့ အင်အားစုတွေ အားလုံးက ဒီနေရာမှာ ရှိနေသေးပြီး နတ်ဆိုးတိမ်လွှာကလန်လည်း ထွက်သွားဦးမှာ မဟုတ်ဘူး။ မဟာလမ်းစဥ် ဘုံသုံးထောင်မှာ ကျင့်ကြံနေလိမ့်ဦးမယ်။"
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ အင်အားစုတစ်ခုတည်းနှင့်ပင် နတ်ဆိုးတိမ်လွှာကလန်အား ဖျက်ဆီးပစ်နိုင်ရန် လိုအပ်သော်လည်း ၎င်းက ဦးလေးထျယ်၏ အချိန်ကြာမြင့်စွာကပင် ရှိခဲ့သော ရည်ရွယ်ချက် ဖြစ်ပေသည်။ သူက ၎င်းကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အခွင့်အရေး ရသင့်ပြီး သူတို့က ဘေးမှ ကူညီရန်သာ လုပ်ဆောင်ရပေမည်။
"ဦးလေးဖန်း ကျောင်းတော်ကို ခဏလောက်ပြန်ပြီး နတ်ဆိုးတိမ်လွှာကလန် ဘယ်မှာ ရှိနေလဲဆိုတာ ရှာပေးပါ။ သူတို့အခု ဘယ်မှာ ရှိနေလဲဆိုတာ သိချင်တယ်။" ရီဖူရှင်းက ပြောလိုက်သည်။
"ကိစ္စမရှိဘူး။" ဖန်းကိုင့်က ခေါင်းညိတ်လိုက်သည်။ ယခု ရီဖူရှင်းက ခေါင်းဆောင်တစ်ယောက်ကဲ့သို့ အပြုအမူမျိုးနှင့် ပြုမူနေသည်။ ဖန်းကိုင့်သည် ရီဖူရှင်းအား ထိုသို့သော အပြုအမူမျိုးနှင့် မြင်ရသည်ကို သဘောကျပေသည်။ သူသည် လွှမ်းမိုးနိုင်သော အင်အားစုတစ်ခု၏ ခေါင်းဆောင် အမှန်တကယ် ဖြစ်လာပေလိမ့်မည်။
ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် လေးမျက်နှာကျေးရွာမှ လူအားလုံးက ရီဖူရှင်း ရင့်ကျက်လာပြီး တာဝန်အပြည့်ယူနိုင်စေရန် စောင့်ဆိုင်းနေကြသည်။
သူက အစွမ်းထက်နေသရွေ့ လေးမျက်နှာကျေးရွာ၏ ဆရာသခင်က လောကီအရေးကိစ္စများကို ဂရုစိုက်စရာလိုလိမ့်မည် မဟုတ်ပေ။ ဖန်းကိုင့်သည် လေးမျက်နှာကျေးရွာက အနာဂတ်တွင် သူဖြစ်စေ အဘိုးမာဖြစ်စေ ပိုင်ဆိုင်လိမ့်မည်မဟုတ်ဘဲ ရီဖူရှင်းနှင့် သက်ဆိုင်လိမ့်မည်ဟု မြင်နိုင်ပေသည်။
သိသာစွာပင် အဘိုးမာက အစကတည်းက သူ လုပ်ခဲ့သလို ရီဖူရှင်းအား ကူညီရန်မှလွဲ၍ အခြားပြောစရာမရှိပေ။ မျက်မမြင်ထျယ်၏ အဆင့်တက်မှုက ရီဖူရှင်း၏ အနာဂတ်အတွက် ပိုကောင်းမွန်ပေလိမ့်မည်။ အကြိမ်ရေအနည်းငယ်သော ဆရာသခင်၏ ကာကွယ်ပေးမှုနှင့် အချို့ကိစ္စများက ကျယ်လောင်စွာ ထုတ်ပြောနေရန် မလိုအပ်ပေ။