← Chapters

လက်တုန့်ပြန်ခြင်း

Vol. 161 Ch. 2287

လက်တုန့်ပြန်ခြင်း

Vol. 161 Ch. 2287

အဆင့်မြင့် တော်ဝင်ဘုံကိုးဘုံမှ ဗဟိုအင်ပါယာဘုံက ကျင့်ကြံသူအများဆုံး ရှိနေသည့်ဘုံ ဖြစ်နေဆဲ ဖြစ်သည်။ ဗဟိုအင်ပါယာဘုံက ယခု ကောင်းကင်အာဏာစက်ကျောင်းတော်၏ အုပ်ချုပ်မှုအောက်၌ ရှိနေသော်လည်း ကောင်းကင်ဒေသမှ အင်အားစုများစွာက ဗဟိုအင်ပါယာဘုံ၌ ကျင့်ကြံရန် ရှိနေကြဆဲ ဖြစ်သည်။

နတ်ဆိုးတိမ်လွှာကလန်သည်လည်း ဗဟိုအင်ပါယာဘုံတွင် ရှိနေခဲ့သည်။

ဗဟိုအင်ပါယာဘုံအတွင်းရှိ ရှေးဟောင်းမြို့တစ်မြို့တွင် နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက ကျင့်ကြံနေခဲ့သည်။ လက်ရှိနေ့ရက်များတွင် သူတို့က သိုသိုသိပ်သိပ် နေလျက်ရှိကြသည်။ သူတို့သာမကဘဲ ကောင်းကင်ဒေသရှိ အင်အားစုများစွာက ယခုတွင် ယခင်ကထက် အများကြီးပိုပြီး တိတ်ဆိတ်နေကြ၏။ မည်သူကမှ ပြဿနာရှာခြင်း မရှိကြပေ။

ထိုတိုက်ပွဲ၏ မှတ်ဉာဏ်က သူတို့ စိတ်ထဲ၌ လတ်ဆတ်နေဆဲ ဖြစ်သည်။ သိပ်မကြာခင်က ရီဖူရှင်းနှင့် သူ၏ လက်အောက်မှ ကျင့်ကြံသူများသည် မှော်နက်လောကအတွင်းရှိ ထိပ်သီးအင်အားစုများထဲမှ တစ်ခု၏ ရန်ဟောင်များစွာကို သုတ်သင်ပစ်လုနီးပါး ဖြစ်ခဲ့ကြသည်။ သိသာစွာပင် ကောင်းကင်ဒေသမှ အင်အားစုများသည် ပြဿနာတစ်ခုခု ဖြစ်ပွားရန် တွေဝေနေကြသည်။

တိတိကျကျ ပြောရရင် နတ်ဆိုးတိမ်လွှာကလန်သည် ရီဖူရှင်းနှင့် ရန်ငြိုးရန်စအချို့ ရှိခဲ့ကြသည်။ သူက ရှန်ချင်းနယ်မြေ၌ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်သဘောပေါက်သောအခါ မော့ခယ်က ရီဖူရှင်းအပေါ် အလွန် ရိုင်းစိုင်းခဲ့သည်။ နောက်ပိုင်း သူတို့ လေးမျက်နှာကျေးရွာသို့ သွားသည့်အခါ၌လည်း အတူတူပင် ဖြစ်သည်။

ထို့ကြောင့် နတ်ဆိုးတိမ်လွှာကလန်သည် မူလဘုံ၌ မည်သည့် ပြဿနာမှ မရှာရဲကြပေ။ အဆုံးမှာတော့ မူလဘုံက ရီဖူရှင်း၏ နယ်မြေ ဖြစ်လေသည်။

သို့သော် ယခုတွင် ကျင့်ကြံနေသည့် မဟာအကြီးအကဲက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး မလွယ်ကူသည့် မလွယ်ကူသည့် ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။ ထိုသည်မှာ သူက လှုံ့ဆော်မှု ခံလိုက်ရသလိုပင် ဖြစ်သည်။ သူ့အနီးတွင် ရစ်သိုင်းနေသည့် နတ်ဆိုးတိမ်တိုက်များက တုန်ယင်လှုပ်ခါလာသည်မှာ သူ့ မျက်ခုံးများကို တင်းကျပ်စွာ စုကျုံ့လာစေခဲ့သည်။

ရုတ်တရက် သူ၏ မျက်လုံးများက ပွင့်ဟလာပြီး ထိုနက်မှောင်သည့် မျက်လုံးများက အဝေးသို့ စိုက်ကြည့်နေခဲ့သည်။ သူ့အမူအရာက ပြောင်းလဲသွားခဲ့၏။

"သွား" နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက ပြောလိုက်သည်။ သူက ရှိနေသည့် နေရာမှ ပျောက်ကွယ်သွားကာ မော့ခယ်ရှေ့၌ ပြန်လည် ထွက်ပေါ်လာသည်။ သူက လက်တစ်ချက် ဝေ့လိုက်သည့်အခါ သူတို့လူများက လေထဲတွင် ဖြန့်ကျက်သွားခဲ့သည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က ကောင်းကင်သို့ ထိုးတက်သွားကာ ကောင်းကင်အ​မြင့်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် တစ်ချိန်တည်းတွင် ကောင်းကင်၌ ကြောက်မက်ဖွယ် ကြယ်အလင်းတို့က ခမ်းနားထည်ဝါစွာ ကျဆင်းလာပြီး ကြယ်အလင်းလွှာအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ကို ချိပ်ပိတ်ပစ်လိုက်သည်။ ပုံရိပ်တစ်ခုက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး ထိုသူမှာ ထိုနေရာကို တိုက်ရိုက် ချိပ်ပိတ်လိုက်သည့် ရန်ဟောင်ချန်းပင် ဖြစ်သည်။

နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက လေထဲတွင် ရပ်တန့်လိုက်ကာ သူ့ဘေးတွင် မော့ခယ်က ရပ်နေခဲ့သည်။ သူတို့နှစ်ယောက်က နတ်ဆိုးတိမ်လွှာကလန်မှ အစွမ်းထက် ကျင့်ကြံသူများဖြစ်ကြပြီး သူတို့ထဲက မည်သူကမှ စိတ်ကျေနပ်နေပုံမပေါ်ပေ။

စီဝေ့ကြယ်ကမ္ဘာမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ ရန်ဟောင်ချန်းက သူတို့ကို ပိတ်ဆို့တားဆီးထားခဲ့သည်။

ရှေ့သို့ ကြည့်လိုက်သည့်အခါ အစွမ်းထက် ကျင့်ကြံသူတစ်စု ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။ ဦးဆောင်လာသူမှာ အဖြူရောင်ဝတ်စုံနှင့် ငွေဖြူရောင်ဆံပင်ရှိသည့် ရီဖူရှင်း ​ဖြစ်သည်။ သူ့ဘေးတွင် ရိုးရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ဦး ရှိသည်။ သူက မျက်လုံး မမြင်နိုင်သော်လည်း သူ့ခန္ဓာကိုယ်မှ ထူးခြားလှသည့် အရှိန်အဝါတို့အား ထုတ်လွှတ်နေသည်။ နတ်ဆိုးတိမ်လွှာကလန်နှင့် မော့ခယ်နှစ်ယောက်လုံး ဖိနှိပ်ခံထားရသည့် ခံစားချက်ရေးရေးကို ခံစားမိကြပေသည်။ ထိုလူက အခြားမဟုတ်ဘဲ မျက်မမြင်ထျယ်ပင် ဖြစ်၏။

မျက်မမြင်ထျယ်က မမြင်နိုင်သော်လည်း သူက ထိုနေရာ၌ ရပ်နေသည့်အခါ မော့ခယ်သည် တစ်စုံတစ်​ယောက်က သူ့ကို ထွင်းဖောက်ကြည့်နေသလို ခံစားလိုက်ရပေသည်။ ထိုခံစားချက်က အလွန် ရှင်းလင်းလှပြီး သူသည် ၎င်းက မည်သူဖြစ်သည်အား သေချာသိရှိပေသည်။ ထိုအမျိုးသားက သူ၏ မျက်လုံးများကို အသုံးမပြုနိုင်လျှင်ပင် မော့ခယ်သည် ထိုအကြည့်များမှ ထက်ရှသော ခံစားချက်ကို ခံစားလိုက်ရသည်။

"မင်းက အဆင့်တက်သွားပြီပဲ။" မော့ခယ်က မျက်မမြင်ထျယ်၏ စွမ်းအားကို ခံစားမိလိုက်ပြီး သူ့မျက်နှာထက်မှ အမူအရာက ကိုးယို့ကားယား ဖြစ်သွားသည်။ ဟိုးအရင်အချိန် ကြာမြင့်စွာက သူသည် မျက်မမြင်ထျယ်အား ဒဏ်ရာများစွာ ရစေခဲ့ပြီး မျက်လုံးများကိုပင် ထိခိုက်သွားစေခဲ့သည်။ မျက်မမြင်ထျယ်က ထိုကဲ့သို့သော တိုက်ခိုက်မှုမှ ပြန်ကောင်းမွန်လာသည်သာမက သူသည် ကျင့်ကြံဆင့်အတားအဆီးကိုပါ ချိုးဖျက်၍ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ကိုးရန်ဟောင်အဖြစ် ရောက်ရှိသွားခဲ့သည်။

ဤသည်မှာ သူ အိပ်မက်မက်ရုံသာ တတ်နိုင်သည့် အဆင့်အား ယခု မျက်မမြင်ထျယ်က သူ့ရှေ့မှ မျက်မမြင်ထျယ်က ထိုအဆင့်သို့ ရောက်ရှိသွားနိုင်ခဲ့ပြီ ​ဖြစ်သည်။ မျက်မမြင်ထျယ်က သူ့အတွက် လာခဲ့ခြင်း ဖြစ်သည်။

သူသည် တစ်ဖက်လူက ဤနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း သေချာသိရှိပေသည်။ သူက အတိတ်မှ ကိစ္စရပ်များကို လက်စားချေရန် ရောက်လာခြင်း ဖြစ်သည်။

နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲကလည်း ၎င်းကို ခံစားမိသည်။ သူက မျက်မမြင်ထျယ်ကို စိုက်ကြည့်ရင်း မည်သို့သော အခွင့်အရေးမျိုးက ကျင့်ကြံဆင့် အတားအဆီးအား လျင်မြန်စွာ ချိုးဖျက်၍ ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ အလျင်အမြန် ဝင်ရောက်သွားစေသည်ကို သိချင်နေသည်။ ထိုအရာအားလုံးက ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေကြောင့် ဖြစ်နိုင်သည်လား။

မျက်မမြင်ထျယ်က ရှေ့သို့ ဆက်လျှောက်လာကာ မဟာလမ်းစဥ်နတ်အလင်းတို့က သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ ထိုနတ်အလင်းများအတွင်း၌ အထိန်းအကွပ်မဲ့သော ဒေါသတို့ ပါဝင်နေပုံရသည်။ သူက မော့ခယ်ကို မျက်နှာချင်းဆိုင်ရင်း ပြောလိုက်သည်။ "ဒီတစ်ခေါက် ရောက်လာခဲ့တာက အရင်တုန်းက ဖြစ်ခဲ့တာအတွက် စာရင်းလာရှင်းတာပဲ။"

သူ၏ အသံထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကြောက်မက်ဖွယ် တောက်ပလှသော မဟာလမ်းစဥ်က မျက်မမြင်ထျယ်ထံမှ ထိုးထွက်လာကာ ကြယ်အလင်းလွှာအတွင်း အက်ကြောင်းများထဲမှ တိုးဝင်သွားသည်။ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ သူ၏ ခန္ဓာကိုယ်က ရွှေရောင်ချပ်ဝတ်အလွှာနှင့် ဖုံးလွှမ်းထားခြင်းကို ခံရပေသည်။

ကြယ်ကောင်းကင်လောကအတွင်း မျက်မမြင်ထျယ်သည် မဟာအင်ပါယာ၏ အမွေအနှစ်မှ စွမ်းအားများ ရရှိခဲ့သည်။ ၎င်းက စီဝေ့မဟာအင်ပါယာထံမှ မဟုတ်သော်လည်း ဤမဟာအင်ပါယာသည် စီဝေ့မဟာအင်ပါယာ၏ လက်အောက်မှ မဟာအင်ပါယာအဆင့် တည်ရှိမှုဖြစ်လေသည်။

အကြွင်းမဲ့ လွှမ်းမိုးနိုင်စွမ်းသည့် စစ်နတ်ဘုရားတစ်ပါးက ကောင်းကင်ထက်တွင် ​ဖွဲ့စည်းဖြစ်တည်ကာ ပေါ်ပေါက်လာသည်။ ၎င်းက အစစ်အမှန် နတ်ဘုရားတစ်ပါးကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းလှသည့် စွမ်းအားက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ၎င်းသည် လောကရှိ အရာအားလုံးကို ဖိနှိပ်ထားနိုင်ရန် လုံလောက်ပေသည်။ သူ၏ လက်ထဲ၌ နတ်ဘုရားတူတစ်လက် ပေါ်ပေါက်လာပြီး တောက်ပကာ နှိုင်းယှဥ်မရအောင် ခမ်းနားထည်ဝါသည့် ရောင်ဝါတို့က အပြင်သို့ ထွက်ပေါ်လာ၍ ကောင်းကင်နှင့် မြေကြီးကြားတွင် လှည့်လည်သွားလာနေသော အလင်းလွှာအဖြစ် ပြောင်းလဲသွားသည်။

မျက်မမြင်ထျယ်က ရှေ့သို့ ခြေလှမ်းလာကာ မြေပြင်ပေါ် ရပ်လိုက်သည်။ သူ၏ ပုံရိပ်က ကောင်းကင်နတ်ဘုရား ပုံရိပ်ကဲ့သို့ပင် ထင်မှတ်ရပေသည်။ ထိုအခိုက်အတန့်တွင် တစ်ချိန်က မျက်မမြင်ထျယ်နှင့်အတူ ကျင့်ကြံခဲ့ဖူးသည့် မော့ခယ်က နှိုင်းယှဥ်၍ မရနိုင်သော ကောင်းကင်စွမ်းအားကို ခံစားမိပေသည်။

သူက လေထဲမှ လူကို စိုက်ကြည့်လိုက်ပြီး ယခင်နေ့ရက်များမှ 'ညီအစ်ကို' ဖြစ်ခဲ့သူမှာ ယခင်နေ့ရက်များနှင့် မတူညီတော့ဘဲ ရန်ဟောင်အထွတ်အထိပ်အဆင့်မှ အစွမ်းထက် တည်ရှိမှု ဖြစ်နေခဲ့ပြီ ​ဖြစ်သည်။

နတ်ဆိုးတိန်တိုက်ကလန်မှ မဟာအကြီးအကဲက ရှေ့သို့ ခြေလှမ်းလိုက်ပြီး နတ်အလင်းများ ကျဆင်းလာရာ နေရာကို ပိတ်ဆို့တားဆီးလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အစွမ်းထက် နတ်ဆိုးစွမ်းအားတို့က ပြင်းထန်သည့် ခြိမ်းခြောက်မှုတို့နှင့်  အော်မြည်နေခဲ့သည်။ လွှမ်းမိုးနိုင်သည့် နတ်ဆိုးအရိပ်တစ်ခုက ကောင်းကင်သို့ ပျံတက်သွားပြီး လေထဲမှ နတ်ဘုရားနှင့် ရင်ဆိုင်ချင်နေကာ နောက်ဆုတ်ရန် ငြင်းဆန်နေသည်။

သို့သော် ထိုအခိုက်အတန့်တွင် လေဟာနယ်နတ်အလင်းတန်းများက ဆင်းသက်လာကာ သူရှိနေသော နေရာကို လွှမ်းခြုံသွားခဲ့သည်။ နောက်ထပ် ပုံရိပ်တစ်ခုက နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲရှေ့တွင် ပေါ်ပေါက်လာသည်။ ၎င်းက အဘိုးမာ ဖြစ်သည်။

"အရင်က မင်း သူ့ မျက်လုံးတွေကို ကန်းအောင် လုပ်ခဲ့ပြီး လေးမျက်နှာကျေးရွာရဲ့ နတ်ဘုရားနည်းစနစ်ကို လုယက်ခဲ့တယ်။ အခု ဒီအဖြစ်အပျက်ကို ဖြေရှင်းရမယ့် အချိန်ပဲ။ သူတို့ကြားက ရန်ကြွေးကို သူတို့ကိုယ်တိုင်ပဲ ဖြေရှင်းကြပါစေ။ မင်း အလှည့် ရောက်မလာမှာတော့ စိတ်ပူမနေနဲ့။" အဘိုးမာက ပေါ့ပါးစွာ ပြောလိုက်သည်။ လေဟာနယ်အတွင်းမှ နတ်ရောင်ဝါတို့က အရူးအမူး ထွက်ပေါ်လာပြီး ကျယ်ပြောသည့် လေဟာနယ်ကို လွှမ်းခြုံထားသည်။

နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက သတိတကြီးဖြစ်လာကာ ကောင်းကင်တွင် ရပ်နေခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင် မျက်မမြင်ထျယ်က လေဟာနယ်အတွင်း လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ စောင့်ရှောက်သူ၏ နတ်ဘုရားတူကို ကိုင်ဆောင်ထားသော ကောင်းကင်နတ်ဘုရားက ချက်ချင်းပင် အောက်ဘက်ရှိ လေဟာနယ်ကို တိုက်ရိုက် ရိုက်ခတ်လိုက်သည်။

ဘုန်း...

ကောင်းကင်နှင့် မြေကြီးကြားတွင် ထိခတ်မိသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ဖျက်ဆီးခြင်းစွမ်းအားတစ်ခုက အောက်သို့ ဆင်းသက်လာကာ အရာအားလုံးကို ဖျက်ဆီးပစ်တော့မလို ဖိနှိပ်လာခဲ့သည်။

"သတိထား။" နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲက အော်ဟစ်လိုက်သော်လည်း သူ့ လမ်းမှာ အဘိုးမာ၏ ပိတ်ဆို့တားဆီးထားခြင်းကို ခံရပြီး မျက်မမြင်ထျယ်၏ တိုက်ခိုက်မှုအား ရပ်တန့်နိုင်ခြင်း မရှိခဲ့ပေ။

မော့ခယ်က အော်ဟစ်လိုက်ပြီး ကြီးမားလှသည့် နတ်ဆိုးတစ်ကောင် ဖြစ်တည်လာကာ သူ့အထက်မှ ကာဆီးထားပေးသည်။ သို့သော် နတ်အလင်းများ ကျဆင်းလာသည့်အခါ နတ်ဆိုးအရိပ်ကြီးက ကြေမွပျက်စီးသွားပေသည်။ နောက်တခဏတွင် စွမ်းအားများက မော့ခယ်၏ အပေါ်သို့ ကျဆင်းလာပြီး သူ့ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်က ထိုးဖောက်ခံလိုက်ရသည်။

"မဟုတ်ဘူး.." မော့ခယ်က အလွန် ကြောက်လန့်တကြားဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ နောက်တခဏတွင် သူ့ခန္ဓာကိုယ်က ချက်ချင်း ပျက်စီးပြိုကွဲသွားပေသည်။ သူ၏ စိတ်ဝိညာဥ်က မီးခိုးငွေ့များကဲ့သို့ ပြိုကျပျက်စီးသွားခဲ့သည်။ ထိုစွမ်းအား၏ တိုက်ခိုက်မှုတို့အောက်တွင် သူသည် အရာအားလုံးကို ရပ်တန့်ရန် နည်းလမ်းမရှိခဲ့ပေ။ တိုက်ခိုက်မှုတစ်ခုကိုပင် ရပ်တန့်နိုင်ခြင်းမရှိခဲ့ဘဲ သူက တိုက်ရိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူ၏ မိတ်ဆွေဟောင်းက စကားတစ်ခွန်းပင် မပြောခဲ့သလို အချိန်ဖြုန်းနေခဲ့ခြင်း မရှိပေ။

သို့သော် သူတစ်ယောက်တည်းမဟုတ်ဘဲ ထိုနေရာအတွင်း နတ်အလင်းဖြင့် လွှမ်းခြုံခံထားရသည့်အောက်တွင် ရှိနေသော နတ်ဆိုးတိမ်လွှာကလန်မှ ကျင့်ကြံသူများအားလုံးလည်း သုတ်သင်ခံလိုက်ရကာ တစ်ယောက်ချင်းစီက ဤလောက၌ မည်သည့်အခါကမှ မတည်ရှိခဲ့ဖူးသလို ပျောက်ကွယ်သွားခဲ့သည်။ နတ်အလင်းများ ဖြတ်သန်းသွားရာ နေရာတိုင်း၌ မည်သူမှ အသက်ရှင်ကျန်ရစ်ခဲ့သူ မရှိပေ။ အားလုံးက သေဆုံးခြင်းဖြင့် အပြစ်ပေးခံခဲ့ရလေသည်။

All Chapters